❝ ပဲခူး က လူသတ်မှု နှင့် ပတ်သက်၍ ဆားပုလင်းနှင်းမောင် ရှင်းပြပုံ ❞
ရန်ကုန် သို့ ရောက်ရှိပြီး နောက် ကျွန်ုပ်တို့ သုံးဦး သည် ရေတာရှည်လမ်း ၊ တရုတ်ထမင်းဆိုင် ၌ အတူတကွ ထမင်း စား ဖြစ်ကြလေ၏ ။
ကိုနှင်းမောင် သည် အစိမ်းကြော် ၊ တောက်တောက်ကြော် ၊ ချိုချဉ်ကြော် ကုန်းဘောင်ကြီးကြော် ၊ ဘဲကင် ၊ ဆယ့်နှစ်မျိုးဟင်းချို စသည်များ ကို စေ့စပ်သေချာစွာ မှာကြားလေ၏ ။
များမကြာမီ ၌ မှာ ပင် ကိုနှင်းမောင် မှာ သော ဟင်းများ ရောက်ရှိ လာလေတော့၏ ။ ထိုအခါ ကိုနှင်းမောင် က ဆားငန်သီး ဖြင့် ပေါင်းသော ငါးပေါင်းဟင်း တစ်ခွက် မှာ ပြန် လေ၏ ။ ထို့ကြောင့် ဦးကိုကိုကြီး က
“ အိုင်ဆေး မှာ လှချည်လား ဗျ ၊ စားမှာ က သုံးယောက်တည်း ရယ် ၊ ကုန်ပါ့မလား ”
ဟု မေး လိုက်လေ၏ ။
“ တရုတ်ဆိုင် မှာ ထမင်း စားတဲ့ အခါ မှာ ကုန်အောင် စားမယ် ဆိုတဲ့ စိတ်ကူးမျိုး မထားနဲ့ ဗျ ၊ ကောင်းနိုးရာရာကလေးတွေ ကို စားနိုင် သလောက် ရွေးပြီး စားမယ် လို့ ပဲ စိတ်ကူးထား ”
ဟု ဆိုကာ ဘဲခြေထောက် တစ်ပွဲ နှင့် ဘဲကြွပ်ကြော် တစ်ပွဲ ထပ်၍ မှာ ပြန်၏ ။
များမကြာမီ မှာ ပင် ထပ်၍ မှာသော ဟင်းများ ရောက်ရှိ လာပြန်၏ ။ ထိုအခါ၌ ကျွန်ုပ်တို့ လည်း စတင် ၍ စားသောက်ကြလေတော့၏ ။
“ အမှု တစ်ခု ကို တွေ့လို့ စဉ်းစားတဲ့ အခါမှာ တရုတ်ဆိုင်မှာ ထမင်းစား သလိုပဲ စုံနေအောင် မှာ ရတယ် ၊ ဒါပေမဲ့ အကုန် မစားနဲ့ ၊ စားနိုင်သလောက် ကောင်းနိုးရာရာ ကလေးတွေ ရွေးပြီး စားရတယ် ၊ ပဲခူး အမှု ဆိုပါတော့ဗျာ ၊ အစအဆုံး တစ်ထိုင်တည်း မှာ ၊ အမှုကြီး ပြီးသွားတဲ့ အထိ စဉ်းစားလို့ မရဘူး ။ အချက်အလက်တွေ ၊ သဲလွန်စတွေ က တော့ ရနိုင် သလောက် ရအောင် ရှာပြီး တွေ့တဲ့ သဲလွန်စ တိုင်း ကို အမှု ထဲ မှာ ထည့်ပြီး စဉ်းစား ရတာမျိုး မဟုတ်ဘူး ၊ မလိုအပ်တာတွေ ကို ချန်ထားရတယ် ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။
“ ကျုပ် အနေနဲ့ ပြော ရရင် မစဉ်းစားဘဲ ချန်ထားတာလဲ မရှိဘူး ၊ စဉ်းစားလို့ ရတာလဲ မရှိသေးဘူး ၊ လုပ်စမ်းပါဦး ”
ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။
“ ဒီလိုဗျ ၊ လှေကား မှာ လည်ပင်း ကြိုးတန်းလန်းနဲ့ သေ နေတာ က စက်သူဌေး ကိုခင်ဦး ၊ ကြမ်းပြင် ပေါ် မှာ သေ နေတာက ကိုခင်ဦး ရဲ့ မိန်းမ မစန်းအေး မဟုတ်လား ၊ အသက်တွေ က ဒီလောက်ကြီး မကြီးလှသေးဘူး ၊ ဒါပေမဲ့ သူတို့ ရဲ့ ဂုဏ် ကို လိုက်ပြီး ဦး တွေ တပ်ပြီး ခေါ် နေရတာ မဟုတ်လား ”
ဟု ကိုနှင်းမောင် က ပြောလိုက်လေ၏ ။
“ အင်း ဆိုစမ်းပါဦး အိုင်ဆေး ရဲ့ ”
ဟု ဦးကိုကိုကြီး က မေး လိုက်လေ၏ ။
“ အဲဒီ လင်မယား နှစ်ယောက် ဟာ ကြိုးဆွဲချ ခံရပြီး သေတာချင်း တူကြပေမယ့် သေပုံသေနည်း က တစ်မျိုး စီ နော် ၊ မစန်းအေး ကတော့ ကြမ်းပြင် မှာ လဲပြီး သေ နေတယ် ၊ ဒါပေမဲ့ လည်ပင်း မှာ တော့ ကြိုးတန်းလန်း ဖြစ် မနေဘူး ၊ အဲဒီ အချက် က ဒီလောက် အရေး မကြီးပါဘူး ၊ တစ်ခု ရှိတာက ကိုခင်ဦး ရဲ့ လည်ပင်း က ကြိုးစ ဟာ လှေကား နဲ့ ငြိ နေတယ် ၊ ကိုခင်ဦး ဟာ လှေကား မှာ တန်းလန်းကြီး ဆွဲကြိုးချ သလို သေ နေတယ် ၊ သူ့ ကိုယ် မှာ လဲ ကြိုးတွေ တုပ်ထားတယ် ၊ ဒါက ဘာကို ပြသလဲ ဆိုရင် ”
ဟု ကိုနှင်းမောင် က ပြော လိုက်လေ၏ ။
“ ဒီအထိ ဉာဏ် မမှီပါဘူးဗျာ ”
ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။
“ လူသ,တ်သမား က သ,တ်တာ မဟုတ်ဘူးဗျ ၊ သူ့ ဘာသာ သေ တာ ၊ လှေကား ဆီ ကို ဖင်ရွှေ့ ဖင်ရွှေ့ သွား ထား တဲ့ အတွက် စွတ်ကြောင်းကြီး ကို တွေ့ ရတယ် ၊ ဒီအတိုင်း ကြည့်ရင် မတွေ့ရဘူး ၊ ကြမ်းပြင် မှာ ဝမ်းလျား မှောက်ပြီး ကပ် ကြည့် မှ နေရောင် မှာ လက် နေတဲ့ စွတ်ကြောင်းကြီး ကို တွေ့ရတာ ၊ အစ က သူ့ ကို လဲ အခန်း ထဲ မှာ ကြိုး တုပ် ထားတာဗျ ။သူ က ဖင်ရွှေ့ ဖင်ရွှေ့ နဲ့ ထွက် ပြေးပြီး လှေကား ပေါ် က ချော် အကျ ၊ လည်ပင်း မှာ ချည်ထား တဲ့ ကြိုး က တင်း ပြီး ကြိုးပေး ခံရသလို ဖြစ် သွားတာ ၊ ကိုခင်ဦး ဟာ အခန်း ထဲ က နေ ဘာဖြစ်လို့ ဒီလို ဖင့်ရွှေ့ ဖင်ရွှေ့ နဲ့ ပြေး ရတာလဲ ဆိုတာ ကို စဉ်းစား ရ တော့မယ် ”
ဆားပုလင်းနှင်းမောင် က ပြော လိုက် ပြီးလျှင် ဟင်းချို ကို ခပ်၍ သောက်လေ၏ ။
“ ဒီ အထိ ဉာဏ် မမီပါဘူးဗျာ ”
ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။
“ ကိုခင်ဦး ထွက်ပြေးတာ က ဒီလိုဗျ ၊ သူ ဟာ ကြိုး နဲ့ အတုပ် ခံ ထားရတဲ့ အတွက် ပြေးရင် မလွတ်ဘူး ဆိုတာ သိ ပါတယ် ။ ဒါပေမဲ့ အလွန့် အလွန် ကို ကြောက်စိတ် ဝင်လာ လေ တော့ မလွတ်မှန်း သိလျက် နဲ့ ပြေး ရ ရှာတာ ၊ ဘာဖြစ်လို့ ဒီလောက် ကြောက်သလဲ ဆိုတော့ သူ့ မိန်းမ မစန်းအေး ဟာ သူ့ မျက်စိ အောက် မှာ တင် အသက် ထွက် သွားပြီ ကိုး ၊ ဒီတော့ သူ လဲ ကြောက်ရှာလွန်းလို့ ပြေးရတာ ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။
“ ဒီ အထိ တော့ ဉာဏ်မမီပါဘူးဗျာ ”
ဟု ဦးကိုကိုကြီး က ပြော လိုက်လေ၏ ။
“ ကဲ မစန်းအေး သေ ပုံ ကို ကြည့် ရအောင် ၊ ကျုပ် သေသေချာချာ ကြည့် တော့ မစန်းအေး ရဲ့ လည်ပင်း မှာ ကြိုးရာ တွေ တွေ့တယ် ၊ ဒီတော့ လူသတ်သမား ဟာ မစန်းအေး နဲ့ ကိုခင်ဦး တို့ ကို လည်ပင်း မှာ ကြိုးကွင်း စွပ်ပြီး သူ သိချင်တာ ကို မေး လိမ့် မယ် ၊ အဲဒီအခါ မှာ သူ သိချင်တာ ကို သိ သွားလို့ပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် မစန်းအေး က ပြန် ခုခံလို့ ပဲ ဖြစ်ဖြစ် ကြိုး စ ကို တစ်အား ဆောင့် ဆွဲ လိုက်လိမ့်မယ် ၊ ဒါကြောင့် ကိုခင်ဦး ဟာ ကြောက်လန့်တကြား နဲ့ ဖင် တရွတ်တိုက် ပြီး ထွက်ပြေး တာပေါ့ ။ ပြီးတော့ မစန်းအေး ရဲ့လည်ပင်း က ကြိုး ကို တော့ လူသတ်သမား က ဖြုတ်ယူ သွားတယ် ၊ ဒါပေမဲ့ ဒီ အချက် က လဲ အမှုနဲ့ သိပ် မဆိုင်ပါဘူး ၊ ကျုပ် တို့ စဉ်းစာရ ခက်အောင် ဒါမှ မဟုတ် လင်မယားချင်း အကြောင်း တစ်ခု ခု ကြောင့် ရန်ဖြစ်ပြီး သတ်ကြတယ် လို့ ထင်အောင် လုပ်တာပါဗျာ ။ တစ်ခု ရှိတာက အရက်ပုလင်း နှစ်လုံး ကို တွေ့တယ် မဟုတ်လား ၊ တစ်လုံး က သောက်လက်စ ပဲ ရှိသေးတယ် ၊ တစ်လုံး က တော့ မသောက်ရသေးဘူး ၊ အဲဒီ မသောက်ရသေး တဲ့ အရက် ထဲ မှာ အဆိပ် ခတ် ထားတယ်ဗျ ၊ အဲဒီ အချက် က တော့ စဉ်းစားစရာပဲ ၊ မစန်းအေး က မောင်ခင်ဦး ကို သွေးအေးအေး နဲ့ အဆိပ် ခတ်ပြီး လုပ်ကြံမယ် လို့ အစီအစဉ် ရှိတုန်းမှာ လူသတ်သမား က ဗြုန်းစားကြီး မထင်မှတ်ဘဲ ရောက် လာတာ ဖြစ်ရမယ် ”
ဟု ဆားပုလင်း နှင်းမောင် ပြော လိုက်လေရာ ဦးကိုကိုကြီး က
“ ကျုပ် တို့ ဖြင့် ဒီ အရက်ပုလင်း ကို သတိ မထားမိပါဘူးဗျာ ၊ ဟို လူတွေ လဲ သတိ မထားမိကြဘူးဗျ ၊ ဒီ လူတွေ အဲဒီ အရက်ပုလင်း အကြောင်း ကို ဘာမှ ထည့် မပြောဘူး ”
ဟု ပြန်၍ ပြော လေ၏ ။
“ ဒါကြောင့် အဲဒီ အရက်ပုလင်း နှစ်လုံး ကို ကျုပ် လွယ်အိတ် ထဲ ထည့် ယူလာတာ ကို ဘယ်သူမှ မမြင် လိုက်တာကိုး ဗျ ။ ဒီ လူ တွေ က သေနေတဲ့ အလောင်း ကို ပဲ မြင်တယ် ၊ အလောင်း ရဲ့ ပတ်ဝန်းကျင် ကို မမြင်ကြဘူး ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လေ၏ ။
“ ပြီးတော့ လူသတ်သမား ဟာ နှစ်ယောက် ဗျ ၊ နှစ်ယောက် ဖြစ်ကြောင်း ဘယ်လို ထင်ရှား သလဲ ဆိုတော့ ကြမ်းပြင် ကို ဝမ်းလျား မှောက် ပြီး ကြည့်တဲ့ အခါမှာ အဲဒီ အချက် ဟာ အတော့် ကို ထင်ရှားတယ် ၊ အခန်း ရဲ့ အပြင်ဘက် မတ်ရပ် ဗီရိုကြီး ရှေ့ နား မှာ ကြမ်းပြင် ဟာ ပြောင် နေတယ် ၊ လူ နှစ်ယောက် တုံးလုံး လဲ ပြီး နပန်း သတ်ထားတဲ့ လက္ခဏာ ပဲ ၊ ခြေရာ တစ်ခု က အခန်း ထဲ က ပြေး ထွက်လာတယ် ၊ ပြေးထွက် လာ တဲ့ လူ ကို ဗီရိုနား က တစ်စုံတစ်ယောက် က ဖမ်းပြီး သ,တ်တဲ့ သဘောပဲ ၊ အဲဒီတော့ ကျုပ် က စဉ်းစား တယ် ၊ ပုန်း နေတဲ့ လူ ဟာ ဗီရို နား မှာ ပုန်း နေတာ ထက် ဗီရို ထဲ မှာ ဝင်ပြီး ပုန်း တာ က ပိုပြီး နေရာ ကျလိမ့်မယ် ဆိုပြီး ဗီရို ကို ဖွင့် ကြည့်တော့ ဗီရို အောက်ခင်း ဖုန်တွေ ပေါ် မှာ ၊ ခြေစုံ ရပ် ထားတဲ့ နေရာ ကို တွေ့ ရတော့တာပဲ ၊ ခြေရာ က မိန်းမ ခြေရာ ဖြစ် နေတယ် ၊ အဲဒီတော့ မစန်းအေး က အိပ်ခန်း ထဲ က ပြေး ထွက် လာတာ ကို ဗီရို ထဲ မှာ ပုန်း နေတဲ့ မိန်းမ က ထွက်ပြီး သ,တ်တာ ဖြစ်မယ် ၊ အဲဒီတော့ မစန်းအေး ဟာ ဘာဖြစ်လို့ အိပ်ခန်း ထဲ က ထွက်ပြေး လာရသလဲ ၊ အဲ့ဒါ စဉ်းစားစရာပဲ ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက် လေ၏ ။
ထိုအခါ ဦးကိုကိုကြီး က
“ ကျုပ် က တော့ ဉာဏ် မမီတော့ဘူးဗျာ ၊ စဉ်းလဲ မစဉ်းစားတော့ဘူး ၊ အိုင်ဆေး စဉ်းစားတာ ပဲ ကျုပ်တို့ ကို ပြောပြ ပါတော့ဗျာ ”
ဟု ပြော လိုက်လေ၏ ။
“ အခန်း ထဲ က ပြေးထွက် လာ ရတယ် ဆို ကတည်း က အခန်း ထဲ မှာ အန္တရာယ် ရှိ လို့ပေါ့ဗျာ ၊ အခန်း ထဲ မှာ အန္တရာယ် ရှိတယ် ဆိုတာ က လဲ လောလောဆယ် အခန်း ထဲ မှာ သူ့ ယောက်ျား ကိုခင်ဦး ရှိ ရမှာ ၊ အဲဒီတော့ အခန်း ထဲ ကို သူတို့ ကြောက် လောက်တဲ့ အန္တရာယ် တစ်ခု ( သို့မဟုတ် ) အန္တရာယ် ပေး နိုင်တဲ့ လူ တစ်ယောက် ရုတ်ခြည်း ဝင်ရောက် လာတယ် ဆိုတာ သေချာတာပေါ့ ၊ ဒါဖြင့်ရင် လဲ အဲဒီ သူ က ဘယ်သူ ဖြစ်နိုင်သလဲ ၊ ဗီရို ထဲ က ထွက်လာတဲ့ မိန်းမ နဲ့ အဖော် ပါ လာတဲ့ တစ်ယောက် ဖြစ် ရမယ်ပေါ့ ၊ အဲဒီ အဖော် ပါ လာတဲ့ တစ်ယောက် ဆိုတာ က လည်း ပဲ အိပ်ခန်း ထဲ မှာ ရှိတဲ့ ကိုခင်ဦး နဲ့ ရင်ဆိုင် ရ မှာ ဆိုတော့ မိန်းမ တစ်ယောက် တော့ မဖြစ်နိုင်ဘူး ၊ ယောက်ျား တစ်ယောက် ပဲ ဖြစ်ရမယ် ၊ ကိုခင်ဦး ခြေရာ မဟုတ်တဲ့ တခြား ယောက်ျား ခြေရာ ကို လဲ နံရံ နား မှာ ကျုပ် တွေ့ရတယ် ဗျ ။ အဲဒီ ခြေရာ ဟာ နံရံ ဘက် ကို ဦးတည် သွားနေတဲ့ လက္ခဏာ ကို တွေ့ရတယ် ၊ ဒီတော့ ဒီ လူ က နံရံဘက် ကို သွားပြီး ဘာ လုပ်မှာလဲ ၊ တခြား လုပ်စရာ မရှိဘူး ၊ အခန်း အပြင်ဘက် က ထုပ်တန်း ပေါ် ကို တက် ဖို့ပဲ ရှိ တော့တယ် ၊ အဲဒါ ဟုတ် မဟုတ် သေချာအောင် ဆိုပြီး ထုပ်တန်း ပေါ် ကို ကျုပ် တက် ကြည့် ခဲ့တယ်လေ ဗျာ ၊ ကျုပ် ထင်တဲ့ အတိုင်း ပါ ပဲ ထုပ်တန်း ပေါ် က ဖုန်တွေ ထဲ မှာ ယောက်ျားကြီး တစ်ယောက် ခြေရာ ကို တွေ့ ရတယ် ၊ ဒီနေရာ မှာ စဉ်းစားစရာ တစ်ချက် ရှိတယ် ။ ယောက်ျားကြီး က ထုပ်တန်း ပေါ် ပြေး တက် သွားတယ် ၊ မိန်းမ က ဗီရို ထဲ ဝင် နေတယ် ၊ သူတို့ ဘာ လုပ်ကြတာတုံး ”
ဟု ဆားပုလင်းနှင်းမောင် က ပြော ၍ စီးကရက် တစ်လိပ် ကို ထုတ်ယူ မီးညှိ ကာ ရှိုက်ဖွာ လိုက်လေ၏ ။
“ ပြောပြီးပါပကောလား ကိုနှင်းမောင် ရယ် ၊ ကျုပ် တို့ ဉာဏ် မမီပါဘူး ၊ ခင်ဗျား ပဲ ပြော ပါတော့ ”
ဟု ဦးကိုကိုကြီး က ပြော လိုက်လေတော့၏ ။
“ ဒီလို ဖြစ် လိမ့်မယ် ဗျ ၊ အဲဒီ မိန်းမ နဲ့ ယောက်ျား ဟာ အိမ်ရှင် ဖြစ်တဲ့ ကိုခင်ဦး နဲ့ မစန်းအေး တို့ မရှိတဲ့ အချိန် မှာ အိမ် ထဲ ကို ရောက်နှင့် နေကြတာ ၊ ကိုခင်ဦး နဲ့ မစန်းအေး တို့ လဲ ပြန် လာရော သူတို့ နှစ်ယောက် ဟာ ပုန်းမိ ပုန်းရာ ဝင်ပြီး ပုန်းရတာ ၊ ပြီးတော့မှ ထုပ်တန်း ပေါ် က လူ က အိပ်ခန်း ထဲ ဆင်း ပြီး ရန် မူတာဗျ ၊ အဲဒီ အခါ မှာ မစန်းအေး က အိပ်ခန်း ထဲ က ထွက်ပြေး တာ ၊ အဲ့ဒီလို ထွက် အပြေး မှာ ဗီရို ထဲ မှာ ပုန်း နေတဲ့ မိန်းမ က မစန်းအေး ကို ထွက် ပြီး ဖက် သ,တ်တာဗျ ၊ နောက်ဆုံး မှာ မစန်းအေး နဲ့ ကိုခင်ဦး ဟာ ဟို နှစ်ယောက် ကို အရှုံး ပေး လိုက်ရတယ် ၊ အဲဒီတော့ ဟို နှစ်ယောက် မှာ လက်နက်ကောင်း ပါလိမ့်မယ် ထင်တယ် ၊ မစန်းအေး တို့ ၊ ကိုခင်ဦး တို့ ဝတ်ထားတဲ့ အဝတ်အစားတွေ ကလဲ အိမ် မှာ နေတဲ့ အဝတ်အစားတွေ မဟုတ်ဘူးဗျ ။ သစ်သစ်လွင်လွင်တွေ ဖြစ် နေတယ် ၊ အဲ့ဒီ ည က ပဲခူး မှာ မင်းသား အောင်ဘညို ရဲ့ ပွဲ ရှိတယ်ဗျ ၊ သူတို့ နှစ်ယောက် ပွဲ သွား ကြည့်ပြီး နှစ်ပါးသွား အပြီး မှာ ပြန် လာတာ ဖြစ်လိမ့်မယ် ၊ ဒါတွေ ထားပါတော့ ဗျာ ၊ ဒီ အိမ် ထဲ ကို ဘယ်လို ဝင်တယ် ဆိုတာ သိ ရအောင် အောက် ကို ဆင်းပြီး တံခါးတွေ ကို စစ် ကြည့်တဲ့ အခါ မီးဖိုတံခါး ချက် တစ်ခု ပြုတ် နေတာ တွေ့ ရတယ် ၊ အဲဒီ တံခါးပေါက် က နေ ပြီး တော့ သူတို့ အိမ် က ထမင်းချက် က လဲ မနက် ဆိုရင် ဝင် လေ့ ရှိတယ် ။ မီးဖို ထဲ မှာ ဝင်ပြီး ကြည့်တော့ သံချက် မှာ ချိတ် ထားတဲ့ စာရွက်ကလေး သုံးလေးရွက် ကို ကျုပ် သတိ ပြုမိတယ် ၊ အဲဒီ စာရွက် မှာ က မိန်းမ လက်ရေး ဗျ ၊ မစန်းအေး လက်ရေး နဲ့ တူပါတယ် ၊ ထမင်းချက် ကို ရေး ပေး ထားတဲ့ စာတွေ ၊ ကြက်တစ်ကောင်လုံး ရို့စ် လုပ်ပါ ၊ မနေ့ က ချက် တဲ့ ဟင်း သိပ်ပြီး ငန်တယ် ၊ ဒီနေ့ ချဉ်ချဉ်စပ်စပ် စား ချင်တယ် ၊ အလျင် တစ်ခါ ချက်တဲ့ ငါးသလောက်မျိုး ချက် ပါဦး ၊ ဟို တစ်နေ့ က ချက် တဲ့ ဆိတ်သားနှပ်မျိုး ညနေ စားချင်တယ် ၊ ငရုတ်သီး လျှော့ပါ ဆို တဲ့ စာမျိုးတွေ ဗျ ။ အဓိပ္ပာယ် က တော့ ည ကတည်း က ရေးပြီး ထမင်းချက် ကို မှာ တဲ့ စာမျိုး ပေါ့ ဗျာ ၊ အဲဒါလဲ ကျုပ် က ဖြုတ်ပြီး ကြည့်တာ မဟုတ်ပါဘူး ၊ မျက်လုံး နဲ့ အမှတ်တမဲ့ ကြည့် လိုက်တာပါ ။ အဲဒီ နေရာ မှာ လဲ စဉ်းစားစရာ တစ်ချက် ရှိ ပြန်တယ် ၊ မစန်းအေး ဟာ ထမင်းချက်ကု,လား ချက်တဲ့ ဟင်းတွေ အပေါ် မှာ ပေါ့သလေး ၊ ငန်သလေး ၊ စပ်သလေး နဲ့ အပြစ် တင် ထားတာ ကို တွေ့ရတယ် ၊ ဒါပေမဲ့ ထမင်း ကို တော့ ပျော့တယ် မာတယ် လို့ အပြစ် တင် တာ မတွေ့ရ ပြန်ဘူး ၊ ဒါက ဘာ ကို ဖော်ပြနေသလဲ ဆိုရင် ထမင်းချက်ကု,လား က ဟင်း ကို သာ ချက် ပေး ရတာဗျ ၊ ထမင်း ကို တော့ မစန်းအေး ကိုယ်တိုင် ချက် ပေး ရတာဗျ ၊ ထမင်း ဟာ သာမန် ကြည့်ရင် အမှု အတွက် အရေးမကြီးဘူး ဆိုပေမယ့် တကယ် ကျ တော့ ဒီ အချက် ဟာ အမှု အတွက် သိပ် ကို အရေး ကြီး တဲ့ အချက် တစ်ချက် ဖြစ်နေတယ် ”
ဟု ဆားပုလင်းနှင်းမောင် က ပြောရာ ဦးကိုကိုကြီး က ...
“ ဘယ်လို အရေး ကြီး တာလဲ ၊ ဉာဏ် မမီလို့ ပြောစမ်းပါဦး ”
ဟု ပြော လိုက် လေ၏ ။
“ ဒီလိုလေဗျာ ၊ ကျုပ် တို့ မီးဖို ထဲ ဝင် ကြည့်တော့ ဆန်အိုး ထဲ က ဆန်တွေ ကြမ်းပြင် ပေါ် ကို ဖိတ်ကျ နေတာ တွေ့တယ် မဟုတ်လား ၊ အဲဒါ တခြား ဟုတ်ရောလား ဗျာ လူသ,တ်သမား ဟာ ကိုခင်ဦး နဲ့ မစန်းအေး တို့ ကို အကျပ် ကိုင်ပြီး သူ လိုချင်တာ ကို မေး လိမ့်မယ် ဗျ ၊ အဲ့ဒီ ပစ္စည်း က ဆန်အိုး ထဲ မှာ ဝှက် ထား တာ ကို မေး လိမ့်မယ် ၊ အဲဒါကို နောက်ဆုံး မှာ ကိုခင်ဦး နဲ့ မစန်းအေး တို့ က အထူးသဖြင့် ကိုခင်ဦး ပေါ့ ဗျာ ၊ သူ က ဖွင့် ပြော လိုက်လိမ့်မယ် ၊ လူသ,တ်သမား ဟာ အဲ့ဒီတော့ ဆန်အိုး ထဲ က ပစ္စည်း ကို နှိုက် ယူ ခဲ့တာဗျ ၊ အဲဒီမှာ ဆန်တွေ ဖိတ်နေတာ ၊ ဒီ ဆန် ဟာ ဖိတ်စရာ အကြောင်း ကို မရှိဘူး ”
ဟု ဆားပုလင်းနှင်းမောင် က ပြော လိုက်လေ၏ ။
ထို့နောက် ကျွန်ုပ် တို့ သည် ရေတာရှည်လမ်း ခေါက်ဆွဲဆိုင် မှ ဆားပုလင်း နှင်းမောင် နေထိုင်ရာ ၂၉၅ ဘိုးလိန်းလမ်း သို့ သွားခဲ့ကြ ပြီး လျှင် ထို နေရာ ၌ ပင် ညနေ နေဝင်သည် အထိ အေးဆေးစွာ စကား ပြော နေကြလေတော့၏ ။
◾မင်းသိင်္ခ
📖 မိုးပေါ်မှာ ကြယ်တစ်လုံး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment