Monday, May 20, 2024

စိတ်ကောင်းကလေး တစ်ခု


 

❝ စိတ်ကောင်းကလေး တစ်ခု ❞
  ( ဆင်ဖြူကျွန်းအောင်သိန်း )

ဟို ရှေးရှေးတုန်း က ဖရီဂီယာမြို့ တွင် ဖယ်လ်မွန် နှင့် ဘောစစ် ( စ် ) ဟုခေါ်သော အဘိုးအို လင်မယား ရှိလေသည် ။ သူတို့ သည် အလွန် ဆင်းရဲ၍ တဲကလေး တစ်လုံး နှင့် နေထိုင်ကြရ၏ ။

တစ်နေ့ တော့ မျက်နှာစိမ်း နှစ်ယောက် သည် ဖယ်လ်မွန် နှင့် ဘောစစ် ( စ် ) တို့ အိမ် တံခါးဝ သို့ ဆိုက်ရောက် လာကြပြီး စားစရာများ မရှိဘူးလား ဟု မေးကြသည် ။ ဤ သူစိမ်း နှစ်ယောက် ၏ ဝတ်စား ဆင်ပြင်ထားပုံ မှာ ဆင်းရဲနုံချာ လွန်းတော့၏ ။ အဝတ်များ ပေါ် တွင် လည်း ဖုံ များ က ဖုံးလွှမ်း နေသည် ။

ဤအချိန် တွင် အဖိုးအို ဖယ်လ်မွန် နှင့် အမယ်အို ဘောစစ် ( စ် ) တို့ အစာ စားအံ့ ဆဲဆဲ အချိန် ဖြစ်၏ ။ အမယ်အို မှာ မိမိတို့ လင်မယား နှင့် ဧည့်သည် နှစ်ယောက် တို့ အတွက် ပျားရည် ၊ နွားနို့ ၊ ပေါင်မုန့် စသည်များ လုံလောက်စွာ မရှိသည့် အတွက် စိတ် မကောင်းချေ ။ သို့ရာတွင် သူတို့ သည် ဆာလောင် မွတ်သိပ် နေသော ခရီးသည် နှစ်ဦး အား မောင်းနှင် မပစ်ရက်သောကြောင့် တဲ အတွင်း သို့ ဝင်ခဲ့ရန် ဖိတ်ခေါ်ခဲ့၏ ။

ဧည့်သည် နှစ်ယောက် တဲ တွင်း ၌ ထိုင် မိပြီး အဘိုးအို ဖယ်လ်မွန် က ဧည့်သည် နှစ်ယောက် သောက် မည့် ခွက် ထဲ သို့ နွားနို့ ကို လောင်းထည့် ပေးသော အခါ ၌ အမယ်အို ဘောစစ် ( စ် ) မှာ အံ့သြခြင်း ကြီးစွာဖြင့် အံ့ဩရ တော့သည် ။ အကြောင်းမှာ မူ ဧည့်သည် နှစ်ယောက် ၏ ခွက် ထဲ သို့ နွားနို့များ ကို အဘယ်မျှ ပင် လောင်းထည့် သော်လည်း အဘိုးအို လင်မယား နှစ်ယောက် စာ နွားနို့ မှာ လျော့ မသွားခြင်း နှင့် ပေါင်မုန့်များ ကို ဧည့်သည် နှစ်ယောက် အဘယ်မျှ ပင် စား သော်လည်း မူလ အရွယ် အတိုင်း ရှိနေခြင်း ပင် ဖြစ်သည် ။

ထို့နောက် ဖယ်လ်မွန် နှင့် ဘောစစ် ( စ် ) မှာ ထိတ်လန့်စွာ ဖြင့် ဧည့်သည် နှစ်ယောက် အား သတိ အထားကြီး ထားပြီး ကြည့် နေမိကြ၏ ။ ဧည့်သည် နှစ်ယောက် မှာ သူတောင်းစား အသွင် ဝတ်ဆင်ထား သော် ငြားလည်း သူတို့ ၏ မျက်နှာများ မှာ ကား ဘုရင်မင်းမြတ်များ ၏ မျက်နှာ သဖွယ် ရဲရင့်တည်ကြည်ခြင်း များ သည် အထင်းသား ပေါ်လွင် နေ၏ ။

“ ဧည့်သည်များ သင်တို့ သည် မည်သူများ ဖြစ်ကြပါသနည်း ... ”

ဖယ်လ်မွန် က အတန်ကြာ စဉ်းစား နေရင်း က မေး လိုက်ရာ သူစိမ်း နှစ်ယောက် သည် ရည်မွန်စွာ ပြုံး လိုက်ကြပြီး “ ဤသူ ကား ဘုရားအပေါင်း တို့ ဂျူပီတာ ဖြစ်၍ ကျွန်ုပ် ကား သူ ၏ တမန်တော် မာကျူရီ ဖြစ်သည် ” ဟု ဧည့်သည် အငယ် က အဖြေ ပေးသည် ။

ချက်ချင်းပင် အဘိုးအို လင်မယား သည် ကြမ်း ပေါ် သို့ ဒူးထောက် ချ လိုက်ပြီး မျက်နှာ ကို လက်ဝါး ဖြင့် အုပ်ကာ ဦးညွတ် လိုက်ကြ၏ ။ သို့ရာတွင် ဂျူပီတာ က သူတို့ အား နေရာ မှ ထ စေပြီး ..

“ မကြောက်ကြပါလင့် ... ကျွန်ုပ်တို့ သည် လူ့ လောကသားများ မည်သို့ နေထိုင် စားသောက် နေကြကြောင်း ကို သိလို၍ ရောက်ရှိလာခြင်း ဖြစ်သည် ” ဟု ပြောလိုက်၏ ။

“ ယခုမူ ဆင်းရဲ သော်လည်း ကြင်နာသော နှလုံးသား ရှိသော သင်တို့ လင်မယား ကို တွေ့ခွင့် ရသည့် အတွက် အလွန်တရာပင် ဝမ်းမြောက် လှပါသည် ။ သင်တို့ အလို ရှိသော အရာ ကို တောင်းပါလော့ ... ကျွန်ုပ်တို့ ပေးမည် ”

ဖယ်လ်မွန် နှင့် ဘောစစ် ( စ် ) တို့ သည် အိုမင်း လာသည့် တိုင်အောင် ချစ်ခင်ကြင်နာ ကြ ကာ တစ်ယောက် နှင့် တစ်ယောက် ကွဲကွာ သွားရမည် ကို လွန်မင်းစွာ ကြောက်ရွံ့ကြရကား “ ကျွန်ုပ်တို့ သည် တစ်ချိန်တည်း တစ်နာရီ တည်း တွင် တစ်နေရာတည်း ၌ အတူတကွ မကွဲမကွာ သေကြရပါလို၏ ” ဟူ၍ ဆုတောင်း ကြလေသည် ။

“ သင်တို့ တောင်းသော ဆု သည်ပြည့်စေ .. ”

ဂျူပီတာ သည် ပြန်လည် မိန့်ကြား ပြီးသည့် အဆုံး၌ မာကျူရီ နှင့် အတူ ပျောက်ကွယ် သွား လေ၏ ။ ရုတ်တရက် လျှင် အဘိုးအို လင်မယား ၏ တဲစုတ်ကလေး မှာ မျက်လှည့်ပညာ ဖြင့် ပြုလုပ် လိုက်သည့် ပမာ လှပကြီးကျယ်သော အိမ်ကြီး အဖြစ် ပြောင်းလွဲ သွားခဲ့သည် ။ အဘိုးအို လင်မယား သည် ထို အိမ်ကြီး ၌ နှစ်ပေါင်း များစွာပင် သူတော် သူမြတ်များ အဖြစ် ဖြင့် တရားချမ်းသာ နှင့် ပျော်ရွှင်စွာ နေထိုင်ပြီး နောက် တစ်ပြိုင်နက် ကွယ်လွန် ခဲ့ကြ၏ ။

ထို အဘိုးအို နှင့် အမယ်အို တို့ ပင် ကာလ ရွေ့လျော လာသော အခါ အာဒန် နှင့် ဧဝ ဟု ခေါ်ဆိုကြ လေသည် ။

ထို လူအို လင်မယား ၏ အလောင်း ကို သူတို့ ထိုင် ခဲ့သော အိမ် ၏ တံခါးဝ ၌ မြှုပ်နှံလိုက်သော အခါ ရှည်လျား လှပသော ဝက်သစ်ချပင်ကြီး နှစ်ပင် သည် ပြိုင်တူ ပေါ်ပေါက် လာလေ၏ ။ ထို လင်မယား ၏ စိတ်ကောင်း ရှိခြင်း ကို လည်းကောင်း ကမ္ဘာဦး သူ တို့ ၏ မိဘ ဖြစ်ခြင်း ကို လည်းကောင်း ၊ ရည်မှတ် ဦးညွတ်လျက် မြင့်မားလှပ ဖြောင့်စင်းသော ဝက်သစ်ချပင်များ ထိပ်၌ ခရစ်ယာန် ဘာသာဝင် တို့ သည် လက်ဝါးကပ်တိုင် ပြုလုပ် ကာ ပူဇော် ပသ ကြသည်ကို ကျွန်ုပ် တို့ သည် ယနေ့ ထက်တိုင် တွေ့မြင် နေကြရပေ သတည်း ။

◾ဆင်ဖြူကျွန်းအောင်သိန်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၇ ၊ အောက်တိုဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment