Thursday, January 4, 2024

ဥပမာ အလင်္ကာ


 ❝ ဥပမာ အလင်္ကာ ❞


ဆံပင်ညှပ် ဆိုင် ထဲ သို့ ဝင်လာသော သူ ကို ဆံသဆရာ က “ ဆံပင် ညှပ် မလို့လား ” ဟု မေးသည် ။ ထို သူ က ခေါင်ညိတ် ပြပြီး ဆုံလည်ကု,လားထိုင် ပေါ် ထိုင်သည် ။ ဆံသဆရာ က ယနေ့ ထုတ် မြန်မာ့အလင်း သတင်းစာ ကို ယူ ပေးသည် ။ ထို့နောက် အဝတ်ဖြူစ ကို ကိုယ် ပေါ် မှာ လွှမ်းခြုံ ပေးသည် ။


“ ဘယ်လို ပုံစံ ညှပ်မလဲ ”


“ ခပ်ပါးပါး သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်ဗျာ ၊ နက်ဖြန် အင်တာဗျူး ဝင်စရာ ရှိလို့ ”


ဆံသဆရာ က ခေါင်း တစ်ချက် ဆတ်လိုက်သည် ။ ဆံပင် ကို ဘီး ဖြင့် ဖွပြီး ကတ်ကြေး ဖြင့် စ ၍ ညှပ်သည် ။ ညှပ် နေရင်း က လေ ထဲ မှာ ကတ်ကြေး ကို အလွတ် ကစား နေသည့် အသံ တစ်ချက် ချက် သည် စည်းချက် ညီညီ ထွက်ပေါ် နေ၏ ။


ပြီးလျှင် ခွ ကတ်ကြေး ဖြင့် ပါး သွားအောင် ညှပ် ပြန်သည် ။ စွန်းထွက် နေသော ဆံပင်များ ၊ ကော့လန် ကွေးကောက် နေသော ဆံစများ ကို ကတ်ကြေး ထိပ်ချွန် ဖြင့် သပ်ရပ် ညီညာသွားအောင် တိသည် ။


“ ဒီအနေ တော်ပြီလား ”  ဟု ဆံသဆရာ က မေးသည် ။ ရှေ့နောက် နှစ်ဖက် ညှပ်၍ တပ်ဆင် ထားသော မှန်များ ကြောင့် ရှေ့မှန် ထဲ မှာ ပင် နောက်ဘက် မြင်ကွင်း ပါ မြင်နေရ၏ ။


“ ရပါပြီ ”


ဆံသဆရာ သည် ရေဆွတ် ထားသော ဝက်မှင်ဘီးကလေး ဖြင့် ကုပ်သား တစ်လျှောက် ၊ နားသယ်စပ် တစ်လျှောက် လိုက် သုတ်ပေးသည် ။


သင်ဓုန်းဓါး ကို သားရေပြား ပေါ် မှာ တရွှီရွှီ မြည်အောင် ပွတ် သွေးသည် ။ ပြီးတော့ ဒေါက်တိ ပေးသည် ။ ဓါးဖြင့် ရိတ် ထားသော နေရာများ ကို ပေါင်ဒါ တို့သည် ။ မျက်နှာသုတ်ပဝါအသေး ဖြင့် ဆံပင်များ ကို ပွတ်ခါ ပေးသည် ။ ဆံပင် ကို သပ်ရပ် အောင် ဖြီးသင် ပေးသည် ။

 

ထို့နောက် သူ ညှပ်ပေး ထားသော ခေါင်း ကို ရှေ့နောက် ဝဲယာ တို့ မှ ရှုထောင့် အမျိုးမျိုး ပြောင်းလျက် ကြည့်သည် ။ သူ့ ပုံစံ မှာ သူ ကိုယ်တိုင် စိတ်ကြိုက် အနုစိတ် ထုလုပ် ထားသော ပန်းပုရုပ် တစ်ခု ကို တစ်စိမ့်စိမ့် အရသာ ခံ ၍ ကြည့်နေ သလိုမျိုး ပင် ။


( အချစ်ရေ ... ကိုယ် လည်း မင်း ကို အရိပ် တကြည့်ကြည့် နဲ့ နေခဲ့ပါတယ် နော် )


  •••••   •••••   •••••


ရွှေဂုန် ရုပ်ရှင်ရုံ ၏ ပန်းဆိုးတန်း ဘက် ဆင်ဝင် အောက် တွင် ဝက်သားတုတ်ထိုးသည် ၊ ကြာဇံသုတ်သည် ၊ ဆေးလိပ်သည် တို့ ကြား တွင် ခွေးခြေကလေး နှင့် လူ တစ်ယောက် ထိုင် နေသည် ။ ထို သူ ကား နားဖာကလော်ဆရာ ဖြစ်၏ ။


ခပ်ဝဝ လူကြီး တစ်ယောက် ရောက် လာပြီး ခွေးခြေ မှာ ဝင် ထိုင်သည် ။ နားဖာကလော်ဆရာ က သံဘူးကလေး ထဲ မှ ပစ္စည်းကိရိယာများ ကို ထုတ်သည် ။ လူကြီး ၏ နား ထဲ သို့ အုန်းဆီ အနည်းငယ် ထည့် ပေးပြီး နောက် လုပ်ငန်း စ လေသည် ။ လူကြီး က ခေါင်းကလေး ကို စောင်းပြီး မျက်လုံး မှေး ထားသည် ။


နားဖာကလော်ဆရာ သည် ကွန်ပျူတာ တစ်ခု ကို ပြုပြင် နေသူ တစ်ယောက် ၏ မျက်နှာထား ဖြင့် နားဖာကလော် ကိရိယာများ ကို သတိကြီးစွာ ကိုင်တွယ် ဆောင်ရွက် နေလေသည် ။


( အချစ်ရေ ... ကိုယ် လည်း မင်း ကို အရမ်း ဂရုစိုက်ခဲ့ပါတယ် နော် )


  •••••   •••••   •••••


လမ်းသုံးဆယ် မြေကွက်လပ် တစ်ခု တွင် လူ တစ်ယောက် သည် ကု,လားထိုင် တစ်လုံး ပေါ်မှာ ထိုင်လျက် ခြေထောက် တစ်ဖက် ကို ခုံပုကလေး ပေါ် ဟန်ပါပါ တင်ထားသည် ။ အခြားလူ တစ်ယောက် က ထို သူ ၏ ခြေသည်းများ ကို လှီးပေး နေသည် ။


“ ဖြည်းဖြည်း လုပ်နော် ၊ အသား ကို လှီးမိ ဦးမယ် ”


ထို သူ က ပြောသော အခါ ခြေသည်းလှီး ဆရာ က ...


“ စိတ်ချပါ ၊ ကျွန်တော် ဒီ အလုပ် လုပ်နေတာ ငါးနှစ် ကျော်ပါပြီ ။ ကျွန်တော့် လက် က တစ်ဆံခြည်မျှင် တောင် မလွဲပါဘူး ”  ဟု ပြန် ပြောသည် ။ ခုံပု ပေါ် တင်ထားသော ခြေထောက်သည် ခြေဆီတွေ ထွက်ပြီး ဖုန်တွေ လည်း ပေ နေ သဖြင့် မည်းညစ်ညစ် ဖြစ်နေ၏ ။


ခြေဖမိုး ပေါ် ရှိ သည်းကြိုးရာ တစ်လျှောက် မှာ လည်း ချေးကြောင်းရာ တွေ ထင် နေသည် ။ သို့ရာတွင် ခြေသည်းလှီး ဆရာ က တော့ ထို ခြေထောက်ကြီး ကို မိန်မလှလေး တစ်ယောက် ၏ မျက်နှာ ကို အလှ ပြင် ပေးနေ သကဲ့သို့ တယုတယ ကိုင်တွယ် လှုပ်ရှား နေသည် ။


( အချစ်ရေ ... ကိုယ် လည်း မင်း ကို သိပ် ကြင်နာခဲ့ပါတယ် နော် )


  •••••   •••••   •••••


မဟာဗန္ဓုလပန်းခြံလမ်း ထိပ် တွင် အိန္ဒိယအမျိုးသား ဖိနပ်ချုပ်ဆရာကလေး တစ်ဦး ရှိလေသည် ။ သူ သည် ခါလီးယား ဇာတ်ကား ထဲ မှ ဇာတ်ဝင်တေး သီချင်း တစ်ပုဒ် ကို ခပ်တိုးတိုး ညည်းလျက် မိန်းမစီး ဖိနပ် အဖြူကလေး တစ်ဖက် ကို ပြုပြင် နေ၏ ။


ပထမဦးစွာ ခေါင် မှ ပြုတ်ထွက် နေသော သည်းကြိုး ကို အပေါက် ထဲ ပြန် ထည့်သည် ။ နိုင်လွန်ကြိုး ဖြင့် ချုပ်သည် ။ အပ်ချက် တစ်ချက် က လွဲချော်ပြီး ခြေနင်း အဖြူ ပေါ် တွင် အခြစ်ရာကလေး နည်းနည်း ထင်သွား၏ ။ သူ သည် “ ကျွတ်ကျွတ် ”  ဆို စုတ်သပ် လိုက်ပြီး ဒဏ်ရာ တစ်ခု ကဲ့သို့ အသာအယာ ပွတ်သပ် လိုက်သည် ။


ခေါင်ချုပ် ပြီးသော အခါ ဖိနပ်ဦးပိုင်း က ဖတ်လတ် လန် နေသော “ ဆိုး ” ကို ကော် သုတ်သည် ။ ကော် သွေ့သွားအောင် တဖူးဖူး မှုတ်သည် ။


ထိုအခိုက် တွင် သီချင်း အညည်း ခဏ ရပ်၏ ။ သူ့ ခေါင်း က တော့ စည်းလိုက် သလို တလှုပ်လှုပ် ဖြစ်နေတုန်း ။ ကော် အနေတော် ဖြစ်သော အခါ ဖိကပ်ပြီး တူ နှင့် ခပ်ဖွဖွ ထုသည် ။ ထို့နောက် သံတုံး တစ်ခု ဖြင့် ဖိထားလို က်၏ ။


အတန်ကြာ သော အခါ ဖိနပ်သည်းကြိုး ကြား ကို လက်ညှိုး နှင့် လက်ခလယ် လျှို ထည့်ပြီး မျက်စိ နှင့် ရေပြင်ညီ ထား၍ ကြည့်သည် ။ သူ သည် ကျေနပ်စွာ ပြုံး လိုက်၏ ။ ဖိနပ်ကလေး ကို ကိုင်တွယ် ကြည့်ရှုပုံ မှာ ဘိုးဘွား လက်ထက် က ရရှိခဲ့သော အမွေပစ္စည်း တစ်ခု အတွက် နှစ်သိမ့်ဂုဏ်ယူ နေ သလိုမျိုး ။


( အချစ်ရေ ... ကိုယ် လည်း မင်း ကို အမြတ်တနိုး တန်ဖိုးထားခဲ့ပါတယ် နော် )


  •••••   •••••   •••••


“ ဖရဲသီးစိတ် ချိုချိုလေး ”


မိန်းကလေး သည် ကြွေရည်သုတ် ဗန်းကလေး ကို ခေါင်း ပေါ် ရွက်၍ တစာစာ အော်ရင်း လျှောက် သွားသည် ။ အတော် ဝေးဝေး လျှောက်ပြီး မှ သာ တစ်စိတ် နှစ်စိတ် ရောင်း ရ၏ ။


နီရဲသော ဖရဲသီးစိတ်များ ပေါ် တွင် ရေဆွတ် ထားသော အဝတ်စ ကို အုပ်ထား သဖြင့် အပူဒဏ် ကို မခံရဘဲ လန်းဆန်း နေသည် ။ သူ့ မျက်နှာ က တော့ နေရော င်ကို တိုက်ရိုက် အထိခံရ၏ ။


မျက်နှာ ပေါ် မှာ ချွေးစီးကြောင်း အသွယ်သွယ် ။ အိမ် က ထွက်ခါနီး လိမ်းလာခဲ့သော သနပ်ခါး မှာ နားရွက်ကြား မှာ သဲလွန်စ လောက် သာ ကျန်တော့သည် ။


သူ သည် လမ်းဘေး အုတ်ခုံ တစ်ခု မှာ ခဏ ထိုင် နားသည် ။ ဗန်း ထဲ မှာ ရှိသော အကြွေစများ ကို ရေတွက် ကြည့်သည် ။ ပြီးတော့ ခါးကြား ရှိ ဘော်လီအင်္ကျီ အိတ် ထဲ မှ ငွေစက္ကူအလိပ်လိုက်ကလေး ကို ထုတ်သည် ။ ငါးကျပ်တန် တစ်ရွက် နှင့် တစ်ကျပ်တန်များ ။ ငွေစက္ကူကလေးများ သည် ဟောင်းမြည့် နွမ်းနယ် နေသည် ။ သို့ရာတွင် ထို ငွေစက္ကူများ တွင် ရိုးသားမှု ချွေးစက်များ စိမ့်ဝင် နေလေ၏ ။


( အချစ်ရေ ... ကိုယ် ဟာ ဆင်းရဲပေမယ့် မင်း ကို ရိုးသား သန့်ရှင်းတဲ့ မေတ္တာ နဲ့ ချစ်ခဲ့ပါတယ် နော် )


  •••••   •••••   •••••


ခရီးသည် နှင့် ကုန်ပစ္စည်းများ တင်ပြီး နောက် မြင်းလှည်းဆရာ သည် လှည်း ပေါ် တက် လိုက်သည် ။ ဇက်ကြိုး သားရေပြား ဖြင့် မြင်း ၏ တင်ပါး ကို အသာ ပုတ် လိုက်ပြီး ...


“ သမီးရေ ၊ ရုန်းလိုက်စမ်းပါဦး ကွယ် ”


မြင်းမလေး က တုတ်တုတ် မျှ မလှုပ် ။


“ ဟော ... လုပ်ပြန်ပြီ ” 


ဇက်ကြိုး ကို ခတ်ဆတ်ဆတ် တစ်ချက် ဆွဲသည် ။ မြင်းမ သည် ခေါင်း ကို သာ မော့သည် ။ ခြေထောက်တွေ က ကြွ မလာချေ ။


“ ဪ ... ဒီ မြင်း ဟာ ပေကတ်ကတ် နဲ့ ”


ကြာပွတ် လက်ကိုင်တုတ် အဖျား နှင့် မြင်း တင်ပါး ကို တစ်ချက်နှစ်ချက် တို့သည် ။ မြင်း က နှစ်လှမ်း သုံးလှမ်း လှမ်း ပြီး တောင့်ခနဲ ရပ် လိုက်ပြန်၏ ။


မြင်းလှည်းဆရာ ဒေါသ ဖြစ်လေပြီ ။


“ တောက် ... ကမြင်းမ ဗွေဆိုး ဖောက် လာပြန်ပြီ ။ ကောင်းကောင်း ပြောလို့ မရဘူး ။ အသား နာ မှ သခင့် စကား နားထောင်မယ် ၊ ဟုတ်စ ... ကိုင်း ”


မြင်းလှည်းဆ ရာက ကြာပွတ် ကို ဝင့် ၍ ရွှမ်းခနဲ ရိုက် လိုက်သည် ။ မြင်းမ သည် တစ်ချက် တွန့်ခနဲ ဖြစ်သွားပြီး နောက် ကဆုန်ပေါက် ပြေး လေတော့သည် ။


( လွန်လေပြီးသော အချစ် ရေ  ၊ မင်း နဲ့ ငါ ချစ်နေခဲ့စဉ် က ကြာပွတ် ကို မသုံးခဲ့မိတာ ငါ့ ရဲ့ မဟာ အမှား ပေါ့  ) 


◾မင်းလူ


📖 ကလျာ မဂ္ဂဇင်း 

      ဧပြီ ၊ ၁၉၈၇


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment