( ၁၂ )
“ ကိုရင် ”
“ ဘုရား ”
“ ကွမ်းယူခဲ့ ”
“ တင်ပါ့ဘုရား ”
ကိုရင်တိက္ခ က ကျော င်းအောက် က ရေအိုးစင် က ကွမ်းရွက်လေး ငါးရွက် ကို ယူပြီး ကျောင်း လှေကား က တက် လာတယ် ။ ကွမ်းအစ် ထဲ ကွမ်းရွက် တွေ ထည့် ပြီး ဆရာတော် ကို ဝတ် ဖြည့်တယ် ။ ဆရာတော် က ရပြီ သွားတော့ လို့ မမိန့် သေး လို့ ကိုရင်တိက္ခ အသာ စောင့် နေ လိုက်တယ် ။ ဆရာတော် က ကွမ်းရွက် တစ် ရွက် ယူပြီး ကွမ်း ယာတယ် ။ ကိုရင်တိက္ခ ကို လှမ်း ကြည့်ပြီး မေးတော် မူတယ် ။
“ အိမ်ပြန် အိပ်တဲ့ ကျောင်းသားတွေ ပြန် ရောက် ကြပြီလား ”
“ ရောက်ပါပြီ ဘုရား ”
“ ကောက်ဆွ ကော မမြင်ပါလား ”
“ ကောက်ဆွ မိုး လင်းသာ နဲ့ လျှောက်သွား နေသာပါ ဘုရား ”
“ ဟေ ... ၊ ဘယ်တွေ လျှောက်သွား နေသာလဲ ”
“ သူ့ အဖေ သွား မျှော်သာတဲ့ ဘုရား ၊ လျှို ထိပ် ကို နေ့တိုင်း သွားသာ ဘုရား ”
“ ကောက်ဆွ ပြန် လာရင် လွှတ်လိုက် ၊ ကိုရင် သွားတော့ ၊ စာကြည့်နေ ”
“ တင်ပါ့ ဘုရား ”
အရင် ရက် တွေ က မနက်မိုး လင်းတာ နဲ့ ကောက်ဆွ က ကျောင်း တစ်ဝင်းလုံး အနှံ့ တံမြက်စည်း လှည်းတာ ဆရာတော် မြင်နေကျ ။ စံလှဘော် မရှိ ကတည်း က ကောက်ဆွ က သူ လုပ်နိုင်တာတွေ လုပ် နေလို့ ခေါ် မေးတော့ သူ့ အဖေ အစား ကပ္ပိယ အလုပ်တွေ သူ လုပ်တာပါ ဘုရား ဖြေလို့ ဆရာတော်ကြီး တောင် ပြုံးမိ သေးတယ် ။ သည် ကလေး က စံလှဘော် ကို ခင် ရှာတာလည်း ဆရာတော် အသိ ။ သည်ဘက် ရက်တွေ မှာ တော့ ကောက်ဆွ က ကျောင်း မကပ်ချင် တော့ဘူး ။ လင်း တာ နဲ့ ကျောင်း ရှိတာလေး စားပြီး ပျောက် ပျောက် သွား တတ်တယ် ။ နေ့ခင်း ထမင်း စားချိန် လည်း ပြန် မလာတော့ ရွာရိုးကိုးပေါက် ကိုရင် တွေ လိုက် အရှာ ခိုင်း ရတယ် ။ ဆရာတော် က မေး တော့ လည်း ကျောင်း မှာ မနေချင်လို့ ပါ ဘုရား လို့ ဖြေတယ် ။
“ အဖေ မရှိတော့ ကျောင်း မှာ မနေချင်ဘူး ဘုရား ”
“ ဟဲ့ ... ၊ မင်း ရွာ က ငါ့ ကို အပ်ခဲ့သာ ၊ ငဘော် ကို အပ်သာ မဟုတ်ဘူး ။ ဘုန်းကြီးကျောင်းသား ဆိုသာ ဘုန်းကြီးကျောင်း မှာ ရှိရမှာ ပေါ့ ။ နောက် လျှောက် မသွားနဲ့ ကြားလား ၊ ငဘော် ပြန်လာမှာပါ ”
“ တင်ပါ့ဘုရား ၊ ဘယ်တော့ ပြန်လာမှာလဲ ဘုရား ”
“ မေးတုန်း မြန်းတုန်း နဲ့ တူပါရဲ့ကွာ ၊ လာမှာပေါ့ ”
ဆရာတော် ကိုယ်တိုင် က လာ မှာပေါ့ ဆိုပေမယ့် သေချာတာ မဟုတ်ဘူး ။ သူ လူရိုက်မှု နဲ့ ပတ်သက်လို့ ရွာ က အမျိုးမျိုး ထင်ကြေး ပေးကြတာ ကို ဆရာတော် လည်း ကြားတယ် ။ တချို့ က စံလှဘော် ကို ထင်ကြတယ် ။ တချို့က စံလှဘော် မဟုတ်လောက်ဘူး ဆိုကြရဲ့ ။ စံလှဘော် ကျောင်း ရောက်လာတဲ့ အနှစ် နှစ်ဆယ် အတွင်း စံလှဘော် မှာ သည်လို ရုန့်ရင်းကြမ်းကြုတ် တဲ့ အပြုအမူ မမြင်ဖူးခဲ့ပါဘူး ။ ပဲပွဲစားကလေး ကို ရိုက် ရလောက် အောင် ကလည်း သူတို့ချင်း အကြောင်း တိုက်စရာ မရှိဘူး ။ ဆရာတော့် နှမ ဒကာမကြီး ဒေါ်အေးမေ က တော့ ကိုယ်တော့် တူမ ကို ကပ္ပိယ က မှန်း နေတာကိုး ဘုရား ။ ကောင်လေး ရိုးရိုးသားသား ဝင်ထွက် နေတာ ကို မရှုစိမ့်တာပါ ဘုရား ။ ကျောင်း မှာ မထားပါနဲ့တော့ ဘုရား လို့ လျှောက်တယ် ။ လူ ဆိုတော့ လည်း ခက်သားပဲ ။ မှား ချင်တော့ လည်း မှား နိုင်တာပဲ ။ ဟုတ်များ ဟုတ်နေရော့လား လို့လည်း ဆရာတော် က တွက်တယ် ။ တစ်ခါတစ်ခါ တော့ လည်း သည်ကိစ္စ မဟုတ်နိုင်ဘူးလို့ စဉ်းစား မိ ပြန်ရော ။ စံလှဘော် က မြချစ် ကို မရိုးမသားမရှိဘူးလို့ ဆရာတော် ယုံကြည်တယ် ။ ကျောင်း မှာ သည်လိုပဲ ခင်ခင် မင်မင် နောက်နောက်ပြောင်ပြောင် နေ ကြတာပဲ ။ ကပ္ပိယ စံလှဘော် က ဆရာတော့် တူမ အရင်း ရွာ့ မိန်းမချော စာရင်း ဝင် မြချစ် ကို ကြိုက်ဝံ့ပါ့ မလား ။ စံလှဘော် ကြိုက်တယ် ထားဦး ၊ မြချစ် က စိတ်ကူးပါ့ မလား ။ လောကီအရေးတွေ ရှုပ် ထွေးလွန်းလှတယ် လို့ ပဲ ဆရာတော် ဆင်ခြင်မိတာ ကလွဲလို့ ကပ္ပိယ စံလှဘော် ကို သည်ကိစ္စ မှာ အပြစ် မမြင်ပါဘူး ။ လူ ရိုက်လောက် တဲ့ အထိ လည်း စံလှဘော် မမိုက်ဘူး လို့ ဆရာတော် စဉ်းစားတယ် ။
သည်လိုနဲ့ စံလှဘော် ကို ဂတ်တဲ က ခေါ် သွားတာ ငါးရက် တောင် ရှိပြီ ။ ဟုတ်လို့များ ဖမ်းထား လေရော့လား ။ အမှုအခင်း တရားတဘောင် စွဲလို့ ထောင် တန်းများ ကျရော့လား ။ ကပ္ပိယ သူတော်ကောင်းကြီး သူ့ အကုသိုလ် သူ ခံရတာ ကော ဟုတ်ကဲ့လား ။ သူတစ်ပါး အကုသိုလ်များ သူ့ အပေါ် ဖိစီးရော့လား ။ သည် အချိန် မှာ ပဲ ကောက်ဆွ က ဝတ် လာဖြည့်တယ် ။
“ ကောက်ဆွ ၊ နင် ဘယ်လျှောက် သွား နေသာတုန်း ၊ ကျောင်း မကပ်ဘူး ဆို ”
“ ဘုရား ... ၊ ရွာ ထဲ လျှောက်သွားသာ ဘုရား ”
“ ကိုယ့် ကျောင်း ကိုယ် နေ ၊ ငဘော် ပြန်လာလိမ့်မယ် ကြားလား ၊ မနက်ဖြန် သဘက်ခါ မှ မလာရင် ငါ လိုက်သွားမှာ ကြားလား ”
“ တင်ပါ့ ဘုရား ”
“ သွား ၊ ထမင်းစား ”
ကောက်ဆွ က ကျောင်း အောက် ပြန် ဆင်း ခဲ့တယ် ။ ကောက်ဆွ က ဆရာတော့် ကို “ တင်ပါ့ဘုရား ” ဆိုပေသိ ကျောင်း ထဲ မှာ မနေ သလောက်ပဲ ။ ကြာတော့ ဆရာတော် က လည်း ပြော မနေတော့ဘူး ။ အချိန် တန် ကျောင်း ကို ပြန် ရောက် လာတာ ဆိုတော့ အသာ ခွင့်လွှတ် ထား ခဲ့တယ် ။ ကောက်ဆွ က ရွာရိုးကိုးပေါက် သာ လျှောက် သွား နေတာ ၊ မနက်ဘက် ဘုရား ပန်း ကပ်တယ် ။ ရေချမ်း ကပ်တယ် ။ ဆီမီး ပူဇော်တယ် ။ စံလှဘော် သင်ပေးထား သမျှ ပန်းကပ်ရေချမ်းကပ်တွေ အကုန် ရွတ်တယ် ။ ကျောင်းခါးပန်း မှာ စံလှဘော် ထွက် သွားတဲ့ ရက်ကတည်း က အဖေ လို့ ဆင်း ရေးလေ့ ရှိတယ် ။ ရေ ကြည့်တော့ “ အဖေ ” ခြောက်ခါ ရေး ပြီးပြီ ။ နေ့စွဲ ရက်စွဲ ရယ် မရေးတတ် တော့ စံလှဘော် မရှိတဲ့ ရက်တွေ မှာ သူ ရေးတတ် သလို အဖေ လို့ ရေးထား တာပါ ။ ကောက်ဆွ က စာ ရေးတတ်လှသေးတာ မဟုတ်ဘူး ။ ကောက်ဆွ လို့ ရေး တတ်တယ် ။ အဖေ လို့ ရေး တတ်တယ် ။ သူ့ ဆရာမ မမမြချစ် လို့ ရေးတတ်တယ် ။ သည် သုံးမျိုးတော့ ကောင်းကောင်း ရေး တတ်တယ် ။
ကောက်ဆွ က မနက်တိုင်း လုပ်နေကျ ရွာ နဲ့ နှစ်မိုင် လောက် ဝေးတဲ့ လျှို ထိပ် လျှောက် လာခဲ့တယ် ။ လျှို ထဲ ဆင်းတယ် ။ တစ်ဖက် လျှိုထိပ် တက် လာပြီး နောက်ထပ် နှစ်မိုင် လောက် ဝေးတဲ့ တိုက်နယ်ရွာ ဘက် ကို လှမ်း မျှော်တယ် ။ ရဲတွေ က စံလှဘော် ကို အဲသည် ရွာကြီး ဘက် ခေါ် သွားတယ် ဆိုတာပဲ သိတယ် ။ သူ မရောက်ဖူးဘူး ။ တစ်ခါတစ်ခါ တော့ တိုက်နယ်ရွာ ဘက် လိုက်ဖို့ စိတ်ကူးတယ် ။ အဖေ့ ကို ဖမ်းထားတဲ့ နေရာ ကို လိုက် ရှာပြီး အဖေ လို့ ခေါ် လိုက် ချင်တယ် ။ ဒါပေမယ့် စံလှဘော် က သူ့ ကို ကျောင်း မှာပဲ နေလို့ မှာ သွားတယ် မဟုတ်လား ။ တစ်နေ့ နေ့ တော့ သည် လမ်း က ပဲ အဖေ ပြန် လာမယ်လို့ တော့ သူ သိတယ် ။ ဒါကြောင့် မနက် မနက် သည်ကို လာ မျှော်နေကြ ။ ဘယ်သူမှ လျှို ဘက် ကို လာ တာ မတွေ့ပါဘူး ။ နာရီဝက် တစ်နာရီ လောက် ရွာထိပ် ကန်သင်းရိုး ထိုင်ပြီး လှည့် ပြန်တာပဲ ။
သည်ကနေ့ တော့ ကောက်ဆွ လျှိုထိပ် က နေ ရွာ ဘက် ပြန် ခဲ့ပြီး ကျောင်း တန်း မသွားဘူး ။ ရွာ ထဲ မဝင်ဘဲ ရွာ့ အနောက်ဘက် ထွက်တဲ့ သရက်တော ၊ ညောင်တော ဘက် လျှောက် လာခဲ့တယ် ။ သရက်တော ညောင်တော ဘက် မှာ အမြဲတမ်း ဝိုင်းဖွဲ့ နေတတ်တဲ့ ကြက်ဝိုင်းကြီး ရှိတယ် ။ သည် သရက်တော ညောင်တော က ရွာတွေ ဆုံတဲ့ အလယ် လောက် ကျ ဟိုရွာသည်ရွာ က ကြက်သမားတွေ ဆုံနေ ကျ ။ ကြက်ပွဲကြီး လုပ်နေ ကျ ။ တစ်ခါ တစ်ခါ ကြေးကြီး ကြက်ဝိုင်းတွေ ရှိတဲ့ အပြင် လူတွေ က လည်း လောင်းကြ စားကြ ၊ အော်ကြ ဟစ်ကြ ရှိကြတာ ကို ကောက်ဆွ လာ ငေး တတ်တယ် ။ သည် ကြက်ဝိုင်းကြီး ရှိတာ ကို သည်ရွာ ရောက်စ က မသိ ပေမယ့် စံလှဘော် မရှိတဲ့ နောက်ပိုင်း ဟိုဟိုသည်သည် လျှောက် သွားရာ က တွေ့ ထားတာပါ ။
ကောက်ဆွ ထင်တဲ့ အတိုင်းပဲ ။ ကြက်ဝိုင်းကြီး စည်လှပြီ ။ လူကြီးတွေ ရော ၊ ကလေးတွေ ရော ကြက်ပွဲ ကို ဝိုင်း ကြည့်နေ ကြတာပဲ မနည်းဘူး ။ ကောက်ဆွ ရောက် သွားတော့ တိုး လို့ တောင် မရချင်တော့ အနားက သစ်ပင် ပေါ် တက်ပြီး ခွဆုံ ထိုင် ကြည့်တယ် ။ ကြက် နှစ်ကောင် ခွပ် နေတာ ကြောက်စရာ တောင် ကောင်း တယ် ။ လူတွေ က တဝေးဝေး ။ ကြက်တွေ က တဖျန်းဖျန်း ။ တစ်ပွဲ ပြီးတော့ နောက် နှစ်ကောင် တိုက်ဖို့ အဆင်သင့် ။ ကိုယ့် ရွာ က ကိုယ့် ကြက် ပိုက် လာကြ ပြီး ကြေးကိုက် ရင် ကြုံရာ ရွာ ကြက် နဲ့ တိုက် ကြတဲ့ ပွဲဆိုတော့ လောင်းကြေးတွေ က လည်း ပလူပျံလို့ ။ ကြက် တစ်ဝိုင်း နားတော့ လည်း ကောက်ဆွ ဆင်း မလာဘူး ။
သစ်ပင် အောက် ကို လူ နှစ်ယောက် ရောက် လာတယ် ။ တစ်ယောက် က ပိန်ပိန် ။ တစ်ယောက် က ဝဝ ။ ဝဝလူ က သူ့ လက် မှာ စွပ် ထားတဲ့ လက်စွပ်ချွတ် ပြီး ပိန်ပိန့် လူ လက်ထဲထည့် နေ တာ ကောက်ဆွ မြင်နေရတယ် ။
“ မင်း က ဘယ်လောက် လိုချင်လို့ လဲ မှတ်ကြီး ၊ မင်း ခိုးရာပါ တော့ မဟုတ် ပါဘူး နော် ၊ ငါ့ အမှုပတ် နေပါဦးမယ် ”
“ ဟာဗျာ မှတ်ကြီး ပါ ၊ လူ သာ ရိုက်ချင် ရိုက်မယ် ။ ခိုး တဲ့ အလုပ် ဘယ်တုန်းက မှ မလုပ်ဘူး ။ ခင်ဗျား ပဲ ဖြတ် ဗျာ ၊ ကျုပ် က ဈေးတော့ မသိဘူး ”
“ မင်း လက်စွပ် မင်း တန်ဖိုး မသိဘူးလား ကွ ၊ ငါ ပေးသာ နည်း ရင် မင်း က နှိမ်သယ် ထင်ဦးမယ် ၊ ပြောကွာ ငါ ပေး နိုင်ရင် ပေးမယ် ”
“ ကျုပ် လက်စွပ် မဟုတ်ဘူးဗျ ၊ ကျုပ် ကို ငအုန်း က ပေးသာ ၊ ဘယ်လောက် တန်သယ် ကျုပ် လည်း မသိဘူး ၊ လုပ်ဗျာ နောက် တစ်ပွဲ စ တော့မယ် ”
“ ငအုန်း ပေးသာ ဆို တော့ ပို ဆိုး သွားပြီပေါ့ကွာ ၊ ငအုန်း က မင်း ကို ဘာလို့ လက်စွပ် တစ်ကွင်း အလကား ပေးသာ တုန်း ၊ ရှုပ်ရှုပ်ယှက်ယှက် ကွာ ”
“ ခင်ဗျား နဲ့ တော့ ခက်နေပါပြီ ၊ အဲဒါက ကျုပ်တို့ ကိစ္စပါ ၊ ကဲ လုပ်စမ်းပါ ဗျာ ”
“ ခက်တော့သာပဲ မှတ်ကြီးရာ ”
နောက်တော့ လူ ပိန်ပိန် က မှတ်ကြီး ဆိုတဲ့ လူ ကို ငွေစက္ကူတွေ ပေး နေတာ လည်း ကောက်ဆွ မြင် ရတယ် ။ ဘယ်လောက် မှန်း တော့ မသိဘူး ။ ကြက်ပွဲ လည်း ပြန် စပြီ ။ ကြက်တွေ တဖျန်းဖျန်း ခွပ်နေကြတာ ကို ကောက်ဆွ သဘောကျတယ် ။ သူ့ ကြက် ကိုယ့်ကြက် ဆွဲပြီး ချွဲထုတ်တာ ၊ ကြက် ကိုင်တာ ၊ ရေ ပေးတာတွေ ကို ကောက်ဆွ ကောင်းကောင်း မှတ် ထားတယ် ။ စည်းဝိုင်း ထဲ မှာ ကြက်တွေ လွှတ် တော့ ခွပ်ကြ ပြန် ရော ။
ကြက် လေးပွဲ ငါးပွဲ တိုက် ပြီးတော့ တောင် ကြက်ပွဲ ပရိသတ်က မလျော့ဘူး ။ နေရောင် တောင် ပျောက် တော့မယ် ။ ကောက်ဆွ လည်း သစ်ပင် ပေါ် က ဆင်းပြီး ရွာ ဘက် ပြန် ခဲ့တယ် ။ သူ့ မျက်စိ ထဲ မှာ သည်းကြီးမည်းကြီး တိုက် နေတဲ့ ကြက် နှစ်ကောင် ကို မျက်စိထဲ မြင်ယောင် နေ မိတယ် ။ ကြက်ပွဲ ကို မြင်စ က သူ့ စိတ် ထဲ မှာ ကျေနပ် သလိုလို ပျော် သလိုလို ရှိခဲ့ ပေမယ့် နောက်တော့ ကြက်တွေ ကို သနား စိတ် ဝင်လာ ခဲ့တယ် ။ တစ်ကောင့် တစ်ကောင် ရန်ညှိုး ရန်စ မရှိပါဘဲ နဲ့ ရေကုန် ရေခန်း ခွပ် နေကြတာ ကို ကောက်ဆွ နား မလည်နိုင်ဘူး ။ အဖေ သိ ရင် ကြိုက်ပါ့ မလားလို့ လည်း တွေးမိတယ် ။ ဆရာတော်ကြီး က ဘုန်းကြီးကျောင်းသား ဆိုတာ ကျောင်း မှာ နေရတယ် တဲ့ ။ ကျောင်း မှာ ပဲ နေတော့မယ် လို့ ကောက်ဆွ စိတ်ကူး တယ် ။
ကျောင်း ရောက် တော့ သရက်ကင်း လှေကားကြီး ရဲ့ အောက်ဆုံး လှေကား ထစ် မှာ ခဏ ထိုင် လိုက်တယ် ။ လှေကား ရင်း မြေပြင် မှာ ဖိနပ် လေးငါးရံ ရှိ နေတာ ကို တွေ့ တယ် ။ လူ ဖိနပ် က နှစ်ရံ ၊ ကျန်တာ ကိုရင် ဖိနပ်တွေ ။ ကောက်ဆွ လူ ဖိနပ် နှစ်ရံ ကို သေချာ အောင် ပြန် ကြည့် တယ် ။ ဧည့်သည်တွေများ ကျောင်း ပေါ် ရောက် နေရော့လား ။ တစ်ရံ သော ဖိနပ် က သူ သိတဲ့ ဖိနပ် ။ တာယာဖိနပ် ။ ကောက်ဆွ ကျုံး ထ လိုက်ပြီး လှေကား အတိုင်း အော် ပြေးလေ ရဲ့ ။
“ အဖေ ”
ကောက်ဆွ ထင်တဲ့ အတိုင်းပဲ ။ ဆရာတော်ကြီး ရှေ့ မှာ စံလှဘော် နဲ့ ကျေးရွာ လူကြီး တစ်ယောက် ထိုင် နေတာ ကောက်ဆွ တွေ့ တယ် ။ အဖေ ဘယ်တုန်းက ပြန် ရောက် တာလဲ ။ မနက် က မှ လျှိုကမ်းပါး ထိပ် မှာ သူ ကိုယ်တိုင် သွား မျှော်ခဲ့ သေးတာပဲ ။ ကောက်ဆွ က ဆရာတော့် ရှေ့ မှာ တောင် ဟန် မလုပ်နိုင်တော့ဘူး ။
စံလှဘော် ကျောကုန်း ပေါ် တက် ခွတယ် ။ စံလှဘော် မျက်နှာ ကို ဆွဲ လှန် ကြည့် တယ် ။
“ အဖေ .. ကျုပ် မနက် က လျှိုထိပ် သွား မျှော်ခဲ့သေးသာဗျ ။ အဖေ ပြန် လာပြီပေါ့ ။ ပြန် သွားရ ဦးမှာလား ။ ကျုပ် လွမ်း လိုက်သာဗျာ ”
“ အဖေ က လည်း လွမ်းပါ့ကွာ ။ အကုသိုလ် ဝင်တာပေါ့ ကောက်ဆွ ရာ ။ မင်း ကျောင်း မှာ မရှိဘူး ဆို ။ ကျောင်း ဝေယျာဝစ္စ နိုင် သလောက် လုပ်မှ ပေါ့ ကွ ။ မင်း ကပ္ပိယ ပါ ဆို မှ ”
“ လုပ်ပါသယ်ဗျာ ၊ ကျုပ် က အားလုံး ပြီး မှ လျှောက် သွားသာပါ ။ အဖေ့ ကို ရဲတွေ က ဘာလုပ်ကြသေးတုန်း ”
“ ဘာမှ မလုပ်ပါဘူးကွာ ၊ ခေါ် မေးကြသာပါ ”
အတူ ရောက် နေတဲ့ ရွာလူကြီး က ဆရာတော် ကို ဝတ် ဖြည့်တယ် ။
“ အဲဒါပါပဲ ဘုရား ၊ မနက် က ရဲ တစ်ယောက် လာ ခေါ်လို့ လိုက် သွားတော့ အပြန် စံလှဘော် ကို ပြန် ထည့် ပေး လိုက်သာပါပဲ ဘုရား ၊ သည် ရက် ထဲ တော့ စံလှဘော် ကျောင်း မှာ ပဲ ရှိပါစေလို့ လည်း မှာသယ် ဘုရား ။ ရိုက်တဲ့ တရားခံ သူတို့ လည်း ရှာနေပုံ ပါ ဘုရား ”
“ အေး ဒကာမောင်ကျော် ၊ ပြန် ... ပြန် ၊ ကျန်းမာချမ်းသာပါစေ ”
စံလှဘော် နဲ့ ကောက်ဆွ ကျောင်း အောက် ဆင်း လာ ခဲ့ကြတယ် ။ စံလှဘော် ရှင်းသန့် နေတဲ့ ကျောင်းဝိုင်းကြီး ကို ကြည့် ပြီး ပြုံးတယ် ။ ကောက်ဆွ ကို ဖက် လိုက်တယ် ။
“ မင်း လှည်းသာလား ”
“ အင်းပေါ့ အဖေ ရ ”
ဆရာတော်ကြီး က စံလှဘော် နဲ့ ကောက်ဆွ အဖြစ် ကို ကြည့်ရင်း ပြုံးတော် မူတယ် ။ မေတ္တာရဲ့ အေးမြသန့်စင်မှု ကို နှလုံးသွင်း နေတော် မူ ပုံ လည်း ပေါ်တယ် ။
◾ခင်ခင်ထူး
📖 ကပ်ပိယ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment