Saturday, May 4, 2024

ချိန်းထားတဲ့ ‌နေ့ ချိန်းထားတဲ့ နာရီ


 

❝ ချိန်းထားတဲ့ ‌နေ့ ချိန်းထားတဲ့ နာရီ ❞

“ ဟ ‌ဟေ့‌ကောင် မင်း အသက်အရွယ်ကြီး နဲ့ ”

“ လုပ်ပြီ ဦိးနား‌ဝေး က‌ တော့ ဆုံး‌အောင် များ ဖတ် ကြည့်စမ်းပါဦးတဲ့လား ”

“ ‌အေးပါ‌မောင် ”

ဤသို့ ဖြင့် ဇာတ်လမ်း က စ‌ လေ၏ ။

“ ဟင် အစ်ကို‌လေး သန်း‌မောင် အဲဒါ ဘာလုပ်တယ် ”

“ ဆားဗစ်ကျင်းလကွာ ”
( ဘာလဲ‌တော့ မသိဘူးဗျာ ၊ ကျွန်‌တော်တို့ ‌အောင်လံ မှာ ‌ရေ‌လောင်းအိမ်သာ‌ ဆောက်ဖို့ ‌မြေကြီး ကို တွင်းကြီး တူး ပြီး ‌မြေ နုတ် ပစ်တာ ကို ဆားဗစ်ကျင်း လို့ ‌ခေါ်ကြတာပဲ ၊ ပန်းရန် စကား လား ဘာလား မသိ။ )

“ ဟာဗျာ မိုးတွင်းကြီးကျခါမှ ”

“ ‌အေးလကွာ ခုမှပဲ ”

ကျွန်‌တော် ၂၀၀၅ ခုနှစ် ဇွန်လ ၂ဝ ရက်‌ နေ့ က ကျွန်‌တော့် ‌ယောက်ဖ ကိုသန်း‌မောင်အိမ် ကို ‌ရောက် သွား‌တော့ လူ သုံး‌လေး‌ယောက် မိုးကာကြီး မိုး ပြီး ‌မြေနုတ်‌ နေကြတာ ‌တွေ့သဗျာ့ ။ ဒါနဲ့ ကျွန်‌တော် က ‌မေးမိ ။

အမှန်မှာ ခု ရက်‌လောက် ဆို ပြီးဖို့ သင့်‌ နေပါပြီ ။

ဖြစ်ပုံက သည်လိုပါ ။

‌ယောက်ဖ က ‌ခြောက်ဘီးကား ကို ၁ဝ ဘီး လုပ်ချင်တယ် ။ ကား‌ ပြောင်းမယ် ဆို‌တော့ ‌ငွေ က လိုက် ရမယ် ။ ဒါနဲ့ ‌ဘေး မှာ ကျန်‌ နေ‌သေးတဲ့ ‌မြေကွက် ကို ပိုင်း ပြီး ‌ရောင်း ၊ ‌ရောင်း လို့ ရတဲ့ ပိုက်ဆံ ကား ထဲ ထည့် ၊ ‌ခြောက်ဘီး က ၁ဝ ဘီး ဖြစ်သွား ။

အကွက် တစ်ခြမ်း‌ တော့ ပဲ့ သွားတာ‌ပေါ့‌လေ ။

ဖဲ့‌ ရောင်းလိုက် ရ တဲ့ အကွက် ထဲ မှာ ‌ရေ‌လောင်းအိမ်သာ က ပါ သွားတယ် ။ ဝယ် တဲ့ ဘက် က သ‌ဘော‌ ကောင်းပါတယ် ။ ‌ခြောက်လ တိတိ အချိန်‌ ပေး ထားတယ် ။ ‌ခြောက်လ ပြည့် ရင်‌ တော့ အကွက် ကို ခြံစည်းရိုး ခတ်မယ်‌ပေါ့ ။
ဟို က ‌စောင့်‌ နေတယ် ။ ‌ခြောက်လ လည်း ပြည့်‌ ရော ခြံစည်းရိုး ခတ် လိုက်‌ရော ။
‌ဟော ဖိုးသန်း‌မောင် တို့ မိသားစု ‌အောက်ရှင်း ဖို့ ခက် သွား‌ရောဗျာ ။

‌အေးပါကွာ သူ့ ရက် မှ မ‌ရောက်‌သေးတာ ၊ ‌အေးပါကွာ လုပ်မှာ‌ပေါ့ ဘာ ခက်တာ မှတ်လို့ ။

ကျွန်‌တော် က ကြုံတဲ့ အခါ တိုက်တွန်း မိတယ် ။ ဖိုးသန်း‌မောင် က ‌အေး‌ဆေး ပဲ ။ ဘေး က ဝင်‌ ပြောတဲ့ ကျွန်‌တော့် ကို‌ တောင် စိတ် က ချဉ်‌ နေပုံ ရတယ် ။

ဟုတ်တယ် ။ ကျွန်‌တော် က လည်း မဆီမဆိုင် လက်ပံသား ဓား နဲ့ ချိုင် ။

ခု‌တော့ ကဲ မှတ်က‌ရော ။ ဟင်း ‌ကောင်းတယ် ။

ကျွန်‌တော် ကြိတ် ပြီး ပြုံးမိ ။ ဘယ့်နှယ်ဗျာ ဟိုဘက် က ‌ခြောက်လကြီး‌ တောင် အချိန်‌ ပေး ထားတာ ။

အဲဒါကို မထုံတက်‌သေး လုပ်‌ နေတာ ။

ဟိုဘက် လူ က ခြံစည်းရိုး လုပ်တာ တကယ်ဆို ‌ခြောက်လ မကပါဘူး ဗျာ ။ ရက်‌ တောင် နည်းနည်း စွန်း ပါ‌သေးတယ် ။

အခု တကယ် ပိတ် လိုက်‌တော့ မိုးရွာ ရက် ထဲ ‌ရောက်‌ နေပြီ ။ မိုး ထဲ‌ ရေ ထဲ မိုးကာမိုး ပြီး ‌လှော်ခတ်‌ နေရပြီ ။ မှတ်လဟ ။

လူ ‌တော်‌တော်များ ဟာ သည်လိုပဲ ။ ခပ်‌ပေါ့‌ပေါ့ လုပ် တတ်ကြတယ် ။

ချိန်းထားတဲ့ ရက် နီး‌နေပြီ ။ ချိန်းထားတဲ့ ရက် ‌ရောက်‌နေပြီ ။ ချိန်းထားတဲ့ ရက် ‌ကျော်‌နေပြီ ။ မလာ‌သေးဘူး ။ အ‌ကြွေး မဆပ်‌သေးဘူး ။ ကုန် မအပ်‌သေးဘူး ။ တစ်ဖက် လူ က လည်ပင်း တရှည်ရှည် ။ သည်ဘက် လူ က ဤ ‌လေး အာ ‌လေး ။ ကြာ‌တော့ စိတ် မရှည်ဘူး ။ စကား‌တွေ ‌ပြောရ ။ စကား‌တွေ များကြ ။ ရန်‌တွေ ဖြစ်ကြ ။ ရုံး‌တွေ ဂတ်‌တွေ ‌ရောက်ကြ ။ တရား‌တွေ ဖြစ်ကြ ။ ‌ထောင်‌တွေ ကျကြ ။ ဘယ်က စ ပါသလဲ ။ မ‌လေးစား တာ က စ တာပါ ခင်ဗျာ ။

ကျွန်‌တော် တို့ စီးပွါး‌ရေး‌ လောက မှာ မိမိ ထက် ငယ်သူ ပဲ ဖြစ်ဖြစ် ၊ မိမိ ထက် ကြီးသူ ပဲ ဖြစ်ဖြစ် အလုပ် ဟာ အလုပ် ပဲ ခင်ဗျာ့ ။

အလုပ် နဲ့ ပတ်သက် လာ ရင် အလွန်‌ လေးစားကြပါတယ် ။ ချိန်းတဲ့ ရက် ကို ဂရုစိုက်ကြ ရပါတယ် ။

‌လေးစာတဲ့ လူ ၊ ဂရုစိုက်တဲ့ လူ ၊ တိကျတဲ့ လူ ကြီးပွါးသွားတာပဲဗျာ့ ။

‌◾ မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ် 
      ၈ ဇူလိုင်လ ၊ ၂၀၀၅

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment