Friday, January 12, 2024

ကိုတတ်ပ


 

❝  ကိုတတ်ပ ❞

ဘာဖြစ်လို့ မှန်း မသိ ၊ သူ့ ကို မြင်မြင်ချင်း က ဘဝင် မကျ ။

•••••   •••••   •••••

“ ဟော ဆရာ ပါ လား ၊ ရွာ ပြန်လိုက် မလို့လား ”

ကား ပေါ် တက် လာ လာချင်း သူ က ကျုပ် ကို မှတ်မိတယ် ဗျ ။ တန်း ပြီး နှုတ်ဆက်တယ် ။

အချိန် က ဒီဇင်ဘာလ ကြီး ဆိုတော့ ကျုပ် ခေါင်း မှာ ဦးထုပ် က နှစ်ထပ် ။ အောက် က ချည်ထိုးဦးထုပ် ပေါ် ကို မှ လျှာထိုး ဦးထုပ် ထပ် ဆောင်း ထားတာ ။ အောက် မှာ လည်း အားကစား ဘောင်းဘီရှည် ပေါ် ပုဆိုး က ထပ် ဝတ် ထားသေးတယ် ။ ခပ်ငိုက်ငိုက် ဦးထုပ် နှစ်ထပ် အောက် မှာ ပါဝါ မျက်မှန် တပ် ထား ပေမဲ့ သူ့ အမြင် ကိုတော့ မကာကွယ် လိုက် နိုင် ။
သူ့ မေးခွန်း က ပြန် ဖြေစရာ သိပ် မလိုတာမို့ ခေါင်း ကို ပဲ ညိတ်ပြ လိုက်တယ် ။

ဒါပေသိ ဪ ... ငါ့ တပည့်တွေ ထဲ က တစ်ယောက် ယောက် များလား ဆိုပြီး မကောင်းတတ် လို့ “ အေးကွယ် ” လို့ တော့ ဖြေ လိုက်တယ် ။ နောက်တော့ ကျွန်တော် ဦး ဘယ်သူ ရဲ့ သား ပါလို့ ဆက် ပြောလာ မှ မှတ်မိ သွားပြီး သူ့ ရုပ် ကို သေချာ ကြည့် မိတယ် ။ ဒါတောင် နာမည် ကို တော့ ရုတ်တရက် တွေး မရ ။

သူ လေးတန်း ကျောင်းသား လောက် မှာ ကျုပ် က ကျောင်းဆရာ စ , ဖြစ်ပြီး သူ တက် နေတဲ့ မူလတန်း ကျောင်းလေး မှာ တာဝန် ထမ်းဆောင်ရတာ ကို တော့ မှတ်မိ တယ် ။ သတိရတယ် ဆို အဲဒီတုန်း က သူ့ အဖေ က ရွာ မှာ ပွဲစားကြီး တစ်ယောက် ။ တခြား ကလေးတွေ ကျောင်း လာ ရင် ဒီလိုပဲ သူငယ်ချင်း တွေ နဲ့ ဒါမှမဟုတ် အစ်ကို ၊ အစ်မတွေ နဲ့ ပဲ လာ တတ်ကြပေမဲ့ သူ က တော့ သူ့ အဖေ ကိုယ်တိုင် က လိုက် ပို့ တတ် တာကိုး ။

ပြီးတော့ သူ့ ကို  ကျုပ် က စာ သင်ဖူးခဲ့တာ မဟုတ်ဘူး ။ သူ တို့ စတုတ္ထတန်း ကို ကျောင်းအုပ် က သင်တာ ။ ကျုပ် က သူငယ်တန်း ကို စ , သင်ရ တယ် ။ တစ်ခါတစ်ရံ ကျောင်းအုပ် မအားလပ်တဲ့ အချိန် တို့ လောက် သာ အတန်း ကို ခဏ ထိန်း ရတာ ။

“ ဆရာ ဈေးဝယ် လား ၊ အလုပ် ကိစ္စ နဲ့ လာတာလား ”

လက် နှစ်ဖက် ထဲ မဆံ့ မပြဲ ပါလာတဲ့ အထုပ် တွေ အိတ် တွေ ကို နေရာ ချ ရင်း သူ က မေးတယ် ။

“ ဪ ... မဟုတ်ပါ ဘူး သား ရယ် ၊ ဆေးခန်း လာ ပြတာပါ ”

ပြောလိုက် ခါ မှ ဦးနှောက် ထဲ ဆစ်ခနဲ ဖြစ် သွားပြီး မူးရိပ် မူးရိပ် ဖြစ်လာလို့ မျက်စိ ကို ဖျတ်ခနဲ မှိတ် လိုက် ကာ ထိုင်ခုံ နောက် ကို မှီ လိုက် ရတယ် ။ ဒါကို တောင် သူ က အလိုက် မသိဘူး ၊ စကားတွေ တတွတ်တွတ် ပြော နေပြန်တယ် ။

အို  ... ခေါင်း ထဲ က လည်း ထိုးပြီး ကိုက် လာ သလိုပါပဲ ။ ဆရာဝန်ကြီး တွေ က တော့ ဘာမှ မဖြစ်ပါဘူး ၊ သွေး တိုး တာပါ တဲ့ ။ အာထရာ ဆောင်း တို့ ၊ ဓာတ်မှန် တို့ ထဲ မှာ လည်း ဘာမှ မတွေ့ဘူး ဆိုပဲ ။ ကျုပ် ရင် ထဲ မှာတော့ တလှပ်လှပ် နဲ့ ခေါင်း ထဲ က လည်း အမြဲ လိုလို မူး မူး နေတယ် ။

“ ဆေးခန်းလာပြတယ် ” လို့ ဖြေ လိုက်တော့ သူ့ မျက်နှာ က ဝင်းခနဲ လင်း သွား သလိုပဲ ။ ပြီးတော့ စကားတွေ တရစပ် ပြော တော့ တာပဲ ။ အသံ က လည်း ဝမ်းသာအားရ အသံကြီး ။

“ အို .. ဟုတ်လား ဆရာ ဘာ ဖြစ်တာလဲ ၊ ဘာ ရောဂါလဲ ”

“ ဘယ် ဆေးရုံ မှာ ပြတာလဲ ၊ ညိမ်း လား ၊ နန်းတော် လား ၊ City လား ”

“ ဪ အဲဒီ ဆရာဝန်ကြီး လား ၊ သိတယ် ၊ အရမ်းတော်တယ် ၊ ခဏတိုင်း တွေ့ဖြစ် တယ်လေ ”

နောက်ဆုံးတော့ ကျုပ် ကို လိပ်စာကတ်လေး ထုတ်ပေးတယ် ။ သူ က ဆေး ကုမ္ပဏီ တစ်ခု မှာ အလုပ် လုပ် နေတဲ့ အကြောင်း ၊ ကျုပ် ပြခဲ့ တဲ့ အထူးကုဆရာဝန်ကြီး ဆီ လည်း တစ်ပတ် မှာ အနည်း ဆုံး တစ်ကြိမ် လောက် Promotion ဝင် ရတဲ့ အကြောင်း နဲ့ သူတို့ ကုမ္ပဏီ က ထွက်တဲ့ ဆေးတွေ ကို လည်း ဆရာဝန်ကြီး က အမြဲတမ်း သုံးပေးတဲ့ အကြောင်း ၊ အို ... ခဏချင်း နဲ့ ကို ပဲ စကားတွေ အများကြီး ပြော သွား လိုက်တာ ကျုပ် ခေါင်း ထဲ မှာ မွန်းကျပ်ကျပ်ကြီး ဖြစ် သွားပြီး စိတ် အတွေး တွေ က အတိတ် ကို ခေတ္တ လွင့် သွားပြန်တယ် ။

နေစမ်းပါဦး ၊ ဒီ ကလေး ငယ်ငယ်တုန်းက ဒီလိုပဲ စကားတွေ မရပ်မနား ပြော တတ်တဲ့ အကျင့် ရှိခဲ့သလား ။ မဟုတ်လောက်ဘူး ။ ကျုပ် အိမ် က နေ ကျောင်း ကို သွားတဲ့ လမ်း တစ်ဝက် မှာ သူတို့ အိမ် က ရှိတော့ မကြာခဏ လမ်း မှာ ဆုံတွေ့ နေ ကျ ။ သူ့ ကြည့် ရတာ ဖအေ ကို ကြောက်တာလား ၊ လူတွေ ကို လန့်တာလား မသိ ရွံ့တွန့်တွန့် နဲ့ ။ မျက်လွှာ ကို ဖျတ်ခနဲ တစ်ချက် တစ်ချက် မော့ ကြည့် တတ်တာက လွဲ လို့ အမြဲတမ်း ခေါင်း ကို ငုံ့ ထား တတ်တယ် ။ ဟင်း ... ခုများတော့ ... ။

“ စကားမစပ် ... ဆရာ ရေ အမြဲတမ်း မူး မူး နေတတ်တာ က သွေးတိုး လို့ ဆိုတာ တော့ ဟုတ်ပါပြီ ။ တစ်ချက် တစ်ချက် စူးခနဲ စူးခနဲ ဖြစ်သွား တတ်တာ ကို ဆရာဝန်ကြီး က ဘာ မှတ်ချက်များ ပေးလိုက် သလဲ ။ ဟို ဆေးမှတ်တမ်း စာအုပ်ကလေး လွယ်ရင် ကျွန်တော့် ကို ခဏလောက် ပြ ပါ လား ”

“ အမ် ”

ကျုပ် ပါးစပ် က အမ်ခနဲ အာမေဍိတ် အသံ ထွက်ကျ လု မတတ် ဖြစ်သွားတယ် ။ ဆရာဝန် လက်ရေး အတော်များများ ကို ကျုပ် မဖတ်တတ် ပေမဲ့ နော်မယ် ( Normal ) ဆိုတဲ့ စကားလုံး လောက် တော့ ကျုပ် လည်း သိပါတယ် ။ မူလတန်းကျောင်းအုပ် ဘဝ နဲ့  ပင်စင် သွား ခဲ့ ပေမဲ့ အစိုး ရက တရားဝင် အရာထမ်း ပေးအပ်ခဲ့တဲ့ ဘွဲ့ရ ကျောင်းဆရာ တစ်ယောက် ပါ ။

“ နေပါ .. နေ ... နေ ... ရပါတယ် သားရယ် ၊ နေပါ စေ ။ စာအုပ်တွေ ၊ ဓာတ်မှန် တွေ က အိတ် အောက်ဆုံး ပိုင်း မှာ မို့ ကျေးဇူးပါ ကွယ် ၊ ပုံမှန် ဆေး သောက်ရင် သက်သာ လာ မှာပါ ။ တစ်လစာ ဆေး တော့ ပေး လိုက်ပါ တယ် ”

လောလောဆယ် ဟို အကြောင်း ၊ ဒီ အကြောင်း နဲ့ ကျုပ် အိမ် မှာ ငွေ ယိုပေါက် က ကျယ်နေပေမဲ့ ကျန်းမာရေး အရ သက်သောင့်သက်သာလေး ဖြစ်ချင်လို့ မှန်လုံကားသေး နဲ့ လိုက်လာ မိ တာ မှား များ သွား ပြီလား ။ မှန်လုံကားကြီး က ငွေ ငါးထောင် သက်သာပေမဲ့ ညပိုင်း ပဲ ထွက်ပြီး အရမ်း အေး နေတာမို့ နေ့ခင်း ထွက် တဲ့ ကားသေး ကို ပဲ စီး လာ ခဲ့တာ ။ မန္တလေး နဲ့ ကျုပ် တို့ ရွာ ကို ကားကြီး က နေ့စဉ် လူ ရှိရှိ ၊ မရှိရှိ ပြေး ပေမဲ့ ကားသေး က တော့ နေ့တိုင်း မပြေး အနည်းဆုံး လူ ငါးယောက် နဲ့ အထက် ရှိ မှ ပြေးတာ ။ ခု ဒီနေ့ တော့ လည်း သူ ရယ် ၊ ကျုပ် ရယ် ၊ အမျိုးသမီး တစ်ဦး နဲ့ ဦးပဉ္စင်းလေး တစ်ပါး နဲ့ မှ စုစုပေါင်း လေးယောက် နဲ့ ရှိ နေပေမဲ့ မနက်ဖြန် မန္တလေး အစုန် မှာ တော့ ဖုန်း ဆက်ပြီး လက်မှတ် ဖြတ် ထား တာ ဆယ်ယောက် တောင် ရှိပြီ ဆိုပဲ ။ ဒါကြောင့် ကံကောင်း ပြီး ထွက်တဲ့ ရက် နဲ့ ဆုံသွားတာ ။ ကံ က မကောင်းချင်တော့ စကား အရမ်း များ တဲ့ သူ နဲ့ ဆုံ နေတယ် ။ ပြီးတော့ ကိုယ့် ဘေး မှာ လာ ထိုင်တယ် ၊ နောက် တစ်ချိန် က တပည့် ဖြစ်ခဲ့ဖူး သူ ။ ကျုပ် စိတ် ထဲ မြို့ပြင် ကို မြန်မြန် ရောက်ချင် လှပြီ ။ ပထမဆုံး အမျိုးသမီး ကို အရင် ကြို ခဲ့ပြီး အိုးဘိုမြောက်
တိုက် မှာ တည်း တဲ့ ကျုပ် ကို ကြိုတယ် ။ ပြီးတော့ မှ သူ နေ တဲ့ ဘော်ဒါဆောင် ကို ဝင် ကြို တာ ။ ဟို ဦးပဉ္ဇင်းလေး ကို နောက်ဆုံး ကြိုတဲ့ လမ်း တစ်လျှောက် မှာ သူ က လေပန်း လာတာ ။ တော်ရောပေါ့ တွေ့ဆုံနှုတ်ဆက် အနည်း ငယ်လောက် ပြော ပြီးရင် ။ ခု တော့ ရာသီဥတု က အေးလို့ အသာလေး ကွေးရင်း လိုက် လာ ချင် ပေမဲ့ သူ မေး တဲ့ ၊ ပြော တဲ့ စကားတွေ ကို ပြန် ပြော ၊ ပြန် ဆို လုပ် နေရတော့ အငြိမ် က မနေနိုင် ။

ခုဆို ဆေးကုမ္ပဏီ မှာ သူ့ လုပ်သက် က ဆယ်နှစ် လောက် ရှိပြီ ဆိုတဲ့ အကြောင်း ၊ နောက် Supervisor တစ်ယောက် ဖြစ်လို့ လစာ က မည် ရွေ့မည်မျှ ရနေပြီ ဖြစ်ကြောင်း ၊ စသဖြင့် သူ့ အကြောင်း ကို ရိုက် မစစ်ရ ဘဲ တောက်လျှောက်ကြီး ပြောပြ နေတာ များ စိတ်ကြီး ရယ် လည်း ညစ် ပါ့ ။ ကျုပ် စိတ် ထဲ လည်း နားထောင် နေရင်း တွေးဖြစ် အောင် တွေး လိုက်သေး တယ် ။ ဒီ ကုမ္ပဏီဝန်ထမ်းတွေ ဟာ ဒီလိုပဲ ကိုယ် ပြောချင် တာ ကို အထက် က သင်ပေး ထားတဲ့ အတိုင်း တရစပ် ပြော နေတော့တာ လား လို့လေ ။ တစ်ဖက် လူ က စိတ်ဝင်စား ရဲ့ လား ၊ ကိုယ် ပြောတာ ကို နားထောင် ဖို့ အသင့် ဖြစ်ရဲ့လား ဆိုတာ ကို ရော တွေးကြရဲ့ လား လို့ ။

မြို့ပြင် ရောက် တော့ ကျုပ် လည်း မတတ်နိုင်ဘူး ။ “ သား ရေ ခေါင်း နည်းနည်း မူး နေလို့ ခဏ လောက် မှိန်း လိုက်ဦးမယ်နော် ” ပြောပြီး အပေါ် က ဦးထုပ် ကို မျက်နှာ ပေါ် အုပ်ပြီး မျက်လုံး မှိတ် အိပ် လိုက် တော့တယ် ။ အိပ် လို့ က တော့ မပျော်ပါဘူး ။ သိသိ သာသာ ပဲ ကျုပ် က ငြင်း လိုက်ပေမဲ့ သူ က တော့ မသိမသာလေး နောက် ဆုတ် သွား ပြီး စကား လမ်းကြောင်း ပြောင်း သွားတယ်လေ ။ အနောက်ဘက် ခုံ မှာ တစ်ယောက် တည်း ထိုင် နေတဲ့ အမျိုးသမီး ဆီ ကိုပေါ့ ။

မျက်လုံး ကို မှိတ်ထား ပေမဲ့ အိပ် လို့ က မပျော်တော့ သူ့ အသံ ကို တောက်လျှောက် ကြီး ကြား နေရတယ် ။ အနောက် က အမျိုးသမီး က လည်း မခေဘူး ဗျ ။ စောစော က သူ နဲ့ ကျုပ် ပြောနေကြ တုန်း က တော့ အသံ ထွက် မလာ ခဲ့ ပေမဲ့ ခုတော့ ရှေ့ ခုံ နဲ့ နောက်ခုံ တစ်ယောက် တစ်ခွန်း နဲ့ အော်ပြီး များ ပြောနေ ကြ တာ ကျုပ် ဖြင့် မသိမသာ နား နှစ်ဖက် ကို အုပ် ထားရ တယ် ။

နောက်တော့ မှ မှေး တေးတေး နဲ့ ခဏ လောက် ငိုက်ခနဲ ဖြစ်သွားတုန်း မှာ သူ က ကျုပ် ခန္ဓာကိုယ် ကို လှုပ် ပြီး နှိုး လာတယ် ။

“ ဆရာ ... ဆရာ ရေ  ကား က ဆီ ဖြည့် မလို့ တဲ့ ။ အပေါ့လေး စွန့် ထား ရအောင်လေ ”

“ အင် ... ဟင့် အင်း သား ရေ ဆရာ မစွန့်ချင်ဘူး ၊ ကားပေါ် တက်ခါနီး စွန့်လာခဲ့တာ ”

“ ဪ ဆရာ ရယ် ၊ စွန့် ချင်ချင် ၊ မစွန့် ချင်ချင် ကား ခဏ ရပ်တုန်း စွန့် လို့ ရ သလောက် စွန့် ထားတော့ အန္တရာယ် ကင်းတာပေါ့ ”

အောင်မယ် သူ က များ ၊ ကျုပ် က ခရီး တစ်ခု ကို သွား ရင် ဘယ်တော့မှ ရေ များ များ မသောက် ၊ အာခြောက် လွန်း တော့ မှ တစ်ငုံ လောက် သောက်တာ ။ ခုလည်း ကား ပေါ် တက်ခါနီး စွန့် လာတာ ဘယ်လောက် ကြာသေးလို့ လဲ ။ အပြင်ဘက် ကို တစ်ချက် လှမ်း ငေးတော့ တောင်ပြုန်း လမ်းခွဲ ကျော် လောက် က ဓာတ်ဆီဆိုင် ရှေ့ မှာ ၊ မတ္တရာ တောင် မရောက်သေး ။

ကား ဆီ ဖြည့်ပြီး သူ တို့ ကား ပေါ် တက် လာတော့ ကျုပ် အိပ်ချင်ယောင် ဆောင် နေ လိုက်တယ် ။ တကယ်ဆို ကျုပ် က ခရီး သွား ရင် ဘယ် တော့ မှ အိပ်လေ့ မရှိ ။ ကား လမ်းဘေး ဝဲ ၊ ယာ ကို ငေးပြီး လိုက် ချင်တာ ။ ခုတော့  ၊ ခေါင်း ထဲ က မကြည်ရတဲ့ အထဲ ဟို သူငယ် ရဲ့ လေကြော မျောနေရ မှာ ကြောက် လာ လို့ လမ်းဘေး ရှုခင်းတွေ နဲ့ ဝေးခဲ့ရ ပေါ့ ။ ဒီလိုနဲ့ မျက်လုံး နှစ်ဖက် ကို တမင် မှိတ် ထားရင်း အတော်လေး ကြာ လာတော့ မှေးခနဲ အိပ်ပျော် သွားတယ် ။ နား ထဲ မှာ သား အကြီးကောင် ရဲ့ အော်သံ ၊ ငိုညည်းသံ တွေ ကြား လာတယ် ။

“ မစောင့် နိုင်ဘူးဗျာ ၊ အဖေ တို့ က သား ဆို အမြဲ တမ်း စောင့်ပါဦး ၊ စောင့်ပေးပါဦး နဲ့ ညီမလေး နဲ့ ညီလေး တို့ ကျရင် ဘယ်တော့မှ နှစ်ခါ မပြောရဘူး ”

“ အို ... သားရယ် သား ကြီး က အမြဲတမ်း အဖေ တို့ အပေါ် နားလည်ပေး တတ် လို့ စောင့်ခိုင်းတာပါ ။ ပြီးတော့ လည်း ဒီ တစ်နှစ်တည်း ပါကွယ် ။ လာမယ့် နှစ် သားညီလေး ဆယ်တန်း အောင် ပြီးရင် ပေးစား မှာ ပေါ့ ။ ဒီ နှစ် က သားညီမ က လည်း အိမ်ခွဲ သွား တော့ နိုင်သလောက် ကလေးထည့် ပေး လိုက်ရသေး တယ်လေ ။ ဒါကြောင့် အဖေ တို့ လက် ထဲ လက်ကျန် ငွေ မရှိ သလောက်ပဲ ။ သား မင်္ဂလာဆောင် ကိစ္စ ကို လည်း ဖြစ် သလို ကြီး မလုပ်ပေး ချင်ဘူး ။ ဒါကြောင့် တစ်နှစ် လောက် ပဲ ထပ်ပြီး စောင့် ခိုင်းတာပါ ”

“ မစောင့် နိုင် ဘူး ၊ မစောင့်နိုင်တော့ဘူး ”

အို စောင့်ပါဦး သားရယ် ၊ တစ်နှစ် လောက် တော့ စောင့်ပါနော် ။ အမယ်လေး ကိုက် လိုက်တာ ခေါင်း ထဲ က ဆစ်ခနဲ ၊ ဆစ်ခနဲ ထိုး ကိုက် လာ ပြန်ပြီ ။

“ စောင့် လို့ မရတော့ဘူး ”

ဘုရား ... ၊ နီးနီးကပ်ကပ်ကြီး အော် လိုက်သံ ကြောင့် ဆတ်ခနဲ နိုးသွားတယ် ။

“ ဒီမှာ ကားဆရာ အချိန် ကို လည်း သေချာကြည့် ဦး ဗျ ၊ ၁၁ နာရီခွဲ နေပြီ ။ ကျုပ်တို့ က အရေး မကြီးဘူး ၊ ခင်ဗျား ဘေး မှာ ဘုန်းကြီး တစ်ပါး ပါ သေးတယ် ဗျ ။ ဆရာ ပြော ပါဦးဗျာ ၊ ကြာညှပ် ရောက် မှ ထမင်း စား နားမယ် တဲ့ ”

လက် က နာရီ ကို ကြည့် လိုက်တော့ ၁၁ နာရီ ခွဲ စ ပြု ပြီ ။

“ သိပ် မမောင်းရတော့ ပါဘူးဗျာ ၊ နောက်ထပ် ၁၀ မိနစ် လောက် ဆို နား နေကျ ဆိုင်ရောက်ပါပြီ ”

ကားဆရာ က ခပ်အေးအေး ပြောတယ် ။ ဘေး က ဦးပဉ္စင်း က လည်း ခပ်အေးအေး ပါ ပဲ ။

“ ရပါတယ် ဒကာတော် ၊ အဆင်ပြေ သလို သာ လုပ်ပါ ” တဲ့ ။

မျက်နှာကြီး သုန်သုန် မှုန်မှုန် ဖြစ်နေတာ က သူ ။ ရှေ့ ပိုင်း မှာ ဘာတွေ ပြောဆိုခဲ့ကြ သလဲ တော့ ကျုပ် မသိဘူး ။ အိပ်မက် ထဲ မှာ ကျုပ် သားကြီး က မိန်းမ ပေးစားဖို့ချည်း ပူဆာ နေတော့ ခေါင်း က အိပ်မက် ထဲ ထိကို လိုက် ကိုက် နေတာ ။

ကား ပေါ် က ဆင်းကြ တော့ ကျုပ် လည်း နောက်ဖေး ကို တန်း ပြေး တော့တာပဲ ။ အပေါ့ စွန့်ချင်လွန်း လို့တော့ မဟုတ်ဘူး ။ ခုချိန်မှာ ဘယ်သူ နဲ့ မှ ကို စကား ပြောချင်စိတ် မရှိလို့ ။ ဒါတောင် သူ က အနောက် က နေ “ ဆရာ ရေ ဖြည်းဖြည်း ” လို့ အော်ပြီး လိုက် လာလို့ အိမ်သာ ထဲ အမြန် ဝင်ပြီး ဝုန်းခနဲ တံခါး ကို ပိတ် လိုက်ရတယ် ။

အိမ်သာ ထဲ မှာ လည်း ခပ်ကြာကြာကလေး ထိုင် နေ လိုက်တယ် ။ ထွက်ခဲ့ တော့ ဘယ်ကို မှ မကြည့်ဘဲ ခေါင်း ကို ငုံ့ပြီး လျှောက် ခဲ့တယ် ။ ဆိုင် ထဲ ရောက် တော့ နီးရာ ခုံ တစ်ခုံ မှာ ဝင် ထိုင်ပြီး တစ်ခု ခု မှာ ဖို့ စားပွဲထိုး ကို လိုက် အရှာ ဗြုန်းခနဲ သူ နဲ့  မျက်လုံးချင်း ဆုံမိ ပြန် နေရော ...

“ ဆရာ ရေ ဒီဘက် ကို လာ ခဲ့ပါ ၊ အဲဒီနား က မှောင်တယ်ဗျ ”

သူ လှမ်းအော်ခဲ့ ပေမဲ့ ချက်ချင်းတော့ မထ , ဖြစ်ဘူး ။ “ ဆရာရေ လာပါဗျ ” လို့ နောက် တစ်ခွန်း ထပ် အော် မှ ထိုင်နေရာ က ထ , လိုက် တယ် ။ ဒီလောက်ဆို မကောင်း တော့ဘူး လေ ။ သူ က လူ ကြား ထဲ ဆရာ ရေ ၊ ဆရာ ရေ နဲ့ ခဏ ခဏ ခေါ် နေတာ ကိုး ။

သူ့ စားပွဲ မှာ ထိုင်မိတော့ သူ က “ ထမင်းကြော် ၊ ထမင်း ပေါင်း ၊ ထမင်းသုပ် ” ဆိုပြီး ဆိုင်မှာ ရနိုင်တဲ့ အစား အသောက်တွေ ကို စားပွဲထိုး တစ်ယောက် ရွတ် သလို ရွတ် ပြတယ် ။ ပြီးတော့ လည်း “ ကျွန်တော် တော့ သိပ် မဆာတာ နဲ့ ဆီချက် လောက် ပဲ မှာ ထားတယ် ။ ဆရာ က တော့ ကြိုက်တာသာ မှာပါ ” လို့ ပြော ပြန်တယ် ။ ဆီချက် က သူ ရွတ်ပြတဲ့ အထဲ မပါဘူး ။

ဘာရယ်လို့ မဟုတ်ဘဲ မှာ ထားတဲ့ အစားအသောက် တွေ ရောက် မလာခင် ဖုန်း လေး ထုတ် ပြီး အင်တာနက် လိုင်း မိ ၊ မမိ စမ်းကြည့်ဦး မယ် စိတ်ကူး မိ မှ ပဲ ငါးပါး မ က မှောက် တော့ တာပဲ ။

“ အို ... ဆရာ လည်း facebook သုံး နေပြီလား ၊ အကောင့် နာမည် ဘာတဲ့ လဲ ။ ကျွန်တော် Add လိုက်မယ် ။ ခုဆို ကျွန်တော် လည်း ရွာ က တော်တော်များများနဲ့ လူတွေ Friend ဖြစ်နေပြီ ”

၂ဝ၁၅ ခုနှစ် ကုန်ခါနီး ကျုပ်တို့ ရွာ မှာ MPT နဲ့ တယ်လီနော တာဝါတိုင်ကြီးတွေ လာ စိုက်တော့ တစ်ရွာလုံး လိုလို facebook သုံး ကုန်ကြတယ် ။ ကျုပ် လည်း ပင်စင် ယူ ပြီး အိမ် က ဈေး နဲ့ နီးတာ နဲ့ ကုန်စုံဆိုင်လေး ဖွင့်ထား တော့ လင်မယား နှစ်ယောက် ဖုန်း တစ်ယောက် တစ်လုံး စီ နဲ့ ဆိုင် ထဲ မှာ ငြိမ် သွားတယ် ဆိုပါတော့ ။

“ ဩော် သိပ်တော့ လည်း မသုံးဖြစ်ပါဘူး သား ရယ် ၊ သတင်းလေး ဘာလေး ကြည့် ၊ ကျန်းမာရေး ဆောင်း ပါးလေးတွေ ရှာ ဖတ်ရုံပါပဲ ”

“ ကျွန်တော် တော့ သုံး ဖြစ်တယ် ဆရာ ၊ ခုခေတ် မှာ Internet ဆိုတာ က ဘဝ ရဲ့ အစိတ်အပိုင်း တစ်ခု လို ဖြစ်နေ ပြန်တော့ မသုံးရင် ခေတ် က နောက်ကျ သွားမှာပေါ့ ။ ကျွန်တော်တို့ ဆေးကုမ္ပဏီ ဝန်ထမ်းတွေ အနေ နဲ့ ဆေးဆိုင် တွေ ၊ ဆရာဝန်တွေ နဲ့ လည်း အမြဲတမ်း ထိတွေ့ နေမှ လေ ။ ပြီးတော့ လူငယ် ဘာဝ ဖျော်ဖြေရေး နဲ့ စိတ် အဆာပြေပေါ့ ဆရာ ရယ် ဟား ... ဟား ... ဟား ”

“ လူငယ်သဘာဝ ” တဲ့ ။ အဲဒီ စကားလုံး က ကျုပ် နား ထဲ ထော်လော် ကန့်လန့်ကြီး ဝင် လာတယ် ။ သူ့ မျက်နှာ ကို မော့ ကြည့် မိပြီး ဖျတ်ခနဲ အလင်း တစ်ချက် လက်ခနဲ ဖြစ် သွားတယ် ။ ဪ ဒါကြောင့်ကိုး လို့ အတွေး ဝင် လာတယ် ။

သူ့ ကို ကြို စဉ် သူ့ အဆောင် ရှေ့ ရောက်တော့ ကား ပေါ် ကို ချက်ချင်း မတက် သေးဘဲ ကားဆရာ ကို အကူအညီ တောင်းပြီး ကား ရှေ့ မှာ ပို့စ် အမျိုးမျိုး နဲ့ ဓာတ်ပုံတွေ ရိုက်နေသေးတယ် ။ ခါး ထောက် လိုက် ၊ တာ့တာ လုပ် လိုက် ၊ ပခုံး ပေါ် ကျောပိုးအိတ် လွယ်လိုက် နဲ့ ။ ခရီး ထွက် ကြောင်း Facebook ပေါ် တင် မလို့တဲ့ ။ ခပ်ဝေးဝေး တုန်း က တော့ ကျုပ် စိတ်ထဲ ဆယ် ကျော်သက်ကလေး မှတ် နေ တာပေါ့ ။ ဝတ် ထားတာ က လည်း ဂျင်းပန် ၊ တီရှပ် နဲ့ လျှာထိုးဦးထုပ် နဲ့ ဆိုတော့ လေ ။ ကား ပေါ် ကို တက် လာ ပြီး ကျုပ် ကို နှုတ်ဆက်ခါ
မှ ... ။

အင်း ... ခုမှ သေချာ ကြည့်မိတယ် ။ သူ့ နားသယ် စပ် က ဆံပင်လေးတွေ တချို့ ဖြူတောင်နေပြီ ။ ဦးထုပ် ချွတ် လိုက်တော့ ထိပ် က ဆံပင်က လည်း ပါး နေပြီ ။ ကျုပ် ကျောင်းဆရာ စ , လုပ်တော့ သူ က လေးတန်းကျောင်းသား ၊ အဟင်း ... သေချာတယ် ၊ ဒီကောင် သုံးဆယ် ကို တော်တော်လေး တော့ ကျော် လောက်ပြီ ။ ဒါကိုများ လူငယ် သဘာဝ တဲ့ ဟား ... ဟား ။ ဒါကြောင့် သူ့ ကို မြင်မြင်ချင်း သဘော မကျ မိ တာ ကိုး ။ ကျုပ် အတွေးတွေ ကို သူ က မသိတော့ Facebook နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေ ကို ဖောင်ဖောင် ဖောင်ဖောင် ပြောပြ နေတယ် ။

“ တစ်ခါတစ်ရံ တော့ Facebook သုံး ရတာ ဖီး ( လ် ) တော့ ဖြစ်တယ် ဆရာ ရေ ၊ ကိုယ် က ကိုယ့် ဆရာတွေ ( ဆရာဝန် ၊ ဆရာမ ) ဆိုပြီး သူတို့ တင်တဲ့ Status တွေ ကို ကြိုက်လို့ Like လိုက် ၊ အားနာ လို့ Like လိုက် ရှိခဲ့ ပေမဲ့ သူတို့တွေ က တစ်ကြိမ်တစ်ခါ မှ အသိအမှတ် မပြုကြဘူးဗျ ”

လမ်း တစ်လျှောက် သူ ပြောပုံ ဆိုပေါက်တွေ ကို ကြည့် ပြီး ကျုပ် ဘယ်လို မှ သဘော မတွေ့ ။ စာသင်မ ပေးခဲ့လို့ လား မသိ ။ တပည့် တစ်ယောက် အနေ နဲ့ စိတ် သွင်းလို့ မရ ။ ကြုံရာ ဆုံရာ ပြော ဖြစ် တဲ့ အခါတိုင်း သူ မသိတာ မရှိ ၊ မတတ်တာ မရှိဘဲ သူ က ချည်း သိတယ် ၊ တတ်တယ် နဲ့ ရှေ့ က ပြော နေတာ ချည်းကိုး ။

နေ့လယ်စာ စားပြီး နောက်ပိုင်း တော့ သူ သိပ် စကား မပြောတော့ဘူး ။ ကျုပ် ဘေး မှာ လည်း မထိုင်တော့ဘဲ လွတ် နေတဲ့ နောက်တန်း က ခုံ တစ်ခုံ မှာ သွား ထိုင်တယ် ။

“ နေ့လယ်စာ စား ပြီးတိုင်း ကျန်းမာရေး အရ တစ်ရေး အိပ်လေ့ ရှိလို့  .... ” တဲ့ လေ ။ အဲဒီတော့ မှ ပဲ ကျုပ် လည်း လမ်းဘေး တစ်လျှောက် စိတ်လက် ချမ်းသာ တစ်ကိုယ်တည်း ငေးခွင့် ရ တော့တယ် ။

နေ့ခင်း ဆယ့်နှစ်နာရီ ၊ တစ်ချက် ဆိုပေမဲ့ ကား ထဲ မှာ တော့ အေးနေဆဲ ပဲ ။ လမ်းဘေး ဝဲ ၊ ယာ မှာတော့ သစ်ပင်တွေ က ဟိုစဉ် က လို စိမ်းစိမ်းစိုစို မရှိကြတော့ ။ ဒီနှစ် ဆောင်း က လည်း အရင် နှစ်တွေ ထက် ပို အေးပြီး လာမယ့် နွေ မှာ လည်း အရင်က နွေ ထက် ပို ပူမယ်ဆိုလား ။

အပူ ဆိုတာ ကို တွေးမိ တော့ အပူတွေ က ရင်ထဲ တိုး ဝင် လာပြီး ခန္ဓာကိုယ် တစ်ခုလုံး နွေး လာ သလိုပဲ ။ အငယ်ကောင် ကို လည်း လာမယ့်နှစ် ဆယ်တန်း အောင် ရင် တက္ကသိုလ် ပို့ရ ဦးမယ် ။ ဂရိတ်ဝေါလ် ကို အပ် ထားတဲ့ အလတ်မ တို့ ကြံခင်းတွေ က လည်း ခုတ် ထားတာ ကြာပြီ ၊ ခုထိ လာ မတိုက်ကြသေးဘူး တဲ့ ။ ဒီကြား ထဲ သားကြီး က တစ်မှောင့် ။

ဟိုငေး ဒီငေး ၊ တောင်တွေး မြောက်တွေး နဲ့ ခုနက ထမင်းဆိပ်ကလေး တက်လာ တော့ မှေးခနဲ ဖြစ် သွားပြန်တယ် ။

“ ဆရာ .. ဆရာ .. ဆရာ ”

အင် ... ဟင် ... ။ ပခုံး ကို တွန်းတွန်းထိုးထိုး နဲ့ လှုပ် နှိုးမှု ကြောင့် ကျုပ် လန့်နိုးလာတယ် ။

“ အမယ်လေး ဆရာ ရယ် ၊ အိပ် လိုက်တာ ကို ဟောက်လို့  ၊ အင်းရွာ လမ်းခွဲ ကို ရောက်တော့မယ် ဗျ ”

“ ဟ ... တကယ်ကြီး လား ဟ ၊ မြန်လိုက်တာပါလားကွာ ”

“ ရော် ဆရာ က လည်း နာရီ ကို လည်း ကြည့်လိုက်ပါ ဦးဗျ ၊ သုံးနာရီ ကျော်သွားပြီ ။ ဆရာ အိပ် လိုက်တာ ကို သိုး နေတာပဲ ။ ဆရာ့ ခေါင်းကြီး က တဗိုင်းဗိုင်း နဲ့ လဲ လဲ လာလို့ ကျွန်တော် လာ ထိန်း ပေးထား တာ ”

ကျုပ် မျက်နှာ ရှိန်းခနဲ ပူနွေး သွားတယ် ။ ရင် ထဲ မှာ လည်း လှိုက်ခနဲ ဖြစ်သွား တယ် ။ ဆရာကြီး ပေး လိုက် တဲ့ ဆေး သောက်ပြီး ရင် ဒီလိုပဲ အိပ်ပျော် သွားတတ်တာ အိပ် ဆေးတွေ များ ပါ လို့လား ။ ဟော ဟိုမှာ လမ်းခွဲဆိုင်း ဘုတ် တောင် မြင်ရပြီ ။

“ တစ်နှစ် တစ်ခေါက် တောင် ကောင်းကောင်း မပြန် ဘူး ဆိုပေမဲ့ လမ်းခွဲ ရောက်မှာ တော့ သိနေပါလား မင်း က ”

ဗန်းမော် - မန္တလေး ကား လမ်းမကြီး စ , ဖောက်ခဲ့တာ ၁၅ နှစ် ပြည့်ခဲ့ပြီ ဆိုပေမဲ့ ခုချိန် ထိ ကျုပ်တို့ နယ်မှာ လမ်းတွေ က ဆိုးတုန်း ၊ မြင်ကွင်းတွေ က လည်း ခဏ တိုင်း ပြောင်း နေလေ့ရှိတယ် ။

“ ဪ ဆရာ့ ကို မနှိုး ခင် က မအူကုန်းရွာ မှာ အန်တီလှ ဆင်း သွားတယ်လေ ၊ သူ ပြောသွားတာပါ ”

အနောက်ခုံ က အမျိုးသမီး ကို ရည်ရွယ် ဟန် တူ ၏ ။ သူ ပြောပုံ က ခုမှ ကား ပေါ် မှာ တွေ့သိလာတဲ့ သူ ကို ပြောတာ နဲ့ မတူ ၊ ရှေးရှေးကတည်း က သိခဲ့သူ လိုလို တရင်းတနှီး နဲ့ ။ ယောက်ျား တစ်ယောက် ဖြစ်ပြီး အဲ့သလောက် စကား များ တာ ကျုပ် က မကြိုက် ။ လမ်းခွဲ က နေ ကျုပ်တို့ ရွာ ကို နာရီဝက် က နေ တစ်နာရီ လောက် တော့ ကြာတတ်ပါတယ် ။

ဘေးမှာ ထိုင်နေပြီ ဖြစ်တဲ့ သူ့ ကို မသိမသာ လှမ်း အကဲခတ်ပြီး ကျု ပ်ရင် ထဲ ထိတ်နေတယ် ။ ဖြစ်နိုင်ရင် သူ နဲ့ စကား ထပ် မပြောချင် တော့ဘူး ။ ကြောက်လန့်တာ မျိုး တော့ မဟုတ်ဘူး ၊ ရွံ့တွန့် တွန့် ကြီး ဖြစ်နေတာ ။ သူ ဘာတွေ ကို ဘယ်လို ပြောလာဦးမလဲ ။

ကျုပ် က သာ စိုးရွံ့ပြီး တစ်ချက် တစ်ချက် ကွက်ခနဲ ကြည့်လိုက် ၊ တစ်ခါ တစ်ခါ တွေးလိုက် ရှိခဲ့ပေမဲ့ ကိုယ်တော်ချော က အေးဆေး ။ ဘေးဘီ ဝဲ ၊ ယာ ကို လုံးဝ မကြည့် တော့ ဘဲ လက်ကလေး နှစ်ဖက် ယှက်ထပ်ပြီး ရှေ့တူရူ ကို သာ ငေး နေခဲ့တယ် ။

နာရီဝက် ကျော် ကြာ တော့ ပေလမ်းကုန်းရွာ ကို ဖြတ် အပြီး မှာ ကျုပ် ဘက်ကို တဖြည်းဖြည်း လှည့်လာခဲ့တယ် ။

“ ဆရာ ”

ထိတ်ခနဲ တော့ ဖြစ်သွားမိ၏ ။

“ နောက် တံတားတစ် စင်း ကို ဖြတ် ပြီးရင် ကျွန်တော် တို့ ရွာ ကို ရောက်ပြီနော် ”

“ အေးလေ ”

“ နောက် တစ်လ အကြာ မှာ မန္တလေး ကို ဆေးခန်း လာ ပြရ မှာ မဟုတ်လား ”

“ ဟုတ်တယ် ”

“ ဆရာ ရေ ဆရာ က တော့ မှတ်မိချ င်မှ မှတ်မိ မှာ ပေါ့ ။ လွန်ခဲ့တဲ့ အနှစ် သုံးဆယ် လောက် က လေ ... ”

သူ့ မျက်နှာ ကို ဖျတ်ခနဲ လှမ်း ကြည့် မိတော့ ဆွေးရိပ် တွေ သန်း နေသလိုပဲ ။ စကား ကို သာ ပြော နေတာ မျက်လုံး တွေ က ကား ရှေ့ တည့်တည့် ပဲ ကြည့် နေတယ် ။

“ မျိုးဇော် ရေ ... အောင် စာရင်းတွေ သွား ကပ်ရအောင် ဟေ့ ၊ ဆရာ နဲ့ လိုက်ခဲ့ဦး ဆိုပြီး ဆရာ ပြောခဲ့တယ်လေ ၊ ဆရာ မှတ်မိလား ဟင် ”

“ မမှတ်မိဘူး ၊ အဲ ... ”

ကျုပ် မျက်လုံးတွေ ကို ခဏ မှိတ် ဖြစ်သွားတယ် ။ လွန်ခဲ့တဲ့ အနှစ် သုံးဆယ် ဆိုတော့ နေဦး သူ နဲ့ ကျွန်တော် ဆုံခဲ့တာ က လေးတန်း တစ်တန်း တည်း လေ ။ လေးတန်း အောင် တော့ သူ က အင်းရွာ အထက်တန်းကျောင်း ရောက်သွားတာ ဆိုတော့ အိုး ... မှတ်မိပြီ ။ အောင်စာရင်း သွား ကပ် တဲ့ မနက် က သူ တို့ အိမ် ဘေး က အဖြတ် လှမ်းကြည့် တော့ အိမ်နောက်ဖေး ရေသွန်ချောင် မှာ သူ့ ကို လှမ်း မြင် လိုက် လို့ ခေါ် လိုက်တာ ။ ဪ ဟုတ်တယ် ၊ “ ကိုတတ်ပ ” နာမည် က မျိုးဇော်ဇော် ၊ မှတ်မိပြီ ။

“ အဲဒီတုန်း က ဆရာ က အောင်စာရင်းစာရွက် ကို နံရံ မှာ တူ နဲ့ ရိုက် ကပ် ခိုင်းခဲ့ တယ် ။ ကျွန်တော် လည်း ဝမ်းသာအားရ ကြိုးစားပြီး ရအောင် ကပ်ခဲ့တာပေါ့ ။ ပြီးတော့ ဆရာ ပြောခဲ့သေး တယ်လေ ၊ မှတ်မိသေးရဲ့လား ”

သူ့ မျက်နှာ ကို လှမ်း ကြည့် လိုက်တော့ မျက်လုံး တွေ က တဖျပ်ဖျပ်နဲ့ အရည် လဲ့ နေတယ် ။

“ မင်း တော်တယ် မျိုးဇော် ၊ မင်း မှာ မမြင်ရတဲ့ အစွမ်းတွေ ရှိနေတယ် လို့ လေ ”

ဟုတ်လား ၊ ကျုပ် ပြော ခဲ့သလားပဲ ၊ ဘယ် မှတ်မိပါ့ မလဲလေ ။ နှစ်ပေါင်း သုံးဆယ် တောင် ကျော်ခဲ့ပြီ ဆိုတော့ ။ ကလေး တစ်ယောက် ကို မြှောက် ပေး လိုက်တာလည်း ဖြစ်ချင် ဖြစ်မှာပေါ့ ။

“ တကယ်တော့ အဲဒီ နောက်ပိုင်း မှာ မှ ကျွန်တော် လွတ်မြောက်မှု ရ ခဲ့ တာပါ ဆရာ ။ လွတ်မြောက်ခဲ့တာပေါ့ ”

ကျွတ်  ... ဘာတွေလဲ ဟ ။

“ ကျွန်တော့် ဘဝ တစ်လျှောက်လုံး အဲ ... ဆရာ နဲ့ မတွေ့ခင် အချိန် ထိ ပေါ့ မင်း မလုပ်တတ်ဘူး ၊ မလုပ်ရဘူး ၊ မင်း မသိဘူး ၊ မသိတတ်ဘူး ၊ မင်း မသွားရဘူး ၊ မသွားတတ်ဘူး ၊ အို  ... ကျွန်တော့် အိမ် မှာ လေ ဘာမှ လုပ်ခွင့် မရခဲ့ဘူး ။ ဘယ် သူငယ်ချင်း နဲ့ မှ ဘယ်ကိုမှ မသွားခဲ့ ရဘူး ။ ကြာတော့ တကယ် ကို ပဲ ကျွန်တော် ဘာမှ မလုပ်တတ်ဘူး လို့ ကိုယ့် ကိုယ် ကို ထင်ခဲ့မိတော့ တာ ဆရာ ၊ ဆရာ နဲ့ တွေ့မှပဲ ... ”

ဖျတ်ခနဲ မျက်လုံးချင်း ဆုံ မိတော့ သူ့ မျက်ရည်စ , တွေ ရစ်သီ နေတာ မြင်လိုက်ရတယ် ။

“ အဲဒီ နောက်ပိုင်း ဘာကို ပဲ ဖြစ်ဖြစ် တစ်ယောက် တည်း ခိုး လုပ်တတ် လာခဲ့ တယ် ။ ကိုယ့် ကိုယ် ကို ယုံကြည်မှု ရှိလာတယ် ။ ဆရာ့ ကို လည်း တောက်လျှောက် သတိရ နေခဲ့တာ ။ ဒါပေမဲ့ ဆရာ က လည်း ရွာ က ပျောက်သွား လိုက်တာ အကြာကြီး နော် ”

“ ဟုတ်တယ် ၊ အဲဒီ မူလတန်းကျောင်း မှာ နောက် တစ်နှစ် ထိ ပဲ နေခဲ့တာ ၊ နောက်တော့ ကသာမြို့ အထက် က ရွာ တစ်ရွာ ကို ပြောင်းသွားခဲ့ ရ တယ်လေ ”

“ ဟုတ်ကဲ့ ကျွန်တော် ကျောင်း ပြီးတဲ့ နောက်ပိုင်း ဒီ ကျောင်းလေး မှာ ပဲ ဆရာ ကျောင်းအုပ် ပြန် ဖြစ်ခဲ့ တာ ကျွန်တော် မှတ်မိပါတယ် ။ ဒါပေမဲ့ ဆရာ့ ကို ဖြတ်သွား ဖြတ်လာ ပဲ လှမ်းလှမ်း တွေ့ခဲ့တာ ။ ခုလို တစ်နေ့ခင်း လုံး ဆရာ နဲ့ အတူ ရှိနေတာ ကျွန်တော် အရမ်းဝမ်းသာ တာပဲ ။ စကားတွေ လည်း အရမ်း ပြောချင်ခဲ့ တယ် ။ ကျွန်တော် လုပ်နိုင်ခဲ့တာတွေ ဆရာ့ ကို အရမ်း ပြောပြချင်ခဲ့ တယ် ။ ပြီးတော့ ... ပြီးတော့ လေ ... ”

ရော် .. ခက်ပြီ ။ သူ့ အသံတွေ က တဖြည်းဖြည်း နဲ့ တိုးဝင် သွားတော့ ဘာရယ် မသိ ကျုပ် စိတ်ထဲ တစ်မျိုး ကြီး ဖြစ်သွားတယ် ။ သူ့ ကို မကြည့်မိအောင် ထိန်းပေမဲ့ မရဘူး ။ သူ့ မျက်ဝန်း က မျက်ရည် နှစ်စက် ဖျတ်ခနဲ လွင့်ကျ သွားတာ ကို မြင်ဖြစ် အောင် မြင် လိုက်ရသေးတယ် ။

“ ဆရာ ရဲ့ ချီးကျူးသံ ကို အရမ်း ကြားချင်ခဲ့ တာပါ ဆရာ ”

ဒီကောင် ကတော့ လေ ၊ ကျုပ် ရင်ထဲ ဆို့တို့တို့ကြီး ဖြစ် လာတယ် ။

“ နောက် လ မန္တလေး လာ ရင် ဖုန်း ဆက်ပါ ဆရာ ၊ ဆေးလောက ဆရာဝန်ကြီး တွေ နဲ့ ကျွန်တော် ရင်းနှီးပါတယ် ။ အစွမ်းကုန် ကူညီပါ့ မယ် ။ ခု မန္တလေးမြို့ မှာ ကျွန်တော် တစ်ယောက် တည်း နေခဲ့တာ ဆယ့်ငါးနှစ် ရှိခဲ့ပြီ ဆရာ ။ အိမ်ထောင် မပြုဖြစ် သေးပါဘူး ။ တိုက်ခန်းလေး တစ်ခန်း ဖြစ်ဖြစ် ၊ အိမ်ကလေး ခပ်သေးသေးပဲ ဖြစ်ဖြစ် ကျွန်တော့် ဝင်ငွေ နဲ့ ကျွန်တော် ရအောင် ကြိုးစား ပြ မလို့လေ ။ ခပ်ရေးရေးလေး တော့ လှမ်း မြင်ရပါပြီ ”

သူ့ ရဲ့ မချိတင်ကဲ စကားသံတွေ ကို ကြားရပြီး ကျုပ် ရင်ထဲ ဗလောင်ဆူ လာတယ် ၊ ဒီကောင် က တော့လေ ။

“ ကဲ .. ဆရာ ရှေ့ က တံတား ကို ကျော်ပြီး ရင် တော့ ကျွန်တော့် အိမ် ကို လှမ်း မြင်ရ ပါပြီ ။ မန္တလေး လာ ရင် ဖုန် ဆက်ပါနော် ၊ ကားဆရာ ကားခ နှစ်ယောက်စာ ယူပါ ”

“ ဟိတ်ကောင် ... ဟိတ်ကောင် မလုပ်ပါနဲ့ ရတယ် ၊ ရပါတယ်ကွာ ”

သူ က ဇွတ် အတင်း ပေး ပြီး ပစ္စည်းတွေ သိမ်း တယ် ။

“ ကျေးဇူးပြုပြီး လက်ခံ ပေးပါ ဆရာ ၊ ဆရာ့ ကို ထိုင် ပြီး ကန်တော့ချင်တာပါ ကား ပေါ်မှာ မို့ပါနော် ”

ခဏ ကြာ တော့ သူ့ ရှေ့ မှာ ကား က ရပ်သွား တယ် ။ “ မန္တလေး လာရင် ဆုံ ချင်ပါတယ် ဆရာ ” လို့ ပြောရင်း ဆင်း သွားလေတယ် ။

တရွေ့ရွေ့ ထွက်ခဲ့တဲ့ ကား ကို လက်ကလေး ပြပြီး သူ့ အိမ် ရှေ့ မှာ ကျန် ခဲ့တာ နောက်ကြည့် မှန် က နေ ခပ်ဝါးဝါးကလေး လှမ်း မြင် လိုက် တယ် ။ အို ... တံခါး အဖွင့် မှာ မျက်စိ ထဲ ဖုန်မှုန့်တွေများ ဝင် သွားခဲ့ သလား ... ။

ကျုပ် ရင် ထဲ မှာတော့ တွေ့ စ , ကလို သူ့ ကို အမြင် မကြည်တာတွေ မရှိတော့ပါ ။

◾ လွန်းမောင်မောင်

📖 ရွှေအမြုတေ ရုပ််စုံမဂ္ဂဇင်း
     ၂၀၁၆ ခုနှစ် ၊ စက်တင်ဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment