❝ ချွန်း ❞
ကာတွန်းဆရာ ဆရာချွန်း ရဲ့ အိမ် ကို ကျွန်တော် ရောက် တော့ ပထမဆုံး သတိ ပြုမိတာ က အင်မတန် ကြီးမားတဲ့ မန်ကျည်းပင်ကြီး ပါပဲ ။ သူ့ အိမ် ရှေ့က မန်ကျည်းပင်ကြီး က အုပ်အုပ်ဆိုင်းဆိုင်း နဲ့ အလွန် အရိပ် ကောင်းတယ် ။ အေးမြ နေတာပါပဲ ။
သူ့ အိမ် အပေါ်ထပ် က သူ့ အလုပ်စားပွဲ ကို ရောက်မိ ပြန်တော့ စိတ် ချမ်းသာစရာ ပို ကောင်းတယ် ။ အိမ် ရှေ့ က လသာဆောင် မှာ ဆရာချွန်း က အလုပ်ခန်း လုပ် ထားတယ် ။ အရိပ်အေးအေး ပေး နေတဲ့ မန်ကျည်းပင်ကြီး ရှိလို့ အလုပ်ခန်း က မပူဘူး ။ အိမ် ရှေ့ က လမ်းသွား လမ်းလာတွေ ကို လည်း ငေး ကြည့် လို့ ရတယ် ။
ဆရာချွန်း ရဲ့ အလုပ်ခန်း မှာ သင်ဖြူးဖျာ ခင်း ထိုင်ပြီး ကျွန်တော်တို့ စကားဝိုင်း ဖွဲ့တယ် ။
ဆရာချွန်း တို့ မှာ ညီအစ်ကို သုံးယောက် ရှိတယ် ။ ထူးခြားတာ က သုံးယောက် လုံး က အောင်မြင် ထင်ရှားတဲ့ ကာတွန်းဆရာတွေ ဖြစ် နေကြတာပါပဲ ။ အစ်ကိုကြီး က ကာတွန်းဆရာ ဆရာကံချွန် ၊ အစ်ကိုငယ် က ကာတွန်းဆရာ
ဗိုမောင် ။ ဆရာ နှစ်ယောက် စလုံး ကွယ်လွန် သွား ကြပါပြီ ။ သူတို့ ကွယ်လွန် မှ အငယ်ဆုံး ဖြစ်တဲ့ ကိုလှဝင်း က ဓာတ်ပုံဆရာ လုပ် နေရာ က ချွန်း ဆို တဲ့ ကလောင် အမည် နဲ့ ကာတွန်း ဆွဲတယ် ။
သူတို့ မှာ ကာတွန်းသွေး ပါ သလား ဆိုတာ ကျွန်တော် က မေးပါတယ် ။
“ ကာတွန်းသွေး တော့ မပါဘူး ၊ ကျွန်တော်တို့ အဖေ က လက်ဖက်ရည်ဆိုင် ဖွင့် တာ ၊ လက်ဖက်ရည်ဆိုင် အဆင် မပြေတော့ အမေ က မုန့်စုံဆိုင် ဖွင့်တယ် ၊ ကာတွန်း ကို ကိုကံချွန် က စ တာပဲ ၊ ပန်းချီကျောင်း တက်တယ် ၊ မန္တလေး မှာ ဟံသာဝတီ သတင်းစာ ထုတ် တော့ ကာတွန်း ဆွဲတယ် ၊ ဒီနေ့ တော့ ခုနစ်ကျပ် ရမှာပဲ ၊ ဒီနေ့ တော့ ငါးကျပ် ရမယ် ၊ ဟင်း ကောင်းခြင်း မကောင်းခြင်း က ကာတွန်း ပါတဲ့ အပေါ် တည် ပြီး နေတယ် ”
ဆရာချွန်း က တဟားဟား ရယ်တယ် ၊ ချို့တဲ့ ခဲ့တာ က ခုတော့ ဟားစရာ ဖြစ် သွားပါပြီ ။ ကာတွန်းဆရာချွန်း က သူ့ ဘဝ အကြောင်း ကို ဆက် ပြောတယ် ။
“ တကယ် ဝါသနာ ပါ တာက တော့ အနုပညာ အလုပ် ၊ ဒါပေမဲ့ စားဝတ်နေရေး ဖြေရှင်းဖို့ ကျတော့ ဆူလွယ် နပ်လွယ် အလုပ် လုပ် ရတာပေါ့ ”
ဓာတ်ပုံဆရာ အဖြစ် သူ အသက်မွေး ခဲ့ တဲ့ အကြောင်း ကို ဆရာ က စ ပြောတယ် ။
“ ဓာတ်ပုံ ဆိုတာ က တော့ ဒီနေ့ ပွဲ ဝင်ပြီး ရင် ညနေ အပ်လိုက် ၊ ချက်ချင်း ငွေ ပေါ်တယ် ၊ ကိုကံချွန် က ကာတွန်း ဆွဲစေချင်တယ် ၊ ကျွန်တော် က ပုံနှိပ် ပြီး ပါလာ မှ ငွေ ရတာ ကို သိပ် စိတ် မဝင်စားဘူး ”
ဆရာချွန်း က မပွင့်တပွင့် ရယ်တယ် ။
“ ဒါပေမဲ့ ကွာ လိပ်ပတ် လည် သွားရင် အဆင်ပြေ သွား တာပါပဲ လို့ ကိုကံချွန် က ပြောတယ် ၊ ကိုယ် က လည်း လိပ်ပတ် လည်မယ့် timing ( အချိန်ကိုက်မှု ) ကို မစောင့်နိုင်ဘူး ၊ ချက်ချင်း အဆင်ပြေမယ့် အလုပ်မျိုး လုပ်ရတာ ၊ အဲဒီ အချိန် က ကိုယ် က မိသားစု အတွက် ဖိုက်တာ ဖြစ် နေတာကိုး ”
မိသားစု စားဝတ်နေရေး ၊ သားသမီး ပညာ သင်ယူရေး အတွက် တာဝန် သိတဲ့ ဖခင်ကောင်း တစ်ယောက် ရဲ့ အနေအထား ကို ကျွန်တော် သဘော ပေါက် ပါတယ် ။ ( ယခု တော့ ဆရာချွန်း ရဲ့ သားသမီးတွေ ဘွဲ့ရ ၊ လုပ်ငန်းခွင် ဝင် နေကြပြီ မို့ မိသားစု တာဝန် ကို တက်ညီ လက်ညီ ထမ်း နေကြပြီ ဖြစ်တယ် ။ )
ဆရာချွန်း ရဲ့ အစ်ကိုကြီး ကာတွန်း ဆရာကံချွန် က အသည်းကင်ဆာ ဝေဒနာ ကို ခံစား ရင်း သူ ရေးဆွဲ ထားတဲ့ ပန်းချီကားတွေ ကို ပြပွဲ ခင်းရင်း ပြပွဲ နောက်ဆုံး နေ့ မှာ ကွယ်လွန် ပါတယ် ။
“ ဓာတ်ပုံဆရာ ဘဝ နဲ့ သူ့ ကို ကျွန်တော် မှတ်တမ်းတင် ပေး လိုက်နိုင်ပါတယ် ၊ ဒါပေမဲ့ သူ ဖြစ်စေချင်တဲ့ ကာတွန်းဆရာ လုပ်ဖို့ တော့ စိတ်အား မထက်သန်လှသေးဘူး ၊ အစ်ကို ဗိုမောင် က ကျန်းမာရေး ချူချာ လာ ပြန်တော့ ကျွန်တော့် အိမ် ကို လူ က တရွတ်ဆွဲ နေတဲ့ ကြား ထဲ က တောင်ဝှေးကြီး ထောက်ထောက် ပြီး ရောက် လာတယ် ၊ ကာတွန်း ဆွဲပါ ပြောတယ် ၊ စက္ကူ တွေ ၊ မင်အိုး တွေ ပေးတယ် ”
ကာတွန်းဆရာ အစ်ကို နှစ်ယောက် က ကာတွန်း ကို သိပ် တန်ဖိုး ထားကြပုံ ရတယ် ။
“ ဒါနဲ့ ကျွန်တော် ကြိုးစား ဆွဲတယ် ၊ ကျွန်တော် က လည်း ( ကာတွန်း ) ကိုဝင်းမောင် အားကျတာ လိုလို ၊ ကိုကံချွန် အားကျတာ လိုလို လိုင်း မရေမရာ နဲ့ ရွှေမန္တလေးဂျာနယ် မှာ စ ဆွဲတယ် ၊ အယ်ဒီတာချုပ် ဆရာသိုက်ထွန်းသက် က လည်း အားပေးပါတယ် ”
ဆရာချွန်း က ပုံနှိပ် ဖော်ပြပြီး သူ့ ကာတွန်းတွေ ကို စနစ်တကျ စုဆောင်း သိမ်းဆည်း ထားတဲ့ မှတ်တမ်းစာအုပ် ကို ပြပါတယ် ။ သူ့လက်ရာတွေ က သိသိသာသာ ပြောင်းလဲ တိုးတက် လာတာ ကို လည်း တွေ့မြင် နိုင်ပါတယ် ။
“ ဒီလိုနဲ့ ကာတွန်း လောက ထဲ ကျင်လည်တယ် ၊ main ( အဓိက ) စီးပွားရေး က တော့ ဓာတ်ပုံ ပဲ ပေါ့ ”
“ ဆရာ ကိုကံချွန် တို့ ၊ ဆရာဗိုမောင် တို့ ကာတွန်း ဆွဲ နေတုန်းက ကိုယ် က ဝင်ပြီး ကူညီတာ ၊ ကောက်ကြောင်း လိုက် ပေးတာ ၊ သင်ယူတာ လုပ်ခဲ့ရ သလား ”
“ မရေးဘူး ၊ အကြည့် က တော့ တအား သန်ခဲ့တာပေါ့ ၊ ကိုယ် က စိတ် မဝင်စားဘူး ၊ ကျွန်တော် တို့ အိမ် ကို ကာတွန်း ကိုဝင်းမောင် တို့ လာ တည်းလေ့ ရှိတယ် ၊ ဒါရိုက်တာ မောင်ဝဏ္ဏ တို့ ၊ ကိုသုမောင် တို့ လာကြတယ် ၊ ကျွန်တော် က စာရေးဆရာ တွေ ကြား မှာ ပျော် နေတာ ”
“ အလုပ် က တော့ ကော ”
“ ကိုဗိုမောင် က စာအုပ် ဖြန့်ချိရေး လုပ်တယ် ၊ ကူ လုပ်တယ် ၊ ကိုဗိုမောင် အိမ်ထောင် ကျ တော့ ကျွန်တော် ဓာတ်ပုံဆရာ ဖြစ် လာတာ ”
သူ ဓာတ်ပုံဆရာ ဖြစ်လာပုံ ကို ကျွန်တော် မေး ပါတယ် ။
“ ကိုဗိုမောင် ရဲ့ မင်္ဂလာဆောင် ကို ရန်ကုန် က စာရေးဆရာ တွေ ၊ ကာတွန်းဆရာ တွေ လည်း လာ ကြတယ် ၊ အဲဒီတုန်း က ကာလာတွေ က ခေတ် မစားသေးဘူး ၊ ကိုတင်မော် ( ဓာတု ) က ကာလာ နဲ့ ရိုက်ပြီး ကူး ပေးတော့ ကျွန်တော် က သိပ် သဘောကျ သွားတယ် ၊ ကျွန်တော် လည်း ရိုက်ချင်တယ် ပြောတော့ သူ က အားပေးတယ် ”
“ ကင်မရာ က ကော ”
“ ရှိစုမဲ့စုလေး နဲ့ နီကွန်မက် ကင်မရာ တစ်လုံး ဝယ်တယ် ၊ ရိုက်တယ် ၊ တစ်ခါ မှာ နတ်ကနား အတွက် ရိုက် ထားတဲ့ ဓာတ်ပုံတွေ ကို ကိုတင်မော် က ကြည့်ပြီး မင်း ဓာတ်ပုံဆရာ ဖြစ်ပြီ
တဲ့ ”
ဘာကြောင့် သည်လို မှတ်ချက် ပေးတာလဲ ကျွန်တော် စိတ်ဝင်စားပါ
တယ် ။
“ ကိုကြီးကျော် ကြက် လောင်းတဲ့ အချိန် မှာ ဖလား နဲ့ လက် နဲ့ ကွာတဲ့ moving ကို ကျွန်တော် က အမိအရ ရိုက် နိုင်လို့ ကျွန်တော် ဓာတ်ပုံဆရာ ဖြစ်ပြီ မှတ်ချက် ချတာ ”
နတ်ကတော်တွေ ကနား ပေး ကြတဲ့ အခါ ကိုကြီးကျော် လုပ် တဲ့ နတ်ဝင်သည် က ကြက် လောင်းတယ် ဆိုပြီး လက် တစ်ဖက် က ကြက်ရုပ် ၊ နောက် လက် တစ်ဖက် က ငွေဖလား ကို ကိုင်ပြီး က တယ် ။ ဖလား ကိုင် တဲ့ လက် ကို မှောက်ချည် လှန်ချည် လုပ်ရင်း က လက်ဖဝါး ကို မှောက်ထား ချိန် မှာ ဖလား ကျ မသွားတာ ကို ပရိသတ် က အံ့သြ လေ့ ရှိကြတယ် ။ သူ့ ကို ဆရာတင်မော် ( ဓာတု ) ပြောခဲ့တာ ကို ဆရာချွန်း က ဆက် ပြောတယ် ။
“ နတ်ကတော် တို့ ၊ မိန်းမလျာ တို့ က ဆက်ဆံရ အလွန် ခက်ခဲတဲ့ သူတွေ ၊ သူတို့ ဆီ က ပိုက်ဆံ ရအောင် တောင်း နိုင်ရင် မင်း ဓာတ်ပုံဆရာ ဖြစ်ပြီ တဲ့ ”
ဆရာချွန်း က ပြောရင်း ရယ်မောတယ် ။ ပထမဆုံး ရိုက် ရတဲ့ ဓာတ်ပုံ
အကြောင်း မေး တော့ နတ်ကနား လို့ ပြောရင်း ဟက်ဟက်ပက်ပက် ရယ်တယ် ။
“ သူငယ်ချင်း စာရေးဆရာ စိုးအောင် ( မန္တလေး ) က နတ်ဆရာ အမေရှင် ရဲ့ မြေး ၊ တက်သိမ်းအင်း မယ်တော် နတ်နန်း က အမေ ဒေါ်သန်းခင် က နတ် နဲ့ လက်ထပ် တော့ ကျွန်တော့် ကို ဓာတ်ပုံ ရိုက် ခိုင်းတယ် ၊ နောက်ပိုင်း နတ်ကတော် ရဲ့ သားသမီး ၊ ဆွေမျိုး နီးစပ်တွေ အလှူမင်္ဂလာ ရှိရင် ကျွန်တော် က ဓာတ်ပုံ ရိုက်ရတယ် ”
ဓာတ်ပုံဆရာတွေ ရဲ့ ဒုက္ခ ကို ကျွန်တော် က မေးတယ် ။
“ ဝါနု တုန်း က တော့ ရိုက်ပြီး မရွေးတာမျိုး ကြုံရတာပေါ့ ၊ ဆိုးဆိုးရွားရွား မရွေးတာ တော့ မခံရဘူး ၊ ဓာတ်ပုံ ထွက်လာရင် main ဘယ်သူလဲ ကြည့်တယ် ၊ သူ့ ကို ချဉ်းကပ်ရင် အဆင် ပြေတာပဲ ”
“ အညှာ ကိုင် တဲ့ သဘောပေါ့ ”
ဆရာချွန်း က ရယ်ရယ်မောမော နဲ့ ဟုတ်တယ် ၊ ဟုတ်တယ် လို့ ပြောပါတယ် ။
“ ဆရာ့ ဓာတ်ပုံတိုက် ကို နာမည် ပေးထားတာ ရှိသလား ”
“ မရှိဘူး ၊ လိပ်စာ လည်း မရှိဘူး ၊ on the road ( လမ်းပေါ်မှာ ) ပဲ ၊ ဖုန်း ရှိ တော့ ရိုက်ချင် တဲ့ သူ က ဖုန်းလှမ်း ဆက်တာပဲ ၊ ဟိုဘက် တုန်း က ကျောက်ဆစ်တန်း က ဘုရားတွေ တရုတ်ပြည် ပို့ ဖို့ တစ်မျိုး သုံးပုံ လောက် ရိုက် ရတာ ၊ ကျွန်တော့် အတွက် က သောင်းကြီး ပိုင်း ရတာပဲ ၊ အဲဒီတုန်း က ဖလင်ခေတ် ၊ ခု ဒစ်ဂျစ်တယ်ခေတ် ကျ တော့ ဖုန်းကင်မရာ နဲ့ ရိုက် ယူသွားလို့ ရနေပြီ ”
“ ဓာတ်ပုံဆရာ ဘဝ မှာ ခက်ခဲတဲ့ ကာလ ရှိသလား ”
“ ဓာတ်ပုံဆရာ စကား နဲ့ ပြော ရရင် ဝါဆို ၊ ဝါခေါင် ကင်မရာပေါင် ပေါ့ ”
သူ က ပြောရင်း ရယ်တယ် ။
ဝါတွင်း မှာ မင်္ဂလာဆောင် မရှိဘူး ။ မိုးတွင်း မို့ အလှူ မရှိဘူး ။ သူ က နတ်ကတော် လည်း ရိုက်တာ မို့ သည် အခက်အခဲမျိုး ရှိမယ်လို့ ကျွန်တော် မထင်ဘူး ။
“ ဝါခေါင် ကျ နတ်ကတော် တွေ အကုန် တောင်ပြုန်း ရောက် ကုန်လို့ ခက်ခဲတာ ပဲ ၊ ပြဿနာ က တော့ ၁၉၉၅ ခုနှစ် တုန်း က ဗလီတွေ ပြဿနာ ဖြစ်တော့
ကင်မရာတွေ အကုန် ပါ သွားတယ် ”
အဲသည် ကာလ တုန်းက မန္တလေး မှာ ဘာသာရေး ရန်တိုက်ပေးမှု ဖြစ် ခဲ့ပြီး
ဗလီတွေ ကို ဖျက်ဆီး မီးရှို့တာ ကျွန်တော် မှတ်မိပါတယ် ။
“ ကျွန်တော် လျှပ်စစ်မီး သွယ်ယူ တာ က ဗုဒ္ဓဘာသာ ဆိုင် က ၊ မီးကြိုး က ဗလီဆိုင်းဘုတ် ကို ဖြတ် ပြီး ကျွန်တော့် အိမ် ကို သွယ် ထားတာ ၊ ဗလီဆိုင်းဘုတ် ကို ရဲတင်း နဲ့ ခုတ် တော့ မီးကြိုး က ပြတ် သွားတယ် ၊ ကျွန်တော့် အိမ် မီးမှောင် သွားတယ် ၊ မီး ပိတ် ပစ်လိုက်တယ် ဆိုပြီး အိမ် ဝင် ကြမ်းကြတယ် ”
သူ ပြောပြတာ ကို ရင် တထိတ်ထိတ် နဲ့ ကျွန်တော် နားထောင် ပါတယ် ။
“ ဗီဒီယိုကင်မရာ တွေ ရော ကင်မရာတွေ အကုန် ပါ သွားတာ ၊ အိမ် မှာ အမေ ရှိတယ် ၊ သမီး အကြီးလေး က သုံးနှစ်သမီး ၊ ဖြစ် လာတော့ လူလွတ် ထွက်ပြေး ကြ ရတယ် ၊ စုဆောင်း ထားတဲ့ ရွှေ က နှစ်ကျပ်ခွဲသား ပါ သွားတယ် ၊ ဘဝ က လုံးဝ ဇီးရိုး ဖြစ် သွားတယ် ”
ပဋိပက္ခ တွေ ဖန်တီး တဲ့ အခါ မြေစာပင် တွေ ဒုက္ခ ရောက်ရတာ စိတ် မချမ်းမြေ့ စရာပါပဲ ။
“ ဘယ်လို ပြန် ထူထောင်လဲ ”
“ နောက်နေ့ မှာ ရွှေဂူကြီးဘုရား ထီးတင် ရိုက် ဖို့ လက်ခံထားတာ ၊ စရန်ငွေ ပါ ယူ ထားတာ ၊ ကင်မရာ က မရှိတော့ဘူး ၊ စိန်ဦးမျိုးသန့် ဆီ က ကင်မရာ ငှား ပြီး ရိုက်တယ် ၊ နောက် ၁ဝ ရက် ၁၅ ရက် လောက် နေ တော့ ကျ ကိုကံချွန် က ကျွန်တော့် ကို လာ ခေါ် သွားပြီး စတိုးဆိုင် တစ်ခု မှာ အဝတ် လေးငါးစုံ တစ်ထိုင် တည်း ဝယ် ပေးတယ် ၊ လူ တစ်ယောက် ကို မကျွေးနိုင် ဘဲ စား ပြီးပြီလား မမေးပါနဲ့ လို့ သူ က ခံယူတာ ၊ ဒါကြောင့် သူ့ မှာ ပိုက်ဆံ ရလာမှ ကျွန်တော့် ဆီ လာတာ ”
ဆရာချွန်း က သူ့ ဘဝ ကို ပြန်လည် ထူထောင် လာ ခဲ့ရတာ ယခု တော့ ဟန်ကျ ပန်ကျ ဖြစ် နေပါပြီ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ စုစည်းမှု - ၈
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment