Monday, May 22, 2023

အစ သည် တစ် အဆုံး သည် သိက္ခာ


 ❝ အစ သည် တစ် အဆုံး သည် သိက္ခာ ❞ 


“ အဓိက က တော့ ခင်များ တစ် , ကို ကျော်နိုင်ဖို့ပဲ ဗျ ။ တစ် ကို ကျော် နိုင် ပြီး ရင် တစ်ဒသမ ကိုး ကိုး ကိုး ပဲ ဖြစ်ဖြစ် ၊ နှစ် ပဲ ဖြစ်ဖြစ် နှစ်ဒသမ ဘယ်လောက် ပဲ ဖြစ်ဖြစ် ခင်ဗျား သွားချင် သလောက် ရောက် အောင် သွားဖို့ မခက်ခဲတော့ဘူး ။ နောက်ဆုံး သုံး , ဖြစ် ချင်ချင် ၊ လေး , ဖြစ်ချင်ချင်ဗျာ ခင်ဗျား ဖြစ်ချင် သလောက် ဆက် လျှောက်လို့ ရပြီ ” မှားယွင်းမှု တစ်ခု ကို အစ ပျိုး ကြည့် ဖို့ ခက်ခဲ ပေမဲ့ တစ်ကြိမ် တစ်ခါ မှားယွင်း ပြီး သွားလျှင် တော့ နောက်ထပ် အကြိမ် များစွာ မှားယွင်း ဖို့ မခက်ခဲတော့သည့် သဘော ကို မိတ်ဆွေ တစ်ယောက် က ရှင်းပြစဉ် က တော့ သူ သဘောကျ နှစ်ခြိုက်စွာ ရယ်မော ဖူး ခဲ့သည် ။ တရားဝင် မိန်းမ နှစ်ယောက် ယူ ထားသည့် အပြင် ကြားပေါက်တွေ ပါ ပေါများ နေ သူ တစ်ယောက် အကြောင်း ကို မိတ်ဆွေ တစ်ယောက် နှင့် စကား စပ် မိ ကြသည် ။ ဘယ်လို စိတ် နဲ့ များ မိန်းမတွေ အများကြီး ယူ ဖြစ် သွားတာလဲ မသိဘူးနော် ဟု ကျွန်တော် က ညည်းညူ မိ ချိန် မှာ မိတ်ဆွေ ဖြစ်သူ က စ , နောက် သလိုလို နှင့် ပြန် ဖြေ သော စကား ဖြစ်သည် ။ အမှားတွေ အကြိမ် များစွာ မကြုံချင် လျှင် တော့ တစ်ကြိမ် တစ်ခါ မျှ မမှား နိုင် အောင် ကြိုးစား တဲ့ ။ သူ ဆုံးမ သော စကား ကို ပြန် တွေးပြီး ကျွန်တော် တောင် သဘော ကျ စိတ် နှင့် ပြုံး ချင်ချင် ဖြစ်ခဲ့ရ ဖူးသည် ။


   •••••   •••••   •••••


၁ ။


မကူညီနိုင်ပါ ဆိုသော ကိစ္စ တစ်ရပ် ကို အကြိမ် များ စွာ တောင်းဆို လာသည့် အခါ တိုင်း ကျွန်တော် ခေါင်းရှုပ် ရ သည် ။ အခေါက်ပေါင်း များ စွာ ရောက် လာပြီး အကူအညီ တောင်း နေသော ဒီ အမျိုးသမီး ကြောင့် ကျွန်တော့် ခေါင်း တို့ ပူ ရသည် ။ ကျွန်တော့် အတွေး တို့ ဗျာပွေ ရသည် ။ ယခု နောက် တစ်ခေါက် ထပ် လာ ပြန် လေပြီ ။ လာ တိုင်း လည်း သူမ လက် ထဲ မှာ ကိုင်ဆောင် လာ သမျှ လက်ဆောင်ပစ္စည်း  တွေ ကို ကျွန်တော် မယူ ဝံ့ ၊ မထိ ဝံ့ ။ ဒီ တစ်ခေါက် တော့ ချွေးမ ဖြစ်သူ ပါ ပါ လာသည် ။ 


“ ကူညီပါ ဆရာ ရယ် ၊ ကျွန်မ တို့ လည်း ဆရာ့ ကို တောင်းပန် ရတာ အားနာ လှ ပြီ ။ ကျွန်မ မှာ လည်း ဒီ သားလေး တစ်ယောက် ပဲ ရှိ တာ ပါ ဆရာ ရယ် ။ အမှု က လည်း နှစ်ခု ဖြစ် နေ လို့ပါ ။ လက်ဝယ် တွေ့ရှိမှု က ရှောင် လို့ မရဘူး ။ ဆေး သုံး တဲ့ အမှုလေး တော့ ပေါ့စေချင် လို့ ပါ ဆရာ ရယ် ။ ဆရာ နဲ့ ကျွန်မတို့ က လွဲပြီး တခြား ဘယ်သူ မှ မသိစေ ရ ပါဘူး ။ ဆရာ့ အကျိုးလည်း မယုတ်စေရပါဘူး ”  


ကရား ရေ လွှတ် သလို တတွတ်တွတ် နဲ့ တောင်းဆို နေသော အမေ ဖြစ်သူ ဒီ အမျိုးသမီး ကို ကြည့်ပြီး ကျွန်တော် လည်း စိတ် မကောင်း ။ သား ဇော နဲ့ မို့ အသံလေး က တုန် ချင်ချင် ၊ မျက်ရည်လေး က အဝဲသား နှင့် ။ သား ဖြစ် သူ က မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှု ဖြင့် အချုပ် ထဲ မှာ ။ မူးယစ်ဆေး သုံး မသုံး က တော့ ဆီးစစ် ထားသည့် အဖြေ ရ မှ တရားရုံး က ဆုံးဖြတ် ချက် ချ ရမှာ ဖြစ်သည် ။ 


“ ဆရာ့ ကုတ်နံပါတ် လေး ရေးပေး ရုံ ပါပဲ ဆရာ ရယ် ။ ဆရာ့ ကို ဘာမှ မထိ ခိုက်အောင် လုပ်ပါ့မယ် ။ ကုတ်နံပါတ် ရ ရင် ကျန်တဲ့ အပိုင်း ကို ကျွန်မတို့ ဘာသာ ကြိုးစား မှာ ပါ ” 


ကုတ် နံပါတ်လေး တစ်ခု ပါပဲ ဆိုသည့် စကား ကို ကြား တိုင်း ကျွန်တော် ကျောချမ်း မိသည့် အကြိမ်ပေါင်း မနည်းတော့ ။ သူတို့ တောင်းသည့် ကုတ်နံပါတ်လေး ပေး ရုံ ဆိုသည့် စကား မှာ လွယ်လွယ် ကူကူ ဖြစ် နေ သလောက် ကျွန်တော့် အတွက် တော့ ခက်ခဲသည် ။ ပေးပိုင် ခွင့် မရှိ ။ ပေး လို့ မရ ။ ဥပဒေ နှင့် မလွတ်ကင်း ။ ကျင့်ဝတ် နှင့် လည်း ညီမျှမှု မရှိ ။ ဒါတွေကို သူ တို့ ကိုယ်တိုင် သိရှိမည် ဖြစ်သော်လည်း ကျွန်တော့် ကျင့်ဝတ် ကို အလေးထား ဖို့ ထက် သူတို့ အပူ က ရှေ့တန်း ရောက် နေ သည့် အနေအထား မှာ ကျန်တာ တွေ ကို မေ့ပစ် ထား လေသည် လား မတွေးတတ် ။ 

မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ မရှိ ဆေးစစ် ပေး ရသည့် လူနာ တိုင်း ကို ဆီး နမူနာ ရယူ ပြီး ဆီး ထဲ တွင် မူးယစ်ဆေးဝါး တွေ့ရှိ မရှိ စစ်ဆေး ပေးနိုင်ရန် ဓာတုဗေဒဝန်ရုံး သို့ လျှို့ဝှက် ကုတ်နံပါတ် ဖြင့် ပို့ ပေး ရသည် ။ ဒီ ကုတ်နံပါတ် သည် လူနာ ကို စစ်ဆေးပေးသူ တာဝန်ကျ ဆရာဝန် က လျှို့ဝှက် ပေးရတာ ဖြစ်ပြီး ကာယကံရှင် ဆရာဝန် နှင့် တာဝန်ခံ စာရေးကြီး တို့ မှ လွဲ၍ တခြား မည်သူ မျှ မသိစေရ ။ ဓာတုဗေဒဝန်ရုံး က ဆီး အဖြေလွှာ ပြန်ကြား လာသော အခါ မှ လူနာ စာရင်း နှင့် တိုက်ဆိုင် စစ်ဆေးပြီး တရား ရုံး ကို ပို့ပေး ရတာ ဖြစ်သည် ။


သူတို့ သား ဖြစ်သူ ဆီး နမူနာ အတွက် ကျွန်တော် ပေး လိုက်သော လျှို့ဝှက်ကုတ် နံပါတ် ကို လာရောက် တောင်းခံ နေကြခြင်း ဖြစ်သည် ။ ဒီ ကုတ်နံပါတ် ကို ရပြီး လျှင်တော့ ဓာတုဗေဒဝန်ရုံး သို့ ဆက်လက် အကူအညီ တောင်းခံကြ ဦးမည် ဆိုသည် ။ သူတို့ ပြောသော အကူအညီ တောင်းခံသည် ဆိုတာ က အမှား ကို အမှန် ၊ အမှန် ကို အမှား ဖြစ်အောင် မတရားသော နည်းလမ်း ဖြင့် ကြိုးစားကြမည် ဖြစ်သည် ။ တစ်ဖက် လူ က ကူညီမည် ၊ မကူညီမည် ကို တော့ ကျွန်တော် လည်း မသိပါ ။ 


ဟိုဘက် က ကိစ္စတွေကို မသိ သော် လည်း ဒီဘက် က ကိစ္စ က ကျွန်တော် နှင့် သက် ဆို င် လာသော အချိန် မှာ ကျွန်တော့် ဆီ ကို အရင်ဆုံး ရောက်လာ ကြခြင်း ပင် ဖြစ်သည် ။ သူတို့ ပြောသလို မည်သူမျှ မသိစေရပါ ဆိုသော တောင်းဆိုမှု တစ်ခု က ကျွန်တော့် စိတ်ထဲ မှာတော့ တစ်သက်တာ အရိပ် ထင် နေမည့် မကောင်းမှု တစ်ခု လို့ ပင် မြင် မိသည် ။


ကျူးလွန်သူ သည် ကျူးလွန်ခြင်း အတွက် ပြစ်ဒဏ် ခံရမည် မှာ လောက ၏ သစ္စာ တရား တစ်ခု ပင် ။ ဒီ သစ္စာတရား ကို ဖောက်ဖျက် ဖို့ ကြိုးစားသူ တိုင်း သည် လက်ရှိ ခဏ တွင် အပြစ် မှ လွတ်ကင်း နေစေကာ မူ အချိန် တန် လျှင် တော့ သစ္စာတရား ၏ တန်ပြန် ပြစ်ဒဏ် ခတ်မှု တွေ ကို တော့ မလွှဲ မရှောင်သာ ကြုံတွေ့ရမည် ဖြစ်သည် ။ သူတို့ ဘက် က ဘယ်လို ပဲ တောင်းဆို ပါစေ လောက ၏ သစ္စာတရား ကို တော့ ကျွန်တော် မဖောက်ဖျက် ချင်ပါ ။ လောက က ပြန်လည် ချမှတ်မည့် အပြစ်ဒဏ် တို့ ကိုလည်း ကျွန်တော် ကြောက်ရွံ့ ပါသည် ။


လာတိုင်း လည်း မျက်ရည် လည်ရွဲ ဖြစ်နေ တတ်သည့် ဒီ အမျိုးသမီး ကို ကြည့်ပြီး ကျွန်တော် စိတ်မကောင်း အကြိမ်ကြိမ် ဖြစ် ရသည် ။ ချွေးမ ဖြစ်သူ မှာ ကိုယ်ဝန် အရင့်အမာ နှင့် ။ အိမ် မှာ လည်း ကလေး နှစ်ယောက် က ရှိသေး ပြန်သည် ။ မတတ်နိုင် ။ ဝဋ် ကြွေး မကျေသေး လျှင် တော့ ဆပ်ကြရမည် ပင် ဖြစ်သည် ။ ဒီ တစ်ခေါက် လည်း လာလမ်း အ တိုင်းသာ ပြန် ပေ ရော့ ။ သူတို့ ကြိုးစားမှု သည် အရာ မထင် ။ ကျွန်တော် ဘယ်လို မှ မကူညီနိုင်ပါ ဆိုသည့် အကြောင်း ဓာတ်ပြားဟောင်း တစ်ပုဒ် သာ ပြန် ဖွင့် ပြ လိုက် ပါသည် ။ ဒီ ကိစ္စ နှင့် ပတ်သက်ပြီး နောက် ထပ် လာ မတွေ့ရန် ကို တော့ အားနာနာ နှင့် ပင် အပို ဆောင်း တောင်းပန် ဖြစ် လိုက်ပါသည် ။


   •••••   •••••   •••••


၂ ။


နေရာ က ခရိုင်မြို့ တစ်ခု ၏ အဝေးပြေး ကားဂိတ် မှာ ။ ကား ဖြင့် တင်ပေး လိုက်သော ပစ္စည်း တစ်ခု ကို ထုတ်ယူ ဖို့ ကား မရောက်သေး ၍ စောင့် နေသည့် အချိန် ခဏ အတွင်း သူတို့ နှစ်ယောက် ကို အမှတ် မထင် မြင် လိုက် မိခြင်း ဖြစ်သည် ။ သူတို့ ဆိုတာက နိုင်ငံခြားသား စုံတွဲ တစ်တွဲ ။ နိုင်ငံခြားသားတွေ အရောက် အပေါက် နည်း သော မြို့ ဖြစ်သည့် အတွက် ကျွန်တော် အပါအဝင် လူ တော်တော်များများ က စိတ်ဝင်တစား ကြည့် နေ ကြသည် ။ မြင်စ က နိုင်ငံ ခြားသား စုံတွဲ တစ်တွဲ ဆိုသော အသိ ဖြင့် ကြည့်မိသည့် အချိန် ခဏ အတော အတွင်း မှာ ထို စုံတွဲ မှ မိန်းကလေး ဖြစ်သူ ၏ လတ်တလော ဒုက္ခ ကို မြင်မိ လိုက် ခြင်းပင် ။


လက် ထဲ မှ ရေသန့်ဘူးခွံ နှင့် အအေးဘူးခွံ ကို တစ်လှည့် ၊ ပတ်ဝန်းကျင် ကို တစ်လှည့် ကြည့် နေရင်း စိတ် ရှုပ်ထွေး နေပုံ ရသော သူမ ကို ကျွန်တော် စိတ်ဝင်တစား ကြည့် နေ မိသည် ။ သူမ ၏

မျက်ဝန်းတွေ က တစ်စုံတစ်ရာ ကို ရှာ နေ သလို မျိုး ။




“ ကြည့်စမ်းကွ ၊ ဟို နိုင်ငံခြားသူ က အမှိုက်ပုံး ရှာ နေတာ နဲ့ တူတယ် ။ ခက်တယ် ကွာ ။ ကားကွင်း ထဲ မှာ အမှိုက်ပုံး နဲ့ တူတာ ဆိုလို့ လည်း ဘာမှ မရှိ ဘူး ။ ငါတို့ မြို့တော့ သိက္ခာ ကျ ပါပြီ ကွာ ”  


ဘေးနား က လူ တစ်ယောက် ပြော နေသော စကားသံ က ကျွန်တော့် နား ထဲ ဝင်လာ သည် ။ ဟုတ်ပေ လိမ့်မည် ။ လက် ထဲ မှ ဘူးခွံတွေ အတွက် သူမ ရှာ နေသည် မှာ အမှိုက်ပုံး ဖြစ် ဖို့ ကျိန်းသေ နေ သည် ။ ကျွန်တော့် ဘေးပတ် ဝန်းကျင် မှာ ရှိလို ရှိငြား လိုက် လံ ရှာ တော့ လည်း ဘေး က လူ ပြော သလိုပင် အမှိုက်ပုံး နှင့် တူတာ ဆိုလို့ ဘာ မှ မတွေ့ ။ ဒီ မြို့တင် မဟုတ် ၊ ဒီ နိုင်ငံ ပါ သိက္ခာ ကျရပြီ ဆိုသော အတွေး နှင့် အတူ ကျွန်တော့် စိတ် ထဲ မှာ ရှက်ရွံ့စိတ် တစ်ခု က အလိုလို ဝင် လာ ခဲ့သည် ။ သူမ မျက်နှာ ကို ပြန် ကြည့်မိ ပြန်တော့ စိတ် ရှုပ်ထွေး နေဟန် က အထင်းသား ။ 


လက် ထဲ မှ ဘူးခွံ တွေ ကို မြေပြင် ပေါ် လက်လွတ် စပယ် ချ ပစ်လိုက်ဖို့ လည်း သူမ အတွက် ဝန်လေး နေဟန် တူသည် ။ ဘေး က အဖော်  ယောက်ျားလေး က တစ်ခု ခု ကို ပြောတော့ သူမ ခေါင်း ကို ခါယမ်း ပြီး ရယ် နေတာ ကို မြင် ရသည် ။ သူ့ ဘေး က အဖော် က ဘူးခွံတွေ ကို တစ် နေရာ ရာ ကို လွှင့်ပစ် လိုက် ဖို့ အကြံ ပေး နေတာလား ၊ သူမ က မလုပ်နိုင်ပါ ဟု ခေါင်းခါ နေခြင်း ဖြစ်လေ မလား ကျွန်တော် လည်း သေချာ မတွေး တတ် ။ ကျွန်တော် နှင့် ဝါး နှစ်ပြန် ခန့် အကွာ မှာ ရှိနေ သော ကြောင့် သူတို့ ပြောသော ဘာသာ စကား ကို လည်း သေချာ မကြားရ ။


သူမ ဘာ ဆက် လုပ်မလဲ ဆိုတာ ကို တော့ သိလိုစိတ် ပြင်းပြစွာ ဖြင့် ဆက် ကြည့် နေ မိသည့် အချိန် မှာပင် သူမ အတွက် ကယ်တင်ရှင် က ပေါ်လာခဲ့သည် ။ ပုစုခရု အမှိုက်ခွံ မျိုးစုံ ထည့် ထားသော ပီနံအိတ် တစ်လုံး ကို ကျော ပေါ် မှာ အားပါးတရ ပိုး လာသော အသက် ဆယ်နှစ် ခန့် ကလေးငယ် တစ်ယောက် သူမ ရှေ့ ကို ရောက် လာ ခဲ့ပြီး သူမ လက် ထဲ က ဘူးခွံတွေ ကို တောင်းယူ လိုက်သည် ။ သူမ မျက်နှာ က ကယ်တင်ရှင် တစ်ယောက် ကို မြင်တွေ့ လိုက်ရ သလို ပြုံးပျော် သွားပြီး ကလေးငယ် ကို ချက်ချင်း ပေး လိုက် သည် ။ ထိုအခါ မှ ကျွန်တော် သက်ပြင်း တစ်ချက် ကို ခပ် လေးလေး ချ မိသည် ။ ခရိုင်မြို့ တစ်ခု ၏ အဝေးပြေး ကားကွင်း အတွင်း မှာ အမှိုက်ပုံး ဆိုတာ မရှိ လောက် အောင် ညံ့ဖျင်းသော စနစ် ကို အပြစ် တင် ရ မည် လား ။ အမှိုက်ပုံး ထား မပေးသော ကားဂိတ်တွေ ကို အပြစ် တင် ရ မည်လား ။ ဒါမှမဟုတ် မြင်အောင် ကြည့် ဖြစ်သော ကိုယ့် ကိုယ် ကို ပဲ အပြစ် တင်ရမည်လား ။ မည်သူ့ ကို အပြစ် တင် ရမလဲ မသိသော အခြေအနေ တစ်ခု မှာ ဘာ ကို ရှက်မှန်း မသိ ကျွန်တော့် ရင် ထဲ သိမ်ငယ်စိတ် တစ်ခု ဝင် လာသည် ။ စိတ် ထဲ မှာ မသက်မသာ ခံစားမှု နှင့် အတူ လတ်တလော ဒုက္ခ ကို ဖြေရှင်းသွား သော ကလေးငယ် ကို ကျေးဇူး တင် မိသည် ။


ဒါပေမဲ့ ကျေးဇူး တင် လို့ မှ အားမရသေး ခင် မှာ မထင် မှတ် ထားတာ တစ်ခု က ရုတ်ခြည်း ပေါ်လာသည် ။ မိနစ် ပိုင်း အတွင်း မှာ ပင် အခြေ အနေ ချက်ချင်း ပြောင်းလဲ သွား ပြန်သည် ။ ခပ်လှမ်းလှမ်း ကို ရောက် သွားသော ကလေးငယ် သည် သူ့ အတွက် အသုံး တည့် မည် ထင် သော ရေသန့်ဘူးခွံ ကို အိတ် ထဲ ထည့် လိုက် ပြီး အသုံး တည့်ဟန် မတူသော အအေးဘူးခွံ ကို မြေပြင် ပေါ် ပစ်ချ လိုက်သည့် ခဏ မှာ တော့ ဘုရား တ , မိသည် နှင့် အတူ ဒီ မြင်ကွင်း ကို သူမ မမြင်ပါစေကြောင်း အပြေးအလွှား ဆုတောင်း မိ လိုက်သည် ။


သို့သော် သူမ က တော့ မြင် ဖြစ်အောင် မြင် သွားသည် ။ တစ်စုံတစ်ရာ ကို အထိတ်တလန့် ရေရွတ် လိုက်သည် နှင့် အတူ ကလေးငယ် ပစ်ချ လိုက် သော အအေးဘူးခွံ ကို အပြေးအလွှား ပြန် ကောက်ယူ နေသည် ကို မြင် လိုက်သော အခါ မှာ တော့ စိတ် ထဲ မှာ ရှက်ရွံ့ နေလင့် ကစား ကျွန်တော် သူမ ကို မချီးကျူး ဘဲ မနေ နိုင် ။ မိမိ နိုင်ငံ အတွင်း မှာ တောင် မဟုတ် ၊ သူ တစ်ပါး တိုင်းပြည် မှာ တောင် သူမ ၏ စည်းကမ်း ရှိ မှု ၊ စည်းကမ်း သိ မှု ၊ ကိုယ်ကျင့်တရား တွေ ကို

မဖောက်မပြား လိုက်နာ ကျင့်သုံး တတ်အောင် သင်ကြား ပြသ ပေးသော သူမ နိုင်ငံ မှ ခေါင်းဆောင် တို့ ကို ပါ ကျေးဇူးတင် စိတ် နှင့် ချီးကျူး မိသည် ။ စည်းစနစ်တွေ မကောင်းမွန်သေးသော နိုင်ငံ တစ်ခု မှာ လွယ်လင့်တကူ ချိုးဖောက် ခွင့် ရ နေသည် တောင် မိမိ ကိုယ်ကျင့်တရား ၊ မိမိ စိတ်ဓာတ် အသိဉာဏ် ကို မချိုးဖောက် နိုင်သော သူမ အတွက် ကျွန်တော် ဝမ်းသာ ဂုဏ်ယူ မိသည် ။


ကျွန်တော်တို့ နိုင်ငံ မှာ လည်း ဒီလို စည်းစနစ် ကျသော လူမျိုးတွေ များ လျှင် ကောင်းလိုက်မှာ ဆို သော အတွေး က ကျွန်တော့် ခေါင်း ထဲ အလိုလို ဝင် လာ ခဲ့သည် ။ သို့သော် ကျွန်တော် အပါ အဝင် လူ တော်တော်များများ မှာ ကောင်းမွန်စွာ မလည် ပတ် နိုင် ခဲ့သော စနစ် တစ်ခု ၏ ခေါင်းစဉ် အောက် မှာ စည်းကမ်းတွေ ချိုးဖောက် နေခဲ့ကြတာ က အများသား ။ ကြာသော အခါ အလေ့အကျင့် တစ်ခု လို ပင် ဖြစ်လာ နေခဲ့သည် ။ ကျွန်တော် ကိုယ်တိုင် တောင် ဘယ်လောက် များ နေခဲ့ပြီလဲ ဆိုတာ ကို တောင် ပြန်တွေး မကြည့်ရဲ ။ ဒါပေသိ မြင်လိုက် ရသော မြင်ကွင်း တစ်ခု ကြောင့် နောက်ထပ် စည်းကမ်းတွေ ၊ ကိုယ်ကျင့်တရားတွေ ကို တတ်နိုင် သလောက် စောင့် ထိန်းဖို့ ကြိုးစား ထိန်းသိမ်း ရမည် ဆိုသော အသိတရား တစ်ခု ကို တော့ ထိုက်ထိုက်တန်တန် ရ ခဲ့ လိုက်သည် ။


   •••••   •••••   •••••


၃ ။


ယခု တော့ စာအိတ် တစ်လုံး ကြောင့် ကျွန်တော် ခေါင်းကိုက် နေပြီ ။ ဆေးရုံ မှ ဆင်း သွားသော လူနာ တစ်ယောက် က လာ ကန်တော့တာပါ ဆိုသော မုန့်ပုံး တစ်ပုံး ထဲ မှာ စာအိတ် တစ်လုံး ပါ လာ ခဲ့သည် ။ လူနာ တစ်ယောက် က ကန်တော့တာပါ ဆိုပြီး ထည့် ပေး လိုက်သော မုန့်ပုံး နှင့် စာအိတ်သည် လူနာ နှင့် မပတ် သက် ကြောင်း သိလိုက်ရ ချိန် မှာ ကျွန်တော့် ခေါင်းတွေ ရှုပ် ထွေး နောက်ကျိ ခဲ့ရသည် ။ 


မုန့်ပုံး ထဲ မှာ စာအိတ် အပြင် ကျွန်တော့် ကို ကုတ် နံပါတ် ပေးဖို့ တောင်းပန် ထား သော အကြောင်း နှင့် အတူ ဒီ ကိစ္စ အတွက် နောက်ဆက် တွဲ ပြဿနာ မဖြစ်စေရပါ ဟု ကတိပေး ထားသော စာ တစ်စောင် ပါ ပါ လာခဲ့သည် ။ ထို စာ ထဲ မှာ ပြန်လည် ဆက် သွယ်ဖို့ အတွက် ဖုန်းနံပါတ် တစ်ခု လည်း ပါလာ ခဲ့သည် ။ စာအိတ် ထဲ မှာ တော့ ဘယ်ရွေ့ ဘယ်မျှ မှန်း မသိသော ငွေကြေးပမာဏ တစ်ခု ပါမည် ဆိုတာ တော့ ဖွင့် ကြည့် စရာ မလို လောက် ။ လူ တစ်ယောက် ၏ ကိုယ်ကျင့်တရား ကို နှုတ် နှင့် တောင်းဆို မရသည့် အခါ ငွေကြေး ဖြင့် တောင်းဆို ဖို့ ကြိုးစား ကြ ပြန်သည် ။ ဖာတစ်လုံး ခေါင်းကျား ဇာတ် ထဲ က လို အို အသင် လောက ဟု ပဲ ရေရွတ် ရ လေ တော့ မလား ကျွန်တော် မသိ ။ ခက်လိုက် သော လူ့ လောကပါလား ဟု သံဝေဂ တောင် ရ ချင်ချင် ။ 


စာအိတ် ကို ကိုင် ကြည့် မိသည့် ခဏ မှာ တော့ ဖွင့် ကြည့် လိုက် လျှင် ကောင်း မလား ဟူသော အတွေး က ဝင် လာခဲ့သည် ။ ဒါပေမဲ့ ထို အတွေး နှင့် အတူ တစ် , ကို ကျော်ဖြတ် ပြီး ရင် နောက်ထပ် ဘယ်လောက် ဖြစ်ဖြစ် ကျော် ဖြတ်လို့ ရပြီ ဟူသော မိတ်ဆွေ စကား ကို နား ထဲ မှာ ပြန်လည် ကြားယောင်လာမိ သလို ရေသန့်ဘူးခွံ တွေ အတွက် စိတ်သောက ရောက် နေသော အမျိုးသမီး တစ်ဦး ၏ မျက်နှာ ကို ပါ ပြန်လည် မြင်ယောင် သည့် ခဏ မှာ တော့ စာအိတ် ကို ဖွင့် မကြည့်ဖို့ ကျွန်တော် ဆုံးဖြတ် လိုက်သည် ။ 


လူ့ လောက တွင် ဆင်းရဲ မှာ ကို ကျွန်တော် မကြောက် တတ်တော့ပါ ။ လူတမ်း မစေ့ ခဲ့သော နေ့ရက်များ ၊ ခြိုးခြံ ချွေတာခြင်း နှင့် အတူ ရောင့်ရဲ တင်းတိမ်မှု ကို အဖော်ပြု ခဲ့ ရသော နေ့ရက်များ ။ ထို နေ့ရက် များစွာ အတွက် စိတ် ညစ်ညူးမိခဲ့ ဖူး တာ မှန်သော် လည်း ကျွန်တော် စိတ်ဓာတ် မကျခဲ့ ဖူးပါ ။ အတိတ် က ပြုခဲ့ဖူး သော အကုသိုလ် ကြောင့် သာ ဒီ ဘဝ မှာ ဆင်းရဲပင်ပန်း ရခြင်း ဖြစ်ပေလိမ့်မည် ဟု မိမိ စိတ် ကို ပြန်လည် အားပေး မိသည် နှင့် အတူ နောက်ထပ် လည်ပတ်ရ ဦးမည့် သံသရာ အတွက် ဝဋ်ကြွေး တွေ ကို မျိုးစေ့ မချမိစေ ဖို့ ကျွန်တော့် အသိတရား ကို ကြိုးစား ဆောက်တည် နေဆဲ ပင် ။ 


အလုံးစုံ ပြည့်စုံ နေ သော အနေအထား မဟုတ်သော် လည်း လက်ရှိ ကျွန်တော့် ဘဝ သည် လည်းကောင်း ၊ စိတ် သည် လည်းကောင်း ဆင်းရဲ နေသည် ဟု ကျွန်တော့် စိတ် မှာ စွဲမှတ် မနေသရွေ့ ကျွန်တော် သည် မဆင်းရဲ ဟု ကိုယ့် ကိုယ် ကို ယုံကြည် ခဲ့ သည် ။ ထို ယုံကြည်ချက် နှင့် အတူ မိမိ သိက္ခာတရား ကို တဒင်္ဂ ချမ်းမြေ့မှု နှင့် မလဲ လှယ် မိအောင် ကြိုးစား နေထိုင် ခဲ့သည် ။ 


အကယ်၍ စာအိတ် ကို ဖွင့် ကြည့် လိုက်ခဲ့ လျှင် အထဲ မှာ ပါ လာသည့် ငွေကြေး ပမာဏ က ကျွန်တော့် ကို တပ်မက်မှု မဖြစ်စေနိုင် ဟု ကျွန်တော် အာမ မခံနိုင်ပါ ။ ပါရမီ ဆိုတာကို ဖြည့်ကျင့် နေ ဆဲ သာမန် ပုထုဇဉ် လူသား ကျွန်တော့် အတွက် ဒီ စာအိတ် သည် ဖြားယောင်းမှု တစ်ခု ပင် ။ တစ်, ကို ကျော်ဖြတ် ဖူး လျှင် တော့ တစ် နောက် မှာ လိုက်လာ နိုင်သော အကြိမ် များစွာ သော ကိုယ့်ကျင့် တရား စည်းကမ်းဖောက် ဖျက်မှုတွေ ကို နောက်ထပ် ကျော်ဖြတ် ဖို့ ကျွန်တော် ဝန် လေး တော့မည် မဟုတ် ။ ကိုယ့် ကိုယ် ကို စိတ် မချနိုင်သော အခြေအနေ တစ်ခု မှာ တစ် , ကို မကျော်မိ စေဖို့ ကျွန်တော့် စိတ် ကို ကြိုးစား ထိန်းသိမ်း ရ ဦးမည် ဆိုသော အသိ နှင့် အတူ စာ ထဲ မှာ ပါ လာသော ဖုန်း နံပါတ် တစ်ခု ကို ကျွန်တော် ခေါ်ဆို နေ မိသည် ။


   •••••   •••••   •••••


၄ ။


ပေးထားသော လက်ဆောင် တွေ ကို ပြန် လာ ယူဖို့ အကြောင်း ကို ဖုန်း ဆက်ပြီး သွားသည့် အချိန် မှာ တော့ ကျွန်တော့် စိတ်တွေ က ငြိမ်းငြိမ်းချမ်းချမ်း ပင် ။ နောင်တ တရား သည် ကျွန်တော့် ကိုယ် မှာ မချဉ်းကပ်ခဲ့ ။ နောက်ထပ် ဖြားယောင်းမှုတွေ ကို လက်မခံ ချင်သည့် အဆုံး မှာ တော့ ရပ်တန်း က မရပ် လျှင် သက်ဆိုင်ရာ ကို တိုင်ရပါမည် ဟု ကျွန်တော် ခြိမ်းခြောက် မိသည် ။ ဒီလိုမှ မခြိမ်းခြောက် ခဲ့ လျှင် တော့ နောက်ထပ် ချဉ်းကပ်မှု ၊ ဖြားယောင်းမှ တွေ ကို ကျွန်တော် ရင်ဆိုင် ဖြေရှင်း နေရဦးမည် မဟုတ် ပါ လော ။ မိမိ ကိုယ် ကို ယုံကြည်မှု တရား ကို ကြိုးစား တည်ဆောက် နေချိန် အတွင်း ဖြားယောင်းမှုတွေ ကို တတ် နိုင်သမျှ ရှောင်ရှားတတ် စေဖို့ လည်း ကျွန်တော် ကြိုးစား ရ ဦးမည် ။ တစ်ဖက်သား ကို ပူပန် ပွားစေခဲ့ သည့် အတွက် တော့ ကျွန်တော် စိတ် မကောင်းပါ ။


အဖန် တလဲလဲ ဖြစ်ခြင်း ၊ အဖန် တလဲလဲ လည်ပတ်ခြင်း သံသရာ မှာ ပြုခဲ့ဖူး သမျှ ကုသိုလ် ၊ အကုသိုလ် ၏ ကံ တို့ သည် အရိပ်ပမာ လိုက် လာ တတ်ကြောင်း ကို ဗုဒ္ဓဘုရား က သာဓက များစွာ နှင့် ပြဖူး ခဲ့သည် ။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သော ကျွန်တော် သည် သံသရာ ၌ လည်ပတ် ရ မည် ကို မကြောက်ပါ ။ ဒါပေမဲ့ လက်တွေ့ ဘဝ မှာ တော့ သိစိတ် ကြောင့် ဖြစ်

စေ ၊ မသိစိတ် တို့ ကြောင့် ဖြစ်စေ ပြုမိခဲ့သော အကုသိုလ် ၏ အကျိုးဆက် ကြောင့် နောက်ထပ် လည်ပတ် ရမည့် သံသရာ တို့ တွင် ပင်ပန်း ဆင်းရဲ ရမည် ကို တော့ ကြောက်ပါသည် ။ အတိတ် ဘဝ တွင် ပြုဖူး သမျှ အကုသိုလ် တို့ ကို မလွဲမသွေ ဆပ်ကြရမည် ဖြစ် ပေသိ လက်တွေ့ ဘဝ တွင် တော့ နောက်ထပ် ဆပ်ဖို့ ရာ အကြွေးတွေ ကို မဆင့်ပွားချင်ပါ ။


ဖြားယောင်းတတ်သော ပတ်ဝန်းကျင် တို့ အလယ် တွင် တစ် , ကို လည်းကောင်း ၊ တစ် ၏ နောက် မှ ဒသမတွေ ကို လည်းကောင်း ၊ နှစ် ကို လည်း ကောင်း ၊ သုံး ကို လည်းကောင်း မရောက်ဖို့ရန် အတွက် မိမိ စိတ်ဓာတ် ၊ မိမိ အသိဉာဏ် ကို မပျောက်မပျက် ပကတိ အတိုင်း တည် ဖို့ ကို တော့

ကျွန်တော် ကြိုးစား စောင့် ရှောက်ရ ဦးမည် ။ ထို့အတူ မှားယွင်းသော ဖြားယောင်းမှု တို့ မှ လည်း အခါခပ်သိမ်း ကင်းလွတ်ဝေး နိုင် ပါစေကြောင်း ဆုတောင်း တစ်ခု ကို လည်း ရင် ထဲ မှာ အကြိမ်ကြိမ် တောင်းဆို နေ မိသည် ။


◾ဇေဦးယျာ


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

      ၂၀၁၅ - ခုနှစ် ၊ ဩဂုတ် လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment