Sunday, April 27, 2025

စာပေရေးသားခြင်း အနုပညာ ( သန်လျင်မောင်မောင်ဦး )


 

❝ စာပေရေးသားခြင်း အနုပညာ ❞
  ( သန်လျင်မောင်မောင်ဦး )

တစ်ချိန်က သိပ္ပံမောင်ဝ ၊ ဆရာ ဇော်ဂျီ ၊ ဆရာမင်းသုဝဏ် တို့ က ခေတ်စမ်းစာပေ ကို ပြုစုပျိုးထောင်ပေး ခဲ့ပါသည် ။ ဆရာကြီး သခင်ကိုယ်တော် မှို င်း ကိုယ်တိုင် လည်း ဝါကျရှည်များ ဖန်တီးခြင်း ကို ပယ်ထုတ်ပြီး ခေတ်စမ်းစာပေ ကို ထူထောင်ခဲ့ကြပါသည် ။

ထိုစဉ်က ဝါကျတို ရေးသားခြင်း ကို ဆရာမောင်သာရ မှ တမူထူးခြားစွာ ရေးသားခဲ့လေသည် ။ တကယ်တော့ ဝတ္ထုတို ရေးသားကြသူ တို့သည် စာဖတ်အား များဖို့ လိုပေသည် ။ အထူးသဖြင့် ကလောင်သစ် တို့ သည် ဇွဲ ရှိရမည် ။ လူတွေ အကြောင်း ၊ ဘဝ အကြောင်း ၊
အကြောင်းအရာများ ကို ရွေးတတ်ရန် လိုပေသည် ။ မည်သူမျှ အကျိုး မရှိသည့် အကြောင်းအရာ မဖြစ်စေရပါ ။ ခံစားချက်ဖြင့် ရေးသားရပေမည် ။ အတွေး ထက်မြက်ပြီး ဝတ္ထု ၏ လှည့်ကွက်လေးများ ကို ရေးတတ်ရပါမည် ။ ရေးသားရာ တွင် သတ်ပုံ မှ အစ သတိထားပါ ။ စာရေးသူ က မှား သွားလျှင် ပြန်လည် ပြင်ဆင်ဖတ်ရှုပါရန် ဟု ဆိုပြီး ပြင်ဆင်၍ ရသည် ။ အတွေး တစ်ချက် မှား သွားပါက ပြင်ရန် မလွယ်ကူတော့ချေ ။ မဖြစ်နိုင် သည့် အကြောင်းအရာ ကို မရေးပြပါနှင့် ။ စာ ရေးသားရာ တွင် မထားသင့်သော မာန မရှိရပါ ။ ဝတ္ထုတို တစ်ပုဒ် ဖန်တီး ရင် ကိုယ်တိုင် ခံစား တင်ပြ တတ်ရပါမည်။ တကယ်တော့ ဝတ္ထုတို တစ်ပုဒ် ၏ အသက် ဟာ အတတ်ပညာ ပါ ဘဲ ။ ဘယ်လောက် ကောင်းသည့် ဝတ္ထုတို ဖြစ်ပါစေ ။ အတတ်ပညာ မပါလျှင် အလကားပါပဲ ။ အတတ်ပညာ က သင်ယူလို့ မရပါ ။ ခံစားချက် ကြောင့် ဖြစ်တာပါ။ ဝါကျ တိုလျှင် ကောင်းပါသည် ။ တိုတိုလေး နှင့် ထိရောက်လျှင် ပိုကောင်း ပါသည် ။ ဝတ္ထုတို ရေးချင်လျှင် ဝတ္ထုတို များများ ဖတ်ပေးသင့်သည် ။ စာဖတ် ဖို့ တော့ လိုပါမည် ။ ဖြစ်နိုင်လျှင် စာပေါင်းစုံ ဖတ်ပါ ။ မိမိ ကိုယ်တိုင် ဝမ်းစာ ပြည့် နေ မှ ရေးသားရာ တွင် အဆင် ပြေပါမည် ။ စာမျက်နှာ ဝတ္ထု က ခေါင်းစီး ကို အားပြုရပါသည် ။ ပေးချင်သည့် အကြောင်းအရာ ကို ချက်ချင်း သိရမည် ။

▢ သန်လျင်မောင်မောင်ဦး
📖 စာပေရေးသားခြင်း အနုပညာ

No comments:

Post a Comment