❝ ဘဲမွေးသမား ကိုရန်ကုန် ❞
“ ပင်အလိုင်းလားထွေး ၊ မိပဟန်လုပေါင် ”
( ဘာဖြစ်လို့ လဲ ကိုထွေး ဘာပြဿနာ ရှိလို့ လဲ )
“ ဖုန့် မဲ့ရာထန်ထောင်ကဲ မဲ့မိပဟန် ”
( ကျွန်တော် မလုပ်ချင်လို့ ပါ သူဌေး ဘာပြဿနာ မှ မရှိပါဘူး )
“ တော့ပိုင်ထန် ဆောင်ဒေယမ် နာ့ ”
( နှစ်လတော့ ဆက်လုပ်ကွာ နော် )
“ ခပ်ဖုန် ”
( ဟုတ်ကဲ့ ခင်ဗျ )
ဟုတ်တော့ လည်း ဟုတ်ပါတယ် ။ ဒီ အလုပ် ဟာ ရုတ်တရက် လူစား ရ ဖို့ မလွယ်ပါ ။ နို့ခွဲစ က နေ အသား ပေါ်တဲ့ အထိ ချော့ တစ်လှည့် ခြောက် တစ်လှည့် ဂရုတစိုက် လုပ်ပေးနိုင် မှ ဖြစ်မှာကိုး ။ အစာကြိတ်တာ က အစ ကျွန်တော် နားလည် နေပြီ ဆိုတော့ နောက် လူ ကို ထပ်ပြီး မရှာချင်တာ သူဌေး ဘက် က မှန်သည် ။ အားလုံးဟာ ကျွန်တော့် ခြေ ၊ ကျွန်တော့် လက် ဖြစ်နေပြီ ။ ဒေါ်ရှမ်းမ က မနက်စောစော ဝက်ချေး ကူထိုးချ ပေးတာရယ် ၊ ရေချိုး ပေးတာရယ် ၊ အခန်း သန့်ရှင်းရေး လုပ်တာပဲ တာဝန်ရှိသည် ။ သူ့ ခမျာ ကလေး မွေးထားတာ လည်း မကြာသေးတာ မို့ ဒီလောက်သာ တာဝန် ယူနိုင်မှာပါ ။ ညဘက်တွေ မှာ တော့ မကြာခဏ လာ ကြည့်ပေးပါတယ် ။ သူ့ အိမ် က ဝက်ရုံ ဘေး မှာ ကပ် နေလို့ပါ ။ ကျွန်တော့် ဝက်ရုံ နဲ့ အစာကြိတ်တဲ့ စက် က တွဲလျက်ရှိသည် ။ နံဘေး မှာ ဆရာဝန်တွေ နေသည့် အခန်း ရှိသည် ။ ကျွန်တော့် ဝက်ရုံ ထဲ လုံးဝ ဝင်ခွင့် မရှိကြ ။ ကျန်သည့် လူ ဆိုရင်တော့ ပြောဖို့ မလို ။ ဝင်တာ နဲ့ အလုပ်ပြုတ် မှာ သေချာသည် ။ ဒီ ဝက်တွေ က အဖြစ် သည်းပါသည် ။ လူ မြင်သည် နှင့် နင်းကန် အော်တော့သည် ။ တစ်ကောင် က စလိုက် လျှင် ဆက်တိုက် ဖြစ်ပြီး ဝက်ဝက်ကွဲ ဆိုတာ အမှန်ပင် ။ ကျွန်တော် နှင့် ဒေါ်ရှမ်းမ က ဝင်လာ ရင်တော့ ဘာမှ မဖြစ် ။ သူစိမ်း တွေ့ရင် သွေးလန့်သည် ။ အဲဒီလို လန့် အော်ရင်း နဲ့ နှလုံးပျက် ပြီး သေတာမျိုး ရှိဖူးသည် ။ ဒါကြောင့် ဆရာဝန် တောင် ဝင်ခွင့် မရှိ ။ သူဌေး မှာ လိုက်လို့ စကား ပြောချင်တောင် ရုံထိပ် က နေ လက် ပြပြီး လှမ်း ခေါ်ရသည် ။ ကျွန်တော့် ဘဝ က အဲဒီလို မြင့်နေ၏ ။
ဘဝ မြင့်တော့ လစာ မြင့်လာသည် ။ လစာ မြင့်တော့ ဘဝင် မြင့်လာ၏ ။ ငရဲ က လည်း လိုက် မြင့်လာပါသည် ။ အကုသိုလ် ပိုက်ဆံ ဆိုတာတော့ စုလို့ ကို မရနိုင်သေး ။ လစာ တစ်ခါ ရှင်းရင် မုန့်ဆိုင် က ဝယ်စား ထား သမျှ စုသောက်ထားတဲ့ အရက်ဖိုး နုတ်တာ နဲ့ သူဌေးမ နဲ့ မှာလိုက်တဲ့ အဝတ်အစားဖိုး နုတ်တာ နဲ့ ဘာမှ မကျန်တော့ ။ နှစ်လ ပြည့်တော့ ကျွန်တော် ဘဲမွေးတဲ့ ဘက် ကို ပြောင်းခွင့် ရသည် ။ ဝက်သူဌေး ရဲ့ အစ်ကို ဖြစ်သူ ငါးသူဌေး ဆီမှာ လုပ်ရခြင်း ဖြစ်သည် ။ သူ က ဘဲတွေ စမ်းသပ် မွေးမယ် ဆိုပြီး ကျွန်တော့် ကို ခေါ်၏ ။ သီးသန့်ခြံ ဖြင့် မွေးတာတော့ မဟုတ်ပါ ။ ဝက်သိုးတွေ ထားသည့် ရုံအောက် ကို ခြံခတ်ပြီး မွေးတာပါ ။ မနက်ဘက် မှာ အပြင် ထုတ် ၊ နေ့လည် တစ်ကြိမ် ပြန်သွင်း ။ ပြီးရင် ပြန်ထုတ် ။ ညနေ ပြန်သွင်း လုပ်ရပါတယ် ။ တော်တော် သက်သာပါတယ် ။ ဝက် သမားတွေ ကတော့ ဘဲသား စားဖို့ သာ ချောင်း နေသည် ။ ကျွန်တော် က လည်း ဘာသိဘာသာ နေလိုက်မြဲ ။ သူတို့ ကလည်း လစ် လျှင် ဆွဲနေကျ ။ အကောင် က သုံးထောင်ကျော် ဆိုတော့ သူဌေး နေ့စဉ် မရေတွက်နိုင် ။ ဘဲဟင်းချက် တဲ့ နေ့ ဆိုလျှင် ကျွန်တော် လည်း ဝေစု ရသည် ။ ညဘက်ဆို သွား စားလို့ ရပြီ ။ တစ်ခါတလေ အသီ့ရာ က ငါးတွေ ဘာ တွေ ခိုး ချက်ထားသည် ။ သူတို့ နေတာက ဆံပင်ညှပ်ဆိုင် သွားသည့် ရွာ နားမှာ ဆိုတော့ လွတ်လပ်၏ ။ ဘာပဲ ခိုးစားစား ဘာ ပြဿနာ မှ မရှိလှ ။
ဘဲ မွေးရင်းဖြင့် ဗျိုင်း ထောင်သည့် ပညာ ပါ ရလာသည် ။
ဆာလာဖြူရစ်အက်ဆစ် အတုံးလေး ကို ငါး ပါးစပ် ထဲ ထည့်ပြီး ငါး သေကို ရေစပ် မှာ ထားလိုက်ရုံသာ ။ ဗျိုင်း က ဟပ်ခနဲ ထိုး တာ နဲ့ ဘိုင်းခနဲ လဲသေ သွားအောင် အက်ဆစ် က ပြင်းထန်သည် ။ ကျွန်တော့် ဘယ်ဘက် လက်ဖျံ မှာ ပွေးလိုလို ညှင်းလိုလို ဖြစ်တော့ အဲဒီ အတုံးလေး ကောက် တင်လိုက်တာ ချက်ချင်း မီးခဲလို စားသွားလို့ မီးလောင်ဒဏ်ရာ လို ဖြစ်သွားသည် ။ ပွေး လည်း ပြေးပါလေရော ။
ဘာပဲ စားချင်လျှင် အကုသိုလ် မပါလျှင် ပွဲ မပြီးပေ ။
သူဌေးတွေ လည်း သိကြပါတယ် ။ ဘာမှ သိပ် မပြောပါ ။ ပေးသည့် လစာ က ဒီလိုမှ မစားရင် ပြောင်သွား မှာ အမှန်ပင် ။ အလုပ်သမားတွေ အပေါ် ကောင်းတာ လည်း ရှိပါတယ် ။ တစ်နှစ် လောက် လုပ်ပြီးလို့ ပြန်ချင်တဲ့ သူ ရှိရင် ကားလက်မှတ် ဖြတ်ပေးတာတို့ လူများ လျှင် နယ်စပ် အထိ လိုက် ပို့တာတို့ လုပ်ပေးသည် ။ ပြန်လာသည့် လူဟောင်း ကို လက်ခံသည် ။
အလုပ်သမားတွေ ပြန်သည့် အခါ ရဲလက် ထဲ မရောက်အောင် လမ်းခရီး အခြေအနေ ကို သေသေချာချာ စုံစမ်း ပေးပါတယ် ။ မိ သွားရင် ပါတာ ကုန်သွားတာကိုး ။ ရွှေတွေ ငွေတွေ များ ရင် ထိုင်း တစ်ယောက် က အဲဒါတွေ သိမ်းထား ပေးပြီး လိုက်ပို့သည် ။ နယ်စပ် ရောက်မှ ထုတ်ပေး၏ ။ ရှေ့ မှာ ရဲဖမ်းလို့ ကုန်သွားသည့် သာဓက တွေ ရှိနေ သောကြောင့် ဖြစ်သည် ။
သူဌေး ညီနောင် နှစ်ယောက် စလုံး လူလတ်ပိုင်း သာ ရှိပါသေးသည် ။ ငါးသူဌေး က လူပျိုကြီး ပါ ။ ကပ်စေး လည်း နဲ သည် ။ အရက် သောက်တာ တောင် ဆံပင်ညှပ်ဆိုင် ရှိသည့် ရွာ ထဲ မှာ တစ်ယောက်တည်း လာ သောက် တတ်၏ ။ သူ့ အလုပ်သမားတွေ လည်း ခေါ် မတိုက်ပေ ။ သောက် သည့် အရက် က မက်ခေါင် အပြား ။ သူ့ ကို ကြည့် လိုက်ရင် ဘွတ်ဖိနပ် အမည်း အရှည်ကြီး ဖြင့် ခမောက်ဆောင်း လျက်ပဲ တွေ့တတ်သည် ။ သူ့ ညီ လည်း ထို့ အတူပင် ။ တိရစ္ဆာန်ဆရာဝန်တွေ ဝတ်သည့် ဝတ်စုံအနီကြီး ကို ဘယ်တော့ မှ မချွတ် ။ အလုပ် လုပ်ဖို့ သာ စိတ်ဝင်စား ကြသည် ။ ရေသာခို သည့် အလုပ်သမား တွေ့ ရင်တော့ ချက်ချင်း ထုတ်ပစ်သည် ။
လူငယ် တော်တော်များ ကတော့ တစ်နှစ်လောက် လုပ်ပြီးလျှင် ပြောင်း သွားကြတာ များသည် ။ တစ်လ ဘတ် ထောင့်ခုနစ်ရာ ဆိုတာ ဘာမှ မဖြစ်လောက် ။ လင် နဲ့ မယား စုံတွဲတွေ သာ ခြိုးခြံချွေတာရင်း နှစ် နှစ်လောက် လုပ်ကြ ၊ ငွေစုကြ နဲ့ နေလို့ ဖြစ်သည် ။ လူလွတ်တွေ ကျတော့ ပြောင်းသွားတာ ခဏခဏ ပင် ။ ကျွန်တော် လုပ်ရသည့် ဘဲမွေးသော အလုပ် က အလွန် သက်သာပါတယ် ။ ရေချိုး ပေးစရာ ဆေးတိုက်စရာ အစာ ခေါ်ကျွေးစရာ ဘာမှ မလို ပါ ။ ဘဲတွေ က ကျောင်းရင်း နဲ့ သူ ဟာ သူ ကြီး သွားကြမြဲ ။ သူဌေး က မကြာခဏ ဖမ်းပြီး ရောင်းသည် ။ ထပ် မွေးသည် ။ အလုပ် ဖြစ်ပါသည် ။
ဘဲကျောင်း လျှင် ဝက်ရုံ သုံးရုံ လောက် ပတ် လိုက် လျှင် ဘဲ သုံးထောင် ဗိုက်ဝ သွားပြီ ။ ဝက်ချေး ပစ်သည့် မြောင်းတွေ ထဲမှာ အစာတွေ ပြည့်နှက် နေတာကိုး ။ နောက်တော့ သူတို့ ညီအစ်ကို စကား များကြသည် ။ ဘဲတွေ က တဂတ်ဂတ် အော်တော့ ဇီးဝက်မတွေ လန့်ပြီး မကြာခဏ ဇီး ပျက်သည် ။ ဝက်သိုးတွေ လည်း လန့်လန့် အော်၏ ။ ကြာတော့ ဘဲမွေး တာ ရပ်လိုက်ရပါသည် ။ ကျွန်တော် လည်း သန့်စင် ဆီ ပြန် ရောက်သွား ပါတော့သည် ။ ခင်မောင်လွင် တို့ လင်မယား မှာ ယောက်ျား က ကျွန်တော် လုပ်ခဲ့သည့် အသားမွေးဝက်ရုံ မှာ လုပ်ရပြီး မိန်းမ က ဇီးဝက်ရုံ မှာ ဝင် လုပ်ရပါသည် ။ သူတို့ က ဝက်ရုံ လာ ၊ ကျွန်တော် က ဘန်ကောက် တက် ပေါ့ ။
သည် တစ်ကြိ မ်မှာ တော့ လှပူရီ ကို အလည် လာတာက လွဲပြီး ဘယ်တော့ မှ ပြန် မလာတော့ရန် ဆုံးဖြတ်သည် ။ သန့်စင် က လည်း သူဌေး ပြောင်းမယ် လို့ ဆုံးဖြတ် ပြီးပြီ ။ လှပူရီ ကို စွန့်ခဲ့ရတာ သည် တစ်ခါတော့ လုံးဝ မတွေဝေမိပေ ။ ဘာ တိုးတက်မှု မရှိ ။ ထိုင်းစကား ပြောဖို့ လည်း လူ မရှိတော့ ထိုင်းစကား မတတ်ကြပါ ။ လစာ က လည်း နှစ် နဲ့ ချီ စုမှ ရမည် ။ လူလွတ်တွေ အဖို့ ဈေးထွက် ဝယ်တာရယ် ၊ အရက် သောက်တာရယ် နဲ့ ကုန်ကြပါသည် ။ စုမိဆောင်းမိ ပြီး ပြန် သွားနိုင်တဲ့ လူလွတ် ဆိုလို့ တစ်ယောက် မှ မတွေ့မိပါ ။ မိန်းကလေးတွေ တော့ ရှိသည် ။ တစ်နှစ် ကို ရွှေ တစ်ကျပ်သား လောက်ရသည် ။ ဘာ လုပ်လို့ ရမှာ လဲ ။ သူတို့ က လင် မယူခင်လေး လာ လုပ်စားကြတာပါ ။ လင် ယူတော့ လင် က လုပ်ကျွေးပါလိမ့်မည် ။ တစ်ကျပ်သား စုစု ငါးမူးသား စုစု ရှေ့ရေး က ဘာမှ မရှိ ။ ကျွန်တော် တို့ ကျတော့ ဆိုင်ကယ် စီး ချင်သည် ။ ကား စီး ချင်သည် ။ လုပ်ငန်း လုပ်ချင်သည် ။ ရွှေတစ်ကျပ်သား ငါးမူးသား နဲ့ တစ်နှစ်လုံး အချိန် မဖြုန်း နိုင်ကြပေ ။ ဒီလောက်နဲ့ လည်း မိန်းမ ယူဖို့ တောင် မလွယ် ။ သုံး လေးလ လုပ်လို့ ဘတ် တစ်သောင်း လောက် မှ စားပြီး သောက်ပြီး မကျန်ရင် ဘာလုပ်လို့ ရမှာလဲ ။
လူမဟန် ကံပုံချရတာ ကို သန့်စင် လည်း မုန်းသည် ။
“ မြို့ မှာ နေရင် မြို့မျက်စိ ၊ တော မှာ နေရင် တောမျက်စိ မို့ ဝက်ရုံ က လစာ က ကျွန်တော့် ဆေးလိပ်ဖိုး တောင် မရှိဘူး ။ ခင်မောင်လွင် ကို ကြည့် နေ ။ တစ်နှစ် ပြည့်တာနဲ့ ပြေးမှာပဲ ။ အလကားဗျာ သက်သက်မဲ့ ဒုက္ခ သွားခံတယ် ။ ဒီမှာ အလုပ်တွေ ဒီလောက် ပေါတဲ့ ဟာ ”
သန့်စင် ပြောတာ မှန်ပါတယ် ။
တကယ် အလုပ် ရှာကြတော့ ကျွန်တော် ရယ် ၊ သန့်စင် ရယ် ၊ ဘန်ကောက် မှာ နေတာ ကြာပြီ ဖြစ်တဲ့ သံပရာရွာသား ကိုစံလင်း ရယ် ၊ သုံးယောက် စလုံး အလုပ် ရကြသည် ။ အချောကိုင် ပုတ်ပြတ် လုပ်သည့် ပန်းရံ ကန်ထရိုက်အဖွဲ့ နဲ့ စပ်မိကြတာပါ ။
ကျွန်တော့် ကို အုတ်သယ် ၊ ကျောက်သယ် အလုပ်ကြမ်း လစာ တစ်နေ့ ဘတ် ၁၂၀ ပေးသည် ။ သန့်စင် က ၁၆၀ ၊ ကိုစံလင်း က ၁၈ဝ ရသည် ။ လစာ ပေးတာ လည်း မှန်သည် ။ မှတ်မှတ်ရရ အလုပ်စ ပြောင်းသည့် နေ့ မှာ ထိုင်း နိုင်ငံ ရဲ့ ၉၃ အရေးအခင်း စ ဖြစ်ပါလေရော ။ မြို့လည်ခေါင် ဖြစ်သည့် ဘုရင့်နန်းတော် နား မှာ ကျွန်တော်တို့ ပန်းရန်အဖွဲ့ တွေ ပိတ်မိနေကြသည် ။ နေ့လည် လောက် စပြီး ဆန္ဒ ပြကြတာ ည ရှစ်နာရီ ကျော်တော့မှ ကျွန်တော်တို့ အားလုံး ဝင် ခိုနေသည့် ဘုန်းကြီးကျောင်း ထဲ မှ ထွက်လို့ ရပါတယ် ။ ကျွန်တော်တို့ ထွက် လာတော့ တချို့ အဆောက်အဦတွေ မီး လောင်နေတုန်း ။
နောက်တော့ ' စီးလုံ ' ဘက် ကို ပြောင်းရသည် ။
ကျွန်တော်တို့ တစ်ဖွဲ့လုံး အုတ်စီ ၊ အချောကိုင် အလုပ် ကို သာ ပုတ်ပြတ်လိုက်လုပ်တာမို့ ဝင်ငွေ တော်တော် ကောင်းကြသည် ။ အလုပ် ကလည်း ဆက်နေသည် ။ လေးလ နီးပါး အလုပ် နဲ့ လက် နဲ့ ပြတ်တယ်လို့ ။ မရှိလှပေ ။ ' နွံပူရီ ' ဘက် ကို ပြောင်းမယ် ဆိုတော့ သန့်စင် နဲ့ ကျွန်တော် မလိုက်ကြတော့ ။ ကိုစံလင်း တော့ လိုက်သွားသည် ။ ကျွန်တော် နဲ့ သန့်စင် ကို ဝဏ္ဏ ( အလုပ်သမားခေါင်းဆောင် ) က သူ့ အစ်ကို ဖြစ်သည့် အသေးစား ကန်ထရိုက်တာ တစ်ဦး ထံ မှာ အပ်ပေးပါတယ် ။ ဖိနွန် လို့ ခေါ်တဲ့ သူဌေးပေါက်စ တစ်ဦးပါ ။ အင်မတန် သဘောကောင်းတဲ့ သူဌေး ပါ ။ သူ့ မိန်းမ က အယုဒ္ဓရသူ အစစ် ။ ကျွန်တော်တို့ ကို အမြဲ ပြောသည် ။
“ ငါ့ နယ် ရောက်ရင် နင်တို့ ကို ခေါင်းဖြ,တ်မယ် ” တဲ့ ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment