❝ စာပေရေးသားခြင်း အနုပညာ ❞
( ဆရာမ မီမိုး )
၁ ။ စာ စရေးတော့မယ် ဆိုရင် အဲဒီ လူ ဟာ စာဖတ်ဝါသနာ ပါရဲ့လား ၊ စာဖတ် အား ကောင်းရဲ့လား ၊ စာဖတ် သန္ဓေ တည်သူ ဖြစ်ရဲ့ လား လို့ ပြန် ဆန်းစစ် ရမယ် ။
စာဖတ်ဝါသနာ မပါဘဲ စာဖတ်အား မကောင်းဘဲ ၊ စာဖတ်ခြင်း သန္ဓေ တည် သူ မဟုတ်ဘဲ စာ ရေးဖို့ မစဉ်းစားပါနဲ့ ။ အဲဒီ အချက်တွေ မရှိလို့ ရင်တော့ စာ ရေးလို့ မဖြစ်နိုင်ပါဘူး ။ ဖြစ်လာခဲ့ ရင် တောင် ကောက်ရိုးမီး လို ဟုန်းခနဲ ထ တောက်တဲ့ အခြေအနေ ပဲ ဖြစ်မှာပါ ။
ရေရှည် အတွက်တော့ မဖြစ်နိုင်ပါဘူး ။ စာ ဖတ်မှ သာ စာ ရေးလို့ ဖြစ်မှာပါ ။
၂ ။ စာ ရေးတော့မယ် ဆို ကိုယ့် လိုင်း ကို ရွေးချယ်ပါ ။ သုတလိုင်း လား ။ ရသလိုင်း လား ဆိုတာပါပဲ ။ လိုင်း မကြောင် ပါစေနဲ့ ။ သူများ ဘာသာရေး ရေးလို့ ငါ လည်း ဘာသာရေး ရေးမယ် ။ သူများ က ဂမ္ဘီရလိုင်း ရေးလို့ ငါလည်း ဂမ္ဘီရလိုင်း ရေးမယ် ။ သူများ က နိုင်ငံရေး ကို ရေးလို့ ငါ လည်း နိုင်ငံရေး ရေးမယ် ဆိုပြီး လိုက် ရေးတဲ့ သူများ က လိုင်းကြောင်တယ် လို့ ခေါ်ပါတယ် ။ အဲဒါမျိုး မဖြစ်ဖို့ လိုပါတယ် ။ တစ်ခါတစ်ရံ သုတသမား က ရသ ရေးလို့ ကောင်းချင် ကောင်း ပေ မယ့် အမြဲတမ်းတော့ မဖြစ်နိုင်ပါဘူး ။ ကိုယ် အားသန်လို့ ရွေးချယ် ထားတဲ့ လိုင်း ကို ရေးတာ ဟာ အကောင်းဆုံးပါ ။
၃ ။ စာ အံပြီ ( စာ စရေးပြီ ) ဆိုရင် သတ္တိ နဲ့ ဝီရိယ ရှိဖို့ လိုပါတယ် ။ ကိုယ် စာ ရေးပြီ ဆိုတာနဲ့ ပတ်ဝန်းကျင် က စောင့်ကြည့် နေပါပြီ ။ ကိုယ် ရေး နေတဲ့ စာ ဟာ ဝတ္ထု လား ဆောင်းပါး လား မသဲကွဲသေးဘူး ။ ဒီ စာမူ ပါလာမလား မပါလာဘူးလား မသဲကွဲသေးဘူး ။ ပါ လာရင်ကော ချမ်းသာ လာမှာလား ။ စာမူခ
ဘယ်လောက် ရမယ် မရဘူး ဆိုတာ တောင် မသဲကွဲသေးပါဘူး ။ ဒါဟာ ကလောင်သစ် တိုင်း ကြုံတွေ့ရတဲ့ အချက်တွေ ပါ ။ ဒါတွေ မတွေးပါနဲ့ ။ ကိုယ် ရေးစရာ ရှိတာ ဆက် ရေးပါ ။ ရေးချင်တယ် ရေးဖို့ အချိန်အခါ အခွင့်အရေး မ
ပေးဘူး ဆိုတာကို ကန့်ကွက်ပါတယ် ။ ဘယ်ချိန် ဖြစ်ဖြစ် စာ က ရေးလို့ ရပါတယ် ။
၄ ။ စာ တစ်ပုဒ် ရေး ပြီးရင် ငါ ကွ ၊ အောင်လံထူ စစ်သူကြီးပွဲ ဆိုပြီး လက်သီးလက်မောင်း မတန်းပါနဲ့ ။ ကိုယ် ရေးထားတဲ့ စာ ကို သေချာ ဆန်း စစ်ပါ ။ ကော်မာ အဖွင့်အပိတ် ကစ သေချာ ပြန် စစ်ပါ ။ အထူးသဖြင့် ဝတ္ထု ရေးတဲ့ အခါမျိုး စကားပြေ စကားပြော ရော နေလား ဆိုတာ သေချာ ပြန်စစ်ပါ ။ ဖတ်ကြည့်ချော ဖြစ်အောင် ရေးပါ ။ ဖတ်ကြည့် လို့ မှ ချော နေရင် စကားပြေ စကားပြော ရော နေတာ သိပ် စဉ်းစားဖို့ မလိုတော့ပါဘူး ။
၅ ။ ကိုယ် စာတစ်ပုဒ် ရေး ပြီးပြီ ဆိုရင် ကိုယ့် ဝန်းကျင် က လူတွေ ကို ဖတ်ခိုင်းပြီး မှတ်ချက် ယူပါ ။ အဲဒီ မှတ်ချက် ယူတဲ့ နေရာ မှာ ကိုယ့် ထက် စာသက် ဝါသက် ကြီးတဲ့ သူ ဆီ မှာ သာ မှတ်ချက် နည်းနာ ယူပါ ။ ကိုယ့် ထက် စာသက် ဝါသက် ငယ်သူ ဆီ က မှတ်ချက် ယူမိရင် မနှစ်မြို့စရာတွေ နဲ့ ပိုဆိုး သွားနိုင်ပါတယ် ။
၆ ။ ကိုယ် ရေးထားပြီးတဲ့ စာမူ ကို မဂ္ဂဇင်းတိုက်တွေ ထံ ပို့တော့မယ် ဆိုရင် စာပေလောက အကြောင်း ကို အတော်အသင့် သိရှိလေ့လာ ထားဖို့ လိုပါတယ် ။
ကိုယ် ပို့မဲ့ မဂ္ဂဇင်း ၊ စာစောင် ၊ သတင်းစာ ၊ ဂျာနယ် ၊ စာပေတိုက်များ ရဲ့ မူဝါဒ ကို တော့ သိထားသင့် ပါတယ် ။
စာပေတိုက် ရဲ့ အယ်ဒီတာတွေ က ကိုယ့် ရဲ့ စာမူ သုံး မသုံး ရွေးချယ်ပိုင်ခွင့် ရှိ သလို စာရေးသူ ကလည်း ကိုယ် ပို့ချင်တဲ့ စာပေတိုက် ကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ် ။ မဂ္ဂဇင်း တစ်ခု ကို ကိုင် ဖတ်လိုက်တာ နဲ့ ရွေးချယ်ထားတဲ့ စာမူ ၊ ဒီဇိုင်း ၊ လေးအောက် တွေ က အစ ကြည့်ပြီး အဲဒီ တိုက် ရဲ့ အယ်ဒီတာ အရည်အသွေး ကို သိနိုင်ပါတယ် ။ ဒါကိုလည်း ရွေးချယ်တတ် ဖို့ လိုပါတယ် ။
၇ ။ ကိုယ် ရွေးချယ်ထားတဲ့ ကလောင် နာမည် ။ ကလောင် နာမည် က အင်မတန် အရေးကြီး ပါတယ် ။ ဒီ ကလောင် ဟာ ကိုယ် တစ်သက်လုံး သုံးနှုံးရမဲ့ နာမည် ပါ ။ နာမည် လှလှပပ နဲ့ ရိုက်တဲ့ အခါ လည်း အမှားမလွယ် တဲ့ တစ်သက်တာ လည်း စိတ်ချရမဲ့ ကလောင် ကို ရွေးချယ်သင့်ပါတယ် ။
၈ ။ စာရေးသူ ဟာ အနုပညာ အား ကောင်းဖို့ လိုပါတယ် ။ စာရေးသူ ဟာ အနုပညာသည် ပါ ။ မှတ်သားဖူးတဲ့ အနုပညာ ဆိုတာ “ အနုပညာ ဆိုတာ ပတ်ဝန်းကျင် မှာ ကိုယ် ခံစားရတဲ့ အရာ တစ်ခု ခု ကို ကိုယ် ကျွမ်းကျင်တဲ့ ဘာသာရပ် အသုံးချပြီး ခံစားချင် တဲ့ သူ ဆီ ကို တင်ပြတာသည် အနုပညာ ” တဲ့ ။ စာမူ ပို့တဲ့အခါ အနုပညာ အား ကောင်း ရင် ကောင်း သလောက် ပေါက်ပါတယ် ။
၉ ။ ဆရာငြိမ်းကျော် ပြောခဲ့ဖူးတယ် ။
“ စည်းမျဉ်းဥပဒေသတွေ နဲ့ ထိန်းသိမ်း လို့ မရတဲ့ ကိုယ်ကျင့်တရား တွေ ကို
ဆင်ခြင်တုံတရား နဲ့ ထိန်းသိမ်း ရပါတယ် ။ အဲဒီ ဆင်ခြင်တုံတရား ကို ပြဌာန်းဖို့ ကျွန်တော် ရသ စာရေး ဆရာ တစ်ယောက် ဖြစ်လာတာပါ ” တဲ့ ။ အခု ဆိုရင် စာ ရေးဖို့ အကဲစမ်း နေတဲ့ သူတွေ လျှောက်လှမ်း နေတဲ့ သူတွေ အစပျိုး နေတဲ့ သူတွေ ဟာ အဆိပ်အတောက် မဖြစ် ဖို့ ကိုယ်ကျင့်တရား တွေ ကို ယိမ်းယိုင် ပြီး တိမ်းစောင်း သွားအောင် မလုပ်မိဖို့ ကြီးစွာသော တာဝန် ရှိပါတယ် ။ အနုပညာ အား ကောင်း ရင် ကောင်း သလောက် ပရိသတ် က ယူဆောင် သွားမှာပါ ။
⎕ ဆရာမ မီမိုး
📖 စာပေရေးသားခြင်း အနုပညာ
No comments:
Post a Comment