❝ ကိုမတ်စု မရှိဘူး ❞
▣ မိုင်ဆွန်ခ ( သီပေါ )
ကျွန်တော် “ အမှတ်တမ်း ကြွေထည် ၊ မြေထည် ” မှာ ကျောက်ပွဲစား လုပ်တုန်းက အဖြစ်အပျက်လေးပါ ။ ( အဟီး ကျောက်ပွဲစားဆိုလို့ အထင်မကြီးလိုက်နဲ့ဦး ။ လမ်းခင်းကျောက်တွေ ရထားတွဲပေါ် တင်ရတာကို ပြောတာပါ ) ။
တစ်နေ့ ... ကျောက်တင်တော့ တွဲနဲ့ ကျောက်ပုံက ဝေးနေတယ် ။ သယ်ရတာ အဆင်မပြေဘူး ။ ဒါကြောင့် လုပ်ဖေါ်ကိုင်ဖက်ဖိုးသားကို “ ဟေ့ကောင် ကိုမတ်စု သွားခေါ်ကွာ ။ သူ လာမှ အဆင်ပြေမှာ ” ဆိုပြီး အခေါ်လွှတ်ရပါတယ် ။
တအောင့်လောက် ကြာတော့ ဖိုးသား ချွေးသံတရွဲရွဲနဲ့ ရောက်လာပါတယ် ။
“ ဦးမိုင် မိုင်းထဲမှာ စက်ကြီးမောင်းတဲ့ ကိုလှအေးနဲ့ပဲ တွေ့ခဲ့တယ် ... ။ ကိုမတ်စု ဆိုတဲ့ လူကိုတော့ မတွေ့ခဲ့ဘူး ” ဆိုတော့ ကျွန်တော် ကိုယ့်နဖူးကိုယ် ရိုက်မိပါတော့တယ် ။
“ ဖိုးသား ဒီလောက်တောင် တုံးရသလား ။ ငါပြောတဲ့ ကိုမတ်စု ဆိုတာ လူမဟုတ်ဘူးကွ ၊ ကျောက်ကော်တဲ့ ကိုမတ်စု ( komatsu ) စက်ကို ပြောတာ သွားပြန်ခေါ် ... တောက် ... ငါနော် ”
▢ မိုင်ဆွန်ခ ၊ သီပေါ ၊
📖 ရယ်စရာ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၅
No comments:
Post a Comment