❝ ငုပ်ကောင် တစ်ဦး ❞
ကား ကို ဆားပုလင်း နှင်းမောင် ကိုယ်တိုင် မောင်း ၏ ။ ပဲခူးဂါတ် ရှေ့သို့ ရောက်သော အခါ၌ ကား ကို ရပ်ပြီး လျှင် ဂါတ် အတွင်း သို့ ဝင် လေ၏ ။ ထို့နောက် ဂါတ်စာရေး ကို ပြောကာ ဆန်စက်ပိုင်ရှင် ဦးခင်ဦး အိမ် မှ ထမင်းချက်ကု,လား ကို အချုပ်ခန်း အတွင်း မှ ထုတ်ခိုင်း လိုက်လေ၏ ။ ထို့နောက် ဆားပုလင်းနှင်းမောင် နှင့် ထမင်းချက်ကု,လား တို့ သည် အောက်ပါ အတိုင်း အမေး အဖြေ ပြု လုပ်ကြလေ၏ ။
“ မင်း နာမည် ဘယ်လို ခေါ်သလဲ ”
“ ကု,လားလို့ ပဲ ခေါ်ပါတယ် ဆပ် ”
“ ဒီ အိမ် မှာ အလုပ် လုပ် တာ ကြာပြီလား ”
“ မကြာသေးပါဘူး ဆပ် ၊ တစ်လ လောက် ပဲ ရှိပါသေးတယ် ”
“ ဒီ အိမ် မှာ မင်း က ဘာ လုပ်ရတာလဲ ”
“ ကျွန်တော် က ထမင်းချက် ပါ ”
“ မင်း က ထမင်းချက် သာ ဆိုတယ် ၊ အမှန်ကတော့ ဟင်းပဲ ချက် ရတာ ၊ ဟုတ်တယ် မဟုတ်လား ၊ ထမင်း ကို သူဌေးကတော် ပဲ ချက်တယ် မဟုတ်လား ”
“ ဟုတ်ပါတယ် ဆပ် ”
“ အဲ့ဒီ အိမ် ကို မနက် ဘယ်အချိန် မှာ လာပြီး ၊ ဘယ်အချိန် မှာ ပြန် ရသလဲ ”
“ မနက် ( ၆ ) နာရီ အရောက် လာ ရပါတယ် ၊ ည (၆) နာရီ မှာ ပြန်ရပါတယ် ”
“ မနက် ( ၆ ) နာရီ လာတဲ့ အခါမှာ ပြတင်းပေါက် တံခါးတွေ ကို လက် နဲ့ နှိုက် ဖွင့် ပြီး အထဲ ကို ဝင်တယ် ၊ မီးဖို ထဲ က ကြောင်အိမ် ပေါ် မှာ သူဌေးကတော် က ချက်ရမယ့် ဟင်း နဲ့ ပိုက်ဆံ ကို တင်ထားလေ့ ရှိတယ် ၊ မင်း က အဲဒါ ကို ယူပြီး ဈေး သွား ရတယ် ၊ မင်း ဈေး က ပြန်လာတဲ့ အခါမှာ သူဌေးလင်မယား က နိုး နေပြီ ၊ မင်း က ဈေး မသွားခင် ကတည်း က သူတို့ နိုး ရင် စားဖို့သောက်ဖို့ ကော်ဖီတွေ ၊ ကြက်ဥကြော်တွေ အဆင်သင့် လုပ်ပစ်ခဲ့လေ့ ရှိတယ် မဟုတ်လား ”
“ မှန်ပါတယ် ဆပ် ”
“ ကောင်းပြီ ၊ မီးဖိုခန်း က နေ အိမ် ထဲ ကို ဝင်တဲ့ တံခါး ဟာ အမြဲတမ်း ပိတ်ထားတယ် မဟုတ်လား ၊ ဘာဖြစ်လို့ ဒီ မနက် မှ ပွင့် နေရတာလဲ ”
“ တံခါး က အမြဲတမ်း ပိတ် ရမှာပါပဲ ၊ ဒါပေမဲ့ သူဌေး က ည ဆိုရင် အရက် သောက် တယ် ၊ အရက် နဲ့ မြည်း တဲ့ ပစ္စည်း ကုန်ရင် မီးဖို ထဲ ကို သူ ကိုယ်တိုင် လာတယ် ၊ ပြီးရင် အပေါ် ကို ပြန် တက် သွားတယ် ၊ အဲ့ဒီ အခါမှာ အဲ့ဒီ တံခါး ကို ပိတ်ဖို့ အမြဲတမ်း မေ့တယ် ၊ သူဌေးကတော် က သူဌေး ကို အမြဲတမ်း ဆူတယ် ၊ မနေ့ည က လဲ သူ ဟာ ဒီလိုပဲ မေ့ခဲ့မှာပဲ ”
“ ကောင်းပြီ ၊ သူဌေး နာမည် ဘယ်လို ခေါ်သလဲ ”
“ ဦးခင်ဦး လို့ ခေါ်ပါတယ် ”
“ သူဌေးကတော် နာမည် ရော ”
“ ဒေါ်စန်းအေး လို့ ခေါ် ပါတယ် ”
“ သူဌေး ရဲ့ စက် ဘယ်မှာလဲ ”
“ မြို့ အပြင် မှာ ပါ ၊ ရန်မျိုးအောင်စက် လို့ ခေါ်ပါတယ် ”
“ မင်း မှာ သားသမီး ဘယ်နှစ်ယောက် ရှိသလဲ ”
“ ခြောက်ယောက် ရှိပါတယ် ဆပ် ”
“ ကောင်းပြီ ၊ မင်း ကို ငါ အာမခံပြီး လွှတ် ပေး လိုက်မယ် ၊ ဒီ မြို့ က ဘယ်မှ မသွားနဲ့ ၊ ကြားလား ”
ဟု ဆိုကာ ထို ထမင်းချက် ကု,လား အား လွှတ် ပေးရန် အတွက် ဌာနာအုပ်ကြီး အား စာ တစ်စောင် ရေးပြီးလျှင် ဂါတ်စာရေး ကို ပေးခဲ့ လေ၏ ။
ထမင်းချက်ကု,လား လည်း ဆားပုလင်းနှင်းမောင် အား အကြိမ်ပေါင်းများစွာ ဆလံ ပေးလေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် သည် ထမင်းချက်ကု,လား ၏ လက် ကို ဆွဲယူ၍ သူ ၏ လက် နှင့် ယှဉ် ၍ ပြ လိုက်ရာ ကု,လား ၏ လက် သည် အဆမတန် သေးကွေးသော လက်ကလေး ဖြစ်ကြောင်း တွေ့ရလေ၏ ။
“ ဟုတ်ပါရဲ့ဗျာ ၊ ဒီကောင် ဟာ တော်တော့် ကို လူကောင်သေးတဲ့ ကောင်ပဲ ”
ဟု ဦးကိုကိုကြီး က ပြော လိုက်လေတော့၏ ။
“ ဪ ဒီလိုလား ၊ အဲဒါတော့ ကျုပ် ဉာဏ် မမီဘူးဗျာ ”
ဟု ဦးကိုကိုကြီး က ပြောလိုက်လေတော့၏ ။
“ ဒါတော့ ခင်ဗျား ဟို ရာဇဝတ်အုပ်ကြီး ကို စောင်းပြီး ပြောတာပါ ”
ဟု ကျွန်ုပ် က ဝင်၍ ထောက် လိုက်ရာ ဦးကိုကိုကြီး က
“ စောင်းပြီး ပြောတာ မဟုတ်ဘူးဗျ ၊ တည့်တည့် ပြောတာ ၊ သူ က ဒီနေရာ မှာ တော့ ဉာဏ် မမီဘူးလေး ဘာလေးနဲ့ ၊ ဘယ်နေရာ မှာ များ ဉာဏ် မီမှာ မို့တုံး ”
ဟု ပြော လိုက် လေတော့၏ ။
ဤသို့နှင့်ပင် ကျွန်ုပ်တို့ သည် အသ,တ် ခံရသည့် သူဌေးဦးခင်ဦး ပိုင်ဆိုင်သော ရန်မျိုးအောင်ဆန်စက် ကို ရောက်ရှိ လာခဲ့တော့၏ ။ စက် ပိတ် ထား သဖြင့် အလုပ်သမားများ ကို မတွေ့ရပေ ။ ဒရဝမ်ကြီး တစ်ဦး သာ လျှင် ရှိလေ၏ ။ ဆားပုလင်းနှင်းမောင် သည် ထို ဒရမ်ဝမ်ကြီး ထံ သို့ သွား ပြီးလျှင်
“ ကျွန်တော်တို့ က စုံထောက် ဘက် က ပါ ဦးလေး သူဌေး ဦးခင်ဦး နဲ့ သူဌေးကတော် ဒေါ်စန်းအေး တို့ အသတ် ခံရတဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး သိချင်တာလေး ရှိလို့ မေးပါရစေ ”
ဟု ပြောလိုက်ရာ ဒရဝမ်အဘိုးကြီး က
“ မ မ မလုပ်ပါနဲ့ မောင်ရယ် ၊ ဒီ အမှု နဲ့ကျုပ် နဲ့ ဘာမှ မဆိုင်ပါဘူး ၊ ကျုပ် ဟာ လူ တစ်ယောက် ကို သ,တ်ဖို့ မပြော နဲ့ ကြွက် တောင် ကြီး ရင် မသတ်ဝံ့လို့ ထောင်ချောက် နဲ့ ဖမ်းပြီး လွှတ်ပစ်တဲ့ လူစားပါ ၊ ဟောဟိုမှာ မြင်လား ၊ ကြွက်ထောင်ချောက် တွေ ”
ဟု ကြောက်ကြောက်ရွံ့ရွံ့ ဖြင့် ပြော လိုက်လေ၏ ။
ဦးလေး ကို သ,တ်တယ် လို့ မပြောပါဘူး ၊ စက်သူဌေး ဦးခင်ဦး အကြောင်း နည်းနည်းပါးပါး သိချင် လို့ လာပြီး မေးတာပါ ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်မှ ပင် ဒရဝမ်အဘိုးကြီး လည်း စိတ် သက်သာရာ ရ သွားပြီး လျှင်
“ ဪ ဒီလိုလား ၊ မေးပါ မေးပါ ၊ ကျုပ် သိသမျှ ဖြေ ပါ့မယ် ၊ ကျုပ် က ဒီ စက် မှာ လုပ်တာ ကြာ ပါပြီ ၊ အခု ကျုပ်တို့ သူဌေးမောင်ခင်ဦး ဒီ စက် မှာ စာရေး မဖြစ်ခင် ကတည်း က ကျုပ် ဟာ ဒီ မှာ ဒရဝမ် လုပ်နေတာပါ ”
ဟု အဘိုးကြီး က ပြော လိုက်လေ၏ ။
“ ဪ သူဌေးဦးခင်ဦး က အလျင် တုန်း က ဒီ စက် က စာရေး လား ”
ဟု ဆားပုလင်းနှင်းမောင် က မေး လိုက်လေ၏ ။
“ ဟုတ်ပါတယ် စာရေး ပါ ၊ နောက်တော့ သူဌေးကြီး ဦးမြူ က စာရေးကလေး မောင်ခင်ဦး ကို ရိုးသား တာ နဲ့ သူ့ သမီး နဲ့ ပေးစား လိုက်တာ ၊ ပြီးတော့ သူ လဲ ရဟန်း ပြုပြီး တောထွက် သွားရှာတယ် ”
ဟု ဒရဝမ်အဘိုးကြီး က ပြော လေ၏ ။
“ ဪ ဒီလို ဆိုတော့ သူဌေးကတော် ဒေါ်စန်းအေး ဘက် က ချမ်းသာ တာ ကိုး ၊ ဒေါ်စန်းအေး ရဲ့ အဖေ လား ၊ ရဟန်း ဝတ်ပြီး တောထွက် သွားတယ် ဆိုတဲ့ သူဌေးကြီး ဦးမြူ ဆိုတာ ”
ဟု ဆားပုလင်းနှင်းမောင် က မေး လိုက်လေ၏ ။
“ မဟုတ်ဘူး ဆရာလေး ရဲ့ ၊ ဒေါ်စန်းအေး က ဒုတိယ မိန်းမ မောင်ခင်ဦး အိမ် မှာ ခိုင်း ထားတဲ့ မိန်းမ ၊ ပထမ မိန်းမ သေလို့ အိမ် မှာ ခိုင်းထားတဲ့ မိန်းမ ကို ကောက် ပြီး ယူ လိုက်တာ ”
ဟု ဒရဝမ်အဘိုးကြီး က ပြော လေ၏ ။
“ ဪ ဒီလိုလား ၊ ကိုခင်ဦး ရဲ့ ပထမ မိန်းမ က မှ သူဌေးကြီးဦးမြူ ရဲ့ သမီး ပေါ့နော် ”
ဟု ဆားပုလင်းနှင်းမောင် က မေး လိုက်လေ၏ ။
“ မှန်ပါတယ် ဆရာလေး ”
ဟု ဒရဝမ်ကြီး က ပြော လေ၏ ။
“ ကိုခင်ဦး ရဲ့ သေသွားတဲ့ ပထမ မိန်းမ က နာမည် ဘယ်လို ခေါ် သတုံး ၊ သေတာ ဘယ်လောက် ကြာပြီလဲ ၊ ဘာ ရောဂါ နဲ့ သေတာလဲ ”
ဟု ဆားပုလင်းနှင်းမောင် က မေး လိုက်လေ၏ ။
“ ပထမ မိန်းမ နာမည် က မမယ်ဇယ် လို့ ခေါ်ပါတယ် ။ သေတာ ခြောက်လ လောက် ရှိပါသေးတယ် ။ နယ်လှည့် ဘုရား ဖူးရင်း ကား နဲ့ တောင် ပေါ် က ကျပြီး သေ တာပါ ၊ တောင်ကြီး ဘက် မှာ ဖြစ်တယ်လို့ ဆိုတာပဲ ”
ဟု ဒရဝမ်အဘိုးကြီး က ပြော လိုက်လေ၏ ။
“ ဪ တောင်ကြီး က အဆင်း ကြားတွင်းကွေ့ နား မှာ တစ်ချက် ၊ ပစောက်ကွေ့ နား မှာ တစ်ချက် ၊ ကရင်မ ရေထွက် နေရာ မှာ တစ်ချက် ၊ ထုံးဘို ရောက်ခါနီး မှာ တစ် ချက် ၊ မကြာခဏ ကားတွေ ချောက်ထဲ ကျလေ့ ရှိတယ် ၊ ထားပါတော့လေ ၊ တစ်ပင် လဲ လို့ တစ်ပင် ထူ တာပဲ ၊ သူဌေး ဦးခင်ဦး ကို အပြစ် တင် ဖို့ မလိုပါဘူး ၊ ဒါနဲ့ နေပါဦး ဦးလေး ရယ် ၊ ခင်ဗျားတို့ သူဌေး မှာ ငြိုးသူ ရန်ဘက်များ ရှိလေရော့သလား ”
ဟု ဆားပုလင်း နှင်းမောင် က မေး လိုက်လေ၏ ။
“ ဒီလိုတော့ မကြားမိပါဘူး ၊ သူ့ ဟာ သူ အရက် သောက် နေတာပဲ ၊ တခြား လူ ကို လဲ ရန် လုပ်တယ် မရှိပါဘူး ”
ဟု ဒရဝမ်အဘိုးကြီး က ပြော လိုက်လေ၏ ။
“ ဪ အရေးကြီးတဲ့ မေးခွန်း တစ်ခု မေး ရဦးမယ် ၊ သူဌေးဦးမြူ ဆိုတာ ရဟန်း ဝတ်ပြီး တောထွက် သွားတယ် ဆိုတာ ကြာ ပြီလား ”
ဟု ဆားပုလင်းနှင်းမောင် က မေး လိုက်လေ၏ ။
“ ကြာပါပြီ ဆရာလေး ရယ် ကြာပါပြီ ၊ သူ့ သမီး မမယ်ဇယ် ကို စက်စာရေး မောင်ခင်ဦး နဲ့ မင်္ဂလာ ဆောင် ပေးပြီး နောက် တစ်နေ့ မှာ ရဟန်း ဝတ် တာပဲ ၊ အဲ့ဒီ ကတည်း ကို က တော ထွက် သွားတော့တာပဲ ”
ဟု ဒရဝမ်အဘိုးကြီး က ပြန်၍ ဖြေလေ၏ ။
“ ဦးမြူ တော ထွက်ပြီး မှ ဦးလေး တို့ နဲ့ ပြန်ပြီး တွေ့သေးသလား ၊ သူ့ သမီးတွေ ၊ သူ့ သမက်တွေ နဲ့ ရော ပြန်ပြီး တွေ့တယ်လို့ ကြားဖူးသလား ”
ဟု ဆားပုလင်းနှင်းမောင် က မေးလိုက်လေ၏ ။
“ ကျုပ်တို့ နဲ့ တော့ မတွေ့ဖူးပါဘူး ၊ သူ့ သမီးတွေ ၊ သူ့ သမက်တွေ နဲ့ ပြန်ပြီး တွေ့တယ် လို့ လဲ မကြားမိပါဘူး ”
ဟု ဒရဝမ်အဘိုးကြီး က ပြော ရာ ဆားပုလင်း နှင်းမောင် က ...
“ ဟုတ်ကဲ့ ကျေးဇူး တင်ပါတယ် ၊ ဦးလေး အတွက် ဟောဒီ ငွေကလေး ကို ကွမ်းဖိုးဆေးဖိုး အတွက် ယူပါ ”
ဟု ပြောဆိုကာ ဆားပုလင်းနှင်းမောင် သည် အိတ် အတွင်း မှ ငွေ ငါးကျပ်တန် တစ်ရွက် ကို ထုတ်၍ ဒရဝမ်အဘိုးကြီး အား ပေး လိုက်လေ တော့၏ ။
ထို့နောက် ရန်မျိုးအောင်ဆန်စက် မှ ပြန်ခဲ့ကြလေတော့၏ ။ ဆားပုလင်း နှင်းမောင် သည် ကား ကို ကျင်လည်စွာ မောင်း နေ၏ ။ ရေခဲတောင် စီးကရက် ကို တစ်လိပ်ပြီး တစ်လိပ် ညှိ ၍ သောက် နေ၏ ။ ကျွန်ုပ်တို့ နှင့် လည်း စကား မပြော ၊ ငြိမ်ချက်သား ကောင်း နေလေ၏ ။
ဤသို့နှင့်ပင် ကျွန်ုပ်တို့ သည် လှည်းကူးမြို့ ကို ကျော်လွန် ခဲ့ပြီ ဖြစ်၏ ။ ဆားပုလင်း နှင်းမောင် ကား စီးကရက် ကို သောက်ရင်း မော်တော်ကား ကို အရှိန် ပြင်းစွာ မောင်းမြဲ မောင်း နေလေ၏ ။ ကျွန်ုပ်တို့ ၏ ကားကလေး သည် ထောက်ကြံ့ သို့ ပင် ရောက်ရှိခဲ့ပြီ ဖြစ်၏ ။ ထိုအခါ စုံထောက် ဦးကိုကိုကြီး က
“ အိုင်ဆေး ကိုနှင်းမောင် ၊ လုပ်စမ်းပါဦးဗျ ၊ ကျွန်ုပ် တို့ ကို ပြောပြစမ်းပါဦး ”
ဟု မေး လိုက်ရာ ဆားပုလင်း နှင်းမောင် က
“ ဒီ ဇာတ်လမ်း မှာ အရေးကြီးတဲ့ ဇာတ်ကောင် တစ်ကောင် ဟာ သဘာဝ အတိုင်း မဟုတ်ဘဲ ငုတ်ကောင် ဖြစ်ပြီး ပျောက် သွားတယ် ။ အဲ့ဒါ ဘယ်သူလဲ ဆိုတော့ တောထွက် သွားတယ်ဆိုတဲ့ ဦးမြူ ပဲ ။ အဲ့ဒီ ဦးမြူ ဆိုတာ အခု အသ,တ်ခံရတဲ့ စက်သူဌေး ဦးခင်ဦး ရဲ့ ယောက္ခမ လေ ၊ ဒီ အမှု ကို ချက်ချင်း မပြောနိုင်သေးဘူး ၊ အတော့် ကို နက်နဲ တဲ့ အမှုပဲ ”
ဟု ပြော လိုက်ရာ ဦးကိုကိုကြီး က
“ ဒါလောက်တော့ ကျုပ် အနေနဲ့ ဉာဏ် မမီတော့ဘူးဗျာ ”
ဟု ပြောကာ အသံဩ ကြီး ဖြင့် တဟည်းဟည်း တဟားဟား ရယ်မော လိုက်လေတော့သတည်း ။
◾မင်းသိင်္ခ
📖 မိုးပေါ် မှာ ကြယ်တစ်လုံး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment