မနက် အစောကြီး ဘုန်းကြီးကျောင်း မှ ထမင်း ကပ် စားပြီး ဘာ လုပ်ရမှန်း မသိဘဲ ယောင်ပေပေ ဖြစ်နေသည် ။
မနက်ဖြန် မနက် မြန်မာပြည် တစ်ပတ် ဘုရားဖူး ထွက်မည့် မြင့်စန်းရီ နောက် ဘယ်လို ကပ် ပါအောင် လုပ်ရမည် မသိ ။ နဖူး ပေါ် လက် တင်တော့ လက် က မငြိမ် ။ လက် ပေါ် နဖူး တင် တော့ လည်း နဖူး က မငြိမ် နှင့် ဘာ လို လို့ လို နေမှန်း မသိ ဖြစ်နေသည် ။
ဆောင့်ကြောင့် ထ ထိုင် မိသည် ။ ဒူး က ရင်ဘတ် ထိ နေ၍ ရင်ခုန်သံ မြန်ကြောင်း သိ နေရသည် ။
ထို အတိုင်း ဘေး သို့ ခွေခေါက် ကာ လှဲ ချ လိုက်သည် ။ လေ တိုး၍ ခြေဖျား က အေး သလို တင်ပါး က အေးသလို ပက်လက် ပြန် လှန်သည် ။ လက် ကို နဖူး ပေါ် ထား ရမလား ရင်ဘတ် ပေါ် တင် ရမလား မသိ ။
“ ဘယ့်နှယ်ကြောင့် ဒီ လောက်တောင် ဂနာမငြိမ် ဖြစ်နေရတာလဲ စောကြည်ဖြူ ရဲ့ ”
ကို ဖိုးသက် ရဲ့ အမေး ၊ သက်ပြင်း အရင် ချမိသည် ။
“ ဘယ်လို လုပ်ရမှန်း တောင် မသိတော့ပါဘူး ဖိုးသက် ရာ ”
“ ဘာဖြစ်လို့တုန်း ”
“ မနက်ဖြန် မြင့်စန်းရီ က သူ့ ကြီးတော် တွေ နဲ့ မြန်မာပြည် အနှံ့ ဘုရားဖူး ပတ်မလို့တဲ့ဗျ ”
“ ဟ ... ကောင်းတာပဲ ၊ ကုသိုလ်ရေး ကိစ္စ မို့ အားပေးရ မှာပေါ့ ၊ သာဓု ဗျာ .. သာဓု .. သာဓု ၊ ဒီလို အခွင့် အရေးမျိုး က အင်မတန် ကံ ကြီးသူများ က သာ ရတာကလား ၊ ဒီ ကလေးမ ကုသိုလ် ထူးပါ့ ”
ဪ ... မြင့်စန်းရီ က မှ ကုသိုလ် ထူး လျှင် မြင့်စန်းရီ နှင့် ခွဲရ သော ကျွန်တော့် ဘဝ ၏ အကုသိုလ် မှာ ဆိုဖွယ်ပင် မရှိတော့ ။ မြင့်စန်းရီ အကြောင်း ခေါင်း ထဲ က ထွက်သည် မရှိ သော ကျွန်တော့် အဖို့ ကတော့ ငရဲ ပင် ။
“ အေး ... နေစမ်းပါဦး ကွ ၊ သူများ ကုသိုလ် ယူ သွားတဲ့ ခရီး ကို မင်း က ဒီက နေပြီး ဘာလို့ ငရဲကျ နေရတာလဲကွ ၊ အဲဒီ ကိစ္စ ငါ မရှင်းဘူး ”
ကျွန်တော် ၏ ချစ်ခြင်း က မည်သည့် ပေတံ နှ င့်မျှ တိုင်းတာ ၍ မရနိုင်ကြောင်း သူ မသိနိုင်ရှာ ။
“ ကိုဖိုးသက် ရယ် မြင့်စန်းရီ ရှိလို့ ကျွန်တော် ဒီ ရွာ ကို ရောက်ခဲ့ တာပါ ၊ မြင့်စန်းရီ သာ မရှိရင် ကျွန်တော် ဒီ ရွာ မှာ ရှိနေခြင်း က လူ ရှိနေ ပါ လျက် နဲ့ နှလုံးသား မရှိတဲ့ ဘဝ ရောက်ရမှာပါ ”
ကိုဖိုးသက် ခေါင်း ကုပ်သည် ။ သူ့ ခမျာ ရာသက်ပန် ဘုန်းကြီးကျောင်းသား မို့ ထို ကိစ္စမျိုး နားလည်ပုံ မပေါ် ၊
“ ဆိုလိုတာ က မြင့်စန်းရီ မရှိဘဲ ကျွန်တော် ဒီ ရွာ မှာ နေခဲ့ တော့ ရော ဘာ အကြောင်း ထူး တော့မှာလဲ ဗျာ ”
ကိုဖိုးသက် ခေါင်း ကုတ် ပြန်သည် ။
“ အေး ... ဒါလည်း ဟုတ်ပြန် ရော ၊ အဲဒါဆို မင်း သူတို့ ရွာ ဘုရားဖူး ကား နဲ့ မပါ ပါအောင် လိုက်ပေါ့ကွ ”
ခေါင်းအုံး အောက် ရောက် နေသော ကျွန်တော့် ခေါင်း ဆတ်ခနဲ ထောင် သွားသည် ။
“ ဘုရားဖူး ကား နဲ့ ”
“ အေးလေကွာ ”
“ မပါ ပါအောင် ”
“ အေးပေါ့ ”
သူ့ စကား ကြားတော့ ကျွန်တော် အားတက် သွားသည် ။ နောက်မှ စဉ်းစား မိ ပြီး ...
“ နေဦးဗျ ... သူတို့ ဘုရားဖူး ကား က လူ အပြည့် တင်ပြီး သွားမှာပဲ ၊ ကျွန်တော် က ဘယ်လို ကပ် လိုက် လို့ ဖြစ်မှာလဲ ”
“ အာ .. မင်းနှယ် အ , မလိုနဲ့ တုံးလိုက်တာ ”
ပြောတာ က ဘာမှ ကို မကောင်း “ လူ ကို များ မအဘူး များ မှတ်နေလား ” ဟု မေးရ မလိုပင် ။
“ ကား ပေါ် ဘုရားဖူး ဘယ်လောက် ပြည့်ပြည့် ကားဆရာ နဲ့ ညှိ ပြီး စပယ်ယာ အနေနဲ့ လိုက် သွားပေါ့ကွ ”
“ စပယ်ယာ ”
“ အေးလေ ... ဒီ တစ်ယောက် ပဲ ရှိတော့တာ ”
ကိုဖိုးသက် စကား ကြောင့် မရိုးမရွ ဖြစ်သွားရသည် မဟုတ်လား ။ ကားဆရာ ( ဒရိုင်ဘာ ) နှင့် ညှိပြီး စပယ်ယာ ဆိုပြီး လိုက် သွား လျှင် ရသား ။ ထို့ကြောင့် ...
“ ဘုရားဖူး ကား က ဘယ်မှာ ရှိတာလဲ ”
“ ရွာလယ် က ဒရိုင်ဘာ ကျော်ကို အိမ် ဆို ၊ ဟ ... ဟေ့ ... အေ့ ... နေ ... နေဦးလေ ”
ကိုဖိုးသက် စကား ကို ဆုံးအောင် နား မထောင်နိုင်တော့ ။ ခြေလှမ်း က အလိုလို နေရင်း ရွာလယ် ဆီ သို့ သုတ်ချေတင် မိသည် ။
“ ဟေ့ ... ဟေ့ကောင် ၊ စောကြည်ဖြူ ၊ အဲဒီ ကျော်ကို က စိတ် ဆတ်တယ် နော် သတိထား ”
အနောက် က အသံ က ခပ်ညို့ညို့ သာ ပါလာသည် ။ ခြေလှမ်း က သာ ပြာခဲ ပြာခနဲ ။
◾ အကြည်တော်
📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment