❝ လူစွန့်စား မောင်ဂျင်း ကို အကူအညီ တောင်းခြင်း ❞
ဦးပေတလူ သည် ၎င်း ၏ အဖြစ်အပျက် ကို ပြောပြ ပြီးနောက်
“ အဲဒါပါပဲ မောင်ဂျင်း ရယ် ၊ ကျုပ်တို့ ဇာတ်မြှုပ် နေတာ ကြာပါပြီ ။ သန်းခေါင်ကြယ် အဖွဲ့ က သတင်း ရ သွားပြီး ၊ ကျုပ်တို့ အသက် ကို လုပ်ကြံ နေကြပါပြီ ။ ကျုပ် သား မောင်ဘိုးထူ ကို သ,တ်လိုက်ကြပြီ ။ အခု တော မှာ နေတဲ့ ကျုပ် အစ်ကို ပေတဖြူ ကို သ,တ်ကြပြန်ပြီ ။ ပြီးရင် ကျုပ် အလှည့် ပေါ့ နောက်တော့ ကျုပ် သား ဘိုးမြူ ကို သ,တ်လိမ့်မယ် ။ အခု အဲဒီအဖွဲ့ ဒမြခေါင်းဆောင် လုပ် နေတဲ့ ကိုကု,လား ဆိုတာ သိပ်ပြီး ရက်စက်တယ်ဗျ ။ ပြီးတော့ အဲဒီတုန်း က ကျုပ်တို့ ညီအစ်ကို နှစ်ယောက် ဟာ ကောင်းကင်နက္ခတ်တွေ ကို ကြည့်တတ် မှန်း ဒီကောင် တစ်ယောက် ပဲ ရိပ်မိထားတယ် ။ ဒီတော့ ကျွန်း ကို သွားတဲ့ မြေပုံ ကို ကျုပ် တို့ ညီအစ်ကို လုပ်ထားမှာ ပဲ လို့ ဒီကောင် တွက်မိမှာပဲ ။ ကျွန်း ပေါ် က ရတနာ ဝှက်တဲ့ နေရာကို တော့ ဒီကောင် က သိတယ် ။ ကျုပ်တို့ က မသိဘူး ။ ကျွန်း ကို သွားတဲ့ မြေပုံ ကို တော့ ဒီကောင် က မသိဘူး ၊ ကျန်တဲ့ လူတွေ က လဲ သိမှာ မဟုတ်ဘူး ။ ဒီတော့ ကျုပ် ဆီ က မြေပုံ ကို တော့ တစ်နည်းနည်း နဲ့ ရအောင် ယူကြလိမ့်မယ် ။ ဒီတော့ မောင်ဂျင်း က ကျုပ်တို့ အသက် ကို ကယ်ပါ ၊ ဒီ အဖွဲ့ကြီး ကို ဖျက်ဆီး ပစ်ပေးပါ ၊ သူတို့ ရှိရင် ကျုပ်တို့ ဘာသာ ကျုပ်တို့ ရတနာတွေ ရအောင် ရှာမယ် ။ မောင်ဂျင်း ကို လဲ ဝေစု ပေးရမှာပေါ့ ” ဟု ပြောလေ၏ ။
“ ဒီအဖွဲ့ကြီး ကို တစ်ခါတည်း ပျက် အောင် ဖျက်ဆီးပေးမယ် ။ ဦးတို့ လဲ ရတနာ ပစ္စည်းတွေ ကို သွားပြီး ယူပါ ။ ကျွန်တော့် ကို လဲ ဝေစု မပေးပါနဲ့ ။ နောင် တစ်ချိန် မှာ ကျွန်တော်တို့ တိုင်းပြည် ဟာ ကျွန် အဖြစ် က လွတ်အောင် လုပ်ပေးမယ့် မျိုးချစ်အဖွဲ့ တစ်ဖွဲ့ ပေါ် လာတဲ့ အခါ မှာ အဲဒီ အဖွဲ့ ကို ဦးလေးတို့ ရတဲ့ ပစ္စည်း ကို သုံးပုံ ပုံပြီး တစ်ပုံ ကို ရန်ပုံငွေ အဖြစ် ထည့်ပါ ။ ကဲ ကျွန်တော် သွားမယ် ”
ဟု ဆိုကာ မောင်ဂျင်း သည် က ဇရပ် ပေါ် မှ ဆင်းသွား လေတော့၏ ။
တစ်နှစ်ခန့် ကြာသောအ ခါ၌ မောင်ဂျင်း ထံ မှ စာ တစ်စောင် ရရှိလေ၏ ။ ထို စာ တွင် မကြာမီ အချိန် အတွင်း ၌ “ သန်းခေါင်ကြယ် ” အဖွဲ့ တစ်ဖွဲ့လုံး ပင်လယ်ကြမ်းပြင် သို့ ရောက်ရှိသွားမည် ဖြစ်ကြောင်း ၊ ထိုသို့ ဖြစ်ပြီး နောက် ဦးပေတလူ တို့ အနေ နှင့် ရတနာများ ကို ကြိုးစား၍ ရှာဖွေ သင့်ကြောင်း ၊ ရတနာများ ရရှိပါက သုံးပုံ တစ်ပုံ ကို ၎င်း မှာကြား ထား သည့် အတိုင်း လွတ်လပ်ရေးကြိုးပမ်းသူများ ကို လှူ ဖြစ်အောင် လှူရမည် ဖြစ်ကြောင်း ပါရှိလေ၏ ။
ထို စာ ရပြီး များ မကြာမီ၌ ပင် ပင်လယ်ဆိပ်ကမ်းမြို့ တစ်မြို့ ကို လွန်စွာ မဝေးသော နေရာ လောက်တွင် ပင်လယ်ဒမြသင်္ဘော ဟု ယူဆရသော “ သန်းခေါင်ကြယ်သစ် ” အမည် ရှိသည့် သင်္ဘောကြီး တစ်စီး ပေါက်ကွဲ နစ်မြုပ် သွားသည် ဖြစ်ရာ ပင်လယ်ဒမြ အားလုံး သေဆုံး သွားကြကြောင်း သတင်း ကို ကြားရ လေတော့၏ ။
မောင်ဂျင်း သည် ဦးပေတလူ ထံ မှ ထွက်သွား ပြီး နောက် ထို ဒမြအဖွဲ့ အတွင်း သို့ ကြိုးစားဝင်ရောက် ခဲ့ဟန် လက္ခဏာ ရှိ၏ ။ ပင်လယ်ဒမြသင်္ဘောကြီး ကို ၎င်း ကိုယ်တိုင် နှစ်မြှုပ် ခဲ့ဟန်တူ၏ ။ ထိုသို့ နစ်မြုပ် ရာ တွင် ၎င်း ကိုယ်တိုင် လည်း အသက် ဆုံးရှုံးဖွယ်ရာ ရှိသည် ဟု ယူဆ ဖွယ်ရာ ရှိ၏ ။ ထိုအခါ ဦးပေတလူ သည် ရတနာပစ္စည်းများ ရှာဖွေရန် စီစဉ် ပြန်လေ၏ ။
ထိုသို့ စီစဉ်ရာ တွင် မြိတ် သို့ သွား၍ စက်လှေ တစ်စီး ဝယ်ယူမည် ဆို၏ ။ ထိုသို့ ဝယ်ယူ စဉ်၌ ပင် တစ်စုံတစ်ယောက်သော သူ က ချောင်းမြောင်း ၍ အဆိပ်လူးမြား ဖြင့် ပစ်သောကြောင့် အသက် ဆုံးရှုံးသွားရသည် ဆို၏ ။
ထို့ကြောင့် ဦးပေတလူ ၏ သား ကျွန်ုပ် မောင်မြူ သည် ရန်ကုန် တွင် နေထိုင် ခဲ့သော အိမ် ကို အပြီးအပိုင် ရောင်း၍ ပဲခူး သို့ ပြောင်းရွှေ့ ကာ တောင်ကုန်းကလေး တစ်ကုန်း ပေါ် ၌ အိမ်တစ်လုံး ဆောက်လုပ် ၍ နေထိုင် ခဲ့လေ၏ ။
ဤနေရာ ၌ ကျွန်ုပ် ဖော်ပြရန် လိုသည် မှာ ကျွန်ုပ် ၏ ဖခင်ကြီး ဦးပေတလူ အနိစ္စ မရောက်မီ နှစ်နှစ်ခန့် က ဆန်စပါးကိစ္စ နှင့် သွားလာရင်း ပဲခူး ၌ အိမ်ထောင် ကျပြီး ဖြစ်ရာ ကျွန်ုပ် သည် ပဲခူး ၌ ပင် အခြေချ နေထိုင် လေတော့၏ ။
ပဲခူး သို့ မပြောင်းမီ လ အနည်းငယ် က ပင် ကျွန်ုပ် ၌ သမီးကလေး တစ်ဦး ထွန်းကား ခဲ့သည် ။ ထို သမီးကလေး ၏ အမည်ကို မမယ်ဇယ် ဟူ၍ ကျွန်ုပ် အမည် ပေးထားလေ၏ ။ သမီးကလေး ရှစ်နှစ် သမီး အရွယ် သို့ ရောက်သော အခါ၌ ကျွန်ုပ် ၏ ဇနီး သည် ထိတ်လန့်သော ရောဂါ နှင့် ရုတ်တရက် ဆုံးပါး သွားလေတော့၏ ။
ကျွန်ုပ် လည်း သမီးကလေး ကို ဆက်လက် ၍ မွေးမြူရင်း ဆန်စက်လုပ်ငန်းများ ကို လုပ်ကိုင် ခဲ့လေ၏ ။ သမီးကလေး အရွယ် ရောက်သော အခါ၌ ကျွန်ုပ် သည် ဦးပဉ္စင်း ကလေး တစ်ပါး နှင့် သိကျွမ်း ရင်းနှီးခဲ့လေ၏ ။
ထို ဦးပဉ္စင်းကလေး သည် ကျွန်ုပ် အား နေ့စဉ် ရက်ဆက် တရား ဟော၏ ။ ကျောင်း သို့ ခေါ်၍ တရားထိုင် ခိုင်း၏ ။ ဤသို့ နေလာခဲ့ရာ ကျွန်ုပ် ၏ နောက် မှ လိုက်၍ ကျွန်ုပ် သွားလာသည် ကို ချောင်းမြောင်း ကြည့်ရှု နေသော အဘိုးကြီး တစ်ဦး ကို တွေ့ရလေ၏ ။
ထို အဘိုးကြီး သည် လွန်စွာ အိုမင်းသည် ဖြစ်ရာ ကြေးဖြင့် ပြုလုပ်ထားသော တောင်ဝှေး တစ်ချောင်း ကို ထောက်၍ လမ်းသွား ရ၏ ။
ထို အဘိုးကြီး မှာ မောင်ဂျင်း မြှုပ်ပစ်၍ ပင်လယ် ထဲ တွင် မြုပ်သွား ရသော ပင်လယ်ဒမြများ ၏ ခေါင်းဆောင် ဦးကု,လား ဆိုသူ ဖြစ်နိုင်၏ ။ သူ သည် သင်္ဘောမြှုပ် ရာ ၌ အသက် မသေဘဲ ကျန်ခဲ့ ဟန် လက္ခဏာ ရှိ၏ ။ သူ ကိုင်ဆောင် ထားသော ကြေးဝါပိုက်လုံး တောင်ဝှေး ဆိုသည် မှာ အဆိပ်လူးမြား ကို ထည့် ၍ မှုတ် ရသော ပြောင်းတံ ဖြစ်ဖွယ်ရာ ရှိ၏ ။
ဦးမြူ ၏ ဖခင် ဦးပေတလူ အား အဆိပ်လူးမြား ဖြင့် ပစ်သတ်ခဲ့သည် ဆိုသည် မှာ ၎င်း ၏ လက်ချက် ပင် ဖြစ်တန် ရာ၏ ။ ၎င်း ဒမြခေါင်းဆောင် ဦးကု,လား သည် ရတနာ ပစ္စည်းများ ကို ကျွန်း နှစ်ကျွန်း ၌ ကိုယ်တိုင် ကိုယ်ကြပ် မြှုပ်ခဲ့ရပြီ ဖြစ်၏ ။
သို့ရာတွင် ထို ကျွန်းများ သို့ သွားရန် လမ်း ကို မူကား ၎င်းအ နေနှင့် မှတ်မိခြင်း မရှိပေ ။ ၎င်းအား မျက်စိ မှိတ်၍ ခေါ်သွားခဲ့ခြင်း ကြောင့် ဖြစ်၏ ။ ရတနာပစ္စည်းများ မြှုပ် ရာ ကျွန်း ၌ တစ်နှစ်ခန့် သောင်တင် နေခဲ့ရာ ပင်လယ်ဒမြများ က သင်္ဘော ဖြင့် သွားရောက် ခေါ်ယူရ၏ ။ ။
ထိုသို့ ခေါ်ယူခဲ့စဉ် ကလည်း ဒမြများ သည် ၎င်း အား မျက်စိ ပိတ်၍ ခေါ်ခဲ့ကြ၏ ။ ထို့နောက် ထို ဒမြများ က ပင် ၎င်းတို့ ၏ ခေါင်းဆောင် ဦးကြယ် မရှိ သောကြောင့် ၎င်း ကို ပင် ခေါင်းဆောင် အရာ တင် ၍ ဒမြခေါင်းဆောင် ဦးကု,လား ဟု ခေါ်ဝေါ်ခဲ့ကြလေ၏ ။
၎င်း ဦးကု,လား သည် ဦးပေတလူ သေပြီး နောက် ဦးပေတလူ ၏ သား ဦးမြူ ကို မျက်ခြည်ပြတ် သွားဟန် ရှိ၏ ။ ယခုအခါ ဦးမြူ ၏ သတင်း ကို ရသဖြင့် သ,တ်ဖြတ် လုပ်ကြံရန် လာရောက်ခဲ့ခြင်း ဖြစ်တန်ရာသည် ။
စာရေးသူ
ဦးပေတလူ ၏ သား ကျွန်ုပ် မောင်မြူ သည် တစ်ညနေ ၌ ကျွန်ုပ် နှင့် ခင်မင်နေသော ဦးပဉ္စင်းကလေး ကျောင်း သို့ တရား ထိုင်ရန် သွားလေ၏ ။ ကျွန်ုပ် သည် သေဘေး နှင့် နီးကပ်နေပြီ ဖြစ်ကြောင်းကို ဦးပဉ္စင်းကလေး အား အရိပ်အမြွက် မျှ ပြောပြရာ ဦးပဉ္စင်း ကလေး က
“ ဒကာကြီး ရယ် ၊ အခုမှ သေဘေး နဲ့ နီးတာ မဟုတ်ပါဘူး ၊ သတ္တဝါ ဆိုတာ အမြဲတမ်းသေဘေး နဲ့ နီး နေတာ ချည်းပါပဲ ၊ ပြီးတော့ ဘဝပေါင်း များစွာ ဖြစ်ပြီး ၊ ဘဝပေါင်း များစွာ သေခဲ့ကြ ပြီးပါပြီ ၊ အထူး ကြောက် မနေပါနဲ့ ၊ အသေ လွတ်တဲ့ တရား ကို လိုက်စမ်းပါ ကျုပ် ပြောတဲ့ နည်းအတိုင်း ထိုင်စမ်းပါ ဆို သဖြင့် ကျွန်ုပ် လည်း ဦးပဉ္စင်းကလေး ၏ ကျောင်း အနီး ဇရပ် ပေါ် ၌ တရား ထိုင် နေလေ၏ ။ ထိုအချိန်၌ တစ်စုံ တစ်ယောက် သည် ကျွန်ုပ် တရား ထိုင်ရာ အနီး သို့ ချဉ်းကပ် လာသည် ကို သိ လိုက်ရ၏ ။
ထိုချ ဉ်းကပ်လာ သူ မှာ ကျွန်ုပ် ၏ သေမင်း အဘိုးကြီး ( ဦးကု,လား ) ဖြစ်ကြောင်း ကောင်းစွာ ရိပ်မိ၏ ။ သို့ရာတွင် ကျွန်ုပ် သည် တရား ထိုင်ခြင်း ကို မဖျက်ဘဲ သ,တ်လို က သ,တ်စေတော့ ဟု သဘော ထား ကာ ထိုင်မြဲ ထိုင်၍ ထွက်လေ ၀င်လေကို ရှုမှတ် နေလေ၏ ။ ထိုသို့ ရှုမှတ် နေစဉ် ၌ ပင် ကျွန်ုပ် ၏ အနီး ၌ အသက် ကို လုပ်ကြံမည့် လူကြီး ရှိ နေကြောင်း ကို မေ့လျော့၍ သမာဓိ ကောင်းစွာ ရ ပြီး လျှင် ကျွန်ုပ် ၏ စိတ် သည် အတိုင်းမသိ အေးချမ်းသွား လေတော့၏ ။ ကျန်ုပ် သည် သုံးနာရီ နီးပါး မျှ မထ တမ်း ထိုင် ခဲ့ ပြီးနောက် မျက်စိ ကို ဖွင့်ကြည့် လိုက်ရာ ကျွန်ုပ် ၏ ပေါင်ပေါ် တွင် စာရွက်ကလေး တစ်ရွက် တွေ့ရလေ၏ ။ ထို စာရွက်ကို ဖတ်ကြည့်ရာ အောက်ပါ စာ ကို တွေ့ရလေတော့၏ ။
လူယုတ်မာ ပေတလူသား
သင် ဟာ သူတော်ကောင်း စင်စစ် ဖြစ်တယ် ၊ သင့် ကို ကျွန်ုပ် မသ,တ်လို ၊ သ,တ် လည်း မသတ်ဝံ့ ထို့ကြောင့် ကျွန်ုပ် ပြန် သွားပြီ ။
သန်းခေါင်ကြယ်
ကျွန်ုပ် သည် ထို စာ ကို ဖတ်ပြီး နောက် ကျွန်ုပ် ၏ တရား သည် ကျွန်ုပ် ၏ အသက် ကို ကောင်းစွာ ကယ်ဆယ် ခဲ့ကြောင်း သဘော ပေါက်ခဲ့၏ ။ ထို့ပြင် ကျွန်ုပ် သည် လူတို့ နှင့် မနေသည် ဖြစ်ရာ ဆင်းရဲ သော် လည်း လွန်စွာ ရိုးသားသော ကျွန်ုပ် ၏ ရန်မျိုးအောင် ဆန်စက် မှ စက်စာရေးကလေး မောင်ခင်ဦး အား ကျွန်ုပ် ၏ သမီး နှင့် လက်ဆက် ကာ ကျွန်ုပ် သည် တော သို့ ဝင်ပြီ တကား ။
မောင်မြူ
စားကြွင်း ။ ။ ကျွန်ုပ် သည် ဖခင် ၏ ပစ္စည်းများ ဖြစ်သော ပင်လယ်သွား နက္ခတ်တာရာမြေပုံစာအုပ် နှင့် ၎င်းတို့ ၏ အသုံးအဆောင်များ ဖြစ်သော ငွေ ၊ ရွှေဒင်္ဂါး အချို့ ၊ သွေးစွန်းသော ပင်လယ်ဒမြအင်္ကျီ ၊ ရင်းတိုက်သား တုတ်တစ်ချောင်း ၊ ဓားကောက် တစ်လက် စသည်တို့ ကို ကျွန်ုပ် အနေ နှင့်ဖျက်ဆီး ပစ်ရန် ဝန်လေး လျက် ရှိ၏ ။ ကျွန်ုပ် ၏ ဖခင်ကြီး ၏ အသက် အပါအဝင် အသက်ပေါင်း များစွာ အဆုံးရှုံး ခံ၍ ဖခင်ကြီး သိမ်းဆည်း ခဲ့သော ပစ္စည်းများ ဖြစ်သော ကြောင့် ဖျက်ဆီး ပစ်ရန် မသင့် ဟု ယူဆသည့် အလျောက် လုံခြုံစွာ သိမ်းဆည်းထား ခဲ့ပေသည် ။ ဤ ပစ္စည်း နှင့် မြေပုံကို တွေ့ရှိ သူ သည် ကျွန်ုပ် ရေးသားသော မှတ်တမ်း ကို ဖတ်ရှု ပြီးနောက် ကောင်းစွာ စဉ်းစားပါလေ ။ ပစ္စည်း ဆိုသည် မှာ များ လျှင် လူတို့ ၏ အသက် ကို အန္တရာယ် ပြုသော သဘော ရှိ ပေသည် ။
ဤတွင် မှတ်တမ်းကြီး ပြီး၏ ။
◾မင်းသိင်္ခ
📖 မိုးပေါ်မှာ ကြယ်တစ်လုံး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment