ကားလေး က တရိပ်ရိပ် ပြေးလွှား နေသည် ။ သို့သော် ယိုင်ထိုး နေ၏ ။
“ ကားလေး ကျော်မယ် ဆရာ သတိထား ”
နဂိုက သူ့ မျက်နှာမဲမဲ ကို သာ ချိန် ထားသော ဘက် ( ခ် ) မှန် ပင် မကြည့်နိုင်တော့ ။ စတီယာရင် ကို မေးတင်ပြီး တူရူ ကို သာ မှေးစင်း လိုက် ၊ ပြူးကျယ် လိုက် ဖြစ်နေသော မျက်ဝန်း နှင့် ကြည့် နေ၏ ။
ကားလေး က ညာဘက် ပြေးသွား မလို ဘယ်ဘက် ပြေးတက် မလို ဖြစ်နေသည် ။
တစ်ကား လုံး ဘုရား မရောက် ခင် ကျော်ကို မောင်းသော ကား စီး ရုံ နှင့် တရားတွေ ရ နေသည် ။
“ ညာဖက် မှာ ချိုင့် ရှိ ”
“ ဂလုံးဂလုံ ... ဂလုံ ”
သတိပေး ချိန် ပင် မဆုံးလိုက် ကျော်ကို ချိုင့် နင်းပြီး သား ဖြစ်နေ၏ ။ စတီရာရင် နှင့် မေး ဆောင့်ပြီး ကျော်ကို ခေါင်း ပြန် ထောင် လာသည် ။ ပြီးနောက် ကျွန်တော့် ဘက် လှည့်ပြီး ...
“ ဟေ့ကောင် ... ချိုင့်တွေ ဘာတွေ ပြောထားလေကွာ ခွီးတဲ့မှပဲ ”
“ ပြောနေတာပဲ ဆရာ ရယ် ၊ ဆရာ မှ မကြားတာ ”
ဪ ငမူးဒရိုင်ဘာ မင်းသားပြုတ် ကို ဆရာ ခေါ် နေရသည့် ဘဝ ။
“ ဘယ်ကြော ရှင်းတယ် ဆရာ ကား ကျော်ချင် ကျော်လို့ ရတယ် ”
ကျော်ကို မကျော်တော့ ။ ထုံးစံအတိုင်း စတီယာရင် ကို မေး တင်ပြီး ငေး နေ၏ ။
“ ဟေ့ ... မင်း ငါ့ ကို စကား ပြောပေး နေကွ နော ”
“ ဟုတ်ကဲ့ပါ ဆရာ ... စိတ်ချပါ ဆရာ ၊ ပြောပေး နေပါ့မယ် ”
အဝေးပြေး ကားဒရိုင်ဘာများ က စကား မပြောပေး နေ လျှင် အိပ်ငိုက် တတ်သည် မဟုတ်ပါလား ။
“ ဟွန်ဒိုင်း တက်မယ် ဆရာ ၊ ဟွန်ဒိုင်း ပါတယ် ”
ကားကြီး က ဝှီးခနဲ ကျော် သွားသည် ။ ကား ထဲ တွင် လည်း ဘုရားစာ ရွတ်သံများ ကြီးစိုး နေ၏ ။ ကား က ယိုင်ထိုး ယိုင်ထိုး သွားနေ တုန်း ။ ကိုယ် လည်း တထိတ်ထိတ် နှင့် သူ အိပ် မပျော်အောင် ပြော ပေး နေရသည် ။
“ ဘယ်ဖက် မှာ လမ်း နိမ့် နေတယ် ဆရာ ၊ သတိထား ”
နိမ့်သည့် နေရာ သို့ သာ အိဆင်း သွား၏ ။ သူ့ ကို ကြည့် တော့ လည်း ပြုံးပြုံးကြီး ။
“ ဟဲ့ ... ဟဲ့ ကား ကို ဘယ်လို မောင်း နေတာလဲ ၊ လူ အားလုံး ကို ဆန်ကော ထဲ က ဇီးဖြူသီး မှတ်နေလား ”
အနောက် မှ အော်သံ ။
“ ဆရာ ... သတိထား ဆရာ ”
ကျော်ကို ပြုံးပြုံးကြီး ။ မျက်လုံး မှေးစင်း ၍ ငြိမ် နေသည် ။ နံဘေး နား ရှိ နေသော ကျွန်တော် သာ ဇောချွေးများ စိမ့်ပြီး အေး လာ၏ ။
ကား က ဘယ်ဘက် ဝါးရုံ သို့ ဦးတည် သွားလိုက် ၊ ညာဘက် ယူကလစ်ပင် ဘက် လှည့် သွားလိုက် ဖြစ်နေသည် ။
“ ကား အဝါလေး ပါလာပြီ ဆရာ ”
“ အဝါလေး က မိုက်တယ် ကွ ”
ကျော်ကို က သတိတရ စကား ပြန်ပြောသည် ။ ဩော် ... သတိ ရှိနေ၍ တော်သေးသည် ။ ကားဝါလေး က လှသည် ကိုး ။
“ အကျားကြီး ကပ် ပါလာပြီ ဆရာ ”
“ အေး ... အေး အယ်စတုံကြီး ကွ ”
ဟုတ်ပါသည် ။ ကားကြီး ပါ ။ ကျော်ကို အူရွှင် ပြီး ရယ်နေ၏ ။
“ လမ်း တောင်းနေပြီ ဆရာ ၊ ကျော်မယ် တဲ့ ”
“ မကျော်ခိုင်းနဲ့ လေကွာ ”
ကျော်ကို အသံ ။ ကျွန်တော် လည်း နောက် ကား ကို ပြန် ကြည့် မိသည် ။ အရှေ့ မှာ လည်း ရှင်း နေသည်ပဲ ။
“ မဟုတ်ဘူး ၊ ဆရာ ကျော်မယ်တဲ့ ”
“ မကျော်ခိုင်း နဲ့ ဆို ”
“ ဘာဖြစ်လို့လဲ ဆရာ ”
“ ငါ က အစိမ်းသုပ်ပဲ ကြိုက်တာ ”
“ ဟင် ”
ကျော်ကို စကား ကြောင့် ကျွန်တော် ခေါင်းနားပန်း ကြီး သွား၏ ။ သူ့ ကြည့်တော့ စတီယာရင် ပေါ် ပြုံးပြုံးကြီး ။ ကား က လိုအပ် သည် ထက် ပိုမို လူးလွန့် နေပြီ ။
“ ချစ်လေး ကိုယ့် ကို လိမ္မော်သီး ခွံ့ ”
“ ဟာ ”
သိလိုက်ပြီ ။ ကျော်ကို စတီယာရင် ပေါ် အိပ် ပျော်ရုံ မ က ယောင် ပင် ယောင် နေပြီ ။
“ ဟာ ... လုပ် ... လုပ်ကြပါဦး ၊ လုပ်ကြပါဦး ”
ကား က လမ်းဘေး မြောင်းဆီ ဦးတည် နေပြီ ။ သိ လျှင် သိသိချင်း ပြေး ပြီး ဘရိတ် ကို ဆောင့် နင်း လိုက်သည် ။ မီ လိုက်သည် ။ သို့သော်
“ ကျွိ ”
“ ဒုန်း ”
“ အား ”
“ ခလွမ်း ”
ဆောင့် နင်း လိုက်သော အရှိန် ကြောင့် ကား မှာ ဆောင့် ရပ် သွားပြီး ကား ထဲ မှ လူများ အရှေ့ သို့ ပြင်းစွာ ငိုက် ကျလာ၏ ။
ကျွန်တော် က တော့ အရှိန် မထိန်းနိုင်ဘဲ ရှေ့မှန် ကို ကျွံ ကာ ကားရှေ့ လေထဲ ပျံဝဲ သွားသည် ။ တစ်ယောက် တည်း မဟုတ် ။ နံဘေး ကြည့် လိုက်တော့ ကိုယ့် လို ပင် ကျော်ကို လည်း လေ ထဲ ပြုံးပြုံးကြီး ကပ် ပါ လာ၏ ။ လက် နှစ်ဘက် ပင် လေထဲ ဘေးကပ် ပျံ နေသေး၏ ။ ယောင်ပြီး နတ်ပြည် ရောက် နေပုံ ၊ ထို့နောက် ...
“ အား ”
အမှောင် သည် မျက်လုံး ကို ဖုံးလွှမ်း သွားသည် ။
“ စောကြည်ဖြူ ”
ချစ်သူ ၏ အော် ခေါ်သံ များ လား ။
••••• ••••• •••••
ချစ်သူ ကို ကိုယ့် ဘဝ ရဲ့ ရုပ်ပွား အဖြစ် ဘယ်သူ က များ မြင် ကြည့်ဖူးပါသလဲ ။ ဆန္ဒစွဲ တယူသန် စိတ် နဲ့ အဟန့်အတား မရှိ လွတ်လပ်စွာ တွေးကြည့်ပါ ။
ဘဝ ရဲ့လျှို့ဝှက်ချက် ထဲ ကို သင့် ကိုယ်ပွား အား ယုံကြည်စွာ ခေါ်ငင်ခဲ့ပါ ။ လမ်းလျှောက် သွားတဲ့ အခါ သူ့ ရဲ့ လက် ကို ကိုယ့် ရဲ့ လက် ထဲ ထည့် ထားလိုက်ပါ ။ သူမ ၏ မျက်ဝန်းများ မှာ မတီးခတ် ဘဲ မြည် တတ်သော ခြူ တစ်လုံး လို တောက်ပ လာပေ လိမ့်မည် ။
လေ တိုက် လိုက်တိုင်း သစ်ရွက်များ က တေးသံ သီကျူး ကြ လိမ့်မည် ။ ငါ့ အား ဆွဲဆောင် နိုင်သော အလင်းရောင် ကို လှည့်ပတ် ရှာဖွေ နေရန် မလို ။ နှလုံးသား ထဲ၌ သာ ။ ကြည်လင်သော စိမ့်စမ်းရေ လို ခန္ဓာကိုယ် ထဲ လှည့်ပတ် စီးဆင်း နေပေပြီ ။
အလိုရှိ တိုင်း ဖြစ် နိုင်သော ဆန္ဒစွဲ တစ်ခု ကို မိမိ ၏ ကိုယ်ပွား မှ ငါ့ လက် ထဲ ရှိ နေသော သူ ၏ လက် ဖြင့် ဆွဲ ခွာ လိုက်သည် ။
အလို ... ငါ့ ကို လွှမ်းခြုံ ရစ်ပတ် ထားသည် ကား ချစ်ခြင်း များ မဟုတ် ။ သေခြင်းတရား တို့ ၏ အဝတ် တည်း ။
ထို အဝတ် ကို လူတိုင်း က မုန်းတီး ကြသည် ။ သို့သော် လူတိုင်း သိုင်းခြုံ ထား ကြသည် ။ ထို အဝတ် အား ခေတ္တ ဖယ်ခွာ လိုက် ချိန် ...
◾ အကြည်တော်
📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment