Saturday, January 6, 2024

ချင်းတွင်းရေကြည်


 

❝ ချင်းတွင်းရေကြည် ❞

ကျွန်တော် ပထမဆုံး ဝယ် ဖြစ်တဲ့ ပန်းချီကား က တော့ ဆရာကြီး ဦးလူတင် ရဲ့ လက်ရာတွေ ပါ ။ သူ့ ဟန် က သူများ နဲ့ ကွဲပြားတယ် ။ ပန်းချီကား ကို မြင်ရုံ နဲ့ ဆရာကြီး ဦးလူတင် လက်ရာ ဆိုတာ သိနိုင်တယ် ။

ဆရာ ဦးအောင်မောင်း ရဲ့ ပန်းချီကား က တော့ ကျွန်တော် နောက်ထပ် ဝယ် ဖြစ်တဲ့ ပန်းချီ လက်ရာ ဖြစ်တယ် ။ ဦးအောင်မောင်း ရဲ့ ပန်းချီကား ကို ကြည့် ရတာ အေးချမ်းခြင်း ၊ တိတ်ဆိတ်ငြိမ်သက်ခြင်း ရသ ကို ခံစားရတယ် ထင်လို့ ကျွန်တော် မြတ်နိုးတန်ဖိုး ထားတာပါ ။

မုံရွာမြို့ ကို ရောက် ရင် ဦးအောင်မောင်း မန်နေဂျာ လုပ် နေတဲ့ ဂိုးဒင်းအဲရိုး ဟိုတယ် မှာ ကျွန်တော် တည်း လေ့ ရှိတယ် ။ ဟိုတယ် တည်ရှိတဲ့ နေရာ က အချက်အချာ ကျပြီး သွားလာရေး လွယ်ကူ အဆင်ပြေတယ် ။ ဟိုတယ် မှာ ဦးအောင်မောင်း ရဲ့ လက်ရာ ပန်းချီကား တွေ ချိတ်ဆွဲ ထား လို့ အားရပါးရ ကြည့် နိုင်တယ် ။

ယခု တစ်ခေါက် မုံရွာ ရောက် တော့ တစ်နေ့တာ လုံး ဟိုသွား ဒီလာ အလုပ် တွေ လုပ် ၊ မုံရွာ က မိတ်ဆွေတွေ နဲ့ ညနေစာ စား ၊ လက်ဖက်ရည်ဆိုင် ထိုင်ပြီး ဟိုတယ် ကို ပြန် ရောက်တော့ ဧည့်ခန်း မှာ ဦးအောင်မောင်း ကို တွေ့တယ် ။ ကျွန်တော် တို့ နှစ်ယောက် ဟိုတယ် စားသောက်ခန်း ထဲ က စားပွဲ တစ်လုံး မှာ ထိုင်ပြီး စကားစမြည် ပြောကြတယ် ။

စားသောက်ခန်း နံရံ မှာ ဦးအောင်မောင်း ရဲ့ ပန်းချီကားတွေ ချိတ် ထားတယ် ။ ဟိုတယ် က မြို့လယ် လမ်းဆုံမှာ ရှိတယ် ။ ဟိုတယ် အနီး မှာ ညဈေးတန်း ခင်းထား တယ် ။ နာရီစင် ထိပ်နားက အီလက်ထရွန်းနစ်မီး နဲ့ ပုံဖော် တဲ့ ကြော်ငြာဘုတ် ဆီ က သီချင်း ဖွင့်သံ က ကျယ် လွန်းတယ် ။ ဟိုတယ်ခန်း ထဲ အထိ ဝါကာ ဝါကာ အီး အိ အသံ လွှမ်း နေပါတယ် ။

“ ကျွန်တော့် ဇာတိ ကျောက်ဆစ်ပုံ မြောက်ရွာ က မုံရွာ နဲ့ ခြောက်မိုင် လောက် ဝေး တယ် ။ မိဘ တွေ က မိရိုးဖလာ ရက်ကန်း လုပ်ငန်း  လုပ်ကြတယ် ၊ ကျွန်တော် သိပ် မသိတသိ ငါးနှစ် ခြောက်နှစ်သား အရွယ် မှာ မုံရွာ ကို ရွှေ့ လာကြတယ် ။ ကျွန်တော် က ၁၉၄၅ ခု မွေးတာ ။ အဲဒီ အချိန်ပိုင်း က တော့ နယ်တွေ မငြိမ်သက် မလုံခြုံတဲ့ ကာလ ။ ရွာ က နေ မြို့ တက် နေကြတဲ့ အနေအထား ရှိတော့ မြို့ရောက် လာတာ ”

ကျွန်တော့် အတွေး ထဲ မှာ အလုပ်အပိုးတွေ လှည်း ပေါ်တင် ၊ ကျီးလန့်စာစား မျက်စိတွေ နဲ့ ဇာတိရပ်ရွာ တွေ က စွန့်ခွာ ထွက်ပြေး လာကြတဲ့ မိသားစုတွေ ရဲ့ မြင်ကွင်း ကို မြင်ယောင် မိတယ် ။

“ လယ်တီ မူလတန်းကျောင်း မှာ ကျောင်း နေရတယ် ။ မူလတန်း အောင်တော့ အမှတ် - ၂ အထက်တန်းကျောင်း မှာ အလယ်တန်း နဲ့ အထက်တန်း ပညာ သင်ယူ တယ် ။ ဟိုက်စကူး နဲ့ မက်ထရစ်ကူလေးရှင်း  မခွဲခင် ၊ ၁၉၆၁ မှာ ဆယ်တန်း ဖြေတာ result မထွက် ခင် ပန်းချီကျောင်း ရောက် သွားတာ ”

ဦးအောင်မောင်း က ပြောရင်း ရယ်တယ် ။ ' Result ' ထွက်တော့ ဘာ ထွက် သလဲ ဆိုရင် ကိုးတန်း ပဲ အောင်တယ် ” လို့ သူ က ဆက်ပြောတယ် ။

“ ပန်းချီဝါသနာ တော်တော် ပါလို့လား ”

“ ငယ် ကတည်း က ရုပ်ရှင် ပိုစတာတွေ ကြည့်ပြီး တင်ညွန့် တို့ ၊ ရွှေဘ တို့ ပုံတွေ ကြည့် ဆွဲတယ် ။ ကာတွန်း ဆိုရင် လည်း စံရှား ၊ ဒိန်းဒေါင် ပုံတွေ ကူးဆွဲတာ ။ တော် တော်လေး ဝါသနာ ပါတယ် ။ ကျောင်းတွေ မှာ ပန်းချီဆရာ ရှိတယ် ။ ဆရာဦးဘထွေး ဆိုတာ ရှိတယ် ။ အခြေခံ ပုံဆွဲသင်ရိုးတွေ သင်ခဲ့ရတယ် ။ လက်ဦးဆရာ ခေါ်ရမှာပေါ့ ”

“ ကျောင်း တွေ မှာ ပန်းချီဆရာ ၊ ကာယဆရာတွေ ရှိခဲ့တာ တော်တော် ကောင်း တာပဲနော် ”

“ ကျွန်တော်တို့ ဒေသ က ဆရာကြီး ဦးလူတင် က မန္တလေး ပန်းချီကျောင်း စဖွင့်တဲ့ ၁၉၅၃ ခုနှစ် မှာ ပထမဆုံး ကျောင်းသား အနေ နဲ့ တက်တယ် ။ သူ ကျောင်း ဆင်း လာတော့ ကိုညိုသိန်း တက်တယ် ။ ဦးလူတင် က လမ်းပြသူ ဖြစ်တယ် ။ ရှေ့ က သွား နေတဲ့ လူတွေ ရှိတော့ ကျွန်တော် ဝါသနာ ပါ တာ နဲ့ ဆယ်တန်းအောင်စာရင်း မစောင့်တော့ဘဲ ပန်းချီကျောင်း ရောက် သွားတာ ”

“ ပန်းချီကျောင်း တက်တာ ဘယ် အချိန် လောက် ကလဲ ”

“ ၁၉၆၁ က ၁၉၆၄ အထိ တက်တယ် ။ ကျောင်း မှာတော့ သိပ် ထူးထူးခြားခြား ၊ အမှတ်တရ မဖြစ်ပါဘူး ။ သင်ရိုး သင်စဉ် သွားရိုး သွားစဉ် အတိုင်းပါပဲ ။ ပထမနှစ် မှာ drawing တို့ ၊ အခြေခံပန်းချီ တို့ သင်တယ် ။ ဆရာဦးကံညွန့် က Drawing ပြတယ် ။ ဒုတိယနှစ် ရောက်တော့ ရေဆေးလေး ၊ ဘာလေး စ ကိုင်တယ် ။ fine art က ဆရာဦးချစ်မြဲ ၊ commercial ကို ဆရာဦးအေးကျော် သင်တယ် ”

“ ဆယ်တန်း တော့ မဖြေတော့ဘူး ပေါ့ ”

“ ပန်းချီကျောင်း တက်ရင်း နဲ့ ဆယ်တန်း ဖြေသေးတယ် ။ ညကျောင်း တက်ပြီး ဖြေတာ ။ ၁၉၆၂ ခု ဖြေတယ် ။ ကျတယ် ။ ၁၉၆၃ ခု ဖြေတယ် ။ ကျတာပဲ ”

ဦးအောင်မောင်း က ပြောရင်း ရယ်တယ် ။

“ ပန်းချီကျောင်း ဆင်း တော့ကော ”

“ ၁၉၆၄ ခု ကျောင်း ဆင်း ပြီးရင် ဘာ လုပ်မှာလဲ ။ ပူပန်တာပေါ့ ။ ပူရင်း ပန်ရင်း နဲ့ပဲ ကုန်သွယ်ရေး က အလုပ် ခေါ်တယ် ။ ပ - က - ရ - ဖ ပြည်သူ့ကောက်ပဲသီးနှံရောင်းဝယ် ရေးအဖွဲ့ ၊ နောင်ကျ ကုန်သွယ်ရေး - ၁ ၊ နောက် ကုန်သွယ်လယ်ယာ ဖြစ်လာတယ် ။ အဲဒါ တိုးချဲ့မယ့် နှစ် ၁၉၆၅ ခု မှာ ဝန်ထမ်း ခေါ်တာနဲ့ လျှောက် လိုက်ရော ”

“ ပန်းချီကျောင်း တက်တာ နဲ့ ဘာမှ မဆိုင်တဲ့ အလုပ် ဝင် လုပ်တာပေါ့ ”

“ အရင် ကိုးတန်းအောင် လက်မှတ် နဲ့ အလုပ် ဝင် လုပ်တာ ။ ကုန်သွယ်လယ်ယာ ထဲ အလုပ် ဝင်ပြီး အဲဒီ နှစ် မှာ ပဲ အိမ်ထောင် ကျတယ် ။ ၁၉၆၈ - ၆၉ မှာ မုံရွာ လူငယ် ရေးရာညကျောင်း တက်ပြီး ဆယ်တန်း ဖြေတာ ၊ အဲဒီကျ အောင်သွား ရော “

“ တော်တော် ဇွဲ ကောင်းတာပဲ ။ အလုပ် ထဲ ရောက်တော့ မခံချင် စိတ် လည်း ရှိ မှာပေါ့ ”

“ လုပ်ငန်း ထဲ မှာ ပရိုမိုးရှင်း ကိစ္စ ရှိရင် ပညာရေး က လိုတယ်လေ ”

“ တက္ကသိုလ် တက် တော့ကော ”

“ ကျွန်တော် အလုပ် စ ဝင် တာက မုံရွာ မှာ ။ တက္ကသိုလ် တက် ရအောင် မန္တလေး ပြောင်း ပေးတော့ မန္တလေးတက္ကသိုလ် မှာ ညနေသင်တန်း တက် တာပေါ့ ။ တက်ရင်း ၊ တက်ရင်း နဲ့ လုပ်ငန်း အခြေအနေ အရ တက္ကသိုလ် စတုတ္ထနှစ် ထဲလောက် ကျ မုံရွာ ပြန် ပြောင်းရတယ် ။ ငါးနှစ် တက်ရမှာ ။ ကျောင်း မတက် ဘဲ လည်း အတက် ပြပြီး မလိမ်ချင်ဘူး ။ ပြင်ပ ဝိဇ္ဇာ ပြောင်း ဖြေတယ် ။ ၁၉၇၄ ခုနှစ် မှာ မြန်မာစာ အဓိက နဲ့ ကျောင်း ပြီး သွားတယ် ”

“ ကုန်သွယ်ရေး မှာ လုပ်ငန်းတာဝန် က ကော ”

“ လက်ထောက်ဒိုင်မှူး နဲ့ အလုပ်ဝင်ပြီး တစ်နှစ် လောက် နေတော့ ဂိုဒေါင်မှူး ၊ ဂိုဒေါင်မှူး တစ်နှစ် လုပ်ပြီး အင်ဒိုးရုံး ဝန်ထမ်း အဖြစ် ပြောင်း လိုက်တယ် ”

“ ဒိုင်မှူး တို့ ၊ ဂိုဒေါင်မှူး တို့ ဆိုတာ လူကြိုက် များတဲ့ ရာထူးမျိုးတွေပဲ မဟုတ်လား ”

“ ကိုယ့် လက်အောက် က ဝန်ထမ်းတွေ လုပ်ကြပုံ က တော်တော် စိတ်ပျက်စရာ ကောင်းတယ် ။ လက်ထောက်ဒိုင်မှူး ၊ ဂိုဒေါင်မှူး ပြင်ပလုပ်ငန်း တွေ နှစ်နှစ် လောက် လုပ်ပြီး စက်ဆုပ်တာ နဲ့ ရုံးလုပ်ငန်း ထဲ ပြောင်း လိုက်တာ ”

“ အဲဒီ အသိုက်အဝန်း မှာ ကိုယ် က သင်းကွဲ ဖြစ် မနေဘူးလား ”

“ ဖြစ်တာပေါ့ ။ ပြောလို့တော့ မကောင်းပါဘူး ”

“ ပန်းချီ အကြောင်း ပြောပါဦး ”

“ ၁၉၇၃ နှစ်ကျ လုပ်ငန်းတာဝန် နဲ့ မုံရွာ ပြန် ရောက် လာတယ် ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး အထိမ်းအမှတ် ပန်းချီပြပွဲတွေ လုပ်တော့ ကိုယ် ရေး နေတဲ့ ပန်းချီဆရာ လေးငါးယောက် အမည်တွေ ကျက်မိ လာတယ် ။ အချင်း ချင်း ဆုံမိတယ် ။ အောက်ဒိုး ထွက် ဆွဲဖြစ်တယ် ”

“ အောက်ဒိုး ဘယ်လို ဆွဲကြသလဲ ”

“ ကျွန်တော်တို့ က ဝန်ထမ်း တစ်ပိုင်း ဆိုတော့ every Sunday  ၊ ယခု အချိန် ထိ လည်း တနင်္ဂနွေနေ့ တိုင်းပဲ အောက်ဒိုး ထွက် ဆွဲ ကြတယ် ။ ကိုယ့် မြို့ပတ်လည် က ကျေးရွာတွေ ကို အများဆုံး ရောက်ဖြစ်တယ် ။ အခါအားလျော်စွာ ရောက်ဖြစ်တာ က တော့ စစ်ကိုင်း ၊ မင်းကွန်း ၊ မန္တလေး ၊ ပုဂံ ပေါ့ ။ စက်ဘီးခေတ် မှာ စက်ဘီး နဲ့ ကိုယ့် ထမင်းချိုင့် ကိုယ် ဆွဲ သွားကြတာ ”

“ ဇနီးမယား မိသားစု ဘက် က ကြည့် ရင် ရုံးပိတ်ရက် မှာ အိမ် မကပ်ဘူး လို့ မြင်မှာပဲ ”

“ ပြောရမယ် ဆိုရင်တော့ ( သူပြော နေရင်း ရယ်တယ် ။ ) အိမ်ရှင်မတွေ ထုံးစံ ပေါ့ ။ ကျွန်တော် တို့ အနုပညာ အားသန်မှု ကို နားလည် မပေးနိုင်ဘူး ။ သူတို့ အပေါ် အပြစ် မတင်ပါဘူး ။ ကိုယ် အောက်ဒိုး ထွက် ဖို့ သူတို့ ပြင်ပေးရတဲ့ ထမင်းချိုင့် က သူတို့ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး ။ ကျွန်တော့် အောက်ဒိုး သက်တမ်း မှာ ဟိုတုန်း က ဆို မြေပဲဆန်ကြော် က ပုံမှန်ပဲ ဆိုပါစို့ ။ တခြား သူ နဲ့ ဟင်းချင်း ပေါင်းတော့ စုံပြီး ဖွယ်ဖွယ်ရာရာ ဖြစ် သွား တာပဲ ။ အိမ်ရှင်မ ရဲ့ အငြိုအငြင် လျော့နိုင် သမျှ လျော့အောင်  လုပ်ရတာပေါ့ ”

သူ က ပြောရင်း ရယ်တယ် ။

“ ဝန်ထမ်း ဘဝ မှာ အောက်ဒိုး ထွက် ရတာ စိတ် အနား ရမှာပဲ ”

“ ကိုယ် ဝါသနာ ပါရာ လုပ်ရတာ မို့ ရုံးလုပ်ငန်း နဲ့ ယှဉ်ရင် လွတ်လပ်ပေါ့ပါး တာ တခြားစီ ပဲ ။ တစ်ခု ထည့် ပြောရ ရင် အောက်ဒိုးထမင်း  စား ရတာ လည်း အရသာ တစ်မျိုး ပဲ ၊ အောက်ဒိုး ဆွဲ ရင်း ကြုံတဲ့ နေရာ မှာ ဖြစ်သလို ထိုင် စားရတာ တော်တော် လေး ကောင်းတယ် ”

“ ပင်စင် ယူတာကော ”

“ ၁၉၉၈ ခုနှစ် မှာ ပင်စင် ယူတယ် ။ လုပ်သက် ၃၃ နှစ် ၊ အသက် ၆ဝ မပြည့်သေးဘူး ၊ အမှန် အတိုင်း ပြော ရရင် ကုန်သွယ်ရေးလုပ်ငန်းတွေ ကို ကျွန်တော် စိတ် ပျက်စ ပြုလာတယ် ။ အဝေး လည်း မပြောင်းချင်ဘူး ။ ကိုယ် နဲ့ လည်း သိပ် မအပ်စပ် တော့ဘူး ဆိုပြီး ပင်စင် တင် လိုက်တာ ”

“ ဟိုတယ် လုပ်ငန်း လည်း ပြောပါဦး ”

“ မူလ က ဟိုတယ်လုပ်ငန်း ကို မြန်မာ့ကုန်တိုက် က လုပ်တာ ။ နောက် ပုဂ္ဂလိ က ကို ငှားတယ် ။ ကျွန်တော် ပင်စင် ကျပြီး ဟိုတယ် မှာ ဆက် လုပ်ဖြစ်တာ ။ ကျွန်တော် က ပွင့်ပွင့်လင်းလင်း ပြောရရင် ရောင့်ရဲတဲ့ သဘော ၊ အေးအေးဆေးဆေး နေတဲ့ သဘော ရှိတယ် ”

◾ကျော်ရင်မြင့်

📖 ဘဝကြေးမုံ အဖြစ်စုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment