❝ ဖိတ်စာလေး တစ်စောင် ❞
( ၁ )
စာမေးပွဲကြီး ပြီးပြီ ။ ကျောင်းတော်ကြီး က လည်း ပိတ်ပြီ ။ သည်နှစ် က နောက်ဆုံးနှစ် ဆိုတော့ သည် တက္ကသိုလ် ကို နောက် ထပ် လာစရာ မလိုတော့ ။
လူ ရှင်းတဲ့ တမာပင်ရိပ် မှာ နွယ် နဲ့ နောက်ဆုံး တွေ့ခဲ့တာ ကို အမှတ်ရ နေမိသည် ။
“ မောင်ရယ် ကျောင်းတွေ လည်း ပြီး ပြီ ၊ နွယ်တို့ အိမ် ပြန်ကြ ရတော့မယ် ၊ နွယ်တို့ ဘယ်လို လုပ်ကြမလဲ ဟင် .. နွယ် မောင် နဲ့ မခွဲနိုင်ဘူး မောင် ရယ် ”
ငိုသံ နှော တဲ့ စကားသံ အဆုံး မှာ ဟင့်ခနဲ ရှိုက်သံ တစ်ချက် နွယ့် ဆီ က ထွက်လာပြီး တဲ့ နောက် နွယ် တစ်ကိုယ်လုံး ရင်ခွင် ထဲ ရောက် လာ ခဲ့သည် ။
အလိုက်သင့် ပြန် ဖက်ရင်း နွယ့် ကို ဘယ်လို နှစ်သိမ့်ရ မလဲ လို့ အပြေးအလွှား စဉ်းစား ရသည် ။ စိတ်အားငယ် တတ် တဲ့ နွယ် တစ်ယောက် တသိမ့်သိမ့် တုန် သည် အထိ ငို နေပါရောလား ။
“ မငိုပါနဲ့ နွယ် ရယ် ... တစ်နေ့ မောင် တို့ အားလုံး အဆင်ပြေ သွားမှာပါ .. အရေးကြီးတာ က မောင်တို့ နှစ်ယောက် တစ်ယောက် အပေါ် တစ်ယောက် သစ္စာ ရှိရှိ ချစ် နေကြဖို့ ပါပဲ ... ”
အငို မျက်လုံးတွေ နဲ့ ငေးကြည့် နေ ရှာတဲ့ နွယ့် မျက်နှာလှလှလေး ကို မြင်ရသည် မှာ ရင်ထဲ ကြေကွဲစရာ ကောင်းပါဘိ ။
( ၂ )
ရေးပြီး သွားတဲ့ လုံးချင်း ဝတ္ထုရှည် တစ်ပုဒ် ကို ပိုက်ပြီး ရန်ကုန် ကို ဆင်း လာ ခဲ့သည် ။ စာအုပ် ထုတ်မည် ။ စာရေးဆရာ ဘဝ နဲ့ ရပ်တည်မည် ။ ရတဲ့ စာမူခ နဲ့ အိမ် တစ်လုံး ငှား နေမည် ။ နောက် ပိုက်ဆံ စု ပြီး အိမ် ဝယ်မည် ။ ပြီး နွယ် ရှိရာ တောင်ကြီး ကို သွားပြီး နွယ့် ကို ခေါ်မည် ။ လက်ထပ်မည် ။ စသည် စသည် ဖြင့် ။
မန္တလေး - ရန်ကုန် အမြန်ရထား ပေါ် မှာ တွေးခဲ့ တဲ့ အတွေး က ရန်ကုန် အရောက် မှာ ပျက်သုဉ်း ကုန်သည် ။
ရေး ခဲ့တဲ့ စာမူ ကို ဘယ် ထုတ်ဝေသူ က မှ စိတ် မဝင်စား ။
ဆိုတော့ စာအုပ် က ဖြစ် မလာ ။
နေရသည် က အဒေါ် ဝမ်းကွဲ တစ်ယောက် အိမ် မှာ ။ အဒေါ် က ကလေးတွေ တစ်ပြုံကြီး နဲ့ ။
အဒေါ့် ယောက်ျား က လဟာပြင်ဈေး မှာ ပျံကျ ဈေးသည် ။
မိသားစု က ရရစားစား မို့ လူ တစ်ယောက် ပို လာသည် ကြောင့် အဒေါ် မျက်နှာ က မကြည်သာ ။
စာအုပ် ထွက် လျှင် ပိုက်ဆံ ရမည် ။ ပိုက်ဆံ ရလျှင် အဒေါ် တို့ ကို ထောက်ပံ့ပါမည် ဟု လေပြေတွေ ထိုး ပေမယ့် အဒေါ် မျက်လုံး တွေ က ယုံကြည်ဟန် မပြ ။
အစ မှာ အဒေါ့် ယောက်ျား က ဘာမှ တော့ မပြော ။ လ တွေ ချီပြီး ကြာ လာတော့ ဂဂျီဂဂျောင်တွေ ကျ လာသည် ။
ညနေ ဘက် အရက်ကလေး ရီဝေ ပြီး ပြန် လာလျှင် ဗျစ်တောက်ဗျစ်တောက် လုပ် လာပြီ ။
“ ငါ ရှာတဲ့ ပိုက်ဆံ ငါ့ မိသားစု နဲ့ တောင် မလောက်ရ တဲ့ ကြား ထဲ ဘယ်က သောက်မျိုးတွေ က မပင့်မခေါ် ဘဲ ရောက်လာ ကြသလဲ မသိပါဘူး ... ထွီ ”
စိတ် ထဲ မှာ မွန်းကျပ် နေသည် ။ ပူပင်သောက စိုးရိမ်စိတ်တွေ နဲ့ ခေါင်း တစ်ခုလုံး ခဲ နေသည် ။
ရည်မှန်းချက်တွေ ပျောက် နေသည် ။
မျှော်လင့်ချက်တွေ ဆိတ်သုဉ်း နေပြီ ။
မနက် လင်း ကတည်း က ဗိုက် ဟောင်းလောင်း နဲ့ အိမ် က ထွက်သည် ။
မင်္ဂလာဒုံ - ဆူးလေ ဘတ်စ်ကား ပေါ် မှာ စာမူထုပ် ကို ပိုက် ပြီး မရေရာ တဲ့ အတွေးတွေ နဲ့ မြို့လယ်ကောင် ဆီ ကို ထွက်လာခဲ့သည် ။
မြို့ ထဲ ရောက် တော့ ၃၃လမ်း ၊ ၃၄လမ်း စသည် ဖြင့် စာပေ တိုက် ရှိ သမျှ လမ်း ထဲ ဝင်သည် ။
မဝံ့မရဲ နဲ့ စာအုပ်တိုက် ထဲ လှမ်း ဝင်သည် ။
အထဲ ရှိ လူတွေ ရဲ့ စူးစမ်း မျက်လုံး တွေ နဲ့ ရင်ဆိုင် ရသည် ။
“ ဘာကိစ္စလဲ ... ဘာလဲ ” စသည်ဖြင့် “ လဲ ” ပါတဲ့ မေးခွန်း တွေ စုံ သွားသည် ။
“ ကျွန်တော် စာအုပ် ထုတ်ချင်လို့ပါ ”
ခြောက်ကပ် တဲ့ လေသံ နဲ့ အရဲ စွန့်ပြီး ပြော ကြည့်သည် ။
ကြား ရတဲ့ စကားသံ ကြောင့် အထဲ ရှိ လူတွေ ပြုံးစိစိ ဖြစ်ကုန် ကြသည် ။
“ ဟာ ဒီ တိုက် က စာအုပ် မထုတ်ဘူး ... တခြား မှာ သွား စုံစမ်းကြည့်ပါဦး ”
စသည်ဖြင့် ငြင်းချက်တွေ ထုတ် ရင်း ပြန် မောင်း ထုတ်ကြသည် ။ တစ်ခုသော စာအုပ်တိုက် က အပြော ပို ဆိုးသည် ။
လူ ကို တစ်လှည့် စာမူထုပ် ကို တစ်လှည့် ကြည့်ပြီး ...
“ ဟာ .. သွားစမ်းပါ ဗျာ ၊ တော်တော် ရှုပ်တဲ့ လူတွေ နောက် နှစ် မိုး ကျရင် လာခဲ့ .. ခင်ဗျား စာအုပ် ကို တစ်ရက် တစ်အုပ် ထုတ် ပေးမယ် ”
စော်ကားလိုက်တဲ့ စကား ...
ခေါင်း တစ်ခုလုံး ချာချာလည် ထွက် သွားခဲ့သည် ။
သိမ်ငယ်စိတ် နဲ့ သွားပါဦးမယ် ခင်ဗျာ လို့ နှုတ်ဆက် တာ ကို ပင် မသိကျိုးကျွန် ပြု ၍ မျက်နှာ လွှဲ ထားသည် ။
ပူပြင်း နေတဲ့ နွေရက်များ ...
ချွေးသီးချွေးပေါက် တွေ နဲ့ တစ်ကိုယ်လုံး နစ် နေသည် ။
ဗိုက် ထဲ က ဆာပြီ ။
အချိန် က မွန်း လွဲပြီ ။
ဆူးလေဘုရား ရှေ့ က အထမ်း နဲ့ ရောင်းသော ပဲကြီးလှော် တစ်မတ်တန် နှစ်ထုပ် နဲ့ ဆူးလေ ဘေးနား မှာ ရောင်းတဲ့ ငါးမူးတန် မန်ကျည်းဖျော်ရည် တစ်ခွက် ဝယ် သောက်သည် ။ ငွေ တစ်ကျပ် နဲ့ တစ်နေ့ တာ အတွက် ဗိုက် ဖြည့် ပြီး သွားသည် ။
ညနေ စောင်း တော့ စာမူထုပ် ပိုက် ပြီး မင်္ဂလာဒုံ ကို ပြန်ရ ပြန်သည် ။
ဘတ်စ်ကားခ ပြား ခြောက်ဆယ် ပေးစရာ မရှိ လို့ ပေးပြီး သလိုလို ဟန် ဆောင် ပြီး အိပ် လိုက် လာခဲ့သည် ။
ည ဘက် အဒေါ် အိမ် ရောက် တော့ အိုး ထဲ မှာ ထမင်း က မကျန် တော့ ။
ရေ သောက်ပြီး အိပ် ပစ် လိုက်သည် ။
အိပ်မက် ထဲ မှာ ခြောက်လှန့် နေသည် ။
အလုပ်အကိုင် က လည်း မရှိ ၊ စာအုပ် က လည်း မထွက် ။
( ၃ )
ဘွဲ့နှင်းသဘင် အကြို နေ့ သို့မဟုတ် ရီဟာဇယ် နေ့ ။
အစမ်း လေ့ကျင့်ပြီး ခန်းမ ထဲ က ထွက် လာခဲ့သည် ။
သူငယ်ချင်း မျိုးအောင် နင်း သော စက်ဘီး ကို နောက် ထိုင်ခုံ မှာ ထိုင်ပြီး လိုက်လာ ခဲ့သည် ။
ပင်မဆောင် ရှေ့ ကို ရောက် လာသည် ။
ဘွဲ့ လာယူသူ များ အမှတ်တရ ဓာတ်ပုံတွေ ရိုက် နေကြသည် ။
သည်မှာ ...
မြက်ခင်းစိမ်းစိမ်း ပေါ် မှာ ရယ်မော ပျော်ရွှင် နေကြတဲ့ နွယ် နဲ့ သူငယ်ချင်းမလေးများ ဓာတ်ပုံ ရိုက် နေကြသည် ကို လှမ်း တွေ့သည် ။
မမျှော်လင့်ဘဲ နွယ် နဲ့ တည့်တည့် တိုး နေသည် ။
၂ နှစ် တာ ကွဲကွာ နေခဲ့သော ချစ်ရသူ ကို သည် နေရာမှာ တိုက်တိုက်ဆိုင်ဆိုင် တွေ့ ရ ပါပြီ ။
ပူလောင်ခါးသီး တဲ့ ဘဝ တစ်ကွေ့ မှာ မို့ နွယ့် ကို မေ့ထားခဲ့ ပေမယ့် ... ။
ဟော ... ခုတော့ မျက်နှာချင်းဆိုင် တွေ့ နေပြီ ။
နွယ် က အားရဝမ်းသာ နှင့် ပြေးချ လာသည် ။
ပြေး လာသည် မှ မြက်ခင်းစပ် က စည်းရိုး နိမ့်နိမ့်လေး ကို ပင် ကျော်ဖြတ် လာခဲ့ပြီ ။
မျိုးအောင် က စက်ဘီး ကို ရပ် ပေးရ မလားလို့ မေးသည် ။
အံကို တင်းတင်း ကြိတ်ပြီး “ မျိုးအောင် ... နင်းကွာ ” လို့ ပြောထွက် သွားသည် ။
စက်ဘီး က မရပ်ဘဲ တစ်ဟုန်ထိုး ထွက် သွားသည် ။
သည်မှာ ပြေး လာတဲ့ နွယ် ...
ခြေလှမ်းတွေ ဖြည်းလေးစွာ နဲ့ တုံ့ခနဲ ရပ်သည် ။ အံ့သြ လွန်း တဲ့ မျက်လုံးတွေ နဲ့ လှမ်း ကြည့်နေသည် ။
အနား မှာ ရပ် လာတဲ့ သူမ ရဲ့ သူငယ်ချင်း မိုခမ်း ကို ဖက်ပြီး ငိုချလိုက်သည် ။
နွယ့် ရင် ထဲ မှာ ဘာတွေ ဘယ်လောက် ခံစား နေရပြီ ဆိုတာ နားလည်ပါသည် ။
နွယ် က သူဌေးသမီး ။ ချမ်းသာသည် ။ ပြည့်စုံသည် ။ သူမ တို့ မြို့ မှာ မြို့ မျက်နှာဖုံး လူကြီး အသိုင်းအဝိုင်း ထဲ က အစစ သာ လွန်သည် ။
သည်မှာ တော့ အမိ တက္ကသိုလ် က အပ်နှင်း လိုက်သည့် ဘီအက်စ်စီဘွဲ့ တစ်ခု သာ ရှိသည် ။
ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်တည် ဖို့ ကြိုးစား နေဆဲ ။
ဘဝ ဆိုတာ သုည ရဲ့ အောက် မှာ ရောက် နေသည် ။
ဆိုတော့ ချစ်သူ ကို ရင်ဆိုင် ရဲ တဲ့ သတ္တိ နတ္ထိ ဖြစ်ခဲ့ ရသည် ။
“ ခွင့်လွှတ်ပါ နွယ် ရယ် ” လို့ တစ်ယောက် တည်း တောင်းပန် ခဲ့သည် ။
( ၃ )
ဘဝ အတွက် အာမခံချက် ရှိ ဖို့ အစိုးရ ရုံး တစ်ရုံး မှာ အလုပ် ဝင် ခဲ့သည် ။
ဖြစ်ချင်လွန်း သော စာရေးဆရာ ဘဝ ကို လည်း ရောက်ခဲ့ပါသည် ။ လုံးချင်းဝတ္ထု စာအုပ်တွေ လည်း တစ်အုပ် ပြီး တစ်အုပ် ထွက် နေပြီ ။
ပထမဆုံး လုံးချင်း ဝတ္ထု စာအုပ် ထွက်သည့် လ တွင် မထင်မှတ်သော အရပ် မှ ဖိတ်စာ တစ်စောင် စာတိုက် က တစ်ဆင့် ရောက် လာသည် ။
နွယ် နှင့် သူမ တို့ မြို့ မှ အင်ဂျင်နီယာ တစ်ယောက် တို့ ၏ လက်ထပ်မင်္ဂလာ ဖိတ်ကြားလွှာ ... ။
မဲ့ပြုံးလေး တစ်ခု ကို လှပစွာ ပြုံး ဖြစ်ခဲ့သည် ။
◾တက္ကသိုလ် စိုးနောင်
📖 မဏ္ဍိုင် မဂ္ဂဇင်း
အမှတ် ( ၂၂ )
၁၉၉၈ ခုနှစ် ၊ ဇွန်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment