◾တယောဆရာ
အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားခဲ့ပြီး တစ်နှစ်ခန့် ကြာသော အခါ ကျွန်ုပ်တို့ အိမ်ရှေ့ မလှမ်းမကမ်း နေရာ လောက် တွင် ရှိသော မန်ကျည်းပင်ကြီး အောက် ၌ လူကြီး တစ်ယောက် ရောက်ရှိ လာလေ၏ ။ ထို လူကြီး သည် အသက် အားဖြင့် ခြောက်ဆယ် နီးပါး ခန့် ရှိပြီ ဖြစ်သည် ။ ၎င်း ၌ ကြိုး နှစ်ချောင်း တပ် ထားသည့် တရုတ်လူမျိုးများ ထိုးလေ့ ရှိသော တယောကလေး တစ်လက် လည်း ပါလာ လေ၏ ။ ထို့အပြင် တစ်တောင် ကျော် ခန့်ရှိ အဝတ် ဖြင့် ချုပ် ထားသော မင်းသမီးရုပ် ကလေး တစ်ရုပ် လည်း ၎င်း နှင့် အတူ ပါလာလေ၏ ။ ထို လူကြီး သည် မန်ကျည်းပင်ရိပ် ၌ အမော ဖြေ ပြီး ၎င်း ၏ အိတ် အတွင်း မှ ငှက်ပျောသီး နှစ်လုံး ကို နှိုက်၍ စားပြီး လျှင် သောက်ရေအိုးစင် မှ ရေ တစ်ခွက် ကို ခပ်၍ သောက် လေ၏ ။ ထို့နောက် တယော ကို ကြိုး ညှိ ကာ လက်သံ အနည်းငယ် စမ်း လိုက်ပြီး နောက် သီချင်း တစ်ပုဒ် ကို တယော နှင့် သီဆို လေ၏ ။
“ လာပါပြီလေ တို့ လာပါပြီလေ ။ အသက်ဇီဝိန် ခြွေကာရယ် ။ ကာကွယ်လို့ မရနိုင်ပေ သေရမည် မှာ မလွဲပေ ။ အဲ့ဒါကြောင့်လေ ပြောလိုက်ချင်သလေ ”
“ အဘိုးကြီးအို ခါးကုန်းကုန်း ။ မသေပါနဲ့ ဦး ။ နောင်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး ”
အဘိုးကြီး ၏ သီချင်းသံ ကြား သော ကြောင့် အနီးအပါး တွင် ရှိကြသည့် ကလေး အချို့ နှင့် လူကြီး အချို့ သည် မန်ကျည်းပင် အောက် သို့ စုပြုံ ရောက်ရှိ လာကြ၏ ။ ထိုအခါ၌ အဘိုးကြီး သည် ၎င်း ၌ ပါလာသော အမြင့် တစ်တောင် ခန့် ရှိသည့် မင်းသမီးရုပ်ကလေး ၏ ဗလာထဘီ ကို လှန်၍ ၎င်း ၏ လက် ကို လျှိုသွင်း လိုက်လေ၏ ။ ထိုအခါ အရုပ်ကလေး သည် အသက် ရှိသည့် ပမာ အချိုးကျကျ ကပြ နေ လေတော့၏ ။
ကျွန်ုပ် သည် ရုပ်သေးပွဲ အမြောက်အမြား ကို ကြည့်ရှု သော် လည်း ကျွန်ုပ် ကြည့်ဖူး သော ရုပ်သေးပွဲများ မှာ ကြိုးဆွဲ မှ သာ ကပြ နိုင်၏ ။ ယခု အဘိုးကြီး ၏ ရုပ်သေး မှာ မူ ကြိုး ဆွဲရန် မလိုဘဲ အရုပ် ၏ ခန္ဓာကိုယ် အတွင်း သို့ လက် ကို လျှိုသွင်း ကာ ကပြ သော ရုပ်သေး ပညာဆန်း တစ်မျိုး ဖြစ်လေ၏ ။
အဘိုးကြီး သည် မင်းသမီးရုပ်ကလေး ဖြင့် သီချင်း တစ်ပုဒ် ဆုံးသည် အထိ ကပြ ပြီး နောက် ၎င်း ၏ မင်းသုမီးရုပ်ကလေး သည် လက်ချင်း ယှက်ပြီး ပရိသတ် ကို ဂါဝရ ပြုလေ၏ ။ ထိုသို့ ဂါဝရ ပြုနေစဉ် ပင် အဘိုးကြီး သည် မိန်းမသံ ဖြင့်
“ ကျွန်မ နာမည် က အငြိမ့်မင်းသမီးကလေး “ သန်းခေါင်ကြယ် ” လို့ ခေါ်ပါတယ် ။ ဟောဒီ အစ်ကို ကာလသား တို့ ကို မှာခဲ့ချင်တာ က တော့ ရပ်ရွာ ထဲ က အဘိုးကြီးတွေ မသေပါနဲ့ဦး လို့ ။ နောင်နှစ် ခါ တန်ဆောင်မုန်းလ ကျ ရင် ကျွန်မ ပြည်တော်ချစ် “ သန်းခေါင်ကြယ် ” အငြိမ့်မင်းသမီးကလေး ဒီကို တစ်ခေါက် လာခဲ့ပါဦးမယ် ။ အဲဒီ အခါ မှာ ကျွန်မ ရဲ့ အငြိမ့်ပွဲကလေး ကို ကြည့် သွားကြပါဦး လို့ အဘိုးကြီးတွေ ကို တောင်းပန် ပေးထားကြပါ ရှင် ” ဟု ပြောလိုက်ရာ ဝိုင်းအုံ ကြည့်ရှု နေကြသော ကလေးများ ရော ။ လူကြီးများ ပါ “ ဝါးခနဲ ဟားခနဲ ” ပွဲကျ သွားကြ လေတော့၏ ။
ထို့နောက် ထူးဆန်းသော ရုပ်သေး ကို ကပြသည့် အဘိုးကြီး သည် ထို နေရာ မှ ထွက်ခွာသွား လေတော့၏ ။ ၎င်း မသွားမီ ၌ လည်း ကြည့်ရှုကြသူများ အနက် မှ စေတနာ သဒ္ဓါ ပေါက်သူများ က အဘိုးကြီး အား ပိုက်ဆံ အကြွေကလေးများ ကို ၎င်း ၏ အိတ် အတွင်း သို့ တယုတယ ထည့်ကာ ပျော်ရွှင်စွာ ထွက်သွား လေတော့၏ ။
အထက်ပါအ ဖြစ်အပျက် ဖြစ်ပွားပြီး တစ်နှစ်ခန့် ကြာသော အခါ၌ ထို အဘိုးကြီး သည် ပြန်လည် ရောက်ရှိ လာ လေတော့၏ ။
အဘိုးကြီး သည် ထုံးစံ အတိုင်း မန်ကျည်းပင် အောက် တွင် ထိုင်၍ သူ ၏ ရုပ်သေး ကို ကပြလေ၏ ။ ထိုအချိန်၌ မှာ ပင် ကျွန်ုပ် ၏ အစ်ကို မောင်ဘိုးထူ သူငယ်ချင်းများ သည် ကျွန်ုပ် တို့ အိမ်သို့ အလည် ရောက်ရှိ လာကြ ကုန်၏ ။ ထိုသို့ အလည် ရောက်ရှိ လာကြ ပြီးနောက် မောင်ဘိုးထူ အား ပျော်ပွဲစား ထွက်ရန် ခေါ်ကြလေ၏ ။
မောင်ဘိုးထူ လည်း ၎င်းတို့ နှင့် အတူ လိုက်ပါ သွား လေ၏ ။ မောင်ဘိုးထူ တို့ လူစု ကို မြင် လျှင် ရုပ်သေးဆရာကြီး ၏ ရုပ်သေးကလေး သည်
“ အစ်ကိုတို့ ဘယ်သွားကြ မလို့တုံး ။ ကျွန်မ အငြိမ့်မင်းသမီးကလေး “ သန်းခေါင်ကြယ် ” လဲ လိုက်ပါရစေ ။ ကျွန်မ က အစ်ကိုတို့ ကို ဖျော်ဖြေမှာပါ ”
ဟု ပြောလေ၏ ။
ထိုအခါ မောင်ဘိုးထူ ၏ သူငယ်ချင်းများ က “ ဒီ အဘိုးကြီး ပါ ခေါ်သွားရရင် ကောင်းမယ် ” ဟု ဆိုလေ၏ ။
ထိအခါ မောင်ဘိုးထူ က
“ ရှုပ်ရှုပ်ယှက်ယှက်ကွာ ။ ဘာဖြစ်လို့ခေါ်ရမှာလဲ ”
ဟု ပြောလေ၏ ။
မောင်ဘိုးထူ ၏ သူငယ်ချင်းများ က လည်း
“ ဒီလိုကွ ပျော်ပွဲစား ထွက် ကြမှာ က ယောက်ျားတွေ ချည်း ပဲ မဟုတ်ဘူး ။ မိန်းမတွေ လဲ ပါတယ် ။ အဲဒီတော့ ဒီ ရုပ်သေး အဘိုးကြီး ကို ခေါ် သွားရင် မိန်းမတွေ အပျင်းပြေတာ ပေါ့ ကွာ ”
ဟု ပြောလေ၏ ။
“ မိန်းမတွေ အပျင်းပြေဖို့ ရုပ်သေး အဘိုးကြီး မလိုပါဘူးကွာ ။ ငါတို့ ပါ ပဲ ”
ဟု မောင်ဘိုးထူ က ပြောရာ ၎င်း ၏ သူငယ်ချင်းများ က
“ ဘာပဲ ဖြစ်ဖြစ်ကွာ ငါတို့ တော့ ခေါ်ခဲ့မယ် ”
ဟု ဆိုကာ ၎င်း အဘိုးကြီး ကို မော်တော်ကား ဖြင့် တင်၍ ခေါ်သွားကြ လေ၏ ။ အဘိုးကြီး ကား ပေါ် သို့ တက်ခါနီး ၌ ၎င်း ၏ ရုပ်သေးရုပ်ကလေး က
“ အစ်ကိုတို့ နဲ့ လိုက်ရတာ “ ကြယ်ကြယ် ” တော့ သိပ်ပြီး ပျော်တာပဲ ”
ဟု ပြော လိုက် ရာ ပျော်ပွဲစားအဖွဲ့ သည် “ ဝါးခနဲ ” ပွဲကျ သွား တော့၏ ။
ထို့နောက် ၎င်းတို့ ၏ မော်တော်ကားကြီး သည် ပျော်ပွဲစား ထွက်မည့် အခြား သူများ ကို ခေါ်ဆောင်ရန် အတွက် ထွက်ခွာ သွားကြလေ၏ ။
မောင်ဘိုးထူ ၏ ပျော်ပွဲစားအဖွဲ့ သည် သာဓုကန် အနီး တွင် ရှိသော ဘန်ဂလို တစ်လုံး ၌ တည်းခို ၍ ပျော်ရွှင်ကြ လေတော့၏ ။ သူရာ နှင့် ပျော်ကြ၏ ။ ထို့နောက် ဣတ္ထိယများ နှင့် ပျော်ကြ၏ ။ ပြီးလျှင် လောင်းကစားများ နှင့် ပျော်ကြကုန်၏ ။
ရုပ်သေး ဆရာကြီး သည် ၎င်းတို့ အလိုရှိ သောအခါ၌ ဖျော်ဖြေ ပေးရလေ၏ ။ မောင်ဘိုးထူ တို့ လူစု သည် ညဉ့် နာရီပြန် သုံးချက်တီး အချိန် ထိ မြူးထူး ပျော်ပါးကြ ပြီး လျှင် ကြုံရာ နေရာ၌ ပိုးစိုး ပက်စက် အိပ်စက်ကြ လေတော့၏ ။ ၎င်းတို့ သည် နောက် တစ်နေ့ နံနက် ( ၁၀ ) နာရီကျော် ကာ မှ အိပ်ရာ မှ အလျှိုလျှို ထကြ လေတော့၏ ။ ထိုသို့ အိပ်ရာ မှ ထ၍ မျက်နှာ သစ်ရန် ။ ရေချိုးခန်း သို့ သွားရောက်သူများ ထဲ တွင် စိန်စိန် သည် ကြေးစားမကလေး ဖြစ်၏ ။ စိန်စိန် သည် ရေချိုးခန်း တံခါး ကို ဆွဲ၍ ဖွင့်လိုက်ပြီး နောက် “ အောင်မလေး ” ဟု ငယ်သံ ပါ အောင် အော် ၍ ဧည့်ခန်း ဆီ သို့ ပြန်ပြေး လာလေ၏ ။ ထိုအခါ ကျန်လူများ က “ ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ ” ဟု အလန့်တကြား မေးကြရာ စိန်စိန် က
“ ကိုဘိုးထူ ကိုဘိုးထူ ”
ဟု ပြောဆို ၍ ရေချိုးခန်း ဆီ သို့ သာ လက် ဖြင့် ညွှန်ပြ လေ၏ ။ ထို့ကြောင့် ရေချိုးခန်း ဆီ သို့ စုပြုံ ၍ သွားရောက် ကြည့်ရှုကြ ရာ ရေချိုးခန်း နံရံ ထောင့် တွင် ဒဏ်ရာပေါင်း များစွာဖြင့် သေဆုံး နေသော မောင်ဘိုးထူ ၏ အလောင်း ကို တွေ့ကြရ လေတော့၏ ။
အလောင်း ၏ ရင်ဘတ် တွင် ချိတ် ဖြင့် ထိုး ထားသော စာရွက် တစ်ရွက် ကို လည်း တွေ့ရလေတော့၏ ။ ထို စာရွက် ၌ မူ အလောင်း မှ ထွက်သော သွေးများ ဖြင့် ရေးထား သည့် စာ ကို ထိတ်လန့်ဖွယ်ရာ အောက်ပါ အတိုင်း တွေ့ရလေတော့၏ ။
“ သင့် ဟာ သင် သေခွင့် မရှိ ။ ကျွန်ုပ်တို့ လက်ချက်ဖြင့် သာ သေရလိမ့်မည် ”
သန်းခေါင်ကြယ်
ပျော်ပွဲစားအဖွဲ့ သည် ထို စာ ကို ဖတ်ပြီး နောက် မျက်လုံးပြူး ။ မျက်ဆံပြူး ဖြစ်ကြ ကုန်၏ ။ ထို့နောက် မောင်ဘိုးထူ ကို သ,တ် သွားတာ ဟို ရုပ်သေးဆရာကြီး နေ မှာပဲ ဟု ထင်မြင်ချက် ပေးကြ ကုန်၏ ။ ထို့နောက် ရုပ်သေးဆရာကြီး အား ရှာဖွေကြ ကုန်၏ ။
ပျော်ပွဲစားအဖွဲ့ သည် ၎င်းတို့ ခေါ်လာသော ရုပ်သေးဆရာကြီး ကို ရှာဖွေကြ ရာ အစအန ကို မတွေ့ကြရတော့ပေ ။ သို့ရာတွင် ဗိုလ်တဲ ၏ နံရံ၌ မီးသွေး ဖြင့် ရေးထားသော အောက်ပါ ကို မူ ဖတ်ရှုကြရ လေတော့၏ ။
မိတ်ဆွေတို့ အား ဆက်လက် ဖြေဖျော် လို သော်လည်း အခြားသော သူ နှစ်ယောက် အား သ,တ်ရန် အလုပ် ရှိ သဖြင့် မနေ့ည က ဖျော်ဖြေ ခဲ့သော ဖျော်ဖြေခ ကို ပင် မယူနိုင်တော့ဘဲ ခရီး ထွက် သွားပါပြီ ။ ထို ဖျော်ဖြေခငွေ ကို မောင်ဘိုးထူ ၏ အသုဘစရိတ် အတွက် ကျွန်ုပ် ၏ ကူငွေ အဖြစ် ထည့်ဝင် ပေးပါ ။
သန်းခေါင်ကြယ်
ထို စာ ကို ဖတ်ပြီး နောက် ပျော်ပွဲစားအုပ်စု သည် အထူး တုန်လှုပ်ချောက်ချား လာ ကာ လူစု မခွဲဝံ့ဘဲ စုပြုံ ၍ ထိုင်နေကြ လေ၏ ။ ထို့နောက် မှ တစ်ယောက် သော သူ က သတိရ ကာ ပုလိပ် ဘက် သို့ အကြောင်းကြား လိုက် လေတော့၏ ။
ဤသည် ပင် ကျွန်ုပ် ၏ အစ်ကို မောင်ဘိုးထူ ဆို သည့် လူရှုပ်လူပွေ တစ်ဦး ၏ မရူမလှ ဇာတ်သိမ်းခန်း ဖြစ် ပေတော့သည် ။
◾ အသက်သခင်
မောင်ဘိုးထူ မရှုမလှ အသ,တ် ခံရသော အခါ ၌ ကျွန်ုပ် သည် လွန်စွာ တုန်လှုပ် မိလေ၏ ။
“ ငါ့ အစ်ကို မောင်ဘိုးထူ ကို သ,တ်ပြီး ရင် လူသတ်သမား ဟာ ငါ့ ကို သ,တ်တော့ မှာပါလား ။ ငါ့ အစ်ကို မောင်ဘိုးထူ ကို သ,တ်တဲ့ လူသတ်သမား ဟာ တခြား လူ မဖြစ်နိုင်ဘူး ။ သူတို့ ခေါ်သွားတဲ့ ရုပ်သေးဆရာကြီး ဆိုတာ ဖြစ်မှာပဲ ။ အဲဒီ ရုပ်သေးဆရာကြီး ဆိုတာလဲ အခြား လူ ဘယ်နည်းနဲ့ မှ မဖြစ်နိုင်ဘူး ။ အိမ်ရှင်အိမ်ငှား နဲ့ ပတ်သက်ပြီး ငါတို့ နဲ့ အချင်း များ ခဲ့တဲ့ ကျောင်းဆရာ မောင်ဂျင်း ဆိုတာ ဖြစ်မှာပဲ ။ ဒါကို ငါ့ အဖေ ဦးပေတလူ ဟာ ရိပ်မိရဲ့လား မဆိုနိုင်ဘူး ”
ဟု ကျွန်ုပ် သည် တွေးတော မိသည့် အလျောက် ဖခင် နှင့် နှစ်ယောက် တည်း တိုင်ပင်ရန် စီစဉ်ရ လေတော့၏ ။
ကျွန်ုပ် သည် ကျွန်ုပ် ၏ ဖခင် နှင့် ငါးထပ်ကြီးဘုရား ၌ ဥပုသ်စောင့် သွားမည် ဟု ဆိုကာ ဖခင်ကြီး အား မရမက ခေါ်ယူ ခဲ့ လေ၏ ။ ငါးထပ်ကြီးဘုရား အနီး ချောင် ကျ သော ဇရပ် တစ်လုံး တွင် သားအဖ နှစ်ယောက် ဖျာကလေး တစ်ချပ် ကိုခ င်း၍ ထိုင်ကြ ပြီး လျှင် ကျွန်ုပ်ကြစ၍ ။
“ အဖေ့ ကို ဒီ ကနေ့ ဥပုသ် စောင့်ဖို့ ခေါ်တာက အရေးကြီးတဲ့ စကား ပြောချင်လို့ ။ အဲဒါက ဘာလဲ ဆိုတော့ အစ်ကို မောင်ဘိုးထူ အသ,တ် ခံရတဲ့ကိစ္စပဲ ”
ဟု ပြော လိုက်ရာ ဖခင်ကြီး က
“ နေဦးကွာ သီလ ယူပြီးမှ ပြောကြတာပေါ့ကွာ ”
ဟု ဆိုလေ၏ ။
ကျွန်တော် က
“ တကယ် ဥပုသ် စောင့်ချင်လို့ လာတာ မဟုတ်ဘူး ။ အိမ် မှာ က လဲ မောင်ဘိုးထူ အသုဘ ကိစ္စ နဲ့ အဖေ့ အမျိုးတွေ ရော ။ အမေ့ အမျိုးတွေ ရော ။ ရပ်ရွာ ထဲ က လူတွေ ရော တရုံးရုံး နဲ့ ဖြစ်နေတယ် မဟုတ်လား ။ အဲဒီတော့ လျှို့ဝှက် တဲ့ စကား ပြောလို့ မရဘူး မဟုတ်လား ။ ဒါကြောင့် ဥပုသ် စောင့်မယ် ဆိုပြီး အဖေ့ ကို ဒီမှာ ခေါ်ခဲ့တာ ”
ဟု ကျွန်ုပ် က ပြော သော် လည်း ကျွန်ုပ် ၏ ဖခင်ကြီး က
“ အေးပါလေ သီလ ယူတာ ဘယ်လောက်များ ကြာလို့တုန်း ကွာ ။ သီလ ယူပြီး မှ အေးအေးဆေးဆေး ပြောကြတာပေါ့ ။ ငါတို့ သားအဖ ဒီမှာ တစ်နေ့လုံး နေကြမှာပဲ ”
ဟု ဆိုကာ ကျွန်ုပ် ကို ခေါ်၍ ဆရာတော်ကြီး ထံ သွားကာ သီလ တောင်း လေ၏ ။ ဆရာတော်ကြီး လည်း သီလ ပေးပြီး နောက် ကျွန်ုပ် ၏ ဖခင်ကြီး အား ဆန်စပါးကိစ္စ ။ ရောင်းရေး ဝယ်ရေး ကိစ္စများ ကို အနည်းငယ် မေးမြန်းတော် မူ၏ ။
ထို့နောက် လောဘ ကြီးခြင်း ကြောင့် ပြိတ္တာ ဖြစ်ရသော ဇာတ်ဝတ္ထု တစ်ခု ကို ဟောပြ၍ ချမ်းသာစွာ နေရန် ပြောပြီး လျှင် အခန်း အတွင်း သို့ ဝင် သွား လေ၏ ။ ထိုအခါ ကျမှ ပင် ကျွန်ုပ်တို့ သားအဖ သည် ကျောင်း ပေါ် မှ ဆင်း လာ ပြီးလျှင် စောစော က ဇရပ် ၌ သွား၍ ထိုင်ကြလေ၏ ။ ထိုင်မိသည် နှင့် တစ်ပြိုင်နက် ကျွန်ုပ် က
“ အဖေ မောင်ဘိုးထူ ကို သ,တ်တာ ဘယ်သူ မှတ်သလဲ သိလား ”
ဟု မေး ရာ ဖခင်ကြီး က
“ ဆိုစမ်းပါဦး လူကလေး ရဲ့ ”
ဟု ပြန်၍ မေးလေ၏ ။
“ သူတို့ ပျော်ပွဲစားတဲ့ နေရာ ကို ခေါ်သွားတဲ့ ရုပ်သေးဆရာကြီး ပေါ့ ။ ဒီ ရုပ်သေးဆရာကြီး ကို မနှစ် က လဲ ကျွန်တော်တို့ အိမ်ရှေ့ မန်ကျည်းပင်ကြီး အောက် မှာ တစ်ခါ တွေ့ဖူးသေးတယ် ။ ဒီ လူကြီး သ,တ်တာ သေချာပါတယ် ”
ဟု ကျွန်ုပ် က ပြန်၍ ပြောရာ ဖခင်ကြီး က
“ မှန်တာပေါ့ လူကလေး ရယ် ။ ဒီ လူကြီး သ,တ်တာ ဖြစ်မှာပေါ့ ”
ဟု အေးတိ အေးစက် နိုင်သော လေသံ ဖြင့် ပြန်၍ ပြောလေ၏ ။
“ အဲဒီ လူသတ်သမား ရုပ်သေးဆရာကြီး ဟာ ဘယ်သူလဲ ဆိုတာ အဖေ သိသလား ”
ဟု ကျွန်ုပ် က မေးရာ ကျွန်ုပ် ၏ ဖခင်ကြီး က
“ ဆိုစမ်းပါဦး လူကလေး ရဲ့ ”
ဟု မေးပြန်လေ၏ ။
“ အဖေ တို့ ရှေးလူကြီးတွေ ဟာ သိပ် ကို အ,တာပဲ အဲဒါ တခြား လူ ဟုတ်ရိုးလား ဗျာ ။ အဖေ တို့ နဲ့ တစ်ခါ အိမ်ဝယ် တဲ့ ကိစ္စ မှာ အချင်း များ ခဲ့ဖူးတဲ့ ကျောင်းဆရာ မောင်ဂျင်း ပဲပေါ့ ။ မောင်ဂျင်း လဲ လူသတ်မှု နဲ့ စက်တိုင် တက်သွားရမယ် ။ ဒါကို ပြောချင်လို့ အဖေ့ ကို ဒီခေါ်ခဲ့တာပဲ ”
ဟု ကျွန်ုပ် က ပြော လိုက်ရာ ကျွန်ုပ် ၏ ဖခင်ကြီး က
“ ဒီ ရန် က မအေးဘူး ကွယ့် ။ ဒီ ရန် ကို ကာကွယ်ပေးဖို့ လူ တစ်ယောက် က တော့ ရှာ ရလိမ့်မယ်လို့ အဖေ လဲ စဉ်းစား နေတာပဲ ”
ဟု ပြော လေ၏ ။
“ စဉ်းစား မနေပါနဲ့ အဖေ ရယ် ။ ပုလိပ် ကို ပြောပြီး မောင်ဂျင်း ကို ရှာပြီး ဖမ်းခိုင်း လိုက်ပါ မောင်ဂျင်း ရှိနေ သရွေ့ ကျွန်တော် တို့ မှာ အသက်အန္တရာယ် စိုးရိမ် ရတယ် ”
ဟု ကျွန်ုပ် က တိုက်တွန်း လိုက်လေ၏ ။
ထိုအခါ ဖခင်ကြီး သည်
“ ငါ တို့ အသက်အန္တရာယ် စိုးရိမ်ရတယ် ဆိုတာ အမှန်ပဲ ကွယ့် ။ ဒီ အတွက်လဲ အဖေ တော့ တစ်ခု ခု လုပ်ရမယ် ဆိုတာ စဉ်းစား နေပါတယ် ကွယ် ။ အလုပ် တစ်ခု ဟာ ရမ်းပြီး လုပ်လို့ မဖြစ်ဘူးကွယ့် ”
ဟု ပြောဆိုလေ၏ ။
“ ကျွန်တော် ပြောသလို သာ လုပ်စမ်းပါ အဖေ ရယ် ။ မောင်ဂျင်း ကို ပုလိပ် နဲ့ ရှာပြီး ဖမ်းပစ်လိုက်စမ်းပါ ။ ဒီ ရန် က အေးသွားမှာပါ ”
ဟု ကျွန်ုပ် က ပြောရာ ဖခင်ကြီး က
“ အေးလေ ။ မင်း က ဖမ်းစေချင် ရင် ဖမ်းရတာပေါ့ ကွာ ”
ဟု ပြန်၍ ပြောလေ၏ ။
ထိုအချိန်မှာ ပင် ကျွန်ုပ် တို့ ၏ အိမ် မှ ကျွန်ုပ် ၏ အဒေါ် ( ကျွန်ုပ် မိခင်ကြီး ၏ ညီမ ) ဖြစ်သူ ဒေါ်ခင်ညွန့် သည် ကျွန်ုပ် တို့ ရှိရာ ဇရပ်ကလေး ဆီ သို့ အူယားဖားယား ရောက်ရှိ လာပြီး လျှင် ကျယ်လောင်ကျယ်လောင် ဖြင့် အောက်ပါ အတိုင်း ပြောလေ၏ ။
“ ကိုရင်ပေတလူ တို့ သားအဖ က ဒီမှာ အေးအေးဆေးဆေး သီလ ဆောက်တည် နေကြ ။ အိမ် မှာ ဘာဖြစ် ကုန်ပြီ မှတ်သလဲ ။ မီးလောင်ကုန်ပြီ ”
ဖခင်ကြီး သည် ခယ်မ ဖြစ်သူ အား စေ့စေ့ ကြည့်၍
“ မယ်ညွှန့် ရယ် ။ အရေးကြီးတဲ့ စကား ကို ရှင်းရှင်းလင်းလင်း ပြောစမ်းပါ ”
ဟု ဆို လိုက်လေ၏ ။
ထိုအခါ ကျမှ ပင် ဒေါ်ခင်ညွန့် က
“ ပုသိမ် က ရှင့် တူကလေး ။ အခုပဲ အိမ် ကို ရောက် လာတယ် ။ ရှင့် ရဲ့ အစ်ကိုကြီး ကိုပေတဖြူ အသ,တ် ခံရလို့ ဆို ပဲ ။ တစ်ကိုယ်လုံး ဓား နဲ့ ထိုးသွားတာ အပ်ချစရာ တောင် မရှိဘူးတဲ့ ။ အဲ့ဒီ အသ,တ် ခံရမယ့် ညနေပိုင်း က သူတို့ အိမ်ရှေ့ ကို ရုပ်သေးဆရာ တစ်ယောက် ရောက်လာတယ်လို့ ပြောတယ် ”
ဟု ပြော လိုက်လေ၏ ။
ထိုအခါ ကျွန်ုပ် က
“ အဖေ မောင်ဂျင်း ကို မြန်မြန် ဖမ်းမှ ထင်တယ် ။ မဆိုင်တဲ့ လူတွေ ကို ပါ လျှောက် လုပ် ကုန်ပြီ ။ ဘကြီး ဟာ သူ နဲ့ ဘာဖြစ်လို့တုံး ။ အခု ကြည့်စမ်း ။ မဆီမဆိုင် တာ တွေ လျှောက်ပြီး သ,တ်ကုန်ပြီ ”
ဟု ကျွန်ုပ် က တုန်လှုပ်စွာ ပြော လိုက်လေ၏ ။
ထိုအခါ ကျွန်ုပ် ၏ ဖခင်ကြီး က
“ မယ်ညွန့် ပြန်တော့ ”
ဟု ဆိုကာ ကျွန်ုပ် ၏ အဒေါ်အား ပြန် လွှတ်လို က်လေတော့၏ ။ ပြီးလျှင် ကျွန်ုပ် အား
“ ကဲ လူကလေး ။ အဖေ ခိုင်းတာ ကို အတိအကျ လိုက်ပြီး လုပ်စမ်း ”
ဟု ဆိုလေ၏ ။ ကျွန်ုပ် က လည်း
“ လုပ်ပါ့မယ် အဖေ ရယ် ”
ဟု ကတိ ခံလေ၏ ။ ထိုအခါ ဖခင်ကြီး က
“ ဈေး ကို သွားစမ်း ။ ငှက်ပျောသီး သုံးဖီး ၊ အုန်းသီး တစ်လုံး ၊ ကွမ်းသီး ၊ ထုံး ၊ ဆေးရွက်ကြီး နဲ့ ပိတ်ဖြူ ငါးတောင် ဝယ်ခဲ့ ။ ပြီးတော့ ဘုန်းကြီးကျောင်း မှာ ဇလုံ ငှား ပြီးတော့ ဟောဒီ မှာ ကန်တော့ပွဲ တစ်လုံး အမြန်ဆုံး တည် ပေးစမ်း ။ ပြီးတော့ ဇလုံ သပ်သပ် တစ်လုံး ဆန်တစ်ပြည် လဲ ထည့်ပေးထား ”
ဟု ဆိုကာ ကျွန်ုပ် အား ခိုင်းစေလိုက် လေတော့၏ ။
ကျွန်ုပ် လည်း ဖခင်ကြီး ခိုင်းစေ သဖြင့် ဘုန်းကြီးကျောင်း မှ ထွက်ခဲ့ လေတော့၏ ။ လမ်းတွင် “ အဖေ့ နှယ် အရေးကြီး ခါ မှ ကန်တော့ပွဲတွေ ဘာတွေ နဲ့ ဘာများ လုပ်မလို့လဲ ” ဟု တွေးတော မိ လေ၏ ။
သို့ရာတွင် ဖခင်ကြီး လုပ်ကိုင်သည့် အဓိပ္ပာယ် ကို ကျွန်ုပ် မသိရှိခဲ့ပါ ။ ကျွန်ုပ် သည် ဗဟန်း ဘက် သို့ သွား၍ ကန်တော့ပွဲ ထိုးရန် အတွက် ငှက်ပျောသီး ။ အုန်းသီး အပါအဝင် လိုသည်များ ကို ဝယ်ယူ လေ၏ ။ ထို အထဲ တွင် ဆန် တစ်ပြည် လည်း ပါ၏ ။
ပစ္စည်းများ ဝယ်ယူ ပြီး နောက် ကျွန်ုပ် သည် ဖခင်ကြီး ရှိရာ သို့ ပြန်၍ လာလေ၏ ။ ထို့နောက် ပစ္စည်းများ ကို ဖခင်ကြီး အား အပ်နှံ လိုက် ရာ ဖခင်ကြီး သည် ဇလုံ တစ်လုံး နှင့် ကန်တော့ပွဲ ကို ကိုယ်တိုင် ပြုလုပ်လေ၏ ။
ထို့နောက် အခြား တစ်လုံး တွင် ဆန် တစ်ပြည် နှင့် ငွေ တစ်မတ် ကို ထည့်လေ၏ ။ ပြီးလျှင် ဇရပ် ၏ ခေါင်းရင်း ပိုင်း ၌ ကန်တော့ပွဲ ဇလုံ နှင့် ဆန်ဇလုံ ကို ထားလေ၏ ။ ထို့နောက် ဘုန်းကြီးကျောင်း မှ ဖျာ တစ်ချပ် ကို ငှားရမ်း ၍ လည်း ခင်းထား လေ၏ ။ ဖျာ ပေါ် တွင် ကျွန်ုပ် ဝယ် ခဲ့သော ပိတ်ဖြူ ငါးတောင် ကို လည်း သပ်ရပ်စွာ ခင်း ထားလေ၏ ။
ထိုကြောင့် ကျွန်ုပ် က “ ဘာ လုပ်တာလဲ အဖေ ” ဟု ပြော ရာ ကျွန်ု ၏ ဖခင်ကြီး က
“ တို့ အသက် ကို ကယ်ဆယ်မယ့် အသက်သခင် ကျေးဇူးရှင် ကို ငါ သွားပြီး ပင့်ခိုင်း ထားပြီ ။ ဒီ ကျောင်း က ကပ္ပိယကြီး ကို မင်း သိတယ် မဟုတ်လား ။ စတီးဘရားသား စာရေးကြီး က နေ အလုပ် ထွက်ပြီး ကပ္ပိယ လာ လုပ်နေတဲ့ အဘိုးကြီး လေ ”
ဟု ပြောလေ၏ ။
“ ဦးသူတော်ကြီး ကို ပြောတာလား အဖေ ”
ဟု ကျွန်ုပ် က မေးရာ
“ အေး ဟုတ်တယ် ။ အဲဒီ လူကြီး ဟာ ရန်ကုန်သား လူလည်ကြီး ပေါ့ကွာ အခုတော့ အစွယ် ကျိုး ပြီး ကပ္ပိယ လာ လုပ် နေတယ် ။ အဖေ တွေ့ချင်တဲ့ လူ တစ်ယောက် ကို စာ ရေးပြီး သူ့ ကို ရှာခိုင်း လိုက်ပြီ ။ မကြာခင် မှာ ရောက်လာမှာပါ ”
ဟု ကျွန်ု ပ်၏ ဖခင်ကြီး က ပြောလေ၏ ။
ထို့နောက် ကျွန်ုပ်တို့ နှစ်ဦး သည် တစ်ဦး ကို တစ်ဦး စကား မပြောဘဲ ပုတီးစိပ်ရင်း ကျောင်း အပေါက်ဝ သို့ မျှော် ၍ ကြည့် နေ လေ၏ ။ အတန်ကြာသော အခါ ၌ ကျောင်း ပေါက် ဝ တွင် ဦးသူတော် နှင့် အတူ လူ တစ်ယောက် ကို တွေ့ရ သဖြင့် လှမ်း၍ ကြည့် လိုက်ရာ ထို သူ မှာ ကျွန်ုပ် အစ်ကို မောင်ဘိုးထူ နှင့် ကျွန်ုပ် ၏ ဘကြီး ဦးပေတဖြူ ကို ရက်စက်စွာ သ,တ်ဖြတ် ခဲ့သော သန်းခေါင်ကြယ် ( ခေါ် ) ကျောင်းဆရာ မောင်ဂျင်း ဖြစ်ကြောင်း တွေ့ရလေ တော့၏ ။
ထို့ကြောင့် ကျွန်ုပ် သည် အလန့်တကြား ဖြစ် ကာ
“ အဖေ အဖေ ၊ ဟိုမှာ ဟိုမှာ ၊ သေမင်း သေမင်း ”
ဟု ယောင်ယမ်း အော် မိလေ၏ ။
ထိုကြောင့် ကျွန်ုပ် ဖခင်ကြီး က
“ ငြိမ်ငြိမ် နေစမ်းပါ ငါ့ သား ရယ် ။ မင်း က လဲ အတော့် ကို သွေးနည်းတဲ့ အကောင် ”
ဟု ပြောဆို လိုက် စဉ် ၌ ပင် မောင်ဂျင်း နှင့် ဦးသူတော်ကြီး တို့ သည် ကျွန်ုပ် တို့ ဇရပ် အနီး သို့ ရောက်ရှိ လာ လေတော့၏ ။ ထိုအခါ ကျွန်ုပ် ၏ ဖခင်ကြီး က
“ အပေါ် ကို ကြွပါ ဆရာလေး ။ ဟောဟို မှာ ခင်း ထားတဲ့ အခင်း ပေါ် မှာ ထိုင်ပါ ”
ဟု ပြော လိုက်ရာ မောင်ဂျင်း သည် ဇရပ် ပေါ် သို့ တက် လာ ပြီး လျှင် ကျွန်ုပ် ၏ ဖခင်ကြီး ခင်း ထားသော ပိတ်ဖြူ အခင်း ပေါ် ၌ အကျအန တင်ပျဉ်ခွေ ချိတ် ၍ ထိုင် လေ၏ ။
ထိုအခါ ကျွန်ုပ် ၏ ဖခင်ကြီး က ကပ္ပိယ ဦးသူတော်ကြီး အား ငွေ တစ်ဆယ် ပေး၍ ရှောင် ပေးရန် ပြော လိုက်လေ၏ ။
ဦးသူတော် လည်း ငွေ တစ်ဆယ် ရသဖြင့် ဝမ်းမြောက်ဝမ်းသာ နှ င့်ပင် ရှောင်ပေး လေ၏ ။ ကပ္ပိယကြီး ဦးသူတော် မရှိတော့သော အခါ၌ ကျွန်ုပ် ၏ ဖခင်ကြီး သည် မောင်ဂျင်း အား လက်အုပ် ချီ၍
“ ဆရာလေး ဟာ အသက် အား ဖြင့် ကျုပ် သား လောက် ရှိပါသေးတယ် ။ စိတ်ထား လဲ မြင့်မြတ် ပါတယ် ။ သူရသတ္တိ နဲ့ လဲ ပြည့်စုံပါတယ် ။ အားငယ်သူတွေ ဘက် က အမြဲတမ်း ပါဝင် ကူညီ တတ်တဲ့ သူရဲကောင်း ရဲ့ စိတ်နှလုံးမျိုး လည်း ရှိပါတယ် ။ ဒီလို လူမျိုး ကို ဦး ဟာ နှိပ်စက်ဖို့ ကြိုးစားခဲ့တယ် ။ သေသွားတဲ့ ဦး ရဲ့ သား မောင်ဘိုးထူ နဲ့ ဦး နဲ့ ပေါင်းပြီး ဆရာလေး ရဲ့ အသက် ကို အဆိပ် ခတ်ပြီး လုပ်ကြံ ခဲ့တယ် ။ ကျုပ် ရော ကျုပ် သား မောင်ဘိုးထူ ရော အင်မတန် ကြီးလေးတဲ့ အပြစ် ကို ကျူးလွန်ပါတယ် ။ ကျုပ် သား မောင်ဘိုးထူ က တော့ နောင်တ ရခွင့် မရှိဘဲ သေသွား ရှာ ပါပြီ ။ ကျုပ် က တော့ နောင်တ ကြီးစွာ ရ ပါတယ် ဒါကြောင့် ကျုပ်တို့ သားအဖ ကျူးလွန်ခဲ့တဲ့ အပြစ် ကို ခွင့်လွှတ် ဖို့ ဆရာလေး ကို ဟောဒီ ကန်တော့ပွဲ နဲ့ ကန်တော့ပြီး တောင်းပန်ပါတယ် ”
ဟု ဆိုကာ မောင်ဂျင်း အား ဦး သုံးကြိမ် ချလေ၏ ။
ထိုအခါ ကျွန်ုပ် လည်း ရန်သူ ဖြစ်သူ အား ဤသို့ ရှိခိုး၍ တောင်းပန်ရမည် ကို လွန်စွာ ဝန်လေး သကဲ့သို့ ရှိလေ၏ ။
ထို့ကြောင့် ငူငူကြီး ထိုင် နေ၏ ။ ဖခင် ဖြစ်သူ က
“ ငါ့ သား ဆရာကလေး ကို ကန်တော့ လိုက် ။ အဖေ တို့ မှာ အပြစ် ရှိနေတယ် ”
ဟု ဆို သဖြင့် သာ ဖခင် စကား ကို မလွန်ဆန် နိုင်သော ကြောင့် ဦးချ လိုက် လေတော့၏ ။ စိတ် တွင်း ၌ ကား အောင့်သက်သက် နိုင်လှဘိ တော့၏ ။ ထို့နောက် ကျွန်ုပ် ၏ ဖခင်ကြီး က
“ ဆရာလေး ရယ် ။ အပြစ် ကို ခွင့်လွှတ်ဖို့ တောင်းပန် ပြီးပါပြီ ။ ယခု အခါ မှာ ကျုပ်တို့ ရဲ့အသက် ကို လုပ်ကြံမယ့် အင်မတန် အစွမ်းထက်တဲ့ သန်းခေါင်ကြယ် ဆိုတဲ့ ရန်သူတွေ ဟာ မိုးဦးကျ မိုးတွေ လို ဟိုက ဒီက ပေါ်ပေါက် လာ ကြပါပြီ ။ ဦး တို့ မိသားစု အဖို့ ပြေးစရာ မြေ မရှိတဲ့ အခြေအနေ ကို ရောက် နေပါပြီ ။ ဦးတို့ ရဲ့ အသက် ကို ကယ်ဆယ် နိုင်မယ့် လူ ဟာ ဆရာလေး ပဲ ရှိပါတယ် ။ ဒါကြောင့် ဦး တို့ မိသားစု ရဲ့ အသက် ကို ဆရာလေး လက် မှာ အပ်နှံပါတယ် ။ ဟောဒီ ဇလုံ ထဲ မှာ ထည့်ထားတဲ့ ဆန် တစ်ပြည် ငွေ တစ်မတ် ဟာ ဦးတို့ ရဲ့ အသက်ဖိုး အဖြစ် ဆရာလေး ကို ကန်တော့ တာ ပါပဲ ။ ဦးတို့ ရဲ့ အသက် ကို ဆရာလေး က ကယ်ဆယ် ပေးပါ ။ ဆရာလေး မှ တစ်ပါး ဤ လောက မှာ အားကိုးရာ မမြင်တော့ပါ ”
ဟု ပြောဆို ကာ ဆန် ဖြင့် ကန်တော့ ပြန် လေတော့၏ ။ ကျွန်ုပ် ကို လည်း ကန်တော့ ခိုင်း ပြန်လေ၏ ။ ကျွန်ုပ် မှာ ဖခင်ကြီး ပြုလုပ်သော အဓိပ္ပာယ် ကို နား မလည်အောင် ရှိလေတော့၏ ။ ထိုအခါ မောင်ဂျင်း သည်
“ အခုလို အပြစ် ကို ဝန်ချရုံ နဲ့ တော့ မပြီးသေးဘူး ဗျ ။ တန်းလျား မှာ နေတဲ့ လူတွေ ကို ဦးပေတလူ က နှင်ဦး မှာ လား ”
ဟု မေးလေ၏ ။
“ မနှင်ပါဘူး ဗျ မနှင်တော့ပါဘူး ။ နှင် လှဲ မနှင်အပ်ပါ ဟောဒီမှာ ”
ဟု ဆိုကာ အိမ်ဝယ် ထားသော စာချုပ် ကို မောင်ဂျင်း လက် သို့ ပေး ပြီး လျှင် ထို အိမ်တန်းများကြီး အား အိမ်ခန်း ငှားနေသူ အားလုံး ပိုင်ဆိုင်ခွင့် ရှိကြောင်း စာချုပ် တစ်စောင် ရေးပေး၍ မောင်ဂျင်း လက် သို့ အပ်လိုက်လေ၏ ။ ထိုအခါ မောင်ဂျင်း လည်း
“ အခုလို နားလည်မှု ရသွားတာ အလွန်ပဲ ဝမ်းသာပါတယ် ။ ဦးတို့ ရဲ့ ရန်သူတွေ ရဲ့ အဖြစ်အပျက် နဲ့ အခြေအနေ ကို ကျွန်တော့် ကို ပြောပါဦး ”
ဟု မောင်ဂျင်း က ပြောရာ ကျွန်ုပ် ၏ ဖခင် က ...
“ ဒီလို ဆရာလေးရဲ့ ။ ကျုပ်ရဲ့ အဖြစ်အပျက်ကို အစအဆုံး ပြောပြမှ ဆရာလေး သဘောပေါက် မှာ ။ ဒီ အဖြစ်အပျက် က ကျုပ် နဲ့ ကျုပ် အစ်ကို ကိုရင်ပေတဖြူ က နေ လွဲပြီး ဘယ်သူ မှ သိသေးတဲ့ အဖြစ်အပျက် မဟုတ်ဘူး ။ ကျုပ် ရဲ့ သားသမီးတွေ လဲ မသိကြဘူး ။ ကျုပ် ရဲ့ မိန်းမ လဲ မသိသေးဘူး ။ အဲဒီ အဖြစ်အပျက် ကို သေသေချာချာ နားထောင်ပြီး မှ ဆရာလေး ဘာသာ ဆရာလေး စဉ်းစားပြီး အကူအညီ ပေးဖို့ပါပဲ ”
ဟု ဆိုကာ လွန်စွာ ရှည်လျား၍ လွန်စွာ မှ လည်း စိတ်ဝင်စားဖွယ် ကောင်း သော အဖြစ်အပျက် တစ်ခု ကို ပြောပြလေတော့၏ ။
ထို အဖြစ်အပျက် ကို ဤ မှတ်တမ်းကြီး ၌ ကျွန်ုပ် ၏ ဖခင်ကြီး ဦးပေတလူ ခံစားရသည့် အတိုင်း အသေးစိတ် ရေးသား မှတ်တမ်းတင် အပ်ပေသည် ။
◾မင်းသိင်္ခ
📖 မိုးပေါ်မှာ ကြယ်တစ်လုံး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment