❝ ကပ်ပိယ ❞
( ၁ )
စံလှဘော် ကျောင်း ရေတွင်း က ရေ ငင်ပြီး ရေထမ်းပုံးတွေ ထဲ လောင်း ထည့် တယ် ။ ထမ်းပုံး နှစ်ပုံး ပြည့်တော့ ထမ်းပိုး လျှို ပြီး ကျောင်း စဉ့်အိုးတွေ ဆီ ထမ်း လာတယ် ။ သည် တစ်ခေါက် က နောက်ဆုံး အခေါက် ။ မနက် က လည်း တစ်ကျောင်းလုံး ပြောင် သန့် သွားအောင် တံမြက်စည်း လှည်း ပြီးပြီ ။ ကျောင်း ဝေယျာဝစ္စတွေ လုပ်ပြီးပြီ ။ ရေနွေးအိုး ကျိုတာ ၊ ထင်း ပေါက်တာ ၊ ကုဋီ ဆေးတာ က အစ သူ လုပ်နေကျ အလုပ် တွေ ကြုံသလို ကျသလို လုပ်သွား တတ်တာ စံလှဘော် အကျင့် ပဲ ။ စံလှဘော် ရေထမ်းပုံး ထဲ က ရေ ကို စဉ့်အိုး ထဲ လောင်း ထည့် နေတုန်း ကျောင်းပြတင်း ပေါက် မှာ ဆရာတော်ကြီး လာ ရပ်ပြီး ငုံ့ ကြည့် နေတယ် ။ စံလှဘော် က ရေပုံး ကို ချ ပြီး ပုဆိုးစ နဲ့ မျက်နှာ သုတ် နေ လေရဲ့ ။
“ ငဘော် ... ”
“ ဘုရား ”
“ ရေကိစ္စ ထား လိုက်တော့ ကိုရင်တွေ လုပ်လိမ့်မယ် ။ ရွာ ထဲ ခဏ ပြေးဦး ။ ဒကာ မောင်တင် ကို သွား ခေါ်စမ်း ”
“ တင်ပါ့ဘုရား ။ ရေ က လည်း ပြီးပါပြီ ဘုရား ”
စံလှဘော် က အနား က သစ်ကိုင်း ပေါ် လွှား ထားတဲ့ စွပ်ကျယ် ကောက် စွပ်ပြီး ဘောက်ဆွ ဘောက်ဆွ နဲ့ ထွက်လာ ခဲ့တယ် ။ ဘုန်းကြီး ခိုင်းလို့ သာ ထွက်လာ ခဲ့ ရ တယ် ။ ဒကာကြီး မောင်တင် ဆို လို့ သာ မောင်တင် ရတယ် ။ ဘယ် မောင်တင် မှန်း မမေးခဲ့ဘူး ။ ကြုံ တဲ့ မောင်တင် ခေါ် ရုံ ပေါ့ လို့တွေး ရင်း ရွာ ထဲ က ဖြတ်လာ ခဲ့တယ် ။
ရွာ ထဲ ရောက်တုန်း လက်စ နဲ့ မြချစ် တို့ အိမ် ဘက် လျှောက် ခဲ့တယ် ။ စံလှဘော် က ရွာ ထဲ အကြောင်း ရှိ လို့ ရောက် လာ ရင် မြချစ် တို့ အိမ် ဝင်နေ ကျ ။ မြချစ် က ဆရာတော်ကြီး နှမ အရင်း ဒေါ်အေးမယ် က မွေး တာ ဆိုတော့ စံလှဘော် ကို ခင်တယ် ။ ဒေါ်အေးမယ် က လည်း စံလှဘော် မှ လာ ရင် ကျောင်း ကို တစ်ခု ခု ထည့်လှူ နေကျ ကိုး ။ ရွာ ထဲ ရောက် ရင် ကောက်ကာ ငင်ကာ လှူလိုက် ရအောင် လို့ အိမ် ကို ဝင်ဖြစ် အောင် ဝင် လို့ အမှာ က လည်း ရှိတာ ပါ ပါတယ် ။ မြချစ် တို့ အိမ် စံလှဘော် ရောက် သွား တော့ မြချစ် က ရစ်ခုံကလေး တစ်လုံး နဲ့ ချားပုတ် နေ လေ ရဲ့ ။ အုပ်လုံးသိမ်း ကလေး နဲ့ ဆိုတော့ မြချစ် က လှ လို့ ။
“ ဟော … ဦးဘော်ကြီး ၊ ဘဘုန်း က ခိုင်းလိုက်လို့ လား ။ အမေ ရေ ဦးဘော် ကြီး လာသယ် ”
မြချစ် က သည်လို အရေးတယူ ရှိတာ ကို စံလှဘော် က သိပ် သဘော ကျ တယ် ။ မြချစ် က သဘော မနော ကောင်း ၊ ဥစ္စာပေါ ရုပ်ချော လည်း ဖြစ်ပြန် ၊ ကိုယ်တိုင် ရက် တဲ့ ရက်ကန်း ကျ ချည်ပုဆိုးကလေး တွေ လည်း ကြုံသလို ပေးတတ် ပြန်ကိုး ။ မန်ကျည်းစုရွာ မှာ မြချစ် ရက် တဲ့ ပုဆိုး ၊ မေတ္တာ နဲ့ ရတာ ဆိုလို့ စံလှဘော် ပဲ ရှိတာ ဆိုတော့ ဒါကို စံလှဘော် က ကွယ်ရာ မှာ ရွာကာလသားတွေ ကို ကြွား တတ်တယ် ။
“ မြချစ်ကလေး က ဦးဘော် ကြိုက် တဲ့ အဆင်များ ရက်ပေး ရ ရင် မောသယ် ပန်းသယ် မထင်ဘူး တဲ့ ။ ဦးဘော် ပုဆိုး တော့ ရက်ကန်းသား နဲ့ မလွှဲဘူး တဲ့ ။ ကိုယ်တိုင် ရက်သာတဲ့ ကွ ။ မြချစ် ရက် လို့ လား မသိပေါင် ကွာ ။ ပုဆိုးများ ဝတ် ကောင်း ချက် တော့ ”
“ ကိုကြီးဘော် ကံကောင်းသာ ပေါ့ဗျာ ။ ကျုပ်တို့ များ ဝယ် ဝတ် ရသာပါ ။ မြချစ် က မေတ္တာ နဲ့ ရော့အင့် ပေးသယ် တစ်ခါ မှ မရှိပါဘူး ။ မင်းတို့ ကော ရဖူး ကြလား ”
ကာလသား တစ်ယောက် က အနား ရှိတဲ့ ကာလသားတွေ ကို အဖော် ညှိ မေးရင် ဘယ်သူ က မှ မြချစ် ပုဆိုး အလကား မရပေါင်ကွာ လို့ ဖြေတတ် ကြတယ် ။ ဒါကို စံလှဘော် က ဝမ်းသခွပ် ထ တဲ့ မျက်နှာကြီး နဲ့ ကာလသားတွေ ကို ကိုင်း ... ဘယ့်နှယ့်တုန်း ဆိုတဲ့ မျက်နှာ နဲ့ ကြည့် နေ ကျ ။ ကာလသား တစ်ယောက် က မြချစ် ပေး လိုက်တယ် ဆိုတဲ့ ပုဆိုး ကို ခဏ ယူ ကြည့် တာတောင် အကိုင် ခံချင်တာ မဟုတ် ဘူး ။ ပုဆိုး ကြား ထဲ မှာ သူ့ ဟာ သူ ညှပ် လာတဲ့ စံပယ်ပွင့် လေးငါးပွင့် က ပါသေး တာ ပါ ။ ဒါကို ကာလသားတွေ က တွေ့ ရင် စံလှဘော် က သူ့ ဟာ သူ ထည့် ထားတာ လို့ မပြောဘူး ။ မြချစ် က ထည့် ပေးလိုက် သလိုလို ပြော သေးတာ ။ စံပယ်ပွင့် တွေ ကို အံ့သြ သလို ပုံ နဲ့ ကြည့် ရင်း စံလှဘော် က မသိ ဟန် ဆောင်ပြီး မေး သေး တာပါ ။
“ ဟောဗျာ ... ဘာ ပန်း တွေ ပါလိမ့် ၊ ကြည့်စမ်း မင်းတို့ ကြည့် မှ မြင်တော့ သယ် ၊ စံပယ်ပန်းတွေ လား ။ အခြောက် လှန်းပြီး အုန်းဆီပုလင်း ထဲ ထည့်ရ ဦးမကွာ ။ ဘာ သဘောများ ပါ လိမ့် ”
ကာလသားတွေ က စံလှဘော် သူ့ ဟာ သူ ထည့် လာတာ သိသားပဲ ။ စံလှဘော် က မရူး မကောင်း ဆိုတော့ ဝိုင်း မြှောက် ကြတယ် ။ စံပယ်ပွင့်ကလေး တွေ တစ်ပွင့် စီ ကိုင် ကြည့်ကြ ၊ နမ်း ကြည့်ကြ ဆိုရင် စံလှဘော် က ဒေါကန်ပြီ ။ စံပယ်ပွင့် တွေ ပြန် တောင်းပြီး ပုဆိုး ထဲ ပြန် ညှပ် တယ် ။
“ မလုပ်ကြစမ်းပါနဲ့ ကွာ ... သူများ က မေတ္တာ နဲ့ ပေးတဲ့ ပန်း နမ်းသာ ကျ တော့ ငါ သည်းမခံဘူးကွ နော် ... ”
“ ကိုကြီးဘော် က လည်း ဗျာ ... ၊ ကျုပ်တို့ က အားကျလို့ပါ ဗျ ၊ မြချစ် ပေးတဲ့ ပန်း ၊ မြချစ် ပေးတဲ့ ပုဆိုး ကျုပ်တို့ မန်ကျည်းစု မှာ ဘယ်သူ ရဖူးလို့တုန်း ၊ ကိုကြီးဘော် ပီယဆေးများ ရှိ ရော့လား ဗျာ ”
သည်လို ပြောရင် စံလှဘော် က သူ့ မှာ ပဲ ပီယဆေး ရှိ သလိုလို လုပ်ပြန်ရော ။ ပီယဆေး ဖော်နည်းတွေ ပါ ပြောရော ။ ကြားဖူးနားဝတွေ စုံအောင် ပြောတော့တာ ပါ ။ ကာလသားတွေ ကလည်း ငေး လို့ ။ မဟုတ်မှန်း လည်း သိကြပါရဲ့ ။ ကာလသား တွေ ဆိုတော့ ပီယဆေး ဆိုတာ ကို စိတ်ဝင်စား ကြတယ် ။ သည်လိုများ နားထောင် ကြပြီ ဆိုရင် စံလှဘော် က အပိုတွေ ပါ ထည့်ပြီ ။
“ ပီယဆေးများ မှာ သုံးမျိုး လေးမျိုး လောက် ရှိသာကိုးကွ ၊ ပီယ မီးထွန်း နည်း တဲ့ ၊ ပီယ ဂဝံ နည်း တဲ့ ၊ ပီယ နတ်ရဲ နည်း ၊ ပီယ စင်ရော် နည်း တဲ့ ကွ ... ပီယ မီးထွန်းနည်း က အလွယ်ဆုံး ပဲ ၊ ဥုံ ဗုဒ္ဓဂုဏံ ပီယံဟောတု ၊ ဥုံ ဓမ္မဂုဏံ ပီယံ ဟောတု ၊ ဥုံ သံဃဂုဏံ ပီယံဟောတု ဆိုတဲ့ ဂါထာ ကို စက္ကူ ပေါ် ရေး ရမယ် ၊ ရေး တော့ ပန်းပေါင်း နဲ့ ရေးရသာ ကွ ၊ ပြီးရင် ဂါထာ ကို အခေါက် တစ်ထောင် စုတ် ရမယ် ၊ ကိုယ် ကြိုက် တဲ့ ကောင်မလေး ရဲ့ အဝတ်အစား ကို ယူပြီး မီးစာ လုပ်ရမယ် ၊ နတ်စင် ရှေ့ ထွန်းတာ နဲ့ ကောင်မလေး မလာ ဘဲ မနေဘူး ။ အဲသလောက် စွမ်း သာဗျား ”
“ ကိုယ် ကြိုက်တဲ့ ကောင်မလေး အဝတ်အစား က ဘယ်က ရမှာတုန်း ကိုကြီးဘော် ရ ၊ အဝတ်အစား ရ မှ တော့ ကြိုက်ဖို့ ရှိတော့သာပဲ ဟာ ”
“ ဒါတော့ တစ်နည်းနည်း နဲ့ ရအောင် ယူရမှာပေါ့ ကွာ ၊ မရတော့ လှန်းထား တုန်း အလစ် ဆွဲ ရမှပေါ့ ”
“ ထဘီ ကော ရသလား ”
“ ထဘီ တော့ မခိုးနဲ့ပေါ့ကွ ၊ အတွင်းခံ ဆိုရင်တော့ ပို စွမ်းသကွ ”
“ ကိုကြီးဘော် ... ၊ သေချာသယ် နော် ”
“ သေချာသာပေါ့ကွာ ၊ တစ်ခုတော့ ရှိသယ် ၊ မြချစ် အဝတ်အစား တော့ မလုပ်ရဘူးနော် ”
စံလှဘော် က အဲသလို လူ ။ တကယ်တော့ မြချစ် နဲ့ စံလှဘော် က အရွယ်ချင်း သားအဖ လောက် ကွာ တာပါ ။ သည်ကြားထဲ ဘုန်းကြီး တူမ ဆိုတော့ စံလှဘော် က မြချစ် ကို ကြိုက်လို့ တဲ့ ဆိုရင် ကျောင်း ပေါ် က ရိုက်ချ မှာ ကို လည်း ကြောက်ရ သေးတာ ကိုး ။ သည်တော့ မြချစ် အကြောင်း ပြော ရင် သူ ယုံရတဲ့ ကာလသားတွေ လောက် ပြောဝံ့ တာပါ ။ ကာလသားတွေ က လည်း မြချစ် ကို ကျိတ်ပိုးကြိုက် ရင် ကြိုက် မှ ပဲ ။ ဗြောင် မပိုးဝံ့ကြဘူး ။ ဘုန်းကြီး တူမ ဆိုတာ ထား ၊ မြချစ် ကိုယ်တိုင် ကိုယ် က ဇာတ်ဇာတ်ကြဲ ။ စွာလိုက်တာ မှ ကဲကဲပါ လို့ ။ သည်တော့ ကွယ် ရာ မှာ ပြောကြတာပဲ ရှိတယ် ။ အခုလည်း ဘုန်းကြီး ခိုင်း တာ က တစ်နေရာ ၊ စံလှဘော် က မြချစ် တို့ အိမ် ကို ကြား ချ ပြီး ရောက် ဖြစ် အောင် ရောက် လာ တာပါ ။
မြချစ် က စံလှဘော် ဝင် လာ တော့ ဘကြီးဘုန်းကြီး တစ်ခု ခု မှာတယ် ထင်လို့ အိမ် က ပြင်မှာ လာ ထိုင်တယ် ။ ရေနွေးကြမ်းပွဲ ရှေ့ရောက် ချ ပေးတယ် ။ မြချစ် က ရေနွေး တစ်ခွက် ငှဲ့ ပေးတာ ကို စံလှဘော် က ဂွပ်ခနဲ သောက်ချ လိုက်တယ် ။ ပူလွန်း လို့ ဖရူးခနဲ ထွေးထုတ် ကရော ။ မြချစ် က ရယ်တယ် ။
“ ဦးလှဘော် က လည်း ရေနွေး အခု မှ ခတ်လာတဲ့ ကျွက်ကျွက်ဆူတွေ ၊ နည်းနည်းပါးပါး မှုတ်မှက် သောက်မှပေါ့ ၊ လျှာကျွတ် သွားပြီလား ”
“ ကျွတ်ပါဘူး .. ၊ အားလားလား အရီးအေးမယ် ကော ”
“ အမေ အကြွေး သွား တောင်းသယ် ထင်သယ် ၊ ဘဘုန်း က ဘာ မှာလိုက် လို့လဲ ”
“ နင်တို့ ကျောင်း မရောက်သာ ကြာလို့ တဲ့ ၊ အထူးသဖြင့် မြချစ် မလာလို့ တဲ့ ဟ ၊ နင့် ကို ကျောင်း နေ့တိုင်း လာစေချင်ပုံ ပါ ဟာ ”
“ အမေ တော့ နှစ်ရက်ခြား သုံးရက်ခြား ရောက်သားပဲ ဦးဘော်ရဲ့ ၊ ကျုပ် က ရက်ကန်း တစ်ဖက် နဲ့ ဆိုတော့ မရောက်တဲ့ဘူး ”
“ နင့် ကို မျှော်ပါသယ် ဟာ ၊ ဆရာတော် က လည်း မျှော် ... ”
“ နောက် ဘယ်သူက မျှော်စရာ ရှိလို့တုန်း တော့် ဦးဘော် ရဲ့ လုပ်ကရော့ မယ် ”
“ ငါ က လည်း မျှော်ပါသဟာ ... ၊ သည်လိုပါ ၊ တချို့ ကိစ္စတွေ က ဆရာတော် က ခိုင်းပေသိ ငါ က သိပ် နားလည်သာ မဟုတ်ဘူးလေ ”
“ ဘဘုန်း က နားမလည် သာတော့ မခိုင်းလောက်ပါဘူး ”
“ သဘော ပြောသာပါ ဟာ ၊ ကျောင်း ကို မရောက် မရှိစေနဲ့ ဟ ။ ကိုယ့် ဘကြီး ဘုန်းကြီးကျောင်း ပဲ ဟာ ၊ ဒါ့ထက် နင့် ခေါင်း မှာ ပန် ထားသာ ဘာ ပန်း တုန်း ဟ ”
“ စကားဝါပန်း လေ ”
“ ပေးစမ်း ဟာ ၊ ငါ့ ခေါင်း မူးနောက်နောက် ဖြစ်နေ လို့ ၊ စကားဝါပန်းများ ရှူရင် အမူးအမော် ပျောက်သယ် ဆို လို့ ”
မြချစ် က ခေါင်း က ပန်း ကို ဖြုတ်တယ် ။ သူ့ ဟာ သူ လည်း စကားဝါ ပန်းကလေး ကို တစ်ချက် နမ်းလိုက် သေးတာပါ ။ ပြီးမှ စံလှဘော် ကို ပေးတော့ စံလှဘော် က လည်း ချက်ချင်း နမ်း တယ် ။ နားရွက် မှာ ညှပ်တယ် ။ ပြီးတော့ မြချစ် ကို နှုတ်ဆက်ပြီး ထွက်လာ ခဲ့တယ် ။ ဘုန်းကြီး ခိုင်း လိုက်တဲ့ ဒကာမောင်တင့် သွား ခေါ်ချေ ဆိုတာ ခေါင်း ထဲ မရှိ တော့ဘူး ။ ရွာ ကာလသားတွေ ရှိလောက်တဲ့ ထန်းတော ဘက် ထွက်ခဲ့ရော ။ မြချစ် ပန် တဲ့ ပန်း ရ လာတာ ကို ကြွားချင် သေး တာလေ ။
◾ခင်ခင်ထူး
📖 ကပ်ပိယ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment