Tuesday, January 9, 2024

မနေနိုင်လို့ ...


 

❝ မနေနိုင်လို့ ... ❞

“ ဒီမယ် ကိုသစ္စာ ” 

“ ဘာလဲ ”

“ တော် ငွေ ဝင်မယ့် အလုပ် လုပ်ဖို့ စိတ် ကူးတော့ဘူးလား ”

“ မင်း နဲ့ ငါ လွတ်လပ်စွာ သဘောထား ကွဲလွဲလို့ ရပါတယ် မဖော့ ”

ကိုသစ္စာ ၏ စကား ကြောင့် မဖော့ ၏ မျက်လုံး နှစ်ခု က တွန့်၍ ကုပ် သွားသည် ။

“ တော့် စကား ကို ကျုပ် နား မလည်ဘူး ”

ကိုသစ္စာ က မျက်ခုံး ကို ပင့် ၍ မျက်တောင် ကို စင်း လိုက်ပြီး

“ မင်း လုပ်သင့်တယ် လို့ ထင်တဲ့ အလုပ် ဟာ ငါ့ အဖို့ အဓိက မကျဘူး လို့ ဆိုလိုတဲ့ သဘောပဲ ” 

“ ဟုတ်တယ် လွတ်လပ်စွာ သဘော ကွဲလွဲမှု ဆိုတာ အဲဒီ သဘောပဲ ”

ကိုသစ္စာ ၏ ဘေး တွင် ထိုင် နေသော ကဗျာဆရာ မောင်မြေဖွား က ကိုသစ္စာ စကား ကို ဝင်ရောက် ထောက်ခံ လိုက်သည် ။ ကိုသစ္စာ နှင့် မောင်မြေဖွား မှာ ဧည့်ခန်း မှ လှမ်း ၍ ပြောနေခြင်း ဖြစ်ပြီး မဖော့ မှာ မီးဖိုချောင် မှ နေ၍ တုံ့ပြန် နေခြင်း ဖြစ်ပါသည် ။ မောင်မြေဖွား သည် ရေနွေး ကို သောက် လိုက်ပြီး -

“ တန်ဖိုး ရှိတဲ့ အချိန်တွေ ကို လူ့ အသိုက်အမြုံကြီး အတွက် မသုံးဘဲ အတ္တ အတွက် အကျိုးမဲ့ ကုန်ဆုံး ပစ်ရမယ် ဆိုရင် အလွန် မိုက်မဲရာ ကျ တော့ မှာပေါ့ အစ်မကြီး ဖော့ ရာ ”  

မဖော့ မျက်ခုံး နှစ်ခု သည် ဘေး နှစ်ဖက် မှ မြောက်တက် သွားပြီး မျက်လုံး မှာ ဒေါသရောင်လက် သွား သည် ။ မဖော့ ၏ မကျေနပ်သော စိတ် သည် ငရုတ်ဆုံ အပေါ် မဲ ကျကာ ဒုံးဒုံး ဒုံးဒုံး နှင့် ခပ်ပြင်းပြင်း လေးငါးချက် ဆင့် ထောင်းချလိုက် သည် ။ ပြီးမှ -

“ ဒီမယ် ” 

လေသံမာမာ တစ်ခု က မဖော့ ၏ အာခံတွင်း မှ ဆောင့် ထွက်လာသည် ။ မောင်မြေဖွား သည် နှာဖျား ဆီ သို့ လျှောကျ နေသော မျက်မှန် ကို ပင့်မတင် တော့ဘဲ ခေါင်း ကို မော့၍ အကြည့် ကို နိမ့် ကာ မြင်ကွင်း နှင့် မျက်စိ တို့ မျက်မှန် ခွင် အတွင်း မှ အံကျ ဖြစ်အောင် ကြိုးစား ၍ မဖော့ ကို ကြည့် လိုက်ပြီး -

“ သဘောထား ကွဲလွဲ တဲ့ ဆီ မှာ ငြိမ်းချမ်းစွာ ဆိုတဲ့ အချက် ကို သတိထား ရ မယ် ၊ အစ်မကြီးဖော့ ဒေါသ မပါရဘူးလေ ”

မောင်မြေဖွား ကြား ဝင်၍ ပြော လိုက်သော စကား ကြောင့် မဖော့ ၏ မျက်စောင်း သည် မောင်မြေဖွား ထံ ပြေးဝင် သွား ပြန်သည် ။ နောက်မှ ကိုသစ္စာ ဆီ သို့ ပြောင်း လဲ ဦးတည် လိုက်ကာ -

“ ကျုပ် ပြောမယ် ၊ ကျုပ် က အဓိက ကျတယ် လို့ ယုံကြည် ထားတဲ့ အလုပ် ကို တော် တို့ က အဓိက မကျဘူး လို့ သတ်မှတ် ထားရင် ရတယ် ။ ဒီမယ် သေသေ ချာချာ နားထောင် ၊ ကျုပ် က ထမင်း စား တာ ကို အဓိက ကျတယ် လို့ သတ်မှတ် ထားတယ် ။ ဒီ ကိစ္စ မှာ လည်း တော် တို့ က အဓိက မကျဘူး လို့ သတ်မှတ် လိုက်ပါ ။ တော် ဒီနေ့ က စ ပြီး ထမင်း မစားပါနဲ့ ဒါပဲ ” 

ကိုသစ္စာ က ခေါင်း ကို မော့ ဇက် ကို စောင်း ၍ ပြန် ကြည့် လိုက်ပြီး

“ ငါ က ထမင်း စား ဖို့ စာ ရေးနေတာ မဟုတ်ဘူးကွ ။ စာ ရေးဖို့ ထမင်း စား နေတာ ”

“ ဟုတ်တယ် ။ အစ်မကြီးဖော့ ၊ ဒါကြောင့် စာရေးဆရာ ရဲ့ ဇနီးမယား ကို စာရေးဆရာ ရဲ့ ပါရမီ ဖြည့်ဖက် လို့ ဂုဏ်ပြု ပြောဆို ကြတာပေါ့ ”

ကိုသစ္စာ ၏ စကား ကို မောင်မြေဖွား က အလေးအနက် ထောက်ခံ လိုက် သည် ။ မဖော့ သည် မီးဖို ပေါ် မှ ဆူဖိတ်ကျ လာသော ထမင်းအိုး ကို ဖွင့် ၍ မွှေရင်း -

“ ကျုပ် သိတာ က ပါရမီ ဆိုတာ မလိုင်မုန့် ပဲ ။ တော် သိဖို့ က ဆန် နို့ဆီဘူး တစ်ဘူး ပဲ ရှိလို့ ရှိတာလေး ချက် ထားတယ် ။ ကျုပ် နဲ့ ကလေး နှစ်ယောက် စားဖို့ ၊ ဒါပဲ ဒီနေ့ တော် စာ ရေးဖို့ အတွက် စား စရာ မရှိဘူး ။ ဒီတော့ စာ မရေးနဲ့ ”

ကိုသစ္စာ သည် မဖော့ ၏ စကား ကြောင့် မျက်လုံး နည်းနည်း ပြူး သွားသည် ။

ယခု မှ မီးဖို ပေါ် က ထမင်းအိုး ကို သတိထား ကြည့်မိ၏ ။ ထမင်းအိုး က တော်တော် သေးနေသည်ပဲ ။ ချက် နေကျ အိုး မဟုတ် ။

“ မဟုတ်တာ ကွာ ” 

“ မဟုတ်လည်း မတတ်နိုင်ဘူး ။ တော် နဲ့ ကျုပ် လွတ်လပ်စွာ သဘော ကွဲလွဲ ခွင့် ရှိတယ် ”

မဖော့ ၏ လေသံ က အောင်မြင် သော လေသံ ။ တစ်ဖက် လူ ကို အလဲ ထိုး လိုက်နိုင်သော လက်ဝှေ့သမား ၏ မျက်နှာမျိုး နှင့် ၊ ကိုသစ္စာ နှင့် မောင်မြေဖွား သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် လိုက် မိသည် ။ မဖော့ က ထမင်းလုံးများ ကို ဇွန်း နှင့် ခပ်ယူကာ လက်မ လက်ညှိုး နှင့် ဖိစမ်း ကြည့် လိုက်ပြီး အိုး ထဲ ပြန် ထည့် လိုက် သည် ။ ပြီးတော့ အဖုံး ကို ထမင်းအိုး မှာ ပြန် အုပ်လိုက်ကာ ဇလုံ တစ်ခု အတွင်း သို့ ထမင်းရည် ငှဲ့ နေရင်း မှ -

“ စီးပွားရေး လုပ်ငန်း အကြောင်း ဆောင်းပါး ရေး ရင် တစ်ပုဒ် ကို သုံး လေး ထောင် ရ သတဲ့ ။ တစ်လ သုံးပုဒ် တည်း ရေး ဦးတော့ တစ်သောင်း လောက် ရ သတဲ့ ”

မဖော့ စကားကြောင့် ကိုသစ္စာ ၏ မျက်လုံး သည် ပြူးကျယ် သွားပြီး

“ မင်း ကို ဘယ်သူက ပြောတာလဲ ”  

“ ကံချွန် လာ ပြောသွားတာ ။ ကာတွန်း ရေး တဲ့ ကံချွန် ”

“ အလကား ၊ အဲဒီကောင် အတို့အထောင် လုပ်သွားတာ ”  

“ ဘာ အတို့အထောင် ရမှာလဲ ။ ဟို က စေတနာ နဲ့ လာ ပြောသွားတာ ၊ စီးပွားရေးလုပ်ငန်းအကြောင်း က ကိုယ် လုပ်မှ ရေး လို့ ရတာ မျိုး မဟုတ်ဘူး တဲ့ ။ သူများ လုပ်တာ မေး ရေးရတာ အလွယ်လေးတဲ့ ” 

မဖော့ သည် ငှဲ့ ပြီး သွားသော ထမင်းအိုး ကို မီးဖို ပေါ် ပြန် တင်လိုက် သည် ။

“ သူ က ဟို ဘက် အိ မ်က လူရွှင်တော် ကို လာ မေး တာတဲ့ ။ ငွေ သုံး ကြို ရတာ တွေ ၊ ညကြေး ရတာ တွေ ၊ ပွဲကြေး ရတာ တွေ ၊ ဆိုင်းက ဘယ်လောက် ရတယ် ၊ မင်းသမီး ဘယ်လောက် ရတယ် ၊ အငြိမ့်ထောင် က ဘယ်လောက် ရတယ် ဆိုတာတွေ အဲဒါတွေ မေးပြီး အငြိမ့်စီးပွားရေး ဆို ရေးမှာ တဲ့ ။ နှစ်ထောင် ရ မှာ လို့ ပြော သွားသေးတယ် ။ သူ မေးတာ နာရီဝက် လောက် ၊ ပြန် ရေးရင် တစ်နာရီ လောက် ပဲ ကြာမှာ ။ ဘယ်လောက် ဟန် သလဲ ။ သူ က အဲ သလို စာ မျိုးတွေ ရေးမယ် ဆိုရင်တော့ ဆက်သွယ် ပေးမယ် လို့ ကိုသစ္စာ ကို ပြောလိုက်ပါ တဲ့ ၊ မှာသွားသေးတယ် ”  

“ တော်စမ်းပါကွာ ”  

“ ဘာ တော်စမ်းပါလဲ ” 

“ မင်း နားမလည်ပါဘူး ” 

“ တော် သာ နား မလည်တာ ၊ ကိုယ့် အိမ်ဘေး က နှစ်ထောင်ဖိုး သူများ လာ ပြီး လုပ်စား သွားပြီ ။ ဟိုက သဘောထား ကြီး လို့ သူ ဘယ်လို လုပ်စား နေတယ် ဆိုတာ ဖွင့် ပြော သွားတာ ။ ကံချွန် ဆိုတာ တကယ် သူတော်ကောင်း ၊ စေတနာ နဲ့ အကြံဉာဏ် တောင် ပေး သွားသေး တယ် ။ ကိုသစ္စာ ဆိုတဲ့ နာမည် နဲ့ မရေးချင် ရင် ကိုယ်သာစစ် လို့ ရေး တဲ့ ။ အဲသလိုမှ မရေးချင် ရင် ကာသစ်စို လို့ ရေး တဲ့ ”

ကိုသစ္စာ က မျက်မှောင် ကုပ် ၍ မဖော့ ၏ မျက်နှာ ကို စူးစမ်း သလို ကြည့် သည် ။ မဖော့ ကို ကြည့်ရင်း ကံချွန် ကို ဒေါသ ဖြစ် မိသည် ။

“ သူ တောင် ချွန်ကံ ဆိုပြီး လည်း ရေးတယ် ။ ကွန်ခြံ ဆို ပြီး လည်း ရေး နေ သတဲ့ ။ တော်တော် အလုပ် ဖြစ် နေပုံရတယ် ။ သူ့ ကြည့်ရတာ ကို အတော် ပြောင် လာတယ် ” 

“ မျက်နှာလား ” 

“ ပြည့်ပြည့်စုံစုံ ပြောင်ပြောင်ရောင်ရောင် ဖြစ်လာ တာ ကို ပြောတာ တော့ ”

“ ပြောင် မှာ ပေါ့ ။ ဒီ ကောင် က ငကြောင် ဥစ္စာ ” 

ကိုသစ္စာ သည် မည်သို့ ပြန် ပြောရမည် မသိ၍ ပါးစပ် ထဲ မှာ အရန်သင့် ရှိ သော စကားလုံး ကို ရေရွတ် လိုက် ခြင်း ဖြစ်ပါသည် ။ မောင်မြေဖွား မှာ ကိုသစ္စာ အရေး နိမ့် နေ ပြီ ကို သိ သော ကြောင့် တပ်ကူ ပေးရန် အတွက် စကားဝိုင်း ထဲ ဝင် ပါ လိုက် ပြန် သည် ။

“ ဒီလို ရှိတယ် အစ်မကြီးဖော့ ရဲ့ ” 

မဖော့ က အငွေ့ တထောင်းထောင်း နှင့် နပ် သွားသော ထမင်းအိုး ကို မီးဖို ပေါ် မှ ချ လိုက်ကာ အသင့်ပြင် ပြီး နေ သော အချဉ်ရည်အိုး ကို မီးဖို ပေါ် သို့ တင် လိုက် သည် ။

“ ကဲ ပြော - ဒီလို ရှိတာတွေ ရော ၊ ဟိုလို ရှိတာတွေ ရော ၊ ဒီနေ့ ဒီကိစ္စ ကို တော်တို့ နဲ့ ကျုပ် အပြတ် ဆွေးနွေးမယ် ။ မပြီးပြတ် လို့ မဖြစ်တော့ဘူး ။ ငွေ ရှာ ခါ နီး ကျရင် တော်တို့ က ပြတ်သားတယ် ။ ထမင်း စားခါနီး ကျ ရင် မပြတ်သားတော့ ဘူး ။ မိဖော့ ခေါင်း တွေ ပြောင်တော့မယ် ။ ဈေးဗန်း ခေါင်းပေါ် ရွက် ရလို့ ” 

“ ပြတ်သားလှချည်လား ၊ ဥရောပဖလား ဘောလုံးဗိုလ်လုပွဲ ကျင်းပတာ ကျနေတာပဲ ။ သရေ ကျ ရင် အချိန်ပို ၊ အချိန်ပို မှာ အနိုင်အရှုံး မရှိ ရင် အနီးကန် ဘော ငါးလုံးစီ ကန် ။ ဒါမှ သရေကျနေ ရင် ”

“ လျှာရေခံ ချည်ပေးလိုက် ” 

“ မင်း စကား က အလစ် ထောင့်ကန် ဘော သိပ် လိုက် သလိုပဲ ” 

“ ဒီမယ် စကားတွေ ဟိုလွှဲ ဒီလွှဲ နဲ့ လမ်းကြောင်း ပြောင်း ဖို့ မကြိုးစားပါ နဲ့ ။ အစော က ကိစ္စ ဆက် ဆွေးနွေးပါ ။ စီးပွားရေးဆောင်းပါး ရေး မလား ၊ မရေးဘူးလား ”

မောင်မြေဖွား က ခပ်ကိုင်းကိုင်း ထိုင် နေရာ မှ ခါး ကို ဆန့် လိုက်ပြီး

“ စာပေ မှာ သိက္ခာ ဆိုတာ ရှိတယ် ။ ပြီးတော့ လိုင်း ၊ ရသသမား ၊ သုတသမား ၊ စာနယ်ဇင်းသမား ၊ ဂျာနယ်လစ်ဇင် ပေါ့ ဗျာ ။ ရသသမား က သုတ ကို ရေး လိုက် ရင် ရသ လက် ပျက် တတ်တယ် ။ မပျက် တောင် မှ ရသ ဖန်တီးချိန် လျော့ သွားမယ် ။ ရသ ဆိုတာ ကော သိရဲ့လား ” 

“ သိဘူး ၊ အရသာ ပဲ သိတယ် ။ အရသာ ရှိရှိ စား ချင်တယ် ။ ကောင်းကောင်း နေချင်တယ် ။ ဒါပဲ ။ တော် စဉ်းစားပါ ၊ ရသ ဆိုတာ ကို အရသာ ဖြစ်အောင် လုပ် မလား ၊ မလုပ်ဘူးလား ”

“ မင်း စကားတွေ သိပ် တတ်နေပါ လား ။ ကံချွန် က သင်ပေး သွားတာလား ” 

“ ဟုတ်တယ် ” 

“ အလကား ၊ ဒီကောင် ပါးစပ် ထဲ တွေ့ ရာတွေ လျှောက် ပြောတိုင်း ယုံ နေ ၊ လွယ်လွယ်လေး လုပ် လို့ မရဘူးကွ ” 

“ လွယ်တယ် ။ လွယ်တာ မှ သိပ် ကို လွယ်တာ ။ ကံချွန် ပြော သွားတာ သိပ် မှန်တာပဲ ”

“ ဒီကောင် က ဘာတွေ ပြောသွားလို့ လဲ ” 

“ တော်တို့ ခုလို ပြောမယ့် ဆင်ခြေ တွေလေ ။ အဲသလို ပြော လာရင် ပြန် ပြော လိုက်တဲ့ ၊ ရသ ကို အရသာ ဖြစ် အောင် လုပ်ချင် ရင် ရှေ့ က အ ကလေး ထည့်ပြီး သ မှာ ရေးချ ထည့် လိုက်ရုံပဲ တဲ့ ။ ကိုသစ္စာ လုပ်တတ်ပါတယ် တဲ့ ။ စဉ်းစားပါ ၊ တော် တို့ ကို စဉ်းစားချိန် ပေးခဲ့မယ် ။ ကျုပ် ဒေါ်ဘုမ ဆီ ငရုတ်သီးစိမ်း သွား တောင်း လိုက် ဦးမယ် ။ အချဉ်ရည်အိုး ဆူ လာ ရင် ချ ထားပြီး ရေနွေးအိုး တည်ထား လိုက် ”

ကိုသစ္စာ သည် မဖော့ ကို မျက်လုံး အပြူးသား နှင့် ငေးကြည့် နေ ၏ ။ မောင်မြေဖွား သည်လည်း ပါးစပ် ဟောင်းလောင်း နှင့် ၊ မဖော့ က ထွက် သွား ရန် ဟန်ပြင် ပြီး ခါ မှ -

“ ဪ - ခုမှ သတိ ရ တယ် ။ ဟို ဘက် က ပိုးဟပ်ဖြူမ က နင် လာရင် ပေး လိုက်စမ်းပါ တဲ့ ။ ဒီမယ် စာရွက်ခေါက် တစ်ခု ပေး ထားတယ် ” 

မဖော့ က ခရမ်းချဉ်သီး တောင်း ပေါ် တင် ထားသော စာရွက်ခေါက် ကို ယူ ၍ မောင်မြေဖွား လက် သို့ ပေးပြီး အိမ် ပေါ် မှ ဆင်း သွားလေတော့သည် ။ ပိုးဟပ်ဖြူမ ဆိုသည် မှာ ကိုသစ္စာ တို့ အိမ် မြောက်ဘက် ဘေး ကပ်လျက် ရှိ တိုက် မှ ဦးဘောဂ ၏ သမီး ဖြူဖြူ ကို ဆိုလိုခြင်း ဖြစ်ပါသည် ။

ဖြူဖြူ သည် ဆယ်တန်း သုံးနှစ် ကျ ပြီး ကျောင်းထွက် ထား သူ ၊ သူ က စာပေဝါသနာ ပါသည် ။ ကဗျာ ရေး ချင်သည် ။ ဝတ္ထု ရေး ချင်သည် ။ သူ ရေး သည့် ကဗျာများ အား ပြင် ပေးရန် အတွက် ပေး ပေး ဖတ်နေခြင်း ဖြစ် ပါသည် ။ မောင်မြေဖွား သည် စာရွက်ခေါက် ကို ကိုင်ထားရာ မှ -

“ ကျုပ် စိတ်ညစ်တဲ့ အထဲ မှာ ဒါတွေ ပါတယ် ”

“ ဒါက စိတ်ညစ်စရာ မဟုတ်ပါဘူး ကွာ ။ မင်း အတွက် ထမင်းအိုး ပါ ၊ ထမင်းအိုး မှ ရိုးရိုးဆန်  ချက် ထားတဲ့ အိုးတောင် မဟုတ်ဘူး ၊ ပေါ်ဆန်းမွှေး အိုး ” 

မောင်မြေဖွား က ပခုံး တွန့် လိုက်ပြီး -

“ တော်ပါပြီ ကိုသစ္စာ ရယ် ပေါ်ဆန်းမွှေး မစားချင်ပါဘူး ။ ကိုယ် နဲ့ အံဝင်ခွင်ကျ ထမင်းကြမ်း နဲ့ အကြော် ပဲ စားချင်ပါတယ်  ”

  •••••   •••••   •••••

ဖြူဖြူ သည် တိုက်နောက် မှ ရေချိုးခန်း ဆီ သို့ ရေ ချိုးရန် ထွက် လာစဉ် -

“ ရွှတ် ၊ ရွှတ် ”

ခြံဝင်း ကို ကိုင် ၍ သူ့ အား လှမ်း ခေါ် နေသော ကိုသစ္စာ ကို တွေ့လိုက်ရသည် ။

“ ဖြူဖြူ ခဏ ”

“ ဘာ ပြောမလို့လဲ လေးလေး ”

“ မောင်မြေဖွား ရောက် နေတယ် ”

“ ဟုတ်လား ၊ ကျွန်မ ဒေါ်ဒေါ်ဖော့ ဆီ ကဗျာ နှစ်ပုဒ် ပေးထားသေးတယ် ”

“ ရတယ် ။ ခု သူ ဖတ် နေတယ် ။ ဒါနဲ့ နင် တို့ အိမ် ထမင်း ပို ရင် ပေးပါ ဦး ၊ ဒီကောင် က တို့ ချက်ပြီး မှ ရောက်လာလို့ ” 

“ ရပါတယ် ” 

ဖြူဖြူ သည် မီးဖိုခန်း ဘက် ပြန် လှည့် ထွက်ပြီး

“ မစိန် ”

“ ရှင် ” 

“ ထမင်း တစ်ပွဲ မောက်မောက် ခူး ၊ ပြီးရင် အဲဒီ ထမ င်းပေါ် မှာ ဆိတ်သား နှစ်တုံး တင် ၊ ဟင်း အနှစ် ပါ ဆမ်း ၊ ပန်းကန် နှုတ်ခမ်း မှာ အချဉ်သုပ် ပုံ လိုက် ၊ ဘယ်သူ စား မှာလဲ မမေးနဲ့ နောက်အိမ် ပေး မလို့ ”  

“ ဟုတ်ကဲ့ ” 

မစိန် မှာ ထမင်းချက် ဖြစ်သည် ။ မီးဖိုခန်း အတွင်း ဝင် လာ ပြီး နောက် ပြန် ထွက် လာသော အခါ မစိန် လက် မှာ ထမင်းပွဲ ပါလာသည် ။

“ အစ်မလေး ဒီမယ် ”

မစိန် က သူ ခူးလာသော ထမင်းပွဲ ကို ဖြူဖြူ အား ပြ လိုက်သည် ။

“ အေး - ဟို သွား ပေးလိုက် ”

ကိုသစ္စာ သည် သူ့ ထံ လာ ပို့မည့် ထမင်းပွဲ ကို စောင့်ယူ နေစဉ် မဖော့ ၏ အသံကို  ကြားလိုက်ရသည် ။

“ မာဒင်္ဂတို့ အိမ် နောက် ရောက်နေပြီ မဟုတ်လား ”

ကိုသစ္စာ သည် ထမင်းပွဲ ကို ကိုင် ၍ အိမ် နောက်ပေါက် မှ လှမ်း ဝင် လိုက် ရင်း -

“ ငါ က စာ မရေးဘဲ မနေနိုင်လို့ ကွ ”

◾ ကံချွန်

📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
     အမှတ် ၈၅
     နိုဝင်ဘာလ ၊ ၁၉၉၆ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment