❝ လက်ဆင့်ကမ်း အမွေ ❞
ကြက်တော နဲ့ ဝက်ပေါ ဆိုတဲ့ ညီအစ်ကို နှစ်ယောက် ကို နေ့တိုင်း ပဲ သတိရ လို့ချည်း နေတော့တာပါပဲ ။
ဒီ ညီအစ်ကို နှစ်ယောက် က မန္တလေးမြို့ ရဲ့ ထင်ရှားတဲ့ ပဲခွဲစက်ပိုင်ရှင် နဲ့ ပဲပွဲစား ဦးလေး မောင် တို့ရဲ့ သားတွေ ပေါ့ ။ အသက်အရွယ်တွေ က လည်း ကျွန်တော် နဲ့ မတိမ်းမယိမ်း ။ ကြက်တော က ကျွန်တော့် ထက် အသက် နည်းနည်း ကြီး ပြီး ဝက်ပေါ နဲ့ တော့ ရွယ်တူ လောက် ဖြစ်မယ် ။ ညီရင်း အစ်ကို လို ခင်ပြီး နှစ်အိမ့် တစ်အိမ် ဝင်ထွက် စားသောက် ကစား နေကျ ။
ကြက်တော က တာတို ပြေးတယ် ။ အရပ်အမောင်း ကောင်းကောင်း ၊ ဝက်ပေါ က ဝတယ် ။ စာ တော်တယ် ။ စက်ပိုင် ၊ ပွဲစားဦးလေးမောင် က သူ့ သားတွေ ကို မန္တလေးမြို့ ရဲ့ ထိပ် ဆိုတဲ့ သာသနာပြု ကျောင်း မှာ ထားတယ် ။ ကျောင်းဝတ်စုံ က တောက်တောက်ပြောင် ပြောင် ၊ ရလေးစပို့ စက်ဘီး ကိုယ်စီ နဲ့ ။ ကြက်တော ရဲ့ အပြေး ဖိနပ် ဆိုတာ အက်ဒီးဒတ်စ် အမျိုးအစား ၊ ပြိုင်ဘက် က သူ့ ဖိနပ် ကြည့် ပြီး တော့ ကို စိတ်ဓာတ် ကျချင် နေပြီ ။ ကျွန်တော် ဟာ သူတို့ ထမင်းပွဲ ဝင် နှိုက် စားနေတဲ့ သူပဲ သူတို့ အခြေအနေ ကောင်းကောင်း သိတာပေါ့ ။
သူတို့ အိမ် က ပဲခွဲစက် လည်း ဟုတ် ၊ ပွဲရုံ လည်း ဟုတ် တော့ ။ မိတ္ထီလာ ၊ မြစ်သား ၊ မြင်းမူ ၊ မုံရွာ ၊ မတ္တရာ ၊ မြင်းခြံ အနယ်နယ် က ပဲပွဲစား တွေ ဝင်ထွက် စားသောက် တည်းခို နေကြတာပေါ့ ။ ပွဲကတော် ဒေါ်ဒေါ်သောင်း ခမျာ မီးဖိုချောင် က ထွက်ရတယ် လို့ မှ မရှိဘဲ ။ မြင်းမူ က ဦးလေးမင်း ၊ မတ္တရာ က ဦးစိန်တင် တို့ ၊ ဒေါ်မမလေး တို့ ၊ မိတ္ထီလာ က ဦးမောင် မောင် တို့ ၊ ဦးအောင်မင်း တို့ စတဲ့ ပွဲစားတွေ နဲ့ ကျွန်တော် နဲ့ မိတ်ဆွေတွေ ဖြစ်ကြလို့ ။
သူများ ကိုယ်စား စိတ်ညစ် နေ ရတာ တော့ သူတို့ ရေချိုးခန်း ပြဿနာ ပဲ လို့ ပြောကြပါ စို့ ။ ရေချိုးခန်း ထဲ မှာ ရှိတဲ့ မျက်နှာသစ်ကန် နဲ့ မှန် ။ အဲဒီ မျက်နှာသစ်ကန် အပေါ် မှာ ရှိတဲ့ စင်လေး ရဲ့ အပေါ် ၊ မှန် ရဲ့ အောက် မှာ ရှိတဲ့ သွားတိုက်တံတွေ က တော့ စည်း မရှိ ကမ်း မရှိနဲ့ တကယ် ကို နှလုံး နောက် စရာ ၊ အော်ဂလီ ဆန်ချင် စရာ ။
နယ် က ရောက် လာတဲ့ ပဲပွဲစား ပဲကုန်သည်တွေ က ဒီ သွားတိုက်တံတွေ ကို ကြုံသလို ယူပြီး သွားတိုက် ပစ်ကြတာလေ ။ မိတ္ထီလာ ပွဲစား က ကြက်တော သွားတိုက်တံ ဒီနေ့ တိုက် ၊ မနက်ဖြန် ကျတော့ ဦးလေးမောင် ရဲ့ သွားတိုက်တံ ကို တိုက် ရင် တိုက် ပြန်ရော ။ မြင်းမူပွဲစား က ဒေါ်ဒေါ်သောင်း သွားတိုက်တံ ယူ တိုက် ပြီးလို့ ရေစက်လက် ရှိသေးတယ် ။ မုံရွာ အရာတော် က ပွဲကတော် က အဲဒီ ရေစက်လက် နဲ့ သွားတိုက်တံ ကို ကောက် တိုက်ချင် တိုက်တာ ။ သူတို့ မိသားစု ရဲ့ သွားတိုက်တံ က အများ နဲ့ ဆိုင်တဲ့ သွားတိုက်တံတွေ ကို ဖြစ်လို့ ။
တချို့ ပွဲစားတွေ က အလ လ မတိုက်ခဲ့ တဲ့ သွား ။ ပဲ ပေါ် ချိန် ဟောဒီ ပွဲရုံ ကျ မှ အမြတ် ထုတ် နေသလား ထင်ရ သလို အနှစ်နှစ် စား ထားတဲ့ ကွမ်းချိုးတွေ ကို ဝက်ပေါ တို့ ညီအစ်ကို ရဲ့ သွားတိုက်တံ နဲ့ တိုက်ချွတ် ပစ် နေတယ်လေ ။
ကြက်တော နဲ့ ဝက်ပေါ တို့ ကိုယ်ပိုင် သီးသန့် သွားတိုက်တံတွေ ကိုယ့် အိပ်ရာ နံဘေး ထား ၊ ရေချိုးခန်း ထဲ မှာ လည်း အများ သုံးစရာ သတ်သတ် ထားကြသေးတယ် ။
ဒါပေမဲ့ ပွဲစား တော်တော်များ က သူတို့ နဲ့ မနိုင်ရင်ကာတွေ ဟုတ်လား ။ ဒီ ညီအစ်ကို ကျောင်း က ပြန် လာရင် သူတို့ ခုတင်တွေ ပေါ် မှာ ဘုရားစုံ လည် ဖူးပြီး ချွေးတွေသံတွေ နဲ့ ခရူး ခရူး နဲ့ ဟောက်တဲ့ သူ က ဟောက် ၊ အာတွင်းရည်တွေ စီးကျတဲ့ သူ က စီးကျ နဲ့ အိပ် နေ လိုက်ကြတာ ။ နောက်တော့ အိပ်ရာ နံဘေး ၊ စာကြည့်စားပွဲ ပေါ် တွေ့ တဲ့ ကြက်တော ၊ ဝက်ပေါ တို့ ရဲ့သီးသန့် သွားတိုက်တံ ယူ တိုက်ကြ ၊ မူလ နေရာ ပြန် ထားတဲ့ လူ က ပြန် ထား တယ် ။ ရေချိုးခန်း ထဲ ထား ပစ်ခဲ့ သူ က လည်း ထားပစ် ခဲ့ကြတယ် ။ ပွဲစား ပွဲကတော် ပဲ ၊ ရေချိုးခန်း က သွားတိုက်တံ ထက် အိပ်ရာ နံဘေး က သွားတိုက်တံ က ပိုပြီး သန့်ရှင်းမှန်း တော့ သိတာပေါ့ ။
နောက်တော့ သံသေတ္တာ ထဲ သော့ ခတ်ရတဲ့ အထိ ဖြစ် လာတယ် ။ ဒါလည်း မခံနိုင်ဘူး ။ မြင်းခြံ က ဦးထွန်းအောင်ကျော် တို့ ၊ မတ္တရာ က ဦးစိန်တင် တို့ ဆိုတာ ပွဲကတော် ဒေါ်ဒေါ် သောင်း မအား ရင် ဒီ ညီအစ်ကို ကို နောက်ဖေး တည် ခဲ့ကြရတာ ။ သူတို့ မစင် ဒီ ပွဲစားတွေ ဗိုက် ထဲ အနည်း နဲ့ အများ တော့ ရှိတယ် ။
ဒီ ပွဲစားတွေ က ပဲ သေတ္တာ ခတ်စရာ သော့ခလောက် တွေ ဝယ် လာ ကြပြီး ကြက်တောကြီး မင့် သေတ္တာ ဒီ သော့ နဲ့ခတ် ၊ ဝက်ပေါ က ဒါနဲ့ ခတ် ၊ မင်းတို့ တစ်ချောင်း စီ ၊ ငါတို့သော့ တစ်ချောင်း စီ ၊ ဦးလေး ပိုက်ဆံ ထားခဲ့ ဦးမယ် ။ နေ့လယ် မှ လာ ယူမယ် ။ နောက် တစ်ခေါက် မှ ကျန်တဲ့ ငွေ ယူမယ် ။ ဒီ ငွေ အောင်ချမ်းသာ က ကိုလှသိန်း လာရင် ပေးလိုက် နဲ့ ၊ သော့ လည်း ပွဲစား နဲ့ မျှ သုံးရတာ ။
နောက်တော့ ကြာ လာ တော့ လည်း ပွဲရုံ တစ်ပိုင်း ၊ ပဲခွက်စက် တစ်ပိုင်း ဖြစ် နေတဲ့ သူ တို့ အိမ် မှာ သွားတိုက်တံတွေ ကို ကြုံတဲ့ လူ က ကြုံသလို တိုက် နေ သုံးနေ ကြတာ ဘာမှ မဆန်းဘူး ။ ပြဿနာ ကို မဟုတ်ဘူး ။
ကျွန်တော် သာ နည်းနည်း သိပြီး များများ ကြောက် ၊ မဖြစ် စလောက် အသိဉာဏ်လေး နဲ့ ဒီ သွားတိုက်တံတွေ ကို ရွံ နေတာ ။
••••• ••••• •••••
ဒညင်းကုန်း ကိုကြည်ဝင်း ၊ လှိုင်သာယာ က ကိုဝင်းကြိုင်တို့ ကျေးဇူး ကျွန်တော်တို့ အပေါ် မှာ ရှိတယ် ။ ကျွန်တော်တို့ ဆိုတာ ကလော နား က ခွေးရုပ်ဘူတာ က ကိုသန်းဆွေမိုး ၊ သင်္ဃန်းကျွန်း က ကိုသိန်းစိုး ၊ ကျောက်သပိတ် က ဓာတ်ပုံဆရာ ကိုအောင်မြင့် ၊ ရေနံ ရုံးချုပ် က မြင့်ဇော် တို့ လို့ လောလောဆယ် ပြော ရမယ် ။
ဒညင်းကုန်းသား နဲ့ လှိုင်သာယာသား နှစ်ယောက် က ကျွန်တော် တို့ ကို သူများ မဟုတ် တာ လုပ်တာ မခံရအောင် မစော်ကားအောင် စောင့်ရှောက် ပေးကြတယ် ။
“ ဟေ့ကောင်တွေ ၊ မညစ်ပတ်ကြနဲ့ နော် ။ ထမင်း ထပ်ထည့်ဦး ၊ ဝက်သား က သေး တယ် ။ ခု ချက်ချင်း လဲ ပေး ၊ မအေ ... တွေ ၊ ဒီလို လုပ်လို့ ဘယ် ရမလဲ ”
“ ချာတိတ် ၊ သောက်ရေအိုး ကို ဂရုတစိုက် နဲ့ ရေ ဖြည့်ပေး တစ်ရက်ခြား ရေ လှယ်ပေး ၊ ဆေးလိပ် ကော သောက်စရာရှိသေးရဲ့လား ”
ကျွန်တော် ရော ကိုအောင်မြင့် ကို ပါ ကျွန်တော်တို့ သိသင့် တဲ့ အချက်တွေ ၊ သိသင့်တဲ့ ပုဂ္ဂိုလ်တွေ ၊ ခရမ်းဦးစိန်ဝင်း ၊ အဘဦးအုန်းမြင့် ၊ ဘိုကလေးဦးလှရွှေ တို့ သားအဖ အကြောင်း ၊ စာရေးဆရာ ၊ သတင်းစာဆရာ တွေ အကြောင်း ဒီ လူ နှစ်ယောက် အများကြီး ပြောနိုင်ကြ တဲ့ လူတွေ ။ သူတို့ နှစ်ယောက် ကြောင့် အကုန် အဆင် ပြေတယ်ပဲ ဆိုကြပါစို့ ။
ကြံကြံဖန်ဖန် ပြောရရင် တစ်ခု ပဲ ။
ကျွန်တော် ရော ကိုအောင်မြင့် ရော နှစ်ယောက် စလုံး သွားတိုက်တံတွေ အိမ် မှာ ကျန် ခဲ့ကြတယ် ။ ကိုကြည်ဝင်း က ကျွန်တော်တို့ သွား တိုက် ရအောင် သွားတိုက်တံ နှစ်ချောင်း ထုတ် ပေးတယ် ။ မြင်ကတည်း က သိပြီး သား ။ ဂွတ်စက္ကင်းဟင်း ၊ ယူစ်ဒ် သွားတိုက်တံတွေ ၊ တစ်ချောင်း က ပုံမှန် ထက် လက် တစ်ဆစ် လောက် တိုတယ် အနီရောင် ၊ အပြာရောင် က သူ့ ထက် နည်းနည်း ရှည်တယ် ။ ပုံမှန် ထက် တော့ တိုတယ် ။
ကျွန်တော် တို့ မှာ ဒီ သွားတိုက်တံ မှ မတိုက်ရင် ၊ မသုံးရင် ရွေးစရာ လမ်း မရှိဘူး ။ဒီ အတိုင်း ပါးစပ် ညစ်ပတ်ကြီး နဲ့ နေကြရုံပဲ ။
ကိုဝင်းကြိုင် က ရွေးကြီးစေ့လောက် သွားတိုက်ဆေးလေး လက်ညှိုး နဲ့ ကော်ပြီး သွား တိုက်တံ အမွေးတွေ ပေါ် တို့ ပေး လိုက်တယ် ။
ကိုင်း - တိုက်ပေတော့ ။ သွား မတိုက်ခဲ့ ရတဲ့ ရက်တွေ အတွက် အတိုးချ ပြီး တိုက် ပေ တော့ ။ သွား တိုက်ရင်း စဉ်းစား မိတယ် ။ ဒီ သွားတိုက်တံလေး သာ စကား ပြော တတ်ရင် နာမည်တွေ သူ တန်းစီ ပြီး ရွတ်ပြ လိမ့်မယ် ။ ဘယ်လောက် ရှည်မယ် မသိ ။ သွား တိုက်ပြီး ကိုကြည်ဝင်း လက် ကို သွားတိုက်တံ နှစ်ချောင်း ပြန် အပ် လိုက်တော့ ။ သူ က ရေ စင် နေ အောင် ခါပြီး သေသေချာချာ သိမ်း လိုက်တယ် ။
ကမ္ဘာ ပေါ် မှာ လူဦးရေ သန်း ခြောက်ထောင် ကျော် ရှိတယ် ။ ဒီ လူတွေ ကို အုပ်စု သုံးခု ခွဲ လို့ ရတယ် ။ တစ်သက် နဲ့ တစ်ကိုယ် သွား တစ်ခါ မှ မတိုက်တဲ့ အုပ်စု ၊ သွား ကို တိုက် တော့ တိုက်တယ် ။ နေ့တိုင်း မဟုတ်ဘူး ။ ကြုံသလို ရက်ကျော် ၊ လကျော် တိုက်ချင် တဲ့ အခါမှ သွား တိုက်တဲ့ အုပ်စု ၊ နောက်ဆုံး အုပ်စု က သွား ကို တစ်နေ့ နှစ်ခါ အနည်းဆုံး တိုက်တယ် ။ ကျွန်တော် လည်း ကြုံသလို သွား တိုက်တဲ့ ဒုတိယ အုပ်စု ဝင် တစ်ယောက် ပေါ့ ။ ဒီလို သွား တိုက်ကြရင်း နဲ့ သွားဖုံး မကြံ့ခိုင်တဲ့ သူ က သွား တိုက်ရင်း သွားဖုံး က သွေးယို တဲ့ လူ က လည်း ယို တာပေါ့ ။ ကျွန်တော် စဉ်းစားမိ တာ တစ်ခု ပါပဲ ။ သွားတိုက်တံ က နေ တစ်ဆင့် အေ့ဒ်စ် ( AIDS ) ရောဂါ ရနိုင်တယ် လို့ မကြာဖူးဘူး မဟုတ်လား ။
ကျွန်တော် က တော့ ကြက်တော နဲ့ ဝက်ပေါ ညီအစ်ကို နှစ်ယောက် ကို နေ့တိုင်း ပဲ သတိ ရ လို့ ချည်း နေတော့တာပါပဲ ။ ။
◾ညီပုလေး
📖 သက်တံရောင် ဂျာနယ်
အတွဲ ၃ ၊ အမှတ် ၂၆
၂၀၀၀ ပြည့် ၊ ဇွန် ၁၄ ရက်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment