( ၁၀ )
ရွာစွန် ထန်းတော ။
ထန်းပင်တွေ ရာ နဲ့ ချီ ရှိနေ တဲ့ ထန်းတောကြီး က ညို့လို့ ။ သူ့ ရွာ ကိုယ့် ရွာ ထန်းပင်တွေ ချည်း ဆို တော့ ထန်းရေ သောက်တဲ့ လူ မျှော် ရောင်းလို့ ချည်း မဖြစ်ဘူး ။ များသော အားဖြင့် ထန်းလျက် ချက် ကြတာ များတယ် ။ ပင်ကျရေ ကောင်းကောင်း ထန်းတော ထဲ လာ သောက်သူတွေ လည်း မရှိ မဟုတ်ပါဘူး ။ ရှိတာပေါ့ ။ သည် အထဲ မှာ ငအုန်း နဲ့ သူငယ်ချင်း တစ်သိုက် မနက်ရေ ညရေ မလွတ်ဘူး ။ ငအုန်း က ရွာတောင်သူ့ သား ဆိုတော့ အပေါင်းအသင်းတွေ များများ ခေါ် လာပြီး သောက်နေကျ ။ ရွာ ထဲ မှာ လည်း ငအုန်း စနက် နဲ့ ထရေသမား ဖြစ် ရတာတွေ များ လာတော့ ရွာ က လည်း ငအုန်း ကို မကြည်သာကြဘူး ။ ကိုယ့်တူ ကိုယ့်သား ငအုန်း နဲ့ ပေါင်းတာ ကို မကြိုက်ကြဘူး ကိုး ။ ဒါကို ငအုန်း က လည်း သိတယ် ။ လူငယ်တွေ ကို ထတော ထဲ ရောက် အောင် ခေါ်တယ် ။ သောက်ဖြစ်အောင် တိုက်တယ် ။ ရွာ က ပြော လည်း ဂရု မစိုက်ဘူး ။ သည်ကနေ့ တော့ ငအုန်း က သူ စိတ် အချရဆုံး သူငယ်ချင်း မှတ်ကြီး ကို ပဲ ခေါ် လာခဲ့တယ် ။ မှတ်ကြီး က ထရေ ကြိုက် လူမိုက် မှန်း သိ တော့ ရောက် ကတည်း က ထရေ ကို ဖိ တိုက်တော့တာပါ ။ ငအုန်း လည်း တော်တော် မူး နေ ပါပြီ ။
“ ငမှတ် ... မင်း လူ ရိုက်ရဲလား ”
“ လူ ... ရိုက်ရဲသာပေါ့ကွ ၊ ငမှတ် က ရိုက်ချင်နေသာ ၊ ပြော ဘယ်သူ့ ကို ရိုက်ရမှာ တုန်း ”
“ ကပ္ပိယ စံလှဘော် ကို ရိုက်ရမှာ ၊ လေး,ငါးချက် ကွဲ ရင် တော်ပြီ ”
ငမှတ် က သောက်လက်စ ဝါးခွက် ကို ဂေါက်ခနဲ ဆောင့် ချ လိုက်တယ် ။ ရိုက် ရ မှာတော့ ဟုတ်ပါရဲ့ ။ ရိုက် ရမယ့် လူ က ဘုန်းကြီးကျောင်း က ကပ္ပိယ ဆိုတာ ကျတော့ မဟုတ်သေးပါဘူး လို့ တွေးတယ် ။ ကပ္ပိယကြီး က သဘောမနော ကောင်းတယ် ။ ဆရာတော်ကြီး က အားကိုး နေ ရတယ် ။ ရွာ က လည်း ချစ်တယ် ။ သည်လို လူ ကို ငအုန်း ရိုက်ခိုင်း နေတာ ကို မှတ်ကြီး နား မလည်နိုင်ဘူး ။ ငအုန်း ကို မျက်လုံး ပြူး ကြည့်တယ် ။
“ မဟုတ်သာကွာ ၊ ကပ္ပိယကြီး ရိုက်ရမယ်လို့ ၊ သူ က လူသူတော်ကောင်းကြီး ပါ ကွာ ၊ မင်း ဘယ့်နှယ် ကြံသာတုန်း ငအုန်း ရ ၊ ကိုကြီးဘော် က မင်း ဘယ့်နှယ့် လုပ် လို့တုန်း ”
“ လုပ်လို့ပေါ့ကွ ၊ မြချစ် နဲ့ ပူးလွန်း လို့ ခွဲချင်သာကွာ ။ မြချစ် က ဘုန်းကြီးကျောင်း ညနေ တိုင်း သွားပြီး ကလေး စာ ပြသလိုလို လုပ်နေသာ ငါ ကြားသယ် ။ စံလှဘော် ဉာဏ်တွေ ကွ ၊ တစ်ရက် က လည်း ဇရပ် မှာ နှစ်ယောက်သား အတူ ထိုင်ရင်း ဆိတ်လိုက် ဆွလိုက် လုပ်နေကြ သတဲ့ ”
“ မဟုတ်သာကွာ ၊ မြချစ် က ကပ္ပိယ လို လူ ကို ကြိုက်ပါ့မလား ကွ ၊ မြချစ် က လည်း ဘဘုန်းကြီး ကျောင်းရိပ် သွားပြီး မတော်တရော် နေပါ့မလား ။ အသက် ချင်း လည်း ကွာ ၊ ဂုဏ်ဒြပ်ချင်း က လည်း ကွာ ၊ ပြီးတော့ မြချစ် က ကပ္ပိယ လို ကစုတ်ကညစ် နိုင်တဲ့ သူ ကို ရွေး ကြိုက်ရမယ့် မိန်းကလေး မှ မဟုတ်သာ ။ မင်း မှားနေပြီ ငအုန်း ၊ မင်း ရိုက်ရမှာ က တစ်ယောက် ကွ ”
“ ဟေ ၊ ဘယ်သူလဲ ၊ ဘယ်ကောင် နဲ့ ဖြစ်နေလို့လဲ ”
“ အခု ရွာ မှာ ခြေရှုပ် နေတဲ့ ပဲပွဲစား အောင်သန်းကျော် ဆိုတဲ့ ကောင်လေ ကွာ ၊ မြချစ် ဦးစားပေးသာ အဲသည် ကောင် ကွ ၊ တစ်ခါလား ၊ ရွာစွန် ပဲခင်းတွေ ထဲ မှာ ငါ နဲ့ တောင် တိုး သေးသယ် ။ မြချစ် က အစ်ကို တဲ့ ။ ငါ့ နား နဲ့ ကြားသာဗျား ၊ ကိုင်း ... ”
ငအုန်း က သူ တို့ အိမ် လာပြီး ပဲတွေ လာ စပ်တဲ့ ပဲပွဲစား ကို သိသားပဲ ၊ မြချစ် နဲ့ လို့ မထင်ဘူး ။ ရွာ ထဲ က ပဲတောင်သူတွေ အိမ် သွားတာ လာတာ လည်း မြင်သားပဲ ။ မြချစ် တို့ မိဘများ နဲ့ ခင်မင် လို့ သာ လိုက် ကူညီ နေတာလို့ ရိုးရိုး ထင် တာပါ ။ အခု မှတ်ကြီး က ရွာစွန် ပဲခင်းတွေ ထဲ နှစ်ယောက်တည်း တွေ့ တယ် ဆိုတာ လည်း ဖြစ်နိုင်တာပဲ ။ မြချစ် က မြို့သား ပဲပွဲစား ပိုက်ဆံ ရှိ သားသမီး ကြိုက်မယ် ဆို ကြိုက်လောက်တာပဲ ။ သည်ကြား ထဲ အစ်ကို ခေါ် နေ မှ တော့ ခရီး ရောက် နေလို့ နေ မှာပေါ့ ။ ဒါဆို ရိုက် ရမယ့် ကောင် လွဲပြီ ။ စံလှဘော် မဟုတ်တော့ဘူး ။ အောင်သန်းကျော် ဖြစ် သွားပြီ ။ ဒါပေမယ့် စံလှဘော် ကို လည်း သူ မကျေဘူး ။ ကာလသားတွေ ရှေ့ မှာ သူ့ ကို ခွစီးပြီး မြူအိုး နဲ့ ရိုက်ဖို့ ရွယ် ခဲ့တာ ကို ဘယ်တော့မှ မကျေဘူး ။ လူချင်း လုံး သ,တ်ဖို့ ကျတော့လည်း စံလှဘော် ကို သူ မနိုင်လောက်တာ သိတော့ အကွက် ဝင်လာမယ့် နေ့ စောင့် နေခဲ့တာ ကြာပြီ ။ ငအုန်း မစဉ်းစားတတ်ဘူး ။ မှတ်ကြီး က ထန်းရေ တစ်အိုး ကုန်အောင် မော့ သောက်ပြီး အိုး ကို ချ လိုက်တယ် ။ နှုတ်ခမ်းပါးနား သုတ်တယ် ။
“ အေ့ ... ငှက် နှစ်ကောင် တစ်ခါတည်း ဖမ်းလို့တော့ ရသာပေါ့ ငအုန်း ရာ ၊ အောင်သန်းကျော် လည်း ကွဲစေ ၊ စံလှဘော် လည်း ဒုက္ခ ရောက်စေ ၊ ဒါဆို မင်း ကျေနပ် မလား ”
မှတ်ကြီး က ငအုန်း ကို ပြုံး ပြတယ် ။ ငါ့ ဘက် က တာဝန် ကျေစေရမယ် ။ မင်း ဘက် က တာဝန် သာ ကျေတော့ ဆိုတဲ့ မျက်နှာ ပေါ် က အပြုံး ကို ငအုန်း က သိပြီ ။ အိတ် ထဲ က ပိုက်ဆံ ပါ သလောက် ထုတ်ပြီး မှတ်ကြီး ရှေ့ ချ ပေး လိုက်တယ် ။ မှတ်ကြီး က ရယ်တယ် ။ နည်းတယ်ပေါ့ ။ ငအုန်း က ထန်းရည်ဖိုး ရှင်း ဖို့ လောက် ကျန်တာ ဆိုတော့ ကိစ္စ ပြီး ရင် ထပ် ပေးမယ် ဆိုတဲ့ ကတိ ပေး လိုက်တယ် ။ မရဘူး ။ မှတ်ကြီး က လက် မခံဘူး ။ နောက် ဆိုတာ မသေချာဘူး မဟုတ်လား ။
“ မင်း လက်စွပ် ချွတ် လိုက် လေကွာ ငအုန်း ရ ၊ ငါ က အချုပ် နဲ့ ထောင် နဲ့ ရင်း ရမှာ ၊ မင်း က တွန့်တို နေတော့ မခက်ပါလားကွာ ”
“ ဒါက အမေ တို့ ဆင် ထားသာကွ ၊ ပြီးတော့ တန်ဖိုး ကြီးသယ် ။ ငါ ပိုက်ဆံ ပေးရင် ပြီးသာပဲကွ ”
“ လူ ရိုက်သာကျတော့ တန်ဖိုး မကြီးဘူးလား ငအုန်း ရ ”
“ ကိုင်း ရော့ကွာ ၊ မင်း သာ သေချာပစေ ၊ ပိရိပစေ ”
“ မှတ်ကြီး ပါ ကွာ ၊ သေချာပါသယ် ၊ ကိုင်း သွားစို့ ၊ တစ်ရက် နှစ်ရက် အတွင်း မင်း ဘယ်မှ မထွက် နဲ့ ၊ မင်း ဖြစ်စေချင်သာ ဖြစ်စေရမယ် ”
ငအုန်း နဲ့ မှတ်ကြီး ထန်းတော ထဲ က စိုက်စိုက် စိုက်စိုက် နဲ့ ထွက်လာ ခဲ့ကြတယ် ။ နောက် နှစ်ရက် လောက် မှာ ပဲပွဲစားလေး အောင်သန်းကျော် အရိုက် ခံရလို့ လှည်း လမ်းကြောင်း ပေါ် ကားရားကြီး လဲ နေလို့ ရွာ ထဲ အုတ်အော်သောင်းတင်း ဖြစ် သွားလေ ရဲ့ ။ သွေးအိုင် ထဲ မှာ လဲ နေတဲ့ ပဲပွဲစား ကို လှည်းသမား က ပဲ ပွေ့ တင် လာပြီး မြချစ် တို့ အိမ် လာ ပို့တယ် ။ လဲ နေတဲ့ အနား က သွေးစွန်း နေတဲ့ မာဖလာ တစ်ထည် လည်း တွေ့ လို့ ပေးခဲ့တယ် ။ မြချစ် တို့ က လူနာ ကို ချက်ချင်းပဲ တိုက်နယ် ဆေးရုံ ပို့ ဖို့ ပြင် ရပြီ ။ ခက်တာ က မြောင်းကြီး လို ဖြစ် နေတဲ့ လျှိုကြီး ကို ဖြတ် ရမှာ ။ စောင်ပုခက် နဲ့ ထမ်းပြီး တစ်ဖက်ကမ်း ကို ပို့ရမယ် ။ တစ်ဆက် တည်း တိုက်နယ်ဆေးရုံ ကို စောင်ပုခက် နဲ့ ပဲ ရောက်အောင် ပို့ ရမယ် ။ ဒါမျိုးမှာ ကပ္ပိယကြီး စံလှဘော် ကို ခေါ် မှ ဖြစ် မှာ ကို တစ်ရွာလုံး က သိကြသားပဲ ။ ဒါပေမယ့် ခေါ်လို့ လည်း မဖြစ်ဘူး ။ လူနာ့ ဘေး နား မှာ ကျ နေတဲ့ သွေးစွန်း မာဖလာ က စံလှဘော် လည်ပင်း သိုင်း နေကျ မာဖလာ တဘက်ကျား ကိုး ။ တိုက်နယ် ရဲတွေ ဘုန်းကြီးကျောင်း ပေါ် တက် လာတော့ စံလှဘော် က ရေတွင်း မှာ ကောက်ဆွ ကို ရေချိုး ပေး နေလေရဲ့ ။
◾ခင်ခင်ထူး
📖 ကပ်ပိယ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment