Tuesday, January 23, 2024

နေရာဟောင်း ကို လွန် အောက်မေ့တယ်


 

❝ နေရာဟောင်း ကို လွန် အောက်မေ့တယ် ❞

တစ်ခါတစ်ရံ မှာ တကယ့် အဖြစ်အပျက် တို့ သည် စိတ်ကူးယဉ် ဇာတ်လမ်းတွေ ထက် ဆန်းကြယ် နေ တတ်သည် ။ မယုံကြည် နိုင် လောက်အောင် ထူးဆန်း အံ့ဩစရာ နှင့် ကြုံရ တတ်သည် ။ ကျွန်တော့် သူငယ်ချင်း သေပြီး ခွေး ဖြစ်နေပါတယ် လို့ ကျွန်တော့် အစ်ကို က ပြောသော အခါ ကျွန်တော် မယုံလို့ မေ့မေ့ပျောက်ပျောက် နေခဲ့ပါသည် ။ လူ သေပြီး ခွေး ဖြစ် သွားတယ် ဆိုတာ ကို မယုံခြင်းပင် ဖြစ်သည် ။

ကျွန်တော် သည် သင်္ကြန် ရက် မှာ ဝိပဿနာ ဆယ်ရက် စခန်း ဝင်သည် ။ တစ်နေ့ မှာ ( ၄ ) ကြိမ် တရား ထိုင် ကြရသည် ။ ( ၄ ) ကြိမ် တရား နာ ကြရသည် ။ တစ်ချိန် လျှင် ( ၁ ) နာရီ ကြာသည် ။ တရားပြ ဆရာတော် ဟောသည့် တရားတွေ ထဲ မှာ တောဒေယျပုဏ္ဏားကြီး သေ တော့ ခွေး ဖြစ် သွားသည့် အကြောင်း တရား နာ ရသည် ။ တောဒေယျ ပုဏ္ဏားကြီး သည် ၈၇ ကုဋေ ချမ်းသာသည် ။ ဘုရား သာသနာတော် နှင့် ကြုံပါ လျက် မလှူရက် ၊ မစွန့်ရက် ဖြစ်ပြီး စီးပွား ဥစ္စာတွေ ကို ဖက် ပြီး သေ သွားလေသည် ။ သေသော အခါ သူ့ အိမ် မှာ ပဲ ခွေး ပြန် ဖြစ် နေသည် ။ မြေမြှုပ် ပြီး ဝှက် ထားခဲ့သည့် ရွှေငွေတွေ ကို ပြန် စောင့် နေသည် ။

ပုဏ္ဏားကြီး ၏ အမွေ ကို ဆက်ခံသော သား သည် ဘုရားရှင် ကို အလွန် ကြည်ညိုသည် ။ အလှူအတန်း ပေးကမ်း စွန့်ကြဲခြင်း ရက်ရောသည် ။ ရဟန်းတော်များ ကို နေ့စဉ် ဆွမ်းလှူသည် ။ ဆွမ်းခံ ကြွသည့် ရဟန္တာ တစ်ပါး က ပုဏ္ဏားလေး ၏ ဖခင် သည် ခွေး ဖြစ်နေကြောင်း ပြောရာ မယုံ၍ လက်တွေ့ ပြ စေသည် ။ အိမ် မှာ မွေး ထားသည့် ခွေး ကို အရသာ ရှိသည့် အစာတွေ ကျွေးပြီး မေး စေသည် ။ ထိုအခါ မှာ ခွေး က ပုဏ္ဏားကြီး မသေမီ က မြှုပ် ထားခဲ့သည့် တစ်သိန်းတန် ရွှေခွက် ၊ တစ်သိန်းတန် ပန်းကုံး နှင့် ခြေနင်း ၊ ငွေသား အသပြာတစ်သိန်း တို့ ကို လက် ဖြင့် ယက် ဖော် ပေးလေသည် ။ ဒီတော့မှ ပုဏ္ဏားလေး က ခွေးဖြစ် နေသည့် သူ့ ဖခင် ပုဏ္ဏားကြီး ကို ကောင်းစွာ ကျွေးမွေး ထားပြီး နောက် ဘဝ မှာ ကောင်းရာ သုဂတိဘုံ ဘဝ ရောက်အောင် စောင့်ရှောက် ထားလေသည် ဟု တရားတော် နာကြား မှတ်သား ရသည် ။

ကျွန်တော် သည် ရှေ့ ဘဝ ၊ နောက် ဘဝ ကိစ္စတွေ မှာ သံသယ စိတ်ဖြင့် တွေဝေ နေသူ ဖြစ်သည် ။ လွန်ခဲ့သည့် နှစ် က ကျွန်တော့် အစ်ကို ပြော ခဲ့သည့် စကား ကို သံသယ စိတ် ဖြင့် နားထောင်ခဲ့သည် ။

“ ဟိုကောင် အောင်လေး ၊ ခွေး ဖြစ်နေတာ သေချာတယ်ကွ ”

အောင်လေး ဆိုတာ လွန်ခဲ့သည့် ( ၂ ) နှစ် လောက် က သေ သွားခဲ့သည့် သောက်ဖော် စားဖက် ဖြစ်သည် ။ ကျွန်တော် တို့ ညီအစ်ကိုတွေ နဲ့ ညီအစ်ကို အရင်း လို ၊ မိသားစု လို နေခဲ့သူ ဖြစ်သည် ။

“ ဘယ်လိုကြောင့် ပြော နိုင်တာလဲ ”

“ ဟာ ... တော်တော် ထူးဆန်းတယ် ကွာ ။ ပြော ရရင် ယုံစရာ မဟုတ်ဘူး ”

ပြောပြရင် ယုံစရာ မရှိလောက် အောင် ထူးဆန်းသည့် ကိုအောင်လေး ခွေး ဖြစ်သွားသည့် အကြောင်း ကို ကြား ရတော့မည် ဆိုတော့ ကိုအောင်လေး အကြောင်း ကို ပြန်ပြောင်း သတိရ လေသည် ။ ကိုအောင်လေး ၏ ဘဝ ဇာတ်ကြောင်း ကို ပြန်ပြောင်း တွေးမိခြင်း ဖြစ်သည် ။

ကိုအောင်လေး သည် ကိုအဏ္ဏဝါ တို့ ရခိုင် ဒေသ က ဖြစ်သည် ။ တောင်ကုတ်မြို့နယ် အတွင်း က ရွာ တစ်ရွာ မှာ မွေးဖွား ခဲ့ သူ ဖြစ်သည် ။ ၁၉၇၀ ခုနှစ် ဝန်းကျင် လောက် မှာ ရန်ကုန် ကို ရောက် လာပြီး ရခိုင်ဘုန်းကြီးကျောင်း တစ်ကျောင်း မှာ ခိုကပ် နေခဲ့သည် ။ ထို ကျောင်း က ကျောင်းထိုင် ဆရာတော် နှင့် ပတ်သက်ပြီး ကိုအောင်လေး နှင့် ကိုအဏ္ဏဝါတို့ မိသားစု ရင်းနှီး ခင်မင် ခဲ့ကြသည် ။ ကုန်သွယ်ရေး ခေတ် ၊ ပပက ခေတ် မှာ အလုပ်အကိုင် အဆက်အသွယ် ကောင်း ရှိ သူတွေ ၏ ကူညီ ဆောင်ရွက် ပေးမှု ဖြင့် ကိုအောင်လေး အလုပ် ရသွားသည် ။ ကုန်သွယ်ရေးခေတ် မှေးမှိန် သွားသော အခါ ကိုအောင်လေး သည် မြို့နယ် အုပ်ချုပ်ရေးရုံး ကို ရောက် သွားပြီး အသက် ငါးဆယ် အရွယ် မှာ သေ သည် အထိ မြို့နယ်ရုံး မှာ ပဲ အလုပ် လုပ် သွားခဲ့သည် ။

ကိုအောင်လေး သည် လူပျိုကြီး ဘဝ ဖြင့် ပင် ကွယ်လွန် သွားခဲ့သည် ။ ဘဝ တစ်လျှောက်လုံး နှဲသမား ပါး ကဲ့သို့ ဖောင်း တဲ့ အခါ ဖောင်းလိုက် ၊ ပိန် တဲ့ အခါ ပိန်လိုက် ဖြင့် ဘဝ ကို ရပ်တည် သွားခဲ့သည် ။ အချုပ်အနှောင် ၊ အနှောင်အဖွဲ့ ကင်းမဲ့သော လူပျိုလူလွတ် ပီပီ သောက်သောက်စားစား ပျော်ပျော်ပါးပါး ဘဝ ဖြင့် ပင် ဘဝ ဇာတ် ကို သိမ်း သွားခဲ့သည် ။ အသက် ငါးဆယ် အရွယ် အထိ ဒါန ၊ သီလ ၊ ဘာဝနာ ဆိုသည့် ကုသိုလ် ကောင်းမှု ဘာ တစ်ခု မှ မပြုလုပ် ရ သေးမီ ဘဝ ဇာတ်သိမ်း သွားခြင်း ဖြစ်သည် ။ နောက်ဆုံး ကုန်ကုန် ပြော ရလျှင် သူ နေခဲ့သည့် ဘုန်းကြီးကျောင်း က ဘုန်းကြီးတွေ ကို ပင် ဆွမ်း တစ်ခွက် ၊ ဟင်း တစ်ပွဲ လှူဖော် မရဘဲ ရသမျှ အခွင့်အရေး နှင့် စီးပွားဥစ္စာ ကို သောက်ကာ စားကာ ဖြင့် သုံးဖြုန်း ပစ်ခဲ့သည် ။ ကုန်သွယ်ရေးခေတ် မှာ အလုပ် ရသည့် အချိန် က စပြီး ဘုန်းကြီးကျောင်း မှာ မနေတော့ ဘဲ ဟို နေလိုက် ၊ ဒီ နေလိုက် ၊ ကိုအဏ္ဏဝါ တို့ အိမ် မှာနေလိုက် ၊ ရုံး က စားပွဲ ပေါ် မှာ အိပ်လိုက် နေသွားခဲ့၍ သူ နေခဲ့သည့် ဘုန်းကြီးကျောင်း နှင့် လုံးဝ အဆက်အသွယ် ပြတ် သွားခဲ့ခြင်း ဖြစ်သည် ။

ကိုအောင်လေး နှင့် ကိုအဏ္ဏဝါ တို့ မိသားစု ၏ ခင်မင်မှု အစဉ်အလာ ကြီးမားပုံ ကို အနည်းငယ် ဖော်ပြ မှ ပြည့်စုံမည် ဖြစ်သည် ။ ကိုအောင်လေး သည် တစ်ကောင်ကြွက် အဖြစ် ဖြင့် ရန်ကုန်မြို့ မှာ လှုပ်ရှား ရုန်းကန် နေစဉ် ကပင် ကိုအဏ္ဏဝါ တို့ ညီအစ်ကို တွေ နဲ့ အတူ နေ ၊ အတူ အိပ် ၊ အတူ သောက်စား နေခဲ့သည် ။ ကိုအဏ္ဏဝါ ၏ အဖေ နှင့် အမေ ကို လည်း သူ့ မိဘ အရင်း လို သံယောဇဉ် ရှိခဲ့သူ ဖြစ်သည် ။ ကုန်သွယ်ရေးခေတ် နောက်ပိုင်း ၊ ပါတီကောင်စီခေတ် မှာ လည်း သူ ရသည့် အခွင့်အရေး ဖြစ်သည့် ဆန် ၊ ဆီ ၊ နို့ဆီ ၊ သကြား စသည်တွေ ကို တစ်ခါတလေ ယူ လာပြီး ကိုအဏ္ဏဝါ တို့ မိသားစု စားဖို့ ယူလာ တတ်ပါတယ် ။ ကိုအဏ္ဏဝါ တို့ မိသားစု ကို သူ ၏ ဆွေမျိုးသားချင်း ဟု လက်ခံ ထားသည် ။ ရခိုင် အမျိုးသားချင်း ဖြစ်၍ အကြောင်း မသိသူတွေ က တကယ် ဆွေမျိုး တော်သည် ဟု ထင် နေကြသည် ။ ဒါကိုလည်း သူ က ဂုဏ်ယူ နေသည် ။

အရက် ကို နေ့ရော ညပါ သောက် နေသည့် ကိုအောင်လေး ၏ ကျန်းမာရေး အခြေအနေ ကျဆင်း လာသည် ။ မျက်နှာ ဖောသွပ်သွပ် ဖြစ် နေသည် ။ အားအင် ကုန်ခန်း နေသည် ။ ဓာတ်တိုင် တစ်တိုင် အကွာအဝေး လောက် လမ်း လျှောက် လိုက် လျှင် ပင် မော နေသည် ။ အရက်ဒဏ် ကြောင့် ဆိုတာ ထက် နောက်ဆုံးပေါ်  ကုရာ နတ္ထိ ဆေး မရှိသေးသည့် ကာလသားရောဂါ ကြောင့် လို့ ယူဆ ရသည့် ရောဂါ လက္ခဏာမျိုး တွေ့ ရသည် ။ လူပျိုကြီး ဖြစ်၍ လိင် နှင့် ပတ်သက်သော ရောဂါ ဖြစ် နိုင်သည် ။ ကျန်းမာရေး ယိုယွင်း ကျဆင်း လာသော အခါ သူ့ ဆီ က အခွင့်အရေး တွေ ကို မျှော်ပြီး ယာယီ လက်ခံ ထားသည့် မိတ်ဆွေတွေ က တို့ အိမ် မှာ သေ လျှင် အလုပ်ရှုပ် မှာ စိုးလို့ ယဉ်ယဉ်ကျေးကျေး နှင် ထုတ် လိုက်ကြသည် ။ နေစရာ နေရာ မရှိသော အခါ ကိုအဏ္ဏဝါ ၏ အစ်ကို အိမ် ကို ပြန် ရောက်လာသည် ။

အလုပ် တောင် မဆင်းနိုင် တော့ ၍ ခွင့် ရက်ရှည် ယူထား ရသည် ။ ဌာနဆိုင်ရာ က ရသည့် ချေးငွေတို့ ၊ မြေကွက်တို့ က လည်း ယခင် သူ နေခဲ့သည့် အိမ်တွေ က ဖျင်ချ ဖဲ့ယူ လို့ ကုန်ခဲ့ပြီ ဖြစ်သည် ။ ကျန်းမာရေး အခြေအနေ က ဆိုး သည် ထက် ဆိုး လာသော အခါ ကျွန်တော့် အစ်ကို က ဒေသန္တရ ကျန်းမာရေးဆေးရုံ ကို တင် ပေးသည် ။ သူ လဲလျောင်း နေခဲ့သည့် နေရာ ၊ အိမ် အတွင်းခန်း က သူပိုင် ပစ္စည်းလေး တွေနှ င့် ဘိန်းစားစောင် အစုတ်ကြီးတို့ ကို ဒီအတိုင်း ပဲ လက်ရာ မပျက် ထားခဲ့ ကာ ဆေးရုံ တက် သွား ခဲ့သည် ။ ဆေးရုံ မှာ လူမြင် ၊ သူမြင် ကောင်းအောင် စောင် အသစ် တစ်ထည် ကို ထည့် ပေး လိုက်သည် ။ ကျွန်တော့် အစ်ကို မိသားစု ထဲ က ကျွန်တော့် တူမ တစ်ယောက် က ဆေးရုံ ကို လိုက် ပို့ခဲ့သည် ။ ကျွန်တော့် တူမ က ဆေးရုံ မှာ မေးသည် ။

“ ဦးအောင်လေး ဆေးရုံ က ဆင်းရင် ဘယ်မှာ နေမှာလဲ ”

“ သမီးတို့ အိမ် မှာ ပဲ နေ တော့မယ် ”

ဟို မှာ နေ ဒီ မှာ နေ နေ ခဲ့လို့ ဝန်ထမ်း ဘဝ မှ ရသမျှ အခွင့်အရေးတွေ ကုန်ခဲ့ပြီ ဖြစ်လို့ ဘယ်ကို မှ ကပ်လို့ မရတော့ဘူး ဆိုတာကို သိ နေသည် ။ နောက်ဆုံး ဒီ ဂိတ် ကိုပဲ ပြန် ထိုးမယ် ဆိုတာ ကို ကြိုတင် သိ နေခဲ့ကြသည် ။ ပြန်လည် ကျန်းမာ လာ လို့ အလုပ် ဆင်း နိုင်သေးရင် ဝန်ထမ်းဆန် နှင့် စားအုန်းဆီလေး တော့ ရနေဦးမည် ဖြစ်သည် ။ ရှစ်ထောင် သာ သွင်းရသည့် တောင်ဒဂုံ က မြေကွက် ဆိုတာ ဘယ်သူ့ လက် ကို ရောက် သွားပြီ မသိ ဖြစ် နေသည် ။

ဆေးရုံ တက် ပြီး တစ်ပတ် ဆယ်ရက် လောက် အကြာ မှာ ကိုအောင်လေး ကွယ်လွန် သွားသည် ။ ကျွန်တော့် အစ်ကို က ပဲ အသုဘ ကိစ္စ ကို တာဝန် ယူ လိုက် ရသည် ။ သူ ၏ သေပင်စင် ခံစားခွင့် ကို လည်း နှမ လိုလို ၊ ရည်းစား လိုလို အမျိုးသမီး တစ်ယောက် က ရရှိ သွားသည် ။ ဝန်ထမ်း ဆိုင်ရာ ကိုယ်ရေး ရာဇဝင် မှာ အမွေစား အမွေခံ အမည်ပေါက် နေသူ က ရရှိ သွားခြင်း ဖြစ်သည် ။ သေ သွားပြီ ဆိုတော့ လည်း ဘဝ တစ်ခု ပြီးသွားပြီ ဆိုသည့် သဘောဖြင့် မေ့မေ့ပျောက်ပျောက် နေ လိုက်ကြသည် ။ သို့သော် ကိုအောင်လေး သေပြီး တစ်နှစ် လောက် အကြာ မှာ ဖြစ်လာသည့် အံ့သြစရာ အဖြစ် က ပြော ပြလျှင် ယုံနိုင်စရာတောင် မရှိဘူး လို့ ကျွန်တော့် အစ်ကို က ပြောသည် ။ ကျွန်တော် တောင် စိတ်ဝင်စား လာ လို့ မေး ကြည့် ရတော့သည် ။

“ မယုံနိုင်စရာ ဘာတွေ ဖြစ်လို့လဲ ”

“ ဒီကောင် သေပြီး တစ်နှစ် လောက် အကြာ မှာ တစ်နှစ်သား အရွယ် လောက် ရှိ တဲ့ ခွေး တစ်ကောင် ငါ့ အိမ် ကို ထူးထူးဆန်းဆန်း ရောက် လာတယ်ကွ ”

ကျွန်တော့် အစ်ကို က သူ့ အိမ် ကို ည သန်းခေါင် လောက် မှာ ခွေး တစ်ကောင် ရောက် လာပုံ ကို ပြန် ပြောပြ တာ ကြား ရတော့ ကျွန်တော် ကြက်သီးတောင် ထ မိသည် ။ ထိုနေ့ က ကျွန်တော့် အစ်ကို သည် အရက် သောက် ထား၍ ရင်ပူ နေ သဖြင့် အိမ် ထဲ မှာ မအိပ်ဘဲ ဖိနပ်ချွတ် လို့ ခေါ်ရမည့် တစ်ဆင့် နိမ့် ကပြင် မှာ အိပ် နေသည် ဟု ဆိုပါသည် ။ ကျွန်တော့် အစ်ကို ၏ အိမ် က ဖိနပ်ချွတ် ကပြင် ကို သံဆန်ခါ ဖြင့် ကာ ထား ပါသည် ။ ခြေရင်း ဘက် မှာ သာ ဖိနပ်တွေ ချွတ် ကြပါသည် ။ ခေါင်းရင်း ဘက် မှာ ပက်လက်ကု,လားထိုင် နှစ်လုံး နှင့် ရေနွေးကြမ်းအိုး တင်ခုံ တို့ ရှိ ပါသည် ။ အစ်ကို သည် ဖိနပ်ချွတ် ကပြင် ၏ ခေါင်းရင်း ဘက် က ကု,လားထိုင် တွေ ကို ဖယ်ပြီး အိပ်ရာ ခင်း ၍ တစ်ယောက် တည်း လေလာခံ အိပ် နေခြင်း ဖြစ်သည် ။ အရက် သောက် ထားသူ ဖြစ်လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေသည် ။

ည သန်းခေါင်ယံ နာရီ ပြန် ( ၂ ) ချက်တီး လောက် မှာ စူးစူးဝါးဝါး ဆွဲဆွဲငင်ငင် အူ လိုက်သည့် ခွေး အူသံ ကြောင့် အိပ်ပျော် နေရာမှ လန့် နိုး သွားသည် ။ အူ နေသည့် ခွေး သည် ဝေးဝေးလံလံ က အူ နေတာ မဟုတ်ဘဲ အိပ်ရာ နား က သံဆန်ခါ ကို ပတတ် ရပ် တွယ် ကပ်ပြီး အနီးကပ် အူနေတာ ကို တွေ့ လိုက်ရသော အခါ လန့် သွားသည် ဟု ဆိုပါသည် ။ အိပ်ရာ မှ ကမန်းကတန်း ကုန်း ထပြီး ခွေး ကို ခြောက်လှန့် မောင်းထုတ် သည် ။

“ ဟဲ့ ခွေး ... ဟဲ့ ခွေး ၊ ဘယ် က ခွေး လဲ ၊ ခွေး ... သွားစမ်း ”

ကျွန်တော့် အစ်ကို သည် စိတ်ဆိုးမာန်ဆိုး ဖြင့် ဆဲဆိုကြိမ်းမောင်း ပြီး သံဆန်ခါ ကို လက် ဖြင့် ပုတ်၍ ခြောက်လှန့် သော် လည်း ခွေး သည် ပတတ်ရပ် ထား သည့် လက်တွေ ကို ပင် သံဆန်ခါ မှ ဖြုတ်ချ မသွားဘဲ အမြီး နှန့် ၍ တအင်အင် အသံ ပြု လျက် နှုတ်ဆက် နေသည် ။ ကျွန်တော့် အစ်ကို သည် အတင့်ရဲ လှသည့် ခွေး ကို ဒေါသ ထွက်လာ သဖြင့် အောက် ဆင်းပြီး ရိုက် လွှတ်သည် ။ ဒီတော့ မှ ခွေး သည် သံဆန်ခါ ကို ကပ်ပြီး ပတတ်ရပ် နေရာ မှ လက်တွေ ကို ဖြုတ် ချပြီး အစ်ကို့ ကို အမြီး နှန့် ၍ တရင်းတနှီး နှုတ်ဆက် နေသည် ။ ရက်ပေါင်း အတန် ကြာ အောင် ကွဲကွာ နေသည့် သခင် ကို ပြန် တွေ့လိုက် ရသည့် ခွေး တစ်ကောင် လို အစ်ကို့ ကို နှုတ်ဆက် နေသည် ။

“ မသွားသေးဘူးလား ၊ ခွေး...ငါ လာပြီ ”

အစ်ကို သည် အိမ် ထဲ ကို ပြန် လှည့်ပြီး ရိုက်တံကောင်း တုတ် ရှာ နေပြီ ဆိုတာ ကို မြင်တော့ မှ ခွေး သည် အိမ် ခြေရင်း ဘက် ကို ပတ်ပြီး ဖြည်းဖြည်း လျှောက် သွားတာ မြင်လိုက် ရသည် ။ အစ်ကို သည် သံဆန်ခါ တံခါး ကို ပြန် ပိတ်ပြီး ပြန် အိပ်ပျော်သွား လေသည် ။ ဘယ်လောက် ကြာအောင် အိပ်ပျော် သွားသည် ကို မသိလိုက်ပါ ။ ကိုအောင်လေး ကို ဆေးရုံ လိုက် ပို့ခဲ့သည့် ကျွန်တော့် တူမ ၏ အော်သံ ကြားတော့ မှ လန့်နိုး သွားသည် ။ လန့်နိုး တော့ မိုး လင်းလို့ နေ ထွက် နေပြီ ဖြစ်သည် ။

“ အဖေ ... ဒီမှာ ဘာကြီးလဲ မသိဘူး ။ လာ ကြည့်ပါဦး ”

အိပ်ခန်း ဘက် မှ အထိတ်တလန့် ပြော လိုက်သော သမီးငယ် ၏ အော် ပြောသံ ကြောင့် အိပ်ရာ က ကမန်းကတန်း ထပြီး ခပ်သွက်သွက် သွား ကြည့်လိုက်သည် ။ ကိုအောင်လေး ခြုံ အိပ် သွားခဲ့သည့် ဘိန်းစားစောင်စုတ်ကြီး ထဲ မှာ ခွေး တစ်ကောင် ဝင် အိပ် နေတာ တွေ့ လိုက်ရသည် ။ အစ်ကို သည် အထိတ်တလန့် ဖြစ် သွားပြီး ဒေါသ လည်း ထွက် သွားသည် ။

“ အသာနေ .. အသာနေ ။ အသေ ရိုက်သ,တ်မယ် ။ ည က ငါ့ အနား မှာ လာ အူ တာ လည်း ဒီ ခွေး ပဲ ။ ဘယ် ကနေ ဘယ်လို အိမ် ပေါ် ရောက်နေလဲ မသိဘူး ”

အစ်ကို တုတ် ရှာ နေတုန်း မှာ ပဲ ခွေး သည် စောင်စုတ် ထဲ က ထွက်ပြီး ထ လာသည် ။ ခေါင်း ငိုက်စိုက် ချပြီး အမြီးကုပ် ၍ အိမ် နောက်ဖေး ပေါက် က ဆင်းသွား လေ တော့သည် ။ အစ်ကို  တုတ် ကိုင်ပြီး ရိုက်ဖို့ ပြန်လာသော အခါ ခွေး အိပ် သွားခဲ့သည့် နေရာ မှာ စောင်စုတ်ကြီး သာ ကျန် တော့သည် ။ ခွေး သည် နီညိုရောင် ဖြစ်သည် ။ တစ်နှစ်သား အရွယ် ခွေးပျိုပေါက် ဖြစ်သည် ။ ဒီ ခွေး သည် ဒီ အနီးအနား က ခွေး မဟုတ်ဘဲ အတော် ခရီးဝေး သည့် အရပ် က သာကေတမြို့ သို့ ရောက်အောင် လာခဲ့ရသည့် လက္ခဏာ တွေ့ ရသည် ။ ခွေး မရှိတော့ မှ အစ်ကို သည် တုတ် ကိုင် လျက် တစ်စုံတစ်ခု ကို သတိ ရ လိုက်၍ ကြက်သီးမွေးညင်း ထ သွား လေသည် ။

“ ဘုရား ... ဘုရား ... ဒီ ခွေး ဟာ အောင်လေးများ ဖြစ်နေလေရော သလား ”

ကိုင် ထားသည့် တုတ် ကို ပစ်ချ ပြီး အိမ် အနီးအနား တစ်ဝိုက် မှာ နီညိုရောင် ခွေး တစ်ကောင်တလေများ တွေ့ လေ မလား လို့ လိုက် ရှာမိ သေးသည် ။ ဒီနေ့ အထိ အဲဒီ အရောင် နှင့် အဲဒီ အကောင် အရွယ် ခွေး တစ်ကောင် မှ မတွေ့ တော့ ဟု ဆိုသည် ။ ကျွန်တော့် အစ်ကို က တော့ အခိုင်အမာ ဆိုသည် ။

“ အောင်လေး ခွေး ဖြစ်နေတာ သေချာတယ်ကွ ”

ရိုက်မောင်း ၊ ပုတ်မောင်း လုပ်ပြီး ခြောက်လှန့် မောင်းထုတ် ပစ်လိုက်မိ သည့် အတွက် စိတ် မကောင်း ဖြစ်နေသည့် အမူအရာ တောင် တွေ့ ရသည် ။ လူ ကိုအောင်လေး ကို ကျွေးမွေး စောင့်ရှောက် ပြီး ၍ ခွေး အောင်လေး ကို ဆက် မွေးချင် သည့် သဘော တွေ့ ရသည် ။

ကျွန်တော် က တော့ ကျိုက်လတ်ဦးပြုံးချို ရေး သည့် တေးဘုမ္မာ ဓမ္မသီချင်း စာသား ထဲ က ( နေရာဟောင်း ကို လွန် အောက်မေ့တာ လေးဘုံပါယ်ရွာ လေးဘုံ ပါယ်ရွာ ထဲ မှာ ၊ နေမြဲသာ များ သည် သတ္တဝါ ) ဆိုသည့် အပိုဒ် ကို သတိရ နေမိပါတော့သည် ။

◾အဏ္ဏဝါစိုးမိုး

📖 လပြည့်ဝန်း မဂ္ဂဇင်း
      စက်တင်ဘာလ ၊ ၂ဝဝ၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment