❝ အချစ် လား အပြင် မထွက်ရ ❞
ဒီ ဓလေ့ကြီး ကို ဘယ်တုန်း က စ , ခဲ့တာလဲ ။ ဘယ်သူ က စ , ခဲ့တာလဲ ။ ဘာ ရည်ရွယ်ချက်လဲ ။ ကျိန်စာ တိုက်ခဲ့တာလား ။ သစ္စာ ဆိုခဲ့တာလား ။ ဘယ်သူ က မှ တိတိကျကျ မပြောနိုင်ကြပေမဲ့
ဘိုးဘေးဘီဘင် လက်ထက် က နေ အခု ထိ အပျက်အစီး မခံ ၊ မကျိုးပေါက် စေဘဲ ဆက်လက် လိုက်နာ ကျင့်သုံး နေကြတာ အံ့တော့ အံ့သြစရာပဲ ။ တစ်ပြည်လုံး မှာ လည်း ဒီ စနစ်မျိုး ကျင့်သုံး နေတာ ဒီ တစ်ရွာ ပဲ ရှိမယ် ထင်ပါ ရဲ့ ။
••••• ••••• •••••
“ ဝင်းစိုး ” က မြို့ကလေး ရဲ့ အရှေ့လက် မှာ နေ တာ ။ “ ချိုချို ” က မြို့ကလေး ရဲ့ မြောက်လက် မှာ နေတာ ။ သူတို့ နှစ်ဦး စလုံး အပျံသင်စ အချစ်ငှက်ငယ်လေးတွေ ပီပီ အမြင့် ပျံ ကြည့်လိုက် ၊ လေဟုန် စီးလိုက် ၊ စမ်းရေ သောက်လိုက် ၊ တေးသီလိုက် နဲ့ လောကကြီး ကို ရင်တဖိုဖို နဲ့ လေ့လာ နေဆဲ မြို့ကလေး ရဲ့ “ ရွှေစည်းခုံ ” ဘုရားပွဲတော်ကြီး မှာ အချစ် ဝိညာဉ်လေး နှစ်လွာ သမုဒယ နှောင်ကြိုးမျှင် မှာ ရစ်ပတ် မိ သွားကြတော့တယ် ။ အချစ် ဆိုတာ တေးသံ အားလုံး ထက် ချိုတယ် ။ အချစ် ဆိုတာ ဆောင်းတွင်း လေ ထက် အေးမြတယ် ။ အချစ် ဆို တာ နှောင်ကြိုး အမျိုးမျိုး ထက် ခိုင်မြဲစွာ ချည်နှောင် တတ်တယ် ။ အချစ် ဆိုတာ ... ။
အချစ် ဆိုတာ ... သူ့ ထက် ပိုတာ ၊ ကဲတာ ဘာမှ မရှိဘူး ဆိုတာ ငှက်ကလေး တွေ သိ သွားပြီ ။ ဘုရားပွဲ ဆို တာ တစ်နှစ် မှ တစ်ခါရယ် ။ တစ်စက္ကန့်လေး တောင် မခွဲ ချင်တဲ့ ခုလို အချိန် မျိုး မှာ သူတို့ နှစ်ဦး စလုံး အဖို့ ကြာ လေ ဝေဒနာ တိုး ဖို့ သာ ရှိတယ် ။ လုံးဝ တစ်နှစ်ကြီး မစောင့် နိုင် ဘူး ။ ဒီတော့ မြို့ကလေး မှာ တွေ့ ဖို့ ချိန်း ကြတယ် ။ ချိုချို က အိမ် က ထွက် ဖို့ ဈေး ဝယ် တာ ၊ အင်္ကျီ အပ်တာ ၊ ဆံပင် ကောက် တာ အကြောင်း ပြ တယ် ။ ချိုချို ဆီ က မီးစိမ်း ပြ ရင် ဝင်းစိုး က သူ့ အသိ အိမ် က အရန်သင့် စောင့်တယ် ။ သူတို့ အဖို့ လောကကြီး မှာ နှစ်ယောက် တည်း ရှိတယ်လို့ ထင်တယ် ။ ရေ ရှား တဲ့ သဲကန္တာရ အလယ် မှာ ဖြစ်ပါစေ ၊ ရေခဲ တဲ့ ဧဝရက် တောင်ထိပ် လို့ ထင်တယ် ။
ဝင်းစိုး က ရှစ်တန်း နဲ့ ကျောင်း ထွက်ပြီး သူ့ ဦးလေး ရွာ က ထွက်တဲ့ လူစီး ကုန်ကားကြီး မှာ ကား နောက်လိုက် လုပ် နေတာ ဆိုတော့ မြို့ ကို ဥပုသ်ရက် က လွဲလို့ နေ့တိုင်း လိုလို ရောက်တယ် ။ မြို့ ကို ကိုးနာရီ လောက် ရောက် ပြီး ညနေ သုံးနာရီ လောက် မှ ပြန် ထွက် တာ ဆိုတော့ အချိန် အားတွေ များတယ် ။ ကားစပယ်ယာ ပီပီ အသိအကျွမ်း များ သလို မြို့ကလေး ကို ခါးစောင်း တင်ထားနိုင်တယ် ။ ချိုချို က တော့ လေးတန်း လောက် နဲ့ ကျောင်း ထွက်ပြီး ရွာသူ ပီပီ နွားကျောင်း ၊ ဆိတ်ကျောင်း ၊ ပဲဆွတ် ရင်း နဲ့ အပျို ဖြစ် လာတာပါပဲ ။
အုန်းသီး ထဲ ကို အုန်းရည် အလို လို ရောက်လာ သလို ချိုချို လည်း သူ့ အလိုလို အပျိုရည် ၊ အပျိုသွေး ပြည့် လာတယ် ။ အချစ် မှာ ဆရာ မလို သလို သူတို့ နှစ်ယောက် စလုံး မှာ လည်း အချစ် သင်ခန်းစာတွေ အလိုလို တတ်မြောက် သွား ကြတယ် ။ အချစ် ပင်လယ် က အကျယ်ကြီး လေ ။ သူတို့ ကမ်းမမြင် လမ်းမမြင် ကူးကြလေရဲ့ ။
••••• ••••• •••••
“ ဟဲ့ ကောင်မ ၊ လာ စမ်း ။ လူ က ဖြင့် နို့နံ့ မစင်သေး ဘူး ၊ လင် ထောင် နေပြီ ဆို ။ ပြောစမ်း ၊ ပြောစမ်း ။ ဘယ်သောင် ဘယ်ကမ်း ဆိုက် နေ သလဲ ။ မီးနေခန်း ပြင်ရတော့ မလား ဟင်း ”
မြို့ မှာ ချိုချို တို့ ချစ်စခန်း ဖွင့် နေတဲ့ သတင်း ကို ဘွားအေကြီး သိ သွားတဲ့ အခါ ဒေါသတွေ ထိပ် တက် ပြီး ရွာသူ ပီပီ ပက်ပက်စက်စက် ဆူဆဲတယ် ။
“ ချိုချို ရွယ်တူ သူငယ်ချင်းတွေ လင်ယူ သားမွေး နေ ကြတာ အဘွား လည်း သိသား နဲ့ ။ အခုမှ ချိုချို က ရည်းစားလေး ထား တဲ့ ဥစ္စာ ”
သူ့ အဘွား ဆူ ကတည်း က မျက်ရည် ကျ နေတဲ့ ချိုချို က ငိုသံ ရှိုက်သံ ဗလုံးဗထွေး နဲ့ ...
“ တစ်နေ့ လာ သူများ ဆိတ် အငှား ကျောင်း ၊ သူများ ပဲခင်း အငှား လိုက် နဲ့ ပြောင်ပြောင် ရောင်ရောင် မရှိ ။ ဘဝ ကြီး ပျင်းလွန်း လို့ အဖော် ရှာ တဲ့ ဥစ္စာ ” လို့ ဆက် ပြောတယ် ။ ဘွားအေကြီး ခမျာ ဆင်းရဲ နေတာ ကို မေ့လျော့ နေရာ က မြေး က ဆင်းရဲ မှု ခံစားချက် ကို ဖွင့် ပြောတာ ခံ လိုက် ရတော့ ဒေါသ ထက် ကြေကွဲ သွားရ ပြန်ပါရော ။ ဘွားအေကြီး လည်း ရင် ထဲ ဆို့ သွားရင်း ပခုံး ပေါ် က တဘက်ကလေး နဲ့ မျက်ရည် သုတ် ရှာတယ် ။ ဒေါသ ကို သိမ်း ပြီး မြေးမလေး ချိုချို ကို သူ့ အနား မှာ ထိုင် ခိုင်းတယ် ။
“ မြေးလေး ရယ် ... သီး ချိန်တန် သီး ၊ ပွင့်ချိန်တန် ပွင့် ဆို တာ အဘွား သဘောပေါက်တယ် ။ ဒါပေမဲ့ ပဝါပါး ကြက်သား ထုပ် တော့ စွန်းတတ် သတဲ့ ။ တစ်ရွာသား ရည်းစား လုပ်တော့ လွမ်းရသတဲ့ ၊ ညည်း ကြားဖူးတယ် နော် ”
ချိုချို က ခေါင်းညိတ် တယ် ။ သူ လည်း မျက်ရည် ကို အထက်ဆင်စ နဲ့ သုတ် တယ် ။ စိတ် ထဲ က တော့ တစ်ရွာ သား ရည်းစား မလုပ်ဖို့ ဆို တဲ့ ဓာတ်ပြားဟောင်းကြီး လာပြန်ပြီ လို့ အောက်မေ့ နေ တယ် ။ သူငယ်ချင်းတွေ က လည်း “ ကောင်မ ၊ တစ်ရွာသားများ ယူမယ် စိတ် မကူး နဲ့ နော် ” ဆိုတဲ့ စကား မကြာ မကြာ ပြော ကြသား ။ “ ဘာ ဖြစ်လို့လဲ ” လို့ ပြန် မေး ရင်တော့ ရေရေရာရာ မဖြေနိုင်ကြဘူး ။ အခု အဘွား က ဒီ စကား ကို စ , ပြန်ပြီ ။
တစ်ရွာသား မယူရဘူး ဆိုတော့ ကိုယ့် ရွာသား ကို ယူ ဆိုတဲ့ သဘောပေါ့ ။ ဟုတ်ပါပြီ ။ ကိုယ့် ရွာသား ကို ယူဖို့ ရှာပေးကြလေ ။ ဘယ်မှာ များ လူပျို လူလွတ် ကျန်သေးလို့လဲ ။ သူ့ ဟာ နဲ့ သူ ဘက်စိ ။ နောက်ပြီး သူ ပဲ နုတ် ၊ ကိုယ် ပဲ နုတ် ။ သူ ဆိတ်ကျောင်း ၊ ကိုယ် ဆိတ်ကျောင်း နဲ့ ဒီ ဘဝ ကောင်းစားစရာ မမြင် ။ နောက်ဆုံးတော့ အဲဒီလို ထွက် ပေါက် မရှိလို့ ထင် တာပါပဲ ။ ရွာ ထဲ မှာ မယားပြိုင်တွေ များ လာတာ သတိ ထား မိ တယ် လို့ ချိုချို အရှည်ကြီး တွေး နေ မိတယ် ။
အဘွား အနား မှာ ထိုင် နေ ရတာ ကြာပြီ ။ အဘွား ဆီ က ဘာ စကား မှ ထွက် မလာသေးဘူး ။ အဘွား ရဲ့ မျက်လုံး မှုန်မှေးမှေး တို့ မှာ မျက်ရည်တို့ ဝေ့သီ နေ လေ သလား ၊ ပြော ရ မယ့် စကား အတွက် ရင်ဆို့ ရှာလေ သလား ။ နောက်ဆုံး မှာ တော့ ...
“ ပြောမှ သိမှာ ဆိုတော့ အဘွား ပြောပြပါတော့မယ် မြေးလေးရယ် ”
သက်ပြင်းရှည်ကြီး ချ လိုက် ကာ ဒီလို ကလေး ရဲ့ လို့ အစ ချီပြီး လွမ်းမောဖွယ် အတိတ်ဇာတ်ကြောင်း ကို ပြောပြတယ် ။
“ အဘွား မှာ လည်း သမီးလေး တစ်ယောက် ရှိ တယ် ။ ဖတဆိုးလေး ဆိုတော့ အလို လိုက်ရတာပေါ့လေ ။ အဲဒီ ငါ့ သမီး မိအုန်းမြ လည်း ထုံးစံ အတိုင်း လေးတန်း အောင် တာ နဲ့ ကျောင်းထွက် အိမ် လုပ်ငန်း ၊ ယာလုပ်ငန်း လုပ် ရင်း အပျို ဖြစ် ကြတာပါပဲ ။ အဲဒီမှာ ဒီ ရွာ ရဲ့ ဓလေ့ က ရှိပြီး သား ဆိုတော့ ကိုယ့် ရွာ မိန်းက လေး တခြား ရွာ ကို ပါ မသွား ရင် ပြီးတာပဲ ။ ရွာ ထဲ အချင်းချင်း က တော့ စိတ်ချ ကြတယ် ။ ဖြစ် ရင် လည်း သိပ်ပြီး ရေးကြီး ခွင်ကျယ် လုပ်နေကြတာ မဟုတ်ဘူး ။ အဲဒါကို မိအုန်းမြ က ရွာလွန် ရွက်တိုက် ပြီး မြစ်ဝ ကို ဖောက် ထွက်တယ် ။ ထွက်မယ့် ထွက်တော့ ဘယ်သူ မှ မထင်တဲ့ အပေါက် က ထွက် တာလေ ”
“ ဘယ်လိုလဲ ဆို တော့ ရွာစဉ် လှည့်ပြီး “ သံတိုသံစ ၊ ကြေးတိုကြေးစ ၊ ပလတ်စတစ် ပစ္စည်းဟောင်းတွေ ဝယ်တယ် ” ဆိုတဲ့ ပခုံးထမ်း အဟောင်းဝယ် တဲ့ ကောင် နဲ့ ချိတ် မိ တယ် ။ ဘယ် အချိန် ၊ ဘယ် ကာလ က ငြိ နေကြတာလဲ အဘွား တော့ မသိပါဘူး ။ အဲဒီ ကောင်လေး နောက် ကို ပါ သွားမှ ပဲ သိရ သပ ။ အဘွား က ရှေ့ မှာ စားဖို့ သောက်ဖို့ ရှာတုန်း သင်း က ခြေပုန်း ခုတ် သွားသလေ ။ အဘွား မှာ ရင်ကွဲ ကျန်ခဲ့တာ ပဲ ။ ဒါပေမဲ့ ဘာတတ်နိုင် မလဲ ။ ရွာ့ ထုံးစံ အတိုင်း တစ်ရွာသား ယူ တဲ့ စုံတွဲ ဟာ ရွာ အရိပ် ကို မနင်းရ တော့ဘူး ။ သာရေး ရှိလို့ မိစုံဖစုံ ကန်တော့ချင် လို့ ပါ ဆိုလည်း ရွာ ထဲ အဝင် မခံဘူး ။ နာရေး ရှိလို့ မျက်ရည်ပေါက်ကြီးငယ် ကျ ပြီး ပြော လည်း ရွာ ထဲ အဝင် မခံ တော့ဘူး ။ ပြတ်သားကြ တယ် ။ ညီကြတယ် ဟေ့ ။
“ အခုလည်း မိအုန်းမြ ကို အဘွား အများကြီး ချစ်ခဲ့ ပေမဲ့ ဒီ တစ်သက် မျက်နှာ ချင်း ဆုံစရာ မရှိတော့ဘူးဆို တာ သိထားလို့ အဘွား မေ့နိုင်အောင် ကြိုးစား ရတာ ပေါ့ ။ ရင်ထဲ မှာ ဆို့နင့် နေတာ ကြီးကတော့ တော်တော် နဲ့ ဘယ် ပျောက် နို င် မလဲ ။ အင်း ... အဲဒီလို အဘွား မှာ ကိုယ့် ဒေဝနာ ကို ကိုယ် ကြိတ် မှိတ် ဖြေဖျောက် နေတုန်းမှာပဲ ဘဝ ရဲ့ အလှည့်အပြောင်း က ဖြစ်လာ ပြန်ရော ။ အဲဒါက တော့ မိအုန်းမြ တစ်ယောက် မွေးလု မွေးခင် ဗိုက်ကြီး တစ်ခွဲ သား နဲ့ ရွာထိပ် က ဇရပ် မှာ ရောက် နေတယ် ဆိုတဲ့ သတင်း အဘွား ကြား လိုက်ရတာပဲ ”
“ အဘွား က အမေ လေ ။ ကိုယ့် သမီး မျက်နှာလေး ကို ပုံဖော်ပြီး လွမ်းနေရာ က အခု ရွာ အပြင်ဇရပ် မှာ ရောက်နေပြီ ဆိုတော့ ဝမ်းသာဝမ်းနည်း နဲ့ အပြေး သွား မိတော့တယ် ။ အဲဒီ ဇရပ် ဆိုတာ က တခြား ရွာ တွေ က ဇရပ် ထက်တော့ သပ်ရပ်မှု ၊ သန့်ရှင်းမှု ပိုတယ် ဟဲ့ ။ ဇရပ် က လူ တစ်ထိုင် အလွတ် အမြင့်လေး ကို အသားပြားတွေ ခင်းထား ၊ မျက်နှာ သုံးဖက် ကို ခါးပြတ်လေး ကာ ထား ပေး သေးတယ် ။ အဲဒီလို ကိုယ့် ရွာ ဇရပ် ကို သပ်သပ်ရပ်ရပ်ကလေး လုပ် ပေးတာ က လည်း ဒီလို ရွာနှင်ဒဏ် ပေးခံထား ရတဲ့ မိသားစု အချင်းချင်း တွေ့ဆုံ နိုင်အောင်လို့ ပေါ့ ။ ရွာ ထဲ အထိတော့ ဝင် မလာနဲ့ ။ အဲဒီမှာ ပြောကြ ဆိုကြ ရှင်းကြ ။
“ အခု လည်း ဇရပ် ပေါ် မှာ သားအမိ နှစ်ယောက် တွေ့ ကြပါရဲ့ ။ သင်း ( ဒင်း ) မှာ အာဟာရ ပြတ်လပ် နေတဲ့ ပုံ ။ လူရုပ် မပေါ်တော့ဘူး ။ တစ်ကိုယ်လုံး မှာ ဗိုက် က ပဲ ထည် နေတယ် ။ သင်း ရဲ့ ယောက်ျား လည်း ခွေးကိုက် ခံရတဲ့ ဒဏ်ရာ က မန်း ဝင်ပြီး ဆုံးပြီ တဲ့ ။ အဲဒီနောက် ယောက္ခမ နဲ့ အဆင်မပြေ ဖြစ်ရာက အိမ် က နှင်ချ လိုက်လို့ အမေ့ ဆီ လာခဲ့ တာ ။ ဟောဒီ ဗိုက် မွေးပြီး ကျုပ် သေပျော်ပါပြီ လို့ ပြော ရှာတယ် ။ ငါ့ သမီး အရင်း အေ ၊ အခုလို သေကောင်ပေါင်းလဲ ဖြစ်နေတာကြီး ကို ငါ့ အိမ် ခေါ် ပြီး ကောင်းကောင်း ကျွေး ၊ ကောင်းကောင်း ပြုစုချင် လိုက် တာ ။ မိဘ စကား နားမထောင် ဘဲ ကိုယ့်လှေ ကိုယ်ထိုး ပဲခူး ရောက်ရောက် ဆိုတဲ့ ကောင်မ အခု တက်ကျိုး ၊ ရွက်ကျိုး ပြီး နောင်တ တွေ တနင့်တပိုး နဲ့ ပြန်ရောက် လာ တာလေ ”
“ ဒါပေမဲ့ ဘယ်သူ မှ ဘာမှမတတ်နိုင်ဘူး ။ ရွာ ဓလေ့ကို မသိလို့ မဟုတ်ဘူး ။ သိသိကြီး နဲ့ ဖောက်ဖျက်တာလေ ။ ဒီတော့ ကြုံလာသမျှ ဒုက္ခ ကို လည်း ငုတ်တုတ် ခံ ကြရုံပေါ့ ။ မိအုန်းမြ ဆုံးတဲ့ ည ကို အခု ပြန်တွေးရင်း အခု သွေးပျက် ချင်တယ် ။ ဇရပ် ပေါ် မှာ ငါတို့ သားအမိ နှစ်ယောက် တည်း အေ ဖယောင်းတိုင် မီးမှုန်မှုန်လေး အောက် မှာ သူ့ ဗိုက် ထဲ က ကလေး ကို ရှိသမျှ အားလေးနဲ့ ညှစ် မွေး နေ ရှာတာ ။ အသံ တောင် မထွက် နိုင်တော့ဘူး ။ ကလေး အပြင် ရောက် လို့ ငိုသံလေး လည်း ထွက် လာရော သင်း လည်း အရုပ်ကြိုးပြတ် အသက် ပါ ထွက် သွားတာပဲ ။ အဲဒီ အမိုက်
မကြီး မိအုန်းမြ ငါ့ ကို ကျေးဇူး ဆပ် သွားတာ က နင်လေ ၊ နင် ဟဲ့ ဟီးဟီး ... ။ မိအုန်းမြ က နင့်အမေ ဟဲ့ မိချို ရဲ့ ။ အခု နင် က လည်း ငါ့ ကို ကျေးဇူး ဆပ် ဦး မလို့လား ဟဲ့ ... ဟီးဟီး ... ”
••••• ••••• •••••
ချိုချို ရဲ့ အဘွား က ဆွေးဆွေးမြည့်မြည့် ငို ရှာတယ် ။ ကူညီဖေးမမယ့် သူ မရှိ တဲ့ ဇရပ် ပေါ် က ကြေကွဲစရာ ညကလေး ဟာ အဘွား သေရာ ပါတော့ မှာ ပါ ။ ချိုချို ငယ်ဘဝ ကတည်း က ကြားခဲ့ဖူးတဲ့ ဒဏ္ဍာရီ လိုလို ၊ ပုံပြင် လိုလို ကို လည်း အခုတော့ အဘွား ကိုယ်တိုင် မျက်ရည် နဲ့ သက်သေ ပြခဲ့ပြီမို့ အမေ့ ကို သနားလိုက်ပါဘိ ။ အများနဲ့ မတူတဲ့ ဒီ ဓလေ့ ထုံးစံကြီး ကို ငါတို့ ရွာ က ဘာကြောင့် ကျင့်သုံး နေရ သလဲ ။ ဒါကြီး ကျင့်သုံး နေ တော့ ရွာ အတွက် ဘာ အကျိုး ကျေးဇူးတွေ ရှိသလဲ ။ ဘာတွေ တိုးတက်မှု ရှိသလဲ ။ ချိုချို မျက်စိ ထဲ မှာ ဘာ တိုးတက်မှု မျှ မမြင် ။ ဟိုး အရင်က လိုပဲ မြေကြီး ယက်ပြီး ရှာ စား နေရတုန်း ၊ မသေ ထမင်း ၊ မသေ ဟင်း နဲ့ ဘဝတွေ ကို ဆွဲ ဆန့်နေရတုန်း ။
အမေ သေ ရတာ ကို လည်း ချိုချို မကျေနပ် ။ အမှန်တကယ် ဆိုရင် သတို့သားရွာ ၊ သတို့သမီးရွာ မစိမ်းကား ဘဲ နှစ်ရွာ တစ်ရွာ ကူးလူး ဆက်ဆံ နေ ကြရင် ဒီလောက်ကြီး အထိ ခြေလွန် လက်လွန် ဖြစ်ကြမယ် မထင် ။ အခုတော့ အဖေ သေတာ ကို လည်း မသိ လိုက်ကြ ၊ အမေ နဲ့ ယောက္ခမ အဆင် မပြေတာလည်း မကြား လိုက်ကြဘဲ သေခါနီး ဇရပ် ပေါ် ရောက် လာ မှ အဘွား သိ ရှာတယ် ။ ဒီတော့လည်း ဘယ်သူ က မှ ဆေးဖော် ကြောဖက် မလုပ် ။ ကူညီပံ့ပိုးမှု လည်း မရှိ ။ ဒါကြောင့် လည်း ပတ်ဝန်းကျင် ရွာတွေ က ပါ ဒီရွာ ဆိုရင် ခပ်ရွံ့ရွံ့ ရှိကြတာ ထင်ပါရဲ့ ။ နောက်ဆုံးမတော့ အဘက်ဘက် က အောက်ကျ နောက်ကျ ဖြစ် ကျန်ခဲ့တယ် ။ ကြာတော့ သင်းတို့ တစ်ရွာလုံး အစိုဓာတ် ရှိရာ တိုးရင်း တိုးရင်း သဲထဲ နစ်မြုပ် သွား ရှာ တဲ့ “ သဲဖား ” တွေ လို အရေအရောင် ကင်းမဲ့ လာကြပြီ ။
ချိုချို ဒီ ရွာ က ထွက်ဖြစ် အောင် ထွက်မယ် လို့ ဆုံးဖြတ် လိုက်တယ် ။ ဝင်းစိုး ရွာ ကို လည်း မလိုက်ဘူး ။ မြို့ပေါ် မှာ သင့်တော်တဲ့ အိမ်ကလေး တစ်လုံး ရှာ ခိုင်းပြီး နေကြမယ် ။ အဘွား ကို လည်း မြို့ ပေါ် ကို ခေါ် ထားမယ် ။ ပုံးရည်ကြီးချက် ၊ သဲဖားကြော် ကို အကောင်း လုပ် စားနေရတဲ့ အဘွား ကို ခေါက်ဆွဲကြော် ၊ ဒံပေါက် ၊ နတ်သုဒ္ဓါတွေ ကျွေးလိုက်ဦးမယ် လို့ စိတ်ကူး ထဲ မှာ အစီအစဉ်တွေ ဆွဲပစ် လိုက်တယ် ။
“ ကိုစိုး က လည်း အတူတူ နေချင်ပြီ ပြော နေတာ ကြာပြီ ။ အခြေအနေ က မိသားဖသား ပီပီ လာ တောင်း လို့ ရမှာ မှ မဟုတ်တာ ၊ ငါ က ထွက် လိုက် ရုံပဲ ” ။ ချိုချို က ဝင်းစိုး ကို တော့ ယုံတယ် ။ ထဘီ ၊ အင်္ကျီစ ၊ ဖိနပ် ၊ မိတ်ကပ်ဘူး နဲ့ ချိုချို ကို သူ ဝယ် ပေးထားတာတွေ နည်းရော့ လား ။ တွေ့ကြပြီးလို့ “ ပြန် တော့မယ် ” ပြော ရင် မျက်နှာ က မကောင်းဘူး ။ ဘယ် တော့ မှ ရှောရှောရှူရှူ ပြန် ခွင့် မပေးဘူး ။ “ အတူတူ နေချင်ပြီ ချို ရယ် ” ဆိုတာ အမြဲ ပြော တယ် ။ ချိုချို က သာ ဘွားအေကြီး တစ်ယောက် တည်း ထားခဲ့ ရ မှာ ငဲ့ နေ မိလို့ ရယ် ။ အခု တော့ ဘာမှ ဆိုင်း လို့ မရတော့ ဘူး ။ ဘယ်သူမှ တားလို့ မရ တော့ဘူး ။ သူ့ မှာ အပျိုရည် အပျိုသွေး ပျက်ခဲ့ပြီ ဖြစ်သလို
အခု ပန်း ပျောက် ခဲ့ပါပြီကော ။ ဒါဆိုရင် ငှက်မလေး အသိုက် ရှာ ချိန် ရောက်ခဲ့ပြီပေါ့ ။ ဟုတ်တယ် ။ ချိုချို တစ်ယောက် အသိုက် တစ်ခု သေသေချာချာ ရှာပေတော့မယ် ။ ဒါကြောင့် လည်း သူ ဝင်းစိုး နောက် ကို လိုက်ဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ် ခဲ့တယ် ။ အဘွား လည်း သိပြီးသား ဆိုတော့ ဒီ တစ်ခေါက် အဘွား ကို ဝင်းစိုး ဆီ သွားမလို့ , လို့ ဗြောင် ဖွင့် ပြော လိုက်တယ် ။ ရွာ က နေ မြို့ ကို သွားဖို့ က တော့ ထုံးစံ အတိုင်း “ အမောင် ” ကို ပဲ သူ့ ဆိုင်ကယ် နဲ့ ပို့ ခိုင်း ရ မှာပေါ့ ။
“ အမောင် ” က ဆယ်တန်း ကျ ပြီး ကျောင်း ထွက် ထား တဲ့ ကလေး ။ “ ဇ ” က တော့ မသေးဘူး ။ မိန်းမ ယူ ပြီးပြီ ။ အခု ထိတော့ ပွဲစား လုပ် မလိုလို ၊ နှစ်လုံး သုံးလုံး ရောင်း မလိုလိုနဲ့ ဘာမှ မ လုပ်သေးဘဲ ဆိုင်ကယ် တစ်စီး နဲ့ ဝေ့ တုန်း ။ ချိုချို နဲ့ တော့ မောင်နှမ ဝမ်းကွဲ တော် တာပေါ့ ။
အရင် ခေါက်တွေ ချိုချို မြို့ ကို သွား ရင် လည်း သူ ပဲ လိုက် ပို့တာ များတယ် ။
“ မချို ကားဂိတ် ကို ပဲ မဟုတ်လား ”
သူတို့ ဆိုင်ကယ် မြို့ ကို ရောက်တော့ ဆယ်နာရီ လောက် ရှိပြီ ။ ချိုချို ဆီ က “ အေး ” လို့ စကား ပြန် တာ နဲ့ အမောင် လည်း ဈေးနား က ဝင်းစိုး တို့ ရွာကား ဆိုက်နေကျ ကားဂိတ် ကို မောင်းတယ် ။ ဝင်းစိုး တို့ ကား ရောက်နေပါပြီ ။ ဒါပေမဲ့ ဝင်းစိုး ကို မေး တော့ “ သူ ဒီနေ့ မလိုက်ဘူး ” တဲ့ ။ ပြဿနာ က အရေးကြီး နေပါတယ် ဆို မှ ကိုစိုး က ပါ မလာတော့ ချိုချို ရင် မော သွားတယ် ။ ဘာပဲ ဖြစ်ဖြစ် ပျော်စရာ သတင်းလေး ပြောပြီး ချစ်ဗိမာန်လေး တည်ဆောက်ဖို့ သူ နဲ့ တွေ့ မှ ဖြစ် မှာ မို့ ထွက်လာ လက်စ နဲ့ တစ်ခါ တည်း တွေ့ချင်တယ် ။ ဒါကြောင့် ဝင်းစိုး တို့ ရွာ ကို ဆက် လိုက်ဖို့ ဆုံးဖြတ်ပြီး အမောင့် ကို တိုင်ပင် တော့ လည်း အမောင် က အဲဒီ ရွာ ကို သူ သိတယ် ၊ လိုက်ပို့ မယ် တဲ့ ။ သူတို့ ဆိုင်ကယ် ခရီး ဆက်ကြ ပြန်တယ် ။
“ ဟဲ့ ... အမောင် ၊ နင့် ကောင်မလေး သူ့ ရွာ ပြန်သွားပြန်ပြီ ဆို ”
“ အေးဟ ၊ မိသန်းဆင့် က အခြေ က ခပ်ကြီးကြီး ရယ် ။ တစ်ဆိတ် ရှိ ပြန်သွားချေရဲ့ ”
ဆိုင်ကယ် နောက် က ချိုချို ရဲ့ အမေး ကို အမောင် က အလိုမကျတဲ့ အသံ နဲ့ ဖြေတယ် ။ ( သူတို့ ရွာ က မိန်းကလေးတွေ သာ တခြား ရွာသား ကို မယူရတာ ။ ယောက်ျားလေးတွေ တော့ တခြား ရွာသူတွေ ကို ယူခွင့် ရှိတယ် ) ။ အမောင် က သူ အလုပ် ကောင်းကောင်း မလုပ် လို့ စကား များ ကြတာ ၊ ရန်ဖြစ်ကြတာ ကိုတော့ ထည့် မပြောဘူး ။ မိန်းမ အိမ် က ဆင်း သွားတာကို ခွေးကလေး ၊ ကြောင်ကလေး ဆင်းသွား သလို သူ့ စကားသံ က သံယောဇဉ် နည်းလွန်း ၊ ပေါ့ပျက်ပျက် နိုင် လွန်းတယ် ။ ဆိုင်ကယ် ကို လမ်းမကြီး အတိုင်း ဆယ်မိုင် လောက် မောင်းပြီး ဇီးပင်ကန် လမ်းခွဲ က ညာဘက် ထဲ ကို သဲလမ်း အတိုင်း ငါးမိုင် လောက် ဝင်ရ သေးတယ် ။
သူ တို့ နှစ်ယောက် ဝင်းစိုး တို့ ရွာ ကို ရောက်သွား တယ် ။ ဝင်းစိုး နဲ့ လည်း ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ပါ တယ် ။ ချိုချို တို့ အိမ် အပြင် က အသံ ပေး လိုက်လို့ ဝင်းစိုး ထွက် လာ ကတည်း က သူ့ ပါးစပ် ကို လက်ညှိုး နဲ့ ကပ် ထောင် ပြပြီး အသံ မထွက် ဖို့ ပြောတယ် ။ ထဘီနီ ဆရာမ ကို လည်း တွေ့ ရတယ် ။
“ ငါ့ မိန်းမ မွေးတော့ မှာ မို့ ဆူဆူညံညံ မလုပ်ပါနဲ့ ” တဲ့ ။ အသံမာမာ မျက်နှာထား ခပ် တင်းတင်း နဲ့ ပြောတယ် ။ ချိုချို မတ်တတ် မေ့ နေတယ် ။ လူ က သာ တောင့်တောင့်ကြီး ရပ် နေ ပေမဲ့ အသည်းနှလုံး တွေ ဆွေ့ဆွေ့ ခုန် နေပုံပဲ ။ မျက်ရည်တွေ တပေါက်ပေါက် ကျ လာတယ် ။
“ စကား ပြောရအောင် အပြင် ခဏ လိုက်ခဲ့ကွာ ”
အမောင် က ဝင်းစိုး ကို ကပ် ခေါ်တယ် ။
“ ဟာကွာ ၊ လိုက် လို့ ဘယ် ဖြစ်မလဲ ။ ဒါ သေရေး ရှင်ရေး ကွ ။ အရေး ဆိုရင် ငါ ရှိ မှ ဖြစ်မှာကွ ”
ဝင်းစိုး က အကြောက် အကန် ငြင်းတယ် ။ နောက်ကို လည်း ဆုတ် သွားတယ် ။ အမောင် က “ ဘယ်လိုလဲ ” ဆိုတဲ့ သဘော နဲ့ ချိုချို ကို ကြည့်တယ် ။ ချိုချို မျက်ရည်တွေ ကို ခပ်ကြမ်းကြမ်း သုတ်ပြီး ဝင်းစိုး ဘက် ကို “ ထွီ ” ခနဲ တံတွေး နဲ့ လှမ်း ထွေးတယ် ။ ဝင်းစိုး ကို မသတီ ရွံရှာဟန် နဲ့ စိမ်းစိမ်းကားကား ကြီး ကြည့် ပြီး ...
“ နင် လူ မဟုတ်ဘူး ၊ ခွေခွေး ” လို့ ပျစ်ပျစ်နှစ်နှစ် ကြီး ဆဲ ပစ် လိုက်တယ် ။
“ လာ အမောင် ပြန်မယ် ”
အခုတော့ ချို့ချို့ အသံ က ငိုသံတွေ ပျောက်ပြီး ပြတ်သား မာကျော နေပါပြီ ။ အမောင် က လည်း ဝင်းစိုး ကို မကျေမနပ် ခပ်မိုက်မိုက် ကြည့်ပြီး ဆိုင်ကယ် ကို ဆောင့် နင်း လိုက်တယ် ။ အခံ ရ ခက် ပြီး စိတ်တွေ လှုပ်ရှား နေတဲ့ သူတို့ အပြန် ခရီး သဲကြမ်းလမ်း ကို သတိ ထား စီး ရတယ် ။ အမောင် က လည်း ချိုချို ဘက် က ဒေါသ တွေ ဖြစ်ခဲ့ရတာ မို့ ဒေါသ ကို ထိန်း စီး နေ ရတယ် ။ ချိုချို ငိုနေမယ် ဆိုတာ လည်း သိတယ် ။ ကားလမ်းမ ပေါ် ရောက် တော့ ချိုချို က အမောင့် ကျော ပေါ် မျက်နှာ အပ်ရင်း တစ်လမ်းလုံး ငို လိုက် လာတယ် ။ ဆိုင်ကယ် မြို့ကလေး ကို ပြန် ဝင် လာတော့ ချိုချို က အငို ရပ် ပြီး ...
“ အမောင် ငါ ရွာ မပြန် ချင်သေးဘူး ။ နင် ငါ နဲ့ တည်းခိုခန်း လိုက်ရဲလား ” လို့ မေးတယ် ။ အမောင် က ခပ်သွက်သွက်ပဲ “ အမောင် .. မမ ကို သနားတယ် ” လို့ ပြန် ဖြေ ရင်း ဆိုင်ကယ် ကို တည်းခိုခန်းတွေ ရှိတဲ့ လမ်းဘက် ချိုး ချ လိုက်တယ် ။ နောက်ဆုံး မှာ တော့ သူတို့ ရွာကလေး မှာ ဆွေမျိုးသားချင်း စုံတွဲ တစ်တွဲ တိုးသွား ပြန် လေရဲ့ ။ ဘာပဲ ဖြစ်ဖြစ် သူတို့ အဘွား က တော့ ကျေနပ် နေမယ် ထင်တာပါပဲ ။
◾ မွန်းဇူး
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၀၁၇ ၊ မေ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment