Monday, April 28, 2025

စာပေရေးသားခြင်း အနုပညာ ( မင်းချမ်းမွန် )


 

❝ စာပေရေးသားခြင်း အနုပညာ ❞
     ( မင်းချမ်းမွန် )

စာဖတ်သူ အများစု က အက်ဆေး ကို မြန်မာ ရဲ့ ကိုယ်ပိုင် စာပေ ၊ ပြည်တွင်းဖြစ် စာပေ လို့ ထင် နေကြတယ် ။ တကယ်တော့ မဟုတ်ပါဘူး ။ ပြင်သစ် မှာ ၁၆ ရာစု ၊ ၁၅၈ဝ ကတည်း က စတင်ခဲ့တာ ဆိုတော့ အခုဆို ၄၃၇ နှစ် ရှိပြီ ။ မြန်မာပြည် မှာ က ၁၉၂၈ ဂန္ထလောက မှ စခဲ့တာ ဆိုတော့ ၈၉ နှစ် ရှိပြီလို့ ဆိုနိုင်ပါတယ် ။

အက်ဆေး ကို အဆင့်မြင့် စာပေ ပုံသဏ္ဌာန် တစ်ရပ် ၊ လေးစားလောက်ဖွယ် အရည်အသွေး ရှိတဲ့ စာအုပ် လို့ သတ်မှတ်ပြီး နိုင်ငံတကာ မှာ စာရေးဆရာ တစ်ယောက် ဟာ အက်ဆေး ရေးတတ်မှ တန်းဝင်တယ် လို့ ပြောကြတာလည်း သိရပါတယ် ။

▬ ရသအက်ဆေး / ရသစာတမ်း ဆိုတာ ဘာလဲ

အကြောင်းအရာ တစ်ခုခု ကို စာရေးသူ ကိုယ်တိုင် တွေ့မြင် ခံစားရတဲ့ အနေအထား နဲ့ ရသ ပါအောင် ရေးဖွဲ့တဲ့ မတိုမရှည် စကားပြေ အဖွဲ့မျိုးပါပဲ ။

အက်ဆေး ကို ဆရာဇော်ဂျီ က ကျေနပ်နှစ်သိမ့်မှု ကို ပေးတဲ့ စာ ၊ ဆရာ မြသန်းတင့် က ပီတိ ဖြစ်စေတဲ့ စာ ၊ ဆရာတိုက်စိုး က ရင်ဖွင့်စာ ရယ် လို့ ဖွင့်ဆို ခဲ့ကြပါတယ် ။

▬ ရသစာတမ်း / အက်ဆေးအမျိုးအစား ဘယ်လို ခွဲမလဲ

အကြောင်းအရာ အရ ဖြစ်စေ ၊ ပုံသဏ္ဌာန် အရ ဖြစ်စေ အမျိုးအစား ခွဲ နိုင်ပါတယ် ။

ဖွဲ့စည်းပုံ လွတ်လပ်မှု အတိုင်းအဆ နဲ့ စာရေးသူ ကိုယ်ရည်ကိုယ်သွေး ကို အလေးပေးမှု အတိုင်းအဆ ပေါ် မူတည်ပြီး ခွဲခြားကြတယ် ။

( ၁ ) ပုံစံ အသေဖွဲ့အက်ဆေး Formal Eassy
( ၂ ) ပုံစံ အရှင်ဖွဲ့အက်ဆေး Informal Eassy

▬ ဆရာဇော်ဂျီ ရဲ့ ခွဲခြားမှု

ရသ သဘော လွှမ်းမိုး ကဲလွန်တဲ့ စာမျိုး ကို စာတန်း Eassy ( အရှင် )

ပညာရပ် တစ် ခုခုကိုရေးရင် စာတမ်း Eassy ( အသေ )

▬ ရသ စာတမ်း / ရသ အက်ဆေး ရဲ့ သွင်ပြင် လက္ခဏာများ

စာရေးသူ ရဲ့ ကိုယ်ရည်ကိုယ်သွေး ပေါ်နေရမယ် ။

အကြောင်းအရာ ထက် အတွေးအမြင် ခံစားမှု ကို အားပြုရမယ် ။

စာဖတ်သူတို့ ဆွဲဆောင်နိုင်တဲ့ စကားပြေ အရေးအဖွဲ့မျိုး ဖြစ်ရမယ် ။

တိုတိုကျဉ်းကျဉ်း ရေးဖွဲ့ထားတဲ့ အရေးအဖွဲ့မျိုး ဖြစ်ရမယ် ။

စာဖတ်သူတို့ နှစ်သက်မှု ရသ ပေးရမယ် ။

ရသစာတမ်း တိုင်းဟာ အက်ဆေး ဖြစ်နိုင်ပေမယ့် အက်ဆေး တိုင်း ဟာ ရသ စာတမ်း မဖြစ်နိုင်ပါဘူး ။

▬ အက်ဆေးနာမည် မူကွဲ ၉ မျိုး

အစမ်းစာ ၊ စာတမ်း ၊ စာမွန် ၊ စာတန်း ၊ အက်ဆေး ၊ ရသစာတမ်းငယ် ၊ စာစီစာကုံး ၊ စာတမ်းငယ် ၊ စာတမ်းတို

▬ ဆရာဇော်ဂျီ

ကိုယ့် ပတ်ဝန်းကျင်၌ နေ့စဉ် လှုပ်ရှား သွားလာရင်း ၊ မြင်မိ ကြားမိ ၊ သတိရမိ ၊ တွေးမိ သမျှ တို့ ကို ပရိသတ် မှာ မြင်ယောင်ယောင် ၊ ကြားယောင်ယောင် ဖြစ်လာအောင် ၊ ခံစား အသိနဲ့ လည်းကောင်း ၊ စိတ်ကူးဉာဏ် စွက်၍ လည်းကောင်း ရေးသား ထားတဲ့ရသစာပေဟန် ဖြစ်တယ် ။

▬ ဆရာတိုက်စိုး

အက်ဆေး ကို ဖတ်နေရသည့် နာရီဝက် အတွင်း၌ ဘာနှင့် တူပါသနည်း ဆိုသော် အဖော် တစ်ယောက် နှင့် အေးအေးလူလူ ထိုင်ကာ သူ့ စကား ကို နားထောင်ရသည် နှင့် တူသည် ဟု ဆိုရတော့မည် ။ ထိုအခါ ဝမ်းမြောက် ရွှင်လန်းစရာများ ၊ လောကီဘုံသား တို့၏ ခွင့်လွှတ်စရာ အပြစ် အနာအဆာကလေးများ ၊ မတော်မတဲ့ ဟာသ အကွက်များ ကို လည်း အက်ဆေးဆရာ နှင့် အတူ ပြောရ ၊ ကြားရ ၊ မြင်ရ ၊ ခံစားရ သကဲ့သို့ ဖြစ်ကာ ပီတိ ပွားရလေသည် ။

▬ နာမည်ကျော် ရှေး က အက်ဆေး ၊ ရသစာတမ်းစာအုပ်များ

ကံ့ကော်မြိုင် စာတန်း ၁၉၆၄

စိတ်ပင်လယ် စာတန်း ၁၉၆၇

မိုးဦးပန်းချီ အစမ်းစာ ၁၉၆၇

ဇေယျ စာတန်း ၁၉၆၇

ဇေယျ ‘ မြန်မာမျက်ပွင့် စာဓလေ့ ၊ ရွာဓလေ့ ၊ လူဓလေ့ ’

တက်တိုး ‘ ရွှေစင်နှင်းဆီ နှင့် အခြား အက်ဆေးများ ’ ၁၉၆၇

▢ မင်းချမ်းမွန်
📖စာပေရေးသားခြင်း အနုပညာ

No comments:

Post a Comment