❝ လက်တွေ့ ဗေဒင်ဆြာ ❞
( ၁ )
ဗေဒင်ဆရာ ဆရာပု သည် စောစောစီးစီး အိမ် ထဲ သို့ ခေါင်းငိုက်စိုက် ချ ၍ ဝင် လာ လေသည် ။
ခါတိုင်း ညနေ ဘက် ဆိုလျှင် လမ်းမ ပေါ် မှ နေ၍ “ မယ်ဥ ရေ ... မယ်ဥ ရေ ” ဟု တကြော်ကြော် ခေါ်ရင်း ပြုံးပြုံးရွှင်ရွှင် အိမ် ထဲ သို့ ဝင် လာ နေကျ ဖြစ်သော်လည်း ၊ ယနေ့ မူ ထူးခြား လှ သဖြင့် ဗေဒင်ဆရာ ကတော် ဒေါ်ဥ ပင် ရုတ်တရက် စကား မပြော နိုင် သေးဘဲ လင်တော်မောင် ဗေဒင်ဆရာကြီး ဆရာပု ကို အကြောင်သား ငေး၍ ကြည့် နေ မိသည် ။
“ ကိုပု ... ရှင် ဒီနေ့ ဘာ ဖြစ်လာတာလဲ ... ဟင် ”
အတန်ကြာ မှ ဗေဒင်ဆရာ ကတော် ဒေါ်ဥ က လင်တော်မောင် အား ဖင်ပြန် ခေါင်းပြန် ကြည့် ရင်း မေးမြန်း လိုက်၏ ။
ဗေဒင်ဆရာကြီး ဆရာပု သည် ဗေဒင်ဆရာ ကတော် ဒေါ်ဥ ၏ အမေး ကို ချက်ချင်း အဖြေ မပေး သေးပဲ ပခုံး မှ လွယ်အိတ် ကို အိမ်ရှေ့ခန်း ရှိ နံရံ ပေါ် မှ အင်္ကျီ ချိတ် တွင် ပထမ ချိတ် ထား လိုက် ၏ ။ ပြီးလျှင် သူ ဝတ်ဆင် ထား သော ဇော်ဂျီ ဝတ်စုံ ကို တစ်ခု ပြီး တစ်ခု ချွတ် နေလေသည် ။
“ ကိုပု .... ရှင် ဘာ ဖြစ် လာတာလဲ ပြောစမ်းပါဦး ”
ဗေဒင်ဆရာ ကတော် ဒေါ်ဥ က သူ့ လင်တော်မောင် ထံ မှ ချက်ချင်း စကား ပြန် ဖော် မရ၍ စိတ်ဆိုး ရ မလို စိုးရိမ် ကြောက်လန့် ရတော့ မလို ဖြစ်နေ လေသည် ။
ဗေဒင်ဆရာကြီး ဆရာပု မှာ နာမည် နှင့် လူ ဓမ္မာသောက ဖြစ်နေသည် မှာ “ မာတာမိခင် ဖွားသန့်စင်၍ ခေါ်တွင် စရာ မည်သညာ ကား ” စသည် ဖြင့် ဇာတာ ဖွဲ့ ကင်ပွန်းတပ် ပြီးသည့် နေ့ မှ အစ ဖြစ်၏ ။ နာမည် မှာ ဆရာပု ပင် ဖြစ်သော် လည်း လူ မှာ ခြောက်ပေ နီးပါး ခန့် ရှည်၏ ။ ဗေဒင် ဟော ရန် အိမ် မှ ထွက် သွားသည့် အခါတိုင်း အသားကပ် ဘောင်းဘီရှည် အနီ ၊ ရှပ်အင်္ကျီ အနီ နှင့် ဒူးဆစ် အထိ ရောက်သော အနီရောင် ကုတ်အင်္ကျီ ကို ဝတ်ဆ င်၍ သွား တတ်၏ ။
ထို့ကြောင့် ခြောက်ပေ နီးပါး ရှိသော သူ့ အရပ်ကြီး တွင် အဆိုပါ ဇော်ဂျီ ဝတ်စုံ ကို ဝတ် လိုက် သော အခါ၌ မည်ကဲ့သို့ ကြည့် ၍ မျှ မဟပ်မိ အောင် ဖြစ်နေ တတ်၏ ။ ဤ အထဲ တွင် လူ က လ ည်း နံပိန် ဖြစ်ရုံ မက မေးစေ့ မှ မုတ်ဆိတ် က လည်း လေ လာတိုင်း တယမ်းယမ်း တလှုပ်လှုပ် ဖြစ်နေ သဖြင့် သူ့ ကို ကြည့်ရသည် မှာ ဝါးလုံးတိုင် ထိပ် တွင် ထဘီစုတ် ကို လွှင့် ထား သလို ဖြစ် နေ လေသည် ။
“ ဟင် .. ကိုပု ... ကျုပ် မေး နေတာ မကြားဘူးလား ”
အသားကပ် ဘောင်းဘီရှည် အနီ ကို ချွတ်လက်စ တန်းလန်း ရှိနေသော ဗေဒင်ဆရာကြီး ဆရာပု အား ဗေဒင်ဆရာ ကတော် ဒေါ်ဥ က တတိယမ္ပိ မေးမြန်း လိုက်သော အခါ၌ ဆရာပု သည် ဘာမပြော ညာမပြော နှင့် သူ့ ပါး တစ်ဖက် ကို လက်ညှိုး နှင့် နာနာ ထိုး ၍ ပြ လိုက်၏ ။ ဤတွင် စိတ် မရှည်တော့ပြီ ဖြစ်သော ဒေါ်ဥ က ...
“ ပြောစမ်းပါဦး ကိုပု ရဲ့ ရှင့် မလဲ စကား မပြောနိုင် လောက် အောင် ဘာများ ဖြစ် နေ ရ တာလဲ ။ ဒီမှာ ဖြင့် ထိတ်ရ မလိုလို လန့်ရ မလိုလို .. ”
“ ထိတ်စရာ , လန့်စရာတော့ မဟုတ်ဘူး ဟဲ့ ၊ ရှက်တော့ ရှက်စရာဘဲ ”
“ ဘယ်လိုများ ဖြစ်လာတာလဲ ကိုပုရယ် ”
“ အေး - အေး ... ငါ ပြော ပြမယ် ... ထိုင် ... ထိုင် ဟောဒီမှာ ထိုင် ”
ဆရာပု က ပြောပြောဆိုဆို ဗေဒင်ဆရာ ကတော် ဒေါ်ဥ အား ကွပ်ပျစ် ပေါ် တွင် အထိုင် ခိုင်း လိုက် ကာ သူ ပါ ဒေါ်ဥ နှင့် ကပ်၍ ထိုင်ချ လိုက်၏ ။
“ ဒီနေ့ က ပြဿဒါး မလွတ်ပါဘူး မယ်ဥ ရာ ”
ဗေဒင်ဆရာကြီး ဆရာပု က သူ့ ပါး တစ်ဖက် ကို လက်ဝါး နှင့် ပွတ် ရင်း ပဏာမ ပျိုး လေသည် ။
“ နို့ ဒီနေ့ ရက်ရာဇာ မှုတ်လား ... ဟောဟို ပြက္ခဒိန် ထဲ မှာ တောင် ထည့် ရေးထားတယ် ”
“ အေး ... ရက်ရာဇာ တော့ ... ရက်ရာဇာ ပေါ့ ကွာ ... ဒါပေမဲ့ ငါ့ အတွက် ပြဿဒါး မလွတ် ဖူး ”
“ ရှင် ကလည်း တော် တောက်တီးတောက်တဲ့ ၊ ရက်ရာဇာ မှာ ပြဿဒါး မလွတ်ဖူး ဆိုတာ ဗေဒင်ဆရာကြီး တစ်ယောက် လုပ်နေပြီး တော့ ... ”
“ အေးဟယ် ... ဒါတွေ ထား လိုက်ပါဦး ။ ငါ ပြောမယ့် ဟာ သာ နားထောင်စမ်းပါဦး ”
“ အင်း .. အင်း .... ဒါဖြင့်လည်း ပြောမယ့် ဟာ ပြောပေါ့ ”
ဗေဒင်ဆရာကြီး ဆရာပု သည် ဗေဒင်ဆရာ ကတော် ဒေါ်ဥ လက် မှ ဆေးပေါ့လိပ် ကို ယူ၍ သုံးလေး ဖွာ မျှ ဆက် ဖွာ လိုက်၏ ။ ပြီးမှ သူ့ ဇာတ်လမ်း ကို စ လေသည် ။
“ ငါ ဒီနေ့ မနက် အိမ် က ထွက် တော့ သိပ် မျက်ခုံး လှုပ်တယ် ။ ဒါနဲ့ တစ်လမ်း လုံး သမ္ဗုဒ္ဓေဂါထာ ရွတ် သွားတာပဲ ။ ငါ ခါတိုင်း ဗေဒင် ဟောနေကျ စပတ်လမ်း နဲ့ ဂျူဒါအီစကယ်လမ်း ကြား ပလက်ဖောင်း ပေါ် ရောက်တော့ ခါတိုင်း လို ပဲ အတွင်းဝန်ရုံး သံဝင်း ပေါ် မှာ ငါ့ ဆိုင်းဘုတ် တင် ၊ ပလက်ဖောင်း ပေါ် မှာ မြက်ဖျာကလေး ခင်း လုပ် နေတုန်း လူ တစ်ယောက် ဗေဒင် မေးဖို့ ရောက် လာတယ် ”
“ အင်း ”
“ ဒီတော့ ငါ ကလည်း သိပ် ဝမ်းသာ သွားတာ ပေါ့ ။ ဒီ လူ က ဗေဒင် မမေးခင် ဝင်းထရံ မှာ ချိတ် ထားတဲ့ ... ငါ့ ဆိုင်းဘုတ် ကို သေသေချာချာ ဖတ် ကြည့် လိုက်သေးတယ် ။ ငါ့ ဆိုင်းဘုတ် မှာ လက်တွေ့ ဗေဒင်ဆရာ ၊ ဥစ္စာပျောက် ပစ္စည်းပျောက် ၊ ရာထူးတိုး ၊ မတိုး ၊ အကြံအစည် အောင် ၊ မအောင် လက်တွေ့ ဟောတယ် လို့ ရေးထားတာ ကို ခပ်ကျယ်ကျယ်ကလေး ဖတ် လိုက် သေးတယ် မယ်ဥ ရဲ့ ။ လူ ကြည့် ရတာ က တော့ ရုပ်ရေ ခပ်သန့်သန့် ပဲ ။ ဘန်ကောက်လုံချည် နဲ့ ပိုးအင်္ကျီ အနက် နဲ့ ။ ဒီတော့ ငါ ကလည်း ဈေးဦး ဈေးဖျား လာဘ် တိုးပြီ ဆိုပြီး ဗေဒင် ဟော မလို့ ကျောက်သင်ပုန်း ကောက် ကိုင် လိုက်တာ ကိုး ”
“ အင်း ... ”
“ ဒီတော့ ဒီ လူ က သူ့ မှာ ပစ္စည်း တစ်ခု ပျောက် သွားတယ် ။ မှန်မှန် ဟောစမ်းပါ လို့ ပြောတယ် ။ ကျုပ် က လည်း ခါတိုင်းလို ကျုပ် ဗေဒင် ဘယ်လောက် မှန်တဲ့ အကြောင်း ပြောတာ ပေါ့ ။ ဒီတော့ သူ က လည်း ဗေဒင် မေးခ ငွေ တစ်ကျပ် ကျုပ် ရှေ့ မှာ ချထား လိုက်တယ် ။ ကျုပ် က လည်း ခု တွေ ၊ ရက် တွေ မေးပြီး ဘာ ပစ္စည်း ပျောက်တယ် ဆိုတာ မေးရတာ ပေါ့ ၊ သူ က ဘာ ပစ္စည်း ပျောက်တယ် လို့ ပြောသလဲ သိလား ။ သူ့ ညှပ်ဖိနပ် ပျောက်သွား သတဲ့ .. ”
“ ဒီ လူ က လည်း ကြံကြံဖန်ဖန် တော် ... ညှပ်ဖိနပ် ပျောက် တာများ ဗေဒင် လာ မေးရသေးတယ် ”
“ အေး ... အေး နားထောင် ငါ ပြောပြမယ် ။ သူ က ဒီလို ပြော လိုက်တော့ မှ သူ့ ခြေထောက် ကို ငုံ့ကြည့် မိတယ် ။ ကြည့်စမ်းပါဦး ဂြိုဟ်မွှေ ချင် တော့ ဖိနပ် ပါ မလာတာ ကို သူ လာ စ ကတည်း က သတိ မထားမိဘူး ”
“ အင်း .. ပြောစမ်းပါဦးတော် မြန်မြန် ”
“ အေးလကွယ် .. ပြောမှာ ပေါ့ ”
ဗေဒင်ဆရာကြီး ဆရာပု သည် သူ့ ပါး ကို သူ လက်ဝါး နှင့် ပွတ်၍ နေမိပြန် လေသည် ။
“ ကျုပ် က ကျောက်သင်ပုန်း ပေါ် မှာ ဟို တွက် ၊ ဒီ တွက် သာ တွက် ရတယ် ။ ကိုယ့် ဟာ ကိုယ် စိတ် မလုံဘူး ။ ဒီ လူ့ ဆီ က လည်း အရက်နံ့ လိုလို ရေမွှေးနံ့ လိုလို ရတယ် ကွဲ့ ။ ကျုပ် က လည်း ဈေးဦး ဈေးဖျား မရှောင်ကောင်း ဆိုတဲ့ သဘော နဲ့ တတ်သမျှ မှတ်သမျှ တွက်ချက် ကြည့် တာပဲ ။ ဒီလို တွက် နေ တုန်း ဒီ လူ က မြန်မြန် ဟောစမ်းပါ ဆရာကြီး ရယ် ။ သွားစရာ ကိစ္စ ရှိသေးလို့ ပါ လို့ ပြောတာ နဲ့ ကျုပ် က လည်း ဒီ လူ ဟာ မေ့တတ် ၊ ရော့တတ် တဲ့ လူ တစ်ယောက် ဖြစ်ချင် ဖြစ်မယ် ။ အိမ် က ဖိနပ် စီး လာ သလား ၊ မလာဘူးလား ဆို တာ သတိ မရပဲနဲ့ ဒီ ရောက်တော့ မှ ဖိနပ် ပျောက်တယ် ထင်ပြီး ဗေဒင် လာ မေးတာ ဖြစ်ရမယ် လို့ စိတ်ကူး ရပြီး မောင်ရင့် ဖိနပ် မောင်ရင် နေ တဲ့ အိမ် မှာ ပဲ ရှိတယ် လို့ ခပ်တည်တည် ကြိတ် လိုက်တာပေါ့ လကွယ် ”
“ အင်း .. အင်း ... ဆိုစမ်းပါဦး ”
“ ဒီလို ဟော လိုက်တော့ ဒီ လူ က ဘာ လုပ်သလဲ သိလား ။ ထိုင်ရာ က ဗြုန်းခနဲ ထ လိုက်ပြီး သူ့ ကျောဘက် ခါးကြာ ထဲ မှာ ညှပ် ထားတဲ့ ဖိနပ် ကို ဆွဲ ထုတ်ပြီး ကျုပ် ပါး ကို ချပါလေ ရော ”
ဗေဒင်ဆရာကတော်ကြီး ဒေါ်ဥ သည် တစ်ချက် မျှ ငိုင်ကျ သွား လေသည် ။
“ သယ် ... ဒီ ကောင် က မိမဆုံးမ ဖမဆုံးမ ဖအေ တစ်ရာ နဲ့ ရတဲ့ ခွေးသား ”
ဒေါ်ဥ ၏ စကား မဆုံးမီ ဗေဒင်ဆရာကြီး ဆရာပု က ဆက် မပြောရန် လက် ကာ ၍ ပြလိုက်၏ ။
“ ဘာလဲ ရှင် က ဒီလို မိမဆုံးမ ဖမဆုံးမ အကောင်မျိုးတွေ စော်ကားတာ ခံနေရ သလား ။ ကျုပ် သာ ယောက်ျား ဆို ရင် ... ”
“ မယ်ဥ ရယ် ... နင် က လည်း ဒေါသ ကြီးလှချည်ရဲ့ ။ ခံ မနေလို့ ဘယ့်နှယ် လုပ်မလဲ ။ အရင်တုန်း က စိတ် ၊ အရင်တုန်း က ကိုယ် ဆိုရင် ဒီကောင် ဒီနေရာ တင် ကိစ္စတုံး သွားမှာ ပေါ့ ”
“ အရင်တုန်း က လို မဟုတ်ပေမဲ့ တတ်နိုင် သလောက် တော့ ပြန် လုပ်ဦးမှ ပေါ့ တော် ... တကတဲ ၊ ခုမှ တကယ့် သူတော်ကောင်းကြီး ဖြစ် နေလိုက်တာ ။ ဗေဒင် ဟောတာပဲ ... ဘယ်မှာ ဘုရား ဟောသလို မှန်နိုင်ပါ့မလဲ ”
စ, မိ ပြီ ဆိုလျှင် တော်တော်နှင့် မဆုံးနိုင်သော ဗေဒင်ဆရာ ကတော်ကြီး ၏ လေပေါက် ကို အတပ် သိ နေပြီး ဖြစ်သည့် ဆရာပု သည် ဆက် ၍ ဟန့် မနေတော့ဘဲ နောက်ဖေး မီးဖိုချောင် သို့ ဝင် ကာ ရေ တစ်ခွက် ကို အားရပါးရ သောက်ပြီး နောက် တဖြည်းဖြည်း နာ၍ နာ၍ လာ သော ပါး တစ်ဖက် ကို ရေနွေးကျပ်ထုပ် ထိုး၍ နေလေသည် ။
( ၂ )
ဗေဒင်ဆရာကြီး ဆရာပု နှင့် ဗေဒင်ဆရာကတော် ဒေါ်ဥ တို့ မှာ အမှန်စင်စစ် အားဖြင့် “ ဦး ” ဟူ၍ လည်းကောင်း ၊ “ ဒေါ် ”
ဟူ၍ လည်းကောင်း ခေါ်ဝေါ်ရ လောက်အောင် သွား ကျိုး ၊ ဆံ ဖြူ သည့် ဇရာပိုင်း သို့ ရောက် နေသူများ မဟုတ်ကြချေ ။ သို့သော် အရပ် ထဲ တွင် ဗေဒင် ဆရာကြီး ၊ ဗေဒင် ဆရာကတော် ဟူသော ဂုဏ် ထူး ဝိသေသ ကို လက်ဖက် လည်း မပါ ။ ကွမ်း လည်း မကမ်းဘဲ အနီရောင် ပိတ်စ ပေါ်တွင် အဖြူ ရောင် စာလုံးများ ရေး ထားသည့် ဆိုင်းဘုတ် ကို တင် လိုက်ခါ မျှ ဖြင့် ရယူ ထားကြသူများ ဖြစ် သဖြင့် ဝယဝုဒ္ဓိ မရှိစေကာ မူ ဂုဏဝုဒ္ဓိ ကို ထောက်ထား၍ ‘ ဆရာပု ’ ဟူ၍ လည်းကောင်း ၊ ‘ ဒေါ်ဥ ’ ဟူ၍ လည်းကောင်း ခေါ်ဝေါ်ကြခြင်း ဖြစ်ပေသည် ။
ဗေဒင်ဆရာကြီး ဆရာပု မှာ အမှန် အားဖြင့် အသက် သုံးဆယ့်ခြောက်နှစ် မျှသာ ရှိသေး သူ ဖြစ်လျက် ဒေါ်ဥ မှာ ဆရာပု ထက် အသက် သုံး လေးနှစ် မျှ ကြီးပုံ ရ၏ ။ သို့သော် ဒေါ်ဥ မှာ နာမည် နှင့် လိုက်အောင် သူ့ အမေ က ရွှေ လို ဥ ၍ ထား ခဲ့လေသလား မပြောတတ် ။ လေးဆယ် အရွယ် သို့ ချဉ်းနေသည့် တိုင် တတပိုက် တစ်လုံးတစ်ခဲ ကြီး ဖြစ် နေအောင် အဆီ နှင့် ရွဲရွဲ ချစ်စားပွဲ ထိုင် စရာ ကောင်းတုန်း ပင် ရှိသေး၏ ။
ဆရာပု မှာ နာမည်သာ ပု လျက် လူ က ရှည် နေသူ ဖြစ်၍ တစ်လုံးတစ်ခဲ အဆီရွှဲ နေသည့် “ ဥ ” ဥကလေး နှင့် ယှဉ်လျက် လျှောက်သွား သောအခါ ထန်းပင် နှင့် ဘဲဥ အနိုင် လု၍ အပြေး ပြိုင် သလို ဖြစ်နေ တတ်၏ ။ သို့တစေ ဥ က ပု အပေါ် တွ င် အပြစ် ဟူ၍ မြူမျှ မမြင် ။ အချစ် ဟူ၍ သာ ထင်မှတ်ထားသူ ဖြစ်၏ ။ ထို့ကြောင့်လည်း ဥ သည် “ ပု ” ကို ဗေဒင်ဆရာကြီး ဟူ၍ တစ်မျိုး ပညာရှိကြီး ဟူ၍ တစ်ဖုံ အမျိုး စုံနေအောင် အကြိုက် ကို ပေး၍ အမြိုက်ဆေး ကို ဆယ် နှစ်မျှ ကာလ အတွင်း ဝတ္တရား မပျက် တိုက်ကျွေး ခဲ့ခြ င်း ဖြစ် လေသည် ။
“ ဥ ” နေ ထိုင်သော ရွာကလေး သို့ လွန်ခဲ့သော ဆယ်နှစ် ကျော် အချိန် တွင် ‘ ပု ’ သည် ရောက် လာခဲ့၏ ။ ထိုအခါ က ‘ ပု ’ မှာ နှစ်ဆယ့်ခြောက်နှစ် မျှ ရှိသေး၏ ။ အရပ်ရှည်ရှည် နှင့် နံပိန် ဖြစ် သော ‘ ပု ’ ကို “ ဥ ” က မုန်းစရာ ဟူ၍ မမြင် ။ “ သနားစဖွယ် ခါးနွဲ့နွဲ့ နှင့် ပြာညိုလဲ့ ကိုဧည့်သည် ” ဟု သာ ထင်လေသည် ။
ယခုမူ ‘ ပု ’ မှာ ဗေဒင်ဆရာကြီး ပင် ဖြစ် နေ ပေပြီ ။ ပညာရှိကြီး ဖြစ်နေ ပေပြီ ။ ‘ ပု ’ သာ ယခု အခါ ပဉ္စင်း တက် ၍ လူ ထွက်ခဲ့လျှင် ‘ လူပြန် တော်ပညာရှိ ’ ဟူသော ဘွဲ့ထူး တစ်ခု နောက် ထပ် တိုးရန် ရှိနေ သေးသည် ။ အရပ် ထဲ က အချို့သော ကာလသားများ က ၊ “ ပု ” အား အင်္ကျီ အနီ ၊ ဘောင်းဘီ အနီ ကို ဝတ်၍ ဗေဒင် အဟော ထွက်တတ်သော ကြောင့် ၊ “ ဇော်ဂျီဆရာပု ” ဟု ခေါ်ဝေါ် နေခြင်း မှာ လည်း ‘ ဥ ’ အတွက် ဂုဏ်ယူ စရာ တစ်ခု ပင် မဟုတ်ပါလော ။
ဤသို့လျှင် ‘ ဥ ’ သည် ' ပု ’ အကြောင်း ကို တစိမ့်စိမ့် တွေး၍ အချစ်သွေး တက်လေ့ ရှိ၏ ။
“ ဥ ” ၏ အကြင်မျှ ထိုမျှ ဤမျှ လောက် အရေး ပေး၍ အချစ်ဆေး တိုက်ကျွေးခြင်း ခံရသူ ဆရာပု ကား နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ် ။ ဗေဒင် ကို လည်း ဆရာ မ လို အလိုလို တတ်မြောက် တော် မူ၏ ။ လက္ခဏာကျမ်း ကို လည်း နှမ်းတစ်လုံး မှ မကျန်အောင် ရွတ်ဖတ် နိုင်၏ ။ သိုက် တဘောင် စနည်း အတတ် ကို လည်း ကျွမ်းကျင်၏ ။ မင်္ဂလသုတ် ပါဠိ - အနက် ၊ အပြင် အောင်ခြင်း ပါဌ် အန က် အတွင်း အောင်ခြင်း ပါဠိ - အနက် ၊ လောက နီတိ ပါဠိ - အနက် ၊ ပရိတ်ကြီး ပါဠိ - အနက် ၊ စကားကြီး ဆယ်ခွန်း လင်္ကာ ၊ ရှင်မဟာရဋ္ဌသာရ ဆုံးမစာ ၊ ရှင်မဟာသီလဝံသ ဆုံးမစာ ၊ ဘိုးသူတော် ဦးနု စကားပုံ စသော ကျမ်း အစောင်စောင် ပေ အထပ်ထပ် ကို လည်း ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါး သို့ နှုတ်တိုက် အာဂုံ ဆောင်နိုင်၏ ။
ထို့ကြောင့် နေ့စဉ် နေ့တိုင်း မနက် ငါးနာရီ နှ င့် ညနေ ခြောက်နာရီ ကျော် အချိန်များ တွင် “ သုဂတံ ကောင်းသော စကား ကို လည်း ဆိုတော် မူတတ်ထသော သုဂတံ - ကောင်းသော နိဗ္ဗာန် သို့ လည်း သွားတော်မူတတ်ထသော သေဋ္ဌိ - အထူးသဖြင့် ချီးမွမ်းအပ် မြတ်တော်မူထသော ၊ ကုသလံ အကုသလံ - ကုသိုလ် အကုသိုလ် ကို ၊ ဇဟံ - စွန့်တော်မူပြီးထသော ၊ အမတံ - သေခြင်း လည်း ကင်းတော်မူထသော ၊ အမတံ - အမြိုက် အရသာ နှင့် လည်း ပြည့်စုံတော်မူပြီးထ သော ၊ သန္တိ - ငြိမ်သက်စွာထသော ၊ အသမံ - အတု လည်း မရှိသော ၊ အသမံ - အတုမရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကို ၊ ဒုံဒံ ပေးတော်မူတတ်ထသော ၊ သရဏံ - ကိုးကွယ်ရာ လည်း ဖြစ်တော်မူထသော ၊ လောကံ - လောက ကို ၊ သရဏံ - သိတော်မူတတ်ထသော ၊ အရဏံ - ကိလေသာတည်း ဟူသော မြူ လည်း ကင်းစင်တော်မူပြီးထသော ၊ အရဏံ - ကိလေသာမြူ ၏ ကင်းခြင်း ကို ၊ ကရံ - ပြုတော်မူ တတ်ထသော ၊ အဘယံ - ဘေးလည်း မရှိထ သော ၊ အဘယံ - ဘေး မရှိသော ၊ ဌာန - နိဗ္ဗာန် အရပ် သို့ ၊ နာယကံ - ပို့ဆောင်တော်မူတတ်ထသော ၊ နယကံ လူ သုံးဦး တို့ ၏ အမှူး ဖြစ်သော မြတ်စွာဘုရား ကို .. အဟံ - အကျွန်ုပ် သည် ၊ န မေ နမာမိ - ရှိခိုးပါ၏ အရှင်ဘုရား ... ” ဟူသော နမက္ကာရ ဘုရားရှိခိုး အစ ပုဒ် ကို အသံနေ အသံထား ဖြင့် ခပ်ကျယ်ကျယ် ရွတ်ရင်း ကြေးစည် တ နောင်နောင် ထု ကာ ဘုရားရှိခိုး နေသံ ကို ကြား ရ တတ် လျက် ၊ ည ကိုးနာရီ ၊ ဆယ်နာရီ အိပ်ရာ ဝင်ချိန် တွင် မူ ကား ၊ လောကီနီတိမှ ဣတ္ထိကဏ္ဍ နံပါတ် ၁၀၆ ကို တစ်ပိုင်း တစ်စ မတိုးမကျယ် ရွတ်ဖတ် သရဇ္ဈာယ် တတ်၏ ။
“ ယာနာရီ - အကြင်မိန်းမ သည် ၊ ဘုတ္တာသုစ - စားသောအရာ ၌ လည်းကောင်း ၊ မဏ္ဍာသုစ - အဝတ်တန်ဆာ ဆင်ယင်သောအရာ၌ လည်း ကောင်း ၊ ဇနီဝ - အမိ ကဲ့သို့ ၊ ကန္တိနံ နှစ်သက်ဖွယ် ပြုပြင်တတ်၏ ။ ဂုယှသု - လျှို့ဝှက်အပ်ကုန်သော ၊ ဌာနေသု - မကျစ်မလစ်သော အရာတို့ ၌ ၊ ဘဂိနီဝ - နှစ်မ ကဲ့သို့ ၊ ဟိရီ - လွန်စွာ ရှက်တတ်၏ ။ ပတ္တေသု - အခါရောက်ကုန်သော ၊ ကမ္မသု - အမှုတို့ ၌ ၊ ဒါသီဣ၀ - ကျွန်မ ကဲ့သို့ ၊ ကရောတိ - ရိုသေစွာ ပြုတတ်၏ ။ ဘယေသု - ဘေးရှိသော အခါတို့ ၌ ၊ မန္တ - တိုင်ပင်ဘက် ရ၏ ။ သယနေသု - အိပ်သော အခါတို့ ၌ ၊ ရမတိ - မွေ့လျော်စေတတ်၏ ” စသ ည် ဖြင့် ပါဌ် နှင့် အနက်ကို တွဲ၍ ရွတ်ဆိုရာ တွင် ဗေဒင်ဆရာကြီး သုခမိန်ဆရာပု သည် အခြား အပုဒ်များ ကို တစ်ခေါက် လောက် သာ ရွတ်၍ “ ပတ္တေသု ” အပိုဒ် သို့ ရောက်သော အခါ ၌ မူကား အကြိမ်ကြိမ် အဖန်ဖန် ပြန်၍ ပြန်၍ ရွတ်လေ့ ရှိ၏ ။ “ ကရောတိ - ရိုသေစွာ ပြုတတ်၏ ” ဆို သော အပိုဒ် ကို လည်း ပညာရှိ သုခမိန် ပီပီ ၊ “ ကရောတိ - သဘောရှိ ပြုတတ်၏ ” ဟူ၍ အနက် ပြန်လေ့ ရှိ၏ ။
ရံဖန်ရံခါ အလှူအိမ် ၊ မသာအိမ် များ ၌ ဆရာပု တို့ လို ပညာရှိများ ဆုံမိကြသော အခါ ၊ ဆရာပု သည် ဘုရား အကြောင်း ၊ တရား အကြောင်း ထက် သိုက် အကြောင်း ၊ တဘောင် အကြောင်း ကို အာဝဇ္ဇန်း ရွှင်ရွှင်နှင့် ပြောပြ လေ့ ရှိ၏ ။ ဘုရားသိုက် ၊ သိကြားသိုက် ၊ ငမှန်ကန်းသိုက် ၊ ဂဝံပတေ့သိုက် ၊ စကြာသိုက် ၊ နတ်စက်ရောင်သိုက် ၊ ဇာဂနာသိုက် ၊ လောကုတ္တရာ ဆရာတော်သိုက် ၊ မုဆိုးသိုက် ပါ မက ၊ ဣတ္ထိယသိုက် အကြောင်း ပါ တစ်ခါ တစ်ခါ ပါ ၍ လာတတ် လေသည် ။
သို့သော် ဆရာပု နေထိုင်သော ရပ်ကွက် ရှိ လူထုပရိသတ် အဖို့ ကံ ဆိုးခြင်း တစ်ရပ်ကား ၊ ဗေဒင်ဆရာ သုခမိန်ဆရာပု ကို အမြဲတစေ ဆည်းကပ်ခွင့် မရနိုင်ခြင်း ပင် ဖြစ်၏ ။
ဆရာပု သည် ရန်ကုန် တွင် အမြဲတစေ နေသည် ဟူ၍ မရှိဘဲ နယ် တကာ့ နယ် ၊ မြို့ တကာ့ မြို့ သို့
ဆရာကတော် ဒေါ်ဥ နှင့် အတူ လှည့်လည် သွားလာ ကာ ဗေဒင် ဟောခြင်း ၊ သိုက် တူးခြင်း အလုပ်များ ကို အခွင့် သင့် သလို လု ပ်ကိုင် သွားလေ့ ရှိ၏ ။ ဆရာပု တို့ လင်မယား ၂ ယောက် ရန်ကုန် တွင် နေသည် မှာ တစ်နှစ် လျှ င် ခြောက်လ ခန့် မျှ သာ ဖြစ်၏ ။ ခြောက်လ ဆိုသည် မှာ လည်း တစ်လ ၊ နှစ်လ ၊ သုံးလ စသည် အားဖြင့် ဆက်တိုက် နေထိုင်ခြင်း မဟုတ်ဘဲ မြို့တစ်မြို့ သွား လိုက် - ပြန် လာ လိုက် ၊ နောက် ခရီး ထွက် လိုက် ဖြင့် ယာယီများ နေတတ်ကြ လေ၏ ။
ဤကဲ့သို့ ယာယီများ နေခြင်း သည် ပင် လျှင် ဗေဒင်ဆရာကြီး ဆရာပု တို့ လင်မယား အား အသက်ရှည် ကြောင်း ၊ အနာမဲ့ ကြောင်း ၊ ချမ်းသာ ကြောင်း ကျန်းမာ ကြောင်း ၊ အချစ် တိုးကြောင်း လမ်းကောင်းများ ဖြစ်နေ
လေသည် ။
( ၃ )
' ဥ ' သည် လင်တော်မောင် ဗေဒင်ပညာရှိကြီး ယခုတိုင် ပြန် ရောက် မလာသေးသည့် အတွက် စိတ်ပူ နေ လေသည် ။
နယ် သို့ ‘ ဥ ’ နှင့် “ ပု ” တို့ တစ်လ ခန့် ဗေဒင် ဟောရင်း ခရီး ထွက် သွားကြပြီး နောက် ၊ ရန်ကုန် ရှိ နေအိမ် သို့ ပြန် ရောက်သည် မှာ ယနေ့ နှင့် ပါ ဆို မှ သုံးရက် သာ ရှိ သေး၏ ။ ရန်ကုန် ရောက်ပြီး ၂ ရက် လောက် မှာ “ ပု ” က ခရီးပန်း သည် ဆို၍ ၊ စပတ်လမ်း ပလက်ဖောင်း ရှိ လက်တွေ့ ဗေဒင်ရိပ်မြုံ သို့ အလုပ် မဆင်း သဖြင့် အိမ် တွင် ဥ နှင့် ပု တို့ သည် အေးချမ်း သာယာစွာ နေခဲ့ ကြရ၏ ။
သုံးရက်မြောက် ဖြစ်သော ယနေ့ တွင် ဇော်ဂျီ ဝတ်စုံ ကို ဝတ်၍ အလုပ်ဆင်း သွားသော ပုံ မှာ ခါတိုင်း ပြန်လာနေကျ အချိန် ထက် ကျော် ၍ ပင် နောက်ကျ နေ သဖြင့် ဥ က စိုးရိမ် နေ မိသည် ။
ခါတိုင်း ညနေ ခြောက်ချက်တီး ကျော် ခုနစ် နာရီ လောက် တွင် အသံနေ အသံထား နှင့် ကြေးစည် တနောင်နောင် ထု ကာ ဘုရား ရှိခိုး နေကျ ဖြ စ်သော “ ပု ” ၏ အသံ ကို ယနေ့ ည မကြားရ သဖြ င့် ‘ ဥ ’ ၏ စိတ် တွင် တစ်ထင့်ထင့် ဖြစ်မိ၏ ။ ယခု မူ ဘုရား ရှိခိုးချိန် မှ ကျော်လွန် ကာ အိပ်ရာဝင်ချိ န် ပတ္တေသု လောကနီတိ ပါဋ္ဌိ - အနက် ကို ရွတ်ချိ န်တိုင်အောင် ရောက် မလာသေးသောကြောင့် ဥ ၏ ရင်တွင်း ဝယ် အမျိုးမျိုး တွေး ၍ ကြောင့်ကြ နေ ရ ပြန် ၏ ။
ည ကိုးနာရီ ကျော် ဆယ်နာရီ ထိုး နေပြီ ဖြစ်၍ ဥ က အိပ်ရာ ဝင် နေပြီ ဖြစ် သော်လည်း အိပ် ၍ မ ပျော် ၊ တလူးလူး တလွန့်လွန့် နှင့် သာ အချိန် ကုန် ခဲ့ရလေသည် ။ ဆယ့်တစ်နာရီ လောက် တွင် မူ ဥ သည် မှေးမှေး မှေးမှေး နှင့် အိပ်ပျော်တော့မည် ကဲ့သို့ ရှိစဉ် ၊ လမ်း ပေါ် မှ ပု ၏ ခေါ်သံ ကို ကြား ရ၏ ။
“ ဥ ရေ ဥ ”
ခါတိုင်း မယ်ဥ ဟု ခေါ်နေကျ ဖြစ်သော်လည်း ယခု ည တွင် မူ ‘ ပု ' က “ ဥ ” ဟု ချစ်စနိုး ခေါ် နေ လေသည် ။
“ ဥ ရေ ... ဟေ ... ဟေ ... ”
“ ပု ” အသံ မှာ ယနေ့ည မင်းသားကြီး ဟဲသံ နှ င့် တူသည် ဟု ထင် လိုက်၏ ။ “ ဥ ” သည် အိပ်ရာ မှ လူးလဲ ထ ကာ မှိန် ထားသော လက်ဆွဲ မှန်အိမ်ကလေး ကို မီးစာ မြှင့်တင် လိုက်၏ ။ ထို့နောက် အိမ်ရှေ့တံခါး ကို ဖွင့် ရန် ထ လာ ခဲ့လေသည် ။
“ ဥရေ ... ဥဥကလေး .. ရေ .. ဟေ ... ဥ ... ”
“ လာပါပြီတော့ ... တကတည်း ... ဘာများ ဖြစ်နေရတယ် မသိဘူး ”
‘ ဥ ’ က တံခါး ကို တဒုန်းဒုန်း တဒင်းဒင်း မြည်အောင် ဆောင့် ဖွင့် လိုက်၏ ။
ဆရာပု သည် လွယ်အိတ် ကို တစ်ဖက် က လွယ် လျက် တစ်ဖက် တွင် စားစရာ အထုပ် တစ်ထုပ် ကို ကိုင် ကာ တံခါးဝ တွင် သွားကြီး ကို ဖြဲ ၍ တဟဲဟဲ ရယ်ရင်း ရပ်နေ လေ သည် ။
“ ရှင် က ဘာ ဖြစ်လာရ ပြန်တာလဲ ”
“ ဥ ” က တစ်ညလုံး ဖွဲ့ ထား သော ရန်ငြိုး ကို ခု မှ အတိုး ချ ၍ မိုးကြိုး ပစ် နေ၏ ။
“ ဘာမှ ဖြစ်ပါဘူး.. ... ဥ ... ဥ ... ဥ ရဲ့ ၊ ဟဲ ... ဟဲ ... ဟဲ ... ”
ဗေဒင်ဆရာကြီးဆရာပု ၏ ပါးစပ် မှ အရက် နံ့ သည် ထောင်းခနဲ ထ လာ၏ ။
“ ရှင် ... သောက်လာတယ်ပေါ့ လေ ”
“ နည်းနည်းပါ ဥ ရယ် ၊ ကျုပ် ပျော်လွန်း ... ပျော်လွန်းလို့ ”
“ ဘာလဲ ... ဖိနပ် တစ်ရန် ရခဲ့ပြန်ပလား ”
“ ဟေ .... မိန်းမ က လည်း တွေ့ရာတွေ ပြောပါနဲ့ ကွာ ။ ရော့ .. ရော့ .. မ င်း စားဖို့ ဝယ်လာတဲ့ ခေါက်ဆွဲထုပ် ”
“ တော်ပါ ... ခုမှ ခေါက်ဆွဲ နဲ့ လာ ချော့ မနေနဲ့ ၊ ဘယ် အလေလိုက် နေလဲ .. ပြောစမ်း ”
“ မလိုက်ပါဘူး ... ဥ ... ရာ ၊ ရော့ .. ရော့ ... ဟောဒီမှာ ကျုပ် ဒီနေ့ ရ လာတဲ့ ပိုက်ဆံ ”
ဗေဒင်ဆရာကြီး ဆရာပု သည် သူ့ အတွင်း အင်္ကျီ အိတ် ထဲ မှ ငါးကျပ်တန် ကျပ်တန် နှင့် ပြည်တော်သာစေ့များ ကို စားပွဲခုံ ပေါ် သို့ စုပြုံ ၍ တင် လိုက်၏ ။
“ ဟင် .... နှစ်ဆယ့်ခြောက်ကျပ် နဲ့ ပြားသုံးဆယ် တောင် မှ ပါ လား ”
“ ဥ ” ၏ မျက်နှာ မှာ လေပြင်း ဆင်၍ သုန်မှုန် နေရာ မှ လမင်း သာ ၍ လာ သလို ကြည်လင်၍ လာလေသည် ။
“ အေးပေါ့ ဟယ် ... ကံ ထ ချင်တော့ ဒီလိုပေါ့ ။ ကျုပ် ကို ဒီနေ့ ညနေ လူ တစ်ယောက် က ပေး သွားတယ် ”
“ ဘယ်သူလဲ ... အရင် တစ်ခါတုန်း က ရှင့် ကို ဟိုဒင်း လုပ်သွားတဲ့ လူ လား ”
“ မဟုတ်ပါဘူး ဟယ် .. ဥ က လည်း ... ကဲ ... ကဲ .. ခေါက်ဆွဲ စား လိုက်ဦး ”
“ ဥ ” နှင့် “ ပု ” တို့ သည် စားပွဲ ပေါ် တွင် မျက်နှာချင်းဆိုင် ထိုင် ၍ ခေါက်ဆွဲ စား ရင်း ‘ ပု ' က သူ တွေ့ခဲ့ရသော ညနေ က အဖြစ်အပျက် ကို ‘ ဥ ’ အား မြိန်ရေရှက်ရေ ပြောပြ နေ၏ ။
“ ကျုပ် က ညနေ ငါးနာရီခွဲ လောက် ကျ တော့ အလုပ် သိမ်းမယ် လုပ်နေတုန်း ပလက်ဖောင်း ပေါ် မှာ လူ တစ်ယောက် ငိုက်စိုက် ၊ ငိုက်စိုက် နဲ့ လျှောက် လာတယ် ။ ဒါနဲ့ ကျုပ် က လည်း ကျုပ် ဝါသနာ အတိုင်း ဗေဒင် ကြည့်သွားပါဦး လား ။ ဥစ္စာပျောက် ၊ ပစ္စည်းပျောက် ၊ အကြံ အောင် မအောင် လက်တွေ့ ဟောနိုင်တယ် လို့ ခေါ်လိုက် မိ တာကိုး ။ ဒီတော့ ဒီ လူ ဟာ ကျုပ် ရှေ့ က လေးငါးလှမ်း လွန် သွားပြီး မှ ပြန် လှည့် လာ တယ် ။ သူ ပြန် လှည့်လာတာ မြင်တော့ ကျုပ် က လည်း ကျောက်သင်ပုန်းကလေး တကိုင်ကိုင် နဲ့ ဖြစ် နေတာပေါ့ ”
“ ရော့ ... ကြက်သွန်ချဉ် ယူပါဦးလား ”
“ အေး .. အေး နည်းနည်း ထည့် ၊ ဒါနဲ့ ဒီ လူ က ကဲ ... လက်တွေ့ ဗေဒင်ဆရာကြီး ဟော ရင် မှန်မှန် ဟောစမ်း မမှန်ရင် တော့ ကျုပ် ငွေ တစ်ကျပ် ကို နှစ်ဆ ပြန် လျော်ရမယ် လို့ ပြောပြီး ကျုပ် ရှေ့ မှာ ထိုင်ချ လိုက်တာကိုး ။ ဒီတော့ ကျုပ် ကလည်း တစ်ခါ သေဘူး ပျဉ်းဘိုး နားလည်ပြီး ဖြစ် တော့ ဒီ လူ ကို ခြေဆုံး ခေါင်းဆုံး ကြည့် လိုက်တယ် ။ နို့ပြီး ဒီလို လောင်းတမ်း စားတမ်း မျိုး နဲ့ ဆို ရင် ဗေဒင် မဟောနိုင်ဘူး လို့ သူ့ ကို ပြော လိုက် တယ် ။ ဒီတော့ သူ က ဒါဖြင့် ဘာလို့ လှမ်း ခေါ် ရ သလဲ ။ ဟော ရင် ဟော ၊ မဟော ရင် တော့ သိစေ့ မယ် ဆိုပြီး ကြိမ်းပြန်ပါလေရော ”
‘ ဥ ’ သည် ခေါက်ဆွဲ ကို တမြုံ့မြုံ ဝါး နေရာမှ ရပ် လိုက်၏ ။ ဆရာပု ၏ မျက်နှာပြင် ပေါ် တွင် ကျပ်ထုပ် ထိုး ရမည့် နေရာ ကို စုံစမ်း သလို ကြည့် နေ လေသည် ။
“ ဒီတော့ ကျုပ် က ခင်ဗျား ဘာ လုပ်လုပ် ကျုပ် မဟောနိုင်ဘူး ဆိုပြီး အတင်း ထမယ် လုပ်တ ယ် ။ သူ က လည်း ကျုပ် ကို မထ ရ အောင် အတင်း ဆွဲထားတော့ တာပဲ ။ ဒါနဲ့ ကျုပ် က လည်း မတတ်နိုင်ပါဘူး ဆိုပြီး “ ဒီမှာ တစ်ကျပ် နှစ်ကျပ် နဲ့ တော့ ကျုပ် မဟောနိုင်ဘူး ။ ခင်ဗျား ကျုပ် ကို ပထမ ငွေ တစ်ဆယ် ပေး ကျုပ် ဟော လို့ မှန်ရင် နောက်ထပ် ငွေ တစ်ဆယ် ထပ် ပေး ရမယ် ။ တကယ်လို့ ကျုပ် ဟောတာ မမှန်ရင် ကျုပ် က ငွေ ၂ဝ ပြန် လျော်မယ်လို့ ခပ်တည်တည် နဲ့ လှန့် လိုက် တာကိုး ။ ဒါပေမဲ့ ဒီ လူ က မလန့်ဘူး ။ “ ကဲ .. စိန်လိုက် ” ဆိုပြီး ကျုပ် ရှေ့ မှာ ငါးကျပ်တန် ၂ ရွက် တစ်ခါတည်း ‘ အော ’ လိုက်တယ် ”
“ ဥ ” သည် ရင် တထိတ်ထိတ် ဖြစ်နေလေသည် ။
“ ကျုပ် က သူ့ မွေးနေ့တွေ ခုတွေ မေးပြီး ကျောက်သင်ပုန်း ပေါ် မှာ တဒေါက်ဒေါက် နဲ့ ခပ် သွက်သွက်ကလေး တွက်ချ လိုက်တယ် ။ ပြီး တော့ “ ခင်ဗျား ဟာ မိန်းမ အတွက် နဲ့ သေလုမျောပါး ဖြစ်အောင် ဒဏ်ရာ ရ ခဲ့ ဖူးတယ် ” လို့ ဟော လိုက်တယ် ။ “ ကဲ ... ဒီ အချက် မှန်ရဲ့ လား ” လို့ မေး လိုက်တော့ သူ က အင်မတန် အံ့ ဩ တဲ့ မျက်နှာ နဲ့ “ ဒီ တစ်ချက်တော့ သွေးထွက် အောင် မှန်သဗျ ” လို့ ပြန် ပြောတယ် ။ နို့ပီး ကျုပ် က ခင်ဗျား ဟာ အဲဒီ မိန်းမ နဲ့ ပတ်သက်ပြီး စိတ် ဒုက္ခ ရောက်ခဲ့ရတယ် ။ ခု အချိန် ထိ ခင်ဗျား ဟာ ခင်ဗျား မိန်းမ နဲ့ ခင်ဗျား ရဲ့ ရန်သူ အပေါ် မှာ အခဲ မကြေသေးဘူး ” လို့ ဟောလိုက် ပြန်တော့ သူ က ... “ ဟုတ်ပါတယ် ဗျာ .. ၊ ခုထက်ထိ ကျုပ် ဟာ ဒီ ရန်သူ ကို ကလဲ့စား ချေဖို့ လိုက် ရှာ တုန်းပါပဲ ။ ဒီ ရန်သူ ကို ကော ဘယ်တော့ လောက် ပြန်ပြီး လ က်စား ချေရ မလဲ ” လို့ မေးတယ် ... ”
ဗေဒင်ဆရာကြီး ဆရာပု က အရက် သောက် ထား၍ အာ ခြောက် သဖြင့် ရေ တစ်ခွက် ကို မော့ ချ လိုက်၏ ။ ပြီးမှ ...
“ ကျုပ် က ကျောက်သင်ပုန်း ပေါ် မှာ ပြန် တွက် ကြည့် လိုက်ပြီး ... “ အင်း ခင်ဗျား လက်စား ချေချင်တဲ့ လူ ကို တော့ ဒီ ဘဝ မှာ တွေ့ရတော့ မှာ မဟုတ်ဘူး ” လို့ ပြောလိုက် ရင် ပဲ ဒီ လူ ဟာ အတော့် ကို ရှူးရှူးရှားရှား ဖြစ် သွားတယ် ။ “ ဘာဖြစ်လို့ မတွေ့ရမှာ လဲ ။ ကျုပ် အသက် နဲ့ ကိုယ် နဲ့ မြဲနေ သမျှ ဒီလူ ကို လိုက် ရှာ မှာ ပဲ ။ ဒီ လူ ကျုပ် လက် က မလွတ်နိုင်ပါဘူး ” ဆိုပြီး အံ တကြိတ်ကြိတ် နဲ့ ကြုံးဝါး လိုက်တယ် ။ ဒီတော့မှ ကျုပ် က ခင်ဗျား လိုက်ရှာ နေတဲ့ လူ ဟာ တစ်လ လောက် က ပဲ သေဆုံး သွားပြီ ။ ဒီ ဘဝ မှာ တော့ ခင်ဗျား ဘယ် နည်း နဲ့ မှ မတွေ့နိုင်ဘူး လို့ ရဲရဲကြီး ထပ်ပြီး ဟော လိုက်တယ် ။ ဒီတော့မှ သူ က ဒီ လူ ဟာ ဘယ်လို ဖြစ်ပြီး သေသွား ရ တာလဲ ။ ကြည့်စမ်းပါ ဦး ဆိုတော့ ကျုပ် က “ အင်း .... သူ လည်း ခင်ဗျား အပေါ် မကောင်း လုပ်ထားတော့ သူ လည်း မကောင်းတဲ့ နည်း နဲ့ သေရတာပဲ ။ ကျုပ် ရဲ့ လက်တွေ့ ဗေဒင် အရ တော့ အဲဒီ လူ ဟာ ဓားပြတိုက်မှု ၊ လူသတ်မှု နဲ့ အဖမ်း ခံရပြီး သက်သေ မထင်ရှားလို့ ထောင် က ပြန် လွှတ် လိုက်တဲ့ နေ့ မှာ မော်တော်ကား အတိုက် ခံရပြီး ပွဲချင်းပြီး သေသွားတာပဲ ” လို့ ဆက်ပြီး ဟော လိုက်တယ် ။ ဒီတော့မှ အဲဒီ လူ က “ အင်း ... ဆရာ ပြောတာ မှန် မှာ ပါပဲ ။ ဒါကြောင့် ဒီ လူ ကို ကျုပ် ဒါလောက် လိုက်ပြီး ရှာ လာတာ အရိပ်အရောင် မှ မတွေ့ရဘူး ၊ ကဲ ... ဆရာ့ ဗေဒင် မှန်တဲ့ အတွက် ကျုပ် နောက်ထပ်ပြီး ပူဇော်ခဲ့ပါသေး တယ် ” ဆို ပြီး သူ့ အိတ် ထဲ က ကျန် နေတဲ့ ပိုက်ဆံ ကို ထုတ်ပေး သွားတယ် ”
ဗေဒင်ဆရာကြီး ဆရာပု သည် ယနေ့ ညနေ တွေ့ခဲ့ ရသော ဇာတ်လမ်း ပြီးဆုံးသွားပြီ ဖြစ်၍ ဟင်းခနဲ သက်ပြင်းရှည်ကြီး ကို မှုတ်ထုတ် လိုက်၏ ။
“ ကဲ ... အိပ်ကြပါစို့ကွာ ။ ဘယ်အချိန် တောင် ရှိသွားမှန်း မသိဘူး ”
“ ပု ” သည် “ ဥ ” အား ပြုံးစေ့စေ့ ကြည့်ကာ ပတ္တေသု - အခါ ရောက်ကုန်သော ၊ ကမ္မေသု - အမှု တို့ ၌ ဟူသော လောကနီတိ ဣတ္ထိယကဏ္ဍ အပိုဒ် တို့ ကို ရွတ်သင့်ပြီ ဖြစ်ကြောင်း စကား စ လိုက် ၏ ။
“ ဥ ” သည် ခေါက်ဆွဲထုပ်များ ကို သိမ်းဆည်း လိုက်ပြီး လျှင် ‘ ပု ’ နှင့် လည်ချင်း တွဲ ၍ အိပ်ရာ ဆီ သို့ လာခဲ့ကြ၏ ။
“ ဒါထက် အဲဒီ လူ က ဘယ်သူလဲ ကိုပု ရဲ့ ”
‘ ဥ ’ က တစ်စုံတစ်ခု ကို စိတ် မချ သလို “ ပု ” အား တိုးတိုးကလေး မေး လိုက်၏ ။ “ ပု ” သည် “ ဥ ” ၏ အိဖောင်းရွှန်းစို အရသာ အပေါင်း ခို နေသ ည့် တစ်ကိုယ်လုံး ကို သိမ်းကျုံး ဖက် ထားရင်း အလွန် ကျေနပ် ဝမ်းမြောက်သော အသံသြကြီး ဖြင့် ပြန် ပြော လိုက်၏ ။
“ ဘယ်သူ ရှိဦးမှာ လဲ ... ဥ ဥ ရယ် ၊ ဥ လင်ကြီး ငဘ ပေါ့ ”
◾တက္ကသိုလ်နန္ဒမိတ်
📖 မြဝတီမဂ္ဂဇင်း
၁၉၅၅ ခုနှစ် ၊ အောက်တိုဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment