Saturday, April 26, 2025

စာပေရေးသားခြင်း အနုပညာ ( ဆရာ ဇူးကျော် )


 ❝ စာပေရေးသားခြင်း အနုပညာ ❞ 

    ( ဆရာ ဇူးကျော် )


ဝတ္ထု ရေးမယ် ဆိုရင် ဘယ်လို အကြောင်းအရာ နဲ့ ရေးမလဲ ၊ ပရိသတ် စိတ်ဝင်စားအောင် ဘယ်လို တင်ပြမလဲ ဆိုတာ အရင် စဉ်းစားဖို့ လိုပါတယ် ။


ဝတ္ထုတစ်ပုဒ် အဆုံးသတ်တဲ့ အခါ စာဖတ်သူ အတွက် ဆက်လက် တွေးနိုင် အောင် အတွေး တစ်ဆင့်မြှင့် ချန်ထား ပြီး ရေးနိုင်ရင် ပို ကောင်းပါတယ် ။


ကိုယ့် ရဲ့ ဘဝ အတွေ့အကြုံ မှန်သမျှ ဟာ ကိုယ့် အတွက် ဝတ္ထု ရေးဖို့ ကုန်ကြမ်း ဝမ်းစာတွေပါပဲ ။ အဲဒီ ဝမ်းစာများ က ဝတ္ထု များစွာ ဖန်တီး ပေးနိုင်ပါတယ် ။


ရသစာပေ မှာ ဇာတ်ကောင် က တိုက်ရိုက် ပြော ( First person ) နှင့် စာရေးသူ က တစ်ဆင့် ပြော ( Seeond person ) နှစ်မျိုး ရှိပါတယ် ။ ကျွန်တော့် အနေ နဲ့ တော့ ဇာတ်ကောင် က တိုက်ရိုက် ပြောတာ ပို ကြိုက်ပါတယ် ။


ဝတ္ထု ဆိုတာ စာရေးသူ ရဲ့ ခံစားမှု က စေ့ဆော် တိုက်တွန်း ခံရတဲ့ အခါမှာ ထွက်ပေါ်လာတဲ့ အကြောင်းအရာ ဖြစ်ပါတယ် ။


ဝတ္ထု တစ်ပုဒ် ရဲ့ အဖွင့် ဖြစ်တဲ့ ပထမဆုံး စာကြောင်း စာပိုဒ် ဟာ စာဖတ်သူ ကို ဆက်လက် ဖတ်ချင်လာအောင် ဆွဲဆောင်နိုင်ဖို့ အရေးကြီးပါတယ် ။ 


စာရေးသူ ဆိုတာ ကိုယ် ဖြတ်သန်း နေတဲ့ ဖြတ်သန်း ရတဲ့ ခေတ် ကို မေ့ထားလို့ မရပါဘူး ။ ကိုယ် နဲ့ အလွန် ဝေးတဲ့ အကြောင်းအရာ ကိုပင် စာရေးခြင်း အစွမ်း နဲ့ နီးအောင် စွမ်းဆောင်နိုင်ပါတယ် ။


လက်တွေ့ မဟုတ်တဲ့ စာတွေ့များ ကလည်း စာရေးမှု ကျွမ်းကျင်လျှင် လက်တွေ့ ဘဝ ကဲ့သို့ ဖန်တီးယူ ရေးသားလို့ ရပါတယ် ။ ဒါဟာ ရင်ငွေ့လှုံ ရေးသားခြင်းပါပဲ ။ ရသစာပေ ကို ရေးချင် ရင် ရသစာပေ ကို များများ ဖတ်ဖို့ လိုပါတယ် ။


 ▢ ဆရာ ဇူးကျော်

📖 စာပေရေးသားခြင်း အနုပညာ

No comments:

Post a Comment