❝ အကြီးဆုံးကြီး ပွက်ပြပါဦး ❞
ပြာလဲ့လဲ့ ချော်ရည်အို င်ကြီး ထဲ တွင် ပူစီဖောင်းလေးများ ပလုံစီ ထ နေသည် ။
အလယ်ဗဟို တွင် အကြီးဆုံးကြီး ပွက်ရန် အရှိန် ယူ နေသော ချော်ရည် ပူဖောင်းကြီး က ဖောင်း တက် လာလိုက် ၊ ပြန် ကျ သွားလိုက်နှင့် ။
ခဏ ကြာ သော် ဗွမ်းခနဲ ပွက် သွားသည် ။ စီးကြောင်း မှ တစ်ဆင့် ချော်ရည်ပြာလဲ့လဲ့များ စီးဆင်း သွားသည် ။
မြင့်ရာ မှ နိမ့်ရာ သို့ စီးမြဲ အတိုင်း အပြာရောင် စီးကြောင်းကြီး သည် စီးချင် ရာ စီးဆင်း သွားလေသည် ။
သည်လို စီးချင် ရာ စီး နေသော ချော်ရည်စီးကြောင်း များ ကြောင့် လှပသည့် အတွက် အရစ်များ အဆန်းတကြယ် ဖြစ်ပေါ် နေသည် က ပင် ထူခြားသော နဂါးပွက်တောင် ၏ ဒီဇိုင်း ပါပေ ။
မကွေး မြသလွန်ဘုရားပွဲ ၊ ပွင့်ဖြူကျောင်းတော်ရာ ဘုရားပွဲ ၊ ရွှေစက်တော်ဘုရားပွဲ လာ ဘုရားဖူးဧည့်သည်များ သည် မင်းဘူးမြို့ ၏ သမိုင်းဝင် ဘုရားများ လှည့်လည် ဖူးမြော်ကြရင်း နှင့် နာမည်ကျော် နဂါးပွက်တောင် သို့မဟုတ် မြေပြာတောင် သို့ ရောက်လာကြ စမြဲ ။
ဘုရားပွဲ ကာလ မဟုတ်လည်း မိုး ပါးသော အညာ ဒေသ သို့ ဘုရားဖူး လာကြသော ဧည့်သည်တိုင်း က နဂါး ပွက်တောင် ကို ဦးခိုက် သည် က ထုံးစံ ။
မြေပြာတောင် သို့ ဧည့်သည် များများ ကျ လာလေ မင်းဉာဏ်ရှိန် တို့ ပျော်ရွှင် လေ ဖြစ်သည် ။
မြေပြာတောင် ၏ ဧည့်သည်များ က ပေးကမ်းသွား ကြသည့် ငွေစကြေးစများ ။
ပြီးတော့ ဆီးထုပ် ၊ ချိုချဉ် ၊ နိုင်ငံခြား က ဘိုတွေ စားတဲ့ ချောကလက်တောင့် ဆိုတာ တောင် တစ်ခါ က စားရဖူးပါ ရဲ့ ။
သူတို့တွေ သည်လို ပေးကမ်း သွားစေရအောင်လည်း အလုပ် လုပ် ပေးရသည် ။
မင်းဉာဏ်ရှိန် တို့ က တောင်ခြေရင်း သို့ ဘုရားဖူးကား ဆိုက်လာသည် နှင့် အပြေးအလွှား သွားရောက် ကြိုကြပြီး -
“ ဘဘကြီး ၊ အစ်မကြီး ၊ ဦးလေးကြီး ၊ ကိုကိုလေး တို့ ၊ မမလေး တို့ ခင်ဗျား မောင်တော်နဂါးပွက်တောင် နှင့် နှမတော်နဂါးပွက်တောင် သို့ ဦးခိုက်ဖူးမြော်ကြပါရင် တောင်ခြေ မှာ ဖိနပ်လေးတွေ ချွတ်ပေး ထား ခဲ့ပါ ခင်ဗျာ ။ မပျောက် စေရပါဘူး ခင်ဗျား ။ ကား ကို လည်း စိတ်ချလက်ချ ထားခဲ့ ပါခင်ဗျာ ။ ဘာတစ်ခု မှ မပျောက်စေရအောင် စောင့် ပေးမှာ ပါခင်ဗျား ”
အသက် က လည်း ဆယ့်နှစ်နှစ် ၊ ပြောရဲဆိုရဲ လည်း ရှိသူ မင်းဉာဏ်ရှိန် က ပဲ ဦးဆောင်ပြီး တတွတ်တွတ် ပြော ရသည် ။
သဘော ကောင်းသော ဧည့်သည်များ က တော့ သူ ပြောသည့် အတိုင်း ဖိနပ်များ ချွတ် ထားခဲ့ပြီး ကား ကို စောင့် ခိုင်း ထားခဲ့သည် ။
သူတို့ ခြောက်ယောက် ထဲ မှာ အဖွဲ့ ခေါင်းဆောင် လို ဖြစ်နေသော မင်းဉာဏ်ရှိန် က ပဲ ကျော်ဇေယျ ကို ကားစောင့် ခိုင်း ခဲ့ရသည် ။
ကျန်သည့် သူတို့ ငါးယောက် က တော့ မြေပြာတောင် ဧည့်သည်များ နှင့် အတူ ဝါးလက်ရန်း ကို အားပြုကာ တောင်ပေါ် သို့ လိုက်ပါ တက် ခဲ့ရသည် ။
တောင်ပေါ် သို့ ရောက်သည် နှင့် နဂါးပွက်အိုင် ရှိရာ သို့ ဦးဆောင်သွား တဲ့ ပြီး လက်အုပ်လေး ချီကာ -
“ မောင်တော်နဂါးပွက်မင်း နဲ့ နှမတော်နဂါးပွက်မင်း တို့ ခင်ဗျား ။ အခု ဖူးမြော် ရောက်လာ ကြတဲ့ ဘဘကြီး ၊ ဦး လေးကြီး ၊ ကိုကိုကြီး ၊ မမကြီး တို့ ခရီးလမ်းပန်း အန္တရာယ် ကင်းရှင်းမယ် ၊ ချောမွေ့ မယ် ဆိုရင် အကြီးဆုံးကြီး ပွက် ပြ ပါဦး ၊ အကြီးဆုံးကြီး ပွက် ပြလိုက်ပါဦး ။ ဟော - ပွက်တယ် - ခင်ဗျာ ၊ ပွက်တယ် ။ မောင်တော် နဲ့ နှမတော် ကို ယုံကြည် ကိုး စားပါတယ် ။ ယုံကြည်ကိုးစားလွန်း လို့ ဦးခိုက် ရောက်လာ ကြတဲ့သူ တွေ ပါ ။ စီးပွားရေး အလုပ်အကိုင် အဆင်ပြေမယ် ဆိုရင် စောစော က ထက် ပို ကြီးတဲ့ အကြီးဆုံးကြီး ပွက်ပြပါဦး ”
မင်းဉာဏ်ရှိန် ၏ တတွတ်တွတ် အသံ နှင့် အညီ မီးတောင်ဟောင်း တစ်ဖြစ်လဲ နဂါးပွက်အိုင် ချော်ရည်များ က ဗွက်ခနဲ ဗွက်ခနဲ ။
“ ဟာ ပွတာပဲ စာမေးပွဲ အောင် - မအောင် ပွက်ပြပေး ခိုင်းစမ်းပါ ”
“ ဟေ့ တို့က ဒီ ဘယ်နှစ်လုံးလဲ လို့ ပွက်ပြ ခိုင်းမယ်ကွ ”
“ ငါ ကတော့ ငါ့ ရည်းစားနဲ့ ရ - မရ အသေအချာ ပွက်ပြ ခိုင်းရမယ် ”
“ ဟေ့ချာတိတ် ငါးသိန်းဆု ပေါက် - မပေါက် အကြီး ဆုံးကြီး ပွက်ပြခိုင်းပေးစမ်းပါ ”
သည်လို အသံမျိုးတွေ ညံ နေလေ မင်းဉာဏ်ရှိန် တို့ အလုပ် ဖြစ် လေပါပဲ ။
သည်လို အဖွဲ့မျိုး ပြန် သွား လျှင် တစ်ယောက် က ငါးမူးပေး ၊ တစ်ယောက် က တစ်ကျပ်ပေး နှင့် တစ်ဆယ် လောက် ရ တတ်သည် ။
အချို့ ဧည့်သည်များ က တော့ မင်းဉာဏ်ရှိန် တို့ ကလေးအုပ်စု ကို အနားပင် အကပ်မခံ ။
မျက်နှာထား ဆိုးကြီးများ နှင့် တိရစ္ဆာန် ကို မောင်း ထုတ် သလိုမျိုး မောင်းထုတ် ကြသည် ။
“ သွား သွား ဘာမှ လာ မပြောနဲ့ ။ ငါတို့ အားလုံး သိ တယ် ။ အလကား သူခိုးလေးတွေ ၊ လစ်တာနဲ့ ကား ပေါ်က ပစ္စည်း တို သွားမယ့် ဟာတွေ ။ ဘယ့်နဲ့များ နဂါးပွက်အိုင် ချော်ရည်တွေ သူ့ ဘာသာ သူ ပွက် နေ တာကို သူတို့ ဆုတောင်းပေး မှ ပွက်သလိုလို အလကား အလိမ်အညာတွေ ”
သည်လိုမျိုး အပြော ခံရပြီ ဆိုလျှင်တော့ မင်းဉာဏ်ရှိန် ရင်ထဲ တစစ်စစ် နာကျင်စွာ ခံစား ရ တတ်သည် ။ သူတို့ က သူခိုးလေးတွေ မှ မဟုတ်တာ ။ သူတို့ လိမ်ညာ နေကြတာ မှ မဟုတ်တာ ။
သူတို့ က သူတို့ တစ်မြို့လုံး က ဟောသည်နဂါးပွက် တောင်မကြီး မှာ စံမြန်း နေကြတဲ့ မောင်တော်နဂါးပွက်မင်း နှင့် နှမတော်နဂါးပွက်မင်း တို့ ရဲ့ အနွယ်တော်တွေ လို့ သူတို့ မိဘ အဘိုးအဘွားတွေ က ပြောပြခဲ့ကြ တာပဲ ။
သူတို့ တစ်သိုက် တစ်ဝန်း လုံး နဂါးပွက်တောင် နှင့် မနီးမဝေး အရိပ် ခို နေကြသည် ။
တောင် ပေါ် မှ ကြည့် လိုက်လျှင် ဆူးရစ်ချုံပုတ်များ ၊ ကန္တာရပင် အုပ်အုပ်များ ကြား ထဲ မှာ သူတို့တဲအိမ် ဘုတ်စု လေးတွေ က ဟိုတစ်စု ၊ သည်တစ်စု နှင့် တဲအိမ်လေးတွေ နှင့် နေကြရပေမယ့် သူတို့ က နဂါး မင်း ၏ အနွယ်တော်တွေ လေ ။
ဘိုးစဉ်ဘောင်ဆက် ယုံကြည်ခဲ့ကြတာပဲ ထင်ပါရဲ့ ။ အဘိုးတွေ ၊ အဘွားတွေ ၊ အမေတွေ က တော့ မဟုတ်ဘဲ ညာ ပြောကြမည် မထင် ။
သူတို့ ၏ စုတ်နုတ်တဲ့ အဝတ်အစားတွေ ကို ကြည့်ပြီး သူခိုးလေးတွေ ၊ လူလိမ်လေးတွေ လို့ ပြောလာတဲ့ သူတွေ ကို မောင်တော်နဂါးပွက်မင်း နှင့် နှမတော်နဂါးပွက်မင်း တို့ က စိတ်မာန် ဆိုးပြီး ဗွေ မယူရအောင် သူတို့ က ပဲ ပြန်လည် တောင်းပန် ပေး လိုက်ရပါသည် ။
သူတို့ ဆုတောင်း ပေးမှ နဂါးပွက်အိုင် က အကြီးဆုံး ကြီး ပွက်ပြတယ် ဆိုတာ ကို ... ။
••••• ••••• •••••
“ ဗီဒီယိုစက် တစ်လုံး လောက် ရမယ် ဆိုရင် အကြီးဆုံး ကြီး ပွက်ပြပေးပါ အရှင်နဂါးမင်းမောင်နှမ ”
ပြာလဲ့လဲ့ချော်ရည်အိုင် ၏ အလယ်ဗဟို မှာ ဗွက်ခနဲ သေးသေး ထ ပွက်လိုက်သဖြင့် ဆုတောင်းသူ ကျော်ဇေယျ ကို ဝိုင်း ရယ်မိကြသည် ။
သည်ကောင် ကျော်ဇေယျ မျက်နှာလေး က ဇီးကင်းခန့် ပဲ ရှိတော့သည် ။
အမြဲ နှပ်ချေး တရှုပ်ရှုပ် ရှိကာ စွပ်ကျယ် အရှည်ကြီး ကို ပုဆိုး မလို ၊ ဘောင်းဘီ မလိုဘဲ ဝတ်ထားတတ်သူ ကျော်ဇေယျ က မင်းဉာဏ်ရှိန် နှင့် မတိမ်းမယိမ်း အရွယ် ။ သူ က တစ်မျိုး ပြီး တစ်မျိုး ရူး တတ်သည် ။
ကျောင်း နေချင်သည် ။ စာ သင်ချင်သည် ။
ကျောင်း ရှေ့ မှာ သွား ထိုင် ပြီး တခြား ကလေးတွေ စာ သင် နေကြတာ ကို ငေး ကြည့် ချင် ငေးကြည့် နေ တတ်သည် ။
“ ကျွန်တော် ကျောင်း နေရမယ် ဆိုရင် အကြီးဆုံးကြီး ပွက်ပြပေးပါ အရှင်နဂါးမင်း မောင်နှမ ”
သည်လိုမျိုး မကြာခဏ ဆုတောင်းလေ့ ရှိသူ ကျော်ဇေယျသည် ယခု တော့ ဗီဒီယိုစက် ကို ဆုတောင်းနေပြန်သည် ။
နောက် တစ်ကြိမ် ထပ်ပြီး ဆုအတောင်း မှာ အကြီး ဆုံးကြီး ပွက် လာ သဖြင့် ဟေးခနဲ အော်သံညံသွားသည် ။
“ ကျော်ဇေယျ သူဌေး ဟေ့ ၊ ဗီဒီယိုပိုင် တဲ့ သူဌေးကွ ”
“ တိုတိုကျော်လှေရ ၊ တိုတို့ တို နဂါးမင်းတွေ က ဘီဒီယိုကြီး ပေး လာရင် ချစ်သည်းပိုင် တို့ ကိုရဲ ကြနော် ”
“ အေး ... ပြမှာပေါ့ ။ ဟောဒီ ငါတို့ အဖွဲ့အားလုံး အလကား ကြည့် ရမယ် ။ တခြား လူတွေ ကို တော့ တစ်ယောက် တစ်ကျပ် ယူ မယ် ”
“ ပက်ချံတွေ အများကြီး ရရာရင် မုန့်မုန့် ဝယ်ချား ကြမယ်နော် ”
“ အေးအေး မုန့်တွေ လည်း အများကြီး စားရမယ် ၊ အင်္ကျီလှလှတွေ လည်း အများကြီး ဝယ် ပေးမယ် ။ ချစ်သည်း တို့ လည်း နေရအောင် တိုက်လှလှကြီး လည်း ဆောက်ပေးမယ်နော် ”
“ ဘီဒီယိုကြီး ကျက်ရင် ကြင်ဖို့ ပက်ချံချုရဦးမယ်လေ ”
“ ပိုက်ဆံ စုဖို့ မလိုပါဘူး စုပြုံချစ် ရာ ၊ နဂါးမင်းမောင် နှမပေး တာမို့ ဘယ်တော့မှ မပျက်တဲ့ ဗီဒီယိုစက်ကြီးပေါ့ ဟ ”
ကျော်ဇေယျ အသံ က တကယ့် သူဌေးကြီး လေသံမျိုး ဗီဒီယိုကြီး ကို ယခုပင် တကယ် ပိုင်တော့မည့် ပုံစံ ။ တကယ် ရမည့်ဟန် ။
မနက် မိုးလင်း မျက်စိ နှစ်လုံး ပွင့်သည် နှင့် တောင် ပေါ် ရောက် လာမြဲ ။
ထုံးစံအတိုင်း ရောက်ရှိ နေကြကာ ဧည့်သည်တွေ ရောက် မလာကြခင် စကားဝိုင်း ဖွဲ့နေကြရခြင်းပင် ။
မင်းဉာဏ်ရှိန် သည် စကားဝိုင်း တွင် မပါဘဲ နှင့် ဆူးရစ်ချုံပင်တွေ ကြား ထဲ မှာ ဟိုတစ်စု ၊ သည်တစ်စု ရှိ နေကြ သော သူတို့ ၏ တဲအိမ်ဘုတ်စုလေးများ ကို ငေး နေ မိခဲ့ သည် ။
စကားဝိုင်း တွင် ဝင် မပါခဲ့ပေမဲ့ သူတို့ ၏ ပြောသံများ အားလုံး ကြားနေခဲ့ပါသည် ။
နားထောင် နေရင်း နှင့် အလိုလို ဝမ်းနည်း လာ ခဲ့ ရသည် ။
ကျော်ဇေယျ တို့ ၊ ချစ်သည်းပိုင် တို့ ၊ ဧကရီ တို့ ၊ စုပြုံချစ် တို့ ၊ မောင်မောင်ဝေယံ တို့ ကတော့ ဗီဒီယိုကြီး ချော်ရေအိုင် ထဲမှ ဗွမ်းခနဲ ပေါ်လာ နိုး မျှော်လင့် မျက်ဝန်း များ ဖြင့် တောင် ထိပ်ဝ မှာ ဝိုင်းဖွဲ့ထိုင်ကာ စောင့် ကြည့် နေကြလေသည် ။
စောင့်ကြည့်ရင်း နှင့် ကျောက်ရုပ် သာ ဖြစ်ချင် ဖြစ် သွားမယ် အဲသည် ဗီဒီယိုကြီး တကယ် ပေါ်လာချင်မှ ပေါ် လာမှာ လို့ သူဘ ယ်လို ပြောပြရလေ မလဲ ။
တကယ် ပေါ် မလာဘူး လို့ လည်း သူ အပြတ် မပြောရဲ ။
သည် နဂါးပွက်အိုင် မှာ အဓိဋ္ဌာန်ပြီး ဆုတောင်း ခဲ့ရင် တောင်းတဲ့ ဆုတွေ ပြည့်တယ် လို့ အဘိုးအဘွား ၊ အမိအဖ တွေက သေချာ ပြောပြထားတာပဲ ။
လူကြီးတွေ ပြောပြတာ ကို ကလေးတွေ ဆိုတော့ ယုံ ရ တာပဲ ။
ဒါပေမဲ့ ဘာဖြစ်လို့ သူ မယုံချင်တော့ သလိုလို ၊ မယုံ မရဲ ဖြစ်လာရတယ် ဆိုတာ ကို သူ ပြော မပြတတ် ။
“ အဖေ ကျုပ်တို့ က သူများတွေ ကို သာ ဆုတောင်း ပေး နေရတယ် ။ ကျုပ်တို့ အတွက် ကို ကော အဝတ်အစား ကောင်းကောင်းတွေ ၊ တိုက်အကြီးကြီးတွေ ၊ ကားအသစ် ကြီးတွေ ကို ရဖို့ ဆုတောင်းရင် တကယ် ရမလားဗျ ”
“ ဟ ရတာပေါ့ကွ ”
“ တကယ်နော် ... အဖေ ညာတာ မဟုတ်ဘူးနော် ”
“ ကောင်လေးရ ငါ က ညာ ပြောရမလားဟ ”
“ ဟာ ဒါဆို နဂါးမင်းမောင်နှမ ညာ တာပဲဖြစ်ရမယ် ”
“ ဟဲ့ ကောင်လေး မပြောကောင်းဘူး ”
“ မဟုတ်ဘူး အဖေ ရ ၊ ကျုပ် တိုက်တွေ ၊ ကားတွေ ၊ အဝတ်အစားတွေ ဟင်းကောင်းကောင်းတွေ ကို ဆုတောင်း နေတာ ကြာ ပြီ ။ ရ မှ ရ မလာသေးတာ ”
“ အဓိဋ္ဌာန် ပြုတာ သားရဲ့ ၊ ဒီတိုင်း ဆုတောင်းလို့ ဘယ် ရမလဲ ”
အဓိဋ္ဌာန် ပြုတယ် ဆိုတာ ဘာလဲလို့ ရှင်းပြ ခိုင်းတော့ အဖေ ပြောပြသော်လည်း နားမလည်ခဲ့ ။ နား မလည်၍ မကြာခဏ မေး ပြန်တော့ လည်း စကား များ တဲ့ ကလေး ဟု အအော် ခံရ ၊ အဆူ ခံရတာပဲ အဖတ် တင် ခဲ့သည် ။
အဲသည် နောက်ပိုင်း ကိုယ့် အတွက် ကို ဆု မတောင်း ဖြစ်တော့ တာ ကြာခဲ့ပါပကော ။
အခု ...
ကျော်ဇေယျ လည်း ....
မြို့ထဲ ဘက် ဆီ မှ ကားစက်သံ နှင့် အတူ ဖုန်လုံးကြီး လိမ့်လာသည် ကို မြင် ရသည် ။
နဂါးပွက်တောင် ကို လာတဲ့ ဧည့်သည်တွေ ။
သည်အသိ က အတွေးစ ကို တိခနဲ ပြတ်စေခဲ့သည် ။
သူတို့ ၏ ခြေလှမ်းများ သည် ... ။
••••• ••••• •••••
“ ဟယ် ကလေးလေးတွေ ၊ ကလေးလေးတွေ တော့ ။ ကြည့်ပါဦး နေပူကြီး ထဲ ဖိနပ် လည်း မပါကြဘူး ”
“ ကျွန်တော် ပြောခဲ့ပါပကော ဒေါ်ချိုရီဦး ဝတ္ထု ရေးစရာ ဇာတ်လိုက်ကလေးတွေ တွေ့ ရပါမယ် လို့ ”
သူတို့ အားလုံး ဖိနပ် မစီးကြတာ ကို အံ့ဩစရာ မဟုတ်ဘဲ အံ့သြ နေတဲ့ အဒေါ်လေး နား ကို ကပ်သွားလိုက် ကာ ... ။
“ ဘဘကြီး တို့ ၊ ဦးဦးလေး တို့ ၊ ဒေါ်ဒေါ်လေး တို့ ခင် ဗျား .. မောင်တော်နဂါးပွက်တောင် နဲ့ နှမတော်နဂါးပွက် တောင်သို့ ဦးခိုက်ဖူးမြော်ကြပါရင် တောင်ခြေ မှာ ဖိနပ်လေး တွေ ချွတ်ပေးထားခဲ့ပါခင်ဗျာ .. မပျောက်စေရပါဘူး ခင်ဗျာ ။ ကား ကို လည်း စောင့်ပေး ထားပါမယ် ခင်ဗျာ ၊ ဘာတစ်ခုမှ မပျောက်စေရပါ ခင်ဗျာ ”
“ ကဲ ... တို့ အားလုံး ဖိနပ်တွေ ကား ပေါ် မှာ ပဲ ချွတ် ထားခဲ့ကြတာပေါ့ ကွာ ။ ကားစောင့်တဲ့ လူ က စောင့် ။ မစောင့် တဲ့ လူ က ဟောဒီ ဒေါ်ဒေါ်လေး နဲ့ အတူ တက်ခဲ့ကြပေတော့ တို့ တော့ တက်နှင့် ပြီ ”
ဧည့်သည်ဘဘကြီး က ပြောပြောဆိုဆို နှင့် တောင် ရှိရာ သို့ ထွက် သွားသည် ။
ပြီးတော့ ဦးဦး တွေ ..
ပြီးတော့ ဒေါ်ဒေါ်လေး ၊
ပြီးတော့မှ သူတို့ ကလေးအုပ်စု ။
ဝါးလက်ရန်း ကို အားပြုပြီး တောင် ပေါ် သို့ ဖြည်းဖြည်းချင်း တက် လာကြရင်း မှ ..
“ သားတို့ နာမည်တွေ ဒေါ်ဒေါ်လေး ကို ပြောပြပါဦးကွာ ”
“ ကျွန်တော့် နာမည် က မင်းဉာဏ်ရှိန် ၊ သူ က မောင်မောင်ဝေယံ ၊ သူ က ချစ်သည်းပိုင် ၊ ဟို အငယ်မ က ဧကရီ ၊ အငယ်မ နောက်က စုပြုံချစ် တဲ့ ၊ ကား စောင့် ကျန်ရစ်ခဲ့တာ က ကျော်ဇေယျ ”
“ အလား .. ငါတို့ နာမည်တွေ နဲ့ များ ကွာလိုက်တာ ”
ရှေ့က ဦးဦး တစ်ယောက် က အော် လိုက်သဖြင့် -
အားလုံး ရယ် ကြ လေသည် ။
ချွေးများ ၊ ဖုန်များ နှင့် ညစ်တူး နေကာ အဝတ်နွမ်း စုတ်စုတ် နှပ်ချေးရှုပ်ရှုပ် နှင့် သူတို့ တစ်တွေ လည်း လိုက်ပါ ရယ်မိကြ လေသည် ။
“ နေပါဦးကွာ ဒီ နာမည်တွေ ကို မင်းတို့ မိဘတွေက ဘယ်လို စိတ်ကူး နဲ့များ မှည့်ခဲ့ကြပါလိမ့်နော် ”
“ မခက်ပါဘူး ဒေါ်ဒေါ်လေး ရာ ။ မြို့ထဲ ထွက်တဲ့ အခါ သူဌေးတွေ တိုက် ထဲ က ခေါ်သံ ကြားတဲ့ နာမည် မှတ်ထား ပြီး မှည့် လိုက်တာပါပဲ ”
မှတ်ရော ဆိုပြီး ရယ်ကြ ပြန်လေသည် ။
“ နေပါဦးကွာ မင်းတို့ က ဒီ တောင် ပေါ် နေပူပူ ထဲမှာ ဘာလုပ် နေကြတာလဲ ”
“ ဒီ နဂါးပွက်တောင် ကို လာ ဖူးကြတဲ့ သူတွေ ကို ဆု တောင်း ပေးတာပေါ့ဗျ ”
“ ဒါ မီးတောင်ဟောင်းကြီး ပဲ ကွ ဘုရား မှ မဟုတ်တာ ။ ဘယ်လို ဆု .... ”
“ အဲဗျာ ဒေါ်ကြီး ကို နဂါးမောင်နှမ က စိတ်ဆိုးလိမ့်မယ် ... အဲလို မပြောရဘူး ”
မောင်မောင်ဝေယံ က အထိတ်တလန့် ဝင် ပြော လိုက်သည် ။
“ ဒေါ်ဒေါ်လေး ကို နဂါးမောင်နှမ က စိတ်ဆိုး သွားပြီ ၊ တကယ်ပဲ ။ ဒါပေမဲ့ ကိစ္စ မရှိပါဘူး ။ ကျွန်တော် တောင်းပန် ပေး ပါ့မယ် ”
မင်းဉာဏ်ရှိန် က အတော်ကြီး ကို အရာဝင်သည့် ပုဂ္ဂိုလ်ကြီး လေသံမျိုး နှင့် ပြော လိုက်သည် ။
“ ဪ .... မင်း တောင်းပန် လိုက်ရင် နဂါးတွေ က စိတ်ဆိုး ပြေ သွားရောလား ... မင်း က စွမ်းသားပဲ ”
“ ကျွန်တော်တို့ က ငယ်ငယ်လေး ကတည်း က ဒီ တောင် နား မှာ ပဲ နေခဲ့ကြတာ ။ ပြီးတော့ နဂါး အဆက်အနွယ် တွေ မို့ နဂါး မောင်နှမ က စောင့်ရှောက် ထား တာပေါ့ ”
“ မင်းတို့ က ဘယ်မှာ နေကြတာလဲ ”
“ ဟိုမှာလေ ”
တောင်ထိပ် ပေါ် ရောက်လာကြ ပြီ ဖြစ်၍ ဆူးရစ်ချုံပုတ်များ ၊ ကန္တာရပင်အုပ်အုပ်များ ကြား ထဲ မှာ စုစုလေးတွေ တည် နေသော တဲအိမ်လေးတွေ ကို ညွှန်ပြခဲ့သည် ။
“ အဲဒါ ဘာ ရပ်ကွက် ခေါ်လဲကွယ် ”
“ ဆေးစားရပ်ကွက် ခင်ဗျ ”
ဒေါ်ဒေါ်လေး နှုတ်ဖျား မှ “ ဟင် ” ခနဲ ကြားလိုက်ရ သလို ရှိသည် ။
“ ဒါဆို မင်းတို့ မိဘတွေက ဘာ လုပ်ကြလဲဟင် ”
“ တောင်းစား ကြ တာပေါ့ ။ ညဘက် ထမင်း တောင်း ထွက်ရင် ကျွန်တော် တို့ လည်း လိုက်သွားကြတာပဲ ”
မနေ့ ည က မြို့ထဲ တစ်နေရာ မှာ ဗီဒီယို ပြနေ သဖြင့် သွား ကြည့်ကြရာ လက်သင့် မခံဘဲ မောင်းထုတ် ခံခဲ့ကြရ သည် ကို သတိရ သွားပြီး ဝမ်းနည်း သွားရ ပြန်သည် ။
ကြာကြာ ဝမ်း မနည်းနိုင် ။ နဂါးပွက်အိုင်ကြီး ဆီ သို့ ပြေးသွား ခဲ့ကာ မောင်တော်နဂါးပွက်မင်း နှင့် နှမတော်နဂါးပွက်မင်း တို့ ခင်ဗျား အစ ချီ ၍ အန္တရာယ် ကင်းစေကြောင်း ဆုတောင်း ကာ အကြီးကြီး ပွက်ပြ ခိုင်းရပြန်သည် ။
“ သားတို့ မိဘတွေ က ရောဂါသည်တွေ မို့ ဆေးစား နေကြရတယ် ဆိုတော့ သားတို့ က ရောကွယ့် ”
“ အခု ဆေး မစားရ သေးပေမဲ့ ကြီး လာရင်တော့ နူ မှာပါပဲ ”
“ အိုကွယ် မင်းတို့ မိဘတွေ နဲ့ အတူတူ မအိပ်ရင် ၊ မစားရင် ရောဂါ မဖြစ်ဘူးပေါ့ ”
“ အဖေ တွေ ၊ အမေ တွေ နဲ့ အတူတူ မနေရရင် ဘယ်မှာ သွား နေရမှာလဲ ၊ ဘယ်သူ ကျွေးမှာလဲ ၊ နူ တာ က မျိုးရိုး လို့ အဘွား က ပြောတာပါ ”
“ မဟုတ်ပါဘူး ကလေးလေး ရယ် ။ ဘယ်လို ပြောရ မှန်း တောင် မသိတော့ဘူး ”
ချော်ရည်ပြာလဲ့လဲ့ တွေ ထ ပွက်တဲ့ တွင်း နှုတ်ခမ်းဝ မှာ ဝိုင်းဖွဲ့ ရပ် ကြရင်း ဒေါ်ဒေါ်လေး က သူတို့ တစ်တွေ ကို ဂရုတစိုက် ပြောနေခြင်းပင် ။
“ ကဲ ဘယ်လို ပြောရမယ်မှန်း မသိတော့ ရင် လည်း ဘာမှ မပြောနဲ့တော့ ။ အားလုံးဟာ ကံ စီမံရာ တိုင်း ဖြစ်လာကြ တာပဲလို့ စိတ် ကို ဖြေ ။ ကိုင်း ခရီး ဆက်စရာတွေ ရှိသေး တယ် ဆင်းကြစို့ ”
ဘဘကြီး က ရှေ့ မှ သွား နှင့် တော့သည် ။
မောင်မောင်ဝေယံ တို့ အုပ်စု က ပြေး ထွက် သွားပြီး တောင် ပေါ် မှ လျှော ဆင်း ကြသည် ။
သူ က ဒေါ်ဒေါ်လေး တို့ ၊ ဦးဦးလေး တို့ အားလုံး ၏ နောက်ဆုံး မှာ ။
“ ချိုရီ စိတ် မကောင်းလိုက်တာ မောင်မောင်ဦး ရယ် ။ သူများတကာ တွေ ရဲ့ ဆုတောင်း ပြည့် မပြည့် ကို အကြီးဆုံးကြီး ပွက်ပြပါ လို့ ဆုတောင်း ပေး နေရတဲ့ သူတို့လေး တွေ သူတို့ ကိုယ် သူတို့ ဒီ ဘဝ ထဲ က လွတ်မြောက်ဖို့ ၊ ရောဂါသည် တွေ မဖြစ်ကြစေဖို့ တို့ ကို အကြီးဆုံးကြီး ပွက် ပြပါဦး လို့ ဆုတောင်း မိကြရဲ့လား မသိဘူး ။ အဲဒီလို ဆုတောင်း ဖို့ ကိုရော စိတ် မှ ကူးမိကြရဲ့လား မသိဘူးနော် ”
အားလုံး ၏ နောက်ဆုံး မှာ သူ ရှိနေသည်မို့ စကား တို့ကို ပီသ စွာ ကြား လိုက်ရပါသည် ။
သူ ငိုချင် လာသည် ။ ဧည့်သည်ဒေါ်ဒေါ်လေး ပြော သွား သလိုမျိုး ဆုတောင်း ဖို့ ကို သူ စိတ်ကူးမိခဲ့ပါသည် ။ ဆု လည်း တောင်းခဲ့ ဖူး ပါသည် ။
ဒါပေမဲ့လည်း .. ။
◾လေးသူစံ
📖 ပေဖူးလွှာ မဂ္ဂဇင်း
၁၉၉၁ ၊ မတ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment