❝ ထောင် မှ အချုပ် ❞
▣ လွတ်ရက်စေ့ပြီ
ည က တစ်ဆောင်လုံး ကို နှုတ်ဆက်သည် ။ မွန်ကြီး နှင့် ကိုမော် ကို ကန်တော့သည် ။ တကယ် သွားရမည် ဆိုတော့ မခွဲချင်ကြ ။ ' ကိုမော် ' က ကျွန်တော့် ကို စိုးရိမ်သည် ။ စိတ်မြန်လက်မြန် ရှိသူမို့ အမှား မတွေ့စေချင် ။ ညစဉ် သူ နှင့် သန့်စင် သင်ပေးသော ထိုင်းစကားပြော ကို ဆက် ကြိုးစားသွားရန် ပြောသည် ။ ထိုင်းနိုင်ငံမှာ “ အနှီး ” နှင့် “ မဲ့ချိုက် ” နှစ်ခွန်း တတ် လျှင် သွားလို့ လာလို့ ရသည် ဟု ဆိုကြ၏ ။ ' အနှီး ' ဆိုသည် မှာ ' ဒီဟာ ' ၊ ' အဲဒါ ' ၊ ' ဒါ ' ဟူသော အဓိပ္ပာယ်များ ရ၍ ' မဲ့ချိုက် ' ဆိုသည် မှာ ' မဟုတ် ' ဟူ သော အငြင်းဝါကျ ဖြစ်သည် ။
ကိုယ် လိုချင်တာ တွေ့လျှင် ' အနှီး ' ' အနှီး ' ဟု ပြော၍ မလိုချင်လျှင် ' မဲ့ချိုက် မဲ့ချိုက် ' ဟု ပြောနိုင်သည် ။
သို့ဖြင့် ထောင် မှ လွတ်ရက် စေ့လေပြီ ။
ကျွန်တော်တို့ မပျော်နိုင်ပါ ။ ရဲစခန်း တစ်ခု မှာ သွား နေရမည် ကို သိနေသည် ။ မနက် ဆယ်နာရီ ကျော် သောအခါ ကျွန်တော် တို့ နာမည် ခေါ်သည် ။ ထောင်ဘူးဝ မှ ရဲတစ်ဦး လာ စောင့် ခေါ်၍ ရဲစခန်း သို့ ပို့ပေးသည် ။ ကန်ချနပူရီ ရဲစခန်း ဖြစ်သည် ။ အထဲ မှာ ကျွန်တော်တို့ ရှေ့ မှ အသက် ဆယ့်ရှစ်နှစ် အောက်ဖြင့် လွတ်သွားသူ ငါးယောက် ကို ပြန်တွေ့ရသည် ။
“ ထောင် က မှ ကောင်းသေးတယ်ဗျာ ။ ဒီမှာ ထမင်း မဝဘူး ”
ဟု ဆီး ပြော၏ ။ စိတ် က ပို၍ ကျသွားသည် ။
“ ဒီမှာ ဘာလို့ ဆက် ထားတာလဲ“
“ ဒီ မှာ ရက်နှစ်ဆယ် ထားပြီး မှ နယ်စပ် ပို့မယ့် အချုပ် ကို လွှဲပေးမှာ ။ ဒါ ထုံးစံပဲ ”
“ ဘယ်နေ့ ပို့မှာ လဲ ”
“ ရှေ့လ မှာ တစ်သုတ် ပို့မယ် ။ တစ်ခါ ပို့ရင် လူငါးဆယ် ပို့တယ် ”
ကျွန်တော် အချုပ် ထဲ ရောက်ပြီး မကြာခင် မှာပင် ထမင်း စားရန် တန်းစီ ရသည် ။ အချုပ်သား စုစုပေါင်း နှစ်ရာကျော် ရှိပြီး အမျိုးသမီး အချုပ်ပါ ရှိသည် ။ မြန်မာ ကျား ၊ မ များ ၊ ထိုင်းပြည့်တန်ဆာ အချို့ နှင့် ထိုင်းအချုပ်သားများ ရှိသည် ။ မြန်မာ က အများ ဆုံး ။ ကရင် ၊ မွန် ၊ ထားဝယ် ၊ ဗမာ လေးစု ပေါင်းလျှင် တရာ့သုံးဆယ် ကျော်သည် ။ ထိုင်း မှာ အနည်းစု ဖြစ်သည် ။ ကျွန်တော်တို့ အတွက် စိတ်မကောင်းစရာ အချက်မှာ ၇ လပိုင်း မှ စ၍ ခိုးဝင်သူ များကို ထောင် မချတော့ဘဲ အချုပ် မှာ သာ ထားတော့ခြင်း ဖြစ်သည် ။ တစ်ခုလည်း ကောင်းသည် ။ ကျွန်တော်တို့ က ဦးစားပေး နယ်စပ် အပို့ခံရသူများ ထဲ ပါသည် ။ ပြစ်ဒဏ် ခံခဲ့ပြီးပြီကိုး ။ ထောင် ထဲ မှာ လည်း ကျွန်တော်တို့ လို လွှတ်မည့် သူ ငါးဦးခန့် ကျန်ခဲ့သည် ။ စုစုပေါင်း လိုက်လျှင် ဆယ့်နှစ်ဦး ရှိသည် ။ ထို ဆယ့်နှစ်ဦး သည် ဦးစားပေး ထွက်ရမည့် သူ များ စာရင်း၌ ပါသည် ဟု သိရ၏ ။ သို့သော် ကျွန်တော် မသွားချင် ။
နယ်စပ် မှာ ပြန် ဝင်ဖို့ ရာ မလွယ်လှ ။ အရေးအကြီးဆုံး မှာ ငွေ ဖြစ်သည် ။ ကျွန်တော် ရော သန့်စင် မှာ ပါ အဝတ် တစ်ထည် ၊ ကိုယ် တစ်ခု သာ ရှိသည် ။ သည် အချုပ် မှာ အလုပ် လိုက်လုပ်ဖို့ ကလည်း မလွယ် ၊ မနက် မိုးလင်း လျှင် အချုပ်သားများ အချုပ်တံခါးဝ မှာ တန်းစီ နေသည် မှာ ခြေချလို့ ပင် မရ ၊ အလုပ်သမား လာ ခေါ်သည် နှင့် ဝုန်းဒိုင်းကြဲ တော့သည် ။ ဦးရာလူ ထွက်ရသည် ။ သည် နေရာ မှာ အချုပ်ပါး ဝတာလေးတွေ ရှိသည် ။
ရှေ့ဆုံးမှ ထိုင်နေသူ သည် လာ ခေါ်သည့် ရဲ ကို သိနေ၏ ။ သူ မလိုက်လို သည့် အခါ မသိချင်ယောင် ဆောင် နေလိုက်သည် ။ အထာ မသိဘဲ လိုက်သွားသူ အဖို့ ပြန် လာလျှင် မကျေမချမ်း ဖြစ်ရမြဲ ။ ပိုက်ဆံ လည်း မရ ။ စားစရာ လည်း မရသည့် အပြင် ပင်ပန်းတာ သာ အဖတ် တင်သည် ။
ပိုက်ဆံ စုမိသူများ သည် အလုပ် ထွက်၍ မလုပ်ချင်ကြတော့ပေ ။ လာ ခေါ်မည့် ရက် မှာ ဒီနေ့လား ၊ မနက်ဖြန်လား ဖြစ်နေ သဖြင့် အလုပ် ထွက် လုပ်မည့် သူ နည်းပါးသွား လျှင် ရဲ က တွေ့ရာ လူ ကောက်ခေါ်သည် ။
သန့်စင် နှင့် ကျွန်တော် စဉ်းစားရပြီ ။ နာမည် ရောင်းမလား ၊ နယ်စပ် လိုက်မလား ။ ကျွန်တော် က မလိုက်ချင် ၊ သည် မှာ ငွေ အရင် ရှာချင်သည် ။ ကျွန်တော့် နာမည် ကို ရောင်း၍ သန့်စင် ကို ပေးလိုက်မည် ။ သန့်စင် က နယ် စပ် ရောက်မှ ဖြစ်သလို စခန်းသွားမည် ဟု ပြောသည် ။ နောက်တော့ ကျွန်တော် ရန်ဖြစ်၍ အချုပ်ရက် ထပ်တိုးခံ လိုက်ရရင်း သန့်စင် နှင့် ကွဲသွား တော့သည် ။ ရန်ဖြစ်သည် က ဘာမှ မဟုတ်သည့် မဂ္ဂဇင်း တစ်အုပ် ကြောင့် ဖြစ်သည် ။
အချုပ် မှ ထွက်၍ အလုပ် လုပ်ရသည့် အကြောင်း ကို ပြောပြပါမည် ။ အလုပ်များ မှာ အလုပ်ကြမ်း သက်သက် ဖြစ်သည် ။ ရဲဝန်ထမ်းများ နှင့် ပတ်သက်သော သစ်စက်များ ၊ အိမ်ပြင်သော လုပ်ငန်းများ ၊ ခြံသန့်ရှင်းရေး လုပ်ငန်းများ ၊ အိမ် အပြောင်းအရွှေ့ လုပ်ငန်းများ လုပ်ကြရသည် ။ အလုပ် ခေါ်ရာ၌ ကန်ချနပူရီ တစ်ဝိုက် မှ ဖမ်းမိသူများ ကို အလုပ် မခေါ်ပေ ။ ပြေး၍ ဖြစ်သည် ။ သူတို့ က နယ်မြေ ကျွမ်းကျင် သဖြင့် ပြေးတတ်ကြသည် ။ ပြေး၍ လွတ် လျှင် ကိစ္စ မရှိ ။ မိသွားသဖြင့် သေလုမြောပါး ကြိမ်ဖြင့် အဆော် ခံရသူ ကို တွေ့ဖူးသည် ။ ကြိမ်ရာ ပျောက်ခါနီး ထပ်၍ ဆော်သည် ။ ထို့ကြောင့် လွတ် မှ ပြေး ဟု သတိပေးကြသည် ။
အလုပ် လိုက်လုပ်သည့် အခါ ကျွန်တော်တို့ အား မည်သူ မှ မစောင့် ကြည့်ပါ ။ ရဲစခန်း မှ ရဲမှူး တစ်ယောက် မွေးစားထားသော ' အဒင် ’ ( မောင်နီ ) ဟု ခေါ်သည့် အသက် သုံးဆယ်ခန် မွန်တစ်ဦး နှင့် ' အနိုင် ' ဟု ခေါ် သည့် ထားဝယ်သား တစ်ဦး သာ ရှိသည် ။ အရင်က ထိုင်းလူငယ် တစ်ဦး ရှိသည် ။ အချုပ်သား အမျိုးသမီး ရောင်း ခိုင်းသည့် ဆွဲကြိုး ကို ဖြောင်လိုက်သည့် အတွက် စခန်း က နှင်ထုတ်ထား၏ ။ ဆွဲကြိုး ရောင်းရငွေ လည်း ရ သလောက် ပြန်ပေးရသည် ။ ကျွန်တော်တို့ ရောက်တော့ ဖီဒင် ( အစ်ကိုနီ ) က အလုပ် လိုက်လုပ်သူများ ကို လိုက် ကြည့်ပေးသည် ။ ကြည့်ပေးသော်ငြား ပြေးသည် ကိုတော့ သူ့ မှာ တာဝန် မရှိ ။ သူ က လည်း ပြောသည် ။
“ ငါ ပါတဲ့ အခါ ငါ မရှိတဲ့ အချိန် မှ ပြေး ။ မဟုတ်ရင် မိတဲ့ အခါ ငါ ပဲ ရို က်ရတာ မရိုက်ချင်ဘူးကွာ ” တဲ့ ။
ကျွန်တော်တို့ အားလုံးမှာ လွတ်ရမည့် သူများ ဖြစ်သဖြင့် ထွက်ပြေးသည် ကို ဘာမှ ရေးကြီးခွင်ကျယ် မလုပ်ပါ ။ လွတ်မည့် နေ့ ဆိုလျှင် ထွက်ပြေးသူ အစား လုပ်ငန်း တစ်ခုခု မှ မြန်မာများ ကို သွားခေါ်၍ ကားဖြင့် ထည့် ပေးလိုက်သည် ။ နယ်စပ် မှ သူဌေး က ပြန် ခေါ်လာ ပေးသည် ။ ဘာမှ မခက်လှ ။ သည်တော့ ကျွန်တော် တွေးပြီ ။ ပြေးရင် ကောင်းမလား ဟု ။
ဘာလိုလို နှင့် ကျွန်တော်တို့ အချုပ် ထဲ ရောက်တာ နှစ်လ ပြည့်တော့မည် ။ အဖမ်း ခံရမည့် မြန်မာများ ထပ် မဝင်လာသဖြင့် နောက်ထပ် ဘယ် နေ့ ပို့မည်မှာ မသေချာလှ ။ ကျွန်တော့် လက် ထဲမှာ လည်း ဘတ်တစ်ရာခန့် စုမိ နေပြီ ။ သန့်စင် ကို တော့ လွန်ခဲ့သည့် ရှစ်ရက် က နယ်စပ် ပို့သည့် အချုပ် မှ တစ်ဆင့် နယ်စပ်သို့ အပို့ ခံလိုက်ရပြီ ဟု သတင်း ရသည် ။ နယ်စပ် ပို့သည့် အချုပ်ဆောင် သို့ ကျွန်တော်တို့ မကြာခဏ အလုပ် သွား လုပ်ရသည် ။ ဘယ်နေ့ မှာ ဘယ်နှဦး ဘယ် နယ်စပ်သို့ ပို့သည် ကိုပင် တိတိကျကျ ကြားရသည် ။
တချို့ ရဲများ က အလွန် သဘော ကောင်း၏ ။ သူတို့ ကိုယ်တိုင်ပင် နယ်စပ်သို့ ကားဖြင့် သွား စောင့်၍ အလုပ်သမား မှတ်ပုံတင် ပြုလုပ်ကာ ပြန် ခေါ်ပြီး အလုပ် ထဲ ထည့်ပေး ထားသည် ။ လက်တွေ့ နှစ်ဦး ကြုံဖူးပါသည် ။ သစ်စက် မှာ ဖြစ်သည် ။ မြန်မာများ မှာ ရာဇဝတ်သား မဟုတ်သည့် အပြင် အလုပ် လုပ်ရန် ခိုးဝင်လာခြင်း ဖြစ်သည့် အတွက် ဘယ် အလုပ်ရှင် မှ သဘောမကျစရာ မရှိပါ ။ ကျွန်တော့် ကို လည်း ခြံလုပ်ငန်းရှင် ရဲတစ်ဦး ၏ အမေ က သူတို့ ခြံ မှာ လာ လုပ်မလား ဟု ခေါ်သည် ။ ကျွန်တော် ငြင်းလိုက်သည် ။ ထမင်းစား ကျွန်ခံ သဘောမျိုးဖြင့် မနေချင် ။ ဘယ်တော့မှ ပြန်ရမည် မဟုတ် ။ သူတို့ ဆီ မှာ ပင် မွေ့ပျော် သွားရမှာ မျိုး ကြောက်သည် ။ ကျွန်တော့် ရည်မှန်းချက် က ဘန်ကောက်မြို့ကြီး ဆီ သို့ ဖြစ်သည် ။ မြူခိုးတွေ ဝေ နေသည့် မိုးပျံ တံတားကြီး ပေါ် ကား ဖြတ် စီးချင်သည် ။ နှစ်ဆယ့်လေးနာရီ အလှည့်ကျ ပြ နေသော ရုပ်ရှင်ရုံ ထဲမှာ ဝင် အိပ်ပြီး ကြည့်ချင်သည် ။ မြို့သား သည် မြို့ ကို သာ သွားချင်သည် ။ ကျွန်တော် ထွက်ပြေးမည့် ကိစ္စ ကို ကရင်ဦးလေးကြီး အား ဖွင့်ပြောမိသည် ။ သူ က ခွင့်မပြု ။ ကျွန်တော့် ကို တူလို သားလို ခင်မင် နေသဖြင့် တားခြင်း ဖြစ်သည် ။ ယခု လာခေါ်သည့် အခါ ငွေ မပြည့်ပါက သူ စိုက်ပေးမည် ဟု ပြောသည် ။ သဘောလည်း အလွန် ကောင်း၏ ။ သူ့ မှာ ငွေစလေးများ ရှိသဖြင့် ' ဖီဒင် ' ကို အကူအညီ တောင်း ကာ အချုပ် ထဲမှာ ဈေးရောင်းသည် ။ မဆိုးပါ ။ ဓားလှီးမုန့် နှင့် ရာစင်း မှာ အရောင်းရဆုံး ဖြစ်သည် ။ ကျွန်တော်တို့ ထောင် မှ လာသူများ တွင် အကျင့်ပျက် တစ်ခု ပါလာ၏ ။ ‘ ပါးတခြမ်းမဲ ’ အကိုက်အခဲပျောက် ဆေးမှုန့် ကို မီးရှို့ ၍ ရှူ ခြင်း ဖြစ်သည် ။ အနံ့ အလွန် ပြင်း၏ ။ ရီဝေ၏ ။ သို့သော် ခဏသာ ။ ရဲ က သိလျှင် မအေ နှမ ကိုင်တုတ်ပေမယ့် အရေးမယူ ပါ ။ တစ်ယောက် ရှူလျှင် နှစ်ယောက် လောက် က မီးခိုးငွေ့ ကို အပြင် မထွက်စေရန် ဖျောက်ဖျက် ရသည် ။ ထိုင်း အခေါ်အဝေါ် အားဖြင့် ' ရာထမ်းကြိုင် ' ဟု ခေါ်သည် ။ ထို ဆေးမှုန့် ရှူတာ ဝါသနာ ပါ၏ ။ သူ က မှိန်းပြီး စိတ်ကူးယဉ် လို့ ကောင်းသည် ။ ထို ဆေးမှုန့် ကို ရှူမိချိန် အပြင် မှ ကျွန်တော့် နာမည် နှင့် အလုပ် လာ ခေါ်ပါက နေမကောင်း၍ မလိုက်နိုင် ဟု ပင် ငြင်းလိုက်သည် ။ အချုပ်ပါး ဝခြင်း တစ်မျိုးပင် ။
အထက်၌ ကျွန်တော် ရန်ဖြစ်သည့် အကြောင်း ဖော်ပြထားသည် ။ အသေးစိတ် မှာ ဤသို့ ဖြစ်သည် ။ ကျွန်တော် အလုပ် ထွက် လုပ်သော အိမ် မှ ကျွန်တော့် အား မဂ္ဂဇင်း အဟောင်းများ ပေးလိုက်သည် ။ မဂ္ဂဇ င်းမှာ ရုပ်ပုံများ ပါသည့် အကောင်းစား မဂ္ဂဇင်း စာအုပ်များ ဖြစ်သည် ။ ကျွန်တော် က ထိုင်းစကား သင် နေသဖြင့် တွေ့ရာ စာအုပ် ၌ အသုံးအနှုန်း များ ရေးမှတ်ထားသည် ။ ဥပမာ အင်္ကျီအနီ ဝတ် ထားသော ဖက်ရှင်မယ် ၏ နံဘေး၌ ‘ လှသော မိန်းကလေး ’ ဟူသည့် ဝေါဟာရ ကို ထိုင်း လို မေး၍ ရေးမှတ်ထားသည် ။ ' လှသော ' ကို ' ဆွေ ' ၊ ' အနီဝတ် ' ကို ' ဆိုင်စီဒင် ' ၊ ' မိန်းကလေး ' ကို ' နန့်စောင် ' ဟု မှတ်ထား၏ ။ မှတ်ရ လွယ်သည် ။
ကျွန်တော် ယူလာသော မဂ္ဂဇင်းများ ကို အားလုံး ယူကြည့်ကြသည် ။ တချို့လည်း ကြည့်ပြီး သည် အတိုင်း ချထား လိုက်သည် ။ တချို့က တောင်းယူ ထားသည် ။ ကျွန်တော် ဘာမျှ အာရုံ မထား ။ မောင်မောင် ဆိုသည့် မွန်တစ်ဦး က ကျွန်တော် အပြင် သွား နေခိုက် ကျွန်တော် သိမ်းထား သည့် မဂ္ဂဇင်း ကို လာ ယူသွား၏ ။ ကျွန်တော် က ထိုင်းစကားပြောများ မှတ်ထား၍ ပြန်ပေးရန် တောင်းသောအခါ အိမ်သာ ထဲ မှာ ဟု ပြောသည် ။ ကျွန်တော် ထ ထိုးရင်း ရန်ဖြစ်ကြ၍ နှစ်ယောက် စလုံး အချုပ်ဆောင် အသေး ထံ အပို့ ခံရသည် ။ အပို့ မခံရ ခင် ရဲ က မျက်နှာ ကို ဖိနပ် နှင့် နင်း ကာ နောက်ကျော ကို ထောင်းသည် ။ လွှတ်ရက် ကို လည်း ရွှေ့လိုက်၏ ။ ခုနစ်ရက်ခန့် အချုပ်ကျဉ်း ထဲ ထည့်သည် ။ ဤကိစ္စ နှင့် ပင် ကျွန်တော့် အား ‘ အထွေး ' ဟု ရဲ တော်တော်များများ က သိသွားတော့၏ ။ ' ဖိဒင် ' က သူ့ ရဲမှူး ကို ပြောပြသဖြင့် ၇ ရက် ခန့်သာ နေရခြင်း ဖြစ်သည် ။ ဖိဒင် ကူညီမှု ကို မြန်မာ တော်တော်များများ ရကြသည် ။
ကျွန်တော် အချုပ် မှ ပြေးသော အကြောင်းများ တွင် ထို ရန်ပွဲ၏ အကျိုးဆက် လည်း အပါအဝင် ဖြစ်သည် ။ မောင်မောင် က မကျေနပ် ။ အကယ်၍ ဘုရားသုံးဆူ ဘက် ပို့လျှင် ရှင်းပစ်မည် ဟု သူ့ လူများ နှင့် တိုင်ပင်သည် ။ ဖိဒင် က ထို ကိစ္စ ကို သိသဖြင့် မောင်မောင် အား ခေါ် ဆူသည် ။ ကျွန်တော့် ကို လည်း စိုးရိမ်စကား ပြောသည် ။ ကရင်အုပ်စု က မောင်မောင် တို့ ကို ကြိမ်းမောင်း၏ ။ ထိရဲ ထိကြည့် ဟု ကြေညာ ထားသည် ။ ကရင်အုပ်စု နှင့် ကျွန်တော် သည် ဆက်စပ်မှု ရှိသည် ။ သူတို့ ကို ကျွန်တော် က အမြဲတမ်း အလုပ် ခေါ်သွား တတ်၏ ။ အလုပ် လာခေါ်သည့် ရဲများ နှင့် ကျွန်တော် ရင်းနှီး သဖြင့် ကျွန်တော် နှစ်ဦး သုံးဦး စသည် ဖြင့် အချုပ်တံခါး ဝမှ လှမ်း ခေါ်လျှင် ကရင်အုပ်စု ကိုသာ ကျွန်တော် ဦးစားပေးသည် ။ သူတို့ ကို ခေါ်ရသည် မှာ အကြောင်း ရှိ၏ ။ အလုပ် ကို မခို ၊ ရသမျှ ကို မလျှို ၊ ရိုးသား၍ ဖြစ်သည် ။ တစ်ခါသား တွင် အိမ်ရှင် မှ ဘီယာ တိုက်သည် ကို သူ က အချိုရည်ဘူး ထဲ ထည့်ခဲ့ပြီး အချု ပ်ထဲ ရောက် တော့ ကျွန်တော်တို့ ကို တိုက်သည် ။ ဆေးလိပ် ဆိုလည်း ထို့ အတူပင် ။ ပြီးတော့ ထမင်း သွား သယ်ရသူမှာ ကရင်အုပ်စု ဖြစ်သည် ။ သူတို့ က ကျွန်တော် အလုပ်သွား လုပ်နေလျှင် ထမင်းပန်းကန် ချန်ထား ပေးသည် ။ ပြန်လာ၍ ကျွန်တော် မစားချင်တော့ မှ ခွင့်တောင်း၍ စား သည် ။ သစ္စာ ရှိသဖြင့် ပေါင်း ၍ ကောင်းသည် ။ မောင်မောင် တို့ က မကျေနပ် ၊ လူတွင်ကျယ် လုပ်သည် ဟု ထင်ပုံ ရသဖြင့် ကျွန်တော့် ကို အပြတ် ရှင်းမည် ဟု တိုင်ပင်ထားကြခြင်း ဖြစ်သည် ။ ‘ ထပ်ဆောင် ’ ‘ ဝမ်းက ’ နှင့် ‘ ဘုရားသုံးဆူ ’ နယ်စပ်များ သို့ အချုပ်သားများ အား အလှည့်ကျ ပို့တတ် သဖြင့် သိပ်တော့ စိတ် မပူပါ ။
' ဖိဒင် ' ကပြောသည် ။
“ ဘုရားသုံးဆူ ဘက် ဆိုရင် မလိုက်သွားနဲ့ ” ဟု
“ ကျွန်တော် ဒီမှာ ပဲ သေတဲ့ အထိ နေရမှာ လား ”
“ အခြေအနေ ပေးရင် ပြေးပေါ့ မင်း ငတုံးပဲ ”
“ လှပူရီ မှာ တော့ ကျွန်တော့် အစ်မဝမ်းကွဲ ရှိတယ် ”
“ ဘယ်လောက် မှ မဝေးဘူး မင်း ပြေးလို့ ရတာပဲ ”
ဟုတ်တယ် ။ ကျွန်တော် ပြေးမယ် ။ မဝေးဘူး ဆိုပေမယ့် ကီလို ၄၀ ကျော်သည် ။ လိုင်းကားနံပါတ် လည်း စုံစမ်း ပြီးပြီ ။ ဝက်မွေးရုံ ကို လည်း မြေပုံ နှင့် တကွ မှတ်ထားပြီးပြီ ။ ထိုင်း လို အခေါ်အဝေါ်များ ပင် အလွတ် ကျက် ထား၏ ။ ကြယ်သုံးလုံးစက်ရုံ အနီး ဝက်မွေးရုံ လှပူရီမြို့ မရောက်ခင် ၄ ကီလို ။
( လုံငယ်ဆန်ဒေါင် ၊ လင်းရံ့မူ ၊ ကိုက်ကိုက်လှပူရီ )
ဆာဝါဒီခပ် ။
▣ မာန် ( တောင်လုံးပြန် )
📖 လန်းဖိုင်စာသိုက်
No comments:
Post a Comment