Monday, January 15, 2024

ဆားပုလင်းနှင်းမောင် ခွေးဝဲစား တစ်ကောင် ယူလာခြင်း


 

❝ ဆားပုလင်းနှင်းမောင် ခွေးဝဲစား တစ်ကောင် ယူလာခြင်း ❞

ကျွန်ုပ် ၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင် သည် စီအိုင်ဒီ ၌ အမှုများ ရှုပ်ထွေးနေသည့် ကြား က ပင် ရှမ်းပြည် သို့ အလည်အပတ် သွားလေ၏ ။ ကျွန်ုပ် နှင့် ဦးကိုကိုကြီး မှာ “ ဆားပုလင်းနှင်းမောင် ဘယ်မှာလဲ ” ဟု စုံထောက်မင်းကြီး က မေးမည် ကို တွေး၍ ပူပန်မိလေ၏ ။ ကျွန်ုပ်တို့ အနေ နှင့် ပဲခူး နှစ်လောင်းပြိုင် လူသ,တ်မှု ကို လည်း တရားခံ မဖော်နိုင်သေး ၊ ဒီကြားထဲ တွင် ကြို့ကုန်း လူသ,တ်မှု က ထပ်၍ ဖြစ်ပွား ပြန်၏ ။

ထို ကြို့ကုန်း လူသ,တ်မှု ကို လည်း မဖော်နိုင်သေးပေ ။ ထို့ကြောင့် ကျွန်ုပ် သည် မစ္စတာကရစ်ပင် ခေါ်၍ ဆူပူကြိမ်းမောင်း မည်ကို ကြောက်လန့်လျက် ရှိလေတော့၏ ။

ဆားပုလင်းနှင်းမောင် ထွက်သွား သည် မှာ လည်း တစ်ပတ်ခန့် ပင် ရှိပြီ ဖြစ်ရာ ပြန်၍ ရောက် မရောက် သိရန် အတွက် ၎င်း နေထိုင်ရာ ၂၉၅ ဘိုးလိန်းလမ်း သို့ မော်တော်ကား ဖြင့် ထွက်ခဲ့လေ၏ ။ လမ်း တွင် လက် ကို လွှဲ၍ ဟန်ပါပါ လမ်းလျှောက် နေသော ဦးကိုကိုကြီး ကို တွေ့သဖြင့် “ ငါ့ ဆရာကြီး ၊ ဘာလုပ်နေတာလဲ ” ဟု ကျွန်ုပ် က မေးလိုက်ရာ ၎င်း က “ ဂျော်နီဝပ်ကား လုပ်နေတာလေ ” ဟု ပြန်၍ ပြောလေ၏ ။

“ လာဗျာ ၊ ကိုနှင်းမောင် ပြန်ရောက်တယ် မရောက်ဘူး သိရအောင် သူ့ အိမ် ကို သွားကြည့်ရအောင် ”

ဟု ကျွန်ုပ် က ခေါ် လိုက်ရာ ဦးကိုကိုကြီး က “ ကောင်းသားပဲ ” ဟု ဆိုကာ ကား ပေါ် သို့ တက်လေ၏ ။

ကျွန်ုပ် လည်း ကား ကို အရှိန်ပြင်းစွာ မောင်းနှင် ခဲ့သည် ဖြစ်ရာ များမကြာမီ ၌ ပင် ၂၉၅ ဘိုးလိန်းလမ်း သို့ ရောက်ရှိ ခဲ့ကြလေတော့၏ ။ ကျွန်ုပ်တို့ လည်း ကား ပေါ် မှ ဆင်း ခဲ့ကာ ကိုနှင်းမောင် ၏ အခန်း သို့ တက်သွားကြရာ ကျွန်ုပ်တို့ ၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်သည် လွန်စွာ ပိန်လှီ၍ လွန်စွာ မှ လည်း မွဲခြောက်ခြောက် နိုင် လှသော ခွေးဝဲစားကလေး တစ်ကောင် ကို ထမင်း ကျွေး နေသည်ကို တွေ့ ရလေ၏ ။

“ အိုင်ဆေး ၊ ဘယ်တုန်းက ပြန်ရောက်သလဲ ”

ဟု ကျွန်ုပ် က မေးလိုက်ရာ ကိုနှင်းမောင် က

“ အခုကလေးတင်ပဲဗျ ၊ ဒီကောင် ဆာ နေလို့ ထမင်း ဝယ်ပြီး ကျွေးနေရတာ ”

ဟု ပြန်၍ ဖြေလေ၏ ။

“ ခင်ဗျား မွေး မလို့လား ၊ ခင်ဗျား ခွေး က လဲ ဝဲစားပါလား ၊ မွေး ချင်ရင် ခွေးမျိုးကောင်း မွေးစမ်းပါဗျ ၊ ကျုပ် ရှာပေးပါ့မယ် ၊ ဒီကောင် ဘယ်က ဝယ်လာတာလဲ ၊ ဝယ် ဖို့ လိုမယ် မထင်ပါဘူးဗျာ ၊ ဘယ်က ကောက် လာတာလဲ ”

ဟု ဦးကိုကိုကြီး က မေးလိုက် လေ၏ ။

“ ဟုတ်ပါရဲ့ဗျာ အိုင်ဆေး ခွေး က မနိပ်ပါဘူး ၊ လွှတ် လိုက်ပါ ၊ ခွေး ကောင်းကောင်း တစ်ကောင် ကျုပ် ဝယ်ပေးပါ့မယ် ”

ဟု ကျွန်ုပ် က ပါ ပြော လိုက် ရာ ဆားပုလင်း နှင်းမောင် က

“ လွှတ်တော့ မလွှတ်ပါရစေနဲ့ ဗျာ ၊ ကျုပ် မှာ သူ့ အတွက် အတော့် ကို အလုပ် ရှုပ် ခဲ့ရတာ ၊ သူ့ ကို လိုချင်တာ နဲ့ ရထား ကို ရန်ကုန် အထိ မစီးဘဲ ပဲခူး မှာ ဆင်းပြီး သူ့ ကို ယူခဲ့ရတာဗျ ၊ ကျုပ် တစ်ယောက် တည်း ဆိုရင် မရသေးဘူး ၊ ကျုပ် မိတ်ဆွေ ဆရာဖြေ ဆိုတဲ့ လူ ဖမ်း ပေးလို့ ရခဲ့တာပါ ဗျာ ”

ဟု ပြောလိုက်လေ၏ ။

“ ခင်ဗျား ခွေး က အိမ်စောင့် မွေး ရအောင်ကလဲ ချည့်နဲ့နဲ့ ၊ အလှ မွေးရအောင် ကလဲ ဝဲစား ၊ ဘယ်နေရာ မှ အသုံး မကျပါဘူးဗျာ ”

ဟု ဦးကိုကိုကြီး က ပြောလိုက်ရာ ဆားပုလင်းနှင်းမောင် က

“ ဒီကောင် အသုံးကျပုံကလေး တွေ့ရပါလိမ့်မယ်ဗျာ ”

ဟုသာ ပြန်၍ပြောလေ၏ ။

ထိုအခါ ကျွန်ုပ် က

“ ဒါတွေ ထားလိုက်ပါတော့ ၊ ကြို့ကုန်း လူသတ်မှု ကိစ္စ တရားခံ ဖမ်းဖို့ နီးစပ်ပြီလား ”

ဟု မေးလိုက်ရာ ဆားပုလင်းနှင်းမောင် က

“ အစစ်ပဲ အိုင်ပီ ရေ ၊ ကျုပ် လဲ အဲဒီ အမှုတွေ ကို မေ့နေလိုက်တာ ”

ဟု ပြောလိုက်လေ၏ ။

“ အောင်မယ်လေးဗျာ ၊ အဲဒီ အမှုတွေ မေ့နေတယ် ဟုတ်လား ၊ ကျုပ်တို့ မှာ ဖြင့် တရားခံ မမိသေးလို့ ဘယ်တော့များ မစ္စတာ ကရစ်ပင် က ခေါ်ယူပါ့မလဲ ဆိုပြီး စိတ်ပူ နေရတာ ၊ အိပ် လို့ တောင် မပျော်ဘူး ”

ဟု ဦးကိုကိုကြီး က ပြောလေ၏ ။

“ ဒီလိုလုပ်ဗျာ ၊ ကြို့ကုန်းက အခင်း ဖြစ်ပွားတဲ့ သန်းခေါင်ကြယ်အိမ်ကြီး ကို တစ်ခေါက် လောက် သွားပြီး ကြည့်ချင်သေးတယ်ဗျာ ”

ဟု ဆားပုလင်းနှင်းမောင် က ပြောလေ၏ ။

“ ကြည့်ချင် ရင် လိုက် ပို့မယ်လေဗျာ ၊ ကျုပ်တို့ မှာ မော်တော်ကားပါသားပဲ ”

ဟု ကျွန်ုပ် က ပြောလိုက်လေ၏ ။

“ အေးဗျာ ၊ အခုပဲ ကြည့်ချင်တယ် ”

ဟု ဆိုကာ ဆားပုလင်းနှင်းမောင် သည် တိုင်တွင်ချိတ်ထားသော ကုတ်အင်္ကျီ ကို ယူ၍ ဝတ်လေ၏ ။ ထို့နောက် “ လာ သွားကြစို့ ” ဟု ဆိုကာ ကျက်သရေ မရှိသော သူ ၏ ခွေးဝဲစား ကို ပွေ့လေ တော့၏ ။

“ ခင်ဗျား ခွေးဝဲစား က ဘာလုပ်မလို့လဲ ၊ ထားခဲ့စမ်းပါဗျာ ”

ဟု ဦးကိုကိုကြီး က စိတ်ပျက်သော လေသံ ဖြင့် ပြောလေ၏ ။

“ ကျုပ် မရှိရင် ဒီကောင် က အော် နေမှာ ဗျ ၊ ကောင်းကောင်း မနေဘူး ”

ဟု ဆားပုလင်းနှင်းမောင် က ပြန်၍ ပြောကာ အခန်း တံခါး ကို သော့ခတ်၍ ကား ပေါ် သို့ တက် လေ၏ ။ ၎င်း ၏ ခွေးဝဲစားကြီး လည်း ပါ၍ လာခဲ့လေတော့၏ ။

ထို ခရီး၌ မူ ဦးကိုကိုကြီး က မော်တော်ကား ကို မောင်း လေ၏ ။ ဆားပုလင်းနှင်းမောင် သည် ရေခဲတောင်စီးကရက် နှင့် မှိန်းကာ တစ်စုံတစ်ခု ကို စဉ်းစားရင်း လိုက်ပါ လာခဲ့လေ၏ ။ ၎င်း ၏ ခွေးဝဲစား က မူ တကိန်ကိန် မြည်၍ နေလေတော့၏ ။

“ ဒီကောင် အသုံးဝင်တဲ့ နေရာဆိုတာ ဒီလို တကိန်ကိန် အော်တာ ကို ပြောတာလား ၊ နား ပူလိုက်တာဗျာ ၊ ကိုနှင်းမောင် တို့ လုပ်လိုက်ရင် အဆန်းချည့်ပဲ ”

ဟု ဦးကိုကိုကြီး က ပြောလေ၏ ။

ဆားပုလင်းနှင်းမောင် က မူ တစ်စုံတစ်ရာ ပြန်လည် ပြောဆိုခြင်း မပြုဘဲ စဉ်းစား၍ သာ လိုက်လာခဲ့လေတော့၏ ။

များမကြာမီ ၌ ပင် ကျွန်ုပ်တို့ ၏ ကားကလေး သည် ကြို့ကုန်းအခင်း ဖြစ်ပွားရာ အိမ်ကြီး ဆီသို့ ရောက်ရှိ ခဲ့လေတော့၏ ။

ကျွန်ုပ်တို့ လည်း ကား ပေါ် မှ ဆင်းကြလေ၏ ။ ဆားပုလင်းနှင်းမောင် သည် ခွေးဝဲစား ကိုပွေ့ ၍ ဆင်းလာ ပြီး လျှင် သော့တူ ဖြင့် ခြံတံခါး ကို ဖွင့်ကာ ခွေးကလေး အား လွှတ် လိုက်လေ၏ ။ ခွေးကလေး သည် အမြီးကလေး နံ့ ကာ အိမ်ကြီး သို့ ပြေး၍ သွားကာ ဟောင်နေလေတော့၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် သည် ခွေးနောက် သို့ ပြေး၍ လိုက် သွားပြီး လျှင် အိမ်တံခါး ကို ပါ သော့တူ ဖြင့် ဖွင့်၍ ပေး လိုက်ပြန်၏ ။

ခွေးကလေး သည် အားရ ဝမ်းသာ ပြေး၍ ဝင်သွား ပြီးလျှင် ကြမ်းပြင် ၌ အနံ့ ခံကာ လှေကား ပေါ် သို့ ပြေး၍ တက်သွားလေ၏ ။ ကိုနှင်းမောင် လည်း လိုက်၍ တက်သွားလေ၏ ။ ကိုနှင်းမောင် နောက် မှ ကျွန်ုပ် တို့ လည်း လိုက်ပါသွားကြလေ၏ ။ အပေါ်ထပ် သို့ ရောက်သော အခါ၌ ခွေးဝဲစားကလေး သည် ဟိုဒီပြေးလွှား ၍ အနံ ခံပြီး လျှင် ကြမ်းပြင် ကို ကုတ်ခြစ် လေ၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် သည် ကြမ်းပြင် ၌ ခင်းထားသော ကောဇော ကို လှန်လိုက်ရာ ကြမ်းပြင် အံဖုံး တံခါး ကို တွေ့လေတော့၏ ။ ထိုအခါ ကိုနှင်းမောင် သည် အံဖုံး ကို ဖွင့်လိုက်ရာ အပေါ်ထပ် နှင့် အောက်ထပ် ကြား တွင် ဝှက်၍ လုပ်ထားသော ထပ်ခိုးဝှက်ကလေး ကို တွေ့ရလေ၏ ။ ဆင်းရန် လှေကားကလေး လည်း ရှိလေ၏ ။

ခွေးကလေး သည် ထို လှေကား မှ အထပ်ခိုး ဆီ သို့ ပြေး၍ဆင်းသွား လေ၏ ။ ကျွန်ုပ် တို့ လည်း ၎င်း ၏ နောက် မှ လိုက်၍ ဆင်းကြလေ၏ ။ ခွေးကလေး သည် အဝတ် တစ်ထည် ကို နမ်း ၍ ဟောင် နေသော ကြောင့် ဆားပုလင်းနှင်းမောင် က ထို အဝတ် ကို ဆွဲယူ ကြည့်ရှုရာ ထဘီဟောင်း တစ်ထည် ဖြစ်ကြောင်း တွေ့ ရလေတော့၏ ။ ထို့နောက် ကိုနှင်းမောင် သည် ကြမ်းပြင် ပေါ် မှ တစ်စုံတစ်ခု ကို ကောက်ယူ၍ ကျွန်ုပ် ၏ လက်ဝါး ပေါ် သို့ တင်ပေး လိုက် သဖြင့် ကြည့်လိုက် ရာ မှုတ်ပြောင်း ဖြင့် မှုတ်သည် ဆိုသော အဆိပ်သုံး မြားကလေး တစ်ချောင်း ကို တွေ့ရလေ၏ ။ ထို့နောက် ကိုနှင်းမောင် သည် ပွတ်လုံးတိုင် တွင် စိုက် နေသည့် အဆိပ်ဆူး နှစ်ဆူး ကို နုတ်၍ ပေးလိုက်ပြန်၏ ။ ပြီးလျှင်

“ လက်တည့် စမ်းထားတာဗျ ၊ ဟောဒီမှာ လာကြည့် ၊ ဒီ အပေါက် က နေ ပြောင်း နဲ့ မှုတ်လိုက်တာ ”

ဟု ဆိုကာ ဆားပုလင်းနှင်းမောင် သည် အထပ်ခိုး မှ အောက်သို့ မြင်ရသော နေရာ အား ပြလေ၏ ။ထို့နောက် ဆားပုလင်းနှင်းမောင် သည် ခွေးကလေး ကို ပွေ့၍ “ သွားကြစို့ ” ဟု ဆိုကာ အောက်ထပ် သို့ ဆင်းလေ၏ ။ ကျွန်ုပ် တို့လည်း ၎င်း ၏ နောက်မှ လိုက်ခဲ့ကြလေ၏ ။

ထို့နောက် ကိုနှင်းမောင် သည် အိမ်ကြီး ၏ တံခါး ကို လည်းကောင်း ၊ ခြံဝင်းတံခါး  ကို လည်းကောင်း ပြန်၍ သော့ ခတ်ပြီးလျှင် ကား ပေါ် သို့ တက် ကာ “ ကျုပ် မောင်းမယ် ” ဟု ဆိုကာ မော်တော်ကား ကို မောင်းလေတော့၏ ။

“ ဘယ်ကိုလဲ အိုင်ဆေး ၊ ခင်ဗျား အနေနဲ့ ဘယ်လို သဲလွန်စတွေ ထပ်ပြီး တွေ့ပြန်ပြီလဲ ”

ဟု ဦးကိုကိုကြီး က မေးလိုက်လေ၏ ။

“ အမှု က ပြီးသွားပါပြီ ၊ နောက်ဆုံး ဖော်တာ ကတော့ ဟောဒီ ခွေးဝဲစား ပါ ပဲ ”

ဟု ကိုနှင်းမောင် က ပြောလေ၏ ။

“ ဒီ အထိ တော့ ကျုပ်တို့ ဉာဏ်မမီဘူးဗျ ၊ ရှင်းပြစမ်းပါဦး ”

ဟု ဦးကိုကိုကြီး က ပြောလေ၏ ။

“ ဒီ ခွေးဝဲစားကလေး ကို ခင်ဗျားတို့ မမှတ်မိကြဘူးလား ”

ဟု ကိုနှင်းမောင် က မေးလိုက်လေ၏ ။

“ ဟင့်အင်း မမှတ်မိပေါင်ဗျာ ”

ဟု ကျွန်ုပ်က ပြန်၍ဖြေ၏ ။

ဦးကိုကိုကြီး က လည်း

“ ကျုပ် နဲ့ ကျောင်းနေဘက် မှ မဟုတ်ပဲဗျာ ၊ ဘာဖြစ်လို့ ဒီ ခွေး ကို မှတ်မိရမှာတုံး ”

ဟု ပြော၏ ။

“ ပဲခူး မှာ လူသတ်မှု ဖြစ်တဲ့ အိမ်ဝင်း ထဲ ကို ဝင်သွား တုန်းက ကျုပ် ကို ဟောင် တဲ့ ခွေးဝဲစားကလေး တစ်ကောင် ကို တော့ ခင်ဗျားတို့ မှတ်မိကြ ဦးမှာပေါ့ ဗျာ ”

ဟု ကိုနှင်းမောင် က ပြောလိုက်မှ ပင် ကျွန်ုပ်တို့ လည်း ထို ခွေးကို မှတ်မိကြ လေတော့၏ ။

“ မှတ်မိပြီဗျို ၊ ကောင်းကောင်း မှတ်မိပြီ ”

ဟု ဦးကိုကိုကြီး က ပြောလေ၏ ။

“ ခင်ဗျား နဲ့ ကျောင်းနေဘက် ဖြစ်လို့ မှတ်မိတာလား ”

ဟု ကိုနှင်းမောင် က ပြန်၍ မေးလိုက်လေ၏ ။

“ ဟား ဟား ဟား ကျောင်းနေဘက် ဖြစ်လို့ မှတ်မိတာ မဟုတ်ဘူးဗျို့ ၊ ခင်ဗျား က ဝါးခြမ်းပြား နဲ့ ဒီ ခွေး ကို လိုက် ရိုက်လို့ မှတ်မိတာ ”

ဟု ဦးကိုကိုကြီး က ပြန်၍ ပြောလေ၏ ။

“ အဲဒီတုန်း က ရိုက် တာ ဟာ အလကား ရိုက်တာ မဟုတ်ဘူးဗျ ၊ ဒီ ခွေးကလေး ပြေးစရာ မရှိရင် ခြံဝင်း အပြင်ဘက် ကို ထွက် ပြေးမယ် ၊ အဲဒီလို ထွက်ပြေး ရင် ခြံဝင်း ထဲ ကို အဝင် အထွက် လုပ်တဲ့ ခွေးတိုးပေါက် ကို သိရမယ် ဆိုပြီး လိုက် ရိုက်တာဗျ ”

ဟု ကိုနှင်းမောင် က ပြောလေ၏ ။

“ ဒီလိုလား ၊ ဒီ အထိတော့ ဉာဏ် မမီပါဘူး ”

ဟု ဦးကိုကိုကြီး က ပြောလေ၏ ။

“ ခြံ ထဲ ကို ကျုပ်တို့ ဝင် သွားတော့ ခွေးကလေး က ဟောင်တာကိုး ဗျ ။ ဒီတော့ ဒီ အိမ် ဟာ ညဘက် ဆို ရင် အပြင်လူ ကပ်လို့ မလွယ်ဘူး ဆိုတာ သတိရ မိတယ် ၊ အဲဒီတော့ ဒီလို ဟောင် တတ်တဲ့ ခွေး ရှိပါလျက် နဲ့ အိမ်ထဲ ကို ရအောင် ဝင်တဲ့ လူ ဆိုတာ ဘယ်သူ ဖြစ်နိုင် မလဲ ၊ ဒီခွေး နဲ့ ရင်းနှီးတဲ့ ဒီ ခွေး က သိနေတဲ့ လူ ပဲ ဖြစ်ရမယ် ဆိုတာ စဉ်းစားမိတယ် ၊ ဒါနဲ့ ခွေး ကို လိုက်ပြီး ရိုက်ရင်း ခြံ ရဲ့ နောက်ပိုင်း ခွေးတိုး ပေါက် နား ကို ရောက်တော့ အဲဒီမှာ ခြေရာ နှစ်မျိုး ကို တွေ့တယ် ၊ တစ်မျိုးက မိန်းမ တစ်ယောက် ရဲ့ ခြေရာ ၊ တစ်မျိုး က ယောက်ျား တစ်ယောက် ရဲ့ ခြေရာ မိန်းမ က ခွေးတိုး ပေါက် က နေ လျှို ပြီးဝင် လာတဲ့ လက္ခဏာ ပဲ ၊ ယောက်ျား က တော့ ခြံစည်းရိုး ကို ကျော် တက်ခဲ့ ဟန် ရှိတယ် ၊ အဲဒီ ကတည်း ကို က လူသ,တ်သမား ဟာ နှစ်ယောက် ဆိုတာ ကျုပ် ရိပ်မိပြီးသား ပါ ဗျာ ၊ ပြီးတော့ ကြို့ကုန်း မှာ သ,တ်တာလဲ ပဲခူး က အဆက်ပဲ ဗျ ၊ ပဲခူး က စက်သူဌေး ကိုခင်ဦး နဲ့ မစန်းအေး ကို သ,တ်သွား တဲ့ နှစ်ယောက်ပဲ ဗျ ”

ဟု ကိုနှင်းမောင် က ရှင်းပြလေ၏ ။

“ ဒီလိုဆိုတော့လဲ ခင်ဗျား ခွေးဝဲစား က တယ်ပြီး အသုံးဝင်တာကို ဗျ ”

ဟု ဦးကိုကိုကြီး က ပြောလိုက်လေတော့၏ ။

ထို့နောက် ကိုနှင်းမောင် သည် ကျွန်ုပ်တို့ မေးသမျှ ကို ဖြေရင်း ကား ကို မောင်း ခဲ့ရာ ၂၉၅ ဘိုးလိမ်းလမ်း သို့ ရောက်လျှင် ခွေးဝဲစား အား အိမ် အတွင်း ၌ လွှတ်လိုက် လေတော့၏ ။ 

ပြီးလျှင် အံဆွဲ အတွင်း မှ ခြောက်လုံးပြူး ကို ထုတ်၍ ကျည်ဆန်များ ကို စစ်ဆေးကာ ခါးကြား ၌ ထိုး လိုက်လေတော့၏ ။

“ ဘယ်လိုလဲ အိုင်ဆေး ၊ တရားခံ မိတော့မှာလား ”

ဟု ကျွန်ုပ် က မေး လိုက်ရာ ကိုနှင်းမောင် က

“ ခဏကလေး စောင့်ပါ ၊ စောင့်ရင်း လက်ဖက်ရည် သောက်ကြတာပေါ့ ”

ဟု ဆိုကာ အနီးရှိ လက်ဖက်ရည်ဆိုင် မှ လက်ဖက်ရည် ကို မှာ ၍ ကျွန်ုပ်တို့ အား တိုက်ကျွေး လေတော့၏ ။ ကျွန်ုပ်တို့ သည် လက်ဖက်ရည် သောက်ရင်း စကား ပြော နေကြလေတော့၏ ။

ထိုအချိန် ၌ မှာ ပင် တောသားကြီး တစ်ယောက် သည် အိမ်ပေါ် သို့ တက်လာ ပြီး လျှင် ကိုနှင်းမောင်း အား

“ ဆရာ ကိုနှင်းမောင် ၊ စက်လှေကြီး ထွက်တော့မယ် ၊ လှေသမားတွေ လဲ အသင့် ဖြစ်ပြီ ”

ဟု ပြောလေတော့၏ ။ ထိုအခါ ကိုနှင်းမောင် သည် ထိုင် ရာ မှ ဆတ်ခနဲ ထ ပြီးလျှင်

“ ကဲ အိုင်ပီတို့ ၊ သွားကြစို့ ”

ဟု ဆိုလေတော့၏ ။ ထို့နောက် ကျွန်ုပ်တို့ သည် ထို တောသားကြီး ၏ နောက်သို့ လိုက်သွား ရလေ၏ ။ ကမ်းနားဆိပ် သို့ ရောက်သော အခါ ၌ ကိုနှင်းမောင် သည် မော်တော်ဘုတ်ကလေး တစ်စီး ကို ပုတ်ပြတ် ငှား လိုက်လေတော့၏ ။

ထို့နောက် ကျွန်ုပ်တို့ သည် မော်တော်ဘုတ် ဖြင့် ရန်ကုန်မြစ် ကို ဖြတ်ကာ ချောင်းကြိုချောင်းကြားများ ကို ကွေ့ချီ တစ်ခါ ပတ်ချီ တစ်လှည့် ဖြင့် ခရီးဆက် ခဲ့ ကြရာ နောက် တစ်နေ့နံနက် မိုးလင်းခါ နီး တွင် မော်တော် သည် ချောင်းရိုး ကလေး တစ်ခု အတွင်း သို့ ဝင်သွား ပြီးနောက် ချောင်း ကော၍ ရေတိမ် နေသော နေရာ အရောက် တွင် ရပ်လိုက် ရ လေတော့၏ ။ အချိန်မှာ နောက် တစ်နေ့ ဝေလီဝေလင်း ပင် ရောက် နေပြီ ဖြစ်၏ ။

“ အောင်မယ်လေး ဗျာ ၊ မော်တော် စီး နေရတာ မနေ့ နေ့လယ် ကတည်း က စီး နေရတာ ၊ ခုမှပဲ ဒီ နေရာ ကို ရောက်တော့တယ် ၊ လုပ်ပါဦး မိတ်ဆွေကြီး ရ ”

ဟု ကျွန်ုပ်တို့ အား လာရောက် ခေါ်သော တောသားကြီး အား မေးလိုက်လေ၏ ။

“ လမ်းမှာ က စက်လဲ ပျက် သေးတယ်ဗျာ ၊ ချောင်း မှား ပြီး ဝင်သွားတာလဲ ရှိသေး တယ် ၊ အချိန် ကို တော့ မတွက်ပါနဲ့တော့ဗျာ ”

ဟု တောသားကြီး က ပြောလိုက်လေ၏ ။

“ ထားပါတော့ဗျာ ၊ မတွက်နဲ့ ဆိုလဲ မတွက်ပါဘူး ၊ ညစာ လဲ ခုထိ မစားရသေးဘူး နောက် တစ်နေ့ တောင် မိုးလင်း နေပြီ ။ ကျုပ် ဘယ်လောက် ဆာနေသလဲ ဆိုရင် နောက် တစ်နာရီ အတွင်း မှာ ကျုပ် ပါးစပ် ထဲ ကို တစ်ခု ခု မထည့်ရရင် ကျုပ်ဗိုက် ထဲ က အူ ပါးစပ် က ထွက်လာပြီး သူတို့ ဘာသာ အစာ ထွက် ရှာ လိမ့်မယ် ၊ ဒါနဲ့ နေစမ်းပါဦးဗျ အခု ရောက်နေတာ ဘယ်နေရာ လဲ ပြောစမ်းပါဦး ”

ဟု ဦးကိုကိုကြီး က မေးလိုက်လေ၏ ။

“ အခု ရောက်နေတာ ကညင်ကုန်း လို့ ခေါ်တယ် ၊ ပင်လယ်ကမ်းစပ် ပဲ ”

ဟု တောသားကြီး က ပြောလိုက်လေ၏ ။

“ အိုး ရွာကလေး က သေးသေးလေး နဲ့ စေတီကြီး က ကြီးလှချည့်လားဗျ ။ တော်ရုံ တန်ရုံ မြို့ မှာ တောင် ဒါလောက် ကြီးတဲ့ စေတီမျိုး မရှိဘူးနော် ”

ဟု ဦးကိုကိုကြီး က ပြောလိုက်လေ၏ ။

“ ဒီ အရပ်သားတွေ က ဒီ စေတီကြီး ကို တောရွှေတိဂုံ လို့ ခေါ်ကြတယ်ဗျ ၊ ရွာ က တော့ ကညင်ကုန်းရွာ ပါ ၊ ဟောဟို မှာ တွေ့ရတဲ့ ဘုန်းကြီးကျောင်း ဟာ ကညင်ကုန်း ဘုန်းကြီး ရဲ့ ကျောင်း ပေါ့ ၊ ကညင်ကုန်း ဘုန်းကြီး ဆို တာ ဗေဒင် အလွန် မှန်တယ်ဗျ ”

ဟု တောသားကြီး က ပြောလိုက်လေ၏ ။

ထိုအခါ ဦးကိုကိုကြီး က ဆားပုလင်းနှင်းမောင် အား

“ ကိုနှင်းမောင် ရာ ၊ ကျုပ် ကို ဘယ်ကို ခေါ်လာတာလဲဗျာ ”

ဟု မေးလိုက်လေ၏ ။

ဆားပုလင်းနှင်းမောင် လည်း မော်တော် ပေါ် မှ နေ၍ ချောင်းကမ်းပါး ဆီ သို့ ခုန်၍ တက် လိုက်ပြီ ဖြစ်၏ ။ ကျွန်ုပ် နှင့် ဦးကိုကိုကြီး လည်း ချောင်းကမ်းပါး ကို တွယ်၍ တက်ရ လေ၏ ။ ဆားပုလင်းနှင်းမောင် သည် ရွာ အနီးသို့ ခပ်သုတ်သုတ် ပြေး၍ ကပ် သွားလေ၏ ။ ရွာ အနီး သို့ ရောက်လျှင် ခြေတံရှည် အိမ်ကြီး တစ်အိမ် မှ မိန်းမ တစ်ယောက် နှင့် ယောက်ျား တစ်ယောက် သည် ကွင်းဘက် သို့ ဆင်း ၍ ပြေး လေတော့၏ ။ မိန်းမ ၏ လက် တွင် ခြောက်လုံးပြူး သေနတ် တစ်လက် ကိုင်ထားသည် ကို တွေ့ရလေ၏ ။ ယောက်ျား ၏ လက် ထဲ မှာ မူ လွန်စွာ ရှည်လျား သည့် သံတုတ်ကြီး တစ်ချောင်း ကိုင်ထားသည် ကို တွေ့ရလေ၏ ။

ကျွန်ုပ်တို့ လည်း ၎င်းတို့ နောက် မှ ပြေး၍ လိုက်သွား ကြလေ၏ ။ များမကြာမီ၌ ပင် တစ်ဘက်ကမ်း ကို မမြင်ရသော ပင်လယ်ကြီး နှင့် တကွ လှိုင်းဖွေးဖွေးကြီးများ ကို တွေ့ရလေ၏ ။ ပင်လယ်ကမ်းစပ် ၏ တစ်နေရာ၌ မူ စက်လှေကြီး တစ်စီး ရပ်ထားသည် ကို တွေ့ရလေ၏ ။ ထို စက်လှေ ၏ နံဘေး ၌ လည်း “ မိုးပေါ် မှာ ကြယ်တစ်လုံး ” ဟူသော ဆေးဖြူ နှင့် ရေးထားသည့် စာလုံးကြီးများ ကို တွေ့ရ လေတော့၏ ။

ထွက်ပြေး သွားသော မိန်းမ နှင့် ယောက်ျား တို့သည် ပင်လယ်ကမ်းစပ် တွင် ရပ် ထားသော မော်တော်ဘုတ်ကလေး တစ်စီး ပေါ် သို့ ပြေး၍ တက်သွားကြလေ၏ ။

မလှမ်းမကမ်း သို့ ကျွန်ုပ် တို့ ရောက်ရှိ သွားသောအခါ၌ မူ ထို မော်တော်ဘုတ်ကလေး သည် ကမ်း မှ ခွာ၍ ထွက်သွားလေတော့၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် သည် ကမ်းစပ်တွင် ရပ်ထားသော အခြား မော်တော်ဘုတ်ကလေး တစ်စီး ဆီ သို့ ခြေကုန် သုတ် ၍ ပြေး သဖြင့် ကျွန်ုပ်တို့ လည်း နောက် မှ အပြေး လိုက်ခဲ့ရလေ၏ ။ ဦးကိုကိုကြီး မှာ မူ သူ ၏ ကိုယ်လုံးကြီး ကို ကြိုးစား၍ သယ်ကာ ပြေး လိုက်ရှာလေ၏ ။ ကျွန်ုပ်တို့ အားလုံး မော်တော်ဘုတ် ပေါ် သို့ ရောက်သွားသော အခါ၌ ဆားပုလင်းနှင်းမောင် သည် မော်တော်ဘုတ် ကို ကိုယ်တိုင် မောင်းနှင် ၍ ထွက်ပြေး သွားသော မော်တော်ဘုတ် ဆီသို့ လိုက်လေတော့၏ ။ ရှေ့ မှ ပြေး သွားသော မော်တော်ဘုတ် မှ ယောက်ျားကြီး သည် သံတုတ်ကြီး ကို ကိုင်၍ ကျွန်ုပ် တို့ အား အံကြိတ် ကာ လှည့် ကြည့်လေ၏ ။

“ အံမာ ဟို လူ က သံတုတ်ကြီး တကိုင်ကိုင် နဲ့ ၊ ကျုပ်တို့ ကို အခဲ မကျေတဲ့ မျက်နှာ နဲ့ ကြည့်နေပါလား ”

ဟု ဦးကိုကိုကြီး က ပြောလိုက်ရာ ကျွန်ုပ် က

“ သံတုတ် မဟုတ်ဘူးဗျ ပိုက်လုံးကြီး ”

ဟုပြောရလေ၏ ။

ထိုအခါ ကိုနှင်းမောင် က

“ သံတုတ် လဲ မဟုတ်ဘူး ၊ ပိုက်လုံး လဲ မဟုတ်ဘူး ၊ အဲဒါ သေမင်း လို့ ခေါ်တယ် ကြို့ကုန်း က အိမ်ကြီး ထဲ မှာ သွားစိုက်ဆရာ တရုတ် သေတာ အဲဒီ လက်နက် ပဲ ၊ အဲဒါ မှုတ်ပြောင်း ခေါ် တယ် ၊ ထိ လိုက်တာ နဲ့ အသက် ထွက်ဖို့ သာ ပြင်ပေတော့ ”

ဟု ပြောလိုက်လေ၏ ။

ကျွန်ုပ်တို့ ၏ မော်တော် လည်း ၎င်းတို့ နှင့် ဝါး တစ်ရိုက် သာသာ လောက် ဆီ သို့ မီ လာပြီ ဖြစ်၏ ။ ထိုအခါ အရှေ့ မှလူကြီး သည် ကျွန်ုပ်တို့ ဘက်သို့ လှည့်ကာ ပြောင်း ဖြင့် ချိန်၍ မှုတ် လိုက် လေ တော့၏ ။

ထို လူကြီး ၏ ပြောင်းမှုတ်သံ ထက် ဆားပုလင်းနှင်းမောင် ၏ သေနတ် မှ ကျည်ဆန် ထွက်သံ သည် စက္ကန့် ၏ အစိတ်အပိုင်းမျှ စော ၍ သွားသည် ဖြစ်ရာ ထို လူကြီး ၏ လက်မောင်း ကို ကျည်ဆန် က အလျင် မှန်၏ ။ ထို့ကြောင့် ၎င်း မှုတ်ထုတ်လိုက်သော မြား သည် ဆားပုလင်းနှင်းမောင် ကို လွဲချော် သွားလေတော့၏ ။

ထိုသို့ လွဲချော်သော် လည်း ထို အဆိပ်မြား သည် ဦးကိုကိုကြီး ၏ နဖူး တည့်တည့် လာ ၍ မှန်သည် ဖြစ်ရာ ဦးကိုကိုကြီး သည် “ သေ ” ဟု တစ်လုံး တည်း အော်ပြီး လျှင် လဲကျ သွားလေတော့၏ ။

ထိုအခါ ဆားပုလင်းနှင်းမောင် သည် ၎င်း ၏ အိတ် အတွင်း မှ ပုလင်းကလေး တစ်လုံး ကို ထုတ်၍ ဦးကိုကိုကြီး ၏ နဖူးတည့်တည့် မြားစူး နေသော နေရာ သို့ ပုလင်း ထဲ မှ အရည်များ ကို လောင်းချ လိုက်ပြီးလျှင် မြားတံ ကို “ ဗြုတ် ” ခနဲ ဆွဲ၍ နုတ် လိုက်လေ တော့၏ ။ ထိုအခါ ဦးကိုကိုကြီး က

“ ကျုပ် မိန်းမ ကို သာ ကြည့်ပြီး ပြောလိုက်ကြ ပေတော့ဗျာ ”

ဟု မျက်လုံးကလေး ကလည်ကလည် ဖြင့် ပြောလိုက်လေ၏ ။

“ ကျုပ် ဆီ မှာ ဟောဒီ အဆိပ်ဖြေ ပုလင်းကလေး မပါခဲ့ရင်တော့ ခင်ဗျား ဒီ စကားတောင် ပြောချိန် မရဘူး ဦးကိုကိုကြီး ရေ ၊ ခုတော့ ခင်ဗျား မသေတော့ ပါဘူး ၊ အဆိပ်တွေ လဲ ရေ ဖြစ် သွားပါပြီ ”

ဟု ဆားပုလင်း နှင်းမောင် က ပြော လိုက်မှ ပင် ဦးကိုကိုကြီး သည် အားရဝမ်းသာ ခုန်၍ ထ လိုက်လေတော့၏ ။ ထို့နောက် ကျွန်ုပ် တို့ လည်း ရှေ့မှ မော်တော် ကို လှမ်း ၍ ကြည့် လိုက်ရာ ရှေ့မှ မော်တော် သည် တလည်လည် ဖြစ် နေလေ၏ ။

“ ဟို လူ သေနတ် မှန်သွားတော့ ပဲ့ ကို ကောင်းကောင်း မထိန်းနိုင်တော့ဘူး ”

ဟု ကျွန်ုပ် က ပြော လိုက်ရာ ကိုနှင်းမောင် က

“ သတိတော့ ထားဗျို့ ဟို မိန်းမ လက် ထဲ မှာ သေနတ် ရှိတယ် မဟုတ်လား ၊ ပစ်လိမ့်ဦးမယ် ” ဟု ပြောလိုက်စဉ် ၌ ပင် “ ဒိုင်း ” ခနဲ သေနတ်သံ တစ်ချက် ကြားလိုက် ရပြီးလျှင် ကျည်ဆန် သည် ကျွန်ုပ်တို့ ၏ မော်တော် အမိုး သို့ လာရောက် ထိမှန် လေတော့၏ ။ ထိုအခါ ဆားပုလင်းနှင်းမောင် သည် ထို မော်တော် ၏ ဝမ်းဗိုက် ဆီ သို့ သေနတ် ဖြင့် နှစ်ချက် ပစ်ဖောက် လိုက် လေတော့၏ ။

ကျွန်ုပ်တို့ ၏ မော်တော် လည်း အနီး သို့ ရောက်ရှိ သွားလေ၏ ။ ထိုအချိန် ၌ ထို မော်တော် မှ ယောက်ျားကြီး သည် စက္ကူထုပ်ကြီး တစ်ထုပ် ကို ၎င်း မော်တော် တွင် ပါရှိ သော ချိန်းဘလောက်ကြီး နှင့် ပူး၍ ချည်ကာ ပင်လယ် အတွင်း သို့ ပစ်ချလိုက်လေတော့၏ ။ ထိုအခါ ဦးကိုကိုကြီး က

“ ဟိုမှာ ၊ ဟိုမှာ ၊ ဟို လူ ပစ်ချလိုက်ပြီ ၊ ဘာကြီးလဲ မသိဘူး ”

ဟု အော်ဟစ် လိုက်လေ၏ ။

ထိုအခါ ဆားပုလင်းနှင်းမောင် က

“ ပစ်ချသင့်တာ ကြာပါပြီဗျာ ၊ ဒါကြီး အတွက် လူတွေ သေကြတာ များလှပါပြီ ”

ဟု ပြောလိုက်ပြီးလျှင် ထို မော်တော် အား ဦးဖြင့် ခပ်ဖျော့ဖျော့ကလေး ဝင်၍ ဆောင့် ကာထို မော်တော် ပေါ် သို့ လွှားခနဲ ခုန်၍ တက် ပြီးလျှင် အမျိုးသမီး ၏ လက် တွင်း မှ သေနတ် ကို ဆတ်ခနဲ ဆွဲ၍ ယူကာ

“ မမယ်ဇယ် ငြိမ်ငြိမ်ကလေး ထိုင် နေပါ ၊ ဒီမှာ ကိုကြာပွတ် ၊ အေးအေးဆေးဆေး ဥပဒေ နဲ့ မျက်နှာချင်း ဆိုင် ပါဗျာ ၊ ခင်ဗျား ပြေးလို့ မလွတ်တော့ပါဘူး ၊ ကျုပ် ဆားပုလင်းနှင်းမောင် ပါ ”

ဟု ပြော လိုက်ရာ ထို လူကြီးသည် ဆားပုလင်းနှင်းမောင် အား သေသေ ချာချာ ကြည့်၍ ...

“ မသိလို့ပါ ဗျာ ၊ ကျုပ် ကို ကျုပ် ဆရာကြီး ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား က မှာ ဖူးပါတယ် ။ ဆားပုလင်းနှင်းမောင် နဲ့ တွေ့ရင် မလွတ်နိုင်ဘူး တဲ့ ၊ ကြိုက်သလို ပြုပါတော့ဗျာ ”

ဟု ပြော၍ အဖမ်း ခံလေတော့၏ ။

ထိုအခါ ဆားပုလင်းနှင်းမောင် သည် မော်တော် နှစ်စင်း အား လက်ခုပ်ကုန်း ရွာ ဘက် သို့ မောင်းနှင် စေပြီး လျှင် ကျွန်ုပ်တို့ နှင့် ပါလာခဲ့သော တောသားကြီး အား

“ ကဲ ကိုစံဖေရေ ၊ နာရီဝက် အတွင်း စားဖို့ သောက်ဖို့ကလေး စီမံခဲ့ဦးဗျာ ၊ ဒီ ကနေ ရန်ကုန် ကို တိုက်ရိုက် ပြန်ရမယ် ”

ဟု ပြော လိုက်ရာ ကိုစံဖေ ဆိုသော တောသားကြီး သည် စစ်ခရာသံ ကြားသော စစ်မြင်း ကဲ့သို့ မော်တော် ပေါ် မှ ဆင်းကာ ကဆုန် စိုင်း ၍ ပြေးလေတော့၏ ။ များမကြာမီ ၌ ပင် ကောက်ညှင်းပေါင်း ၊ ငါးကြော် စသည်များ ကို ခြင်းတောင်း ကြီး ဖြင့် ထည့်ကာ ယူလာလေ၏ ။

“ အခုနေများ လက်ဖက်ရည်အချိုကလေး သောက် ရရင် ကောင်းမယ်ဗျာ ”

ဟု ကိုနှင်းမောင် က ပြော လိုက်ရာ တောသားကြီး ကိုစံဖေ က

“ မပူပါနဲ့ ဆရာ ရယ် ၊ တော ဆိုပြီး လက်ဖက်ရည်အချို မရဘူးများ မှတ်နေသလား ၊ ပါခဲ့ပါရဲ့ဗျာ ၊ ဆရာ ကြိုက်တတ်မှန်း သိလို့ ဘုန်းကြီးကျောင်း ကို သွားပြီး စုံစမ်းတော့ မြို့ က လာပြီး လှူထားတဲ့ နို့ဆီ ၊ နို့စိမ်း ၊ သကြား ၊ အချိုခြောက် စုံအောင် ရှိလို့ ဖျော်ခဲ့ပါရဲ့ဗျာ ကျုပ် ဖျော်ရင် ညံ့နေမှာ စိုးလို့ မြို့လက်ဖက်ရည်ဆိုင် မှာ အဖျော်သမား လုပ်ခဲ့ဖူးတဲ့ ကပ္ပိယ ကို ဖျော်ခိုင်းခဲ့တာပါ ”

ဟု ပြော လိုက်ရာ ကိုနှင်းမောင် က

“ ခင်ဗျား လို အလိုက် သိတဲ့ လူမျိုး နဲ့ ဆိုရင် အဝီစိ ကို သွားရရင်တောင် ခပ်ပျော်ပျော် သွားဝံ့ပါရဲ့ ကိုစံဖေ ရယ် ”

ဟု ပြောလိုက်လေ၏ ။

ထို့နောက် ကိုစံဖေ မော်တော် မောင်း ၏ ။ ကျွန်ုပ်တို့ သည် လက်ဖက်ရည် ၊ မုန့် နှင့် ငါးကြော်များ ကို မြိန်ရှက်စွာ စားကြလေတော့၏ ။

ကျွန်ုပ်တို့ ဆိုရာ၌ တရားခံ ကိုကြာပွတ် နှင့် မမယ်ဇယ် တို့ ပါ ပါဝင်လေ၏ ။ ကိုနှင်းမောင် သည် ကိုကြာပွတ် ၏ လက် မှ ဒဏ်ရာ ကို ပတ်တီး စည်းပေး လေ၏ ။ ထိုအခါ ကိုကြာပွတ် က

“ ဘယ်လိုများ သဲလွန်စ ရသလဲ ဆားပုလင်းနှင်းမောင် ရယ် ”

ဟု မေးလိုက်ရာ ကိုနှင်းမောင် က

“ မမယ်ဇယ် မော်တော်ကား နဲ့ ချောက် ထဲ ကို ကျသွားတယ် ဆိုတဲ့ နေရာ ကို ကျုပ် ရောက်ခဲ့ပြီးပါပြီ ၊ တောင်ကြီး အတက် က လေ ၊ အဲဒီ တောင် အောက် ကို လည်း ကျုပ် ရောက်ခဲ့ပြီးပြီ ၊ ခင်ဗျားတို့ နေသွားတဲ့ သစ်လုံးအိမ်ကလေး ကို ရောက်ခဲ့ပြီးပြီ ကိုကြာပွတ် ၊ ခင်ဗျားတို့ အဖြစ်ကတော့ ဆန်းပါပေတယ်ဗျာ ၊ အဲဒီတော့ ကျုပ် က ပြောတာ ထက် ခင်ဗျားတို့ က ဖြောင့်ချက် ပေး ရင် ပိုပြီး ကောင်းတာပေါ့ ”

ဟု ဆိုလိုက် ရာ တရားခံ ကိုကြာပွတ် က

“ ပြောရမှာ က အရှည်ကြီးဗျ ”

ဟု ဆိုကာ ဖြောင့်ချက် ပေး လေတော့၏ ။ ကျွန်ုပ် လည်း အသင့် ပါလာသော စာရွက်ပိုင်းကလေး နှင့် ကိုကြာပွတ် ပြောပြသည်များ ကို လည်းကောင်း ၊ မမယ်ဇယ် ပြောပြသည်များ ကို လည်းကောင်း လိုက်လံ၍ ရေးမှတ်ခဲ့၏ ။

၎င်းတို့ ပြောပြသော အကြောင်းအရာများ မှာ လွန်စွာမှ ပင် စိတ်ဝင်စားဖွယ်ရာ ကောင်းလှ တော့၏ ။ ထို့ကြောင့် ကျွန်ုပ် သည် အချို့နေရာများ ၌ မရေးမိသည်များ ပင် ရှိ၍ တိုကြာပွတ် အား ပြန်၍ မေးယူရလေ၏ ။

ဤသို့နှင့်ပင် ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းသော ခရီး ကို ပျင်းရိငြီးငွေ့ခြင်း မရှိဘဲ ပြန်ခဲ့ရလေတော့၏ ။ ရန်ကုန် သို့ ရောက်သောအခါ ၌ ကိုနှင်းမောင် သည် တရားခံများ အား စုံထောက်မင်းကြီး မစ္စတာကရစ်ပင် ထံ သို့ အပ်နှံ လိုက်ရာ မစ္စတာကရစ်ပင် က ပင် ကိုကြာပွတ် အား

“ မောင်မင်း ဘယ်လောက်ပဲ လျှို့ဝှက်ပြီး သ,တ်သ,တ် ၊ မောင်မင်း မလွတ်နိုင်ဘူး ၊ ကျွန်ုပ်တို့ စီအိုင်ဒီ မှာ ဆားပုလင်းနှင်းမောင် ရှိတယ် ”

ဟုပြောလိုက်ရာ ဦးကိုကိုကြီး က စိတ် ကို မထိန်းနိုင်တော့ဘဲ တစ်အားကုန် ရယ်ပစ် လိုက်လေတော့ သတည်း ။

“ ဟား ... ဟား ... ဟား ဟား ”

ကျွန်ုပ်တို့ သည် လူသ,တ်တရားခံများ ဖြစ်ကြကုန်သော ကိုကြာပွတ် နှင့် မမယ်ဇယ်တို့ ၏ ထွက်ဆိုချက် အသေးစိတ် ကို ရေးသား မှတ်တမ်းတင်ခဲ့ ရပေ၏ ။

၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မှာ လည်း လွန်စွာမှ စိတ်ဝင်စားဖွယ်ရာ ကောင်း၏ ။ ထို့ထက် ၎င်းတို့ ၏ နောက်ကြောင်း အဖြစ်အပျက်များ က ပို၍ပင် စိတ်ဝင်စားဖွယ်ရာ ကောင်းလှတော့၏ ။ သင်ခန်းစာ ယူဖွယ်ရာ လည်း ကောင်းလှတော့၏ ။

ထို့ကြောင့် တရားခံ ထွက်ဆိုချက်များ ကို ရုံး တွင် တင်သွင်းသည့် အတိုင်း မူရင်း အတိုင်းရှိ တင်ပြ လို သော်လည်း ရုံးစာ ရေးနည်း မှာ များများစားစား ဖတ်ရှုရသော အခါမျိုး၌ ဖတ်ရသူ အဖို့ ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှတော့၏ ။

စာဖတ်သူ အား တရားခံ ထွက်ဆိုချက်များ ကို ဝတ္ထု သဖွယ် ရေးသား၍ တင်ပြလိုက်ရပေတော့ သတည်း ။

◾မင်းသိင်္ခ

📖 မိုးပေါ် မှာ ကြယ်တစ်လုံး

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment