Monday, January 22, 2024

ပြန်‌ပြောဖို့‌ တော်‌တော် ခက်လိမ့်မယ်


 

❝ ပြန်‌ပြောဖို့‌ တော်‌တော် ခက်လိမ့်မယ် ❞

၂၀၀၃ ခုနှစ် မတ်လ ၁၇ ရက်‌နေ့ ‌နေ ၁၂ နာရီ ။

“ ကရင် ကရင်ရင် ... ကရင်ရင် ”

‌လေးချက် မမြည်ခင် ကျွန်‌တော် ‌ကောက် ကိုင် လိုက်သည် ။

“ ‌ပော့ ... သငယ်ချင်း မင်း ပြန်‌ရောက်‌ နေပြီလား ”

“ ‌အေး ... ‌ရောက်ပြီ‌လေ အသွား အပြန် ရှစ်ရက် တည်းပါ ”

“ ဘယ်အထိ ‌ရောက်ခဲ့လဲ ”

“ ‌ရွှေလီ အထိပါပဲကွာ ”

“ ဘယ်လိုလဲ မင်းလုပ်ငန်း အဆင်‌ပြေရဲ့လား ”

“ ‌ကောင်းတယ်ကွ ၊ မင်း‌ ကော ”

“ ငါ‌ တော့ အ‌ရောင်းအဝယ် ပါးတယ်ကွာ ၊ မင်း အလုပ် က မှ ပာန်ကျ‌သေး ၊ ငါ ‌ရောင်း မ‌ကောင်းလို့ တွင်ခုံ‌တွေ သူများ ငှားထား ရတယ်ကွ ”

“ ငါ့ ပာာ‌ လေး က‌ တော့ စမ်းတွင်း‌လေးပါ ကွာ ၊ တစိမ့်စိမ့် ပုံမှန်ပါပဲ ”

ရန်ကုန် ၊ တောင်ဒဂုံ စက်မှုဇုန် မှ ကျွန်‌တော့် သူငယ်ချင်း မောင်‌သောင်း က ဖုန်း ဆက်ခြင်း ဖြစ်ပါ၏ ။ သူ က တွင်ခုံများ ထုတ်လုပ်‌ ရောင်းချ‌ နေသူ ဖြစ်ပါသည် ။ အတို အရှည် လိုက် ၍ ‌ခြောက်သိန်း ၊ ခုနစ်သိန်း မှ ၁၄ - ၅ သိန်း ထိ ‌ဈေး ရှိပါသည် ။ ကျွန်‌တော်‌ ရွှေလီ မှ ပြန်‌ ရောက်လာ ပြီလား ၊ အကျိုးအ‌ကြောင်း သတင်း‌ မေးခြင်း လည်း ပါဝင် ပါသည် ။ မနက်တုန်း က မင်္ဂလာဆောင် အခမ်းအနား တစ်ခု တွင် အ‌ပေါင်းအသင်း များ က ဆိုကြ ပြန်သည် ။

“ အို‌ကေကြီး ပဲ ‌ကောင်းတယ် ၊ ပုံမှန် ဝင်‌ငွေ‌လေး နဲ့ သူ့ အလုပ် က မိုး မ‌ခေါင်ဘူး ”

သူ က ပဲစင်းငုံ ၊ နှမ်း ၊ ‌မြေပဲ ၊ ဆန် လှောင်ကုန် ထိထား သဖြင့် လေဖြတ် ခံထားရသူ ကဲ့သို့ ဖြစ်‌ နေပါသည် ။

“ ဦး‌လေး ... ကံ‌ကောင်းတယ်‌ နော် ”

ပာာ ... လာပြန်ပြီ တစ်‌ယောက် ။

မတ်လ ၁၅ ရက် ပြည် မှ အပြန် ကား‌ ပေါ် တွင် ကားဒရိုင်ဘာ‌လေး က ဆို‌ လေသည် ။

ကံ‌ကောင်းတယ် တဲ့ ။

ဘယ်လို မြင်ပြီး အကဲဖြတ် လိုက်ပါလိမ့် ။

“ ခိုင် သွားပြီ‌ နော် ၊ ‌အေး‌ဆေးပဲ ၊ နည်းက‌လေးများ ညွှန်စမ်းပါဦး ဆရာကြီး ရဲ့ ”

သူ က တစ်မျိုးဗျာ ။

“ ဘယ်သူ မှ လိုက် မမီဘူး‌နော် ၊ အောင်လံ မှာ‌ တော့ ခင်ဗျား က ထိပ် က ပဲ ၊ ခင်ဗျား အားကျ ပြီး ထ လုပ်လိုက် ၊ မြုတ် သွား လိုက်ပဲ ”

ဘယ်လို ထင်မြင်ချက်များ‌ ပေး‌ပေး ကျွန်‌တော့် က‌ တော့ ခေါင်းက‌လေး ညိတ် ၍ သာ နေ လိုက်ပါ၏ ။ ဘယ်တုန်းက ၊ ဘာ‌ကြောင့် ၊ ဘယ်လို ဆိုပြီး ဘာ တစ်ခု မျှ ရှင်း မပြခဲ့ပါ ။ စကား
အလုအငြင်း‌ ပြောရ ၊ ငြင်းရ ခုန်ရ လျှင် မိတ် ပျက် သွားမည် စိုး‌သော‌ကြောင့် ဖြစ်ပါသည် ။

ကံ‌ကြောင့် ၊ ဉာဏ်‌ကြောင့် ဝီရိယ‌ ကြောင့် အမျိုးမျိုး မြင်‌နေကြ‌ သော်လည်း တချို့‌ နေရာ တွင် ကျွန်‌တော် နှင့် သ‌ဘောထားချင်း မတိုက်ဆိုင်ပါ ။ ယ‌နေ့ ကျွန်‌တော် ‌တွေ့ရှိထား‌သော အချက် သုံးချက် ကို ထုတ်‌ ပြောပါမည် ။

ပထမ အချက် မုန့်‌ဈေးကွက် ကို အမြဲမပြတ် လေ့လာ‌ နေပြီး ဈေးကွက် ရဲ့
တောင်းဆိုချက် ၊ လိုအပ်ချက် ကို အမီ လိုက် ဖြည့်ဆည်း‌ ပေး‌ နေရပါ၏ ။ ဘယ်လို မုန့်မျိုး‌တွေ ရောင်း‌ကောင်း‌ နေသလဲ ၊ ဘယ်‌ဈေး‌တွေ ‌ရောင်း‌ နေလဲကြည့် ၊ ကျွန်‌တော့်‌ မြေပဲဆား‌လှော် ဘယ်‌နေရာ ‌ရောက်‌ နေသလဲ တွက် ၊ ဝယ် စားတဲ့ လူ လက်လှမ်း မှီ‌အောင် ဘယ်‌ဈေး သတ်မှတ်သလဲ ၊ ဘယ်လို ထုတ်ပိုး ဖြန့်ဖြူးမလဲ စဉ်းစား ၊ စဉ်းစား တွက်ချက်ပြီး မှ အဆင်‌ပြေ သလို ပြုပြင်‌ ရောင်းချ‌ ပေးရပါတယ် ။ ‌ဈေးနှုန်း ၊ အထုပ် ရဲ့ပမာဏ တရား‌သေ ယူ ထားလို့မရ ။

ဒုတိယ အချက် ၊ အရည်အ‌သွေး ခင်ဗျာ့ ၊ မြေပဲဆား‌လှော် လုပ်သက် ၁၀ - ၄-  ၅ နှစ် တွင်း တွေ့ရှိ လာခဲ့‌သော အရည်အ‌သွေးများ ထဲ မှ လူကြိုက် အများဆုံး အရသာ ၊ ဝယ်စားသူ အများစု လက်ခံတဲ့ အရသာ ကို စံချိန် တစ်ခု အဖြစ် သတ်မှတ်ပြီး ထို စံချိန် အတိုင်း တစ်နှစ်ပတ်လုံး ရရှိ‌ အောင် ထုတ်လုပ်‌ ပေးရ ပါ၏ ။ ပြော လိုက်‌ တော့  အလွယ်‌လေး ပဲ‌ နော် ၊
လက်‌တွေ့ မှာ မလွယ်ပါ ခင်ဗျာ့ ၊ မြေပဲဆန် ကုန်ကြမ်း ရဲ့ သတ္တိ က အမျိုးမျိုး ခင်ဗျာ့ ၊ မိုး‌မြေပဲဆန် ၊ စက်ပဲဆန် ၊ စားကွင်း ၊ မ‌ကွေး ၊ စပိန် ၊ ‌ဆောင်း‌မြေပဲဆန် ၊ ကျွန်း‌မြေပဲဆန် ၊ ကုန်း‌မြေပဲဆန် စသည် အားဖြင့် ပဲဆန် အမျိုးမျိုး ရှိ‌လေရာ အနုအရင့် ၊ အကျစ်အပွ သတ္တိ အမျိုးမျိုး ကွဲပြား ကြ‌လေ၏ ။ သတ္တိ ကို လိုက်၍ အစပ်ပာပ်‌ ဖော်မြူလာ ကို
‌ပြောင်း‌ ပေးရသည် ။ ‌လှေနံ ဓားထစ် ၍ မရ ။

မြန်မာနိုင်ငံ မှာ တစ်နှစ် ၃၆၅ ရက် အတွင်း အပူအ‌အေး အ‌ပြောင်းအလဲ ငါးရက် တစ်ကြိမ် ခန့် ခြားနား‌ နေရာ အ‌ပြောင်းအလဲ အ‌နေအထား ကို အမိအရ ဖမ်းဆုပ်ပြီး ရေ‌ပေး‌ ရေယူ လုပ်ရတယ် ခင်ဗျာ့ ။ အပူချိန် အတိုး အ‌လျှော့ လုပ်‌ပေး ရတယ် ခင်ဗျာ ။

တတိယ အချက် က ကျွမ်းကျင် လုပ်သား ( ဒါက‌တော့ ကုန်ထုတ်‌ နေတဲ့ လူတိုင်း သိပြီးသား ပါ ) ။ ကျွမ်းကျင်လုပ်သား က ထုတ်လုပ် မှ ကုန်‌ ကောင်း ၊ ပစ္စည်း‌ ကောင်း ထွက် ပါသည် ။ တတ်‌ယောင်ကား စမ်းတဝါးဝါး လုပ်သား က ထုတ်လုပ်‌ ပေးလိုက်‌သော ပစ္စည်း သည် မ‌ကောင်း တစ်ဝက် ကောင်း တစ်ဝက်‌ တွေ ထွက်လာ တတ်၏ ။ အရည်အ‌သွေး နိမ့်လိုက် မြင့်လိုက် ပုံ မမှန်‌သော စားသုံးကုန် ပစ္စည်း ကို အဘယ် ဝယ်သူ က သ‌ဘောကျ မလဲဗျာ ၊ ဘယ်သူ က‌ ကော ယုံကြည်‌ တော့ မှာလဲ ဗျာ ။ အဲဒါ‌ကြောင့် ကျွမ်းကျင် လုပ်သား ဟာ လည်း အလွန် မှ အ‌ရေးကြီးတယ် ဗျာ့ ။ ချုပ်လိုက် ရင်‌ တော့ မိမိ ရဲ့လုပ်ငန်း အ‌ပေါ် အာရုံ စူးစိုက် ထားပြီး အဆင်‌ပြေ‌ အောင် ပြုပြင်‌ ပြောင်းလဲ‌ နေခြင်းသည် လုပ်ငန်း‌ အောင်မြင်မှု ၊ ရေရှည် တည်တံ့မှု ၏ အဓိက အချက် ဖြစ်‌ကြောင်း‌ တွေ့ရတယ် ဗျာ ။ ကျွန်‌တော် မြင်တာ‌ ပြောတာ‌နော် ၊ မှား ရင် လည်း ထောက် ပြကြ ၊ ဘယ်သူ မဆို ပါဝင်‌ဆွေး‌နွေး နိုင်ပါတယ် ခင်ဗျာ ၊ အကြံ‌ ပေး ရင် လည်း လက်ခံတယ် ။

◾မောင်ချမ်းသာ

📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment