Sunday, January 14, 2024

ဒါလောက်လဲ အထင် မကြီးနဲ့ဦးလေ


 

❝ ဒါလောက်လဲ အထင် မကြီးနဲ့ဦးလေ ❞

ကျွန်ုပ်တို့ သည် ဆားပုလင်းနှင်းမောင် ၏ အိမ် သို့ ရောက်ရှိ ခဲ့ကြလေတော့၏ ။ အိမ် သို့ ရောက် လျှင် ရောက်ချင်း ဆားပုလင်းနှင်းမောင် သည် ၎င်း ၏ တပည့် ကု'လား ကလေး မူတူး ကို လက်ဖက်ရည်များ မှာယူ ခိုင်း လိုက်လေ၏ ။

မူတူး လည်း အားရဝမ်းသာ ပြေး သွားလေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် က

“ ဟေ့ ချွတ်ကရား ၊ ချင်းနီထိုးရား ”

ဟု လက်ဖက်ရည် ၌ သကြား လျှော့ ၍ ထည့်ရန် မှာ လိုက်လေ၏ ။

ထိုအခါ ဦးကိုကိုကြီး က

“ ချင်းနီထိုးရား မလုပ်ပါနဲ့ဗျာ ၊ ချိုချို သောက်ချင်ပါတယ် ”

ဟု ပြော လိုက်လေ၏ ။

“ အိမ် မှာ သကြား ရှိပါတယ် ဦးကိုကိုကြီး ရဲ့ ၊ ချိုချို ကြိုက်တော့ လဲ သကြား ထပ် ပြီး ထည့် သောက် တာပေါ့ ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။ ကျွန်ုပ် မှာ မူ လက်ဖက်ရည် ကိစ္စ ၌ ဝင်ရောက် ပြောဆိုခြင်း မပြုဘဲ ဆေးတံ ကို ထုတ်ကာ ဆေး ဖြည့်၍ ဆေးတစ်ဆုံ နှင့် မှိန်း ၍ နေလေ၏ ။ ဆားပုလင်းနှင်းမောင် လည်း စီးကရက်ဘူး ကို ထုတ်၍ စီးကရက် တစ်လိပ် ကို နိုက် ထုတ် ကာ စီးကရက်ဘူး ပေါ် ၌ တဒေါက်ဒေါက် ခေါက် ၍ နေလေ၏ ။ ထိုအခါ ဦးကိုကိုကြီး က ဆားပုလင်းနှင်းမောင် အား

“ အိုင်ဆေး ၊ ဒီ အတိုင်း ဆို လူသ,တ်မှု က ပေါ်ပြီ ပေါ့ နော် ”

ဟု မေး လိုက်လေ၏ ။

ဆားပုလင်းနှင်းမောင် သည် ပြုံး၍

“ ကျုပ် ကို ဒီလောက်ပဲ အထင် မကြီး နဲ့ ဦးလေ ဦးကိုကိုကြီး ရဲ့ ၊ အလုပ် လုပ် စရာ ရှိတာတွေ အများကြီး ကျန်ပါသေးတယ် ”

ဟု ပြန်၍ ပြောလိုက်လေ၏ ။

“ ဒါနဲ့ ခင်ဗျား က သေတဲ့ လူ ဟာ မြေနီကုန်း နဲ့ သင်္ဃန်းကျွန်း ဘက် မှာ နေတဲ့ သွားစိုက်ဆရာ ကျင်စိန် ၊ သို့မဟုတ် ကျင်ဝမ် ဖြစ်တယ် ၊ သ,တ်တာ ဟာ အဆိပ် နဲ့ သ,တ်တာ ၊ သတ်တဲ့ လူသ,တ်သမား ဟာ မျက်မှန် အထူကြီး တပ် ထားတယ် ၊ သူ့ နာမည် က ကိုကြာပွတ် ဖြစ်တယ် ၊ အရပ် မြင့်မြင့် ၊ ခွန်အားဗလ ကောင်းကောင်း လူ တစ်ယောက် လဲ ဖြစ်တယ် လို့ ဟို ငတိတွေ ကို ပြောခဲ့တယ် မဟုတ်လား ”
ဟု ဦးကိုကိုကြီး က ပြန်၍ ပြော လိုက်လေ၏ ။

“ ဟုတ်တယ်လေဗျာ ဒါပေမဲ့ ဒီ အမှု က ဒီလောက် သိရုံ နဲ့ မရသေးဘူး ဗျ ။ နောက်ထပ် လူသ,တ်မှုတွေ ဖြစ်ချင် ဖြစ်ကြလိမ့်ဦးမယ် ဦးကိုကိုကြီး ”

ဟု ဆားပုလင်း နှင်းမောင် က ပြန်၍ ပြော ပြီးလျှင် ရေခဲတောင်တံဆိပ် စီးကရက် ကို သူ ၏ နှုတ်ခမ်း ၌ တေ့ ၍ မီးခြစ် ကို “ ထောက် ” ခနဲ ခြစ် ကာ မီး တို့ လိုက်လေ၏ ။

ထိုအခါ ကျွန်ုပ် လည်း ဆေးတံ ကို ခေတ္တ ချ ၍

“ နေစမ်းပါဦး အိုင်ဆေး ရယ် ၊ သေနေတဲ့ လူ ဟာ အိမ်ရှင် မဟုတ်ဘူး ဆိုတာ ခင်ဗျား ဘာကို ကြည့်ပြီး ပြောတာလဲ ”

ဟု မေး လိုက်မိလေ၏ ။

“ မျက်လှည့် ဆိုတာ လိမ်တယ် ဆိုပေမယ့် အလွန် ကြည့်လို့ ကောင်းတဲ့ ဟာမျိုး ပဲ ၊ ဒါပေမဲ့ မျက်လှည့်ဆရာ ဟာ စေတနာ ပိုပြီး သူ့ ရဲ့ လိမ်နည်း ကို ပရိသတ် ကို ရှင်း ပြ လိုက် ရင်တော့ ကြည့် ရတာ အရသာ မရှိတော့ဘူး ဗျ ၊ ပေါ့ရွှတ်ရွှတ်ကြီး ဖြစ် သွားရော ၊ ဒီ ကိစ္စ မှာလဲ ဒီလိုပဲ ၊ သေနေတဲ့ အလောင်းကြီး ကို အားလုံး မြင်ကြတာပဲ ၊ သေတဲ့ လူ ဟာ ဒီ အိမ် ရဲ့ ပိုင်ရှင် ပဲ လို့ လဲ အားလုံး ထင် နေကြတာ ၊ ဒါပေမဲ့ ကျုပ် က ဒီ လူ ဟာ အိမ်ရှင် မဟုတ်ဘူး လို့ ပြော ခဲ့တယ် ၊ အဲဒီ အခါ မှာ အိုင်ပီ တို့ ဟာ တအံ့တဩ ဖြစ် နေကြတယ် ၊ ဘယ်လိုများ သိပါလိမ့် နဲ့ စဉ်းစားလို့ မရနိုင်အောင် ရှိ နေကြတယ် ၊ ဒါပေမဲ့ ဘာကြောင့် သိတယ် ဆိုတဲ့ အချက် ကို ကျုပ် က အခု ပြောပြ လိုက်ရင် အားလုံး အရသာ ပျက် ကုန် လိမ့်မယ် ၊ တခြား ဟုတ်ရိုးလား အိုင်ပီရယ် ၊ ကု,လားထိုင် နား က နံရံ မှာ တွေ့တဲ့ လမ်းလျှောက် တုတ်ကောက် ပေါ့ ဗျာ ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။

ထိုအခါ ဦးကိုကိုကြီး သည် အခင်း ဖြစ်ပွားရာ “ သန်းခေါင်ကြယ်ရိပ်သာ ” အိမ်ကြီး ဆီ မှ ယူလာသော တုတ်ကောက် ကို ဆွဲယူ ကြည့်ရှု ပြီးလျှင် ခေါင်း ကို ခါယမ်း လျက် “ တုတ်ကောက် က တုတ်ကောက် ပဲ ဗျာ ၊ ဘယ်လိုများ ထူးခြားလို့တုံး ကိုနှင်းမောင် ရယ် ” ဟု ပြော လိုက်လေ၏ ။

ဆားပုလင်းနှင်းမောင် သည် စီးကရက် ကို ပြာ ခြွေ ရင်း

“ ကျုပ် ပြောဖူးတယ် မဟုတ်လား ၊ အကျိုးတရား ကို တွေ့ရင် သူ နဲ့ အတွဲ ညီမယ့် အကြောင်းတရား ကို ရှာပြီး ဆက်စပ် ကြည့်ဖို့ ဆိုတာလေ ၊ ဟောဒီ လမ်းလျှောက် တဲ့ တုတ်ကောက် ကို တွေ့တော့ လမ်းလျှောက် တဲ့ နေရာမှာ မပါ မဖြစ်တဲ့ ဖိနပ် နဲ့ ဆက်စပ် ကြည့် တာပေါ့ဗျ ၊ အိုင်ပီ ရော ဦးကိုကိုကြီး ရော ဟောဒီ တုတ်ကောက် ကို ကြည့်ကြစမ်းပါ ။ ထိပ်ဖျား မှာ တပ် ထားတဲ့ ကြေးကွင်းကလေး ဟာ တစ်ခြမ်း စားပြီး ပွန်း နေတာ ကို တွေ့တယ် မဟုတ်လား ၊ ဒီ တုတ်ကောက် ပိုင်ရှင် ဟာ အတော့် ကို လမ်းလျှောက် ထား တဲ့ လက္ခဏာ ပဲ ၊ ဒါပေမဲ့ ဖိနပ်စင် က ဖိနပ်တွေ ကို သွားပြီး ကြည့်တဲ့ အခါ ကျ တော့ အိမ်ရှင် ဟာ အတော့် ကို လမ်းလျှောက် နည်းတဲ့ လက္ခဏာ ကို တွေ့တယ် ၊ ဒီထက် ပိုပြီး သေချာတာ ကတော့ ကြေးကွင်းကလေး ထဲ မှာ ကပ်နေတဲ့ မြေကြီး ကို ဓား နဲ့ ခြစ်ပြီး ထုတ် ကြည့်တယ် ၊ အထဲ က မြေနီမှုန့်တွေ ထွက်လာတယ် ၊ မြေနီ က လဲ တခြား မြေနီမျိုး မဟုတ်ဘူး ၊ ရန်ကုန်မြို့ မှာ ဆိုရင် ဒီ မြေကြီး အရောင်မျိုး ဟာ မြေနီကုန်း နဲ့ သင်္ဃန်းကျွန်း ဘက် မှာ ပဲ ရှိတယ် ၊ အိမ်ရှင် ရဲ့ ဖိနပ်စင် မှာ ရှိတဲ့ ဖိနပ်တွေ ကို ကြည့်တဲ့ အခါ မှာ ဖိနပ်ခွာ မှာ ကပ် နေတဲ့ မြေကြီး အရောင် ဟာ ဒီ အရောင် နဲ့ တူတာ လုံးဝ မတွေ့ခဲ့ရဘူး ၊ အဲဒီတော့ တုတ်ကောက် ဟာ အိမ်ရှင် ရဲ့ တုတ်ကောက်ထိပ် မှာ တွေ့တဲ့ မြေကြီး နဲ့ တစ်ထေရာ တည်း တူ တယ် ၊ ဒါကြောင့် ဒီ တုတ်ကောက် ဟာ အိမ်ရှင် ရဲ့ တုတ်ကောက် လုံးဝ မဖြစ်နိုင်ဘူး ၊ ဧည့်သည် ရဲ့ တုတ်ကောက် ဖြစ်လိမ့်မယ် ၊ သေ နေတာ ဟာ လဲ အိမ်ရှင် မဖြစ်နိုင်ဘူး ၊ ဧည့်သည် ပဲ ဖြစ်လိမ့်မယ် ”

ဟု ဆားပုလင်းနှင်းမောင် က ́ပြော လိုက်လျှင် ဦးကိုကိုကြီး က

“ ဧည့်သည် က လဲ ဗျာ ၊ ဖိနပ် ကို အိမ်ရှေ့ မှာ မချွတ်ဘဲ ဘာဖြစ်လို့ အိမ်ဘေး မှာ သွားပြီး ချွတ် ထား ရတာတုံး ”

ဟု မေး လိုက်လေ၏ ။

“ ဒီ အချက် ဟာ အရေးကြီး တဲ့ အချက်ပေါ့ ဦးကိုကိုကြီး ရဲ့ ၊ ဧည့်သည် ဟာ အိမ်ရှင် က ကျေကျေနပ်နပ် ဖိတ်မန္တက ပြုလို့ လာတဲ့ ဧည့်သည်မျိုး မဟုတ်ကြောင်း ထင်ရှားတာ ပေါ့ဗျာ ၊ ဒီ လူ ဟာ သူ့ ဖိနပ် ချွတ် ထားတဲ့ နေရာ က နေ အိမ် ရဲ့ အပေါ်ထပ် လသာဆောင် ကို တွယ်ပြီး တက်ခဲ့တဲ့ လက္ခဏာ ပဲ ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။

ထိုအခါ ကျွန်ုပ် က

“ လသာဆောင် ကို တွယ်ပြီး တက် တာတော့ ဟုတ်ပါပြီ ၊ အဲဒီလို အခါမျိုး မှာ တောင် အဲဒီ လူ ဟာ တုတ်ကောက် ကို မထားခဲ့ဘူး ဆိုတာ စဉ်းစား စရာပဲ ”

ဟု ပြော လိုက်လျှင် ဆားပုလင်းနှင်းမောင် က

“ ဒီလောက် တောင် တုတ်ကောက် ကို စွဲစွဲလမ်းလမ်း ဖြစ်နေတဲ့ လူ ဆို တာ ဘယ်လို လူမျိုး ဖြစ် မှာတုံး ၊ တုတ်ကောက် ဆိုတဲ့ ပစ္စည်း ဟာ ဘာကိစ္စ မှာ သုံး တာ တုံး ၊ လမ်းလျှောက် တဲ့ ကိစ္စ မှာ သုံးတာ မဟုတ်လား ၊ အဲဒီလို လမ်းလျှောက် တဲ့ ကိစ္စ မှာ တုတ်ကောက် မပါရင် မဖြစ် ကို မဖြစ်တဲ့ လူ ဆိုတာ ဘယ်လို လူမျိုး ဖြစ်သတုံး ”

ဟု ပြော လိုက်လေ၏ ။

“ တုတ်ကောက် မပါဘဲ လမ်းလျှောက် လို့ မဖြစ်တဲ့ လူ ဆိုတာ ခြေထောက် တစ်ဘက် မသန်တဲ့ လူ ဖြစ် မှာပေါ့ ”

ဟု ကျွန်ုပ် က ပြန် ၍ ဖြေ လိုက်လျှင် ဆားပုလင်း နှင်းမောင် က

“ အစစ်ပေါ့ ဗျာ ၊ ဒီ လူ ဟာ ခြေထောက် တစ်ဘက် မသန်တာ တော့ မဟုတ်ဘူးဗျ ။ တစ်ဘက် ဟာ အခြား တစ်ဘက်ထက် တစ်လက်မ လောက် နိမ့် နေတယ် ၊ ခင်ဗျား တို့  သေသေချာချာ မကြည့်လို့ပါ ။ ကြည့်ရင် တွေ့ပါတယ် ”

ဟု ပြော လိုက်လေ၏ ။

ထိုအခါ ဦးကိုကိုကြီး က

“ ဒီလို ကိုနှင်းမောင် က ရှင်း ပြ လိုက်တော့လဲ ကျုပ် ခေါင်း ထဲ မှာ ရှင်း သွားတာပဲ ဗျို့ ၊ နို့မဟုတ်ရင်တော့လား ကျုပ် ခေါင်း ထဲ မှာ သပွတ်အူ နဲ့ စာပေါင်းသိုက် နှစ်ခု ပေါင်းပြီး ထည့် ထား သလိုပါပဲဗျာ ”

ဟု ပြော လိုက်ရာ ကျွန်ုပ် နှင့် ဆားပုလင်းနှင်းမောင် တို့ ရယ်မော ကြရ လေတော့၏ ။

ထို့နောက် ကျွန်ုပ် က

“ ဒီ အိမ် မှာ နေတဲ့ လူ ဟာ လူသ,တ်သမား ဖြစ်တယ် ဆိုတာတော့ ရှင်းပါပြီ ၊ မျက်မှန် အထူကြီး တပ် ထားတယ် လို့ ခင်ဗျား ဘာကြောင့် ပြော နိုင်တာလဲ အိုင်ဆေး ရဲ့ ”

ဟု မေး လိုက်ရာ ဆားပုလင်းနှင်းမောင် က

“ နံရံ မှာ ကပ်ပြီး ထောင် ထားတဲ့ စာအုပ်စင်ကြီးတွေ ၊ ဗီရိုကြီးတွေ နဲ့အပြင် ထည့် ထားတဲ့ စာအုပ်ကြီးတွေ က အောက်ထပ် မှာ ရော အပေါ်ထပ် မှာ ရော ပြည့် နေတာပဲ ၊ ဒီလောက် စာဖတ်တဲ့ လူ ဟာ မျက်စိ မှုန်ရောပေါ့ ဗျာ ၊ မှုန်တာမှ နည်းနည်းကလေး မှုန်တာ မဟုတ်ဘူး ၊ အတော့် ကို မှုန် လိမ့်မယ်ဒါ့ ၊ အဲဒီတော့ မျက်မှန် အထူကြီး တပ်ထား ဖြစ်လိမ့်မယ် ၊ ဒီအချက် ကို သဘော တူရဲ့လား ”

ဟု ပြန်၍ ပြော လိုက်လေ၏ ။

“ အရပ် ထောင်ထောင်မောင်းမောင်း ခွန်အားဗလ ကောင်းကောင်း ဆို အချက် က ရော ဗျာ ”

ဟု ဦးကိုကိုကြီး က ဝင်၍ မေး ပြန်လေ၏ ။

“ အပေါ်ထပ် ကို ကျုပ် တက်ပြီး လေ့လာတုန်း က ကြယ်တာရာပုံ တွေ ရေး ထား အခန်း က နေပြီး လသာဆောင် ကို တက်တဲ့ တံခါးပေါက် တစ်ခု ကို တွေ့တယ်ဗျ ။ အဲ တံခါးပေါက် ဟာ ပွင့် နေတယ် ၊ ဒီ တံခါး လုပ်ထားပုံ က လဲ အဆန်းဗျ ၊ ဖွင့်ချင်တဲ့ အခါမှ အပေါ် ကို တွန်းတင်ပြီး ကန့်လန့် ထိုး ထားရတယ် ၊ တိုးကြောင်ကလေး လော်ကယ်ရထား တွဲ တွေ မှာ တပ်ထားတဲ့ တံခါးမျိုး ပေါ့ဗျာ ၊ ပိတ်ချင်တဲ့ အခါ မှာ တော့ ကန့်လန့် ကို ဖြုတ်ပြီး တံခါးအောက် ကို ဆွဲ ချ ရတယ် ၊ တံခါးကြီး က လဲ ပျဉ်းကတိုးသား နဲ့ လုပ်ထားတာ လေးလိုက်တာ လွန်ပါရော ဗျာ ၊ ခွန်အားဗလ မရှိတဲ့ လူ ဆိုရင် ဒီ တံခါး ကို နှစ်ရက် ထက် ပိုပြီး အသုံးပြုမှာ မဟုတ်ဘူး ၊ ဒါကြောင့် ဒီ လူ ဟာ ဗလကောင်းကောင်း လို့ ပြောတာ ၊ ပြီးတော့ တံခါး ကို ကျုပ် လှမ်းပြီး ကိုင် ကြည့်သေးတယ် ၊ ကျုပ် တောင် ခြေဖျား နည်းနည်း ထောက် မှ အဲဒီ ချက် ကို မီ တယ်ဗျ ၊ ကျုပ် အရပ် က ငါးပေဆယ်လက်မ ဆိုရင် ဒီ လူ ဟာ ခြောက်ပေ လောက် ရှိလိမ့်မယ် ၊ ဒီ အချက် ဟာ ထောင်ထောင်မောင်းမောင်း ဆိုတဲ့ အချက်ကို ဖော် တာပဲ ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်ရာ ဦးကိုကိုကြီး က

“ အခုလို ကိုနှင်းမောင် ရှင်း ပြလိုက်တော့လဲ ကျုပ် ခေါင်း ထဲ မှာ ရှင်း သွားတော့တာပဲဗျာ ၊ နို့မဟုတ်ရင်တော့ လား ၊ ကျုပ် ရဲ့ ခေါင်း ထဲ မှာ သပွတ်အူ ရယ် ၊ စာပေါင်းသိုက် ရယ် ၊ ဆံပင်ခြည်ထွေး ရယ် ရောပြီး ထည့် ထားတဲ့ အတိုင်းပါပဲဗျာ ”

ဟု ပြော ဆို ပြီး တဟားဟား ရယ်မောလေတော့၏ ။ ကျွန်ုပ်တို့ လည်း ၎င်း နှင့် အတူ ရယ်မော ရ လေတော့၏ ။

ထို့နောက် ဆားပုလင်းနှင်းမောင် က

“ ကျုပ် ဟာ အဲဒီ တံခါးပေါက် က နေပြီး လသာဆောင် ကို တက် သွားတယ် ။ အဲဒီ လသာဆောင် က နေ အောက် ကို ငုံ့ ကြည့် လိုက်တော့ ဖိနပ်တရံ တွေ့ရတယ် ။ အဲဒီလို တွေ့ရတယ် ဆိုရင်ပဲ ဒီ လူ ဟာ ဒီ က နေ တွယ် တက် လာတာ ဖြစ်မှာပဲ လို့ စဉ်းစားတယ် ။ ဒါပေမဲ့ အတော်ကလေး မြင့် တယ် ဗျ ၊ တော်ရုံ ကျွမ်းကျင်တဲ့ လူ ဆိုရင်တော့ အပေါ် ရောက် အောင် လသာဆောင် က နေပြီး ဖိနပ် ရှိ တဲ့ နေရာ အထိ ကျုပ် က တွယ်ပြီး ဆင်း ကြည့်တယ် ၊ အဲဒီက နေ ပြန်ပြီး တက် ကြည့်တယ် ၊ အတော်ကလေး ခက်ခက်ခဲခဲ တက် ရတယ် ၊ အဲဒီတော့ သေတဲ့ လူ ဟာ အိမ်ရှင် ကို သ,တ်ဖို့ ဆိုပြီး အဲဒီကနေ တွယ် တက် လာ တာ ကတော့ အမှန်ပဲ ၊ ဒီမှာ စဉ်းစားစရာ တစ်ချက် ရှိနေတယ် ၊ သူ သ,တ်ရမယ့် လူ ဟာ ဗလ ကောင်းကောင်း အရပ် ထောင်ထောင်မောင်းမောင်း ဆိုတာ သိပါ လျက် နဲ့  ။ ခြေထောက် တစ်ဘက် ထော့နင်း ထော့နင်း သွား နေရတဲ့ လူဖလံကလေး က အိမ် ထဲ ကို မရမက ဝင် လာတယ် ဆိုတဲ့ အချက်ပဲ ၊ သူ ဟာ ဘယ်နည်း နဲ့ မှ ထောင်ထောင်မောင်းမောင်း လူကြီး ကို သ,တ်ပုတ်နိုင်မှာ မဟုတ်ဘူး ၊ ဒါကို ရဲရဲဝံ့ဝံ့ကြီး ဝင်လာတယ် ဆိုတာ ဘာကို ဖော်ပြ နေသလဲ ဆိုတော့ ထောင်ထောင်မောင်းမောင် လူကြီး ကို နိုင်တဲ့ လက်နက် သူ့ မှာ ပါ လာတယ် ဆိုတာ ထင်ရှားတာပေါ့ ”

ဟု ပြော လိုက်လျှင် ဦးကိုကိုကြီး က

“ ဒီ တုတ်ကောက် ကို ပြော တာလား ”

ဟု မေး လိုက်လေ၏ ။

“ ဒီ တုတ်ကောက် လောက် နဲ့ ဘယ် ရလိမ့်မလဲ ဦးကိုကိုကြီး ရယ် ၊ ခြောက်လုံးပြူး တစ်လက် လောက် တော့ ပါလိမ့်မယ် ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။

ထိုအခါ ကျွန်ုပ် က ဆေးတံ မှ မီးကျွမ်းသော ဆေးစာများ ကို ခေါက် ချရင်း

“ သ,တ်မယ့်ဟာပဲ ဗျာ ၊ ဘာကြောင့်များ ခက်ခက်ခဲခဲ အိမ် ထဲ ကို ဝင် နေတာတုံး ခြံ ထဲ ဆင်းတဲ့ အချိန် ကို ချောင်းပြီး သေနတ် နဲ့ ပစ်ရင် ပြီးတဲ့ ဥစ္စာ ”

ဟု ပြော လိုက်ရာ ဆားပုလင်းပုလင်းနှင်းမောင် က

“ သ,တ်ရုံ သက်သက် ဆိုရင် အိုင်ပီ ပြောသလို ဖြစ် နိုင်တာပေါ့ဗျာ ၊ ဒါပေမဲ့ ဒီ လူ ဟာ သ,တ်ရုံ သက်သက် လာတာ မဟုတ်ဘူး ဗျ ၊ တခြား အပေးအယူ ကိစ္စ တစ်ခု ရှိနေလိမ့်မယ် ၊ အဲဒါကြောင့် အိုင်ပီ ပြော သလို တစ်နေရာရာ က နေ ချောင်းပြီး သေနတ် နဲ့ ချိန်ရမယ် ၊ သူ လိုချင်တာ ကို တောင်း ရမယ် ”

ဟု ပြော လိုက်လေသည် ။

ထိုအခါ ဦးကိုကိုကြီး က

“ ကဲ ဗျာ ၊ အိမ် ထဲ ကို လဲ ရောက်ပြီ သေနတ် နဲ့ လဲ ချိန် ထား ပြီ ၊ ဘယ့်နှယ်ကြောင့် သူ က သေသွားရတာတုံး ”

ဟု မေး လိုက်လေ၏ ။

“ မှန်တာပေါ့ ဦးကိုကိုကြီး ရယ် ၊ သိပ်ပြီး မေးသင့်တဲ့ မေးခွန်းပေါ့ ။ ဒီလိုဗျ ၊ ဒီ လူ က အိမ် ထဲ ကို ရောက် အောင် ဝင် လာပြီး သူ သ,တ်ရမယ့် လူ ကို အပေါ်ထပ် မှာ ရှာ ကြည့်တယ် ။ အပေါ်ထပ် မှာ မတွေ့တဲ့ အခါ မှာ အောက်ထပ် ကို ဆင်း လာတယ် ၊ အောက်ထပ် လဲ ရောက် ရော ၊ ဟို လူ့ ကို သူ က သေနတ် နဲ့ ချိန်ပြီး အကျပ် ကိုင် တော့တာပဲ ၊ အဲဒီ အခါ မှာ သူ့ ရဲ့ ငယ်ထိပ်တည့်တည့် ကို အဆိပ်မြား တစ်စင်း က လာပြီး မှန်တာဗျ ”

ဟု ဆားပုလင် နှင်းမောင် က ပြော လိုက်လေ၏ ။

ထိုအခါ ဦးကိုကိုကြီး ရော ကျွန်ုပ် ပါ ထိတ်ထိတ်ပျာပျာ ဖြစ် လျက်

“ နေပါဦး ၊ သေနတ် နဲ့ အချိန် ထား ခံ ရတဲ့ လူ က သူ့ ငယ်ထိပ် ကို ဘယ်လို လုပ် အဆိပ်မြား နဲ့ ပစ် လိုက်နိုင်တာတုံးဗျ ”

ဟု မေးလိုက်ကြလေ၏ ။

“ သေနတ် နဲ့ အချိန် ခံထားရတဲ့ သူ က ဘယ်လို လုပ်ပြီး မြား နဲ့ပစ်နိုင် မှာ တုန်း ဗျာ တခြား တစ်ယောက် က ဝင်ပြီး ပစ်ပေး မှ ဖြစ်တော့မှာ ပေါ့ ၊ မြား မှန်တဲ့ နေရာ က ငယ်ထိပ် မှာ ဆိုတော့ ပစ်တဲ့ လူ ဟာ အပေါ် က နေ ပစ် တာ ဖြစ်လိမ့်မယ် ”

ဟု ဆားပုလင်း နှင်းမောင် က ပြော လိုက်လေ၏ ။

“ ဘယ်လိုများ ဒီ အချက် ကို ခင်ဗျား က သိတာလဲ ဗျာ ”

ဟု ဦးကိုကိုကြီး မေး လိုက်လေ၏ ။

“ သေ နေတာ က ဒဏ်ရာ မရှိဘဲ သွားကြီး ဖြဲပြီး သေနေပုံ ကို မြင် ကတည်း က “ အဆိပ် ” ဆိုတာ ကျုပ် သိပါတယ်ဗျာ ၊ ဒါပေမဲ့ ဘယ်လို လုပ်ပြီး မှ ဒီ လူ ကို အဆိပ် တိုက် သ,တ်တာ မဖြစ်နိုင်ဘူး ၊ အဆိပ် ပါတဲ့ မြား နဲ့ ပစ်တာ ဖြစ်မယ် လို့ တွေး မိတယ် ၊ အဆိပ် ဟာ လဲ ကြီး ရင် မြင် ရမှာပေါ့ဗျာ ၊ မြား ကို မမြင်ရ ကတည်း က အလွန် သေးတဲ့ မြား ဖြစ်ရမယ် ၊ အလွန် သေးတဲ့ မြား ဆိုတာ တခြား နည်း နဲ့ ပစ်လို့ မရဘူးဗျ ၊ ပြောင်း နဲ့ မှုတ်တာ ဖြစ်လိမ့်မယ် လို့ စဉ်းစား မိတယ် ၊ တခြား နေရာ မှာ မြား ကို ကြည့်လို့ မမြင်တာ နဲ့ ဆံပင် ထဲ ရှိမှာပဲ ဆိုပြီး ဘီး နဲ့ ဖြီး ကြည့်တာ ၊ ကဲ အိုင်ပီ ကျုပ် ပေးလိုက်တဲ့ မြားကလေး ပြစမ်းပါ ”

ဆားပုလင်းနှင်းမောင် က ပြော သဖြင့် ကျွန်ုပ် သည် သံဘူးကလေး ၌ ထည့်၍ သိမ်းဆည်း ထားသော မြားကလေး ကို ထုတ် ပေးလိုက်လေ၏ ။ 

“ သေးသေးကလေး ပါ လား ၊ ဒါလေးနဲ့ ကို လူ တစ်ယောက် သေတော့တာ ကို ”

ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။

“ ဒီ မြားမျိုး က ဖင် မှာ ငှက်မွေး တို့ ငှက်တောင် တို့ တပ် ထားရတယ်ဗျ ၊ ဒါမှ လေ နဲ့ မှုတ် လိုက်ရင် မြားကလေး က “ ဝှစ် ” ခနဲ ထွက် သွားမှာပေါ့ ၊ ဒါပေမဲ့ ဒီ မှာ တော့ ငှက်မွေး မပါဘူး ၊ ဖင် ကို နည်းနည်းကလေး ဖွ ထားတာ တစ်ခုပဲ ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။

ထိုအချိန် မှာ ပင် ကု'လားလေး မူတူး မှာ ခဲ့သော လက်ဖက်ရည် နှင့် မုန့်များ ရောက်လာ သဖြင့် ကျွန်ုပ် တို့ သည် စားသောက်ရင်း အမှု အကြောင်း ကို ဆက်လက်၍ ပြောဆို ကြလေတော့၏ ။

ကျွန်ုပ် သည် လက်ဖက်ရည် ကို မော့ချပြီး နောက် ပါးစပ် ကို လက်သုတ်ပဝါ နှင့်  သုတ်ရင်း ဆားပုလင်းနှင်းမောင် အား

“ အိုင်ဆေး ၊ သေတဲ့ လူ က သွားစိုက်ဆရာ လို့ ခင်ဗျား ပြောခဲ့တာ ရှိသေးတယ် ”

ဟု မေး လိုက်လေ၏ ။

ဆားပုလင်းနှင်းမောင် လည်း လက်ဖက်ရည်ပန်းကန် ကို အောက်သို့ ချရင်း

“ ဒါက ဒီလို ၊ ဟောဒီမှာ ကြည့်စမ်းပါ ”

ဟု ဆိုကာ တုတ်ကောက် ၏ လက်ကိုင် နှင့်  ၊ တုတ်တံ ဆက် ထားသော နေရာ ဆက်ကြောင်း ကြားကလေး အတွင်း သို့ မောင်းချဓား ဦးချွန် ဖြင့် ခြစ် လိုက်ရာ ဖြူဖြူအမှုန့် အနည်းငယ် ကျ ၍ လာလေ၏ ။

ထို့နောက် တုတ်ကောက် ထိပ် ရှိ ကြေးကွင်း အထက် နား ရှိ တုတ် နှင့် ကြေးကွင်း ထိစပ် နေသော နေရာ ကို လည်း မောင်းချဓား ဖြင့် ခြစ်ချ ၍ ပြ ပြန်၏ ။ အထက် က အတိုင်း ဖြူဖြူ အမှုန့်များ ကျ လာပြန်၏ ။

“ ကျောက်မှုန့်တွေပဲ ”

ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။

“ မှန်ပါတယ် ဦးကိုကိုကြီး ၊ ဒီလို ကျောက်မှုန့်မျိုး ကို ဘယ်နေရာ မှာ ခင်ဗျား တွေ့ဖူးသလဲ ”

ဟု ဆားပုလင်းနှင်းမောင် က မေး လိုက်လေ၏ ။

“ ဆေးရုံ မှာ တွေ့ဖူးတယ် ဗျ ၊ ခြေကျိုး လက်ကျိုးတွေ ကို ပတ်တီး စီးပြီး အပေါ် က အုံ ပေးတာလေဗျာ ၊ POP ကိုင်တယ် လို့ ခေါ်တယ် မဟုတ်လား ”

ဟု ဦးကိုကိုကြီး က ပြန် ၍ ပြောလေ၏ ။

“ မှန်ပါတယ် ၊ ဆေးရုံ မှာ သုံးတဲ့ POP ပါပဲ ၊ “ ပလာစတာအောဖ်ပဲရစ် ” လို့ ခေါ်တဲ့ ကျောက်မှုန့်ပါပဲ ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လျှင် ဦးကိုကိုကြီး က 

“ ဒါဖြင့်ရင် သေတဲ့ လူ ဟာ ဆေးရုံ နဲ့ပတ်သက်တဲ့ လူပေါ့ ”

ဟု ပြောလေ၏ ။

ဆေးရုံ နဲ့ ပတ်သက်တယ် လို့ ယူ လိုက်ရင် အတွေး ရထားကြီး လမ်း ချော် သွားလိမ့်မယ် ။ ဆေးရုံ က ပစ္စည်း တစ်ခု နဲ့ ပတ်သက်တယ် လို့ ပဲ ထား လိုက်ပါ ၊ ဟောဒီ လက်ကိုင် နဲ့ တုတ် နဲ့ ဆက် ထားတဲ့ နေရာမှာ ရှိတဲ့ ကွင်းကလေး ရယ် ၊ ဟောဒီ သစ်သား မှာ ထွင်းပြီး ထည့် ထားတဲ့ KW ဆိုတဲ့ စာလုံးကလေး ရယ် ဟာ ဘာ နဲ့ လုပ်ထားတာလဲ ”

ဟု ဆားပုလင်းနှင်းမောင် က မေး သဖြင့် ကျွန်ုပ် လည်း တုတ်ကောက် ကို ဆွဲယူ ၍ ကြည့် ပြီး လျှင်

“ ဒန်အိုးဒန်ခွက် လုပ်တဲ့ ဒန်စ ဖြစ်မယ်ဗျ ”

ဟု ပြော လိုက်ရာ ဆားပုလင်း နှင်းမောင် က

“ မဟုတ်ဘူး ၊ ဒန်စ ဆိုရင် ဒါလောက် မပြောင်ဘူး ၊ ပြီးတော့ မယုံရင် ဟောဟို ပေါ် မှာ ပြဒါး ထည့်ထားတဲ့ ပုလင်း ရှိတယ် ၊ ပြဒါး နဲ့ပွတ် ကြည့်ပါ ၊ ဒန် သာ ဆိုရင် ပြဒါး ကို စား ပစ်လိမ့်မယ် ”

ဟု ပြော သဖြင့် ဦးကိုကိုကြီး က ပြဒါး ကို ယူ၍ ထို အရာများ ပေါ်သို့ တို့ ၍ ကြည့်ရာ မည်သို့မျှ ထူးခြားခြင်း မရှိသည် ကို တွေ့ ရလေတော့၏ ။

ထို့ကြောင့် ဦးကိုကိုကြီး က

“ ငွေ လဲ မဖြစ်နိုင်ဘူး ၊ အို သိပြီ ၊ သိပြီ ၊ ပလက်တီနမ် ဖြစ်လိမ့်မယ် ”

ဟု ပြော လိုက်လေ၏ ။

“ ဟုတ်တယ် ဦးကိုကိုကြီး ၊ ပလက်တီနမ် ပါ ပဲ ၊ ပလက်တီနမ် ဆိုတာ ရွှေဖြူ ပေါ့ ဗျ ။ ဥရောပတိုက်သူ တွေ တော့ နှစ်သက်ကြပါပေတယ် ၊ ကျုပ်တို့ မြန်မာ အမျိုးသမီးတွေ က တော့ သဘော မကျကြပါဘူး ၊ ကဲလေ ထားပါတော့ ၊ ပလက်တီနမ် ကို ဘယ် လုပ်ငန်း မှာ သုံးတာ တွေ့ဖူးသလဲ ”

ဟု ဆားပုလင်းနှင်းမောင် က မေး လိုက်လေ၏ ။

“ ကျုပ် တွေ့ဖူး တာတော့ သွားတု လုပ်တဲ့ နေရာမှာ အသုံးဆုံး ပေါ့ဗျာ ၊ စောစောက တုတ်ကောက် မှာ တွေ့ရတဲ့ ပလာစတာ ကျောက်မှုန့်တွေ က အံပုံလောင်း တဲ့ အခါမှာ မှ သုံး တာဗျ ၊ ဒါကြောင့် တုတ်ကောက်ပိုင်ရှင် ဟာ သွားစိုက်ဆရာ ဖြစ်လိမ့်မယ် လို့ ကျုပ် ပြောတာ ”

ဟု ရှင်းပြလိုက်လေ၏ ။

“ အခုလို ကိုနှင်းမောင် က ရှင်းပြတော့လဲ ကျုပ် ခေါင်း ထဲ မှာ သပွတ်အူ ရယ် ၊ စာပေါင်းသိုက် ရယ် ၊ ဆံပင်ချည်ထွေး ရယ် ၊ ဟောဒီ တုတ်ကောက်ကြီး ရယ် ထွေးလုံး ရစ်ပတ်ကြီး ဖြစ်နေတော့တာပဲ ”

ဟု ဦးကိုကိုကြီး က ပြောဆို ရယ်မောလိုက်လေ၏ ။

“ သွားစိုက်ဆရာ ဟာ သူ့ ရဲ့ တုတ်ကောက် အဆက် နေရာ ကို ခိုင်အောင် ဆိုပြီး ပလာစတာကျောက်မှုန့် ဖျော်ထားတာတွေ ကို လက်ကိုင် နဲ့ တုတ် နဲ့ စွပ်ခါနီး မှာ သုတ်ခဲ့ တယ် ၊ ကြေးကွင်း စွပ်တဲ့ အခါ မှာ လည်း ကျောက်မှုန့်တွေ အသုံးပြုခဲ့သေးတာပေါ့ ။ ပြီးတော့ အနား မှာ အလွယ် တွေ့တဲ့ ပလက်တီနမ်စကလေး ကို ကွင်းကလေး လုပ်ပြီး လက်ကိုင် ရဲ့ တုတ် နဲ့ ဆက်တဲ့ နေရာ မှာ ပတ်မယ်ဗျာ ၊ ပြီးတော့ KW ဆိုတဲ့ စာလုံးကလေး ထိုး ထား ရရင် ကောင်းမလား ပဲ ဆိုပြီး ပလက်တီနမ်စ ကို စာလုံးပုံကလေး ဖြတ်ပြီး ၊ သစ်သား ထဲ မှာ မြှုပ် လိုက်တယ်ဗျာ ၊ အဲ့ဒီလို အမှတ် မထင် လုပ် ခဲ့တာကလေးတွေ ဟာ သူ့ အကြောင်း ကို
ခရေစေ့ တွင်းကျ ပြော ပြ နေသလို ဖြစ် ကုန်တော့တာပေါ့ ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်ရာ ဦးကိုကိုကြီး က

“ အဲဒီ စကား က ခင်ဗျား အဖို့ တော့ မှန်တယ် ၊ ကျုပ်တို့ အဖို့ တော့ ဒီ တုတ်ကောက် အပြင် သူ ပိုင်တဲ့ တခြား ပစ္စည်း တစ်ဒါဇင် လောက် ချီ ထားလဲ သူ့ အကြောင်း ကို မပြောနိုင်ပါဘူး ၊ သိလဲ မသိပါဘူး ”

ဟု ပြော လိုက်လေ၏ ။

ထိုအခါ ကျွန်ုပ် က လည်း

“ အိုင်ဆေး ကိုနှင်းမောင် ၊ သေတဲ့ လူ ကိုလဲ သိ ပြီဗျာ ၊ သ,တ် တဲ့ လူ ကိုလဲ သိ ပြီဗျာ ၊ ဒါတောင် အမှု က မပြီးသေးဘူး ဆိုတာ ဘယ်လိုကြောင့်တုံး ဗျ ”

ဟု မေး လိုက်ရာ ဆားပုလင်းနှင်းမောင် က

“ ကျုပ်တို့ ဟာ တရားခံ ကို သိ သေးတာဗျ ၊ မိ သေးတာ မဟုတ်ဘူး ၊ အဲဒီလို မမိခင် မှာ ကို ပဲ ဒီ တရားခံတွေ ဟာ လူသ,တ်မှု ကို ထပ်ပြီး ကျူးလွန် ချင် ကျူးလွန်ကြ ဦးမှာ ”

ဟု ပြောလေ၏ ။

ထို အချိန် မှာ ပင် အိမ်ရှေ့ သို့ မော်တော်ကား တစ်စီး လာ၍ ရပ်ပြီးလျှင် ရွှေသွား ကိုအောင်မြင့် ဆင်း လာ လေ၏ ။ ၎င်း ရွှေသွား ကိုအောင်မြင့် သည် ပြိုးပြိုးပြက်ပြက် နိုင် လှသော ၎င်း ၏ သွားများ ကို ပေါ်အောင် ပါးစပ် ကို ဖြဲလျက်

“ ဒီမှာ ဆားပုလင်းနှင်းမောင် ၊ ဒီ တစ်ခါတော့ ခင်ဗျား ထက် ကျုပ်တို့ က လက်ဦး သွားပြီဗျို့ ၊ လူသတ်သမား ကို အခု ပဲ ဖမ်းပြီး အချုပ် ထဲ ထည့်ခဲ့ပြီ ”

ဟု လှမ်း၍ ပြော လိုက် လေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် က

“ ခင်ဗျားတို့ ဖမ်းခဲ့တဲ့ လူ ဆိုတာ မြင်းလှည်းသမား မဟုတ်လား ”

ဟု ပြန်၍ မေး လိုက်ရာ ရွှေသွားကိုအောင်မြင့် သည် ဖွင့် ထားသော ၎င်း ၏ ပါးစပ် ကို သေတ္တာအဖုံး ပိတ် လိုက် သကဲ့သို့ “ ခွပ် ” ခနဲ ပိတ် လိုက် ပြီးလျှင် ဆားပုလင်းနှင်းမောင် ၏ မျက်နှာ ကို မမြင်ဖူး သူ တစ်ဦး ကဲ့သို့ ကြောင်တိကြောင်တောင် နှင့် ကြည့် နေလေ၏ ။

ထို့နောက်

“ ဟုတ်ပါတယ် ၊ မြင်းလှည်းသမား ပါ ပဲ ”

ဟု ရွှေသွား ကိုအောင်မြင့် က ပြော လိုက်လျှင် ...

“ တစ်ယောက် တည်း တော့ မဟုတ်နိုင်ဘူး ၊ မိန်းမ တစ်ယောက် ကို လဲ ဖမ်းခဲ့သေးတယ် မဟုတ်လား ”

ဟု ဆားပုလင်းနှင်းမောင် က ထပ်၍ မေး လိုက်လေ၏ ။

ထိုအခါ ရွှေသွားကိုအောင်မြင့် သည် မဖြေ ချင့် ဖြေချင် ဖြင့်

“ အင်း ”

ဟု ဖြေဆို လိုက်လေ၏ ။ ထို့နောက် အရှက်ပြေ သဘော နှင့်

“ ဒီမှာ ဆားပုလင်းနှင်းမောင် ၊ စဉ်းစားတာချင်း ခင်ဗျား နဲ့ ကျုပ် နဲ့ တူတယ် ထားဦး ၊ တရားခံ ဖမ်းတဲ့ နေရာ မှာ ကျုပ် က ပိုပြီး လက် မြန်တယ် လို့ ဆို ရမှာပေါ့ ”

ဟု ပြောဆို၍ “ ချာ ” ခနဲ လှည့်ကာ ကား ပေါ် သို့ ပြန်၍ တက် သွား လေတော့၏ ။

ဆားပုလင်းနှင်းမောင် က မူ ရွှေသွားကိုအောင်မြင့် တို့ ၏ ကား ထွက်သွားသည် ကို ငေးမော ကြည့်ရှုရင်း  ။

“ ပုလိပ်အဖွဲ့ထဲ မှာ ဒီလို လူမျိုးတွေ ရောက် နေတာ တော့ ပြည်သူလူထု အတွက် ဒုက္ခ ပါ ပဲ ၊ မဆိုင်တဲ့ လူတွေ အတော့် ကို နစ်နာ ကုန်ကြတော့မယ် ”

ဟု စိတ် မချမ်းသာသော လေသံ ဖြင့် ညည်းညူ လိုက်လေတော့၏ ။

ထိုအခါ ဦးကိုကိုကြီး က

“ ဒီမှာ ကိုနှင်းမောင် ရဲ့ ခင်ဗျား ဟိုလူ ကို ပြော လိုက်တာ က တော့ တန်းခနဲ နေတာပဲ ၊ ခင်ဗျားတို့ ဖမ်း ထားတာ မြင်းလှည်းသမား တစ်ယောက် မဟုတ်လား ၊ မိန်းမ တစ်ယောက် တောင် ပါချင် ပါဦးမယ် ဆိုတာလေ ၊ အဲဒါက ဘယ်လိုတုံး ဗျ ၊ နည်းနည်း ရှင်းပြပါဦး ”

ဟု ပြော လိုက်လေ၏ ။

“ ဒါက ဒီလိုပါဗျာ ၊ အခင်း ဖြစ်ပွားတဲ့ သန်းခေါင်ကြယ် အိမ်ကြီး နား မှာ မြင်းလှည်း လာပြီး ရပ်တဲ့ ဘီးရာ တစ်ခု တွေ့တယ်ဗျ ၊ မြင်းလှည်း ပေါ် က ခြံ ထဲ ဘက် ကို ဦးတည် ပြီး လျှောက် သွားတဲ့ မိန်းမ တစ်ယောက် ခြေရာ နဲ့ ယောက်ျား တစ်ယောက် ရဲ့ ခြေရာ တွေ့တယ် ၊ ဒါလေးကို ကြည့်ပြီး သူတို့ က တရားခံ ဆိုပြီး ဖမ်း လိုက်တာပါဗျာ ၊ ခြံထဲ ဘက် ကို ဝင် မလို့ လုပ် ပြီး မှ ခြေရာ နှစ်ခုလုံး ဟာ ပြန် လှည့် သွားတယ်ဗျ ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်ရာ ဦးကိုကိုကြီး က

“ အဲ့ဒါက ဘာ သဘော တုံးဗျ ”

ဟု မေး လိုက်ပြန်၏ ။

“ ကျုပ် အထင် ပြော ရ ရင်တော့ ဈေးပေါ တဲ့ ဇိမ်မယ် တစ်ဦး နဲ့ မြင်းလှည်းသမား ဖြစ်ပါလိမ့်မယ် ဗျာ ၊ ဒီ အိမ်ကြီး က လူ က လဲ မကြာခဏ ခရီး ထွက် နေတယ် ဆိုတော့ အိမ်ကြီး က အစောင့် မရှိဘဲ လစ်လပ် နေတယ် မဟုတ်လား ၊ ဒီလို လူမျိုးတွေ အတွက် နေရာကောင်း ပေါ့ ဗျာ ၊ ဒါပေမဲ့ အိမ် ထဲ က လူရိပ်လူယောင် လဲ မြင်ရော ၊ မဖြစ်ချေဘူး ဆိုပြီး သူတို့ ဟာ သူတို့ ပြန် လှည့် သွားကြတာပါ ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်သော အခါ၌ ဦးကိုကိုကြီး က

“ ခင်ဗျား ရှင်း ပြ လိုက်တော့လဲ သူ့ ဟာ နဲ့ သူ ရှင်းသွား တာပဲ ၊ ဒါနဲ့ နေပါဦး အိုင်ဆေး ရယ် ၊ တရားခံ ကို ဘယ်တော့ ဖမ်း နိုင်မှာတုံး ”

ဟု မေး လိုက်လေ၏ ။

“ ကျုပ် နက်ဖြန် ကို ခရီး ထွက် ဦးမယ် ”

ဟု ဆားပုလင်းနှင်းမောင် က ပြော ရာ ကျွန်ုပ် က

“ ဘယ်ကို သွားဦးမလို့လဲ ”

ဟု မေး လိုက်လေ၏ ။  ။

“ ရှမ်းပြည် ကို သွားမယ်ဗျာ ၊ သိပ် မကြာပါဘူး ၊ ဟိုမှာ ကျုပ် ကို နက္ခတ်ပညာ သင် ပေးတဲ့ ကျုပ် ရဲ့ ဆရာ ဦးကျော်စိန်ထွန်း ဆို တာ ကောင်းကောင်း နေ မကောင်းရှာဘူး တဲ့ ၊ မသွားလို့ မဖြစ်ပေဘူး ၊ သိပ် မကြာပါဘူး ဗျာ ၊ ပြန် လာတာ နဲ့ တရားခံတွေ ကို ကျုပ် ဖမ်းပေးပါ့မယ် ”

ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေတော့၏ ။

◾မင်းသိင်္ခ

📖 မိုးပေါ် မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment