Wednesday, May 29, 2024

အလှကိုယ်စီ လက်ဆောင်ငှမည်

 ❝ အလှကိုယ်စီ လက်ဆောင်ငှမည် ❞

[ မန္တလေးမြို့ က ဘိုဓာတ်ပုံတိုက် ဧည့်ခန်း မှာ ထိုင် နေခိုက် ကား တစ်စင်း ဆိုက် လာပြီး ကား ပေါ် က မိန်းမချောလေး တွေ ဆင်း လာပါတယ် ။

မိန်းမချောလေး တစ်ယောက် က လက် ထဲ မှာ ဒိုင်းဆု တစ်ဆု ကိုင် ထားတယ် ။ အမျိုးသား ကဇာတ်ရုံ မှာ လုပ်တဲ့ ရွှေမန်းမယ် ရွေးပွဲ မှာ ဆု ရ လာပြီး ဘိုဓာတ်ပုံတိုက် မှာ အမှတ်တရ ဓာတ်ပုံ လာ ရိုက် ကြတာပါ ။ သူတို့ ကို ပြင် ပေးတဲ့ မိတ်ကပ်ဆရာမ ဒေါ်နီနီ ၄၇ နှစ် က ကျွန်တော် နဲ့ ရင်းနှီးပြီးသားပါ ။ ရွှေမန်းမယ် ဆု ရ လာတဲ့ မသီရိရတနာကိုကို က ယခု အမြင် မှာ ဆံနွယ်ကြော့ နဲ့ လှပ နေပေမယ့် တကယ့် တကယ် က တော့ ကတုံး ( ခေါင်းတုံး ) မလေး ပါ ။ ကတုံး ( ခေါင်းတုံး ) မလေး ကို ဆံပင်အတု အလှ ဆင် ပြီး မယ်ရွေးပွဲ ဝင် နိုင်အောင် ဒေါ်နီနီ က ပြုပြင် ပေး ထားတာ ။

ဒေါ်နီနီ ရဲ့ ဘဝ ဇာတ်ကြောင်း ကို ကတုံးမလေး တွေ အလှဆင် ပေးတာ က စ ပြီး ပြောဖြစ်ကြတယ် ။ ]

••••• ••••• •••••

တစ်နေ့ တော့ အခု ရွှေမန်းမယ် ဒုတိယဆု ရ လာတဲ့ သီရိ ရဲ့ အမေ က မမနီ ကျွန်မ ကို မှတ်မိသလား တဲ့ ။ သူ မင်္ဂလာ ဆောင် တုန်း က ကျွန်မ က မိတ်ကပ် ပြင် ပေး ခဲ့ရတာ ။ အခု သူ့ သမီး က ပြိုင်ပွဲ ဝင် ချင်တာ ၊ ကတုံး ( ခေါင်းတုံး ) လေး နဲ့ မို့ ဖြစ်ပါ့မလား တဲ့ ။ ဖြစ်အောင် လုပ်ပေးမယ် လို့ ကျွန်မ တာဝန် ယူ လိုက်တယ် ။

ကျွန်မ က ကတုံး ( ခေါင်းတုံး ) မလေးတွေ ကို လည်း ပြင်ပေးဖူးတယ် ။ ဟို တလော က သီလရှင် လူထွက် ကလေးမလေး သတို့သမီး လုပ်မယ် ဆိုလို့ ကျွန်မ ပြင်ပေး လိုက်တယ် ။ ဆံထုံး ထုံး လို့ ရလို့ သူတို့ တောင် အံ့ဩ သွားတယ် ။

ကျွန်မ ငယ်ငယ် ကတည်း က အလှပြင် ပေးတာ ကို ဝါသနာ ပါတာ ။ ကျွန်မတို့ ဇာတိ က စစ်ကိုင်းမြို့နယ် ဆားတောင် ကျားမင်းကြီးရွာ ။ ရွာ မှာ တုန်း က ကလေး တွေ သဘာဝ မိတ်ကပ်လေးတွေ ကိုယ်တိုင် လိမ်း ၊ သူများ လည်း လိမ်း ပေးတယ် ။ မျက်ခုံးမွှေး ဆွဲ တဲ့ ခဲတံ လည်း မလွယ်တော့ မီးခြစ်ဆံလေး မီးရှို့ ပြီး ရေအင်တုံ ထဲ ထည့် မီးငြိမ်း ပြီး မီးသွေး နဲ့မျက်ခုံးမွှေး ဆွဲ ပေးတာ ။ မိတ်ကပ်လေး တွေ ရေ ဖျော်ပြီး လိမ်း ပေးရတာ ။ ရွာ မှာ တော့ မောင်ရှင်လောင်း တွေ ပြင် ပေးခဲ့တယ် ။

ကိုးနှစ် ၊ ဆယ်နှစ် သမီး လောက် မှာ ကျွန်မ မန္တလေး ကို ရောက် လာတယ် ။ ကျွန်မ ရဲ့ အစ်မ မတင်ပိုင် က အရင် ရောက်နှင့် ပြီး ကျွန်မ ကို ခေါ်တာ ။ မန္တလေးမြို့ မျက်နှာဖုံး အိမ်ကြီး တစ်အိမ် မှာ နေ ရတာ ။ ကျွန်မ ကို ကျောင်း ထား ပေးပါတယ် ။ နောက်မှ ဈေးချို ထဲ က ဆိုင် မှာ အလုပ် လုပ်ရတာ ။ အလုပ်သမား လို့ သာ ပြောတာ ကျွန်မ တို့ ကို သား ရင်း သမီး ရင်း လို ထား တာပါ ။ ကျွန်မ က လည်း မိခင် ၊ ဘခင် လို သဘော ထားတယ် ။

အချို့ မင်းသမီး မင်းသားတွေ အိမ် မှာ လာ တည်း ပြီး လိမ်းတာ ခြယ်တာ လည်း မြင်ရတယ် ။ ကိုယ် က လည်း ဝါသနာ ပါလို့ ပညာ ယူတယ် ။ အိမ်ကြီး မှာ မာမီ နဲ့ လည်း တစ်အိမ် တည်း နေ ရတယ် ။ ကျွန်မ ဆရာရင်း က မာမီဂျက်ကို ပါ ။ အခုတော့ ဆုံးသွား ရှာပြီ ။

ဝါသနာ က ကြီး တော့ ဝါးလုံးခေါင်း ထဲ လ သာပေါ့ နော် ၊ ညည မှာ ကိုယ့် ကိုယ် ကို မိတ်ကပ် ခြယ်ပြီး မှန် ကြည့် နေတာ ။ ဆံပင် လည်း သူများ ဆီ က တောင်း ထားတဲ့ ဆံတုလေး တွေ နဲ့ ည အိမ် ရောက်တဲ့ အခါ ကျင့်တယ် ။ နေ့ခင်း မှာ တော့ ဈေးချို ထဲ က ဆိုင် မှာ ဈေး ရောင်း ရတာပေါ့ ။ ဈေး ရောင်းရင်း ဆယ်ပြား သွားတယ် ဆိုပြီး ဆံပင် အလှပြင်ဆိုင် ကို သွား သွား မော့တယ် ။ ပညာ ယူ တာပေါ့ ။ အဲသည် တုန်း က ဈေးချို အိမ်သာ က ဆယ်ပြား ပေး ရတော့ အိမ်သာ သွားတာ ကို ဆယ်ပြား သွားတယ် လို့ ခေါ်တယ် ။ ဆယ်ပြား သွားမယ် လို့ ပြော ပြပြီး ဆိုင် က ထွက် တာပေါ့ ။

ကျွန်မ ဆရာ မာမီဂျက်ကို က မိတ်ကပ် box လေး တစ်လုံး ပေးတယ် ။ ပညာ သင် ပေးတယ် ။ ဈေးချို ၁၂ ရုံ မှာ ကထိန်ပွဲ ခင်း ကြတော့ အခြား ရုံ တွေ က အငြိမ့် ငှား ကတယ် ။ ဂျီရုံ က တစ်မျိုး တစ်ဘာသာ အနေ နဲ့ ဈေးသားတွေ ကို ကိုယ်တိုင် ဇာတ်တော်ကြီး ခင်းကြတယ် ။ အဲဒီမှာ မခင်ခင်စိုး ကို စ လိမ်း ရတယ် ။ သူ က ရုပ် လည်း ချောတော့ ကျွန်မ နာမည် ရ လာတယ် ။ ကိုယ် က စေတနာ နဲ့ လိမ်း ပေးတာ ၊ နာမည် ယူ တာပေါ့ ။ သူတို့ က လည်း ပညာ ဆိုတာ ယူရတယ် ဆိုပြီး ပေးကြ ပါတယ် ။

ကျွန်မ ငွေ ယူပြီး မိတ်ကပ် လိမ်း ပေးတော့မယ် ဆိုတော့ မန္တလေး မြောက်ပြင် က စ ပြီး အားပေးကြတယ် ။ ကျောက်တော်ကြီး ဘုရားပွဲ ဝင်း ခင်း ရင် ကျွန်မ လိမ်း ပေးရတာ ၊ ယခု အထိပါပဲ ။ နောက် မာမီဂျက်ကို ရဲ့ မိတ်ဆွေ တွေ ပါ ရလာတယ် ။ အဲဒါ ၁၇ နှစ် ၊ ၁၈ နှစ် သမီး ပေါ့ ။

၂၂ နှစ် သမီး မှာ ဆိုင်ခန်း ငှားပြီး ကိုယ်ပိုင် စ ဖွင့်တယ် ။ ဆိုင် ဖွင့် တဲ့ နေ့ မှာ ဈေးဦး ပေါက် ပါတယ် ။ မန္တလေး အနောက်ဘက်ကမ်း က ဟင်းရွက်စု တို့ သံဖိုကျွန်း တို့ ရွာ က မိန်းကလေး တွေ ဟာ ကျွန်မ ဖောက်သည် တွေ ချည်းပဲ ။ ဆံပင် အကောက်အညှပ် လာ ကြတာ ။ မြင်းလှည်း ဆရာတွေ က ခေါ် လာတာ ။

ကျွန်မ ဘဝ က ချောချောမွေ့မွေ့ တော့ မဟုတ်လှပါဘူး ။ ၂၆ ဘီလမ်း တစ်လျှောက် မှာ ဆိုင် နေရာ ငှား ဖွင့် တာ ငါး နေရာ ပြောင်း ခဲ့ရတယ် ။ ဆိုင် အလုပ် ဖြစ် လာ ရင် အိမ်ရှင် က ဖွင့်ချင်တယ် ဆိုတော့ ကိုယ် က ဖယ် ပေး ရတာပဲ ။ ဖယ် ပေး ရတဲ့ အခါ ကိုယ် က လည်း အသက် ၂ဝ ကျော် မို့ လူငယ် စိတ် နဲ့ မခံချင် ဖြစ်ခဲ့မိတယ် ။ မခံချင်စိတ် နဲ့ သူတို့ နဲ့ ယှဉ် နိုင်အောင် ကြိုးစားရမယ် ၊ အောင်မြင် အောင် ကျော်ကြား အောင် လုပ်မယ် ဆိုတဲ့ စိတ် ထား မိပါတယ် ။ ကြိုး လည်း တော်တော် ကြိုးစား ခဲ့ပါတယ် ။ လူ က တော့ ကန္နား မရတဲ့ နတ်ကတော် လို ပဲ ၊ ဟို နေရာ ရွှေ့ ဒီ နေရာ ရွှေ့ ။ တစ်ခါများ နေရာ အဆင် မပြေသေး လို့ လမ်းဘေး က ဗာဒံပင် အောက် မှာ မှန် ချိတ် ပြီး ဆိုင် ဖွင့်ခဲ့ ဖူးတယ် ။

ယခု တော့ သူများ ကို ယှဉ် ဖို့ ပြိုင် ဖို့ စိတ် မထား တော့ဘူ ။ ကိုယ့် ကိုယ် ကို ပဲ ယှဉ် တော့တယ် ။ တိုးတက် အောင် နေ့စဉ် ကြိုးစား နေ ရတယ် ။ မနေ့ က ကိုယ် လုပ်ခဲ့တဲ့ အလုပ် တွေ ပြန် ကြည့်ပြီး အားမရတာ ကို ဒီနေ့ ပိုပြီး အားထုတ် ရတယ် ။ နေ့စဉ် အလုပ် ရှိ နေအောင် ကြိုးစားတယ် ။ အလုပ် မရှိ ရင် မနေတတ်ဘူး ခေါင်း ကိုက် သလို လို ဆံပင်ဖျား က ပဲ ကိုက်နေ သလို လို ။

ပညာ လည်း တိုးအောင် အမြဲ လေ့လာ နေတယ် ။ ကျွန်မ သမီး သဉ္ဇာဝင်းသူ က အင်္ဂလိပ်စာ နဲ့ ဘီအေဘွဲ့ ရ ပြီးပြီ ၊ ဒါပေမယ့် အလှပြင် လုပ်ငန်း လုပ်တယ် ။ သူ က ဝါသနာ လည်း ပါတော့ စာအုပ်တွေ ကြည့်တယ် ၊ တီဗီ ၊ ဗီဒီယို ကြည့်တယ် ၊ ဘယ်သူတွေ ဘယ်လို ပြင်တယ် ၊ ဝတ်တယ် ဆိုတာ လေ့လာတယ် ။ စတိုးဆိုင်တွေ လည်း အကုန် ဝင်ထွက် နေတယ် ။ ရှိုးပွဲ တွေ လည်း အမြဲ သွား ကြည့်တယ် ။ သမီး ဆီ က ခေတ် အလိုက် မျက်ခြည် မပြတ် သိ နေရတယ် ။

တပည့် တွေ ကို လည်း ကျွန်မ ပညာ ပြန် သင် ပေးတယ် ။ ပညာသင် တပည့် ၆ဝဝ လောက် ရှိတယ် ။ ကျွန်မ ဆီ က ပညာ ယူသွားတဲ့ တပည့်တွေ ရှမ်း ၊ ချင်း ၊ ကချင် ၊ ကယား နေရာဒေသ အများကြီး မှာ ရှိ နေပြီ ။ အချို့ ဆိုရင် သူတို့ တပည့် ၁ဝဝ ကျော် ၂ဝဝ နီးပါး ရှိတယ် ။ တပည့်တွေ ကို ကျွန်မ အမြဲ ပြောတာ က စိတ်ကောင်း ထားဖို့ ၊ စေတနာ ထားဖို့ ၊ ကြိုးစားဖို့ ပါ ။

ကျွန်မ လိုက် ပြင်ပေး ခဲ့ရတာ လည်း ဒေသ စုံပါပြီ ။ မြစ်ကြီးနား မှ ထားဝယ် အထိ ပေါ့ ။ အလုပ် ကို တော့ လုပ်နိုင် သရွေ့ လုပ် နေမှာပဲ ။ ကျွန်မ ကို အားပေး တဲ့ သူတွေ ဟာ ကျွန်မ ရဲ့ ထမင်းရှင် ကျေးဇူးရှင် တွေ ပါပဲ ။

ဒီ ပညာ နဲ့  ရွာ မှာ ကျောင်း ဆောက် လှူပြီးပြီ ။ မီးစက် ၊ ရေကန် လှူ ပြီးပါပြီ ။ ကိုယ့် ချွေးနဲစာကလေး နဲ့ ကထိန် ခင်း တဲ့ အခါ ရွာ ပြန် ခင်း တာ များပါတယ် ။ ကျွန်မ ပြုခဲ့တဲ့ ကုသိုလ် ကောင်းမှုတွေ ဟာ ကျွန်မ ရဲ့ ကျေးဇူးရှင်တွေ ရဲ့ ကုသိုလ် ကောင်းမှုပါပဲ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment