Monday, January 8, 2024

အချစ် အကြောင်း


 ❝ အချစ် အကြောင်း ❞


ကျွန်တော် တောင်ငူဆောင် မြက်ခင်းပြင် ကို ဖြတ်ပြီး ကျားသန့်စင်ခန်း ဘက် ကို ရောက်သွားတော့ အဝင်ဝ မှာ ငူငူကြီး ရပ် နေတဲ့ ပုရောဟိတ် မျိုးကြည် ကို တွေ့ လိုက်ရတယ် ။ မျိုးကြည် ဟာ အရာရာ ကို ချင့်ချင့်ချိန်ချိန် နဲ့ စဉ်းစား ဝေဖန်ဆန်းစစ် ပြီး အမြဲတမ်း တလွဲတွေ ကောက်ချက်ချ တတ် လွန်းလို့ ပုရောဟိတ် ဘွဲ့ထူး ကို ရ ထား သူ ဖြစ်တယ် ။ ပြီးတော့ သူ က ဗေဒင် အဟော လည်း ဝါသနာ ပါတယ် ။ အခု လည်း တစ်စုံတစ်ရာ ကို အလေးအနက် စဉ်းစား နေတယ် ဆိုတာ သူ့ နဖူးကြော လှိုင်းတွန့်တွေ က သက်သေခံ နေတယ် ။ သူ သောက် နေတဲ့ စီးကရက် အဆိပ်ငွေ့တွေ က လည်း သူ့ နဖူးပြောင်ပြောင် အနား မှာ ရစ်ဝဲ လို့ ။


“ ဟဲလို ... ပုရောဟိတ်ကြီး ”


“ အိုး ... ကဗျာဆရာကြီး ပါ လား ၊ ကျောင်း လာ တက်တာလား ၊ ကင်တင်း ထိုင် ၊ ရေနွေး သောက် ၊ ကဗျာ လာ ရွတ်တာလား ” 


ပုရောဟိတ်ကြီး က ထေ့လုံးလေး နဲ့ ပြန် နှုတ်ဆက် ပါတယ် ။ ကျွန်တော် က သူ့ အမေး ကို အဖြေ မပေးဘဲ ... 


“ နေပါဦးဗျ .. ခင်ဗျား က အိမ်သာ ရှေ့ လာပြီး ဘာ ရပ် လုပ်နေတာတုံး ၊ ဘာလဲ အိမ်သာ က ထွက်လာတဲ့ သူ ကို ဗေဒင် ဟော မလို့လား ” 


ပုရောဟိတ်ကြီး က အဆုတ် ထဲ က အဆိပ်ငွေ့လေးတွေ ကို တစ်နာရီ ဝ . ဝဝ၄ မိုင်နှုန်း နဲ့ မှုတ်ထုတ် ပြီး ... 


“ ငါ အချစ် အကြောင်း စဉ်းစား နေတာကွ ”  


“ ဘာ ... ဘယ်လို ”


ကျွန်တော် အလန့်တကြား ထ အော် လိုက်တော့ သန့်စင်ခန်း နဲ့ ကပ်လျက် T.23 အခန်း ထဲ မှာ အလုပ် ရှုပ် နေတဲ့ အတွဲ တစ်တွဲ ကတုန်ကယင် ဖြစ် သွားကြတယ် ။


မိန်းကလေး က ရှက်တက်တက် နဲ့ မျက်စောင်း လှမ်း ထိုးပြီး ယောက်ျားလေး က တော့ ပါးစပ် အနား ရောက် ခါနီး လွတ်ကျ သွားတဲ့ မုန့် ကို နှမြော နေတဲ့ မျက်နှာမျိုး နဲ့ ။ 


“ တိုးတိုး လုပ်စမ်းပါ ဟ ၊ ဟိုမှာ ကာရန်တွေ ပျက်ကုန်ပြီ ” 


“ အေးကွာ .. ဆော ဆောရီး ၊ ဘယ်လို ပုရောဟိတ်ကြီး ၊ အချစ် အကြောင်း ဟုတ်လား ” 


“ ဟုတ်တယ် ၊ ငါတို့ တစ်တွေ ဘွဲ့လွန်ကျောင်းသားတွေ ဖြစ် နေကြပြီ ၊ အချစ် နဲ့ ပတ်သက် လာ ရင် ဘာများ ဂဃနဏ သိကြလို့တုံး ၊ ကဲ ... မင်း ရော ၊ မင်း က လူတတ်ကြီး လုပ် ပြီး မဂ္ဂဇင်းတွေ မှာ စာ ရေး နေတဲ့ ကောင် ၊ စာရေးဆရာ မောင်ခေါင်းဖြူ ၊ အချစ် ဆိုတာ ဘာလဲ ဖြေစမ်းပါဦး ” 


“ ကျွတ် ” 


ကျွန်တော် စုတ် တစ်ချက် သပ်ပြီး ခေါ င်းတစ်ချက် ကုတ် လိုက်ရတယ် ။ သေခြင်းဆိုး ပုရောဟိတ် ၊ ဘာ အရူး ထ နေလဲ မသိ လို့ စိတ် ထဲ ကျိတ်ဆဲ ပစ် လိုက်တယ် ။


“ ခက်တာပဲ ၊ ကဲ ... လာလာ ၊ အိမ်သာ ရှေ့ မှာ အချစ် အကြောင်း ပြော ရတာ နည်းနည်း နံတယ် ၊ လာ ... စာသင်ခန်း ထဲ သွား ပြောကြရအောင် ” 


“ နေဦးကွ ၊ အထဲ မှာ သူရဲသမိန် သား အောင်ဝင်း အိမ်သာ တက် နေလို့ ငါ ရပ် စောင့်နေတာ ၊ အဲ ... ရပ်စောင့် ရင်း စိတ် လေ့ကျင့်ခန်း လုပ် နေတာပေါ့ကွာ ” 


အံမယ် ... ပုရောဟိတ် က တစ်မူး သာ သွားပြန်ပြီ ။ ခဏ အကြာ မှာ ပဲ သူရဲသမိန်သား ( သမိန်ပေါသွပ် စာအုပ်တွေ ကို အသေဖတ်တဲ့ ) သမိန်အောင်ဝင်း အိမ်သာ ထဲ က ထွက် လာတယ် ။ 


“ ဟေ့ကောင် အောင်ဝင်း ၊ ပါးစပ် ဆေးခဲ့ရဲ့လား ”


“ အေး .. အာ .. ဝက်မသား ၊ အီး ဝင် ပါတာ နင့် ဘိုးအေ ပါးစပ် ဆေးခဲ့ရမလား ၊ ခွီးတဲ့မှပဲ ”


“ ဟီး ... ဟီး ... ကဲ ... ပုရေ ဟိတ်ကြီး တွေ့လား ၊ ဒီကောင့် အပြော အဆို ဒီလောက် ကြမ်းနေတာ ၊ ဒီကောင် နဲ့ စောစောက ကိစ္စ ကို ဆွေးနွေး လို့ ဖြစ် ပါ့မလား ”


ကျွန်တော့် စကား ကြောင့် သူရဲသမိန်သား မျက်နှာ ရှုံ့ သွားတယ် ။ ဒီ ကောင့် မျက်နှာ က အခု မှ အီး မှန်တဲ့ မျက်နှာ အစစ် ။


“ ဟေ့ကောင်တွေ ... မင်းတို့ ပြောတာ ငါ အကုန် ကြားပြီးပြီ ကွ ၊ ဘယ့်နှယ် ကွာ ၊ အီအီး တောင် ဖြောင့်ဖြောင့် ပါ လို့ မရဘူး ၊ ဘာတဲ့ အချစ် အကြောင်း ဟုတ်လား ၊ လာ ... လာ ၊ စာသင်ချိန် မစ ခင် သွား ဆွေးနွေးကြရအောင် ၊ အချစ် က စိတ် ကို နူးညံ့စေပါတယ်ကွ ”


ဟိုက်ရော ... ဒီကောင် က နှစ်မူး လောက် သာ သွားပြီ ။ ဒီလိုနဲ့ ကျွန်တော် တို့ သုံးယောက်သား အတန်း ထဲ ကို ချီတက် လိုက်ကြတယ် ။ ဘင်ခရာ တီးဝိုင်း တော့ မပါဘူး ။ ဒါပေမဲ့ နှလုံးခုန်သံ စည်းချက်ညီညီ နဲ့ ဘိတ်ညား ဘိတ်ညား ဘိတ်ညား ... ဘိတ် ။


အတန်း ထဲ ရောက်တော့ လမ်းမတော်သား အောင်လှိုင်ဆင့် နဲ့ ဒေါပုံသား အာဖရိက တရုတ်ကြီး သန်းမင်း ထိုက် တို့ က ကျား ထိုး နေကြတယ် ။ ညီညီမြင့်မြတ် ဆို တဲ့ ဆရာသမား က ဘောပွဲ အနိုင်အရှုံး ကို တွက် နေတယ် ။ မဟာဝိဇ္ဇာ တက်ရောက် ခွင့် ရလို့ ဦးဇင်း ဘဝ က နေ လူ့ ဘဝ ကို “ ဟပ်ချလောင်း ” ဆိုပြီး ပြောင်း လာတဲ့ ကျော်စွာဝင်း က “ ရဟန်း မစားရသော ဆွမ်းတစ်နပ် ” အကြောင်း ကို သိမ်ဇရပ်သား စိုးအောင် နဲ့ ပေါင်းပြီး ဋီကာ ချဲ့ နေတယ် ။ ကျုံမငေးသား မျက်မှန်ကြီး ကျော်ဌေး နဲ့ မြင့်ကိုကိုဇော် တို့ က တော့ ကမ္ဘာ့ အရေးအခင်း နဲ့ အဏုမြူ ကိစ္စ ကို ဆွေးနွေး နေကြတယ် ။ 


“ အမှန်က အဏုမြူ လက်နက်တွေ ကို ဖျက်သိမ်း မှ ကောင်းမှာကွ ” 


“ ဟုတ်တယ် ၊ ငါ လည်း ဒါကိုပဲ စိတ်ညစ် နေရတာ ၊ ဆောင်းတွင်း နှင်းမြူတွေ ကျ ရင်တောင် တော်တော် ဒုက္ခ ရောက်တာ ”


မဟာဗန္ဓုလ နဲ့ သွေးအုပ်စုချင်း တူ တဲ့ ( သတ္တိချင်း တူ ၊ မတူ တော့ မသိ ပါ ။ ) ဓနုဖြူသား မြင့်ကိုကိုဇော် ရဲ့ ဆန္ဒ ကို မျက်မှန်ကြီး က သူ လိုရာ ဆွဲပြီး ထောက်ခံ ပစ် လိုက်တယ် ။ မျက်မှန်ကြီး က မြူတွေ ကို တော်တော် မုန်းပုံ ရတယ် ။ မုန်း ဆို သူ့ မျက်မှန် က လည်း အထူ က ပုလင်းဖင် ဂိတ်ဆုံး ဖြစ်နေပြီ မဟုတ် လား ။ သူ့ အမြင်အာရုံ ကို ပိတ်ဆို့ လာတာ မှန်သမျှ သူ မုန်းရတော့မယ် လေ ။ သူ့ ရဲ့ စက္ခုအာရုံ အတွက် လည်း ရင်လေးစရာ ပါ ။ တလော က တောင် သူ့ ရှေ့ တစ်ခေါ် စာ လောက် က ဖြတ် သွား တဲ့ ကောင်မလေး တစ်ယောက် ရဲ့ လည်ပင်း က အကြောစိမ်းလေး ကို အားပါးတရ ကြည်ကြည်လင်လင် မမြင်ရဘူး လို့ သနားစဖွယ် ရင်ဖွင့် ပြ ရှာတယ် ။ မျက်စိ ဆရာဝန်တွေ စဉ်းစား ရ မယ့် အချက် တစ်ချက် ပါ ပဲ ။


ကျွန်တော်တို့ ဝင် လာတော့ ချောင် တစ်ချောင် မှာ တကုတ်ကုတ် တွက် နေတဲ့ ဘိုးတော် နေမျိုးအောင် က လက် လှမ်း ပြတယ် ။ သေချာပြီ ။ ဒီကောင် ဒီ တစ်ပတ် ရဲ့ ကလင်ဒါ ကျ ကို ပြ ဦး မှာပဲ ။ မြန်မာစာ မယူဘဲ သင်္ချာ ယူ ခဲ့ဖို့ ကောင်း တဲ့ ကောင် ။


“ ဘိုးတော် ... ဘာ ဂဏန်း ရ လဲ ၊ လည်ပင်း က ဆွဲကြိုး က တော့ အပေါင် ဆိုင် နဲ့ ညားတော့မှာ ပဲ ”


“ ဟေ့ကောင် .... မင်း ပါးစပ်ပုပ်ကြီး ကို လေဆာ နဲ့ မတိုက် ခဲ့ဘူးလား ၊ ဒီ တစ်ပတ် က အပိုင် ကွ ၊ အပိုင် ”


“ ဘိုးတော် နော် အထိုး မချောင် ရင် ပုဆိုး ပေါင် နေရဦးမယ် ကြည့်လုပ် ၊ ကဲ .. ကဲ ... ”


“ ဖြောင်း ... ဖြောင်း ”


ကျွန်တော် က သူ့ အာရုံ နဲ့ သူ ရှိနေ ကြတဲ့ သူငယ်ချင်းတွေ ကို စုစည်းမှု ရအောင် လက်ခုပ် ရိုက် ပြီး အင်ထရို ဝင် လိုက်တယ် ။


“ နံပြားဆရာ လား မသိဘူး ”


“ ကော်ဖီမစ် ကြော်ငြာ ထင်တယ် ” 


အလယ်ခုံ မှာ စုထိုင် ၊ အချဉ်ထုပ် စားပြီး အွန်စော ၊ ဂျွန်စော နဲ့ ဘွန္တော လုပ် နေကြတဲ့ မိန်းကလေး အုပ်စု ထဲ က အသံ နှစ်သံ ထွက် လာတယ် ။ 


“ သူငယ်ချင်းတွေ နားထောင်ပါ ၊ စာသင်ချိန် မစ ခင် အကြောင်းအရာလေး တစ်ခု ကို ဆွေးနွေးကြရအောင် ၊ ဗဟုသုတ မရ ရင် တောင် အပျင်းပြေလေး ပေါ့ ”


“ အပျင်းပြေ မဟုတ်ဘူးကွ ၊ အသုံးအနှုန်း တော်တော်ညံ့ တဲ့ စာရေးဆရာ ၊ ဒါ ဟတ် ထိတဲ့ ကိစ္စ ကို ဆွေးနွေးမှာ ကွ ၊ ဟင်း ... ”


ကျွန်တော် က ပုရောဟိတ်ဆရာကြီး ရဲ့ စကား ပွစိစိ ကို မကြား ယောင် ပြု ပြီး စတိတ် ပေါ် ကို တက် လိုက်တယ် ။ ပြီးတော့ သင်ပုန်း မှာ ... 


“ အချစ်အကြောင်း ဆွေးနွေးကြရအောင် ”


ဆိုတဲ့ စာသား ကို ရေး လိုက်တယ် ။ ကျွန်တော့် စာသား ကို ကြည့်ပြီး မိန်း လေးတွေ ဆီ က စီခနဲ အသံတွေ ထွက် လာတယ် ။ ဟိုဒင်း ကို တွေ့လို့ ရွှင်မြူး သွားတဲ့ ဝက်မလေးတွေ ရဲ့ အသံမျိုး လို ပေါ့ ။ ယောက်ျားလေးတွေ က တော့ ကျွန်တော့် ကို မျက်လုံးကြီး ပြူးပြီး ကြည့် ကြတယ် ။ ဘာသာပြန် လိုက် ရင်တော့ ဘာ ကြောင် တာလဲပေါ့ လေ ။ ကျွန်တော် က အားလုံး ကို ဥပေက္ခာ ပြု ပြီး ... 


“ အချစ် ဆိုတာ ဘာလဲ ”


လို့ ထပ် ရေး လိုက်ပြန်တယ် ။ ကျားထိုး နေသူတွေ ရော ၊ ဘောပွဲ နဲ့ တွက်ရေး ချက်ရေး လုပ်နေသူတွေ ရော ၊ အဏုမြူ နဲ့ ဆွမ်း ကိစ္စ အကြောင်း ဆွေးနွေး နေ သူ တွေ ရော ၊ အွန်စော ၊ ဘွန္တော နဲ့ တွတ် ထိုးနေသူတွေ ရော အားလုံး တိတ်ဆိတ် တွေဝေ ငေးမော သွားကြတယ် ။ 


ခဏ ပါ ပဲ ။


လမ်းမတော်ဖိုးတုတ် နဲ့ ဘာမှ မတော် တဲ့ လမ်းမတော်အောင်လှိုင်ဆင့် ထ ရပ် လိုက်တယ် ။ ပြီးတော့ ... 


“ အဘိုး က လည်း အဘွား ကို ချစ်တယ် ချစ်တယ် တဲ့ ၊ အဖေ က လည်း အမေ့ ကို ချစ်တယ် ချစ်တယ် တဲ့ ၊ ကျွန်တော် က လည်း သူ့ ကို ချစ်တယ် ချစ် ... ”


“ ဟ .. ဟ ... အောင်လှိုင်ဆင့် ၊ မင်း ဟာ က သီချင်းစာသားတွေ လေ ” 


“ ငါ ကိုးကား နေတာကွ ”


“ ဟုတ်ပါပြီ ၊ ဒါဆို အချစ် ဆိုတာ ဘာလဲ ၊ ပြော ”


“ အဟီး ... ငါ့ ရည်းစား ကို ပြန် မေး ကြည့်ရဦးမယ် ”


ခပ်အုပ်အုပ် ရယ်သံတွေ ကြား မှာ ဆဲသံ ဆူသံတွေ လည်း ရောညှပ် ပြီး ထွက် လာတယ် ။


“ ဒီမယ် ... ဒီမယ် သဘာငပိကြီး ၊ မီး ပြောမယ် ၊ မီး ”


တင်မို့မို့ကေခိုင်ဝင်း က လေးကြောင်းမျဉ်း တွေ ပေါ် မှာ လက်ရေးလှ ကျင့် နေရာ က ဆတ်ခနဲ ထ ရပ်ပြီး ပြော တယ် ။ ဘိုးတော် နေမျိုးအောင် က ပြုံးစိစိ နဲ့ ။ နွေရာသီ ရောက် လာ မီး ကို ကြောက်ကြပါလို့ မကြား တကြား ဆို နေတယ် ။


“ အချစ် ဆိုတာ ဘာလဲ သိလား ”


“ မသိလို့ မေးတာ ပေါ့ မတင်မို့မို့ကေခိုင်ဝင်း ရဲ့ ၊ အမလေး .. ရှည် လိုက်တဲ့ နာမည် ”


“ အင်း ... အချစ် ဆိုတာ ရေခဲစိမ် ငရုတ်သီး ရှင့် ၊ သိရဲ့လား ” 


တော်တော်များများ မျက်မှောင် ကုတ် သွားကြတယ် ။ ဘာလဲ စကားဝှက် လား ၊ ရေခဲ က အေးတယ် ၊ ငရုတ်သီး က ပူတယ် ၊ အေးပူ အူပေး ၊ ဟာ ... ဟုတ်သေးပါဘူး ၊ တွေးရင်း လူ တောင် အူချင် လာပြီ ။


“ ဒီလိုလေ ... ရေခဲစိမ် ငရုတ်သီး က ကိုင် ကြည့် လိုက်ရင် အေးအေးလေး လေ ၊ စား ကြည့် လိုက်မှ ပူတာ စပ်တာ မဟုတ်လား ၊ အချစ် ဆို တာ လည်း အဲဒီ လိုပဲပေါ့ ၊ ခစ် .. ခစ် .... ”


“ ညီမလေး တော်ပါတယ် ကွယ် ၊ နှစ်ပက် .. အဲ .. နှစ်မှတ် ”


“ အိုး .. ဖဲထီးဂွတ် ၊ ဖဲထီးဂွတ် ၊ ဂရိတ်မဟာ အိုင်ဒီယာ ပါ လား ” 


တင်မို့မို့ကေခိုင်ဝင်း ထိုင် သွားတာ တောင် အသံတွေ က မစဲသေးဘူး ။ 


“ အဟမ်း ... အဟမ်း  ... အဟမ်း ” 


ပုရောဟိတ်ကြီး က တီဘီချောင်းခြောက်ကြီး ဆိုးပြီး ထ ရပ်တယ် ။ ကျွန်တော် က ပြောပါလို့ မေးဆတ် ပြ လိုက် တော့ မပြောပါဘူး ၊ ပုဆိုး ပြင် ဝတ် တာပါလို့ ပြောပြီး ပြန် ထိုင် သွားတယ် ။ သေခြင်းဆိုးကြီး ။ 


“ အဟွမ်း ... အဟွမ်း ” 


အလဲ့ ။ ညီညီမြင့်မြတ် ဆိုတဲ့ ဘောလုံးဒိုင်ကြီး ထ ရပ် နေပါလား ။ ( ဘောလုံး ကစားသမားတွေ ရဲ့ ဒိုင် မဟုတ်ပါ ဘူး ၊ ဘောလုံး လောင်းကစားသမား တွေ ရဲ့ ဒိုင်ချုပ်ပါ ။ အထင် မှား သွားပြီး ကျောင်း ဘောလုံးပွဲတွေ မှာ ဒိုင် ခေါ် လုပ်ခိုင်း နေမှာ စိုးလို့ပါ ။ )


“ အဟွမ်း ၊ အချစ် ဆိုတာ ဘောလုံးပွဲ လောင်းတာနဲ့ တူပါတယ် ၊ ဥပမာ အာဆင်နယ် က ကျွန်တော့် ကောင်မလေး ပေါ့ ဗျာ ၊ ကျွန်တော် က ဖူလ်ဟမ် ပေါ့ ၊ အဲဒီမှာ အာဆင်နယ် က အပေါ်ကြေး ပေါက် တော့ ဖူလ်ဟမ် ကို နှစ်လုံး အပြတ် သွ င်းနို င်မှ ပြား ခြောက်ဆယ် နိုင်ပါမယ် ။ အဲဒီလို အချစ် မှာ လည်း နှလုံးသား ကို ရင်း ပြီး အပြတ် ချ စ်နိုင်ရင် ပြားခြောက်ဆယ်နိုင် ၊ အဲ .. အဲ .... ” 


ညီညီမြင့်မြတ် သူ့ သဘော နဲ့ သူ ရှုပ်ပြီး အူလည်လည် ဖြစ် သွားတယ် ။ ပရိသတ် က လည်း ဝိုင်း ပြီး သြဘာ ပေး လိုက်တော့ စကား စ ကို လေ ထဲ မှာ တန်းလန်း ထားခဲ့ပြီး ပြန် ထိုင် သွားတော့တယ် ။ သူ့ မျက်နှာ လည်း လူကျွံဘော ဖမ်း ခံရတဲ့ ဘောလုံးသမား လို ရှုံ့ မဲ့ လို့ ။


ဒီမှာတင် အာဖရိက တရုတ်ကြီး သန်းမင်းထိုက် ထ ရပ်ပြီး ...


“ သဘာပတိကြီး ခင်ဗျား ၊ ဒီလို အကြောင်းပြချက် မခိုင်လုံတဲ့ အဆိုပြုချက်များ ကို လက်မခံဖို့ အကြံ ပြု လိုပါ တယ် ၊ ဒါဟာ ကျောင်းတော် ကို မထီ မဲ့မြင် ပြုရာ ရောက်ပါတယ် ”


“ အိမ်း ... ဟုတ်သကွဲ့ ၊ ဒါနဲ့ မောင်မင်း မှာ ရော ခိုင်လုံတဲ့ တင်ပြချက် ရှိပါသလား ”


“ ဟုတ်ကဲ့ ၊ စာကြည့်တိုက် မသွား ရ သေး လို့ လောလောဆယ် မတင်ပြ နိုင်သေးပါ ၊ နောက်တစ်ပတ် ကျ မှ .. ” 


“ တယ် .. သေခြင်းဆိုးလေး ၊ သုံးရက် လောက် သေမယ့် သေနတ် နဲ့ ပစ် ထည့် လိုက်ရလို့ ပုပ်ပွ သွားတော့မယ် ” 


“ ခွလိ ... ခွလွိ .. ခွလွိ ”


“ ခွိ ... ခွိ ... ”


သန်းမင်းထိုက် က စပ်ဖြဲဖြဲ နဲ့ ပြန် ထိုင် တော့ အောင်လှိုင်ဆင့် က အသံ မျိုးစုံ လုပ် ပြီး ရယ်နေတယ် ။


“ အချစ် ဆိုတာ ပေးဆပ် အနစ်နာခံခြင်း ပါ ပဲ ၊ ငါ့ ကိုကို ဆို ငါ့ အလို သိပ် လိုက်တာ ၊ နေ့တိုင်း ဖယ်ရီ ထိုင်ခုံ ရအောင် နေရာ ဦးထားပေးတယ် ၊ ဒါမျိုးက တော်ရုံ ယောက်ျားလေးတွေ မလုပ်နိုင်ဘူး မဟုတ်လား ”


လူ ကြား ထဲ ထ ရပ်ပြီး မပြောရဲ တဲ့ မေဂျာပွဲ အဆိုတော် ကျားခင်စိန် ( နာမည်ရင်း က တော့ မခင်စိန် ပါ ပဲ ၊ ကျောင်း စ တက်တဲ့ နေ့ က “ ကျား ” သန့်စင်ခန်း ထဲ မှား ဝင် မိလို့ ကျားခင်စိန် အမည် တွင် သွားတာပါ ။ ) က ထိုင် နေရင်း အထုပ် ဖြေ ပြတယ် ။ သူ့ မျက်လုံးတွေ မှာ လည်း သူ့ ကိုကို ကို ချစ်တဲ့ အချစ်တွေ နဲ့ တလက်လက် တောက်ပ နေတယ် ။ ပြီးတော့ အချစ် ဆိုတာ ရယူခြင်း မှ မဟုတ်ဘဲ မဏိစန္ဒာ ဆိုတဲ့ တေးသွား လို မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး ညည်း နေ ပြန်တယ် ။


တိုင်းရင်းဆေး ဖော်တာ စပ်တာ ကို ဝါသနာ ထုံ တဲ့ စိုးအောင် က လည်း ... 


“ နားလည်မှုတွေ ၊ အကြင်နာတွေ ၊ အနစ်နာခံတာတွေ ကို ရောစပ်ပြီး သုံးခွက် တစ်ခွက် တင် ကျိုချက် လိုက်ရင် အချစ် ဆိုတဲ့ ဆေးတစ်ဖုံ ဟာ ကောင်းကောင်းမွန်မွန် ပေါ်ထွက် လာ မှာပဲ ကွ ”


လို့ သူ့ ဖော်မြူလာ နဲ့ သူ သုံးသပ် ပြ နေ တယ် ။ စိုးအောင် စကား ဆုံးတော့ ဦးဇင်း ကျော်စွာဝင်း က တစ်စခန်း ထ ပြန်တယ် ။ 


“ အင်း ... နောက်ဆုံး တော့ လည်း သံသရာ လူသားတွေ ဟာ အဲဒီ တပ်မက်မှု တဏှာနွံကြီး ထဲ မှာ ပဲ နစ်မြုပ် နေကြတာ ကလား ဒကာကြီး ၊ အဲ ... အဲ ... ကိုစိုးအောင် ရဲ့ ”


ဒီလို တစ်ယောက် တစ်ပေါက် ပြော နေကြတုန်း မှာ ပဲ ဆံပင် ထိုးထိုးထောင်ထောင် ၊ မျက်စိ ပြူးကြောင်ကြောင် နဲ့ ငနဲတစ်ကောင် ဝင် ချ လာပါ တယ် ။ အောင်ကြီး ။ ကျောင်း တက် ရင်း တစ်ဖက်တစ်လမ်း က ကားပွဲစား လုပ်နေ တဲ့ အောင်ကြီး ။ ကျွန်တော်တို့ က ဒီ ကောင့် ကို အာကြီး လို့ နောက်ပြောင် ခေါ်ကြ ပါတယ် ။


အခန်း ထဲ ဝင် လာတဲ့ အာကြီး ဟာ ပါးစပ် က လည်း “ ဆွေးနွေးချိန် ၊ စာတမ်းချိန် ” ဆိုတဲ့ စကား ကို နှုတ် က ဆီမန်း မန်း သလို ရွတ် လာ ပါသေးတယ် ။ 


“ အာကြီး ၊ ပွဲစား အာကြီး ”


ကျွန်တော် လှမ်း ခေါ် လိုက်တော့


“ ဟာ .. ဟာ .. ခေါင်းဖြူ စာရေးဆရာ ၊ ဒီနေ့ ဆွေးနွေးချိန် ရှိလား ကွ ” လို့ အူယားဖားယား ပြန် မေးပါတယ် ။


“ ဒီနေ့ ဗုဒ္ဓဟူးနေ့ လေ ကွာ ၊ စာတမ်းချိန် မရှိဘူး လေ ၊ လာပါဦးကွ ၊ ဒီမှာ အချစ်အကြောင်း ဆွေးနွေး နေကြတာ ” 


“ ဘာပြောတယ် ၊ ဘယ်လို ”


အချစ် ဆိုတဲ့ စကားလုံး ရဲ့ အား က ဒီကောင့် ခေါင်းမွေး နှစ်ချောင်း ( တိတိ ) ကို ထောင် သွား စေတယ် ။


“ ဒီလိုကွာ ... ငါတို့ အချစ် အကြောင်း ပြော နေကြတာ ၊ အချစ် ဆိုတာ ဘာလဲ ၊ ဘယ်လိုဟာ ကြောင့် ဒီဟာ ကို အချစ် လို့ ခေါ်လဲ ၊ ကဲ ... မင်း သိလား ”


“ အချစ် ဆိုတာ ၅၂၈ လား ၊ ၁၅ဝဝ လား ၊ ၂ဝ၂၈ လား ”


“ ငါတို့ က ၁၅ဝဝ ဘက် နွှယ်တယ် ကွ ”


ပွဲစားကြီး ခပ်တွေတွေလေး ဖြစ်သွားတယ် ။ အားလုံး က လည်း သူ့ နှုတ်ထွက် စကား ကို နားစွင့် နေကြတယ် ။ ခဏ ကြာတော့ ပွဲစားကြီး က ကျွန်တော့် လက် ထဲ က  မြေဖြူခဲ ကို ယူပြီး ... 


“ အချစ် အကြောင်းတော့ ငါ လည်း ဂဃနဏ မသိပါဘူး ၊ ဒါပေမဲ့ ငါ က စောစောစီးစီး အိမ်ထောင် ကျ ပြီး အိမ်ထောင် တစ်ဖက် နဲ့ ကျောင်း တက် နေ တဲ့ ကောင် ဆိုတော့ ငါ့ အတွေ့အကြုံ နဲ့ စပ်ဆိုင် တဲ့ ငါ တစ်ခါ က ဖတ်ဖူး ခဲ့ တဲ့ အချစ် နဲ့ ပတ်သက်တာလေး တစ်ခု ကို ရေးပြ ချင်တယ် ”


သူ သင်ပုန်း မှာ ရေးပြတာ က ... 


“ ဆင်းရဲခြင်း သည် အိမ်ရှေ့ ပေါက် မှ ဝင် လာ လျှင် အချစ် သည် နီးရာ အပေါက် မှ ခုန်ချထွက်ပြေးလေသည် ” တဲ့ ။


ဒီ စာ ကို မြင် တော့ ကောင်မလေး တွေ ဟက် ထိ ပြီး မှတ်စုစာအုပ် အနောက် မှာ အားရပါးရ ကူးမှတ် နေကြတယ် ။ ပွဲစားကြီး က ...


“ ဆင်းရဲခြင်း ဆိုတာ ဥစ္စာဓန တစ်ခု တည်း လို့ မယူဆ စေချင်ပါဘူး ၊ ဘာပဲ ဖြစ်ဖြစ် နင်တို့ ရဲ့ ဘဝ မှာ အဲဒီလို အချစ် က နီးရာ အပေါက် က နေ ခုန်ချ တော့မယ် ဆိုရင် သစ္စာတရားတွေ ၊ နားလည်မှုတွေ နဲ့ ပြန်ပြီး ဖမ်းဆွဲ ထားပါလို့ ၊ ရုန်းကန် နေရင် လည်း ကြိုး နဲ့ တုပ်ထားပါ လို့ အကြံပြုချင်ပါတယ် ” 


ပွဲစားကြီး ရဲ့ စကား ဆုံး တော့ အခန်း ထဲ မှာ လက်ခုပ်သံတွေ ဆူညံ သွား ပါတယ် ။ ညီညီမြင့်မြတ် က “ အချိန် ပို မှာ ရွှေဂိုး သွင်းပြီး အနိုင် ပိုင်း သွားတဲ့ သူတောင်းစား ” ဆိုပြီး သူ့ ဘောလုံး စကား နဲ့ ခပ်တိုးတိုးလေး လှမ်း ဆဲတယ် ။


ပုရောဟိတ်ကြီး က ... 


“ အချစ် ဆိုတာ ဘယ်လို ဟာကြီးတုံး ဆိုတာ ထက် တို့တွေ မလွဲမသွေ ကြုံတွေ့ နေတဲ့ ၊ ကြုံတွေ့ ရမယ့် အချစ် ကို ဘယ်လို ခရီးဦးကြို ပြုမလဲ ၊ ဘယ်လို ရင်ဆိုင် မလဲ ၊ ဘယ်လို ကိုင်တွယ် သုံးသပ်ကြမလဲ ဆိုတာက ပိုပြီး အဓိက ကျပါ တယ် ၊ ငါ အာကြီး ရဲ့ စကား ကို ဒီ တစ်ခါ ထောက်ခံပါတယ် ”


တလွဲတွေ ကောက်ချက် မချတဲ့ ပုရောဟိတ်ကြီး ကို အားလုံး က သဘော ကျ သွားကြတယ် ။ ပွဲစားအာကြီး က တော့ နောက်ဆုံး စကား ကို နည်းနည်း နင် သွားပုံပါပဲ ။ ဒီ တစ်ခါ ထောက်ခံပါတယ် ဆိုတော့ နောက် တစ်ခါ မကျိန်းသေ ဘူးလေ ။


အဲဒီ အချိန်မှာ ပဲ  ...


“ ဟော ... ဟော.. ကိုးနာရီ ထိုးပြီ ၊ ဟိုမှာ ဆရာဦးမျိုးသန့် စာ သင်ဖို့ ဆင်း လာပြီ ”


ကျောင်းသူ တစ်ယောက် ရဲ့ သတိပေးသံ အဆုံး မှာ အရွယ်လွန် ကျောင်းသူ ကျောင်းသားကြီး တွေ ရဲ့ အချစ် အကြောင်း ဆွေးနွေးပွဲ ကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ကြပါတယ် ။


◾ဆောင်းဖြူ


📖 ရယ်စရာ မဂ္ဂဇင်း

     ၂၀၁၂ ခုနှစ် ၊ စက်တင်ဘာလ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment