❝ ပျဉ်းမပင် အောက် တစ်နေရာစာ ❞
အောင်ဒင် ... ငါ ကြား နေ ရတဲ့ အသံတွေ က နင့် အလှူပွဲ က လာ တဲ့ အသံတွေ ပေါ့ ။ အသံချဲ့စက် ၊ ဆောင်းဘောက် ဆိုတဲ့ ဟာကြီးတွေ ဆီ က ထွက်နေတဲ့ အသံတွေ ပေါ့ ။ နင့် မြေးတွေ ကို ရှင်ပြု တော့မယ် ပေါ့ ၊ ဟုတ်လား အောင်ဒင် ။ ဟား ဟား ဟား ရယ်ချင်စရာ ကောင်း လိုက်တာ အောင်ဒင် ရယ် ။ မိုးကြီးလေကြီး ကျပြီး နင့် အိမ် ရှေ့ က မဏ္ဍပ်ကြီး ပြိုကျ ပျက်စီးပါစေ ။ ဆောင်းဘောက် ၊ အသံချဲ့စက် တွေ ဇောက်ထိုး မိုးမျှော် ဖြစ်ပါစေ ။
နင် ကျွေးမယ့် အလှူ ထမင်း ၊ ဟင်း တွေ အဆိပ်အပင်း ဖြစ်ပါစေ ။ ငါ အရင်လို ကျန်းမာ သန်စွမ်း နေလို့ ကတော့ နင့် အိမ် တင် မက ဟည်း ထ နေအောင် ဆောက် ထားတဲ့ ရှင်ပြုမင်္ဂလာ မဏ္ဍပ်ကြီး ကို မီး နဲ့ လာတိုက်တယ် အောင်ဒင် ။ နင် မှတ်မိသေးရဲ့လား အောင်ဒင် ။ ရေကြီးတဲ့ နှစ် က အနိမ့်ပိုင်း မှာ ရှိတဲ့ ငါ့ လယ်တွေ ရေမြုပ် ပြီး စပါး မပြောနဲ့ နွား စား ဖို့ ကောက်ရိုး တောင် မရခဲ့တာလေ ။ ငါ ပိုင် တဲ့ လယ်ကလေး ငါး ဧက ကို အောက်ဈေး နဲ့ ထိုး ရောင်း လိုက်ရတဲ့ နှစ် က လေ ။ နင့် သမီး အကြီးမ ကို ကျိုက်ထို မြို့ ပေါ် က သမက်လောင်း နဲ့ အကြီးအကျယ် မင်္ဂလာ ဆောင် ပေးပြီး နောက် တစ်နှစ် လေ ။
လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် ကျော် ကလေ အောင်ဒင် ရဲ့ ။
••••• ••••• •••••
၁ ။
နင် ပဲ ကုသိုလ် ကံ ကောင်း သလား ၊ ငါ က ပဲ ကုသိုလ်ကံ ဆိုးနေ သလား မသိဘူး အောင်ဒင် ။
နင် အဆင် ပြေ နေတာ မြင် လေ ငါ မုဒိတာ မပွားနိုင်လေ ဘဲ ။ နင်တို့ မိသားစု လှူဒါန်း ပေးကမ်း နေတာ မြင်လေ ငါ မနှစ်မြို့ လေဘဲ ။ နင်တို့ ဆွေမျိုး တစ်စု ကြီးပွား တိုးတက် နေတာ မြင်လေ ငါ အဘိဇ္ဈာ ပွား လေပဲ အောင်ဒင် ။
အတိတ်ကံ ပစ္စုပ္ပန်ကံ မကောင်း တဲ့ ငါ့ ဘဝ အနာဂတ် ကံ ကောင်း စေဖို့ ရိုးသား ပြ ရ မလား ။ အညံ့ခံ ရှုံးပြ ရ မလား ။ နင်တို့ မိသားစု ကြီးပွား တိုးတက် နေ သမျှ ဒီ အတိုင်း လက်ပိုက် ကြည့် နေရ မလား အောင်ဒင် ။
လောလောဆယ် မှာ တော့ ငါ့ နွား နှစ်ကောင် စားစရာ ကောက်ရိုး တောင် မရှိလို့ ဒီ အတိုင်း ထိုင်ကြည့် နေရ တယ် အောင်ဒင် ။ ငါတို့ သားအမိ နှစ်ယောက် စားဝတ် နေရေး အဆင် မပြေ လို့ ရှိ တဲ့ နွားပိန် နှစ်ကောင် ကို ရောင်း ထုတ် ဖို့ ပြင် နေ ရပြီ အောင်ဒင် ။ နင်တို့ တစ်ဆွေလုံး တစ်မျိုးလုံး ဆီ မှာ မျက်နှာငယ်လေး နဲ့ အောက်ကျို့ ခံ ရင်း ငါ အကူအညီ မတောင်းချင်ဘူး အောင်ဒင် ။ အသက် လေးဆယ် ကျော် အရွယ် မုဆိုးမ တစ်ယောက် အနေ နဲ့ ခံနိုင်ရည် နဲ့ ဝန်အား မမျှအောင် ရုန်းကန် နေ ရတာတွေ ကို လည်း ငါ ဘဝင် မကျတော့ ဘူး အောင်ဒင် ။
“ ကံ ဆိုတာ အလုပ် ” လို့ ရွာဦး ကျောင်းဆရာတော် က ဟော ခဲ့ဖူးတယ် နော် ။ နင့် ကံ ကို ငါ လုပ်ရင် နင် ဘာခံနိုင်မှာ လဲ အောင်ဒင် ။ ဒီ ည မှာ တော့ မီးခြစ် ကောင်းကောင်း တစ်လုံး ပဲ လိုတာပါ အောင်ဒင် ရယ် ။
“ ဟာ ... ဟာ ... ဦး အောင်ဒင် အိမ် နောက် က ကောက်ရိုးပုံကြီး မီးလောင် နေပြီ ဟေ့ ။ လာကြပါဦး ၊ လုပ်ကြပါဦး ”
“ ဒေါင် ... ဒေါင် ... ဒေါင် ....”
“ တောက် .. တောက် ... တောက် ...”
“ ဖောင်း ... ဖောင်း ... ဖောင်း .. ”
သံချောင်း ခေါက်သံ ၊ ဝါးလုံး ခေါက်သံ ၊ ဝါးလုံး ပေါက်သံတွေ နဲ့ တစ်ရွာလုံး ပွက်လောရိုက် ပြီး ငရဲ အငယ်စား လို ဖြစ် နေတာ ကို ငါ့ ခြံဘက် က နေပြီး အတိုင်းသား မြင် နေရတယ် အောင်ဒင် ။ ရေပုံး ဆွဲပြီး ပက်တဲ့ သူ က ပက် ၊ ဝါးလုံးရှည်ရှည် နဲ့ ထိုး တဲ့ သူ က ထိုး ၊ နင့် ကို ဘယ် လိုပဲ ဝိုင်းကူ ကြပါစေ ။ ဟုန်း ဟုန်း ထ တောက်လောင် နေတဲ့ မီးတောက် ၊ မီးလျှံတွေ ကို မိုး ပေါ် က သိကြားမင်း ဆင်း ပြီး ငြိမ်းပေးမယ် ဆိုရင်တောင် နောက်ကျ သွားပြီ အောင်ဒင် ။
“ ဟေ့ ဟေ့ လုပ်ကြပါ ဦး ၊ ငြိမ်းကြပါဦး ၊ သတ်ကြ ပါဦး ။ အိမ်မကြီး ဘက် ကူးလို့ မဖြစ်ဘူးနော် ။ ကောက်ရိုးပုံ ဘက် က လွင့် လာတဲ့ မီး ပွား ၊ မီးစတွေ အိမ်မကြီး ပေါ် က တောင်ထန်းအမိုး ဆီ ကျ လိုက် လို့ ကတော့ အိမ်မကြီး ပါ လောင်သွား နိုင်တယ် ”
“ အမိုးတွေ ဖျက်ချ ထား ရင် ကောင်းမလား ”
“ တပေါင်းလ ကြီး တောင် လေ က လည်း မြူး လိုက်တာ ။ အိမ်မကြီး ဘက် မကူးပါစေနဲ့ တော် ”
“ ဟဲ့ မယ်စိန် ၊ နင့် သား သမီးတွေ နိုး ကုန်ပြီလား ။ အိမ် ပေါ် က အရေးကြီး ပစ္စည်း တွေ အကုန်သယ်ချ ခိုင်းစမ်း ။ ရွာ ထဲ က ယုံကြည်ရတဲ့ လူ တွေ ကို ဝိုင်းကူ သယ်ခိုင်း ။ အရမ်း လေးပင်တာကြီးတွေ မသယ် နဲ့ ။ နင့် ပစ္စည်းသေတ္တာ ကော ယူပြီးပြီ လား ။ အာ ... ဒီ မိန်းမ ကြောင်တောင်တောင် နဲ့ ဘာဖြစ်နေတာလဲ ။ တယ် လေ ငါ ကောက်ရိုးမီး ထဲ ထည့် ဖုတ်လိုက်ရရင်တော့ ”
“ ဟင် ... ကိုအောင်ဒင် ၊ အောင်မလေး ကိုအောင်ဒင် ။ ကျွန်မ ပစ္စည်းသေတ္တာ ဘယ် နား ထားလို့ ထားခဲ့မှန်း တောင် မမှတ်မိတော့ဘူး ။ အီး ဟီး ဟီး ကယ်ပါဦး ကိုအောင်ဒင် ။ လုပ်ပါဦး ကိုအောင်ဒင်ရဲ့ ။ အီး ဟီး ဟီး အစ် အစ် ”
“ အာ ဒီ မိန်းမ က တော့ ”
“ ဟဲ့ ဟဲ့ လုပ်ကြပါဦး ၊ ပွေ့ကြပါဦး ၊ ဆွဲဆန့်ကြပါဦး ”
“ ခြေမချိုး ၊ ခြေမချိုး မယ်စိန် တက်နေပြီ ”
နင်တို့ မိသားစုနဲ့ ရွာသူ ရွာသား တချို့ရဲ့ ကမ္ဘာပျက် မတတ် အော်ဟစ် ပြောဆို နေကြ တဲ့ အသံတွေ ကို ငါ့ ခြံ က နေ ပြီး အတိုင်းသား ကြား နေရတယ် အောင်ဒင် ။ ဘာမှ မပူ ပါနဲ့ အောင်ဒင်ရယ် ။ နင် တို့ အိမ်မကြီး နဲ့ ကောက်ရိုးပုံ က ဝေးပါတယ် ။ သွေးပျက် မနေ စမ်းပါနဲ့ ။ နင် ကိုယ်တိုင် အမြော်အမြင် ကြီးကြီး ကောက်ရိုးပုံ ကို အိမ်မကြီး ခပ်ဝေးဝေး ထားခဲ့တာပဲလေ ။ စိတ်ချ ၊ နင့် အိမ် မီး မလောင် ဘူး ။ နင့် ခြံ က အကျယ်ကြီး ဥစ္စာ ။ ငါ လောင်စေချင်တာ ကောက်ရိုးပုံ ပဲ လေ ။ ငါ့ နွား နှစ်ကောင် အစာ ငတ် သလို နင့် နွားအုပ်ကြီးတစ်ရက် လောက် ပဲ ဖြစ်ဖြစ် အစာ ငတ် ရင် ငါ ကျေနပ်တယ် အောင်ဒင် ။
“ ဟင် အမေ ။ မအိပ်သေး ဘူးလား ။ အိမ်ရှေ့ က ခွေးကတက် မှာ ဘာ ထိုင်လုပ် နေတာလဲ အမေ ။ ဘယ် အချိန် ရှိနေပြီလဲ အမေ ။ ဦးအောင်ဒင် တို့ ခြံ ဘက် က ဆူညံဆူညံ နဲ့ ဘာဖြစ် နေတာလဲ အမေ ”
နင်တို့ ခြံဘက် က ငရဲ ပွက်တဲ့ အသံတွေ ကြောင့် လန့်နိုး သွားတဲ့ ငါ့ သမီး ထ အိပ်ချင်မူးတူး ပုံစံ နဲ့ မေးလာ တော့ ခပ်အေးအေးပဲ ငါ ပြန် ဖြေ လိုက်တယ် အောင်ဒင် ။
“ မအိပ်သေးပါဘူး သမီး ရယ် ။ ဘယ်အချိန် ရှိ လဲ အမေ မသိဘူး ။ အောင်ဒင့် အိမ်ဘက် က မီးလောင် လို့ အမေ ထိုင် ကြည့် နေတာ မိဆုံ ။ ဟိုမှာလေ ”
“ ဟင် ... ဘယ်မှာလဲ အမေ ။ ဟယ် ... ဘုရား ... ဘုရား ။ ဟုတ်ပါ့ အမေရယ် မီးညွန့်မီးစွယ် က ကြီးလိုက် တာ အမေ ။ သမီးတို့ သားအမိ ဝိုင်းကူ သယ် ပေးဖို့ သွား ကြရအောင် အမေ ။ လာ အမေ သွားကြမယ်လေ ။ အယ် ... အမေ ။ ဘယ်လို ဖြစ်နေတာလဲ အမေ ရဲ့ ”
“ မသွားပါနဲ့ သမီးရယ် ၊ အမေတို့ က ဆင်းရဲတော့ တောမီး လောင် တောကြောင် လက်ခမောင်း ခတ် ဆိုသလို သူတို့ ပစ္စည်းဥစ္စာတွေ အလစ် သုတ်ချင် လို့ လာတယ် ထင် နေပါဦးမယ် ။ ဒီ ရွာ မှာ အောင်
ဒင့် ဆွေမျိုးတွေ အများကြီး ပါ သမီး ရယ် ။ မီးညွန့် က လည်း စောစော က လောက် မကြီးတော့ ပါဘူး ။ မကြာခင် ငြိမ်း သွား မှာပါ သမီး ရယ် ။ ကောက်ရိုးပုံ မီးလောင်တယ် ကြားတာပဲ ။ အောင်ဒင် တို့ရဲ့ နှစ်ဆောင်ပြိုင် အိမ်မကြီး နဲ့ ဝေး ပါတယ် သမီး ”
ငါ့ သမီး မိဆုံ ကတော့ အေးတိအေးစက် နဲ့ စကား ပြော နေတဲ့ ငါ့ ကို တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံ နဲ့ ပြန်ကြည့် နေတယ် အောင်ဒင် ။ ငါ လုပ်သမျှ ငါ့ သမီး မသိစေရဘူး အောင်ဒင် ။ ငါ ယုတ်သမျှ ငါ့ သမီး မယုတ်မာ စေရဘူး အောင်ဒင် ။ ငါ့ ဇာတ်ရှုပ် ထဲ ငါ့ သမီး မပါစေရဘူး အောင်ဒင် ။ ဒါတွေဟာ သားသမီး ကို ကောင်းစေချင် တဲ့ မိခင် မေတ္တာလို့ နင် သိအောင် ငါ ပြောပြမှာ မဟုတ်ဘူး အောင် ဒင် ။ ဘာပဲဖြစ်ဖြစ် နင့် ကောက်ရိုးပုံကြီး ပြာ ကျ တဲ့ အထိ သွေးအေးအေး နဲ့ ပဲ ငါ ထိုင်ကြည့် နေ လိုက်တယ် အောင်ဒင်ရေ ... ။
••••• ••••• •••••
“ အင်း .. ဟင်း ဟင်း ဟင်း ... အား ... ကျွတ် ကျွတ် ကျွတ် .. ”
“ အမေ ဘယ်လို နေသလဲဟင် ၊ ပို ဆိုးလာ သလား အမေ ။ သမီး ဘာ လုပ်ပေးရ မလဲ အမေ ၊ ဆရာဝန် သွား ခေါ် ရမလား အမေ ။ အမေ ဘာဖြစ်ချင်သလဲ သာ ပြောပါ ။ အံကြိတ်ပြီး တောင့်ခံ မနေပါနဲ့ အမေရယ် ”
ငါ့ သမီး ကျိတ် ငိုနေတာ ကို ခုနစ်ဆယ်နား နီး မုဆိုးမကြီး ဖြစ်တဲ့ ငါ မကြည့်ရက်ဘူး အောင်ဒင် ။ ငါ မရှိ ရင် ခြံ ခပ်သေးသေးလေး ထဲ က ဟောဒီ ပျဉ်ထောင်အိမ်ကလေး မှာ ငါ့ သမီး အပျိုကြီး တစ်ယောက် တည်း ဒုက္ခ ပင်လယ် ဝေ ပြီး ကျန်ခဲ့မှာ ကို ငါ မလိုလားဘူး အောင်ဒင် ။ ငါ့ ရဲ့သေတ္တာစုတ်ကလေး ထဲ မှာ ရွှေ နှစ်ကျပ်သား သိမ်းထား တာ က လွဲပြီး ငါ လည်း ဘာမှ လုပ် မပေးနိုင် တော့ဘူး အောင်ဒင် ။ ငါ့ သမီး မိဆုံ ဟာ ငါ့လို စိတ်ယုတ် မျိုး မရှိတဲ့ အတွက် ဒုက္ခ တော့ မရောက် နိုင်ဘူး လို့ ငါ ထင်တယ် အောင်ဒင် ။ ဒီ တစ်ရက် နှစ်ရက် အတွင်း ငါ သေသွား နိုင်တယ် လို့ ကျိုက်ထို မြို့ပေါ် က ဆရာဝန် က ငါ့ သမီး ကို တိုးတိုးတိတ်တိတ် ပြော လိုက်တာ ငါ ကြားပြီး ပြီ အောင် ဒင် ။ ဆရာဝန် သွား ခေါ် လည်း အပိုပါပဲ အောင်ဒင် ရယ် ။ ငါ့ ဝေဒနာတွေ တိုးစေ တာ ဟာ ငါ့ မှာ စွဲကပ် နေတဲ့ ကင်ဆာရောဂါ ကြောင့် က နည်းနည်း ၊ နင့် အလှူ ဆီ က ထွက်ပေါ် လာတဲ့ အသံတွေ နဲ့ နင့် အပေါ် မုဒိတာ မပွားနိုင် တဲ့ ငါ့ ရဲ့ အတ္တစိတ် ကြောင့် က ခပ် များများ ဆိုတာ ငါ သိတယ် အောင်ဒင် ။
ဖြစ်နိုင်မယ် ဆိုရင်လေ ငါတို့ ကော့ထင်း တစ်ရွာလုံး ကို မီး ပေး နေတဲ့ ရွာထိပ် က ထရန်စဖောမာ ဆိုတာကြီး ကို ငါ ဖျက်ဆီးပစ် ချင်တယ် အောင်ဒင် ။ နင်တို့ ခြံဝင်း ဘေး ကနေ ဘယ်ကို မှန်း မသိ ဖြတ် သန်းသွားတဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကြီး ကို ပေါက်ကွဲအောင် ငါ လုပ် ပစ် ချင်တယ် အောင်ဒင် ။ နင့် အလှူ ပျက် ရင် ပြီးရော ၊ နင့် အလှူ က အသံတွေ မကြားရ ရင် ပြီးရောပေါ့ အောင်ဒင် ။ ရယ်တော့ ရယ်ချင်စရာ ကောင်း ပါတယ် အောင်ဒင် ။ ငါ ဟာ နင့် ဘဝ အဆင်ပြေ တိုးတက် အောင်မြင် ချမ်းသာမှုတွေ ကို ဖျက်လို ဖျက်ဆီး လုပ်ချင်တဲ့ စိဉ္စမာန လို မိန်းမမျိုး လို့ နင့် မယား မယ်စိန် က ငါ့ ကို သမုတ် ဖူးတယ်နော် အောင် ဒင် ။ နင့် ကို ငါ အပိုင် ကြံခဲ့ဖူး တာ ငါ့ အပြစ်လား အောင် ဒင် ။ ‘ ပုံဆိုး ’ ဆို တဲ့ ငါ့ နာမည် အတိုင်း ငါ ရုပ်ဆိုး လွန်းတာ အပြစ် လား အောင်ဒင် ။ နင့် ကို ငါ ကျိတ် ကြိုက် နေလို့ ဒီလို ဇာတ်သွားမျိုး က,ခဲ့ တယ် ဆိုပြီး ရွာ က လူတွေ ထင်ကြ ၊ မြင်ကြ တာ ငါ့ အပြစ် လား အောင်ဒင် ။ နင် သိထား ဖို့ က တစ်ရွာလုံး မှာ ရုပ်ရည် အချိုးအစား ယောက်ျား ပီသ ပြီး ချမ်းသာ ၊ ချောမောလွန်း တဲ့ နင့် ကို ငါ ဘယ်တုန်း က မှ မချစ်ဘဲ မုန်းခဲ့တယ် ဆိုတာ အမှန်တရား ပါ အောင်ဒင် ။
ဘုရား ဘုရား ။ ဆိုး လိုက်တဲ့ ဝေဒနာပါလား အောင်ဒင် ။ ငါ မသေချင်သေး ဘူး အောင်ဒင် ။ နင့် ကို ငါ ဒုက္ခ ပေးစရာတွေ အများကြီး ကျန် သေးတယ် အောင်ဒင် ။
ငါ တတ်သလောက် မှတ် သလောက်နည်းတွေနဲ့ ပေါ့ အောင်ဒင် ရယ် ... ။
••••• ••••• •••••
၂ ။
“ မဟုတ်တာ အဖေ ရယ် ၊ သား ကို ယုံပါ အဖေ ရဲ့ ။ သား အဲဒီလောက် ထိ မိုက်ပါ့မလား ၊ ယုတ်မာပါ့ မလား အဖေ ရဲ့ ။ စဉ်းစဉ်းစားစား တွေး ကြည့် ပါဦး အဖေ ရယ် ။ ပုံဆိုး လို ရုပ်ရည်မျိုး ကို သား က လက်တည့်စမ်း မတဲ့ လား အဖေ ရဲ့ ။ သား ချစ်သူ က ရွာ ကွမ်းတောင်ကိုင် မယ်စိန် လေ ။ မယ်စိန် ရဲ့ ရုပ်ရည် အချိုးအစား နဲ့ ဆွေဂုဏ် မျိုးဂုဏ် ကို သား ဘက်က အလွဲ သုံးစား လုပ် မတဲ့လား ။ ပုံဆိုး ပြောတဲ့ ည က သား အရက် အမူး လွန်ပြီး အိပ်ပျော် သွားခဲ့ တာ အမှန်ပါ အဖေ ။ ပုံဆိုး ပြော သလို တော့ မဖြစ်ခဲ့ဘူး ဆိုတာ ယုံပါ အဖေ ရယ် အီးဟီး ဟီးဟီး ။ သား ဒုက္ခ ရောက် အောင် အဖေ က ပါ ဝိုင်း တွန်း နေပြီပေါ့ ။ သား အသက် ခု မှ ဆယ့်ကိုးနှစ် ပဲ ရှိပါသေးတယ် အဖေ ရဲ့ ။ ခုလို
အမည်းစက်ကြီး နဲ့ ဟောဒီ ရွာ ထဲ မှာ ရှေ့ဆက် ဘယ်လို စခန်း သွားရမလဲ အဖေ ရယ် ။ ကယ်ပါဦး အဖေ ရဲ့ ။ ဟဲ့ ပုံဆိုးမ ။ နင် နဲ့ ငါ ဘာမှ မဖြစ်ခဲ့ဘူး ဆိုတာ နင် ရော ငါ ပါ အသိဆုံး လေ ။ နင် ငြင်းရမယ် ပုံဆိုး ။ မဟုတ်ဘူး ဆိုတဲ့ အကြောင်း နင် ပြောပြရမယ် ပုံဆိုး ။ နင့် ရုပ် လိုပဲ နင့် စိတ် က ဆိုးဝါး ယုတ်မာလှချည့်လား ပုံဆိုး ရဲ့ ။ သား ကို ကယ်ပါဦး အဖေ ရယ် ... အီး ဟီး ဟီး ဟီး ”
“ အဟင့် အဟင့် ပုံဆိုး ကို သာ သ,တ်လိုက်ပါတော့ ဦးလေး ကြာအောင် ရယ် ။ အောင်ဒင် က ပုံဆိုး ကို တာဝန် မယူချင်တာ သေချာပါပြီ ။ ဒီလိုသာ ဆိုရင် စာကလေး တစ်ကြောင်း နှစ်ကြောင်း ရေးပြီး ပုံဆိုး ကိုယ် ပုံဆိုး သ,တ် သေ လိုက်ပါတော့မယ် ဦးလေး ကြာအောင် ရဲ့ အီး ဟီး ဟီးဟီး ”
“ တယ် ဒီတိရစ္ဆာန်မ ၊ အစေခံမ က တစ်မျိုး ။ နှစ်ယောက် စလုံး တိတ်ကြ စမ်း ။ နှပ်တွေ ထွက်ပြီး အပြိုင်အဆိုင် ငိုနေ လိုက်ကြတာ မသာအိမ် ကျ နေတာပဲ ။ ငါ့ အိမ် လာဘ် တိတ်တယ် ဟဲ့ သပေါက်မ ရဲ့ ။ ဒီကိစ္စ ငါ ကြည့်ပြီး စီစဉ် မယ် ။ နင်တို့ နှစ်ယောက်စလုံး တိတ်တော့ ။ ထပ်ပြီး အတွန့် တက် နေလို့ က တော့ ဓား နဲ့ ပိုင်းသ,တ်ရ ၊ ပိုင်းသ,တ်ရ နှစ်လောင်းပြိုင် ဖြစ်သွားမယ် ။ ငါ မလုပ်ရဲဘူး မထင်နဲ့ ပုံဆိုး ”
အသက် ၁၉ နှစ် အရွယ် ကိုယ်လုံးကိုယ်ပေါက် လှတပတ ပုံဆိုးမ ငါ့ မျက်ဝန်း အိမ် ထဲ က မျက်ရည်တွေ တပေါက်ပေါက် ကျနေ ပေမဲ့ ရင်ထဲ မှာ ဘုရားပွဲ လှည့် နေတာ နင် မသိ ဘူး မဟုတ်လား အောင်ဒင် ။ ခံစမ်း ၊ ခံလိုက်ကြစမ်း ။ ထွန်းလှ ၊ မယ်စော တို့ ရဲ့ တစ်ဦး တည်းသော သမီး ပုံဆိုး ဆို တာ ရုပ်ခံ ဆိုး သလို အကြံဆိုး ဉာဏ်ဆိုး တွေ လည်း သုံး တတ်တယ်ဆိုတာ နင်တို့ မိသားစု မရိပ်မိကြဘူး မဟုတ် လား ။ နင်တို့ မိသားစု က နင်တို့ ပိုင်တဲ့ အိမ်ခြံ မြေ နဲ့ လယ် တွေ မှာ လက်တို လက်တောင်း ခိုင်းလို့ ရတဲ့ ၊ ဖင်ပေါ့ တဲ့ ၊ ကြီးတော် လင်မယား နဲ့ အတူ နေ တဲ့ ၊ မိဘမဲ့ အ,တိ အ,တ ပုံဆိုး ဆိုပြီး လျှော့ တွက် ထားကြတာ ကိုး ။ ကဲ အခု ငါ ဗိုက်ကြီး နေပြီလေ ။ ရွာ လက်သည် ကလည်း ဟုတ်တယ်လို့ ထောက်ခံ ပေး လိုက်ပြီလေ ။ တစ်ရွာလုံး ထင်သာ မြင်သာ အောင် ငါ့ ဗိုက်က လည်း စူစ ၊ ပူစ ပြုနေပြီလေ ။ အင်္ကျီပွပွ နဲ့ ဖုံးထားလို့ သာပေါ့ ။ နင် ငါးရံ့ ပြာလူး ဖြစ်နေပြီ မဟုတ်လား ။ နင်တို့ မိသားစု မျောက် မီးခဲ ကိုင် မိ သလို ဖြစ် နေကြပြီ မဟုတ်လား ။ နင့် ချစ်သူ ရွာ ကွမ်းတောင်ကိုင် မယ်စိန် နဲ့ ဒီ သီတင်းကျွတ် မှာ အကြီး အကျယ် မင်္ဂလာ ဆောင်ကြ တော့မယ် ဆိုတာ ငါ သိထား တယ်လေ ။ ကဲ အခု နင်တို့ အိမ် မှာ အလုပ် လုပ် ရတဲ့ အစေခံမ တစ်ယောက် ရဲ့ ကိုယ်ဝန် ကို နင် ဘယ်လို တာဝန် ယူ ပေး မလဲ ။ နင်တို့ မိသားစု ငါ့ ဗိုက် ကို ဘယ်လို တာဝန်ယူ ပေးကြမလဲ ။
“ ကဲ ကဲ ဒီလို လုပ်ရ အောင် ပုံဆိုး ။ ဒီကိစ္စ နင့် ကြီးတော် တို့ လင်မယား သိပြီးပြီလား ဦးလေး ကို ပြောစမ်း ”
“ အဟင့် အဟင့် ဒီကိစ္စ ကြီးတော်တို့ လင်မယား မသိ သေးပါဘူး ဦးလေးကြာအောင် ရယ် ။ ရွာ လက်သည် ကို တောင် ပုံဆိုး ရှက်လွန်း လို့ ဒီကိစ္စ ဘယ်သူမှ မပြောပါနဲ့ ဆိုပြီး နှုတ်ပိတ်ထားရတာပါ ။ ပုံဆိုး ချစ်သူ ကို ပုံဆိုး ရ အောင် လက်ထပ် ခိုင်းပါ့မယ် ဆိုပြီး ကတိတွေ အထပ်ထပ် ပေး ၊ သစ္စာရေ သောက်ခဲ့ ကြတာပါ ဦးလေးကြာအောင် ရယ် အီး အီး ဟီး ”
“ ကဲ ကဲ တိတ်တော့ ပုံဆိုး ။ အောင်ဒင် က လည်း သူ မဟုတ်ပါဘူး ငြင်းနေ တော့ ငါ လည်း ဘာမှ မတတ်နိုင်ဘူး ။ အောင်ဒင် နဲ့ မယ်စိန် ကို ဒီ သီတင်းကျွတ် မှာ နေရာ ချထား ပေးဖို့ ငါ စဉ်းစား ထား ပြီးပြီ ။ ဒီတော့ ငါ စီစဉ်တာတွေ နင် လက်ခံ ရမယ် ။ နင် မနစ်နာစေရပါ ဘူး ပုံဆိုး ရယ် ။ ငါ စီစဉ်တာ ကို လက်မခံလို့ ကတော့ နင် ငါ့ အကြောင်း သိပါတယ် ”
ဟား ဟား ဟား အောင်ဒင်ရယ် ။ နင်တို့ မိသားစု ရဲ့ပါးစပ် က အချိန် ကျ ရင် ဒီလို စကားမျိုး ပဲ ထွက် လာမယ် ဆိုတာ ငါ ကြို သိထား ပြီးသားပါ ။ ပုံဆိုး တဲ့ တစ်ဆိုး တည်း ရှိတယ် အောင်ဒင် ။ နင့် အဖေ ပေးတဲ့ မြေနိမ့်ပိုင်း က မိုး တွင်းဆို ရေမြှုပ် တတ်တဲ့ လယ် ငါးဧက နဲ့ ရွှေ ငါးကျပ်သား ကို ငါ ယူ ပြီး ဘိုရာကြီး ရွာ ဘက် မှာ ငါ ကလေး သွား မွေး မှာ ပေါ့ ။ ထွန်းလှ ၊ မယ်စော တို့ ဘယ်လောက် တုံးတုံး သူတို့ ရဲ့ သမီး ပုံဆိုး မတုံးဘူး အောင်ဒင် ။ ဘာပဲဖြစ်ဖြစ် ငါ ရ လိုက်တာ က နင် တို့ မိသားစု ပိုင် စည်းစိမ်ဥစ္စာ ရဲ့ တစ်ဖဲ့ တစ်ရွဲ့ တောင် မရှိပါဘူး အောင်ဒင် ရယ် ။ မနှမြော ပါနဲ့ ။
••••• ••••• •••••
ဘုရား ဘုရား ဗျောသံ တွေ ပိုပြီး ကျယ်လောင်လာ ပါ လား ။ ရှင်လောင်း လှည့်ကြ တော့မယ် ထင်ပါရဲ့ ။ မကြား ချင်ဘူး ။ ငါ မကြားချင်ဘူး ။ ငါ မကြားနိုင်ဘူး ။ နားငြီး တယ် အောင်ဒင် ။ နင့် အလှူ ပျက်ပါစေ ။ အလိုလို မီးထ လောင်ပြီး နင့် အလှူမဏ္ဍပ် ကြီး ပျက်စီးပါစေ ။ အခါမဲ့ မိုးကြီး ရွာချပြီး နင့် အလှူ မဏ္ဍပ်ကြီး ရေမျော ပါစေ ။ ပူ တယ် ၊ ပူတယ် အောင်ဒင် ငါ့ တစ်ကိုယ်လုံး ငရဲမီး လို ပူ နေပြီ အောင်ဒင် ။ မယ်စိန် သင်္ကန်း ပိုက် နေပြီလား ။ ခုအချိန် မယ်စိန် သင်္ကန်း ပိုက် နေပြီလား ။ နင် ကတော့ သပိတ် လွယ် ထားမှာပေါ့ ။ သွေးတိုး ၊ ဆီးချို ၊ နှလုံးရောဂါ တွေ ရှိတဲ့ နင် ခု ချက်ချင်း လေဖြတ် ပါ စေ ။ နှလုံး လေ ဟပ် ပြီး မတ်တတ် က လဲကျ ပါစေ ။ ငါ သေငယ် ဇောနဲ့ မြောစ ပြုသလို နင် လည်း ထပ်တူ ခံစားရပါစေ ။
ငါ့ ကို ခွင့်လွှတ်ပါ မယ်စိန် ။ ငါ မတရားခဲ့ဘူး မယ် စိန် ။ မဆိုင်တဲ့ သူ ကို ကလိုင် နဲ့ ငါ ခေါက်ခဲ့တယ် မယ်စိန် ။ ငါ မှားခဲ့ပါတယ် မယ်စိန် ရယ် ။ ငါ့ သမီး မိဆုံ ကို နင် နဲ့ ရတဲ့ ကလေး ဆိုပြီး မယ်စိန့် နား ထဲ ရောက်အောင် ငါ ပို့နိုင် ခဲ့တယ် အောင်ဒင် ။ ရွာ ကွမ်းတောင် ကိုင် က နင့် ရဲ့ ဒုတိယ မယား ဆိုပြီး မယ်စိန် ရဲ့ အလှ ဂုဏ် ၊ ဓနဂုဏ် ၊ မျိုးရိုးဂုဏ် သိက္ခာ ဆိုတာတွေ ကို ငါ ဦးချိုး နိုင်ခဲ့တယ် အောင်ဒင် ။ ငါ့ သမီး မိဆုံ ဟာ နင် နဲ့ ရတဲ့ ကလေး မဟုတ်ဘူး ဆိုတာ နင် လည်း သိ နေ သလို ငါ လည်း သိ နေတာပဲ အောင်ဒင် ။ ငါ့ ချစ်သူ ကိုဖိုးသီ နဲ့ ရတဲ့ ကလေး ဆိုတာ ကို တော့ နင် မသိဘူး မဟုတ်လား အောင်ဒင် ။ နင် တို့ မိသားစု အဆင်ပြေ ချမ်းသာ နေတာ ကို မနာလို လို့ ကိုဖိုးသီ မော်လမြိုင် ဘက် မှာ ငှက်ဖျား မိ နေတုန်း ကလိမ်စေ့ ငြမ်းဆင်ပြီး နင့် ကို ငါ အမိ ဖမ်း ခဲ့တာပါ အောင်ဒင် ။ ဘာပဲဖြစ်ဖြစ် ဘိုရာကြီးရွာ မှာ ကိုယ်ဝန် အရင့်အမာ နဲ့ ဒုက္ခ ရောက် နေတဲ့ ငါ့ ကို ကိုဖိုးသီ ဘက်က ကယ်တင်ခဲ့ သယောင် တောင် ငါ သတင်း လွှင့်ခဲ့တယ် အောင်ဒင် ။ ဒါပေမဲ့ ငါ့ သမီး မွေးပြီး တစ်နှစ် အကြာ မှာ ကိုဖိုးသီ တစ်ယောက် ငှက်ဖျားရောဂါ နှိပ်စက် လို့ အသက် မရှည်ခဲ့ပါ ဘူး အောင်ဒင် ။ နင်တို့ မိသားစု စွန့်ကြဲ ခဲ့တဲ့ မသဒ္ဓါရေစာ လယ်ကလေး ငါးဧက နဲ့ ရွှေ ငါးကျပ်သား ကို အရင်း ပြုပြီး ငါ ရုန်းကန် ခဲ့ရတယ် အောင်ဒင် ။ ငါ ယုတ်ခဲ့ သမျှ ငါ ဒုက္ခ ပင်လယ် ဝေ ခဲ့ရတယ် အောင်ဒင် ။ နင် နဲ့ နင်တို့ မိသားစု ကို ငါ့ ဘက် က စိတ် အနာ ကြီး နာ သွားတာ ဘာကြောင့် လဲ သိလား အောင်ဒင် ။ ငါ သေခါနီး အထိ ယုတ်မာတဲ့ စိတ် ထားခဲ့ မိတာ ဘာကြောင့်လဲ သိလား အောင်ဒင် ။ ငါ့ အမေ သေပြီး မှ လုံးဝ စိတ်နာခဲ့တာပါ အောင်ဒင် ။ အဲဒီ အချိန်တုန်း က ငါ့ အသက် ဆယ့်လေးနှစ် ၊ အပျိုပေါက် ဖြစ် နေပြီလေ အောင်ဒင် ။ ငါ့ အဖေ ဆုံး ပြီး ငါးနှစ် အကြာ မှာ လေ ။ ငါ့ စိတ်တွေ အရမ်း ဖြူစင် နေတဲ့ အချိန် ပေါ့ အောင်ဒင် ရယ် ။
••••• ••••• •••••
၃ ။
“ သမီး အဖေ ကို မြှုပ်နှံ ခဲ့တဲ့ ကြာအောင် လယ်တော စပ် က ပျဉ်းမပင် အောက် မှာ ပဲ အမေ ခေါင်းချ ပါရစေ သမီး ရယ် ။ ကြာအောင် တို့ မိသားစု ကို အသနား ခံပြီး ပြောပေးပါ သမီး ရယ် ။ အမေ စိတ်ချ ပါ ရစေ နော် ”
အမေ့ ဆန္ဒ ကို ဖြည့်ဆည်း ပေးချင်လို့ ဦးလေး ကြာအောင် ဆီ အကူအညီ သွား တောင်းတော့ နင့် အဖေ က သူ့ လယ် နာမယ် ဆိုပြီး ငါ့ ကို ခါးခါးသီးသီး ငြင်း လွှတ်တယ် အောင်ဒင် ။ နင် နဲ့ ငါ ဟာ ကစားဖော် ကစားဖက် တွေ ဖြစ်ခဲ့ သလို ငါ့ အမေ နဲ့ နင့် အဖေ ဟာ လည်း ကစားဖော် ကစားဖက် တစ်ရွာ တည်း သားတွေ ပဲ မဟုတ်လား အောင်ဒင်ရယ် ။ အမေ့ အတွက် လေးပေ ၊ ခြောက်ပေ မြေ တစ်နေရာစာ လေး တောင် အဖေ့ အနား မှာ မပေးနိုင်ဘူး တဲ့ အောင်ဒင် ။ ငါ့ ဘက် က ခြေသလုံး ဖက်ပြီး ငိုယို တောင်း ပန် မှ အမေ့ ကို မီးသင်္ဂြိုဟ်ပြီး အရိုးပြာအိုး လောက် တော့ မြှုပ်ချင် မြှုပ်ပါ ဆိုပြီး ခွင့်ပြု ခဲ့ ပါ တယ် အောင်ဒင်ရယ် ။ စိုးထိတ် ကြောက်ရွံ့ နေတဲ့ ပုံစံ နဲ့ အမေ့ အရိုးအိုးကလေး ပိုက် ပြီး ပျဉ်းမပင် အောက် ရောက် တဲ့ အခါ မှာ တော့ လယ်တော ထဲ မှာ အလုပ် လုပ် နေတဲ့ နင့် ကို မြင် လိုက်ရတဲ့ ငါ အားတက် ခဲ့ ရတာ အမှန်ပါ အောင်ဒင် ။ စိုးထိတ်ကြောက်ရွံ့စိတ်တွေ ပျောက် ခဲ့ရတာ အမှန်ပါ အောင်ဒင် ။ နင် ကိုယ်တိုင် ကျေနပ် ၊ လိုလားမှု ကို မျှော် လင့် ခဲ့ရတာ အမှန်ပါ အောင်ဒင် ။
“ ဟဲ့ ပုံဆိုး ။ ဘာလာ လုပ်တာလဲ ”
“ ပျဉ်းမပင် အောက်မှာ အမေ့ အရိုးပြာအိုးကလေး မြှုပ် ချင်လို့ ပါ အောင်ဒင် ”
“ ဘာ ... ”
“ ဟို .. ဟို နင့် အဖေ ဦးလေးကြာအောင် ဆီ မှာ ငါ ခွင့်တောင်းပြီးသားပါ အောင်ဒင် ရယ် ။ ငါ့ အဖေ က ဒီ နား မှာ ပဲ ခေါင်းချ သွားတာ ဆို တော့ အမေ လည်း .. ”
“ တော်စမ်း ပုံဆိုး ။ ဒါ သင်္ချိုင်းကုန်း မဟုတ်ဘူး ။ လယ် ဟ လယ် လယ် ။ သေ တာ တောင် မပြီးနိုင်ကြဘူး ။ တော်တော်လေး ကို အစွဲ အလမ်း ကြီးတဲ့ဟာတွေ ပဲ ။ နင့် အဖေ ထွန်းလှ က အရိုးဆွေး လို့ မြေကြီး တောင် ဖြစ်နေပြီ လေ ။ နင့် အမေ တောင် ပြာ ဖြစ်နေပြီ ဥစ္စာ လိုသေးလို့လား ”
“ ငါ ငါ တောင်းပန်ပါ တယ် အောင်ဒင်ရယ် ။ အမေ့ ဆန္ဒ ကို ဖြည့်ဆည်း ပေးချင်လို့ပါ ။ ဦးလေးကြာအောင် ဆီ မှာ လည်း ငါ ခွင့်တောင်း ထားပြီးသား ပါ ”
“ အာ ရှုပ်ရှုပ်ယှက်ယှက် ကျက်သရေ မရှိ ကျက်သရာ မရှိ ။ ပေးစမ်း အဲဒီ အရိုးပြာအိုး ငါ ဖောက်ခွဲ ပစ်စမ်းမယ် ”
“ မ မလုပ်ပါနဲ့ အောင် ဒင်ရယ် ငါ တောင်းပန်ပါတယ် ။ ငါ တကယ် တောင်း န်ပါတယ် အောင်ဒင်ရယ် အီးဟီးဟီးဟီး ”
“ တိတ်စမ်း ပုံဆိုး ။ ပဉ္စပါပီ ရုပ်မျိုး နဲ့ ငါ့ ရှေ့မှာ မျက်ရည် လာ ကျပြ မနေနဲ့ ။ ကျက်သရေ မရှိဘူး ။ ပြန် ယူသွား နော် ။ မဟုတ်လို့ က တော့ ငါ ပေါက်ခွဲ ပစ်မှာ ။ ငါ့ လယ် သန တယ် ဟ ။ နင့် အမေ နင် အဲဒီလောက် ချစ် နေရင် အရိုးပြာအိုး ဘုရားစင် ပေါ် တင်ပြီး ကိုးကွယ် ထားပါလား ဟ ။ သေတာ တောင် တော်ရုံ နဲ့ မကျွတ်မယ့် ပြိတ္တာမျိုးရိုး တွေ ။ ခုချက်ချင်း ထွက်သွား ပုံဆိုး ”
ရက်စက်လိုက် တာ အောင်ဒင် ရယ် ။ ငါ့ အဖေ ခေါင်းချခဲ့ တဲ့ နေရာ မှာ ငါ့ အမေ အရိုးပြာအိုးကလေး မြှုပ်ချင်တာ ဟာ နင့် လယ် ကို သန စေ သတဲ့ လား ။ အစွဲ အလမ်း ကြီးတဲ့ ၊ သေတာ တောင် တော်ရုံနဲ့ မကျွတ်မယ့် ပြိတ္တာမျိုးရိုး တွေ တဲ့ လား ။ နင် ပြောထွက်ရက်တယ် နော် ။ ထွန်းလှ ၊ မယ်စော ဆိုတာ ခေတ် အဆက်ဆက် မျိုးရိုး မညံ့တဲ့ သူတွေ ပါ အောင်ဒင် ။ ဆွေဂုဏ် မျိုးဂုဏ် နဲ့ ရိုးရိုးသားသား နေလာခဲ့ကြ သူတွေပါ အောင်ဒင် ။ ခု လက်ရှိ ငါတို့ ဆင်းရဲ နေတာ ဟောဒီ ရွာ ထဲ မှာ ငါတို့ အမျိုးအဆွေ တွေ နည်း သွား တာ ပဲ ရှိတာပါ အောင်ဒင်ရယ် ။ ပဉ္စပါပီ ရုပ် နဲ့ နင့် ရှေ့ မှာ မျက်ရည် မကျရ ဘူးတဲ့ လား အောင်ဒင် ။ ငါ့ ကံ ပေးလို့ ရခဲ့တဲ့ ဆိုးဝါး လှ တဲ့ ငါ့ ရုပ် ဟာ နင် အပြစ် ပြော စရာလား အောင်ဒင် ။ နင့် ကို ငါ နာစ ပြု လာပြီ အောင်ဒင် ။ အမေ ပြောပြတဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ကို တစိမ့်စိမ့် ပြန် တွေးရင်း နင့် ကို ငါ နာသွားပြီ အောင်ဒင် ။ နင် မှ မဟုတ်ဘူး ။ နင်တို့ တစ်ဆွေလုံး တစ်မျိုးလုံး ကို ငါ စိတ်နာ သွားပြီ အောင်ဒင် ။ ပျဉ်းမပင် အောက် က မဖြစ်စလောက် မြေကလေး တစ်နေရာစာ အတွက် နဲ့ နင် ပြောထွက်တဲ့ စကား က ငါ့ ကို သူယုတ်မာ ဘဝ ရောက်ဖို့ တွန်းပို့ လိုက်ပြီ အောင်ဒင် ။ စိတ်ချ ။ ဒီနေ့ က စပြီး နင် နဲ့ ပတ်သက် သမျှ ငါ ယုတ်မာ ပြ တော့မယ် အောင် ဒင် ရေ ... ။
••••• ••••• •••••
ဟော ရေစက် ချကြ တော့မယ် ထင်တယ် ။ ငါ မကြားချင်ဘူး အောင်ဒင် ။ ငါ နား ခါးတယ် အောင်ဒင် ။ ခု ချက်ချင်း ငါ သေချင် နေပြီ အောင်ဒင် ။ နင့် ပါးစပ် က ထွက်ပေါ်လာမယ့် အမျှ အမျှ အမျှ ဆိုတဲ့ အသံ ကို ငါ လက် မခံနိုင်ဘူး ၊ သာဓု မခေါ်နိုင်ဘူး အောင်ဒင် ။
မောတယ် အောင်ဒင် ။ အသည်း ခိုက်အောင် နာကျင်မောပန်း နေရတာ မျိုး ပါ အောင် ဒင် ။ ဘာပဲဖြစ်ဖြစ် ငါ့ အမေ ရဲ့ အရိုးပြာအိုးကလေး ကို ပျဉ်းမပင် အောက် မှာ တိတ်ဆိတ် လှတဲ့ ည တစ်ည မှာ ငါ မြှုပ်နှံ နိုင်ခဲ့တယ် အောင်ဒင် ။ ဒါတွေ ကို နင် မသိခဲ့ဘူး မဟုတ် လား အောင်ဒင် ။
“ အမေ ဘုရား ကို အာရုံ ပြု နေနော် ။ ရှင်ပြုမဏ္ဍပ် က ဆရာတော်ဘုရား ရဲ့ တရားသံ ကို နားထောင် နော် အမေ ။ အမျှ ဝေ ရင် သာဓု ခေါ် နော် ”
အမ မခေါ်ဘူး အမေ မခေါ်နိုင်ဘူး သမီး ။ သမီး ပြော နေတာတွေ အမေ အကုန် ကြား နေသေးတယ် မိဆုံ ။ ဆိုးဝါးလှတဲ့ ဝေဒနာကြီး က အမေ့ ကို သေရွာ အထိ ဆွဲ ခေါ် နေပြီ ဆိုတာ လည်း အမေ သိတယ် မိဆုံ ။ အောင်ဒင် အမျှ ဝေ လို့ သာဓု ခေါ်မှ ကောင်းရာမွန်ရာ ဘုံဘဝ ကို ရောက်မယ် ဆိုရင် ငရဲတွင်း ထဲ ပဲ အမေ ဆင်း တော့မယ် မိဆုံ ။ ဘုရား ၊ ဘုရား ။ ခံရ ခက် လှတဲ့ ဝေဒနာ ဆိုးကြီး က အမှောင်တွင်းနက်ကြီး ထဲ ကို ဆွဲသွင်း နေသလို ပဲ မိဆုံ ။ အမေ မြင် နေသေး တယ် မိဆုံ ။ အမေတို့ ဘိုးဘွား တွေ ပိုင် ခဲ့တဲ့ လယ်မြေတွေ ၊ ဦးလေးကြာအောင် ရဲ့ အဖေ သူကြီး ။ သေနတ်ကြီး နဲ့ ။ ဟော လယ်မြေတွေ တစစ နဲ့ ပျောက် သွားပြီ ။ ဦးလေး ကြာအောင် ရဲ့ လူတွေ ၊ ဓား တွေ တုတ်တွေနဲ့ ။ ပြေး ပြေး အဖေ ရေ ၊ ပြေး ပြေး ။ မလုပ် ပါ နဲ့ ၊ မလုပ်ကြပါနဲ့ ။ တောင်းပန်ပါတယ် ၊ တကယ် တောင်းပန်ပါတယ် ။ ဒါ ကျွန်မ တို့ မျိုးရိုးစဉ်ဆက် တရား သဖြင့် ပိုင် ခဲ့ တဲ့ မြေ တွေပါ ။ မပေး နိုင်ဘူး ၊ လုံးဝ မပေးနိုင်ဘူး ။ လယ်မြေတွေ မပြောနဲ့ ၊ ပျဉ်းမပင် တစ်ပင် တောင် မတရား သဖြင့် မပေးနိုင်ဘူး ။ အောင်မယ်လေး ပူတယ် ၊ ပူတယ် ။
ငရဲမီးတွေ ၊ ငရဲမီးတွေ လောင် နေတယ် ။ ပူ လိုက်တာ ယမ မင်းကြီး ရယ် ။ မျိုးဆက် သုံး ဆက်လောက် အထိ မတရား သဖြင့် လုပ်ခဲ့ ကြလို့ ကျွန်မ ယုတ်ခဲ့ မိ တာပါ ။ မခံနိုင် အား ကြီးလို့ ကျွန်မ ယုတ်ခဲ့ရတာပါ ။ ဟော ဒါ အောင်ဒင့် အသံ ။ သင်း အမျှ ဝေနေပြီ ။ သာဓု မခေါ်ဘူး ။ မခေါ်နိုင် ဘူး ။ ခေါ် မိ ရင်လည်း ကောင်းရာဘုံ ဘဝ မရောက်နိုင်ဘူး ။ နင် လည်း ဒီ ပုတ်ထဲ က ဒီ ပဲ ပဲ အောင်ဒင် ။ ဟော အောင်ဒင် ၊ သူ သူ တို့ စောင့် နေကြပြီ ။ နင်တို့ ငါတို့ ရဲ့ ဆွေစဉ် မျိုးဆက်တွေ စောင့် နေကြ ပြီ ။ အဲဒီမှာ အမှန်တရား တွေ ရှိတယ် ၊ မတရားတာ တွေ မရှိဘူး ။ မတရား သဖြင့် လုပ် တာကို ငြိမ်ခံမယ့် သူ မရှိဘူး ၊ အကျင့် ပျက်ခြစားတာတွေ မရှိဘူး ။ လာဘ်ပေးလာဘ် ယူတွေ လည်း မရှိဘူး ၊ ဟော ...။
ငါ့ တစ်ကိုယ်လုံး လွတ်လပ် ပေါ့ပါး သွား သလိုပဲ ။ ဟင် နင် ၊ နင် က ဘယ်လို က ဘယ်လို ဖြစ်ပြီး ... ၊ ငါ သိ လိုက်ပြီ အောင်ဒင် ။ အဝီစိ အောက်ဆုံး က ရုံး တစ်ရုံး မှာ နင်တို့ ငါတို့ တစ်တွေ စာရင်း ရှင်းကြ တာပေါ့ အောင်ဒင် ရယ် ... ။
◾ထွန်းတောက်ထွဋ် ၊ သင်္ချာ ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဒီဇင်ဘာ ၂၀၁၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment