Friday, May 3, 2024

နှင်းဆီမင်းသမီး


 

❝ နှင်းဆီမင်းသမီး ❞

အခါတစ်ပါး ဘုရင် တစ်ပါး ဝယ်ကမ္ဘာ ပေါ် ရှိ လုံမ တကာ တို့ ထက် လှပ ယဉ်ကျေးသော သမီးတော် တစ်ပါး ရှိ လေသည် ။ သူ ပြုံး သော် အာကာပြင် ဝယ် မိုးတိမ်ဖြူ တို့ လွင့်မြူးသည် ။ ငို သော် ကုန်းမြေပြင် သည် မိုးရေ ဖြင့် စွတ်စွတ်စို ရသည် ။ သူ ၏ ယာလက် ကို မြှောက်ပင့် သော် မြေ ပေါ် ဝယ် နှင်းဆီပွင့်များ ပြန့်ကျဲ ကုန်၏ ။ ဝဲလက် ကို မြှောက်ချီ သော် ကား မက်မုံပန်း တို့ဖြင့် ဝေဆာ ကာ ကော်ဇောခင်း သတည်း ။ သူ့ အမည် မှာ နှင်းဆီမင်းသမီး ဟု ဖြစ်သည် ။ အတိုင်းတိုင်း ၊ အပြည်ပြည် က သူ့ အမည် ကို သိ ကုန်၍ သူ့ သတင်း ကို ကြားဖူး ကုန်၏ ။

ဝေးလံသော တိုင်းပြည် တစ်ပြည် မှ မင်းသား တစ်ပါး သည် ထိမ်းမြားချိန် ရောက် လာ ပြီ ဖြစ်ရကား ဇနီးလျာ အလို ရှိလေ၏ ။ သူ သည် သူ့ ဖခမည်းတော် ထံသွား၍ ဆိုတုံ့ သတည်း ။ “ နှင်းဆီမင်းသမီး ကို ငါ ရ မှ ဖြစ်မည် ။ သူ့ ထက် ယုတ်သော သတို့သမီး ကို ငါ မလို ” သူ့ ဖခမည်းတော် က ဆိုပေ၏ ။ “ သူ့ ကို မည်သို့ ရနိုင်အံ့နည်း ။ သူ ကား ဝေးလံစွာ၌ နေတုံ့၏ ။ ကမ္ဘာ ပေါ် တွင် အကျော်စောဆုံး မင်းသမီး လည်း ဖြစ်ခဲ့တကား ။ သို့ဖြစ်ရကား ထိမ်းမြား မင်္ဂလာ စရိတ်စက သည် မည်မျှ ရှိပေလိမ့် မည်နည်း ”

သို့သော် မင်းသား က အကြပ် ကိုင်သည် ။ သူ့ ဖခမည်းတော် ကို ပူဆာသည် ။ “ ငါ သူ့ ကို ရရမည် ။ သို့ မရမူ အဘယ် သတို့သမီး ကို မှ ငါ မယူ ” ဟု ဆိုသည် ။

သို့ဖြင့် မင်းသား ၏ ဖခမည်းတော် ဘုရင် သည် သူ ၏ ဘဏ္ဍာတိုက် ကို သွန်မှောက် ရ သည် ။ ခမ်းနား ကြီးကျယ်စွာသော သင်္ဘော တစ်စင်း ကို တည်ဆောက်သည် ။ အလိမ်မာဆုံး သံ အဖွဲ့ ကို ဖွဲ့စည်းပြီး နှင်းဆီမင်းသမီး ကို တောင်းရန် စေလွှတ်ရ သတည်း ။ မင်းသမီး ၏ ဖခမည်းတော် ဘုရင် က လည်း တောင်းခံသည် ကို သဘောတူ လိုက်လျော သတည်း ။

နှင်းဆီမင်းသမီး ၏ မယ်တော် မှာ နတ်ရွာ စံခဲ့ပြီ ဖြစ်၍ သူ့ ဖခမည်းတော် ဘုရင် မှာ နောက်ထပ် ဇနီးလျာ ယူ ထား လေသည် ။ မိထွေး ၊ မိဖုရား သည် ဘုရင့် ထံ သွား၍ ဆိုသည် ။ “ သင့် သမီး ကို သင်္ဘော တစ်စင်း တွင် ဤ လူစိမ်း သူစိမ်းတွေ နှင့် ထည့် လိုက်ဖို့ မသင့်တော်ချေ ။ ငါတို့ အခြား သင်္ဘော တစ်စင်း စီစဉ် လျှင် ပို၍ ကောင်းမည် ။ ထို သင်္ဘော တွင် ငါ နှင့် ငါ့ သမီးရင်း တို့ က နှင်းဆီ မင်းသမီး ကို ထို ဝေးလံစွာသော ကမ်းခြေ သို့ လိုက် ပို့ရင်း စီး ကြမည် ” ဘုရင်က လည်း သူ့ စကား ကို သဘောတူ သဖြင့် မိထွေး သည် နောက်ထပ် သင်္ဘော တစ်စင်း စီစဉ်ခြင်း ၊ သင့် တော်မည့် သင်္ဘောသားများ ခန့်အပ်ခြင်း တို့ ကို ကြပ်မတ် လေသည် ။ သူ ကိုယ်တိုင် က သင်္ဘော ၏ အုပ်ချုပ်မှူး ဖြစ် လာသည် ။ နှင်းဆီမင်းသမီး လည်း မိထွေး နှင့် အတူ သင်္ဘော တက် စီးကာ ဝေးလံသော ကမ်းခြေ သို့ ခရီး လွှင့်ကြတော့သည် ။

ပင်လယ်ပြင် တွင် ဆယ်ရက် ခရီး နှင်ခဲ့ကြ ပြီးသော အခါ မိထွေး သည် နှင်းဆီမင်းသမီး ထံ သို့ ငါးဆားနယ် ကို သာ ယူ လာသည် ။ “ ရေ ရော ၊ စားနပ်ရိက္ခာ ရော ကုန်ပြီ ။ သည် ငါးဆားနယ် ပဲ ရှိ တော့သည် ” ဟု သူ က ဆိုသည် ။ နှင်းဆီမင်းသမီး လည်း ငါးဆားနယ် ကို စားသည် တွင် နေပူ က လည်း ကြီးမားသော ကြောင့် ကြောက်မက်ဖွယ် ရေ ဆာခြင်း စွဲကပ် လေ တော့သည် ။ သုံးရက် အတွင်း ၌ သေလုနီး ဖြစ်လာသည် ။ သို့သော်လည်း ရက်စက် ယုတ်မာသော မိထွေး နှင့် သမီး က မူ ယခင် က အတိုင်း စားသည် ။ သောက်သည် ။ နှင်းဆီမင်းသမီး ကို လည်း သူ တို့ က သင်္ဘောဝမ်းဗိုက် တွင်း ဝယ် အကျဉ်းချ ထား လိုက်သည် ။ ငိုယိုသော မျက်ရည်များ ကို သော်မှ သုတ်ခွင့် မပေး ။

စတုတ္ထနေ့ တွင် မူ နှင်းဆီမင်းသမီး သည် သေလုနီး ဖြစ် နေသော အခါ ၌ ရက်စက်သော မိထွေး ရောက် လာပြီး ” မျက်လုံး တစ်လုံး နှင့် ရေ ရောင်းမည် ။ မျက်လုံး တစ်လုံး နှင့် ရေ ရောင်းမည် ”  ဟု ဆိုလာ လေသည် ။ မင်းသမီး က စဉ်းစားသည် ။ “ ငါ ယခု သေရတော့မည် အတူတူ မျက်လုံး တစ်လုံး ဆုံးရ သဖြင့် ဘာ အရေးတုန်း ။ ရေ တစ်ဖန်ခွက် အတွက် မျက်လုံး တစ်လုံး ကို ပေးလိုက် တော့မည် ” သို့နှင့် မင်းသမီး က ရက်စက်သော မိထွေး အား ပြောပြ လိုက်သည် ။ “ ငါ့ မျက်လုံး တစ်လုံး ကို ယူပါလေ ။ ငါ့ အား ရေ သာ ပေးပါ ”  ယုတ်မာသော ထို မိန်းမလည်း နှင်းဆီမင်းသမီး ထံ သို့ ရေ ဖန်ခွက် တစ်ခု ကို သာလျှင် ယူလာခဲ့ လျက် သူ ၏ ရှည်စွာသော လက်သည်း တို့ ဖြင့် မင်းသမီး ၏ မျက်လုံး တစ်လုံး ကို ကလော် ထုတ် ယူလိုက်လေတော့သည် ။

ရက် အနည်းငယ် ကြာပြီး နောက် နှင်းဆီမင်းသမီး မှာ ရေငတ် သဖြင့် သေလုနီးပါး ဖြစ်ရ ပြန်သည် ။ သူ့ မိထွေး ကို အသနား ခံသည် ။ “ ရေ ... ရေ ... ရေ ” ဟု တောင်း ပြန်သည် ။ သို့ တစေ ကရုဏာ ခေါင်းပါးသော မိန်းမ က မပေး ၊ ရေ ကို မျက်လုံးနှင့် ရောင်းမည် ဟု ပဲ ပြောလေ သည် ။

ရေ ငတ် သဖြင့် သေဖို့ နီး နေပြီ ဖြစ်ရကား မင်းသမီး က သူ ပြောသမျှ သဘောတူ လိုက် သည် ။ အရေးမကြီး ။ “ ကျန် မျက်လုံး ကို ယူ ၊ ငါ့ ကို ရေပေး ” ဟု ပြောပြ လိုက်သည် ။

ထိုတွင် လောဘ ကြီးသော ယုတ်မာသော မိန်းမ သည် ကျန် မျက်လုံး ကို ကလော် ထုတ် ပြီး မင်းသမီး ကို ရေ အနည်းငယ် ယူ ပေးသည် ။ ယင်းသည့် အချိန်မှာ ပင် လည်း ဝေးလံသော တိုင်း ကိုမြင်ရပြီ ဖြစ်ကြောင်း သင်္ဘောသား တို့ က ဟစ်ကြွေး ကြ ကုန် သတည်း ။

မိထွေးယုတ် လည်း မိမိ ၏ သမီးရင်း ကို နှင်းဆီမင်းသမီး ၏ အဝတ်တန်ဆာ ဖြင့် နှင်းဆီမင်းသမီး သဖွယ် ဆင်ယင်လျက် ကမ်း ပေါ် သို့ ခေါ်ဆောင် သွားလေသည် ။ သို့သော် သူ့ သမီးကား အကျည်းတန်သော ယုတ်မာသော အသွင်မျက်နှာ ထား သာ ရှိ သတည်း ။ နှင်းဆီ မင်းသမီး ကို ကား လှည့်ပတ် သွားလာ ၍ မျက်ကန်း သူတောင်းစားမလေး တစ်ယောက် သဖွယ် တောင်းရမ်း စားသောက်ရန် နှင် လွှတ် လိုက်လေ၏ ။ ပြီးသော် မိထွေး သည် သူ့ သမီးရင်း ကို နန်းတော် သို့ ခေါ်ဆောင် သွားပြီး လျှင် ထို ဝေးသော တိုင်းပြည် မှ မင်းသား သို့ပေးဆက် လေသည် ။ သူ ထင်ခဲ့ သလို မလှဘဲ အရုပ်ဆိုး နေသည် ကို တွေ့၍ မင်းသား ၏ စိတ်နှလုံးဝယ် ဒေါသ ထွက်ခြင်း ဖြစ် သတည်း ။ ထိုတွင် သူ ၏ စိတ်ဝယ် ထိမ်းမြားခြင်း ကို ရှောင်တိမ်း လိုမိချေ၏ ။ သို့သော် သူ့ ဖခမည်းတော် က “  ငါ အကြံ ပေးပါလျက် နှင့် ပူဆာခဲ့သည် ။ ယခု သူ သည် ရောက် လာကာ မှ ယူ မှ ဖြစ်လိမ့်မည် ။ နင့် အတွက် ကြောင့် ငါတို့ ဘဏ္ဍာတိုက် တစ်တိုက် ကို သုံးစွဲ လိုက်ရပြီ ဖြစ်သည် ” ဟု ဆိုလိုက်သည် ။ သို့နှင့် မင်းသား သည် မရုပ်ဆိုး ကို လက်ထပ် လိုက်ရသည် ။ ချစ် ကား မချစ်ချေ ။ အကြောင်းသော် ကား ရယ်ရယ် ငိုငို အဇဋာပြင် က အရေး မလုပ် ။ သူမ ယာလက် ကို မြှောက် လို့ လည်း နှင်းဆီပန်းပွင့်များ မကျ လာ ။ ဝဲလက် မြှောက် လို့ လည်း မက်မုံပန်းများ မြေပေါ် ဝယ် ကြဲ မသွားသောကြောင့်တည်း ။ ထို ဝေးလံသော တိုင်းပြည် ဝယ် လည်း နှင်းဆီပန်း သော် လည်းကောင်း ၊ မက်မုံပန်း သော် လည်းကောင်း မရှိကုန် ။ မင်းသား ၏ နှလုံးသား မှာ ဝမ်းနည်း ပူပန်ခြင်း ဖြစ်ရ သတည်း ။

နှင်းဆီမင်းသမီး အဖို့ရာ မှာ ကား ကြင်နာ သနားတတ်သော လယ်သမား တစ်ဦး က သူ့ ကို တွေ့၍ သူ့ အိမ် သို့ ခေါ် သွားပြီးသော် အစာ ကို သူ့ အတွက် ယူပေး၏ ။ ချက်ပေး၏ ။ အကြောင်းမူ သူ က မျက်လုံး ကန်း နေသောကြောင့်တည်း ။ မိန်းကလေး က ငို ၍ မိုး က ရွာ လျှင် လယ်သမား က အံ့ဩ မိလေသည် ။ သို့နှင့် သူ့ အား ဆို၏ ။ “ မင်း ကို ငါ ဘာများ ကူညီနိုင်သတုန်း ” ထိုတွင် သူ က ဝဲလက် ကို မြှောက် လိုက်ရာ မြေပြင် မှာ မက်မုံပန်းခိုင် ဖြင့် ဝေသွား၏ ။ ပြီးတော့ သူ က ပြောပြသည် ။ ဤ မက်မုံပန်းခိုင် ကို နန်းတော် သို့ ယူ သွားပြီး “ မက်မုံပန်းခိုင်နော် မျက်လုံး တစ်လုံး ရောင်းမည် ” ရယ် လို့ အော်ပါ ။ သူတို့ က မျက်လုံး တစ်လုံး ပေး လျှင် ငါ့ ထံ ယူခဲ့လေ ။

သို့နှင့် လယ်သမား သည် လွယ်အိတ် တစ်အိတ် ယူ ၊ မက်မုံပန်း တွေ ထည့် ၊ နန်းတော် သို့ သွား ရောင်းသည် ။ “ မက်မုံပန်း ကို မျက်လုံး တစ်လုံး နှင့် ရောင်းမည် ” ဟု အော် လေသည် ။ အရုပ်ဆိုး သော မင်းသမီး မှာ မင်းသား က သူ့ ကို ထိမ်းမြား ခဲ့သော်လည်း သူ့ မျက်နှာ ကို မုန်းသောကြောင့် မနမ်းဘဲ ရှိခဲ့ သဖြင့် ငိုယို လျက် အခန်း ထဲ မှာ ထိုင် နေလေသည် ။ လယ်သမား ၏ အော်သံ ကို သူ ကြား လျှင် သူ့ အမေ ထံ ပြေး သွားသည် ။ “ သည် မက်မုံပန်း ကို ဝယ်ကြရအောင် မင်းသား ငါ့ ကို သဘော ကျ ချင် ကျသွား မှာ ” ဟု ငိုယိုပြောပြ လေသည် ။ သို့ကြောင့် မိထွေး သည် သော့ တစ်ချောင်း ကို ယူကာ သေတ္တာငယ် တစ်လုံး ကို ဖွင့်သည် ။ ယင်း ထဲ မှ မျက်လုံး တစ်လုံး ကို ထုတ်ယူ လိုက်သည် ။ သူ့ သမီး ကို “ မက်မုံပန်း ကို သည် မျက်လုံး နှင့် ဝယ် ” ဟု ပြောပြီး ပေး လေ သည် ။

အရုပ်ဆိုး မင်းသမီး သည် မျက်လုံး ကို ယူ သွားပြီး မက်မုံပန်း ကို ဝယ် လေသည် ။ ပြီးတော့ သူ့ အင်္ကျီလက်စ ထဲ တွင် အိတ် တစ်အိတ် ဖြင့် ဝှက် ထည့်လေသည် ။ ပြီးတော့ သူ့ ခင်ပွန်း မင်းသား ထံ သွား ကာ ဝဲ လက် ကို မြှောက် လိုက်သည် ။ မြေပြင် မှာ မက်မုံပန်း ဖြင့် ဝေဆာ သွား၏ ။ မက်မုံပန်း ကို မြင်သော အခါ မင်းသား မှာ ဝမ်းသာ သွား သော်လည်း မင်းသမီး မျက်နှာ ကို မြင်ရသော အခါ တွန့် သွားလေသည် ။ သူ က နှင်းဆီပန်း တွေ ဖြစ်ရအောင် ယာလက် ကို မြှောက် လိုက်စမ်းပါ ဟု ဆိုသည် ။ သို့သော် အရုပ်ဆိုး မင်းသမီး က ငြိမ် နေပြီး ယာလက် ကို မမြှောက်ပေ ။

လယ်သမား လည်း နှင်းဆီမင်းသမီး ထံ ပြန် လာ ကာ မျက်လုံး ကို ပေး လေသည် ။ သူ လည်း ဟောက်ပက် ဖြစ် နေသော မျက်ကွင်း ထဲ သို့ ထည့် လိုက်ရာ ဘုရားသခင် ကျေးဇူးတော် ကြောင့် ယခင် က အတိုင်းပင် သူ မြင်နိုင် လေတော့သည် ။ သူ သည် ဘေးဘီ ကြည့်ပြီး ပြုံးလိုက် သည် ။ တိမ်ဖြူ တို့ သည် မိုးကောင်းကင် ဝယ် အချင်းချင်း လိုက်တမ်းပြေးတမ်း ကစား ကြကုန်၏ ။ ထို့နောက် နှင်းဆီမင်းသမီး က ယာလက် ကို မြှောက် လိုက်ရာ မြေပြင် မှာ နှင်းဆီပန်း တို့ ကြဲသွား လေ၏ ။  ၊ သူ က ကြင်နာသနား တတ်သော လယ်သမား အား “ သည်ဟာတွေ ကို နန်းတော် သို့ ယူ သွား ၊ နှင်းဆီပန်းတွေ မျက်လုံး တစ်လုံး နှင့် ရောင်းမည် ” ဟုပြော ပြရန် မှာလိုက်သည် ။

သို့နှင့် လယ်သမား သည် နှင်းဆီတစ်ခြင်း ကို နန်းတော် သို့ ယူ သွားပြီး နှင်းဆီပန်းတွေ မျက်လုံး တစ်လုံး နှင့် ရောင်းမည်ဟု အော် လေသည် ။ အရုပ်ဆိုးမင်းသမီး လည်း သူ့ အခန်း ထဲ ငိုလျက် ထိုင် နေလေသည် ။ မင်းသား က သူ့ ကို မချစ်ကြင် ၊ ထို ဝေးလံသော တိုင်းပြည် တွင် နှင်းဆီပန်း မရှိသော ကြောင့် မြေပြင် တွင် နှင်းဆီတွေ ကြဲပြန့် သွားအောင် ယာလက် ကို မြှောက် ယသည် ကို မြင်လိုသည် ဟု ခိုင်း သောကြောင့် ငို နေခြင်း ဖြစ်သည် ။ လယ်သမား အော်သံ ကို ကြား ရာ သူ့ အမေ ထံ “ နှင်းဆီပန်းတွေ ဝယ်ကြရအောင် မင်းသား ငါ့ ကို သဘောကျ ချင် ကျသွားမှာ ” ဟု အော်ရင်း ပြေး သွားသည် ။ သို့နှင့် မိထွေး သည် သော့ တစ်ချောင်း ကို ယူ၍ သေတ္တာငယ် တစ်ခု ကို ဖွင့်လျက် ထို အထဲ မှ ကျန် မျက်လုံး ကို ထုတ် ယူ လေသည် ။ ပြီးတော့ သူ ၏ အရုပ်ဆိုး မင်းသမီး အား “ သည် မျက်လုံး နှင့် နှင်းဆီပန်း ဝယ် ” ဟု ဆိုကာ ပေး လေသည် ။

အရုပ်ဆိုး မင်းသမီး သည် မျက်လုံး ကို ယူပြီး နှင်းဆီပန်း ဝယ် လေသည် ။ ပြီးတော့ သူ့ အင်္ကျီ လက်စ ထဲ ဝယ် အိတ် တအိတ် ဖြင့် ဝှက် ထား လေသည် ။ သူ့ လင် မင်းသား ဆီ သွား၍ ယာ လက် ကို မြှောက်သည် ။ မြေပြင် တွင် နှင်းဆီပွင့် တို့ ကြဲ သွား၏ ။ ပန်းတွေ ကို မြင်သော် မင်းသား နှစ်လိုခြင်း ဖြစ်သည် ။ သို့သော်မင်းသမီး မျက်နှာ မြင်၍ သူ တွန့်သွားသည် ။

လယ်သမား လည်း နှင်းဆီမင်းသမီး ထံ ပြန် ၊ ကျန် မျက်လုံး ကို ပေး သူ လည်း ဟောက်ပက် ဖြစ် နေသော မျက်ကွင်း ထဲ ထည့် လိုက်ရာ ဘုရားသခင် ကရုဏာတော် ကြောင့် ယခင်က အတိုင်းပင် မျက်လုံးများ ဖြင့် သူ မြင်နိုင် ပြန် သတည်း ။ ထိုတွင် သူ ပြုံးပြီး ရယ် လေရာ ကောင်းကင် ပြင် ဝယ် မိုးတိမ်မြူ တို့ ပြေးလွှားကြ ကုန်၏ ။

ဤတွင် ဖြစ်ရပုံ မှာ မင်းသား သည် အမဲပစ် ထွက် ခဲ့ရာ လယ်သမား ၏ အထီးကျန် တဲ ငယ် ကို ဖြတ် သွား မိလေ၏ ။ နှင်းဆီမင်းသမီး လည်း သူ ဖြတ်သွားသည် ကို မြင် လေ၏ ။ ရယ်မော နေစဉ် က တိမ်မြူ တို့ မိုးအာကာ ဝယ် ပြေးလိုက် နေကြရာ တွင် သူ က ဗြုန်းကနဲ ငိုလိုက်သည် နှင့် တိမ်တို့ မဲ ကုန်ကာ မိုးရွာဖြိုးစွေ လေတော့သည် ။ “ သူ သည် ငါ့ လင် ဖြစ်ဖို့တည်း ။ ဘယ်လောက် မြင့်မြတ် ကျက်သရေ တင့်မောပေသော လူမြတ် တစ်ဦး ပေတုန်း ” ဟု ဆိုမြည်တမ်း ကာ ငိုခဲ့ခြင်း ဖြစ်သည် ။ မင်းသား လည်း တိမ်တို့ ဤသို့ ဗြုန်းစားကြီး မဲနက် သွားရသည် ကို တွေ့ရ၍ အံ့ဩ မိ ပေ၏ ။ လယ်သမား ၏ တဲဝယ် မိုး ခို ပြီးသော် တိမ်ဖြူများ မဲနက်သွားရသည် ကို ယခင်က ကြုံ ကြိုက်ဖူးပါ သလော ဟု မေးလေ၏ ။ ကြင်နာသနားတတ်သော လယ်သမား က သည် မိန်းကလေး ကြောင့် ဖြစ် ပါသည် ။ သူ ရယ် လျှင် တိမ်တို့ ဖြူ ကုန်သည် ။ သူ ငို လျှင် မဲနက် ကုန်သည် ” ဟု ပြောပြ လေ၏ ။ မင်းသား လည်း အံ့အားသင့် သွား၏ ။ ငါ့ ဇနီး လုပ်တတ်ဖို့ ပင် ဖြစ်သည် ။ သူ ကား မလုပ် တတ်ခဲ့တကား ဟု စဉ်းစားမိ လေ၏ ။ ထိုတွင် နှင်ဆီမင်းသမီး ဖြစ်သသူ လုံမ အား “ နင့် ဝဲလက် ကို မြှောက်စမ်း ” ဟု ခိုင်း လိုက်၏ ။ သူ လည်း နာခံ လုပ်ပြသည် တွင် မြေပြင် ဝယ် မက်မုံပန်း တို့ ကြဲ သတည်း ။ ထို့နောက် “ ယာလက် ကို မြှောက်စမ်း ” ဟု ခိုင်း ပြန်၏ ။ သူ က နာခံ လုပ်ပြရာ မြေပြင် ၌ နှင်းဆီပွင့် တို့ ကြဲ သတည်း ။ သို့နှင့် သူ ကား နှင်းဆီမင်းသမီး တည်း ဟု သိရှိ သွားပြီး ပွေ့ဖက်မိလေ ၏ ။ အရုပ်ဆိုး မင်းသမီး သူ့ မိန်းမ အကြောင်း ၊ ရက်စက်သော မိထွေး အကြောင်း တို့ ကိုလည်း မေးမြန်းရာ အကြောင်းစုံ ကို ပြောပြ လိုက်လေ၏ ။

ထို့ကြောင့် သူ က ရက်စက်သော မိထွေး နှင့် အရုပ်ဆိုး မင်းသမီး ကို ခေါ်ထုတ် ယူ သွား ပြီး မသေမချင်း ကြိုးကွင်းစွပ် အသ,တ်ခိုင်း လိုက်သည် ။ သူတို့ ဦးနှောက်များကို ကြက်စာ အလုပ် ခိုင်းသည် ။ အရိုး ကို ကြယ်တွေ ဆီ တက်သော လှေကား လုပ်သည် ။ အရေ ကို မြေကြီး ပေါ် ခင်းဖို့ ဖျာကြမ်း လုပ် လေသည် ။ နှင်းဆီမင်းသမီး ကို မူ ခေါ်သွားပြီး ထိမ်းမြားခြင်း ပြုလေသည် ။ အလွန်အမင်း လည်း ချစ် လေသည် ။ ပြည်သူ အားလုံး မှာ မြင့်မြတ်ဂုဏ်သရေ ထိန်းသိမ်းတတ်သော ကြောင့် ထို ဝေးလံသော တိုင်းပြည် ဝယ် လိမ်လည်မှု ၊ သစ္စာဖောက်မှု ဟူ၍ လည်း နောက်ထပ် မရှိ ဖြစ်တော့ သတည်း ။

◾မောင်သိင်္ဂါ

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၈ ၊ မတ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment