Thursday, January 25, 2024

မရှိ ဝမ်းစာ ၊ ရှိ တန်ဆာ


 ❝ မရှိ ဝမ်းစာ ၊ ရှိ တန်ဆာ ❞ 


ရေချိုးခုံ မှာ နေရောင် စူးစူး ကျနေသည် ။ ဝေရည် နာရီ ကြည့် လိုက်သည် ။ ဆယ်နာရီမတ်တင်း ။ ဘီးကျော် ပတ်ထားသော ဒူးခေါက်ခွက် ဆံပင်တွေ ကို ဖြေ ချရင်း ဘီး ဖြင့် ခပ်သွက်သွ ဆွဲ ချသည် ။


“ ဝေရည် ခေါင်းလျှော် မလို့လား ”


“ ဟုတ်ကဲ့ အဘွား ”


“ ဒီနေ့ ဘာနေ့တုန်း ” 


“ တနင်္လာ ပါ အဘွား ”


ဝေရည် ကိုယ့် ပါးစပ် ကိုယ် ရိုက်ပစ် လိုက်ချင်သည် ။ ဘာဖြစ်လို့ များ နေ့ လွှဲ မပြောမိပါလိမ့် ။ သည် အဘွား အကြောင်း ကို သိနေ ပါ လျက် ဝေရည် ကို က လူအ လွန်းသည် ။


“ ဟဲ့ ကရင်သားမွေး ခေါင်းမဆေးနဲ့ လေ ၊ ဒီ ကလေးတွေ ပြောထားလျက် နဲ့ မဆင်မခြ င်လုပ်ပြန်ပြီ ”


သွားပြီ ၊ ထင်သည့် အတိုင်းပါပဲ ။ တဖျစ်တောက်တောက် ပြောမဆုံး တော့ မှန်း ဝေရည် သိနေသည် ။ မလျှော် လို့ လည်း မဖြစ် ။


နံနက် က ထမင်းချက် အပြီး မီးကျည်ခဲ ရဲရဲတွေ ပေါ် ရေ လောင်းချ မိသည် ။ ပြာတွေ က လွင့်ခနဲ တက် လာပြီး ဝေရည့် ခေါင်း ပေါ် ဖွေးခနဲ ကျသည် ။ လက် ဖြင့် သပ်ချစဉ် ချွေး ကြောင့် ဆံပင် မှာ ကပ် ကုန်သည် ။ ထိုခဏ ဦးရေပြား က ယားကျိကျိ နှင့် ချက်ချင်း ခေါင်း လျှော်ချင်စိတ် ပေါ်လာသည် ။ သည် အဘွား က ရေချိုး ခေါင်းလျှော် တောင် သူ့ အဆုံးအ မနှင့် လွတ်ကင်း ၍ မရမှန်း သိနေ ပါလျက် ဝေရည် မဆင်ခြင် မိ ။ မလျှော် မဖြစ်သည့် အဆုံး ခေါင်းလျှော်ရည်ဘူး ကို ဝှက် ယူရင်း ရေချိုးခုံ ဆီ ထွက် လာသည် ။


ဝေရည် က ဆံပင်ရှည် သမား ဖြစ်၍ မကြာခဏ ခေါင်းလျှော် ချင် စိတ် ဖြစ်မိသည် ။ ယခု လို နွေရာသီ မှာ ပို ဆိုးသည် ။ ဖုန် နှင့် ချွေး က ဝေရည့် ဆံပင်ရှည်ကြီး ကို မကြာခဏ စေးကပ်ကပ် ဖြစ်စေသည် ။ ပေရည့် ဆံပင် က ထူ လည်း လူ ၊ အုံ လည်း ကောင်း၍ လျှော် တိုင်းလည်း ကရိကထ များလွန်းသည် ။ အဘွား ကို ကြောက်၍ ခေါင်းလျှော်ရက် ရွေးရသည် က လည်း အလုပ် တစ်ခု ပါ ။ ကင်ပွန်းသီး ခေါင်းလျှော်ရည် ဖြင့် မလျှော် ပြန် လျှင် လည်း အဘွား က မကြိုက်ချင် ။ ဝေရည် က လူငယ် သဘာဝ တီဗီ မှ လာသော ခေါင်းလျှော်ရည် တစ်မျိုး ပြီး တစ်မျိုး ကို သုံး ကြည့် ချင်မိသည် ။ အဘွား က ကင်ပွန်းတရော် လောက် မကောင်း ဟု ပြောမြဲ ။ အမှန် လည်း တချို့ ခေါင်းလျှော်ရည်များ ကင်ပွန်းတရော် လောက် မကောင်းပါ ။ လျှော် လိုက် သည် နှင့် ဗောက်ထ လွန်း ၍ ရပ်ပစ် ရသော ခေါင်းလျှော်ရည်မျိုး လည်း ရှိသည် ။ ဝေရည် က မျိုးစုံအောင် လျှော် ကြည့် ပြီးမှ အဆင် ပြေသော ခေါင်းလျှော်ရည် တစ်မျိုး တည်း ကို သာ စွဲစွဲမြဲမြဲ သုံး ဖြစ်ခဲ့သည် ။ အဘွား က သမားရိုးကျ အဘွား ပါ ။ အသက် ရှစ်ဆယ် ကျော် ၍ ကွမ်းသီးလုံးလောက် သာ ရှိသော သူ့ ဆံပင်လေး ကို ဋီကာ ချဲ့ လွန်း သည် ။ အဘွား ဆံပင် လျှော်တော့မည် ဆိုလျှင် တစ်အိမ်လုံး အလုပ် များ တော့သည် ။ ပါးစပ် ကလ ည်း ဗျစ်တိ ဗျစ်တောက် ပြောသေးသည် ။ 


“ ဟဲ့ မိမြင့် ၊ ဒီနေ့ ဘာနေ့တုန်း ”


ဝေရည် အမေ ဒေါ်ခင်မြင့် က သူ့ အမေ အကြိုက် အလိုက် သိသည် ။


“ ဒီနေ့ စနေ အမေ ။ အိုးစည်တီး ပြီးအောင်လျှော် ဆို ၊ လျှော်လို့ ရတာပေါ့ အမေ ရဲ့ ”


“ အေး ... အေး ၊ ဒါဆို အမေ့ အတွက် ကင်ပွန်းသီးလေး ပြုတ် စမ်း ။ မြေအိုး နဲ့ ပြုတ်နော် ၊ ဒန်အိုး နဲ့ မပြုတ်နဲ့ ။ တရော်လေး လည်း လုပ်ဦး ”


သည်လောက် စတီးအိုး တွေ ခေတ်စား နေသည့် အချိန် မှာ အဘွား ပြောသည့် မြေအိုး က ဝေရည် တို့ တစ်အိမ် သာ ရှိမည် ထင်သည် ။ အဘွား က မြေအိုး မှ မြေအိုး ။ တို့စရာ ပြုတ်လည်း မြေအိုး ၊ ပဲပြုတ် လည်း မြေအိုး ။ ဝေရည် တို့ အိမ် က လျှပ်စစ်မီးဖို နှင့် ပေါင်းအိုး ကို အသုံးများ သော် လည်း အဘွား စိတ်ကြိုက် လုပ်ပေး နေရ၍ မြေအိုးပေါက်စိလေးတွေ ဝယ် ထား ရသည် ။ နွေ ဆို လျှင် ဝေရည် တို့ အရပ် မှာ တံခွန်တိုင် ဘက် မှ အိုးလှည်းတွေ လာသည် ။ အိုးတွေ တစ်နင့် တစ်ပိုး နှင့် ဝါးတိုင်တွေ ထောင်ပြီး ကောက်ရိုး ညှပ် တင်လာ သော အိုးလှည်းတွေလာ တိုင်း ဝေရည် တို့ သားအမိ အိုးဝယ် ထွက် ရမြဲ ။ အမေ့ အတွက် ပန်းအိုး ၊ ဝေရည့် အတွက် အိုးပုတ် ၊ အဘွား အတွက် အိုးပေါက်စိလေးတွေ ထွက် ဝယ်ပြီး ခေါက်တုံ့ ခေါက်ပြန် သယ် ရသည် ။ ဝေရည် က ကစားစရာ ရ ၍ ပျော်သလို အဘွား လည်း ပျော်သည် ။ သူ့ အိုးလေးတွေ ကို ခေါက် ကြည့်ရင်း ဒါက ဖျဉ်းအိုး ၊ ဒါက အတာအိုး ၊ ဒါက တို့စရာပြုတ်အိုး ၊ ဒါက ကင်ပွန်းသီးပြုတ်အိုး ခွဲခြား ရင်း အဘွား တစ်ယောက် အလုပ်များ နေ တတ်သည် ။ စိတ် မကျေနပ် လျှင် ဝေရည့် ကို ခေါ်ပြီး အိုးသည်တွေ ထံ သူ ကိုယ်တိုင် သွား တတ်သည် ။ အိုးသည်တွေ က ဝေရည် တို့ ရပ်ကွက် အနီး ကန်ပေါင်ကြီး မှာ နှစ်ရက် ၊ သုံးရက် စခန်းချ ရောင်း တတ်သည် ။ ပြီးမှ အနီး ဝန်းကျင် ရွာတွေ လှည့်လည် ရောင်းသည် ။ 

“ အိုး ဆိုတာ ခေါက် ကြည့်ရတယ် အေ့ ။ တင်ခနဲ တင်ခနဲ မြည် မှ အိုးကောင်း ။ ညည်းတို့ ကြားဖူးသားပဲ ၊ ဒေါင်ဒေါင်မြည် မှ အိုး ၊ သုံးလွန်းတင် မှ ကြိုး ဆိုတာ အေ ။ ခုခေတ် အိုးတွေ ခေါက် ရတာ အားမရပါဘူး ”


အိုးသည်တွေ က အဘွား ကို အကြောင်း သိ နေကြသည် ။ အဘွား ရွေး သမျှ သည်းခံ နေကြသည် ။ စိတ် မရှည်သူ က အဖေ ပါ ။ အဘွား မို့ အိုးတွေ တစ်ပွေ့တစ်ပိုက် နှင့် ပြန် လာလျှင် - 


“ အမေ က လည်း ဒီ ခေတ် မှာ ဒီ အိုးတွေ ဘာ လုပ်ဖို့ အများကြီး သယ်လာလဲ မသိဘူး ၊ ချက် တော့ ဖြင့် ပေါင်းအိုး နဲ့ ”


ရှေ့ ဆက်လည်း အဖေ မပြောရဲပါ ။ ယောက္ခမ ဖြစ်၍ ပြောထွက် သည် ထင်မှာ အဖေ စိုးသည် ။ အဖေ က အဘွား ကို လေးလေးစားစား သာ ဆက်ဆံသည် ။


“ မင်းတို့ နှယ် မြေအိုးထမင်း မစားဘူးလို့ ပါ ။ မင်းတို့ ပေါင်းအိုး လို မဟုတ်ဘူး ၊ မြေနံ့လေးကို သင်း လို့ ၊ တစ်ခေါက် လောက် တော့ ချက်ကျွေး ဦးမယ် ”


အဖေ က အတိုက်အခံ မပြော ၊ ချက် ဆို ချက် လိုက်သည် ။ ကင်းပွန်းသီးပြုတ် ဆို ပြုတ် လိုက်သည် ။ တကယ်ဆို ကင်ပွန်းသီး ခေါင်းလျှော်ရည်ထုပ်တွေ ဝေရည် တို့ လမ်းထိပ် မှာရောင်းပါသည် ။ အချိန်ကုန် မခံဘဲ ဝယ်ပေး လိုက် လျှင် ပြီးသည် ။ သို့သော်လည်း အဘွားနဲ့ က မဖြစ် ။


“ ကင်ပွန်းသီးတွေ က မလတ်ဆတ် ၊ သရော် က လည်း မကောင်း ၊ ဘယ်နှစ်ရက် ဘယ်နှစ်ကာလ က မှန်း မသိဘူး ။ လျှော်နိုင်ပါဘူး ”


တစ်ချက်လွှတ် ပြောတော့ သူ့ အမေ စိတ်ချမ်းသာ အောင် အမေ ပျာယီးပျာယာ ထ လုပ်ပေးမြဲ ။ အဘွား က ဇွတ် အဘွား ပါ ။ ယခုလည်း ကြည့် ဝေရည် နား မှာ ရစ်သီရစ်သီ လုပ်နေသည် ။


“ ကရင်သားမွေး ပါ ဆိုမှ ဘယ်နှစ်ရက် များ ရှောင် ရလို့လဲ ၊ တနင်္လာ ၊ ဗုဒ္ဓဟူး ၊ သောကြာ ၊ ကြာသပတေး ပေါ့ တော် ” 


“ အဘွား ဟာ က တစ်ပတ် မှာ ခုနစ်ရက် ရှိတာ လေးရက် မလျှော်ရဘူး ဆိုတော့ ဘာများ ကျန်လို့လဲ ၊ ခေါင်း က ညစ်ပတ်ပါတယ် ဆိုမှ ဘယ်လို လုပ် စောင့်နိုင်မှာလဲ ၊ အဖေ က ပြောတယ် မင်္ဂလာ ရှိအောင် နေရင် မင်္ဂလာ ရှိတယ် တဲ့ ၊ အစွဲအလမ်း မထားရဘူးတဲ့ ” 


“ ဟဲ့ ဝေရည် အဘွား ကို ဘာလို့ ပြန် ပြောနေတာလဲ ၊ သူ ပြော သလို လုပ်လိုက်တော့ ဘယ်လောက် ပင်ပန်း သွားမှာလဲ ” 


အမေ က အော်ပြီး သူ့ အမေ ထိ လျှင် သည်လို ပါ ပဲ ။ အဖေ့ လည်း ပြော နေကျ ၊ အဖေ က သည်းခံနိုင် ၍ တော်သေးသည် ။ သည်နေ့ တော့ သည်းမခံ နို င်၍ ဝေရည် ဇွတ်မှိတ်လျှော် ဖြစ်သည် ။ အဘွား က ဝေရည့် နား မှာ ရစ်သီရစ်သီ လုပ်နေသည် ။ အဘွား မျက်နှာ မကြည် မလင် က ဝေရည့် ကို မကျေနပ်မှန်း သိသာစေသည် ။ ဝေရည် မသိဟန် ဆောင်နေလိုက်သည် ။


“ မြန်မြန် လည်း လျှော်ဦး ၊ နေ က ပူနေပြီ ၊ တော်ကြာ လတ်လတ် ဖြစ် နေဦးမယ် ”


အဘွား က မပြောသာ ပြောသာ ပြော လိုက်သေးသည် ။ လတ်လတ် ဆိုတာ ဝေရည် တို့ အမျိုး ထဲ က ပါ ။ အသက်လေး သုံးဆယ် ကျော် နှင့် မွန်းတည့် ရှိန်ရှိန် ခေါင်း လျှော်ပြီး ခဏအကြာ ခေါင်းမူး သည် ဆိုကာ သေဆုံး သွားခဲ့ခြင်း ဖြစ်သည် ။ သည် အထိ ပြောလာပြီ ဆိုမှ အဘွား စိတ် ထဲ အတော်ချည်း စိတ်မချမ်းမသာ ဖြစ်နေမှန်း သိသာသည် ။ အဘွား ပြောသလို နေ က လည်း ပူ လှသည် ။ ရေချိုးခုံ လည်း အရင် လို အရိပ်အာဝါသ မရှိလှ ။ ကိုယ့် အရပ် နှင့် ကိုယ့်ဇာတ် ဖြစ် ၍ အရိပ်ကောင်းသော နေရာ မှာ ရေချိုးခုံ လုပ်ထားခြင်းက အရပ်ဓလေ့ ဖြစ် နေသည် ။ ဝေရည် ကျောက်စည်ပိုင်း တွင်း မှ ရေ ကို လက် ဖြင့် နှိုက် ကြည့် လိုက်သည် ။ ယခင်လို အေးစိမ့် မနေဘဲ ရေ က ခပ်နွေးနွေး ဖြစ်နေသည် ။


နာဂစ်မုန်တိုင်း ပြီး ကတည်း က ဝေရည် တို့ ခြံ ထဲ မှာ အရိပ်အာဝါသ ကင်း သွားသည် ။ ရာသီမရွေး ဝေဆာ နေသော သစ်ပင်ကြီးတွေ အတုံးအရုံး ပြိုလဲကုန်သည် ။ ရေချိုးခုံ ကို အုပ်မိုး ထားသော လုံးပတ် ထွာဆိုင် ရှိသည့် ပိတောက်ပင်ကြီး လည်း သင်္ခါရ သဘော ဆောင် သွားသည် ။ ခရေပင်ပုလေး လည်း အနိစ္စ သဘော ပြသွားသည် ။ ကုက္ကိုပင်ကြီးများ နှင့် မန်ကျည်းပင်ကြီး များ လည်း ဖြစ်ပျက် ကို မလွန်ဆန် နိုင်ကြ ။ အဘွား ၏ လက်သုံးစကား အဆုံးအမများ ကြောင့် ထို အပင်ကြီးတွေ အတွက် စိတ်မကောင်း ဖြစ်မိ သော်လည်း ဝေရည် ဖြေသာသည် ။ မန်ကျည်းပင်တန်း မှာ အသိုက် လုပ်နေသော ဗျိုင်း မိသားစု ၊ ချိုး မိသားစုလေး တွေ ကို တော့ ဝေရည် လွမ်းသည် ။ နှစ်စဉ် လာ နေကျ ဖြစ်၍ သူတို့ ၏ လှုပ်ရှားမှု ကို စောင့်ကြည့် ရသည့် အရသာ ကို ဝေရည် သဘော ကျသည် ။ ဝေရည် တို့ ခြံ ထဲ မှာ သူတို့ အတွက် အန္တရာယ် မရှိ ၍ စိတ်တိုင်းကျ နေ နေကြသည် ။ နွေရာသီ လေကလေး တဖြူးဖြူးနှင့် ချိုးကူသံ ချွဲနွဲ့နွဲ့ ကို ကြားလျှင် ဝေရည် တစ်နေရာရာ ကို လွမ်းတတ်မြဲ ။ ထို အလွမ်း သည် အမျိုးအမည်မ ကွဲပြား ၍ လွမ်းရတာ အရသာ ရှိလှသည် ။ ကြေကွဲ လွမ်းဆွတ်ခြင်း မျိုး မဟုတ်ဘဲ ကြည်နူး ဆွတ်ပျံ့စွာ လွမ်းမောခြင်း ဖြစ်သည် ။ ယခုတော့ ထို အရသာ လည်း မရှိတော့ ။ ကျီကျီကျာကျာ အော်တတ်သော စာဝတီး တစ်သိုက် သာ အိမ် ကို ဝင်လိုက် ထွက်လိုက် လုပ်နေသည် ။ အိမ် မှာ အစီအရီ ထောင် ထား သော ဆန်အိတ်တွေ ကို နှုတ်သီး နှင့် ထိုးဖောက် စားလိုက် ၊ ချေး ပါ သွားလိုက် လုပ်နေ၍ ဝေရည် နှင့် စာ တစ်သိုက် မကြာခဏ ရန်ဖြစ် ရသည် ။ သူတို့ ခမျာ လည်း အပြစ် ပြောလို့ မရ ။ အရိပ် ခိုစရာ သစ်ပင် ကြီးကြီးမား မားမရှိတော့ ၍ ဝေရည် တို့ နှစ်ထပ်အိမ်ကြီး သည် သူတို့ အတွက် နားခိုရာ ဘူမိနက်သန် ဖြစ်နေခဲ့သည် ။ သည် အတွက် ဝေရည် နာဂစ် ကို စိတ် နာသည် ။ ဝေရည် တို့ နိုင်ငံ့ဂုဏ်ရည်ဆောင် စပါးကျီ ကို ဖျက်ဆီး ပစ်ရုံသာ မက အသက်အိုးအိမ် စည်းစိမ်များစွာ လည်း ပျက်စီး ခဲ့ရသည် ။ သမိုင်း တစ်လျှောက် လုံး မမေ့နိုင် သော အတိတ်ဆိုးကြီး ကို နာဂစ် က ချန်ထား ရစ်ခဲ့သည် ။


နာဂစ် အကြောင်း ပြော လျှင် စိတ် အဆိုးဆုံး က ဝေရည့် ဘကြီး ဝမ်းကွဲ ဦးကျော်အောင် ဖြစ်သည် ။ နာဂစ် ဟု စကား စ လိုက်သည် နှင့် မျက်နှာကြီး နီ ၊ စကားစ ဖြတ်ပြီး စကားဝိုင်း မှ ဝုန်းခနဲ ထ ပြေးတတ် စမြဲ ။ သူ့ ဇနီး ကြီးတော် မလှအေး က အခါအခွင့် သင့် တိုင်း နှစ်သိမ့် ရှာ သည် ။


“ တော် က လည်း တော် သူများတွေ အသက် တောင် သေရသေး တာ ၊ တော် က ဒီလောက်လေး ဖြစ်တာ ဆန်းသလား ”


အားသာ ပေးရသည် ။ ကြီးတော် မျက်နှာကြီး က လည်း ပြုံးစိစိ ရယ်ပါ ။ ဘကြီးကျော် မျက်နှာကြီး ပို ရဲသွားသည် ။ 


“ နင် မှ အပြောကောင်း ၊ သေတာ က မှ ကောင်းသေး ၊ လူ ဆိုတာ အသက် နဲ့ လူ လုပ်တာမဟုတ်ဘူး ၊ အရှက် နဲ့ လူ လုပ်တာဟ ”


ငိုသံပါကြီး နှင့် ဘကြီး ပြော မှ ကြီးတော် မျက်နှာပိုး သ,တ် သည် ။


သူ့ ခမျာ ရှက်မည် ဆိုလည်း ရှက်စရာ ပါ ။ နာဂစ် တိုက် သည့် နံနက် က သူတို့ အိမ် မှာ လင်မယား နှစ်ယောက်တည်း ရှိသည် ဟု ဆိုသည် ။ သူတို့ အိမ် က ရွာ အရှေ့ဘက် လယ်ကွင်းများ အလယ် မှာ ဖြစ်သည့် အပြင် အိမ်ကုန်း က လည်း မြင့် လိုက်သေးသည် ။ သစ်ပင် အကာ အကွယ် လည်း မရှိ၍ နာဂစ် က ကျီစယ် ချင်တိုင်း ကျီစယ် ခွင့် ရနေ သည် ။ လေ အပြင်းထန်ဆုံး အချိန် မှာ တဲ ခေါင်မိုး သွပ်ပြားကြီး က ဟစိ ဟစိ ဖြစ်နေ၍ ဘကြီးကျော် က တွဲခို ထားရသည် ဟု ဆိုသည် ။ တစ်နာရီ နီးပါး တွဲခို ထားသည့် နောက် လေ က လည်း ပြင်းသထက် ပြင်း လာသည် ။ နောက်ဆုံး လေ တစ်ချက် က ပြင်းပြင်းထန်ထန် ဆောင့် အတွန်း မှာ သွပ်ပြားချပ်ကြီး လန်ထွက် သွားပြီး လူ ပါ လေဟုန် စီး သလို ပါ သွားရသည် ။ ကံ ဆိုးချင် တော့ ပုဆိုး က ကျန်နေခဲ့သည် ။ ဘကြီး ခမျာ သည်းထိတ်ရင်ဖို နှင့် သတိလက်လွတ် ပါသွားပြီး တစ်ခေါ် လောက် ဝေး သည့် ဘုန်းကြီးကျောင်းဝင်း ထဲ ရှိ သဲပုံ ပေါ် တလိမ့်ခေါက်ကွေး ကျ သွားခဲ့ရှာသည် ။ အရေး ထဲ ဘုန်းကြီးကျောင်း ဝင်း ထဲ မှာ အလှူ လုပ်နေ၍ လူတွေ တစ်စုတစ်ဝေး ရှိနေသည် ။ ရပ်ကွက်တွင်း မှ လေခို နေသူတွေလ ည်း ရှိသည် ။ ဘကြီး အဖြစ် ကို မြင်တော့ လူတွေ တအံ့တဩ ဖြစ်ပြီး ဝိုင်းဝန်း ကြည့်ကြသည်တဲ့ ။ ဘကြီး က ခဏတဖြုတ် သတိ လစ်ပြီး မကြာခင် သတိရ လာခဲ့သည် ။ သူ့ခမျာ မေးစေ့ကွဲ ၊ ဒူးပြဲရုံ ဒဏ်ရာ ရ သော်လည်း ရှက်စိတ် ကြောင့် အိပ်ရာ ထဲ လဲခဲ့ရသည် ။ ဘကြီး ကြောင့် လူတွေ လည်း ငိုအား ထက် ရယ်အား သန်ခဲ့ရသည် ။ ဘကြီး အကြောင်း တွေးလျှင် ဝေရည် ရယ်ချင်သည် ။


“ ဝေရည် သွက်သွက် လျှော် လေ ၊ သမီး အဘွား စိတ်ဆိုး နေတယ် ”


အဲဒါပဲ ကြည့် ။ ခေါင်း လျှော် တာ စိတ်ဆိုးစရာ လား လို့ ။ အဘွား နှင့် တော့ ခက်ပြီ ။ သည်ဆံပင်ရှည်ကြီး ကို သူ ပဲ ထား ခိုင်းခဲ့သည် ။ ဝေရည့် မှာ အသက်ကလေးငယ်ငယ် နှင့် ဆံပင် မနိုင်မနင်းကြီး ကို သယ်ပိုး ထားရသည့် ဒုက္ခ ကို အဘွား ကြောင့် သည်းခံ နေရသည် ။ အဘွား က ဆံပင် နှင့် ပတ်သက် လျှင် အစွဲအလမ်း ကြီးသည် ။ ဝေရည် ငယ်ငယ် က နားထောင် ခဲ့ရသော အိပ်ရာဝင် ပုံပြင်များ ထဲ မှ အဘွား ၏ ဆံတုကြီး အကြောင်း က ဝေရည့်ကို  အထိတ်တလန့် နှင့် စွဲလမ်း စေခဲ့သည် ။ ထို ဆံတုကြီး က အဘွား ထံ မှာ ယခု တိုင် ရှိနေဆဲ ဖြစ်သည် ။ ဂုဏ်ယူ မြတ်နိုးစရာ အဖြစ် သားစဉ်မြေးဆက် ထိန်းသိမ်း ခဲ့ခြင်း လည်း ဖြစ်သည် ။


“ မိန်းမတို့ ဘုန်း ဆံထုံး တဲ့ ၊ ငါတို့ တစ်မျိုးလုံး ဆံပင် ကောင်းကြ တယ် ။ ဆံပင် ဆို အမြတ်တနိုး နဲ့ တရိုတသေ ထားကြတာ ။ ငါတို့ အဒေါ်တွေ ဆို ခေါင်း ဖြီးလို့ ဆံပင်လေး တစ်ပင် ကျွတ် ရင်တောင် ငိုရတာ အမော ၊ ဒီတုန်း က ငါတို့ က ကလေး ရှိသေးတာ ၊ အဒေါ်တွေ ခေါင်း ဖြီးရင် ဆီ လူးရင် ငေး ကြည့်ရတာ အမော ၊ တို့ အဘွား ဆို ဆံပင် ရှည် တာ တစ်ရပ် ကျော်ပြီး မြေကြီး မှာ ပုံနေတာ ပေါ့ ။ ခေါင်း လျှော် ရင် လူ တစ်ယောက် အကူ ခေါ်ရတယ် ။ အဘိုး က အဲ့ဒီ ဆံပင် အရှည်


ကြီး ကို သဘောကျ လို့ မြင်းတွေ ၊ မြေတွေ အများကြီးနဲ့ တင် တောင်း ခဲ့တာတဲ့ ။ ဒါပေမဲ့ အဘွား ခမျာ ကံ မကောင်းပါဘူး ။ ကလေး သုံးယောက် ရတော့ ဂျပန်ခေတ်ကြီး ထဲ မှာ သေရော ၊ သေတော့ လည်း အခေါင်းပျဉ် ဝယ်မရ လို့ ဖျာလိပ် နဲ့ ချရတယ် ။ လူတွေ က ဖျာ နဲ့ လိပ် ထမ်းသွား ၊ ဆံပင်တွေ က မနိုင်လို့ လမ်း မှာ တစ်ထွေကြီး ပြေကျ တော့ အဘိုး က မျက်ရည် စက်လက် နဲ့ ဆံပင်တွေ ပွေ့ပိုက်ပြီး လိုက်သွား သတဲ့လေ ။ သင်္ချိုင်း ရောက် တော့လည်း သူ့ မိန်းမ ဆံပင် တွေ မပစ်ရက်ဘူး ဆိုပြီး ဖြတ်ယူ ခဲ့တာ ၊ အိမ် ရောက်တော့ ကင်ပွန်း တရော် နဲ့ လျှော်ပြီး ယွန်းအစ်ကြီး ထဲ ထည့် သိမ်းခဲ့တာ ၊ သူ့ မိန်းမ သတိရ တိုင်း လည်း ထုတ် ကြည့်ရတာ အမော ၊ ယွန်းအစ်ကြီး ဆေးသား ကွာ နေတာသာ ကြည့် တော့ ”


“ အဘိုး က နောက် အိမ်ထောင် မပြုဘူးလား ”


“ ကြံကြီးစည်ရာ အေ ၊ အဘွား သေတော့ သုံးဆယ် ဆိုလား ရှိသေး သတဲ့ ၊ သမီးလေးတွေ နဲ့ သေတဲ့ အထိ နေသွားတာပဲ ၊ စီးပွားဥစ္စာ လည်း ရှိပါ့ ၊ အဘိုး က သူ့ မိန်းမ အမွေ ကို သမီး တွေ ထဲ က တောင် အကြီးဆုံး ကို လွှဲ ခဲ့တာ ။ အဲဒါ တို့ အမေ ပေါ့ ။ အမေ က လည်း ငါ့ ပြန်လွှဲ ခဲ့တော့ ငါ ထိန်းသိမ်း ခဲ့ရတာ ”


အဘွား က ဆံတုကြီး ထိန်းသိမ်းရသည် ကို ဂုဏ်ယူ နေ သလောက် ဝေရည် ဆံတု ထည့်ထား သည့် ယွန်းအစ် ကို မြင်တိုင်း လန့် နေခဲ့သည် ။ ထုံးစံအတိုင်း ဆို လျှင်တော့ အမွေဆက်ခံရမည့် သူ က ဝေရည် ဖြစ်နေသည် ။ ဘာဖြစ်လို့များ သည် ဆံပင်ကြီး ကို သားစဉ်မြေးဆက်ထိန်းသိမ်း စေပါလိမ့် ဟု ဝေရည် မကြာခဏ တွေးမိသည် ။ မြေးကြီး ဖြစ်ရသည့် ဘဝ ကို က လည်း မလွယ်ကူ လှ ။


“ ဝေရည် သွက်သွက် လုပ် အဘွား စိတ်ဆိုးနေတယ် ”  


ရေ ကို တဗြန်းဗြန်း လောင်းချ လိုက်ရင်း ခေါင်းလျှော်ခြင်း ကို လက်စသတ် လိုက်သည် ။ ဝေရည့် အဖြစ် က လည်း ကြည့် ဘယ် နေရာ မှ မလွတ်လပ်သည့် ဘဝ ပါ ။ အိမ် ပေါ် တက်တော့ အဘွား မျက်စောင်း က ဒိုင်းခနဲ ရောက်လာသည် ။ ဆံပင်တွေ ကို ရေ အပြေး အလွှား သုတ်ရသည် ။ ယခင် ဆို လျှင် အဘွား ကူ သုတ်ပေး နေကျပါ ။ သည်နေ့ မှာ တာ့ သည်ဆံပင်ရှည်ကြီး နဲ့ ဝေရည် လုံးလည် လိုက် ရင်း အမြန် အခြောက် ခံရသည် ။ တစ်ခါတလေ တော့ လည်း ဝေရည် ဆံပင် အတိုလေး နှင့် နေချင်သား ။


  •••••   •••••   •••••


ဆိုင် ထဲ ကို ရောက်ချိန် မှာ လူတွေ ပြည့်ကျပ် နေသည် ။ သူငယ်ချင်း သန္တာ က ဆံပင် ညှပ်နေရင်း မှ ခေါင်းညိတ် နေရာ ပေးသည် ။ ဆိုင်တွင်း မှာ ရှိနေသူ အားလုံး ဝေရည့် ကို ကြည့် နေကြသည် ။ မကြည့် ခံနိုင်ရိုးလား ။ ဆံပင်ရှည် တစ်ထွေးကြီး ကို သိမ်းဖယ် ထိုင် လိုက်၍ ပေါင် ပေါ် မှာ အပုံလိုက်ကြီး ဖြစ်နေသည် က ဝေရည့် ထူးခြားမှုပါ ။ 


“ ခုမှပဲ ပေါ်လာတော့တယ် ။ မျှော် နေတာ ကြာပြီ ၊ ဘယ်နဲ့လဲ အဘွား ရော ပိုင်ပြီလား ”


ငယ်သူငယ်ချင်း ဖြစ်၍ သန္တာ က အတွင်းသိ ၊ အစဉ်းသိ ဖြစ် နေသည် ။


“ အဖျားလေး ပဲ ဆိုတော့ သူ မသိနိုင် ပါဘူး ။ အများကြီး လည်း မလုပ်ရဲဘူး ”


“ အေးပါ ၊ ငါ လည်း မလုပ်ပေးရဲပါဘူး ၊ နင့်အ ဘွား က လွယ်တာ မဟုတ်ဘူး ၊ ဒါပေမဲ့ အဖျား တိ လိုက်ရင် နင့် ဆံပင် ပိုပြီး အရှည် မြန် မှာ ၊ အဲဒါကြောင့် တိုက်တွန်းတာ ၊ ဒါပေမဲ့ ဒီခေတ် ထဲ မှာ နင့် ဆံပင် ကြီး က မမိုက်ပါဘူး ”


သန္တာ ပြော လည်း ပြောစရာပါ ။ ဆံပင်တို ပုံစံ အမျိုးမျိုး ခေတ်စား နေချိန် မှာ ဝေရည့် ဆံပင်ကြီး က သီးသီးခြားခြား ဖြစ်နေသည် ။ သွား သုတ်သုတ် ၊ စား သုတ်သုတ် ဆို လျှင် ဆံပင်ကြီး က အလုပ် တစ်ခု ဖြစ် နေ၍ ဝေရည် လည်း စိတ် ကုန်လှပါပြီ ။ အဘွား ကြောင့် သာ မဟုတ်လျှင် ဝေရည် နှင့် ဆံပင် က လမ်းခွဲ ခဲ့တာ ကြာခဲ့ပြီ ။


“ မိန်းမ တို့ ဘုန်း ဆံထုံး တဲ့ ၊ ကျက်သရေ ဘယ်လောက် ရှိတယ် မှတ်လဲ ၊ မိန်းမ တန်ဖိုး မြင့်တယ် ”


အဘွား က ထင်ရာ ပြောမြဲ ၊ ဝေရည် က လည်း လစ် လျှင် လစ် သလို ပြန် ပြောမြဲ ။


ဒီ ခေတ် မှာ ဆံပင် က အဓိက မဟုတ်ဘူး ၊ သက်သောင့် သက်သာ နဲ့ ပေါ့ပေါ့ပါးပါး ရှိဖို့က အရေးကြီး တာ ၊ အဓိက အလုပ်အကိုင် နဲ့ ပညာအရည်အချင်း အဘွား ရဲ့ ”


မြေးအဘွား နှစ်ယောက် ကြား အမြဲ စေ့စပ် ပေးရသူ က အဖေ ပါ ။ ကြာတော့ အဖေ့ ကို အားနာ၍ ဝေရည် သည်းခံ နေ ဖြစ်လိုက်သည် ။


ဆံပင်ဆိုင် ရောက်တော့ ဆံပင်ပုံစံ အမျိုးမျိုး ကို ကြည့် ရင်း ဝေရည် စိတ်တွေ မရိုးမရွ ဖြစ်လာသည် ။ အသက်အရွယ် နှင့် လိုက်ဖက်သော ဆံပင်ပုံစံ တစ်မျိုး မျိုး ကို ဝေရည် ထားကြည့် ချင်သည် ။ သန္တာ က အမျိုးသမီးကြီး တစ်ဦး ကို ဆံပင်ကောက် ပေးနေရင်း မကြာခဏ စကား လှမ်း လှမ်း ပြောနေသည် ။ သူ ဆံပင် ကောက် ပေးနေသော အမျိုးသမီး ကို ကြည့်ရင်း ဝေရည် အံ့ဩနေသည် ။ ညိုပြီး ညစ် နေသော အသားအရေ က ခန္ဓာကိုယ် မှာ ကပ်နေသည် ။ ဟောက်ပက် ဖြစ်နေ သော မျက်တွင်း ၊ ကွမ်းစား ထား၍ နီရဲသော သွား တို့ က အလှပြင်ဆိုင် နှင့် နည်းနည်းလေး မှ မအပ်စပ် ။ သူ့ မျက်နှာ သည် အလှအပ ထက် သောက တို့ သာ ကြီးစိုး နေမှန်း သိသာ သည် ။ ဒါနှင့်များ သူ ဆံပင် ကောက် နေသေးသည် ။ ဝေရည် စိတ် ထဲ အလိုမကျစွာ အပြစ် တင် နေမိသည် ။ ကတုံး သာသာ ဆံပင်တိုစိလေး ကို ကတ်ကတ်သတ်သတ် ကောက်ပေး နေသော သန္တာ ကို လည်း အံ့ဩသည် ။ မလှဘူး ၊ မလိုက်ဖက်ဘူး ဟု မပြောဘဲ ပိုက်ဆံ ရ လျှင် ပြီးရောများ သဘော ထား နေသလား မသိ ။ မကြာခင် ထို အမျိုးသမီး ဆံပင် ကိစ္စ ပြီးသွားသည် ။ ပြားချပ် နေသော ရင်ပုံ အတွင်း မှ ကတ်သီးကတ်သတ် နှိုက် ယူ၍ ပိုက်ဆံလိပ်လေး ထွက် လာပြီး သန္တာ ကို ပေးသည် ။ သန္တာ က လှမ်း ယူပြီး စားပွဲ ပေါ် တင် ထားလိုက်သည် ။ ရေတွက်ခြင်း ပင် မရှိ ။ ဆိုင် အတွင်း မှ ထို အမျိုးသမီး နှင့် ကောင်မလေး သုံးယောက် ထွက် သွားသည် ။ သူတို့ က တစ်ဖွဲ့တည်း ဖြစ်ပုံ ရသည် ။ ကောင်မလေးတွေ က ဆံပင် ပုံစံ ဆင်တူလေးတွေ ဖြစ်သည် ။


“ ဟူး မော လိုက်တာ ”


သန္တာချို က ညည်းရင်း ဝေရည့် ဘေး မှာ ဝင် ထိုင်သည် ။ 


“ ညှပ် လေ ၊ ငါ့ ကို အားမနာနဲ့ ၊ ငါ က အေးအေးဆေးဆေး ပါ ” 


“ ရတယ် ၊ ငါ ခဏ နားဦးမယ် ၊ ကျန်တာတွေ က ကိုယ့် ဖောက်သည်တွေ ၊ ကိစ္စ မရှိဘူး ၊ ဟို အဖွဲ့သာ အဝေးကြီး ပြန်ရမှာ မို့ လုပ်ပေး လိုက်တာ ”


“ ဘယ်လို ဖြစ်တာလဲ ၊ ဒီလောက် ဆံပင်တိုနဲ့နဲ့လေး ကို ဒီ အရွယ်ကြီး နဲ့ ကောက် နေတယ် ”


စောစောပိုင်း က အမျိုးသမီး ကို မကျေနပ်စိတ် နှင့် ဝေရည် ပြောလိုက်သည် ။


“ သူ့ ခမျာ ဘယ် ကောက်ချင်ပါ့မလဲ ဝေရည် ရယ် ၊ တကယ် တော့ အဲဒီ အမျိုးသမီး က ဆံပင် အရှည်ကြီး တဲ့ ၊ သူ့ ယောက်ျား လေဖြတ် သွားလို့ ဆေး ကုစရာ မရှိလို့ သမီးတွေ ရော ၊ သူ ရော ၊ ဆံပင် ဖြတ် ရောင်း လိုက်တာ လေးသောင်းကျော် ရတယ်တဲ့ ။ ဒါနဲ့ ယောက်ျား ကို ဆေးသွင်း ပေးပြီး သူ့ ယောက်ျား သိရင် စိတ် မကောင်း ဖြစ်မှာ စိုး လို့ ဆံပင် ကို လှချင် လို့ဖြတ်တဲ့ ပုံစံမျိုး လာ လုပ်တာ ”


“ ဟောတော်ရေ ”


ဝေရည် ပါးစပ် အဟောင်းသား ဖြစ်သွားသည် ။


“ သူ က ပြောသွားသေးတယ် ၊ သူ့ ယောက်ျား က သမီးတွေ ရော သူ ရော ဆံပင် ညှပ်တာ လုံးဝ မကြိုက်ဘူး တဲ့ ၊ ခုဆို သူ နေမကောင်း မှ လှချင်ရမလား ဆိုပြီး သားအမိ တစ်တွေ ကို ပြောဦး ဆိုဦး မှာ တဲ့ ၊ အမှန်အတိုင်း ပြောပြန်ရင် လည်း စိတ်မကောင်း ဖြစ်ဦးမယ် တဲ့ ။ သူ့ ခမျာ ဆံပင်သာ လုပ်နေရတယ် မျက်ရည် စက်လက် ၊ အဲဒါကြောင့် ဆံပင်ညှပ်ခ တောင် ဆေးဖိုးပဲ ယူ ထား လိုက်တာ ”


“ ဪ ”


ဝေရည် ဩော် က သံရှည် ဆွဲ သွားသည် ။


“ ကဲ ဘယ်လိုလဲ ၊ အဖျား တစ်ထွာလောက် တိ လိုက်မလား ” 


ဝေရည် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည် ။ ဆံပင်တွေ ကို မ , ကြည့် လိုက်တော့ ခွေခွေနွဲ့နွဲ့ နှင့် လေးလေးပင်ပင် ရှိလှသည် ။ ဒါဆို နည်း မှာ မဟုတ် ။ ခုနေ တော့ တန်ဆာပေါ့ ။ အင်းလေ ... တစ်ချိ န်ချိ န်မှာ ဝေရည် လည်း ဒီ ဆံပ င်နဲ့ အဘွား အတွက် တစ်ခု ခု လုပ်ပေး နိုင် ကောင်းပါရဲ့ ။ မပြော ကောင်း ၊ မတွေး ကောင်း ကိုယ့် အတွေး ကို ဝေရည် အံ့ဩ သွားသည် ။


“ ဒီလို လုပ်ပါလား ဝေရည် ၊ နင် ဒီ ဆံပင်ကြီး ကို ရောင်းပြီး နင့် အဘွား အတွက် ဝါဆိုသင်္ကန်း ဖြစ်ဖြစ် ကပ်ပေး လိုက်ပါလား ။ နင် လည်း ဆံပင် အတို ထားလို့ ရတာပေါ့ ”


ကောက်ခါငင်ခါ ပြော လိုက်သော သန္တာ့ စကား ကြောင့် ဝေရည် တွေဝေ သွားသည် ။


“ ဟုတ်တယ် နော် ”


ဆံပင်တွေ ကို ဆုပ်ကိုင်ရင်း ဝေရည် စဉ်းစား နေသည် ။ ထိုခဏ ဆရာတော့် စကား ကို ကြားယောင် မိသည် ။


“ အလှူဒါန ဆိုတာ စိတ်ကလေး ကြည်လင်ပြီး ပီတိလေး နဲ့ အဖန်ဖန် ပွားများပြီး လှူ မှ ကုသိုလ် ပို ရတာ ”


အဘွား အမြတ်တနိုးရှိ တဲ့ သည် ဆံပင်တွေ ရောင်းပြီး လှူတဲ့ အလှူ ကို အဘွား ကြည်ဖြူပါ့မလား မသိ ။ ဒါဆို လည်း ဆံပင် ဆုံးရှုံး ရုံ သာ အဖတ်တင် တော့မည် ။ ဝေရည် စိတ် တုံးတုံး ချ လိုက်သည် ။ 


“ တော်ပြီ ၊ အဖျား လည်း မတိတော့ဘူး သန္တာ ၊ ငါ့ အဘွား ကို စည်းရုံး လိုက်ဦးမယ် ၊ သူကျေနပ်တယ် ဆို ငါ့ ဆံပင် ရော ၊ ဟို ဆံတုကြီး ရော ရောင်း ပြီး အဘွား အတွက် ကုသိုလ် လုပ်ပေးမယ် ... နော် ” 


“ အေး ... ဒါလည်း ကောင်းတယ် ”


ပြောလို့ သာ ပြောရ အဘွား က သဘော တူပါ့မလား မသိ ၊ တစ်ခါတလေ တော့ လည်း လူကြီးတွေ က ကလေးတွေ ထက် တစ်ယူသန် တစ်ဇွတ်ထိုး ဆန် လှသည် ။ ဝေရည် စည်းရုံးရဦးမည် ပေါ့ ။


◾သွဲ့ထားညို ( သက္ကလ )


📖 သောင်ယံကမ်း က လွမ်းလက်ကျန် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment