Saturday, January 13, 2024

ကြွေလု နှင်းဆီ


 

❝ ကြွေလု နှင်းဆီ ❞

( ၁ )

ကိုသိန်းအောင် သည် သေတ္တာ ကို ဖွင့်လိုက်၏ ။ ကြိုင်လှိုင်သော ရနံ့ သည် အပြေးကလေး ထွက် လာသည် ။ အပေါ်ယံ တွင် ဖုံးထားသည့် မှိုင်းကိုင်စက္ကူ ကို ဖယ် လိုက်သည့် အခါ သူ ၏ ပန်းချီကားချပ်များ သည် အထပ်လိုက် ပေါ်လာ၏ ။ ကိုသိန်းအောင် ရေးဆွဲခဲ့ သမျှ ပန်းချီကား တို့ မှ ကောင်းနိုးရာရာ များ ကို ရွေးကာ သေတ္တာ ထဲ တွင် စု သိမ်း ထားသည် ။ သည် ပန်းချီကားချပ်များ သည် သူ ၏ ဒိုင်ယာရီမှတ်တမ်း သဖွယ် ပင် ဖြတ်တော့သည် ။ သူ ၏ ပန်းချီများ ကို ပြန်၍ ကြည့်တိုင်း ကြည်တိုင်း သူ ဘယ်အချိန် က ဘယ်ကို ရောက်၍ ဘာလုပ်ခဲ့ သည် ကို ပြန်၍ သတိရ မိသည် ။

ပန်းချီကားများ ကို ခပ်မြန်မြန် ပင် တစ်ခု ပြီး တစ်ခု ကြည့် သည် ။ သူ ၏ စုတ်ချက်များ သည် အလွန် အေးဆေးငြိမ်းချမ်း ၍ အသက် ပါ ၏ ။ အများအားဖြင့် ကဗျာ ဆန် ကာ အင်မတန် လှလေသည် ။ “ ကြော့ဆည်းဆာ ” “ ပွင့်သစ်စ နှစ်ဦး ” နှင့် “ ည ၏ ပုလဲ တစ်လုံး” တို့ သည် သူ ၏ မာန ပင် ဖြစ်တော့သည် ။

ဝတ္ထု စာအုပ် ကို မပြီးခင် အဆုံးဘက် သို့ လှန် ကြည့်ပြီး ရှေ့ က စာရွက် ကို မြန်မြန် ဖတ်သည့် လူ လို သူ့ မှာ စိတ်ဇော တစ်ခု ထွေသည် ။ ဤ ပန်းချီကားချပ်များ သည် ကောင်းပင် ကောင်းမွန် ငြား သော်လည်း နှင်းဆီ သည် အလွန် လှပလျက် နှင့် ယမင်းပျိုကလေး နှင့် တွေ့ သည့် အခါမူ သူ ဆင်သ စရာ ပစ္စည်း တစ်ခု သာ ဖြစ်ရ သကဲ့သို့ ရှိတော့သည် ။ ကိုသိန်းအောင်  ထံ တွင် အသက် လို မြတ်နိုး ယုယ ထားသည့် ပန်းချီကားချပ်များ ရှိသေးသည် ။ ထို အရာများ နှင့် စာလျှင် ယခု ပန်းချီကားချပ်များ သည် အငြိမ့်စင် စလျှင် ထွက်သည့် လက်ထောက် ကချေသည် ပမာ သာ ဖြစ်ပေ၏ ။

ထိုကြောင့် ကြည့်နေ ဆဲ ပန်းချီကားချပ်များ ကို အားလုံး မကုန်မီ ပင် ထပ် ၍ ဘေး သို့ ဖယ်လိုက်၏ ။ သေတ္တာ အောက်ဆုံး မှ ဖဲကြိုးပြာ နှင့် သပ်သပ်ရပ်ရပ် စည်းနှောင် ထား သည့် ကားချပ်များ ကို ထုတ်ယူ၏ ။ ပန်းချီကားချပ် အထပ် သည် ပထမ ကဲ့ သို့ မတူချေ ။ အလွန်ဆုံး လေး , ငါးချပ် ပင် ရှိပေမည် ။

ပထမဆုံး ပေါ်ထွက် လာ သော ကားချပ် မှာ “ သူ ” ဖြစ်လေသည် ။ လွန်ခဲ့သော အနှစ် နှစ်ဆယ် လောက် က “ လှ ” ကို ရေးဆွဲ ခဲ့သည် ။ အလွန် အဆင်ပြေစွာ စပ် ထားသော ရောင်စုံ ကားချပ် ။ ထို ကားချပ် ကို ကြည့်ရင်း ကြည့်ရင်း ရေးဆွဲစဉ် က နုပျို ပျော်ရွှင်သည့် စိတ်များ ပြန်လည် ပေါ်လာသည် ။

“ လှ ” သည် အလွန် ထူးခြားစွာ နုနယ် လှပသည့် အပျိုကလေး တစ်ယောက် ၏ ပုံ ဖြစ်လေသည် ။ အပျိုမလေး သည် တစ်ပတ်လျှို နောက်တွဲ ဆံထုံး ကို စပ်မြင့်မြင့် ထုံး ထား သည် ။ ကွေ့ဝိုက် ကျ နေသော ဆံမြိတ် သည် ပခုံး ပေါ် မှာ လျော့ရဲရဲ တင် နေ၏ ။

ဆံထုံး နှင့် ဆံမြိတ် ဆက်စပ်သည့် နေရာ ကို ဆောင်တော့ဖူး အဆုပ်ကလေး တစ်ဆုပ် က ကွယ် ထားသည် ။ မျက်နှာကလေး မှာ ရိုးသား အပြစ် ကင်းသော စိတ်ရင်း ကို ဖော်ပြ၏ ။ မျက်ခုံးကလေး ကော့ကော့ ၊ မျက်လုံးကလေး အေးဆေး ၊ ဖူး ရာ က အာ စ ပြုသည့် ပန်းငုံကလေး လို မပွင့်တပွင့် နှုတ်ခမ်းကလေး သည် ပြုံးတော့ မလိုလို နှင့် ရှက်ကိုး ရှက်ကန်း အမူအရာ ကို ပြ သည် ။ ရုတ်တရက် ကြည့် လျှင် လည်း လှ ၊ တစိမ့်စိမ့် ကြည့် လျှင် လည်း လှသည့် အလှမျိုး ပင် ။ အပြုအပြင် ကင်းမဲ့သည့် နဂို အလှ ကို ပန်းချီဆရာ က လက်ရာမြောက်စွာ ဖော်ပြ ဝင့်ကြွား ထား ပေ၏ ။ သည် ပန်းချီကားချပ် ကို ကြည့်၍ ပန်းချီဆရာ သည် မည်မျှ ဒုက္ခ ခံ ၍ အနုစိတ် ၍ ရေးဆွဲသည် ကို သိနိုင်ပေ၏ ။

ထိုစဉ်က အပျိုလေး သည် ပုံတူ ရေးဆွဲ ခံ ရန် ပြတင်းဘေး မှာ ထိုင်နေသည် ။ ကိုသိန်းအောင် သည် တစိမ့်စိမ့် ကြည့် နေရာ မှ သတိ ရ ၍ နာမည် ကို မေး လေရာ ‘ လှတဲ့ ရှင့် ’ ဟူသောအဖြေ ကို ရသည် ။ ကိုသိန်းအောင် ၏ နှလုံးများ ငြိမ့်ခနဲ ဖြစ်သွားကာ ‘ ဩော် လှ တဲ့ လား ၊ လူ နဲ့ နာမည် နဲ့ လိုက်အောင် မှည့်တတ်လိုက်တာ ’ ဟု ပြောမိ လေ၏ ။ ထိုအခါ အပျိုမ လေး သည် ပြုံးတော့ မလို ရှက်ကိုးရှက်ကန်း ဖြစ်သွားသည် ။ ထို အမူအရာ ကို ကိုသိန်း အောင် သည် ပုံ ထဲ တွင် အရအမိ ဆွဲ ထည့်ခဲ့ပြီး လျှင် ပန်းချီကားချပ် ကို လည်း “ လှ ” ဟု အမည် ပေး ရန် ဆုံးဖြတ် လိုက် လေသည် ။

ဤ ပန်းချီကား ကို ပြန်၍ ကြည့် တိုင်း ထို အချိန် ကို ပြန်လည် မျှော်မိသည် ။ ထိုစဉ်က သူ့ စိတ် သည် ရုပ်ပုံ ကို လိုလို ရုပ်ပုံရှင် ကို လိုလို စွဲမက်မိခဲ့သည် ။ ဂီတ ၏ ညှို့ချက် ကို ခံစားရသည့် သူ လို အာရုံ ထွေပြားစွာ တစ်မျိုး တစ်မည် ခံစားရသည် တို့ ကို သတိရ မိသည် ။ ထိုကဲ့သို့ စိတ် ကို ထိခိုက် လှုပ်ရှားမှုကလေးများ အတွက်ကြောင့် ပင် “ လှ ” သည် ထူးခြားစွာ အသက်ပါ သည့် ရုပ်ပုံလွှာ ဖြစ်လာသည် ထင်သည် ။

“ လှ ” ကို  ဘေး သို့ ချလိုက်သည့် အခါ “ မောင့်လွမ်း ” ကို တွေ့မြင်ရ၏ ။ ထိုကားချပ် သည် “ လှ ” ၏ ဇာတ်လမ်း ကို ဆက် ပြသည် ။ ပုံသဏ္ဌာန် မှာ လသာသာ တွင် ချစ်သူ ကို စောင့်စား နေသည့် အပျိုမကလေး ဖြစ်၏ ။ ထိုစဉ်က လှ နှင့် ကိုသိန်းအောင် တို့ သည် အချစ် ချင်း လဲလှယ် ခဲ့ကြပြီး လသာသည့် ညများ တွင် သူ့ မောင် လာမည် ကို စောင့်စား နေသည့် လှ ပင် ဖြစ်၏ ။ သူ ၏ မျက်နှာကလေးသ ည် အစိမ်းကလေး မို့ ကြောက်ရွံ့ မိ သော်လည်း အချစ် ကို မလွန်ဆန် နိုင် သဖြင့် တထိတ်ထိတ် စောင့် နေဟန် ကို ပြသည် ။ မောင် လာချိန်တန် လျက် နှင့် မလာ သဖြင့် မောင့် ကို လွမ်း နေလေသည် ။

“ မောင့်လွမ်း ” ပြီးလျှင် “ ချစ်သမျှကို ” ကားချပ် သည် ဝင့်ဝါ ၍ ထင်ပေါ်လာ၏ ။ ထို ကားချပ် သည် အလွန် လေးနက်တည်ငြိမ်စွာ တစ်ရောင်တည်း ခြယ်မှုန်း ထား သဖြင့် ထိုအချိန်ကလေး မှာ အချစ် တစ်ခု တည်း သာ ဖုံးလွှမ်း ထားသည် ကို ထင်ရှားစွာ သိရ၏ ။ အပျိုမကလေး သည် မော့ ၍ နေကာ သူ့ မျက်နှာ ကို လုလင်ပျို က အပေါ် မှ စီး ကာ ငုံ့ကြည့် နေဟန် ရှိ လေ၏ ။ သူတို့ ၏ မျက်နှာ နှစ်ခု မှာ ဘေးတိုက် ပုံသဏ္ဌာန် ဖြစ်၍ ဆည်းဆာ အလှ ကို နောက်ကျော ခံ ထား၏ ။ မှတ်မိသေးသည် ။ ထိုစဉ်တုန်း က လှ ၏ နှုတ်ခမ်းကလေးများ သည် တဆတ်ဆတ် တုန် နေသည် ။ မျက်တောင်ကလေး များ က လည်း စင်းလျက် နေသည် ။ ကိုသိန်းအောင် သည် သူ ၏ နဖူးပြင် ပေါ် မှာ ဖွာရရာ ကြဲ နေသော ဆံနွယ်ကလေးများ ကို ယုယစွာ သိမ်းဆည်း ကာ သပ်ပေး နေလေ၏ ။

ကိုင်း ... ဘာ လိုသေးသနည်း ။ လှ ကို ချစ်ခဲ့သော ကိုသိန်းအောင် သည် သူ ၏ အချစ် ကိုလည်း ရခဲ့ပြီ ၊ သူ့ ကို လည်း ရခဲ့ပြီ ။ သူတို့ သည် လက်ချင်း တွဲ၍ ဘဝ ခရီးစဉ် အတိုင်း လျှောက်ကြရ ပေပြီ ။ ကိုသိန်းအောင် ၏ ဇာတ်လမ်း ပန်းချီကားများ သည် ရှေ့ ဆက် ရန်ရှိပါတော့မည် လော ။

“ မိခင်မေတ္တာ ” သည် ထို မေးခွန်း ကို ဖြေ၏ ။ သည် တစ်ခု ကျန်ပါသေးကော ။

“ မိခင်မေတ္တာ ” သည် ကိုသိန်းအောင် တို့ မောင်နှံ ၏ ရင်နှစ်သားငယ် ရသည့် ဘဝ ကို ပြ ၍ ဇာတ်လမ်း ကို ဆက် ပြန်သည် ။ သားကလေး သည် မျက်နှာ ကို လက်ဝါးလေး နှင့် မလုံတလုံအု ပ်ကာ တူတူ ပုန်း နေသည် ။ မိခင် ၏ မျက်နှာ မှာ မေတ္တာ ၏ အရောင် ဖြင့် လင်းထိန် နေလေသ ည် ။

“ မိခင်မေတ္တာ ” ပြီးသည့် အခါ ဘာမျှ မရှိတော့ချေ ။ ကိုသိန်းအောင် ၏ ဘဝ ကို ပြသော ပန်းချီကားချပ်များ သည် ကုန်ကျွမ်းခဲ့ လေပြီ ။ ကိုသိန်းအောင် ၏ အတိတ် ဘဝ သည် မှတ်တမ်း အဖြစ် ဖြင့် ပန်းချီကားချပ် ထဲ တွင် ကျန် ခဲ့သည် ။

ကိုသိန်းအောင် သည် သူ့ ပန်းချီကား များ ကို စိတ်ပါလက်ပါ ကြည့် နေရာ မှ ပြီး သွားသည့်အခါ ရင် ထဲ တွင် ဟာ ၍ မဆတ်တငံ့ ဖြစ် ကျန်ရစ်ခဲ့လေသည် ။ သည် ပန်းချီကားချပ်ကလေးများ ကို ကြည့် တိုင်း စိတ် မချမ်းသာမှု ၊ ပျင်းရိမှု တို့ သည် လုံးဝ ပျောက်ပျက် ကာ သူ ၏ နှလုံး သည် ရွှင်ပြုံး လာမြဲ ဖြစ်ပေ၏ ။ သည် ပန်းချီကားချပ်များ ကြောင့် သူ ၏ ဘဝ သည် သာယာ စိုပြည် ခဲ့ရသည် ။ ကိုသိန်းအောင် သည် ပစ္စည်း ကုံလုံ ခဲ့ ပေပြီ ။ အမည် ကျော်ကြား ခဲ့ပြီ ၊ စိတ် အေးချမ်းသာ ခဲ့ ပေပြီ ။

( ၂ )

သည့်နောက် ပန်းချီကားများ ကို ဆက် ၍ ရေးဆွဲ ခဲ့သည် မှာ ယခုတိုင် ဖြစ်လေ၏ ။ ကိုသိန်းအောင် သည် အသက် ကြီး လာသည် နှင့် အမျှ ဝါ ရင့် ၍ လာခဲ့ သော်လည်း သူ ၏ အတိတ်ပြ ပန်းချီကား လေးချပ် ကဲ့ သို့ အဓိပ္ပာယ် ကြွယ်ဝသော ကားမျိုး ကို တစ်ချပ် မျှ ထပ် ၍ မဆွဲနိုင် ခဲ့ချေ ။ ထိုသို့ ဖြစ် လေလေ အတိတ်ပြ ပန်းချီကားကလေးများ ကို မြတ်နိုးလေလေ ဖြစ်ကာ ဧည့်ခန်း တွင် ချိတ်ဆွဲ ဖို့ ရာ လူ မြင်မှာ စိုးသည့် သဝန်တိုမှု ပင် ဖြစ်ရရှာသည့် တိုင် အောင် သံယောဇဉ် တွယ်မိသည် ။

ကဗျာ ဖြစ်ဖြစ် ၊ ဝတ္ထု ဖြစ်ဖြစ် ၊ ပန်းချီ ဖြစ်ဖြစ် စပ်မည့် ရေးမည့် ဆွဲမည့် သူ ၏ စိတ် တွင် ထိခိုက်လှုပ်ရှားမှုကလေး ရှိနေစဉ် မှာ ဖြစ်ပေါ်ဖန်တီးပါ မှ ထူးခြား ကောင်းမွန်နိုင်သည် ဟု ကိုသိန်းအောင် ယုံကြည်၏ ။ ယခုမူ လိုသမျှ လည်း ပြည့်ဝခဲ့ပြီ ဖြစ်သဖြင့် မည်သို့မျှ စိတ်လှုပ်ရှားစရာ လည်း မရှိတော့ ချေ ။ သို့သော် ပန်းချီကားကောင်း တစ်ချပ် ကို ဖြင့် မသေခင် ခြယ်မှုန်း သွားချင် ပေသေးသည် ။

ကိုသိန်းအောင် သည် မခံချိ မခံသာ ဖြစ်မိသည် ။ အဘယ်ကြောင့်များ ဇာတ်လမ်း ပြ ပန်းချီမျိုး ကို မီအောင် မဆွဲနိုင်ပါလိမ့် ။ ခု ဆိုလျှင် ယခင် ထက် တောင် ပန်းချီအရာ မှာ ပိုပြီး လိမ္မာ လာသေးသည် ၊ ပုပ္ပါး သွားစဉ်က  ဆွဲခဲ့သည့် ကားတွေ ၊ ပြင်ဦးလွင် သွားစဉ် က ဆွဲခဲ့ သည့် ကားတွေ ၊ ကောင်းတော့ ကောင်းပါ၏ ။ တစ်ခုမျှ မကြိုက် ။

ကားကောင်း တစ်ချပ် တော့ ဖြစ်အောင် ဆွဲလိုက်ချင် သေးသည် ။ မိမိ လို နာမည်ကြီး ပန်းချီဆရာ တစ်ယောက် သည် ငယ်စဉ် က ဆွဲခဲ့သည့် ကားချပ်မျိုး ကို မှ မီ အောင် ပြန်၍ မဆွဲနိုင် လျှင် လူ ရယ်စရာ ပင် ဖြစ်တော့မည် ။ သို့သော် ငယ်စဉ် က ၊ လူပျိုလူရွယ် တုန်း က ၊ အချစ်စိတ် တွေ မွှန် နေ ချိန် က အချိန် သည် ယခု လူအို ဘဝ ကို ရှေးရှု နေသော အချိန် နှင့် မတူတော့ချေ ။ ငယ်စဉ် က လို ပျော်ရွှင် နုပျိုသည့် စိတ် ကို ယခု ပြန် ၍ မမီတော့ချေ ။ သို့ဖြစ်လေရာ ငယ်စဉ် က ဆွဲ ခဲ့သည့် ကားများ ကို အဘယ်မှာ ယခု ပြန်၍ မီနိုင်ပါမည် နည်း ။

ကိုသိန်းအောင် သည် သူ့ ကိုယ် သူ မည်သို့ပင် ဆင်ခြေ ပေး သော်လည်း ရင် တွင်း မှ ဗလောင် ဆူ၍ သာ လာ၏ ။ တစ်ချိန် ထက် တစ်ချိန် ပို၍ စိတ် ပျက် လာ၏ ။

ရာသီဥတုကြီး ကို က လည်း စိတ် ပျက်စရာ ၊ နေ မပွင့် တပွင့် နှင့် သွေ့ခြောက်သည့် နေ့လယ်ခင်း ၊ အိမ်ရှေ့ မှာ လည်း ပန်းပင်တွေ စိုက် နေကြသည် ။ ငှက်တွေ က လည်း တေး ဆို ဖို့ ရာ ကို မေ့ နေကြပြီ ထင်သည် ။ မမေ့ ၍ ဆို လျှင် လည်း ငြီးငွေ့စရာ သည်လို အခြေအနေနှ င့် ဖီလာကန့်လန့် ဖြစ်နေမှာပေါ့ ။

လေ ကို လည်း မစမ်း မိ ။ သစ်ပင်တွေ အားလုံး တုတ်တုတ်မျှ မလှုပ် အောင် ငြိမ် နေ သည် ။ ဂီတသံ လုံးဝ မပါသော ကား ဟွန်းသံတွေ ကို ဖြင့် တစ်ချက် တစ်ချက် ကြားရပါ၏ ။ ဘယ်မှာ ပသာဒ ကြည်နူးခြင်း ဖြစ်နိုင်ပါမည်နည်း ။ ပသာဒ ကြည်နူးမှု မရှိက ပန်းချီကောင်း ကို သူမဆွဲတတ် နိုင် ။ ဤကဲ့သို့ ပျင်းရိစရာ အချိန်မျိုး သာ တစ်သက်လုံး မင်းမူ သွားမည် ဆိုပါက လူ့ ဘဝကြီး သည် နေချင်စရာ ပင် ရှိတော့မည် မဟုတ် ။

ဤသို့ ကိုသိန်းအောင် သည် ငိုင်၍ မှိန်း၍ တွေး နေရာ အသံ တစ်ခု ကြောင့် လန့် သွား လေ၏ ။ ရင် ထဲ တွင် အဘော်အတန် ပင် တုန်လှုပ် သွား ကာ သရဲ ခြောက် ခံရ သလို ပြူးကြောင်ကြောင် နှင့် အသံ လာရာ သို့ ကြည့် လိုက်၏ ။

“ ဟင် ကိုသိန်း ၊ ညနေ ကျ ရင် ဘုရား သွား မလားလို့ မေး နေတာ မကြားဘူးလား ” ဟု ဇနီးသည် က ပြော သည် ။

သူမ သည် ငယ်စဉ် က လှခဲ့ဖူးပါသည် ဟု သက်သေ ပြ နိုင်ရုံ ကျန်သော မျက်နှာ အချိုးအစား သာ ကျန်တော့၏ ။ မနှစ် က တစ်နှစ် လုံး မမာ သဖြင့် လဲ နေရာ ယခုမှ နာလန် ထူစ ဖြစ်သည့် အလျောက် အလွန် ပိန်ချုံး ၍ အရိုး ငေါငေါသာ ဖြစ် နေတော့သည် ။ မျက်လုံး တို့ သည် လည်း မကြည်တော့ ပြီ ။ နှုတ်ခမ်းတို့ သည် လည်း တွန့်လိမ် ကာ ရှုံ့ဝင် လျက် ရှိ၏ ။ မျက်ခုံးမွှေး တစ်ပင် နှစ်ပင် ဆံပင် မှာ ကျိုးတိုးကျဲတဲ နှင့် အသက် လည်း လေးဆယ် ကျော် ဖြစ် လေရာ ဇရာပိုင်း သို့ ဝင်စ ပြုသည့် သဏ္ဌာန် သာ ထင်ပေါ် နေလေတော့သည် ။

ကိုသိန်းအောင် သည် ပိန်ချည့် ၍ နှစ်ကုံးတစ်ကော့ကလေး ဖြစ်နေသည့် ဇနီးသည် ကို အထူးအဆန်း သဖွယ် စိုက် ၍ ကြည့်လေ၏ ။ ဇနီးသည် ၏ မျက်နှာ မှ အရေတွန့် ကြောင်းကလေးများ ကို မြင် လေ၏ ။ ဆံစကလေးတွေ ဖြူ နေသည် ကို မြင် လေ၏ ။ လည်ပင်း မှာ ထောင် နေသော အကြောကြီးများ ကို မြင် လေ၏ ။ ဩော် လှ သည် ဆိုတာ လည်း တစ်ခဏ သာ ခံသော အရာပါ တကား ။

ကိုသိန်းအောင် သည် ပန်းချီကား “ လှ ” နှင့် ယှဉ် ကြည့်မိ၏ ။ ယခင် “ လှ ” နှင့် ယခု “ လှ ” သည် မတူတော့ချေ ။ တစ်ယောက် တည်း ဖြစ်ပါသည် ဟု ပြောလျှင် တောင် လူတိုင်း ယုံကောင်း မှ ယုံမည် ။ မိန်းမများ သည် ယောက်ျားများ ထက် ရုပ် ပို၍ ကျလွယ် သည် ဆိုသည် မှာ မှန်လှသည် ။ ဇနီးသည် “ လှ ” ၏ အလှများ သည် စက္ကူ ပေါ် မှာ သာ ရှိတော့သည် ။ နောက် ဆိုလျှင် သည့်ထက် ကြာလေလေ ၊ သည့်ထက် အိုလေလေ ပင် ဖြစ်တော့မည် ။ ဧရာ ဖိစီး လျက် ရှိသော ဇနီးသည် သည် နောက်များ မကြာမီ ဗျာဓိမင်း ၏ အကျဉ်းသား ဖြစ်လာ လိမ့်မည် ။ ဗျာဓိ ပြီး လျှင် မရဏ ။ ထိုအခါ၌ “ လှ ” ဆိုသူ သည် နာမည် မျှ သာ လောက တွင် တွင်ရစ်ပြီး သူ့ ကိုယ်စား မြေပုံ မို့မို့ သာ ကျန် တော့သည် ။

ကိုသိန်းအောင် သည် ဝမ်းနည်း သလိုလို ၊ တရား ကျ သလိုလို ဖြစ် လာလေ၏ ။ လောကကြီး ကို ပျင်းလာ၏ ။ ငြီးငွေ့ လာ၏ ။ ဇနီးသည် က ပြုံး လိုက်သည် ကို အမှတ်မထင် မြင်လိုက် ရပြီး ပြုံး လိုက်သည့် အတွက် ပင် မျက်နှာ မှာ အရစ်ရစ် အကြောင်းကြောင်း များ ပို၍ ထ လာသည် ကို တွေ့ရ လေသည် ။ ကိုသိန်းအောင် သည် အပျက်တရား ကို မြင်လာ၏ ။ ပန်းချီဆရာ ပီသစွာ အအေးအချမ်း အသာအယာ ကို သာ မြင် ခဲ့ရာ ပထမဆုံး အကြိမ် အပျက် တရား ကို သုံးသပ်မိ၏ ။ အို ခဲ့ပြီ ။ သို့သော် လှ ၏ မေတ္တာ မူ ကား ကြိုင်လှိုင်မြဲ ရှိလေသည် ။ မိခင်ကောင်း ၏ မေတ္တာ ၊ မယားကောင်း ၏ မေတ္တာတို့ ကို မူ ကား ပိုင်ဆိုင် မြဲ ရှိလေမည် ။ နှင်းဆီ သည် ဘယ်လို နွမ်း သော်လည်း အနံ့ မပျက် ။

မည်သို့ပင် ဆိုစေ ကိုသိန်းအော င်၏ အတိတ်ပြ ပန်းချီကားများ ၏ စံ ကို မီသော “ ကြွေလုနှင်းဆီ ” အမည် ရ မိန်းမအို တစ်ယောက် ၏ ပုံလွှာ ဇာတ်လမ်း ဆက် ပန်းချီကား တစ်ချပ် သည် ဖြစ်ပေါ် လာပြန်လေ၏ ။

◾ကြည်အေး

📖 တာရာ မဂ္ဂဇင်း
      အတွဲ ၁ ၊ အမှတ် ၆
      သြဂုတ် ၊ ၁၉၄၇

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment