“ နင် မှား တာပေါ့ မိုးယံ ၊ နင် က မကေ ငါ့ ကြိုက်နေပြီ ၊ ငါ ဖွင့် ပြောရင် လွယ်လွယ် နဲ့ ရမှာပဲ ဆိုတဲ့ စိတ်ကလေးတော့ ထားခဲ့တယ် မဟုတ်လား ”
“ အဲဒီလိုတော့ မဟုတ်ပါဘူး ဟာ ၊ ဒါပေမယ့် အခုလောက် ခက်ခဲ သွားလိမ့်မယ် လို့ တော့ ငါ မထင်ထားတာ အမှန်ပဲ ”
“ မကေတို့ ညီအစ်မ သုံးယောက် ကို သူတို့ မေမေကြီး က အဆုံးမဆုံး ကိစ္စ က ဣန္ဒြေ ပဲ ၊ သူ က သူ့ သမီးတွေ ကို မာန ကြီး ခိုင်းတာ မဟုတ်ဘူး ၊ ဣန္ဒြေ ကို ပဲ ကာကွယ် ခိုင်းတာ ၊ နင် ပြောတဲ့ စကားတွေ ထဲ မှာ မကေ က ကျ နေ သလို သွား ပြောတော့ ဣန္ဒြေ ကို ပြန် ကောက်သွားတာပေါ့ ”
“ အေးဟာ .. ငါ နောက်ကျရင် အဲဒီလို စကားမျိုး ကို ဆင်ခြင်ပါ့မယ် ၊ နင် လည်း ငါ့ ကို ကူညီပါဦး ဟာ ၊ အခု မကေ က ဖယ်ရီ ပဲ စီးတော့ ငါ လည်း ဘာ လုပ်ရမှန်းကို မသိတော့တာ ဟာ ၊ ငါ သူ့ ကို တော့ တစ်ကယ် ချစ်တာပါ ပိုပို ”
“ အေးလေ .. ငါ လည်း စကား ကြုံရင် ပြောပေးပါ့မယ် ၊ သိသိသာသာတော့ ပြောလို့ မရဘူး ဟ ၊ တော်ကြာ မကေ က ငါ့ ပါ စကား မပြောရင် နင် ဒုက္ခ ရောက်လိမ့်မယ် ”
“ အေးပါ .. ပိုပို ရာ ၊ မကေ က ငါ့ အကြောင်း ကို သေချာ သိချင်ရင် မေးစရာ နင် တစ်ယောက် ပဲ ရှိတာ ၊ နင့် ဆီ ကို သူ ရောက်လာမှာပါ ”
“ အေး .. နင် က ဒီလို အပိုင် တွက်တာတွေကြောင့် ဒုက္ခ ရောက်နေတာ ၊ လာ မေးရင် ငါ ပြောပေးမယ် စိတ်ချ ”
ဟုတ်ပါသည် ။
ကေသီတာ သည် ဖယ်ရီကား ကို ပြန် စီး နေသည် ။ မော်တင် ၁၀ လမ်း တွင် ဆင်းသော တရုတ်မလေး နှစ်ယောက် ရှိရာ ကေသီတာ က မော်တင်ဂိတ် အထိ ဖယ်ရီ ကို စီး ပြီး မော်တင် ၃၉ ကားဂိတ် မှ နေရာ ရပြီး အေးဆေးစွာ အိမ် သို့ ပြန်သည် ။
အရင် ပြန်ချိန် ထက် မိနစ် ၂၀ လောက် နောက်ကျခြင်း မှ အပ အခြား အပြောင်းလဲ မရှိပါ ။
ထို မိနစ် ၂၀ နောက်ကျရခြင်း အကြောင်း ကို လည်း ရှင်းရင်း ဖြင့် မိုးယံစိုး ရည်းစား စကား ပြောသည့် ကိစ္စ ပါ ကေသီတာ က တစ်ခါတည်း အောင် ၊ မောင် နှင့် ရီရီ တို့ကို ပြောပြလေသည် ။ ရီရီ က ..
“ ရီရီ အောင့် ကို မပြောဘူးလား ၊ အဲဒီ အစ်ကို မမကြီး ကို ကြည့်ပုံ က မရိုးသားဘူး လို့ ”
“ ဒီလို တစ်နေ့ ဖြစ်မယ် ဆိုတာ မောင် သိပါတယ် ၊ အောင့် ကို တောင် ပြောထားသေးတယ် ၊ မမကြီး ရဲ့ လူ က ကိုနိုင်ဝင်းထွန်း လို မိန်းကလေး ကြောက်တတ် တဲ့ လူမျိုး မဟုတ်ဘူး ၊ မိန်းကလေး တစ်ယောက် ကို ဘယ်လို ပေါင်းရမလဲ ဆိုတာကို သိတဲ့ လူ ၊ သူ့ မှာ အတွေ့အကြုံ ရှိခဲ့ဖူးလိမ့်မယ် ၊ ဒီ ရုံး မှာ မရှိဘူး ဆိုရင် တောင် မှ တစ်ခြား မှာတော့ ရှိခဲ့ဖူး လိမ့်မယ် ၊ မိုးယံ ဟာ လူရည် လည်တယ် ဆိုတာ ကို တော့ မမကြီး မမေ့ပါနဲ့ ”
“ ကိုယ့် စိတ် ထဲ မှာ သံသယ ဖြစ်ချင်တဲ့ ကိစ္စ ရှိရင် ပိုပို့ ကို မေးပေါ့ ”
အောင် က စဉ်းစဉ်းစားစား ဖြင့် ဝင် ပြောသည် ။
“ အောင် က လဲ .. ပိုပို က မမကြီး အရင် သူ နဲ့ သိတာပဲ ၊ ပို့ ဆီ က စကားက ကောင်းတဲ့ စကားပဲ လာမှာပေါ့ ၊ ရီရီ ကတော့ ဒီ ကိစ္စ မှာ ပိုပို့ အကြံ ပါ ပါလိမ့်တောင် ထင်တယ် ”
ထိုသို့နှင့် ညဘက် မအိပ်ခင် စကားဝိုင်း ထဲ တွင် မိုးယံ သည် ညီအစ်မ လေးယောက် အတွက် အပျင်းပြေ ဆွေးနွေးစရာ တစ်ခု ဖြစ်လာခဲ့သည် ။ ကေသီတာ ပေးရသည့် ကတိ က ညီအစ်မတွေ အားလုံး မသိပဲ မိုးယံ ကို အဖြေ ပေးခြင်း မပြုရ ဆိုတာပဲ ဖြစ်သည် ။ ရုံး မှာ တော့ မိုးယံ ၊ ငြိမ်းငြိမ်းပို နှင့် ကေသီတာ တို့သည် ပုံမှန် ဆက်ဆံလျက် ရှိပြီး ယခင် က လောက် တတွဲတွဲ တော့ မတွေ့ရချေ ။
တစ်နေ့ တော့ ကေသီတာ့ ထမင်းစားခန်း ထဲ သို့ ပိုပို ရောက် လာသည် ။
“ မကေတို့ အိမ် က လက်ရာ ကို စားချင်လို့ .. ” ဟု ဆိုကာ ပိုပို က သူ့ ထမင်းချိုင့် ကို ဖွင့်သည် ။ ထိုနေ့ က ကေသီတာ့ ကို ထည့်ပေး လိုက်သည့် ဟင်း က ရေချိုငါးတန် ဆီပြန် ၊ မန်ကျီးရွက်သုပ် နှင့် ၊ သီးစုံ ကုလားဟင်း တို့ ဖြစ်သည် ။ ပိုပို ဟင်း က ဝက်သား နှင့် အာလူး ဖြစ်သည် ။
“ စားလို့ ကောင်း လိုက်တာ မကေ ရယ် ၊ ပို တို့ အိမ် က ချက် လိုက်ရင် ဟင်းငုပ်တုပ်တွေ ချည်းပဲ ၊ ဘယ်တော့မှ မကေတို့ လို အတွဲ အစပ်ကလေး မပါဘူး ”
ငြိမ်းငြိမ်းပို သည် သီးစုံကု,လားဟင်း ကို သောက်ရင်း ဆိုသည် ။ ထမင်း စားပြီး သွားတော့ ချိုင့်တွေ ဆေးကြရင်း ပိုပို က ဆိုသည် ။
“ မကေ က အခု ဖယ်ရီ နဲ့ ပြန်တယ် ဆို ဟုတ်လား ”
“ ဟုတ်တယ် ပို ရဲ့ ၊ မော်တင် ၁၀ လမ်း မှာ ဆင်းတဲ့ တရုတ်မလေး နှစ်ယောက် လောက် ရှိတော့ ကေ့ ကို မောင်တင် ၃၉ ကားဂိတ် ထိ ပို့ ခိုင်းပြီး ၃၉ ကားဂိတ် ကနေ စီးတော့ ကြိုက်တဲ့ နေရာ ရွေးရုံပေါ့ ၊ အိမ် ကို တော့ အရင် ထက် မိနစ် ၂၀ လောက် နောက်ကျ ပြီးမှ ရောက်တယ် ၊ ထိုင် စီးရတာတော့ လူ သက်သာတာပေါ့လေ ”
“ မိုးယံ ကြောင့် လည်း ပါတယ် မဟုတ်လား ”
“ ၅၀% တော့ ပါ ပါတယ် ၊ နောက် ၅၀% က စကား စပ်မိလို့ ပြောကြရင်း ကားမောင်း တဲ့ ကိုထွန်းလှ က အကြံပေးတာ နဲ့ စီး ကြည့် တော့ အဆင်ပြေ တာ နဲ့ စီး ဖြစ် သွားတာပါ ”
ငြိမ်းငြိမ်းပို သည် ကေသီတာ နှင့် မိုးယံ တို့ အကြောင်း သိ သော်လည်း မေးခဲ ပါသည် ။ ပြောလဲ ပြောခဲသည် ။ ဒီနေ့ တော့ ပိုပို ကိုယ်တိုင် က စ မေးခြင်း ဖြစ်သည် ။ ကေသီတာ က တော့ မိုးယံ သူ့ ကို ဖွင့်ပြောသည် ဆိုတာ က လွဲ၍ ဘာမျှ ထပ် မေး မရချေ ။
“ မကေ က အခုလို နေ လိုက်တော့ မိုးယံ တော်တော်လေး နောင်တ ရ သွားတယ် ၊ သူ့ အဖြစ် က တစ်နေ့ တစ်လုံး ရွှေဥ ဥ ပေး နေတဲ့ ငန်း ကို ရင်ခွဲပြီး ရွှေဥ ရှာတဲ့ လူမိုက် လို ဖြစ်သွားပြီ လို့ ပို့ ကို ပြောတယ် ”
“ ဘာဖြစ်လို့လဲ ပို ရဲ့ ”
“ သြော် .. သူ ဖွင့် မပြောပဲနေရင် မကေ နဲ့ ပျော်ပျော်ရွှင်ရွှင် နေရဦးမယ် ၊ အခု ဖွင့် ပြောလိုက်တော့ တစ်နေ့ တစ်ခါ ပျော်ရွှင်ခွင့်လေး တောင် သူ့ မှာ မရှိတော့ဘူး တဲ့ ”
“ ဟင် .. ကေ က သူ့ ကို ခေါ်ခေါ်ပြောပြော ရှိပါတယ် ၊ သူ့ ကို လည်း ပြောထား သားပဲ စဉ်းစား နေတယ် လို့ ”
ငြိမ်းငြိမ်းပို က သူ့ ထမင်းချိုင့် နှင့် ကေသီတာ့ ထမင်းချိုင့် ကို ရေစစ် စေရန် မှောက်ထား ပေးရင်း မှ ….
“ တစ်ကယ်တော့ မိုးယံ ဘဝ က သနားစရာ ကောင်းပါတယ် ၊ သူ ငယ်ဘဝ တုန်း က ပဲ ကံ ကောင်းခဲ့တာ ၊ သူ့ အဖေ ဘိတ် ( မြိတ် ) ဘက် မှာ ကိုယ်ပိုင် စက်လှေ နှစ်စီး နဲ့ ငါးဖမ်းပြီး ငါးခြောက် တင်နိုင်တုန်း ကတော့ တော်တော်လေး အဆင်ပြေတာ .. ”
ကေသီတာ ဘာမှ မပြောပဲ နားထောင် နေ မိသည် ။ ဘာပဲ ဖြစ်ဖြစ် ရီရီ့ ထင်ကြေး မှန် နေသည် ။
“ အဲဒါ တစ်နေ့ ငါးမန်းပေါက်လေး တစ်ကောင် က တံတောင်ဆစ် ကို ဟတ် မိတာ ပေါ့ပေါ့ နေရင်း က နေ အနာ ရင်းပြီး ပြည်တည် ယောင် လာပြီး အကြီးအကျယ် ဖျား လို့ ပင်လယ် ထဲ မှာ ပဲ ဆုံး သွားတာ ”
“ သြော် .. ”
“ အဲဒီ ငါးလုပ်ငန်း က မိုးယံ အဖေ တစ်ယောက် ပဲ နားလည်တာ ဆိုတော့ သူ မရှိတော့တဲ့ နောက်ပိုင်း မရိုးသားတဲ့ ဝန်ထမ်းတွေ ကြောင့် မိုးယံ တို့ အမေ က စက်လှေ နှစ်စီး နဲ့ ငါးခြောက်လုပ်ငန်း ကို အပြတ် ရောင်းပြီး သူ့ အစ်ကို မိုးယံ ရဲ့ ဦးလေး တစ်ယောက် နဲ့ သားရေစိမ်း လုပ်ငန်း လုပ်တာ လည်း တော်တော်လေး ပြုတ် သွားတယ် ”
“ အိမ်ထောင်ဦးစီး တစ်ယောက် မရှိတဲ့ အိမ် ဟာ စည်းစံနစ် မရှိရင် မလွယ်ဘူး ”
“ ဟုတ်တယ် မကေ .. ဒါကတော့ မကေ တို့ လည်း ကိုယ်ချင်းစာ နိုင်တာပဲ ၊ မကေ တို့ မေမေကြီး က စည်း နဲ့ စံနစ် နဲ့ နေနိုင်လို့ မသိသာပေမယ့် မိုးယံ တို့ မေမေ က ရှမ်းကိုးမီး ရိုက်တယ် ၊ ပိုကာ ဆွဲတယ် ၊ နှစ်လုံး သုံးလုံး ထိုးတယ် ၊ သူ နဲ့ ကစားတဲ့ အသိုင်းဝိုင်း က စီးပွားရေး ခိုင်တဲ့ လူဂုဏ်ထံ တွေ ချည်းပဲ ၊ သူတို့ နဲ့ အတူ ပျော် ၊သူတို့ နေ သလို နေ တော့ ဘယ်လို ခံနိုင်မှာလဲ ”
ပိုပို ပြောပြချက် အရ ဆိုလျှင် တော့ မိုးယံ တို့ မိသားစု သည် အထည်ကြီးပျက် ဘဝ သို့ ရောက် နေကြောင်း ကေ တွက်ဆ မိသည် ။
“ မိုးယံ အရွယ် ရောက် လာတော့ အိမ် မှာ ရှိသမျှ ပစ္စည်း က ပြောင် နေပြီ ၊ သွားသွားလာလာ ဝတ်ဖို့ လောက် ပဲ ရှိတော့တာ ”
“ စက်လှေ နှစ်စီး ရောင်း တဲ့ တန်ဖိုး က နည်း သလား ပို ရယ် ၊ ဒါနဲ့တင် စီးပွားရေး ကောင်းကောင်း လုပ်လို့ရတဲ့ ဟာ ကို ”
ပိုပို သည် ကေသီတာ သူ့ ဘက် ပါလာမှန်း သိသဖြင့် ဝမ်းသာ နေသည် ။ မကောင်းသော စိတ်ဆန္ဒ နှင့် တော့ဖြင့် မဟုတ်ပါ ၊ မိမိ ကူညီသော ကိစ္စ တစ်ခု အောင်မြင် တော့မည် ဖြစ်သဖြင့် ဝမ်းသာသော ဝမ်းသာခြင်းမျိုး သာ ဖြစ်သည် ။
“ ကိုယ် မကျွမ်းကျင်တဲ့ အလုပ်တွေ လျှောက် လုပ် မိတာရယ် ၊ နဂို ကထဲ က ယောကျ်ား လုပ်စာ ထိုင် စားပြီး ပျော်ပျော် နေတတ်တာရယ် နဲ့ ကုန်တာပေါ့ မကေ ရယ် ”
“ ဒီလို ဖြစ်ရပ်မျိုး က သိပ် ရင်နာဖို့ ကောင်းတာပဲ ”
“ ဟုတ်တယ် ၊ မိုးယံ အရွယ် ရောက် လို့ ဘွဲ့တွေ ဘာတွေ ရတော့ စိုက်ထုတ် ပေး စရာ အရင်းနှီး မရှိတဲ့ အပြင် မိုးယံ က တောင် ပြန် ထောက်ပံ့ နေရတာ ”
“ သူ့ အစ်မကြီး ရဲ့ ယောက်ျား က စိန်ပွဲစား ဆို .. ”
“ ဟုတ်တယ် .. နာမည်ကြီး ထဲ က ပဲ ၊ ဒါပေမယ့် သူ က လည်း အိမ်ထောင် နဲ့ ဆိုတော့ ဘယ် မှာ ထိထိရောက်ရောက် ထောက်ပံ့ နိုင်ပါမလဲ ”
“ တစ်ကယ်တော့ အိမ်ထောင်ရေး ဆိုတာ မလွယ်ဘူးနော် ”
ကေသီတာ က ငြီးသံ ပြုတော့ မှ ပိုပို လည်း စိတ်ညစ်စရာတွေ ဆက် ပြော နေလျှင် ကေသီတာ စိတ်ညစ် ပြီး ပို ဝေးသွား နိုင်သဖြင့် မိုးယံ ကို သနားလောက်သော နေရာ တွင် ပင် အိမ် ကိစ္စ ကို ရပ်ထား လိုက်သည် ။
“ ဒါ့ကြောင့် မိုးယံ က ပြော တာပေါ့ ၊ သူ့ အိမ် မှာ စိတ်ညစ်ရ သမျှ အပြင် မှာ ၊ ရုံး မှာ ပျော်ပျော် နေမိတယ်တဲ့ ၊ မကေ နဲ့ တွေ့တော့ သူ တော်တော် ပျော်နေမိတယ် တဲ့ ၊ အခုတော့ သူ့ ဘဝ က စည်ပိုင်း ထဲ ဝင်နေရသလိုပဲတဲ့ ”
ကေသီတာ သက်ပြင်း ကို ချသည် ။ ကေသီတာ သည် ပထမ တော့ သူ့ အကြောင်း ကို ပိုပို အား ပြောပြလိုက် လျှင် ပိုပို က တစ်ဆင့် မိုးယံ သိပြီး သူ့ လို လူတွေ ရှိပါသေးလား ဆို သည့် စိတ် နှင့် အားတင်း နိုင်ရန်အတွက် သူ သည် မေမေကြီး ၏ သမီး ၏ သမီး အရင်း မဟုတ်ကြောင်း ကို ပြောပြဖို့ စဉ်းစား လိုက် မိသေးသည် ။
သို့သော် မေမေကြီး က ထို အကြောင်း ကို မည်သူ့ ကို မျှ မောင်နှမတွေ အားလုံး မည်သည့် ကိစ္စ နှင့် မျှ မပြောရ ၊ လေးယောက် သော ညီအစ်မ အားလုံး သည် မေမေကြီး ၏ သမီး အရင်းများ ဖြစ်ကြသည် ဟု သာ မှတ်ယူရမည် ဟု တင်းကြပ်စွာ တားဆီး ထားသော ကတိ ကြောင့် ပြော ၍ မထွက်တော့ပေ ။
“ အင်းလေ .. လူ တစ်ကိုယ် ကံ တစ်မျိုး ပေါ့ ၊ ဘာပဲဖြစ်ဖြစ် လောကဓံ တရား ရှစ်ပါး မှာ အဆိုး လေးပါး ၊ အကောင်း လေးပါး ရှိလေတော့ တစ်နေရာ တည်း မှာတော့ ရပ် မနေပါဘူး ၊ တစ်ချိန် ကံကောင်းတဲ့ ဘက်လဲ ရောက်လာမှာပေါ့ ပို ရဲ့ ၊ အဲဒီကျရင် မိုးယံ က လိမ္မာဖို့ ပဲ လိုတာ ”
“ မကေ က လည်း မိုးယံ ကို တစ်ချို့ ကိစ္စကလေး တွေ နားလည် ပေးပါ မကေ ရယ် ”
“ အခုလို ကိစ္စတွေ က ပို့ ဆီ က မကေ သိရတာ ကောင်းပါတယ် ၊ ဒါပေမယ့် သူ့ ကို မကေ ဆုံးဖြတ်ချက် ချ တဲ့ အခါမှာ ဒီ ကိစ္စတွေ က အဓိက မဟုတ်ဘူး ဆိုတာ ကို တော့ ပို ယုံစေချင်တယ် ”
“ ဒါဆို မမကြီး က မိုးယံ ကို အဖြေ ပေးတော့မယ် ပေါ့ ”
“ မဟုတ်ဘူး အဖြေ ပေး ဖို့ ပြောတာ မဟုတ်ဘူး ၊ အဖြေ တစ်ခု ကို တော့ ရွေးထား သင့်ပြီ လို့ ပြောတာ ၊ မမကြီး ကြုံခဲ့တဲ့ အကြောင်း ကို အားလုံး ပြောပြထားပြီးပြီပဲ ”
“ ဒီအချိန် မှာ မမကြီး အဖြေ ပေးဖို့ ဆုံးဖြတ်တယ် ဆိုရင် စောသေးတယ် လို့ ပဲ မောင် က တော့ ပြောရမှာပဲ ၊ အခု မမကြီး ခွာ ထားတာ မဟုတ်လား ၊ သူ ဘယ်လို ပြန် ဝင် လာမလဲ ဆိုတာ တစ်ချက် ရှိ သေးတယ် ၊ ယောက်ျား တွေကို လျော့ မတွက် နဲ့ မမကြီး ၊ သူ ပြန် အဝင် ကို တစ်ချက် စောင့်ကြည့်ပါဦး ၊ အခု သူ ဝင်တာ က အောင်သွယ် နဲ့ ဝင် တဲ့ သဘော ပဲ ရှိသေးတာ ၊ မမကြီး ဘက် က မထူးခြား ဘူး ဆိုရင် သူ ကိုယ်တိုင် ဝင်လာပါ လိမ့်မယ် ၊ ယောက်ျားလေး တစ်ယောက် ဟာ ချစ်တယ် လို့ ကိုယ်တိုင် ပြော ပြီးရင် .. အဖြေ ကို လည်း ကိုယ်တိုင် လာ ယူ သင့်တာပေါ့ ”
မောင် က နည်းနည်းကလေး တင်း သော လေသံ ဖြင့် ပြောသည် ။
“ မမကြီး ဘက် က တစ်ခုခု ဆုံးဖြတ် ထားပြီးပြီ ဆိုရင် လည်း ရင် ထဲ မှာပဲ ထားဦးပေါ့ ၊ ကိုယ့် ဆုံးဖြတ်ချက် နဲ့ သူ့ အနေအထိုင် ကိုက် ရင်တော့ တစ်မျိုးပေါ့ ၊ ”
အောင် က တော့ စဉ်းစဉ်းစားစား ချင့်ချိန် ပြီး ပြောသည် ။ တစ်ခါက အောင့် ကို အောင်စံသိန်း ဆိုသော သွားကောလိပ် မှ ကျောင်းသားလေး တစ်ယောက် က လိုက်ဖူးသည် ။ အောင် က ခြောက်လ လောက် ထို ကောင်လေး လိုက် ပြီး မှ စကားပြန် ပြောခဲ့ပြီး အဖြေ ပေးဖို့ ရှစ်လ လောက် စောင့်ကြည့်ခဲ့ ၍ တစ်နေ့တွင် မြို့ထဲ အသွား အောင်စံသိန်း ကို ကု,လားမလေး တစ်ယောက် နှင့် လက်ချင်း တွဲ လျှက် တွေ့သည် ။ အောင်စံသိန်း တို့ က တော့ အောင့် ကို မတွေ့ ။
နောက်နေ့တွေ မှာ လည်း အောင်စံသိန်း သည် အောင့် ဆီ က အဖြေ ကို တောင်း နေဆဲ ပင် ဖြစ်သည် ။ အကယ်၍ အောင် ထိုနေ့က မြို့ ထဲ မသွားပဲ ထို ကောင်မလေး နှင့် အောင်စံသိန်း ကို မတွေ့ခဲ့ လျှင် အဖြေ က အိုကေ ဟူသော အဖြေ ကို ပေးဖို့ ဆုံးဖြတ်ပြီး သား ဖြစ်သည် ။ ဤ အဖြေ ကို သာ ထို လူ ရလျှင် အောင် နှင့် ကု,လားမလေး နှစ်ယောက် စလုံး ကို ပဲ ဆက် တွဲ မလား ၊ ဟိုဘက် ကို ပဲ ဖြတ်ပြီး အသစ် ရသော အောင် နှင့် ပဲ တွဲမလား ဆိုတာတော့ မသိ ။ ထို အတွေ့ကြုံလေးများ ရှိဖူး သဖြင့် တစ်ကြိမ် ပြဿနာ ရှိခဲ့ဖူးသော ကေသီတာ့ ကို သူတို့ ဝိုင်း အကြံပေး နေကြခြင်း ဖြစ်သည် ။
“ ကောင်းပြီလေ .. သူ့ ဘက် က ဘယ်လို ပြန် စ မလဲ ဆိုတာ သာ ကြည့် ရတာပေါ့ ”
ကေသီတာ က စိန် ခေါ် သလိုမျိုး ပြောသည် ။ ကေသီတာ သည် ထို စကား ကို အောင် တို့ မောင် တို့ ကျေနပ်အောင် ပြော တာလား ၊ သူ့ နှလုံးသား ကို သူ စိန်ခေါ် တာ လား မသိချေ ။ ထိုနေ့ က ပိုပို ထမင်း အတူ လာ စား သည် ။ ခဏကြာ တော့ မိုးယံစိုး ပါ ရောက် လာသည် ။ မိုးယံစိုး ၏ ဟင်း က လမ်းဘေး ဆိုင်ကလေးတွေ မှာ ရောင်းသော ပဲပုတ် ၊ ဂျူးမြစ်ကြော် တစ်ထုပ် ၊ မြေပဲ တစ်ထုပ် ၊ အာလူးကြော် တစ်ထုပ် နှင့် ကန်စွန်းရွက် ချဉ်ရေဟင်း .. ။
ကေသီတာ စိတ် မကောင်း ဖြစ် သွားသည် ။ ကေသီတာ့ ဟင်း က ရဲယိုရွက် နှင့် ငါးခူစင်းကော ၊ ငါးမုန့်ကြော် နှင့် ချဉ်ပေါင်ရွက် ချဉ်ရည်ဟင်း ဖြစ် သဖြင့် ကေသီတာ သည် ငါးခူစင်းကော ကို လည်း မိုးယံစိုး ကို ထည့်ပေးသည် ။ ငါးမုန့် တစ်ကောင် ကို လည်း ထည့် ပေးသည် ။ မိုးယံစိုး အားနာ နေမှာ စိုး ၍ ပဲပုတ်ကြော် ကို ယူ စားသည် ။ မြေပဲ ကို လည်း ယူ စားသည် ။
“ စား မိုးယံ အားမနာ နဲ့ ၊ ဒီနေ့ ချက် တာ မောင့် အလှည့် ၊ မောင် ချက်ပေး လိုက်တာ ၊ မကေတို့ အိမ် မှာ ဟင်းချက် အကောင်းဆုံး က မောင် ပဲ သိလား ”
ကေသီတာ သည် သုံးယောက် ထမင်းစား ရ သဖြင့် ပျော် နေဟန် ဆောင် ထား ရသည် ။ အမှန်တော့ ကေသီတာ သည် အစား စာ ကောင်းကောင်း မှန်မှန် မစားရသော မိုးယံစိုး ကို သနား နေ ခဲ့သည် ။ စီးပွားရေး က လည်း ကျ နေသော အမေ ၊ အမ ၊ ညီမတွေ က လည်း ဖဲ နှင့် နှစ်လုံး သုံးလုံး မှ လွဲ ၍ ဘာကိုမှ ဂရု မစိုက်သော အိမ် မှာ မိုးယံ သည် အစားသောက် ကို ဖြစ်သလို စားရပေ လိမ့်မည် ။ သူ ထည့်ပေးသော ဟင်းတွေ နှင့် အားရပါးရ စား နေသော မိုးယံ ကို ကြည့် ၍ ကေသီတာ သည် သနား လည်း သနား သည် ။ ပျော် လည်း ပျော် နေ မိသည် ။ စိတ် မကောင်းလဲ ဖြစ်နေ မိ ပြန်သည် ။
“ ဒီနေ့ ထမင်း စားလို့ ကောင်း လိုက်တာဗျာ ၊ မကေ ရဲ့ ညီမလေး မောင့် ကို ပြော လိုက်ပါ ၊ ကျေးဇူး အရမ်း တင်တယ်လို့ ”
“ မောင် က ပိုပို နဲ့ တစ်ခါ ဒီကို လာ ဖူးတယ် ၊ ပိုပို က ပဲ မိတ်ဆက် ပေးတာ ၊ အဲဒီတုန်းက မကေ က ဒီမှာ မလုပ်သေးဘူး ”
“ သြော် .. ”
စကား စ က ပြတ် သွားသည် ။ ပိုပို သည် မိုးယံ အကြောင်းတွေ ကို သူ့ ကို ပြောပြ သကဲ့သို့ သူ့ အကြာင်းတွေ ကို လည်း မိုးယံ ကို ပြောပြမှာပဲ ဟု ကေသီတာ သဘော ပေါက် သွားသည် ။ ဒါကို ဘာဖြစ်လို့ အစ ကတည်း က မတွေးမိ တာလဲ ၊ ကေသီတာ သည် တုံးစရာ ရှိလျှင် အဲဒီလို တုံး သော ငတုံးမလေး တစ်ယောက် ဖြစ်သည် ။
“ မကေ ”
မိုးယံ က ခေါ်သည် ။ မကေ က ခေါင်း ကို ညိတ် ၊ မိုးယံ ကို အသံတိတ် ပင် ပြန် ထူး လိုက်သည် ။
“ ကျွန်တော့် ကို မနှိပ်စက်ပါနဲ့ တော့ မကေ ရယ် ၊ ကျွန်တော် မကေ ကို အရမ်း ချစ်နေတယ် ”
ကေသီတာ ဘာမှ ပြန် မပြောနိုင် ။ ခေါင်း ကို ငုံ့ ၊ ထမင်းချိုင့် ကို သာ မဲပြီး ရေ သုတ်နေသည် ။
“ မကေ ကျွန်တော့် ကို ခပ်တန်းတန်း ဆက်ဆံတော့ ကျွန်တော် နေလို့ မပျော်တော့ဘူး ၊ ဘာတွေ ဆုံးရှုံး သွားမှန်း လည်း ကျွန်တော် မသိတော့ဘူး ၊ ကျွန်တော့် ကို အဖြေ တစ်ခု ခုတော့ ပေးပါ မကေ ”
“ ခပ်တန်းတန်း နေတာ မဟုတ်ပါဘူး ၊ တစ်ခါတုန်း က မိုးယံ ပြော သလို မိုးယံ ကို ခွာပြီး နေကြည့်တာပါ ၊ မိုးယံ နဲ့ တွေ့နေကြ မတွေ့ရင် ၊ အရင်လို ခင် နေကျ မခင်ရင် ဘယ်လိုများ နေ မလဲလို့ ”
“ ဘယ် .. ဘယ်လို နေလဲဟင် .. မကေ ”
မိုးယံ က သိလိုဇော နှင့် အတင်း မေးသည် ။ မိုးယံ ရင်ထဲ မှာ ရင်ခုန်သံတွေ တစ်ခု နှင့် တစ်ခု လု ၍ နေသည် ။
“ တစ်မျိုးပဲ .. ပြီးတော့ မပျော်ဘူး .. ”
“ ဟင် .. ဒါဆိုရင် .. မကေ .. မကေ .. ကျွန်တော့် ကို .. ”
မကေ လက်ဖဝါး ပေါ်သို့ နွေးထွေးစွာ အုပ်မိုး လာသော လက်တစ်မိုး သည် ရင်ထဲ တိုင် အောင် နွေးထွေး သွား သလို ခံစား လိုက် ရသည် ။အချစ် သည် ကြိုတင် စီစဉ်ထားသည့် များစွာသော အစီစဉ်များ ၊ တွက်ချက်မူများ ၊ တိုင်ပင် တွေးတောခြင်းများ ကို တစ်စက္ကန့် အတွင်း ချေဖျက် နိုင်စွမ်း ရှိသည့် ထူးခြားသော စွမ်းရည်ရှိ ခံစားမူ တစ်မျိုး ပင် ဖြစ်သည် ။
မိုးယံ က အဖြေ တောင်း လာ လျှင် စဉ်းစားဦးမည် ဟု ပြောထားပြီး အောင် ၊ မောင် ၊ ရီရီ တို့ နှင့် တိုင်ပင်မည် ဟူသော ကတိ ကို ကေ က ညီမတွေ ကို ပေး ခဲ့သည် ။ အခုတော့ ထို ကိစ္စ ကို ပင် သတိ မရတော့ ။ နွေးထွေးစွာ ဖြင့် တစ်ကိုယ်လုံး သို့ တစ်ရှိန်ထိုး စီးဆင်း သွားသော ရင်ခုန်သံ မှာ သူမ နစ်မျောသွားပြီ ဖြစ်သည် ။
“ ကေ .. မိုးယံ ကို ချစ်တယ်နော် .. ”
“ မိုးယံ ကို ပျော်စေချင်တာလည်း ပါတာပေါ့ ၊ မိုးယံ က ကေ့ ကို ကတိ ပေးစရာ တစ်ခု ရှိတယ် ”
“ ဘာလဲ ကေ .. ပြောလေ ၊ ဘာ ကတိ ပေးရမှာလဲ ၊ ပေးရမယ့် ကတိ က မိုးယံ အပြင်းအထန် ယုံကြည် ထားတာ မဟုတ်ရင် ချက်ချင်း ပေး နိုင်တယ် ၊ ယုံကြည်ထားတာ ဆိုရင်တော့ မိုးယံ ကို စဉ်းစားခွင့် ပေးရမယ် ”
ကေ ဘာ ကတိ လိုချင်လဲ ပြော ၊ ပေးမယ် ဆိုသော စကား ထက် အခုလို ပြော လိုက်သော စကား က ပို လေးနက်သည် ၊ မိန်းကလေး တိုင်း က အထင်ကြီး ကြသည် ဆိုတာ မိုးယံ သဘောပေါက် ပြီးသား ဖြစ်သည် ။
“ အမယ်လေး .. ယုံကြည့်ချက်တွေ ဘာတွေ နဲ့ အဲဒီလောက် ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး ၊ မိုးယံ ဘာလုပ်လုပ် ကေ့ ကို အသိပေး ပြီး မှ လုပ်ပါလို့ ပြောချင်တာပါ ”
“ အာ .. ဒါများ ကေရယ် ၊ စိတ်ချ ၊ အိမ်သာ တက်တာ နဲ့ ရှုးရှုး ပေါက်တာ က လွဲလို့ ကျန်တာတွေ ကေ မသိပဲ ဘာမှ မိုးယံ မလုပ်ပါဘူး ၊ ကျေနပ်ပြီလား ”
ဒီလိုနှင့် မိုးယံ နှင့် ချစ်သူ ဖြစ်ပြီး တစ်ပတ်လောက် အကြာတွင် မှ ကေသီတာ က အောင် နှင့် မောင် ကို ဖွင့် ပြောသည် ။ အောင် နှင့် မောင် တို့ စိတ်ဆိုး ကြသည် ။ ကေ သူတို့ ကျေနပ်အောင် မနည်း တောင်းပန်ရသည် ။ အဲဒီ အချိန် မှာ သူ ဘာကို မှ သတိ မရတော့ပဲ ဆေး မိ သူ လို ဖြစ်သွားကြောင်း ပြောပြ ရသည် ။
“ ဒါဆိုရင် ဒုတိယ ကတိ ကို တော့ မမကြီး သေသေချာချာ တည်အောင် ကြိုးစားရမယ် ”
“ ဘာ ကတိလဲ မောင် ၊ ဒီ တစ်ခါတော့ မကေ ကို ယုံပါ ၊ ပြော .. ပေးနိုင်တဲ့ ကတိ သာ ဖြစ်ပါစေ ၊ မကေ ပေးမယ် ”
ကေသီတာ က စိတ်အား ထက်သန်စွာ ပြောသည် ။
“ ချစ်သူ အဆင့် က နေ တစ်ခြား အဆင့် တစ်ခု ကို ပြောင်းမယ် ဆိုရင်တော့ ”
“ အိုး .. မဟုတ်တာ မောင် ရယ် ၊ မကေ က သူ့ ကို လက် တောင် မှ ပေး ကိုင်တာ မဟုတ်ပါဘူး ၊ မကေ ကိုယ် မကေ ကောင်းကောင်း ထိန်းသိမ်းနိုင်ပါတယ် ”
မကေ ၏ မျက်နှာမှာ နီရဲ ပြီး ညိုးနွမ်း သွားသည် ။
“ မောင် ကို့ စကားပြော လောမကြီးပါနဲ့ လို့ အောင် အမြဲတမ်း ပြောတယ်နော် .. မောင် ပြောချင်တာ က ဒီလို မကေ ၊ ချစ်သူ ဘဝ ကို ထား လိုက်တော့ ၊ မကေ က သူ့ ကို ဘယ်အထိ ရည်မှန်းထားလဲ ၊ အိမ်ထောင်ရေး အထိ လား ”
“ ဒါကတော့ သူ့ အပေါ် မူတည်တာပေါ့ ”
“ ဟုတ်ပါပြီ ၊ မကေ ဟာ ဣန္ဒြေ သိက္ခာ နဲ့ ပတ်သက်ရင် ဘယ်လောက် ထိန်းသိမ်းနိုင်တယ် ဆိုတာ ကို အောင် တို့ နားလည်ပါတယ် ၊ ကိုယ့် ဘက် က ထိန်းသိမ်းနိုင်မှ ကျန်တဲ့ ကိစ္စတွေ မှာ အထက်စီး က ပြောလို့ ရမှာ မကေ ၊ ကိုယ့် ဘက် က အမြဲ အသာစီး ရ နေဖို့ မဟုတ်ပါဘူး ၊ မကေ လည်း တစ်ခါ ကြုံပြီးသားပဲ ၊ အဲဒီ အဆင့် ကို ပြောင်းလဲမယ် ဆိုရင် အောင် နဲ့ မောင့် ကို တိုင်ပင်ပါ လို့ ကတိ တောင်းတာပါ ”
ကေသီတာ သည် သက်ပြင်း ကို ချ လိုက် မိသည် ။ သူ့ ညီမတွေ ပြောသော စကား ကို သူ ကောင်းကောင်း သိ ပါသည် ။ သူ့ ကို နယ် မကျွံမိစေရန် ပြောနေကြခြင်း ဖြစ်သည် ။
“ အောင် နဲ့ မောင် က မကေ ကို အဲဒိလောက်ထိ အထင်သေး သလား ”
“ အထင်သေး လို့ မဟုတ်ဘူး မကေ ၊ မောင် က ချစ်သူ ရှိပြီးသား လူ ဆိုတော့ သိတယ် ၊ မိုးယံစိုး ဟာ ကိုနိုင်ဝင်းထွန်း လို လူမျိုး မဟုတ်ဘူး ၊ ခြေသွက် လက်သွက် ရှိလို့ သတိ ပေးတာ ”
ချက်ချင်း အောင် က မောင့် ကို လှမ်း ကြည့်သည် ။
“ မကြည့် နဲ့ အောင် ၊ မောင် က ပြောစရာ ရှိရင် ပွင့်ပွင့် လင်းလင်းပဲ ပြောတတ်တာ ၊ စေတနာ နဲ့ ပြောတဲ့ စကား ကို စေတနာ လို့ မမြင်ပဲ မိုးယံစိုး ကို ဒီလို ပြော လို့ မောင့် ကို စိတ်ဆိုးတယ် ဆိုရင်လည်း ဆိုး ပစေတော့ ”
ကေသီတာ မှာ မျက်နှာညိုး ရုံ မက မျက်နှာပါ ပျက် သွားသည် ။ ကိုယ့် ချစ်သူ ကို တော့ ဒီလို အပြော မခံချင်တာ အမှန်ပင် ဖြစ်သည် ။ စေတနာ ပါသော စကားသည် မချိုပေ .. ဆိုသော စကားပုံ ကို လည်း ကေသီတာ သိ ပါသည် ။ ကေသီတာ့ ရင် ထဲ မှာ မိုးယံ အတွက် ဝမ်းနည်း သွားသည် ။
“ ကောင်းပါပြီကွာ ၊ အောင် နဲ့ မောင် ကို ကတိ ပေးပါတယ် ၊ ဒီ ကတိ ကို မကေ အသက် နဲ့ အတူ ထိန်းသိမ်းပါ့မယ် ”
◾နီကိုရဲ
📖 မွေးစားသမီး
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment