( ၁၃ )
မြချစ် က ရွာလယ် လမ်း က မပြန် ဘဲ ရောက် လက်စ ရွာပြင် လမ်း က ပြန် ခဲ့တယ် ။ ဆေးဆိုး အပ် ထားတဲ့ ချည်ခင်တွေ ကို အနောက်ချောင် ဘက် က လာ ယူ တာ မျိုး မြချစ် ကိုယ်တိုင် လုပ်ခဲတယ် ။ အိမ် က နှစ်ဝမ်းကွဲ ညီမ အေးသင် လာ ယူ နေကျပါ ။ သည် တစ်ခေါက် တော့ အေးသင် မရှိတာ နဲ့ ကိုယ်တိုင် ထ လာ ခဲ့တာ ဆိုတော့ လမ်း တိုအောင် ရွာလယ်လမ်း ဘက် မလှည့်တော့ ပဲ အနောက်ချောင် က ပန်း ထွက် တဲ့ လမ်း က ပဲ ပြန် လိုက် တော့တယ် ။ အနောက်ချောင် က နေ ရွာလယ်လမ်း မကူး ခင် မှာ ညောင်ပင်ကြီး တစ်ပင် ရှိတယ် ။ ညောင်ပင်ကြီး က နေ ထွက်လိုက် ရင် ရွာလယ် လမ်း ရောက်တာ ဆိုတော့ ညောင်ရိပ် က ပဲ ဖြတ် လိုက်တယ် ။ ညောင်ရိပ် ရောက် တော့ ဖြုန်းခနဲ ဆို လူ တစ်ယောက် ရှေ့က ဆီး ကာ လို့ မြချစ် တုန် တောင် သွား တယ် ။ ထန်းရည်နံ့ က ထောင်းထောင်း ထ လို့ ။ လူ က လည်း စိုက်ထိုး လို့ ။ ပုဆိုး ရင်ခေါင်း တက် ဝတ်ထား ကတည်း က ရွာ က လူပေါ် ကြော့ ငအုန်း မှန်း သိ လိုက်ပြီ ။ ဒါပေမယ့် မြချစ် က ငအုန်း ကို ပန်း ပြီး ဆက်လျှောက် လာခဲ့တယ် ။ ငအုန်း က လူပါး ။ မြချစ် ရှောင်မယ် ဆိုတာ သိတော့ မြချစ် ဘေး ဝင် ကပ်ပြီး လူချင်း လုံး လိုက်တယ် ။ မြချစ် က ဒေါသ နဲ့ လှမ်း ရိုက်တော့ ငအုန်း က လက် ကို ဆွဲ လိုက်ကရော ။
“ အောင်မာ ရာရာစစ ၊ နင် ဘာလာ လုပ်သာလဲ ၊ ဖယ်ပါ လမ်းက ၊ နင့် ဒါပဲ ၊ ရွာ က မိန်းကလေး တွေ အနှောင့်အယှက် ပေးဖို့ လောက်ပဲ စဉ်းစား တဲ့ ကောင် ၊ ငါ က လူကြီးတွေ မျက်နှာ ထောက် လို့ နော် ငအုန်း ၊ ငါ က လက်တင် ခံသာ မဟုတ်ဘူး ”
“ နင် က စ မှား သာပဲ မြချစ် ကဲ့ ၊ ငါ က စကားလေး တစ်ခွန်း နှစ်ခွန်း ကိုယ့် ရွာသူ ရွာသားချင်း ပြောချင်သာ ။ နင် က ရန်သူကြီးကျလို့ ။ အေးလေ နင် က မာန ကြီးလို့ ကောင်း နေသာကိုး ”
“ ဘာ မာနကြီးသာလဲ ၊ ငါ အရင် ကတည်း က သည် အတိုင်းပဲ ။ ငါ မာန ကြီးကြီး ၊ မကြီးကြီး နင်နဲ့ ဘာဆိုင်လို့လဲ ။ ဖယ်စမ်း ၊ လူမြင် လို့ မကောင်းဘူး ”
မြချစ် က လက် ထဲ က ပြုတ်ကျ သွားတဲ့ ချည်ခင် တွေ ပြန် ကောက် တော့ ငအုန်း က ဝိုင်း ကောက် ပေးတယ် ။ မြချစ် က ငအုန်း ပေးတဲ့ ချည်ခင်တွေ ကို ဆိုးဆိုး ဆတ်ဆတ် ယူ တဲ့ ပြီး သုတ်သုတ် ပြေး ဖို့ ခြေလှမ်း ပြင် ရော ။ ငအုန်း က မဖယ်ဘူး ။ မြချစ် ကို ပိတ် ရပ်ပြီး လူချင်း ကပ် လိုက်တော့ မြချစ် က အသာ နောက် ဆုတ် ပေး လိုက်တယ် ။
“ မြချစ် ၊ နင်တို့ အိမ် မှာ လူတွေ များလှ ချေလား ။ ဘယ်က လူတွေလဲ ။ ဘာ လာ လုပ်ကြသာလဲ ။ ငါ့ မှာ ထမင်း တောင် ဖြောင့်ဖြောင့် မစားနိုင်ဘူး ”
“ ထမင်း မစားနိုင်ဘူး ။ ထရေ တော့ မြို နိုင်တယ်ပေါ့ ။ ပွဲစားလေး အရိုက် ခံ ရတော့ သူ့ မိဘတွေ အကျိုး သင့် အကြောင်း သင့် လာ ကြသာပေါ့ ဟဲ့ ။ ကြာပဲ ကြာ လှပြီ ။ အခုမှ ပေါက်ပေါက် လာ ပွင့် မနေနဲ့ ”
“ ပေါက်ပေါက် က ပွင့်ချင်ချင် ပါ ဟာ ။ နင် က တစ်မြို့သား အထင် ကြီး လိုက်သာ ။ တစ်မြို့သား က တောပန်း လာ ချူ တော့ အရိုက် ခံရသာ နည်းတောင် နည်း သေးသယ် ။ ကပ္ပိယ ရိုက်လို့ပေါ့ ဟာ ။ ငါ သာ ဆို အသေတောင် သ,တ်ဦး မယ် ”
“ နင် လုပ် ကြည့် လိုက်လေ ။ မြချစ် က အသက်ချင်း တောင် လဲ လိုက်ချင် သေး ။ သတ္တိ မရှိလို့ ချောင်း ရိုက်သာ ။ ကပ္ပိယ လည်း မကျေဘူး ။ ကျောင်းထမင်း ကျောင်းဟင်း စားပြီး လူပါး ဝ လို့ ။ ဘဘုန်း မျက်နှာ ကြောင့် သည်းခံ လိုက်သာ ၊ နင် လည်း ကြပ်ကြပ် သတိထား ”
“ မြချစ် ရယ် ၊ ငါ က ဘုန်းကြီးကျောင်း မှာ ကပ်ရပ် နေတဲ့ ကောင် မဟုတ်ပါ ဘူးဟာ ။ ဆွေဂုဏ် ၊ မျိုးဂုဏ် ၊ ပစ္စည်းဂုဏ် ရှိပြီးသားပါ ။ နင် စိတ်ကူး မလွဲစမ်း ပါနဲ့ဟာ ”
“ ကဲ ကိုယ်တော် ဖယ်တော့ ။ လူ မြင်ရင် တစ်မျိုး ထင် ကုန် လိမ့်မယ် ။ ဖယ်ပါ ”
မြချစ် က လူပါ တိုက်ပြီး ထွက် လာတော့ မူး နေတဲ့ ငအုန်း ဖင်ထိုင် လဲ ကျန် ရစ်တယ် ။ မြချစ် က ညောင်ပင် ကို ကျော် ပြီး တာလမ်း ပေါ် မြန်မြန် ရောက်အောင် သုတ်သုတ် လှမ်း တယ် ။ ရွာလယ် လမ်း ကို သွားမယ့် လှည်း တစ်စီး တွေ့ တာ နဲ့ လှည်း နောက်မြီး ချိတ် ထိုင် ပြီး လိုက်ခဲ့တယ် ။ ညောင်ပင် ကွယ် သွားလို့ ငအုန်း ကို မမြင် ရတော့ဘူး ။ လှည်းသမား က ကိုယ့် ရွာသား ဆိုတော့ မြချစ် ပျာယီးပျာယာ ဖြစ် နေတာ ကို သတိ ထား မိတယ် ။
“ မြချစ် ငါ့ တူမ ဘယ်လို ဖြစ်လာသာလဲ ။ ဒရောသောပါး နဲ့ ။ ချည်ခင် ယူ လာသာလား ”
“ ဟုတ်ပါ့ ဦးလေးသောင်း ရယ် ။ ညောင်ပင် အောက် မှာ ငအုန်း နှောင့်ယှက် လို့ တွန်းပစ် ခဲ့သယ် ”
“ သည် ကောင် ခက်တဲ့ ကောင် ပဲ ။ ဟို ဘက် ရွာ က မိန်းကလေး တွေ ကို လည်း သရိုးသရီ သွား လုပ်လို့ ဟိုက မကျေနပ်ကြဘူး ။ ပိုက်ဆံ ရှိတော့ လုပ်တိုင်း တင့်တယ် သယ် ထင် သာကိုးဟ ။ သည် ကောင် တစ်နေ့ ဘေးတွေ့ တော့မှာ ”
“ တွေ့ စမ်းပါစေ တော် ။ ဒါမှ သင်း မှတ်မှာ ”
မြချစ် က လှည်း နဲ့ လိုက် လာပြီး အိမ် နဲ့ နီး တော့ မှ ဆင်း လိုက်တယ် ။ အိမ် ရောက် တော့ ချည်ခင်တွေ ထဲ က တစ်ခင် ပါမလာဘူး ။ ချည်ခင်တွေ ဆေးဆိုး တဲ့ အိမ် က ယူ ခဲ့တုန်းက စစ် ယူ လာတာ ဘယ့်နှယ် ဖြစ်ပါလိမ့် ။ ငအုန်း နဲ့ စကား များ တုန်း က ကောက် လာတာတော့ အကုန်ပဲ ။ မြချစ် က အဖော် ခေါ်ပြီး တစ်ခေါက် သွား ရှာ ဦးမယ် လုပ် သေးတယ် ။ ငအုန်း နဲ့ ထပ် တွေ့ ရင် မကောင်းတော့ဘူး ။ ရှိပစေတော့ လို့ သဘော ထား လိုက် ရတယ် ။ မကြာပါဘူး ။ အိမ်ဝ ကို ငအုန်း လာ တယ် ။ ချည်ခင် တစ်ခင် ကိုင် လို့ ။
“ ဒေါ်ကြီးအေးမေ ၊ မြချစ် ကော ၊ လမ်း မှာ ချည်ခင် တစ်ခင် ကျ နေခဲ့လို့ လာ ပို့သာ ။ သည် ကောင်မလေး နမော်နမဲ့ နဲ့ ”
“ အေးကွယ် သမီး ရေ ၊ မောင်အုန်း လာသယ် ဟေ့ ။ ဒေါ်ကြီးတို့ လည်း ဧည့်သည် တွေ နဲ့ ၊ တိုက်နယ်ဆေးရုံ ပြေးရသာ နဲ့ ၊ ချက်ရ ပြုတ်ရသာ နဲ့ မအား ကြရပေါင် ကွယ် ၊ ကိုယ့် ရွာ မှာ အကျည်းတန်သာ ဖြစ်သွား လို့ မျက်နှာ များ တောာင် ပူ ရသယ် ။ ကပ္ပိယ က ငါ့ သမီး ကြိုက်လို့ တဲ့ ၊ ဆရာတော့် မျက်နှာ ကြောင့် ပေါ့ကွယ် ။ သင်း တော့ လား ”
“ ရွာ ထဲ ရုပ်ဆိုးသာပေါ့ ဒေါ်ကြီး ရာ ။ ကျုပ် အကဲ တော့ ခတ်မိသယ် ။ တော် သေးသာပေါ့ဗျာ ။ အဲသည့် နေ့ က ကျုပ် မရှိလို့ ။ အခုကော အမှု က ဘယ့်နှယ့်တုန်း ”
“ သိပေါင်ကွယ် ၊ ကပ္ပိယ တော့ ကျောင်း ပြန် ရောက်နေ သတဲ့ ။ အာမခံ နဲ့ များ လွှတ်ထား သလားတော့ မသိဘူး ။ သည် ကောင် ရှိ ရင် တပည့်တော် တို့ ကျောင်း မလာဘူး လျှောက် ထားတယ် ။ မျက်နှာ ကို မကြည့်ချင်သာ ဟေ့ ”
“ ရွာ က မောင်းထုတ် ပစ် ရမှာ ဒေါ်ကြီး ရဲ့ ။ လူယုတ်မာ ရွာထား တော့ ရွာ နာသယ် ။ ကိုင်း ကျုပ် ပြန်ဦးမယ် ”
“ အေး ... အေး ငါ့တူ ။ နောက် လည်း လာလည်ပါ ဟဲ့ ။ မင်းတို့ အားကိုး နေရတဲ့ ဟာ ကို ”
“ လာမှာပေါ့ ဒေါ်ကြီး ရ ။ ကျုပ် က လာချင်ချင် ပါ ”
ငအုန်း ထွက် သွား မှ မြချစ် မဲ့ကာ ရွဲ့ကာ ထွက် လာတယ် ။ လမ်း မှာ ဖြစ်ခဲ့ တာ မအေ့ ကို ပြော မနေတော့ပါဘူး ။ ချည်ခင် ယူပြီး ရက်ကန်းစင် ဘက် သွားမယ် လုပ်တော့ မအေ က လှမ်း အော်တယ် ။
“ မြချစ် ရေ ချိုး တော့ ။ မောင်အောင်သန်းကျော် တို့ မိဘများ တိုက်နယ်ရွာ က ပြန်လာကြ တော့ မှာ ၊ ဖြီးဖြီးလိမ်းလိမ်းများ နေပါဦးတော့ အေ ။ ငါ့ သမီး နှယ် ညည်း ချည်ခင်တွေ ထားစမ်းပါအေ ”
“ ဟုတ်ကဲ့ပါ အမေ ရဲ့ ”
ဒေါ်အေးမေ က သမီးချော ကို ကြည့်ရင်း ပြုံးတယ် ။ သည် သမီးကလေး ကို ဖအေ ဆုံးပါးပြီး ကတည်း က သူ ပဲ စောင့်ရှောက် လာခဲ့ရ တာ ကိုး ။ သမီး က လည်း လိမ္မာရေးခြား ရှိ သလောက် မအေ တွယ် ရှာတယ် ။ ရုပ်ရည် က လည်း ချောမော ၊ အကျင့်စာရိတ္တ က လည်း ကောင်း တော့ မုဆိုးမ သမီး ပေမယ့် ရွာ က နေရာ ပေးကြ တယ် ။ အလှူအတန်း များ လည်း မြချစ် ပါ မှ ။ ရပ်ရွာမှု ဆိုတော့ လည်း မြချစ် နဲ့ မှ ။ ရွာ ကာလသားတွေ တင် မကဘူး ။ နရန်းရွာ တွေ က ပါ သမီးချော ပိုးပန်း နေ ကြတာ သိသားပဲ ။ မအေ ပဲ ။ သမီးရှင် မို့ လို့ အကဲ ပိုတယ် လည်း မဖြစ် အောင် ၊ သမီးရှင် မို့ လို့ မြှူ တယ်လို့လည်း မကျ အောင် ထိန်းကွပ် ထား ရတာတော့ ရှိတာ ပေါ့ ။ ရွာ ထဲ က သားရှင် မိဘများ က ထမ်းပိုး မတင် ရ ခင် ချုကုံး ဆင် ချင်ကြတာ လည်း သိပါ ရဲ့ ။ ဒေါ်အေးမေ က ဘယ်သူမှ စာရင်း အတို့ မခံဘူး ။ သမီး က ငယ်ပါ သေး တော် လောက် နဲ့ အသာ မှေး ထားတာပဲ ရှိတယ် ။ ဖြစ် ချင်တော့ သည် ရက် ထဲ မှာ မြို့ က ပွဲစားကြီး မိသားစု က သား တက္ကသိုလ် ကျောင်းသား ကို သည် ဘက် ရွာ တွေ လွှတ် ပြီး ရွာကြောင်း ရပ်ကြောင်း ၊ ပဲကြောင်း နှမ်းကြောင်း သိအောင် ပို့ ထား တယ် ။ မြို့ ပြန် လိုက် ၊ ရွာ လာ လိုက် ၊ အိမ် မှာပဲ တည်း လိုက် ။ ရွာတွေ ဘက် ဆင်း လိုက် နဲ့ တူသား လို ဖြစ် လာတော့ လုပ်ရည် ကိုင်ရည် မြို့ရည်ကလေး ရှိတဲ့ သည် ကလေး နဲ့ အိမ်ထောင် ဖက် ရရင် ကောင်းမယ် လို့ တွေး မိတယ် ။ ခက်တာ က မြချစ် က မဆန်း သလို ၊ မြို့သား က လည်း ရိုးရှာပါ ရဲ့ ။ သည်ကြားထဲက မသေကောင်း မပျောက်ကောင်း အရိုက် ခံ လိုက် ရတော့ ဒေါ်အေးမေ ခေါင်း မီးတောက် သွား ရတယ် ။ ပွဲစားလေး မိဘများ က ကြား ကြားချင်း ပြေး လာပြီး တိုက်နယ်ရွာကြီး နဲ့ မန်ကျည်းစု ကူးလူး နေကြရ ရှာတော့တာပါ ။ ဒဏ်ရာ က တော်တော် ကြီး တဲ့ အပြင် တိုက်နယ် ရဲတွေ က ခေါ်သွား ခွင့် မပြုသေးတော့ ပွဲစားလေး မိသားစု ခမျာ မန်းကျည်းစု မှာ စတည်း ချ ရင်း နေကြ ရတယ် ။ သား တစ်ယောက် လုံး အရိုက် ခံ ရတာ ဆိုတော့ စိတ်မကောင်း ဖြစ်ကြပေမယ့် ရွာ ကို ရော ၊ ဒေါ်အေးမေ တို့ ကို ပါ အပြစ် မတင်ကြပါဘူး ။ အခြေအနေ အတော် ကောင်း လာ ပြီ ဆိုမှ မြို့ ကို ခေါ်ပြီး ဆေးကောင်း ဝါးကောင်း နဲ့ ကုကြ မတဲ့ ။ ကိုယ့် ရွာ က ဖြစ်တဲ့ အမှု လည်း ဖြစ်ပြန် ၊ မြို့ က နေ တကန်တက လာ ကြ ရတာ ကလည်း ဖြစ်ပြန် ဆိုတော့ မြချစ် က တော့ တိုက်နယ်ဆေးရုံ နဲ့ ဒိုင်ခံ ကူး နေ ရတာပါ ။ မြချစ် နဲ့ အနေ နီး လို့ တူပါ ရဲ့ ။ ပွဲစားလေး အမေ က ဆိုရင် ချီးမွမ်း လို့ မဆုံးဘူး ။
“ မအေးမေ သမီး က ချက်တတ် ပြုတ်တတ် ၊ စီးပွား ရှာတတ် နဲ့ တော်လိုက် တာ ရှင် ။ ကျွန်မ ဖြင့် အဲသလို သမီးမျိုးကလေး လို ချင်တာ ရူး လို့ ။ သားယောက်ျား ကလေးတွေ နဲ့ ချည်း ပြီးခဲ့ရတယ် ။ သားကြီး က သည် အလုပ်တွေ မလုပ်ပါဘူး ။ ဖအေ က မိဘ လက်ငုတ် မလုပ်ချင် တောင် တတ်ထား ရမယ် နားလည်ရမယ် ဆို လို့ပါ ။ တော်ပါသေး ရဲ့ သား အတွက် နှမကလေး တစ်ယောက် ကောက် ရ သလို ပါ ရှင် ”
တစ်ဖက် က သည် စကား ပြော လာ တော့ ဒေါ်အေးမေ က စကား ဝင်တယ် ။
“ သမီး က မောင်အောင်သန်းကျော် ကို အစ်ကို လို ခင်ရှာသယ် ။ ဘယ် ဘဝ ရေစက် လည်း မပြောတတ် ပါဘူး ။ ကျုပ် က လည်း ကိုယ့် တူ ကိုယ့် သား အရင်း လို အောက်မေ့ပါ သတော် ။ ကလေး က တက္ကသိုလ်ကျောင်းသား ၊ သမီးက တောသူ ဆိုတော့ ချေချေငံငံ မှ ရှိပါ့ မလား ပူရသေးသာကော ”
“ မပူပါနဲ ရှင် ၊ တောသူ ဆိုပေမယ့် မြို့သူ ရှုံး လောက်အောင် ချောသူကလေး ပါ ၊ ကျွန်မတို့ အကဲ ခတ် တတ် ပါတယ် ၊ သူ့ အဖေ က ဆိုရင် မြို့ ခေါ် သွားပြီး မွေး စားချင်တယ် ချည်း ပြော နေတာ ရှင့် ”
“ ဖြစ်ချိန်တန်တော့ ဖြစ်ကြသေးသာပေါ့ ပွဲကတော်ကြီး ရယ် ။ အခုတော့ ဖတဆိုးလေး မို့ အပျောက် မခံနိုင်သေးဘူး ”
သည် ရက်တွေ ထဲ မှာ ပွဲစားကြီး လင်မယား တစ်ခေါက် ရောက် လာ ကြပြီး တိုက်နယ်ရွာ ဘက် ကူး သွား ကြတယ် ။ ညနေ တော့ မန်ကျည်းစု ကို ပြန်ကူးလာ ကြမယ် ဆို လို့ ဟင်းကောင်းလေး ချက် ပြီး စောင့်တယ် ။ သမီး မြချစ် ဖြီးလိမ်း ဝတ်စား လာတော့ ဒေါ်အေးမေ မနေ နိုင် တော့ဘူး ။ သမီး ကို ခေါ်ပြီး လျှိုကမ်းပါး ထိပ် လိုက်ကြဖို့ ပြင်တယ် ။
“ သမီးရေ ပွဲကတော်ကြီး တို့ လည်း ရောက် မလာကြဘူး ။ အမေ တို့ ကမ်းပါး ထိပ် သွား ကြို ရအောင် လား ၊ ခြေညောင်း လက်သာ ပေါ့ ”
“ လာမှာပါ အမေ ရယ် ၊ ရွာ က တစ်မျိုး ထင် နေပါ့မယ် ။ တော်ကြာ ... ”
“ ဘာ တော်ကြာလဲ ၊ တစ်မျိုး ထင်ရုံ မက လို့ နှစ်မျိုး သုံးမျိုး ထင် ထင်ပါ အေ ၊ ညည်း မလိုက်လဲ ငါ သွားတော့မယ် ”
ဒေါ်အေးမေ က ဖျိုးဖျိုးဖျတ်ဖျတ် ထ တော့ မြချစ် လည်း မနေသာ တော့ဘူး ။ မအေ့ နောက် ပြေး လိုက်ရတော့တာပါ ။
“ အမေ နေဦး ၊ အမေ က လည်း လေ ”
သားအမိ နှစ်ယောက် လျှိုကမ်းပါး ဘက် ထွက် လာ တော့ မိုးချုပ် နေ ပါပြီ ။ ငှက်တွေ တောင် အိပ်တန်း ပျံ ကြပြီ ။
◾ခင်ခင်ထူး
📖 ကပ်ပိယ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment