Tuesday, May 16, 2023

လေဒီသန်းအေး


 

❝  လေဒီသန်းအေး  ❞

ဒေါ်သန်းအေး ကား အသက် ၃၅ နှစ် အရွယ် ရှိ အပျိုကြီး တစ်ယောက် ဖြစ်၏ ။ သူ့ အား သူ့ တူမများ က အန်တီ သန်းအေး ဟု ခေါ်ကြ ၊ ညီမများ က မမသန်း ဟု ခေါ်ကြ ၏ ။ အရပ် ထဲ မှ လူငယ်များ က အန်တီသန်းအေး ဟူ၍ ပင် ခေါ်ကြ၏ ။ အရာရှိကတော် ၊ မင်းကတော် များ က မူ ဒေါ် သန်းအေး ၊ မမသန်း ၊ အန်တီသန်း စသဖြင့် အမျိုးမျိုး ခေါ်၍ အလွန်အမင်း ရင်းနှီးသူများ က မူ လေဒီသန်းအေး ဟု ခေါ်ကြ ပြောကြ လေသည် ။

ဒေါ်သန်းအေး ကား အစိုးရ အထက်တန်းစား အရာရှိ အရာခံများ ရပ်ကွက် တွင် ထင်ပေါ် ကျော်ကြား ၍ လူသိ များသော သူ ဖြစ်၏ ။ လူကြီးပိုင်း ထက် လူငယ်ပိုင်း က ဒေါ်သန်းအေး ကို ပို၍ ခင်ကြ၏ ။ ချစ်ကြ၏ ။ ဒေါ်သန်းအေး က လည်း လူငယ်များ နှင့် အဆက်အသွယ် များ လျက် လူငယ် များ နှင့် သာ အနေအထိုင် များ၏ ။

ဒေါ်သန်းအေး တွင် အတူ နေသော ညီမ တစ်ယောက် ၊ တူမ နှစ်ယောက် နှင့် တူ တစ်ယောက် ရှိ၏ ။ ၎င်းတို့ ၏ ဖခင် မှာ ဒေါ်သန်းအေး ၏ အစ်ကို တော်သူ တစ်ယောက် ဖြစ်၏ ။ ဖခင် သေဆုံး သွားပြီး တစ်လ မကြာမီ ပင် မိခင် ပါ သေဆုံး သွားရာ ဒေါ်သန်းအေး က ပင် ခေါ်ယူ ကြည့်ရှု လာခဲ့ရ၏ ။ ၅ နှစ် အရွယ် ၊ ၁ဝ နှစ် အရွယ်တွေ ကတည်း က ခေါ်ယူ ကျွေး မွေး လာခဲ့ရာ ယခု အချိန် တွင် ၎င်းတို့ မှာ လူပျိုကြီး ဖားဖား ၊ အပျိုကြီး ဖားဖား အရွယ်များ သို့ ပင် ရောက်ရှိ လာကြပြီ ဖြစ် ၏ ။ ညီမ ဆို သူ မှာ လည်း အိမ်ထောင် ရှိ သူ မဟုတ် ။ အစ်မ ဖြစ် သူ နှင့် ပင် အတူ နေလာခဲ့သူ ဖြစ်သော ကြောင့် ဒေါ်သန်းအေး ၏ အိမ် မှာ လွတ်လပ်သူတွေ ချည်း ဖြစ်သည် ။ ဒေါ်သန်းအေး ကိုယ်တိုင် လည်း အသက် ၃ဝ ကျော် လာသည် အထိ အိမ်ထောင် မပြုခဲ့ ။ ကြွယ်ဝချမ်းသာ သူ ပီပီ တစ်ကိုယ်ရေ တစ်ကာယ ညီမများ ၊ တူမများ နှင့် သိုက်သိုက်ဝန်းဝန်း နေလာခဲ့သူ ဖြစ်၏ ။ အိမ်ထောင် မပြုခဲ့ခြင်း မှာ လည်း မရနိုင် ၊ မယူနိုင် ၍ မဟုတ် ။ မယူချင်ခဲ့ ၊ မစဉ်းစား ခဲ့ ၍ ဖြစ်၏ ။ အမှန်မှာ ဒေါ်သန်းအေး လို မိန်းမချောကြီး တစ်ယောက် ကို လိုချင်သူတွေ ပေါများ လှ ပေသည် ။

ဒေါ်သန်းအေး ကား ဥစ္စာ ပေါသလောက် ရုပ်ရည် က လည်း လှ၏ ။ လုံးကြီးပေါက်လှ အချိုးအစား ကျကျ ဖြူဖြူ ဖွေးဖွေးကြီး နှင့် အလွန် ကျက်သရေ ရှိသည် ။ အသက် မှာ ၃၅ နှစ် ဟု ဆိုရ သော်လည်း အရွယ် တင် သဖြင့် ၂၅ နှစ် လောက် ထင် ရ အောင် နုပျိုပါ ပေသည် ။ ဒေါ်သန်းအေး ကို လိုချင်ကြသော အရာရှိများ ကား အသင်္ချေ နှင့် အနန္တ ဖြစ်၏ ။ တစ်ဖက် လှည့် နှင့် ပြောခိုင်း သူ များ လည်း အများအပြား ဖြစ် ၏ ။ သို့သော် ဒေါ်သန်းအေး ကား လက်မခံခဲ့ ။

ဒေါ်သန်းအေး သည် သူ့ တူမများ အတွက် စန္ဒရား တစ်လုံး ဝယ် ပေး ထား၏ ။ သူ ကိုယ်တိုင် လည်း ကောင်းစွာ တီးတတ်၏ ။ အရပ် ထဲ မှ အရာရှိ အရာခံ သားသမီး ဟူသမျှ ဒေါ်သန်းအေး အိမ် တွင် စုရုံး နေထိုင် တတ်၏ ။ မိဘများ က လည်း ဒေါ်သန်းအေး အိမ် သို့ သွားလာခြင်း ကို စိတ်ချ ခွင့်ပြု ထား ကြလေသည် ။

လူငယ်များ သာ သွားလာ နေထိုင်ကြသည် မဟုတ် ဒေါ်သန်းအေး ကို ပိုးပန်း ကြသော အရာရှိ အရာခံများ ပါ ဝင်ထွက် သွားလာ ကြ၏ ။ ဒေါ်သန်းအေး သည် ပေါင်းသင်း ဆက်ဆံရေး တွင် ထူးချွန်လိမ္မာလှလေသည် ။

မြို့ ပေါ် တွင် လုပ်လေသမျှ သာမှု ၊ နာမှု ၊ ပျော်ပါးမှု ဟူသ၍ တို့၌ ဒေါ်သန်းအေး အား မဖိတ်ကြားဘဲ မနေဝံ့ကြ ။ တီးပါတီ တွင် လည်း ဒေါ်သန်းအေး ၊ ဒင်းနားပါတီ တွင် လည်း ဒေါ်သန်းအေး ၊ ဘယ် မင်္ဂလာဆောင် ၊ ဘယ် ရှင်ပြု ၊ ဘယ် အလှူ ၊ ဘယ် မသာ တွင် ဖြစ်ဖြစ် ဒေါ်သန်းအေး ပါ ရ လေရာ စိန်ဗေဒါ မပါလျှင် အလှူ မပြီးသလောက်ပါပဲ ဆိုသကဲ့ သို့ ဒေါ်သန်းအေး မပါလျှင် လည်း မပြီးသလောက် ဒေါ်သန်းအေး မှာ ထင်ရှား ကျော်ကြားသူ တစ်ယောက် ဖြစ် လေသည် ။

ဒေါ်သန်းအေး ကို စွဲစွဲမြဲမြဲ အပိုးဆုံး လူ ကား အမြတ်တော်ကြေး ဝန်ထောက် ဦးထွန်းအေး ဖြစ်၏ ။ ဦးထွန်းအေး ကား မုဆိုးဖို တစ်ယောက် ဖြစ်သည် ။ ပထမ မယားကြီး သေ သည် မှာ ၈ နှစ် ခန့် ရှိပြီ ဖြစ်သော်လည်း အိမ်ထောင်သစ် မရှာ ခဲ့ ချေ ။ အစိုးရအရာရှိ ဖြစ်သော်လည်း အသောက်အစား အကစား ကင်းသူ တစ်ယောက် ဖြစ်၏ ။

ထိုနေ့ က အိပ်ရာ မှ ထ ၍ သွား တိုက် ရင်း အိမ်ရှေ့ ဧည့် ခန်း သို့ ထွက်ခဲ့ရာ စားပွဲ ပေါ် တွင် စာအိတ် ၃ လုံး ဒေါ်သန်းအေး လိပ်စာ ဖြင့် ရောက်နေသည် ကို တွေ့ ရလေသည် ။ သွားပွတ်တံ ကို ပါးစောင် တွင် ထိုးသွင်းထားပြီး စာ တစ်အိတ် ကို ယူ ဖောက်ကြည့်လေသည် ။

မင်္ဂလာဆောင် ဖိတ်စာ ဖြစ်သည် ။ မြောက်ဘက်တန်း ထဲ မှ စက်ရှင်စာရေးကြီး ဦးအေး သမီး တင်တင်လှ နှင့် အရေးပိုင်ရုံး စာရေးကြီး ဦးမောင်ကြီး တို့ ၏ သား ခင်မောင်အေး တို့ ဖြစ်သည် ။ ဒေါ်သန်းအေး သည် ပြုံး ၍ စာအိတ် ကို ပြန် ချ ပြီး တခြား စာအိတ် တစ်အိတ် ကို ကောက်ယူ ၍ ဖတ်ပြန်သည် ။

မင်္ဂလာဆောင် ဖိတ်စာ ပင် ဖြစ်သည် ။ ကျောက်စာဝန် ဦးမြ ၏ သား ကိုကိုကြီး နှင့် မြေပိုင်ရှင် ဦးဖေနှစ် တို့ ၏ သမီး ခင်သန်းနွယ် တို့ မင်္ဂလာဆောင် ဖြစ်၏ ။ ဒေါ်သန်းအေး လည်း ပြုံး၍ စာအိတ် ကို ပြန်ချ လိုက်၏ ။ နောက် တစ်စောင် ကောက်ယူ ပြန်၏ ။ ထိုအချိန် ၌ ဒေါ်သန်းအေး သည် မဖောက်ခင် က ပြုံး၍ “ တယ် လုပ်လိုက်ကြပါကလား ဒီ ဝါ ဆို ”  ဟု တိုးတိုးကလေး ပြော လိုက်မိ လေသည် ။ ထို စာအိတ် သည် လည်း မင်္ဂလာဆောင် ဖိတ်စာ ပင် ဖြစ်သည် ။ ၆ ရာဘက် တရားသူကြီး ဦးဘသိန်း ၊ ဒေါ်အေးလှ တို့ ၏ သား နှင့် ဆည်မြောင်း ဝန်ထောက် ဦးမြဘူး ၊ ဒေါ်မြခင် တို့ ၏ သမီး မေမေမြ တို့ မင်္ဂလာဆောင် ဖြစ်သည် ။ ဒေါ်သန်းအေး သည် သွားပွတ်တံ ကို ပြန် ၍ ဆုပ်ကိုင်ပြီး “ ဆောင် ကြကွ .. ဆောင်ကြ ”  ဟု တိုးတိုးညည်းညူ ပြီး ပြုံးပြုံးကြီး လုပ် ၍ ဝင်ခဲ့ လေသည် ။

မျက်နှာ သစ်ပြီး နောက် ကော်ဖီ တစ်ခွက် နှင့် အိမ်ရှေ့ သို့ ထွက်လာ ခဲ့၏ ။ သူ့ စိတ် တွင် မင်္ဂလာဆောင် အကြောင်း တွေး လာ၏ ။ စားပွဲ ပေါ် တွင် ချ ထားသော သတင်းစာ သည် လေတိုက် သဖြင့် တဖျတ်ဖျတ် လွင့် နေ၏ ။ ဒေါ်သန်းအေး သည် သတင်းစာ ကို ကောက်ယူ လိုက်၏ ။ သူ ကောက်ယူ လိုက်သော စာမျက်နှာ မှာ ကြော်ငြာခန်းများ သာပါသည် ။ သို့သော် စာမျက်နှာ တစ်ဝက်လုံးလုံး ကား ထိမ်းမြားမင်္ဂလာ သတင်းများ နှင့် စေ့စပ်ကြောင်းလမ်းခြင်း သတင်းများ သာ ပါရှိ လေသည် ။ ထို သတင်းများ ကို မြင်လျှင် ဒေါ်သန်းအေး သည် သက်ပြင်း တစ်ချက် ချ၍ “ မင်္ဂလာဆောင် - မင်္ဂလာဆောင် ၊ ဒီလည်း ဆောင် ၊ ဟိုလည်း ဆောင် ” ဟု တွေးလိုက် မိပြန်သည် ။

ထိုနေ့တွင် ဒင်းနားပါတီ တစ်ခု သို့ ဒေါ်သန်းအေး သွား ရမည် ဖြစ်၏ ။ထို ဒင်းနားပါတီ သို့ သွားရန် အတွက် သူ သည် သူ့ တူမ ခင်ခင်ထား ကို အဝတ်အစားများ ပြင်ထား နှင့် ရန် မှာ ထား၏ ။ အချိန် နီးကပ်လာသော အခါ အခန်း ထဲ သို့ ဝင်ခဲ့ ပြီး သူ ဝတ် သွားရမည့် အဝတ်များ ကို ဝတ်ဆင်လျက် “ ဘယ်လို နေလဲဟေ့ ... ထား ... မင်း အန်တီ လှရဲ့လား ”  ဟု ခပ်သောသော မေး လိုက်၏ ။

“ ဟာ ... လှတာပေါ့ ... ကိုယ့် အန်တီ မို့ ကိုယ် ပြောတာ မဟုတ်ပါဘူး ၊ သိပ်လှတာပဲ ” ဟု မြှောက်ပင့် ပြောဆို ၍ ရယ်လေ၏ ။ အမှန်လည်း ဒေါ်သန်းအေး မှာ မိန်းမချော တစ်ယောက် ဖြစ်သည် ။ ရွှေဒင်္ဂါးရောင် ပိုးတွန့်ပုဝါ ၊ ပါးလှပ် သော ပဒုမ္မာ ပိတ်ပါးအင်္ကျီ တွင် တဝင်းဝင်း လက် နေသည့် စိန်ကြယ်သီးကလေးများ ဖြင့် ဒေါ်သန်းအေး မှာ အလွန် အဆင်ပြေ လှလေသည် ။ ဖြူဖွေးသော အသား နှင့် တစ်ပွင့် တည်း လက် နေသော စိန်နားကပ် တို့ သည် လည်း များစွာ ပနံ ရ လှလေသည် ။ ဤ ဖက်ရှင်မျိုးတွေ ကြောင့် လည်း ဒေါ်သန်းအေး နာမည် ကြီး ရ လေသည် ။

“ အန်တီ ဘယ်အချိန်လောက် ရောက်လာ မလဲဟင် ၊ ကိုကို ကော ပါဦးမှာ လား ”  ဟု ထား က မေး လိုက်ရာ ပြန် လာမည့် အချိန် ကို မမေးစဖူး မေး သဖြင့် “ ဘာဖြစ်လို့တုန်း ၊ ခါတိုင်းလိုပေါ့ ”  ဟု မေး လေ၏ ။

“ ဪ ... ထား အန်တီ့ ကို ပြောစရာလေး တစ်ခု ရှိလို့ပါ ”

“ ဘာများတုန်း ၊ ခု မသွားခင်ဘဲ ပြောစမ်းပါဦး ” 

“ အို .. ခု သွားခါနီး လာခါနီး မကောင်းသေးပါဘူး ၊ ထား ပြောမယ့် စကား က အေးအေးဆေးဆေး မှ ဖြစ်မှာ ” 

“ အလို ... တယ် ဆို လိုက်ပါလား ၊ ဘာများတုန်း ကွာ ၊ တန်တော့ ကောင်မလေး လင် လိုချင်ပြီ ထင်တယ် ။ ပြောစမ်း မှန်မှန် ၊ ဟုတ်တယ် မဟုတ်လား ”

ဒေါ်သန်းအေး က ပြုံးပြုံးကြီး လုပ်၍ မေး လိုက်ရာ ထား လည်း ရှက်သွေးကလေး ဖြာ သွား သကဲ့သို့ မျက်နှာ ကလေး အောက်ချ ၍ ...

“ အို ... အန်တီ က လည်း ပြောရော့မယ် ” ဟု ပြော လိုက်လေ၏ ။

“ နို့ ... မဟုတ်ဘူးပေါ့ ”

ထား ကား အဖြေ မပေးဘဲ ခေါင်းကလေး ငုံ့မြဲ ငုံ့၍ ပြုံး နေ လေ၏ ။

“ ပြောလေ မချော ... ခုတော့ မလှုပ်ဘူးလား ” 

“ အန်တီ တစ်ယောက် ဟာ သိပ် ပါးတာပဲ ။ ဗိုက်ထဲ ပုဏ္ဏား ရှိတဲ့ အတိုင်းပဲ ” ဟု စပ်ဖြီးဖြီး ပြောလိုက်ရာ ဒေါ်သန်းအေး လည်း အနား ကပ် လာ၍ -

“ အေး .. ငါ ထင်လိုက် ဘယ်တော့မှ မလွဲဘူး ၊ ပြော စမ်း ပြောစမ်း ၊ ဒါဖြင့် ဘယ်က ဟာနဲ့ တုန်း ” 

“ ကိုလှမြင့် နဲ့ .... ”  ဟု ပြော၍ ခေါင်းကလေး ငုံ့ ပစ်လိုက်၏ ။

“ ဘယ် လှမြင့် လဲ ... ဦးဘဟန် သား ဟာလား ” 

ထား သည် ပါးစပ် ဖြင့် မဖြေ ၊ ခေါင်းညိတ် ၍ ဖြေ လိုက် လေ၏ ။

“ ဪ .... အဲဒီ မောင်လှမြင့်လေး လား ၊ အေး မျက်မှန်လေး တဝင်းဝင်း နဲ့ အတော်သားပဲ  ။ အဲဒါ ဘာဖြစ်သလဲ ” 

“ သူ က ထား ကို ကြိုက် ... ကြိုက်နေတယ် ဒေါ်လေး ရဲ့ ” 

“ ညည်းကတော့ ကော ” 

“ ထား က တော့ ... ”

“ ထား ကတော့ တွေ ၊ ဘာတွေ လုပ် မနေပါနဲ့တော့ အေ ညည်း က လည်း ကြိုက်တယ် ထားကြပါစို့ ၊ ကဲ ဒါဖြင့် ဒေါ်လေး က ဘာ အကူအညီ ပေးရမလဲ ” 

“ ထား တို့ လက်ထပ်ချင်တယ် အန်တီ ” 

“ ဪ ... ဒီလိုလား ထပ်တာပေါ့ ကွဲ့  ၊ အန်တီ ဘာ ကန့်ကွက်စရာ ရှိသလဲ ၊ ထား ကြိုက်ရင် ပြီးတာပဲ ဥစ္စာ ၊ အေး အေး ကြည့် စီမံ သေး တာပေါ့ ၊ ဟုတ်လား ထား ။ ဒေါ်လေးမြ လည်း တိုင်ပင်ဦး ၊ ကဲ သွားမယ် ၊ ဪ ... အိုရချည်သေး ၊ နာရချည်သေး.. ”  ဟု ပြုံးပြုံးကြီး လုပ်၍ ညည်းတွား ထွက် ခွာ သွားရာ ထား လည်း

“ အို .. အန်တီ က လည်း သိပ်ပြောင်တာပဲ ” ဟု ပြော ရင်း ကျန်ရစ်ခဲ့လေ၏ ။

ဒေါ်သန်းအေး သည် သူ့ တူမများ ကို ချစ်သည် ၊ အလို လည်း လိုက်သည် ။ တူမများ က လည်း ချစ်ကြသည် ။ တူမ နှင့်အဒေါ် ဖြစ်ကြသော်လည်း သူငယ်ချင်းတွေ လို နေ ကြ သဖြင့် သူတို့ အိမ် မှာ သာယာသည် ။ ဒေါ်သန်းအေး သည် တစ်လမ်းလုံး တူမလေး ၏ အိမ်ထောင်ရေး ကို စဉ်း စားသွားသည် ။

“ အင်း ... တို့ အိမ် ကလည်း တစ်ယောက်တော့ လျော့ တော့မှာပါ ကလား ” ဟု တွေးလိုက် မိသည် ။ နောက် တစ်နေ့ ၌ ညီမ ဖြစ်သူ ခင်ခင်မြ ကို တိုင်ပင်ပြီး ထား ကိစ္စ ကို စီစဉ် ပေး လိုက် လေသည် ။

ထို ဝါဆို တစ်လ လုံး ဒေါ်သန်းအေး မှာ မင်္ဂလာဆောင် ကိစ္စများ နှင့် အလုပ် များ ခဲ့ရလေသည် ။ ဝါဝင် သွား မှ ပင် အားလပ်ချိန်  ကောင်းကောင်း ရ တော့သည် ။

ဝါခေါင်လ ကုန်လောက် တွင် ဒေါ်သန်းအေး ၏ တူ တော်မောင် အလုပ်သင် မြို့အုပ်ကလေး အဖြစ် နှင့် အထက် စစ်ကိုင်း သို့ ပြောင်းသွား ရ ရာ အိမ် တွင် လူ တစ်ယောက် လျော့ သွား ပြန်လေ၏ ။ အိမ် ၌ ယောက်ျား မရှိတော့သည် ကို ဒေါ်သန်းအေး တွေး နေ မိသည် ။

တော်သလင်းလ ကုန် လောက် တွင် ဒေါ်သန်းအေး ထံ သို့ ဖိတ်စာများ ရောက်လာကြ ပြန်သည် ။ ဝါဦး တုန်း ကကဲ့ သို့ပင် ဝါကျွတ် တွင် လည်း မင်္ဂလာဆောင်တွေ များ လာ သည် ။ “ လူတွေ အား လျှင် ဒီ အလုပ်ပဲ ရှိလေရော့ သလား ” ဟု ဒေါ်သန်းအေး တွေး မိသည် ။

သီတင်း မကျွတ်ခင် ကတည်း က ဒေါ်သန်းအေး မှာ အိမ်ထောင်ရေး အလုပ်တွေ ဆောင်ရွက်ခဲ့ ရ ပြန်သည် ။

စေ့စပ်ကြောင်းလမ်း ရာ တွင် လည်း ဒေါ်သန်းအေး ၊ နားဖောက် သွားရာ တွင် လည်း ဒေါ်သန်းအေး ဖြစ်နေသော ကြောင့် “ သည် အလုပ်တွေ ဟာ လူတွေ လုပ်ရမယ့်အလုပ် တွေ များလား ၊ လူတွေ ထုံးစံ ပဲလား ” ဟု ဒေါ်သန်းအေး သည် ဃရာဝါသ အိမ်ထောင်ရေး ပြဿနာ ကို တွေးတော စ ပြု မိ လေသည် ။

တစ်နေ့သ၌ ဒေါ်သန်းအေး ထံ သို့ စာ တစ်စောင် ရောက်လာ လေသည် ။ ဒေါ်သန်းအေး သည် စာ ကို ဖောက် ကာ စာတိုက် တံဆိပ် ကို ကြည့်မိ၏ ။ စာ မှာ ရန်ကုန် က လာ သော စာ ဖြစ်သည် ။ မိတ်ဆွေ မင်းကတော် တစ်ဦး ဦး ထံမှ အထင် ဖြင့် စာ ကို ဖောက် လိုက်ရာ များစွာ အံ့အားသင့် သွား လေ၏ ။ သို့သော် ဒေါ်သန်းအေး မျက်နှာသည် ချက်ချင်း ပြုံး လာ လေ၏ ။ စာ ကို ဆုံးသည် အထိ ဖတ်ပြီး နောက် စာ အိတ်ထောင့် စွန်းကလေး ကို ပါးစပ် ဖြင့် ကိုက်ကာ လေ တိုက် ၍ လှုပ်ရှား နေသော ခန်းဆီးများ ကို ကြည့်ရင်း စဉ်းစားခန်း ဝင် နေလေ၏ ။ နောက် သက်ပြင်း တစ်ချက် ချပြီး “ မြ ရေ ” ဟု ညီမ ဖြစ်သူ အား လှမ်း၍ ခေါ် လိုက်လေ၏ ။

“ ရှင် ...မမသန်း ” ဟူသော အသံ နှင့် အတူ ခင်ခင်မြ ရောက်လာ လေ၏ ။

“ ဘာတုန်း မမ ... မြ ကို ခေါ်တာ ”

“ ဪ .. အင့် ... ဒီ စာ ကို ဖတ်ကြည့်စမ်း ” ဟု စာ ကို လှမ်း ပေးလိုက်၏ ။

မြ လည်း စာ ကို ကောက် ၍ ဖတ်လေ၏ ။ ဖတ်ရင်း ပြုံး လာလေ၏ ။ စာ ဆုံးပြီ ထင်ရသော အခါ ဒေါ်သန်းအေး က

“ စာ ထဲ က အတိုင်းပဲလား .. ” ဟု မေး လိုက်၏ ။

“ ဟုတ်ကဲ့ ... ” ဟု ဖြေ၍ မြ လည်း ခေါင်းကလေး ငုံ့ထား လိုက်၏ ။

“ ညည်းတို့ ဘယ်တုန်း က များ ဖြစ်လိုက်ကြတာ တုန်း အေ ၊ ငါ ဖြင့် သိဘဲ မသိလိုက်ဘူး ၊ မြန်လည်း မြန်ကြ ပါ ပေ့ ”

“ မနှစ်တုန်းက လေ ၊ မြတို့ ဘုရားကိုးဆူ ပူဇော်တုန်း က ကိုကြီးမြင့် ပါ လာ တာပေါ့ ၊ အဲဒီတုန်း က တွေ့ ဖူးပြီး သူ ရန်ကုန် ရောက် တော့ စာ ရေး တာပဲ ”

“ အေ ... အင်း ... အင်း ဒီလိုကိုး ၊ အေးလေ ဒါတော့ မင်းတို့ လူငယ်ချင်း ကျေနပ်ကြရင် ပြီးတာပေါ့ ။ စီမံ ပေးရမှာ ပေါ့ ။ နေစမ်းပါဦး ၊ ခု သူ က ဘာတုန်း ” 

“ အတွင်းဝန်ရုံး ဝန်ထောက်ကလေး လေ ”

“ ဪ ... အင်း အင်း အေးလေ သီတင်းကျွတ် တော့ စီစဉ်ကြတာပေါ့ ” ဟု ပြောပြီး နေရာ မှ ထခဲ့လေ၏ ။

“ အင်း ... တစ်ယောက် တော့ လျော့သွား ပြန်ပြီ ။ ဝါဆို တစ်ယောက် ၊ ဝါကျွတ် တစ်ယောက် ၊ ကျန်တဲ့ သန်းသန်း က ဘယ်တော့များ ဖြစ်ပါလိမ့် ၊ မြန်မြန် ရ လည်း အေးတာ ပါပဲလေ ၊ သူတို့ ဟာနဲ့ သူတို့ ဖြစ်သွားလည်း စိတ်ချ သွားရ တာပဲ ” ဟု တွေး၍ အခန်း ထဲ သို့ ဝင်ခဲ့ လေ၏ ။

ဒေါ်သန်းအေး ကား အသက် ၃၅ နှစ် တိုင် အောင် တခြား သားသမီးများ အိမ်ထောင်ရေး ကို သာ ဝင်ရောက် ပါ ဝင် ခဲ့ရသည် ။ ယခု သူ့ မှာ သူ့ သွေးသား သူ့ တူမများ   အိမ်ထောင်ရေး ကို ဝင်ရောက် လာရ လေပြီ ။ ထို နှစ် တစ်နှစ် လုံး ဒေါ်သန်းအေး မှာ အိမ်ထောင်ရေး ကိစ္စတွေ နှင့် ချည်း အချိန် တွေ ကုန်လွန် စေရတော့မည် လော ။

အိမ်ထောင်ရေး ၊ အိမ်ထောင်ရေး ။ အိမ်ထောင်ခြင်း ၊ သားမွေးခြင်း မလုပ်လျှင် သဘာဝ နှင့် ဆန့်ကျင်နေမည် လော ။ အိမ်ထောင် မပြုဘဲ နေသော သူများ သည် လူတွေ လုပ်ဆောင်ရမည့် ဝတ္တရားများ ကို ဆန့်ကျင်နေသောသူများ ဟု ပင် ဆိုကြလေမည်လော ဟု ဒေါ်သန်းအေး သည် အိမ် ထောင်ရေးပြဿနာ ကို တွေးတောစ ပြုလေသည် ။

လူများ ကား ဘာကြောင့် အိမ်ထောင် ပြုကြသနည်း ။ ဘာကြောင့် မိဘမောင်ဘွား ၊ အဒေါ်သားချင်းများ နှင့် သိုက်သိုက်ဝန်းဝန်း မနေချင်ကြဘဲ အိမ်ထောင် ပြုကာ ခွဲခွာ ကြလေသနည်း ။ ဘာကြောင့် မိဘများ ကို ခွဲရက်ကြသနည်း စသည် ဖြင့် လည်း ဒေါ်သန်းအေး စဉ်းစား ကြည့်မိလေ သည် ။

ဒေါ်သန်းအေး ကား စိတ်အေး လက်အေး မနေရ သေး ။ အိမ်ထောင်ရေး ပြဿနာများ ကား ဆက်တိုက်ကြီး ထပ်၍ ပေါ် လာ ပြန်လေသည် ။ စစ်ကိုင်း သို့ ပြောင်းသွား သော တူတော်မောင် ထံ မှ ရောက် လာသော စာတစ်စောင် ကား ဒေါ်သန်းအေး ခေါင်းရှုပ် သွား စေလေသည် ။ ယူကြ ၊ ယူကြ အကုန် ယူကြ ။ တစ်ကျိတ်တည်း ၊ တစ်ဉာဏ်တည်း ။ သူတို့ တတွေ ညှိများ ထားကြလေရော့သလား ဟု ဒေါသ ဖြစ် သွားလေသည် ။

တူတော်မောင် ထံ မှ စာ မှာ စစ်ကိုင်း ၌ အတူ နေသော မြို့ပိုင်ဦးဘသန်း ၏ သမီး ကို မကြာမီ လက်ထပ် ချင်သည့် အကြောင်း ၊ အဒေါ် လုပ်သူ အား စစ်ကိုင်း သို့ အမြန် ဆင်းလာ ခဲ့ပါမည့် အကြောင်း ဖြစ်လေသည် ။ စာ နှင့် အတူ ဓာတ်ပုံ လည်း ပါလာရာ ဒေါ်သန်းအေး ထုတ် ၍ ကြည့် လေ၏ ၊ အတန်ကြာ စိုက်၍ ကြည့်ပြီးနောက် နေရာ မှ ဖြည်းလေးစွာ ထ ၍ လက်နှစ်ဖက် ကို နောက်ပစ် ၍ လျှောက်ရင်း က စဉ်းစား ပြန် လေသည် ။

ကုန်ပြီ ၊ ကုန်ပြီ ၊ အားလုံး တာဝန်တွေ ကုန်ပြီ ။ တစ်ယောက် ပဲ ကျန် တော့တယ် ။ ဒီ တစ်ယောက် က လည်း ဘယ်တော့ မဆိုနိုင်ဘူး ။ အင်း ဒီ တစ်ယောက် ယူ သွားရင် တော့ ငါ တစ်ယောက် တည်း ကျန် နေရစ်တော့ မှာပဲ ။ သူတို့ မရှိ ရင် ငါ နေလို့ မှ ဖြစ်ပါတော့ မလား ။ လင့် နောက် မထည့် ဘဲ အားလုံးပဲ ငါ့ အိမ် ခေါ်ထားမယ် ဟု ဒေါ်သန်းအေး သည် ရှေ့ ရေးတွေ တွေး ၍ ရင်လေး သွားလေသည် ။

သီတင်းကျွတ် လျှင် အသီးသီး ကိစ္စ ပြီးမြောက် သွား လေ၏ ။ သို့သော် ဒေါ်သန်းအေး ထင်သလို မည်သူမျှ သူ နှင့် မနေကြချေ ။ အားလုံးပင် သူတို့ လင်နောက် ၊ မယား နောက် ပါ သွား ကြလေသည် ။ ဒေါ်သန်းအေး အတော် စိတ် ပျက် သွားလေ၏ ။

ဪ ... အိမ်ထောင်ရေး ၊ အိမ်ထောင်ရေး ။ ကိုယ့် အိုး ကိုယ့် အိမ် နဲ့ လွတ်လွတ်လပ်လပ် နေချင်ကြမှာပေါ့လေ ဟု ဖြေရ လေ၏ ။

မိမိ အိမ် မှ တစ်နှစ် အတွင်း လူ ၃ ယောက် လုံးလုံး လျော့သွား သော အခါ ဒေါ်သန်းအေး မှာ မနေတတ် သလို ဖြစ်နေ၏ ။ အရင် က လို ဆူဆူညံညံ တီးကြမှုတ်ကြသံများ ကို မကြားရတော့ ။ တစ်အိမ်လုံး တူဝရီး နှစ်ယောက် တည်း နှင့် အခိုင်းအစေ နှစ်ယောက် သာ ကျန်ရစ်တော့ သဖြင့် ခြောက်သွေ့ နေ၏ ။ လူတွေ လျော့သွားသော အခါတွင် မှ သူ ၏ တစ်ကိုယ်တည်း နေ နေရသော ဘဝ မှာ ပိုမို ထင်ရှား လာလေ၏ ။

ဒေါ်သန်းအေး သည် ပြီးခဲ့သော မင်္ဂလာဆောင် အခမ်းအနားများ ကို ပြန်လှန် စဉ်းစား ကြည့်၏ ။ ပြီးခဲ့သော မင်္ဂလာဆောင်များ မှ သတို့သမီး ၊ သတို့သားများ မျက်နှာ ကို မြင်ယောင် မိ၏ ။ မော်တပြုံးပြုံး နှင့် ပျော်မဆုံး နိုင်အောင် ရှိကြသည် ကို ဒေါ်သန်းအေး တွေ့ ရ၏ ။ ဘာကြောင့် ပျော် ကြသနည်း ။ ဒေါ်သန်းအေး သည် သူတို့ သူတို့ တတွေ ဘာကြောင့် ပျော်သည် ကို သိချင်သည် ။ အိမ်ထောင်ရေး သည် ပျော်စရာ လော ၊ အချို့ က အိမ်ထောင်ခြင်း သည် စိတ်ညစ် ရ သည် ။ သောကများ သည် ဟု ပြောကြသည် ။ သို့သော် စိတ်ညစ်ရသော အလုပ် ၊ သောက များလှသော အလုပ် ကို ပင် အဘယ့်ကြောင့် လူတွေ မက်မက်မောမော ပြုနေကြသ နည်း ၊ ဇွတ်တိုး ၍ နေကြလေ သနည်း ။

ဒေါ်သန်းအေး တစ်ခါဖူး မျှ အိမ်ထောင်ရေး ကိစ္စ ကို ယခု လောက် အထိ တစ်ခါဖူး မျှ မတွေးတောခဲ့ ။ အိမ်ထောင် ခြင်း ၊ သားမွေးခြင်း အလုပ် သည် လူတိုင်း ပြုရမည့် အလုပ် ၊ လူတိုင်း မရှောင်မကွင်းသာသော အလုပ် ၊ မလုပ် လျှင် လောက နှင့် ဆန့်ကျင်ရာ ကျမည် လော ။ ယခု ကဲ့သို့ မိမိ အိမ် ထောင် မပြုဘဲ နေခြင်း သည် လူ့ ထုံးစံ နှင့် ဆန့်ကျင်ရာများ ပင် ကျမည်လော ။

ထိုနေ့ ကား တနင်္ဂနွေနေ့ ရုံးပိတ်ရက် ဖြစ် သဖြင့် ဦးထွန်းအေး ပေါက်လာလေ၏ ။ တနင်္ဂနွေ နေ့ တိုင်း ဦးထွန်း အေး လာ တတ် လေသည် ။ ဦးထွန်းအေး သည် သူ့ အိမ် ထောင်ဘက် အဖြစ် ဒေါ်သန်းအေး ကို ရွေးချယ် မိသည် ။ သို့ သော် ထို အကြောင်း နှင့် ပတ်သက်၍ တစ်ကြိမ် တစ်ခါ တည်း သာ ပြောဖူးလေသည် ။ ဒေါ်သန်းအေး က ငြင်းဆို သဖြင့် ထိုအကြောင်း ကို မစပ် တော့ ။ သို့သော် လူကြီးလူကောင်း ပီပီ ဝင်ထွက် သွားလာမြဲ သွားလာ နေခဲ့ပေသည် ။ ဒေါ်သန်းအေး ကလည်း အငြိုအငြင် မရှိ မိတ်ဆွေရင်း ကဲ့သို့ပင် ဆက်ဆံမြဲ ဆက်ဆံ ခဲ့ လေသည် ။

“ ဪ ... ဦးထွန်းအေး ပါ လား ” ဟု ဒေါ်သန်းအေး သည် ဦးထွန်းအေး ကို  ဆီးကြို နှုတ်ဆက်လိုက် ပြီး ...

“ ဒီနေ့ တနင်္ဂနွေနေ့ ပါ လား ” ဟု ပြော လိုက် လေ၏ ။

“ ဟုတ်တယ်လေ ၊ တနင်္ဂနွေနေ့ ၊ သန်းသန်း တို့ ကော ” 

“ ရှိပါတယ် ၊ အိပ်နေတယ် ထင်ပါရဲ့ ၊ ထိုင်ပါဦးလေ ” 

“ ဟုတ်ကဲ့ ၊ မြ က တော့ ကိုထွန်းမြင့် နဲ့ လိုက်သွားတာ ပေါ့နော် ” ဟု ပြောရင်း နေရာလွတ် တစ်ခု တွင် ဝင် ထိုင် လေ၏ ။

“ ဟုတ်ကဲ့ ... လိုက်သွားတယ် ၊ ထား လည်း လိုက် သွားပြီ ။ ပြီးတော့ ကိုရွှေမြဟန် က လည်း သူ့မယား နဲ့ သူ လေ ”

“ ဟင် .. ဟင် ကုန်မယ့် ကုန်တော့ လည်း တစ်ပြိုင် တည်း လိုပဲနော် ။ ဒီလိုပေါ့လေ အချိန်တန် အရွယ်ရောက် လာ တော့ လည်း သည် အမှုတွေ ကို မရှောင်သာ ဘူး ပေါ့ ။ စိတ် အေးရတာပေါ့ ဗျာ ”

ဒေါ်သန်းအေး သည် “ အချိန်တန် အရွယ်ရောက် လာ တော့ လည်း သည်အမှုတွေ ကို မရှောင်သာဘူးပေါ့ ” ဟူ သော စကား ကို စဉ်းစား နေ လေ၏ ။

ဤ အမှုများ ကို အချိန်တန် အရွယ် ရောက် လျှင် လုပ် ရ သလော ၊ ဤ အလုပ်များ ကား မရှောင်သာသော အလုပ် များလော ။

“ အေးတာပေါ့လေ ၊ အိမ် လည်း ရှင်းသွားတာပေါ့ ” ဟု ဖြေလိုက် ရ သော်လည်း သူ စဉ်းစားနေသော အကြောင်း များ ကား ဦးခေါင်း ထဲ မှ မထွက်သေးချေ ။

“ ဒေါ်သန်းအေး အခုလို တူတွေ ၊ တူမတွေ အိမ်ထောင် ကျ သွားတော့ တစ်ယောက် တည်း မပျင်းဘူးလား ၊ ပျင်းမှာပဲ နော် ”

“ ဪ ... နေရတာတော့ ခြောက်သွားတာပေါ့ ” 

“ အင်း ... အိမ်ထောင်ရေး ၊ အိမ်ထောင်ရေး ” ဟု ဦး ထွန်းအေး သည် ထို စကား ကို ဒေါ်သန်းအေး ကို မကြည့်ဘဲ သူ့ တစ်ကိုယ်တည်း ညည်း လိုက်လေသည် ။

ဒေါ်သန်းအေး ကား ဘာမျှ မပြော ၊ သူ ကိုယ်တိုင် လည်း အိမ်ထောင်ရေး အကြောင်း ကို စဉ်းစားနေခြင်း ဖြစ် လေသည် ။

“ ဪ .... ဒါနဲ့ ပြောဖို့ လာ တာတောင် မေ့ နေ လိုက် တာ ၊ ကျွန်တော် ပဲခူး ပြောင်း ရတော့မယ် လေ ” ဟု ဦးထွန်း အေး က ငြိမ်သက်ခြင်း ကို ဖျက် လိုက်လေ၏ ။

“ ဪ .. ဟုတ်လား ၊ ဗြုန်းစားကြီးပါလား ၊ ဘယ်တော့တုန်း ”

“ ဒီ လ ကုန်ပဲ လေ ”

“ ဟင် ... အစိုးရ အလုပ်များ ဖင် မမြဲဘူးနော် ၊ ဝမ်းနည်းပါသေး ရှင် ”

“ ဘယ် တတ်နိုင်မလဲ လေ ၊ ဝတ္တရား ကို ၊ သူ့ ဆန်စားမင့်ပဲ ”

“ အမြတ်တော်ကြေး ဝန်ထောက် အဖြစ် နဲ့ ပဲ ပေါ့ နော် ”

“ ဟုတ်ကဲ့ ”

“ ဟိုမှာတော့ ဘယ်သူ ရှိသလဲ ”

“ ဟင့်အင်း ၊ မရှိဘူး ၊ အိမ်ငှား နေရမှာပဲ ” 

“ စားအိမ် သောက်အိမ် အခံ မရှိတာ ဆိုးတယ်နော် ”

“ သည်မှာ လို ပဲ အရာရှိ တစ်ယောက် ယောက် နဲ့ နေရမှာပေါ့ ၊ တစ်ကိုယ်တည်း နေရတာ မကောင်းဘူးဗျာ ၊ သိပ် အောက်ကျတာပဲ ။ အိုးခြေ အိမ်ခြေ ကောင်းကောင်းမွန်မွန် နဲ့ လည်း နေ မဖြစ် ၊ အခြေအနေ နဲ့ လည်း မနေရ ။ အဝတ်အစား က လည်း ကောင်းကောင်း ဝတ်ရတာ မဟုတ်ဘူး ။ မိန်းမ သေပြီး ကတည်း က ဖြစ်ချင် သလို ဖြစ်နေတာပဲ ။ အထိန်း မရှိ တဲ့ ချည်ခင် လို ပေါ့ ဗျာ ”

ဒေါ်သန်းအေး သည် ဦးထွန်းအေး စကားများ ကို နား ထောင် ရင်း ဦးထွန်းအေး ဘဝ ကို ပင် ပိုင်းခြား စိစစ် ကြည့်နေ မိသည် ။ ဒေါ်သန်းအေး သည် ဦးထွန်းအေး ကို သနား သွားသည် ။

“ ဦးထွန်းအေး မင်းကတော် ဆုံးတာ ဘယ်လောက် ကြာ ပလဲ ”

“ ကြာပြီလေ ၉ နှစ် လောက် တော့ ရှိရော့မယ် ” 

နှစ်ယောက် စလုံး ငြိမ်သွား ကြ ပြန်၏ ။ ကိုယ့် အတွေး နှင့် ကိုယ် ပြူတင်းတံခါးများ ဆီ သို့ ငေး နေကြ၏ ။ နောက်

“ ခဏနေဦး ကျွန်မ ကော်ဖီ သွားဖျော်ခိုင်းလိုက်ဦး မယ် ” ဟု ပြော၍ ဒေါ်သန်းအေး ထ သွားလေ၏ ။ ဦးထွန်းအေး ကား မလှုပ်မယှက် ကျန်ရစ်ခဲ့ လေသည် ။

တစ်ကိုယ်ရေ တစ်ကာယ နေရသော ဘဝ ကို ပင် ဆင်ခြင် သုံးသပ်မိသည် ။ အသက်အရွယ် ကြီးရင့် လာသည် အ ထိ ကူဖော်လောင်ဖက် အဖော် ဟူ၍ အရင်းအချာ ထဲ မှ တစ်ယောက် မျှ မရှိသည် ကို တွေးရင်း ဝမ်းနည်း သလိုလို ဖြစ်မိ၏ ။

ဒေါ်သန်းအေး ပြန် ဝင်လာသော အခါ ဦးထွန်းအေး သည် ဒေါ်သန်းအေး ကို မိန်းမလှကြီးပါပေတကား ၊ အသက် နှင့် မလိုက်အောင်ပင် နုပါပေတကား ဟု စိတ် ထဲ တွင် ချီးကျူး လိုက် မိလေသည် ။

နောက် ဦးထွန်းအေး သည် တစ်ခု ခု ကို ဆုံးဖြတ် သလို အားတင်းလိုက် ပြီး “ ဒေါ်သန်းအေး ” ဟု ခေါ်လိုက် လေသည် ။

“ ရှင် ကိုထွန်းအေး ”

“ ထိုင်ဦးဗျာ ၊ ပြောစရာ တစ်ခု ရှိလို့ ၊ ကျွန်တော် တောင်းပန်ရ မှာပါလေ ၊ ပလ္လင်တွေ နိဒါန်းတွေ လည်း ခံမနေ ချင်ပါဘူး ၊ လူငယ်တွေ လည်း မဟုတ်တော့ မလိုပါဘူး ။ ဒေါ်သန်းအေး ကို ကျွန်တော် လက်ထပ်ပါရစေဗျာ ၊ လက်ခံပါ ” ဟု နိဒါန်းမချီ ပလ္လင် မခံဘဲ ဘွင်းဘွင်းကြီး ပြောလိုက်လေ၏ ။

ဒေါ်သန်းအေး ကား ငယ်ရွယ်သူများ လို ခေါင်းကလေး ငုံ့ ၍ မသွားသော် လည်း ရှက်သွေးများ မွှန် သွားလေ ၏ ။ သို့သော် ဣန္ဒြေ မပျက် အသာအယာ ထိုင်ချ လိုက်ပြီး အလုပ် တစ်ခု ကို စဉ်းစား လေ ဟန် မျက်နှာ ထားဖြင့် စဉ်းစား နေရာမှ -

“ သည် အသက် သည်အရွယ်ကြီး တွေ ကျ မှ ရယ်စရာကြီး ဖြစ်မနေဘူးလား ရှင် ” ဟု ပြန် မေးလိုက်၏ ။

“ အို အသက် နဲ့ ဘာ ဆိုင်လို့လဲ ။ ဒေါ်သန်းအေး အသက် က ဘယ်လောက်များ ကြီးသေး လို့ လဲ ။ ဒေါ်သန်း မငြင်းဘူး ဆိုရင် ကျွန်တော် ပဲခူး မပြောင်းခင်ပဲ ဒီမှာ စီမံပြီး ပဲခူး ကို ခေါ်သွားပါရစေ ”

ဒေါ်သန်းအေး ကား ငြိမ် နေလေ၏ ။ တော်ပါမည် လော ။ သူ စဉ်းစားသည် ။ မတော်စရာကား မရှိပေ ။ မုဆိုးဖို ဖြစ်သော် လည်း လူကောင်းကြီး တစ်ယောက် ဖြစ်သည် ကို ဒေါ်သန်းအေး ကောင်းကောင်းကြီး သိသည် ။ အမှန် ဆို က ဤလို လူ ကို သူ မငြင်းထိုက် ။ အိမ်ထောင်ရေး ၊ အိမ်ထောင် ရေးဟု ပါးစပ် မှ တိုးတိုးကလေး ရေရွတ် လိုက် မိလေသည် ။

“ ဒီ အသက်အရွယ် အထိ တစ်ကိုယ်ရေ တစ်ကာယ ဖြစ် နေရတာ လည်း မတော်ပါဘူး ဒေါ်သန်းအေး ။ ခုနက ကျွန်တော် ပြော သလို ကျွန်တော်တို့ မှာ အိမ်ထောင်ထိန်း မရှိ တော့ အထိန်းမဲ့ ချည်ခင် လို ဖြစ် နေပါတယ် ။ ပြီးတော့ ကျွန် တော်တို့ ယောက်ျားတွေ မှာ မိန်းမ မရှိရင် မဖြစ် သလို ဒေါ်သန်းအေး တို့ မှာလည်း ယောက်ျား မရှိရင် မသင့်တင့်ပါဘူး ။ နောင် အသက်အရွယ် ကြီးလာတော့ တစ်ကိုယ်ရေတစ် ကာယ နေတဲ့ သူတွေ မှာ သိပ် ဒုက္ခ များ လာ တတ်ပါတယ် ။ လက်ခံပါ ဒေါ်သန်းအေး ရယ် ။ ဒေါ်သန်းအေး လည်း ကျွန်တော် နားလည် သလောက် နားလည် မှာ ပါ ပဲ ”

ဒေါ်သန်းအေး သည် ဦးထွန်းအေး ၏ စကားများ ကို တစ်လုံး စီ ဝေဖန် ကြည့် နေ၏ ။ အမှန်ပင် ဦးထွန်းအေး ပြော သည့် အတိုင်း အဖော် လိုကြောင်း ကို တွေးမိ လေသည် ။ ယခု ပင် ရှိသော ညီမ ၊ တူမ နှင့် တူများ မရှိတော့ပြီ ဖြစ်ရာ နောက်ဆုံး ၌ အထီးကျန် ဘဝ သာ ရှိရတော့မည် ။ ထိုသောအခါ သားထောက် မြေးခံ မရှိ ။ အကူအညီ သားချင်း မရှိသော မိမိ ဘဝ သည် ဘယ်သို့ နေမည်နည်း ။ ဟုတ်သည် ၊ မှန်သည် ။ လောက ၌ တစ်ကိုယ်တည်း နေ၍ မဖြစ် ။

ဒေါ်သန်းအေး သည် ဦးထွန်းအေး ဘက် လှည့် ကြည့် လိုက်၏ ။ ဒေါ်သန်းအေး မှာ အဖြေ မပေးတတ် ၊ အပျိုကြီး ဒေါ်သန်းအေး မှာ အပျိုသွေး တွေ ဖြန်း နေ သဖြင့် မဖြေတတ် ။

“ ဘယ်လို သဘောရပါသလဲ ဒေါ်သန်းအေး သဘော တူ လိုက်ပါ ဗျာ ၊ ကျွန်တော် တောင်းပန်ပါတယ် ” ဟု ထပ် ပြောလာသောအခါ မြုံ ၍ မနေတော့ ။

“ ဟုတ်ကဲ့ ကျွန်မ စဉ်းစား ပြီးပါပြီ ” ဟု ထွက်သွား လေသည် ။

“ ဘယ်လို စဉ်းစားပြီးတာလဲ ခင်ဗျာ ” 

“ ဦးထွန်းအေး ပြောတဲ့ အတိုင်း ဖြစ်နိုင်ပါလိမ့်မယ် ” 

“ ဝမ်းသာလိုက်တာဗျာ ၊ ဝမ်းသာလိုက်တာ ၊ စောစော က ကြားပါရစေတော့ ” ဟု အားရဝမ်းသာ ပြောလိုက် လေ၏ ။

အမြတ်တော်ကြေး ဝန်ထောက် ဦးထွန်းအေး နှင့် အပျိုကြီး ဒေါ်သန်းအေး တို့ လက်ထပ်ကြတော့မည် ဟူ သော သတင်း သည် အရာရှိပိုင်း ရပ်ကွက် တစ်ခွင်လုံး ပျံ့နှံ့ သွား လေ၏ ။ အားလုံးပင် သူတို့ ကို သဘော တူ ကြသည် ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား ကြသည် ။

“ ဪ ... ဒေါ်သန်းအေး ၊ ဒေါ်သန်းအေး ” ဟု တမ်းတကြ လေ၏ ။

ဒေါ်သန်းအေး ၊ ဒေါ်သန်းအေး ၊ ဒေါ်သန်းအေး ကား သူ တစ်ကိုယ်တည်း နေလျှင် ဤ လင် တစ်ယောက် ကို ရချင် မှ ရမည် ။ ယခု သော် ကား သူ့ ပတ်ဝန်းကျင် ဖြစ်သော မင်္ဂလာဆောင် တွေ က စေ့ဆော်ကြ သဖြင့် တိုးတက် ပြောင်းလဲ ရ ပေသည် ။ အိမ်ထောင်ရေး အသိ ကို သူ့ ဘေးပတ်လည် ပြုခဲ့ သော အိမ်ထောင်ရေး တို့ က ပေးခဲ့ လေသည် ။ ထို့ကြောင့် ပတ်ဝန်းကျင် သည် လူတို့ ကို ပြောင်းလဲ စေ ၍ ပတ်ဝန်းကျင် ကြောင့် ပင် လူတို့ တိုးတက် ပြောင်းလဲ လာကြရ ပေ သ တည်း ။

◾နှင်းဦး

📖 ရှုမဝ မဂ္ဂဇင်း
       အတွဲ - ၃ ၊ အမှတ် - ၂၅
       ၁၉၄၉ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment