❝ ဟာကွာ မင်းတို့ အရေးတကြီး ❞
“ ကရင် ရင် ကရင် ရင် ”
၂၀၀၂ ခုနှစ် ၊ ဩဂုတ်လ ၂၆ ရက်နေ့ နေ့လည်စာ စားပြီး ထမင်းလုံး စီ နေစဉ် ။
“ ဟဲလို ... အန်ကယ် လား ၊ ကျွန်တော် အောင်မျိုးသန့် ပါ ”
“ အယ် ... ဆို ကိုမျိုး ”
“ ဟိုလေ ကျွန်တော် အပ် ထားတဲ့ ပိုက်ဆံကလေး စက်တင်ဘာလ ကုန် မှာ ပြန် လိုချင်လို့ ၊ အန်ကယ် က တစ်လ ကြိုတင် အကြောင်းကြား ဆိုလို့ ”
“ ရတယ် ကိုမျိုး ၊ ရတယ် ၊ အောက်တိုဘာလဆန်း ဆက် ဆက် ပို့လိုက်မယ် နော် ၊ စိတ်ချနေ ”
တူတော်မောင် အောင်မျိုးသန့် က ကျွန်တော့် ကို အပ်နှံထားတဲ့ ငွေကို ပြန် ယူ လို၍ ကြိုတင် အကြောင်း ကြား တော့ ငွေ ရှာဖို့ အချိန် ရတာပေါ့ ၊ သည် အစီအစဉ် ကောင်းတယ် ။ ယခု မှ မဟုတ် ၊ လွန်ခဲ့သော ၁၅ နှစ် ၁၉၈၇ ခုနှစ် က သည်လိုမျိုး ကြုံခဲ့ဖူး လေပြီ ။ တစ်ညနေ အခါ ကိုအောင်စိုး နှင့် မရင်သိန်း တို့ လင်မယား ပေါက်ချ လာကြတယ် ဗျာ့ ။
“ ငွေ ပြန် ယူချင် သုံးလ ကြိုတင် အကြောင်း ကြား ဆိုလို့ လာခဲ့တာပဲ ငါ့ ညီ ရေ ”
ထိုစဉ် က ကျွန်တော် ကြက် မွေး နေ၏ ။ ဥစား ကြက်မများ တိုးချဲ့ မွေး လို သဖြင့် သူတို့ ထံ မှ ငွေ ၁ဝ၀ လျှင် လေးကျပ် တိုး နှင့် ငွေ ၂၅၀၀ဝ ချေးယူ ထားလေ၏ ။ ထိုစဉ် က ၂၅၀၀ဝ သည် ကြက် အကောင် ၂၅ဝ ရ လေ၏ ။ ဥကြက်မကြီး တစ်ကောင် ၁၀ဝ ကျပ် နှုန်း ။
“ အား ... ရပါတယ် ကိုအောင်စိုး ”
ကျွန်တော် ပြက္ခဒိန် မော့ ကြည့် ၊ ၁၃၄၉ ခုနှစ် ဝါခေါင်လပြည့်နေ့ တနင်္ဂနွေ ၊ ၁၉၈၇ ခုနှစ် ၊ ဩဂုတ်လ ၉ ရက် ။
“ ကိုအောင်စိုး ဒီနေ့ ဝါခေါင်လပြည့်နေ့ ဗျာ ၊ ဒီနေ့ က နေ စ ရေတွက် တန်ဆောင်မုန်း လပြည့်နေ့ မပျက်မကွက် ဆက် ဆက် ရစေ့မယ် ဗျာ ၊ ည ၉ နာရီ ထက် နောက် မကျစေရဘူး ၊ အခု ခင်ဗျား တို့ လာတဲ့ အချိန် ”
ကျွန်တော် တို့ သည် ငွေ ပေး ရမည့် ရက် ကို အတိအကျ သတ်မှတ် လိုက်ကြ၏ ။
“ ကဲ ... မိန်းမ ရေ ၊ ရှိတဲ့ အခါ တန်ဆာ ၊ မရှိတဲ့ အခါ ဝမ်းစာ ပေါ့ကွာ ”
ကျွန်တော် တို့ ရန်ကုန် မှာ လုပ်ခဲ့သော ဆောက်ဖြတ် လက်ကောက် လေးကွင်း ၊ နှစ်ကျပ်သား အုန်းဆံကြိုး ခေါ် ရွှေဆွဲကြိုး လှတပတကြီး တစ်ကုံး ရောင်း လိုက်ကြ၏ ။ ငွေ လို နေသေး သဖြင့် ရေပြည့်ရွာ မှာ အမွေ ရ ထားသော ယာခင်းကွက် ကို ထုတ် ရောင်း လိုက်ကြပြန်၏ ။ ဒါလည်း မပြည့်သေး ။
“ မလေး ရေ ... သမီး နားကပ်လေး ဖြုတ်လိုက်မယ် ”
အဲဒါတောင် ငွေ ၁၀၀ဝ က ကြံဖန်ပြီး လိုနေသေးတယ်ဗျာ ၊ ဖြစ်ပုံ ။
“ ဟေ့ကောင် ဘိုစိုး ၊ ဆက်ဆူဝ ကို သွား ၊ ဆက်ဆူဝ မင်္ဂလာဆောင် မှာ ကိုကြီးညီတိုး အချိန် ၈ဝ ထွက် ဝက်ကြီး ကို သွင်းမယ် ကြားတယ် ၊ ငါ စာရေး ပေး လိုက်မယ် ၊ ငွေ ၁၀၀ဝ သွား ဆွဲချေကွာ ”
ဘိုစိုး ဆက်ဆူဝ သို့ သွား ၊ တန်ဆောင်မုန်း လဆန်း ၁ဝ ရက်နေ့ ၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့ ဆက်ဆူဝ မှ ပြန်ရောက် ။
“ ရခဲ့လားကွ ”
“ မရခဲ့ဘူးဦးလေး ၊ မိုးတွေ တအား ရွာ လို့ မင်္ဂလာဆောင် ကို တစ်ပတ် ထပ် ရွှေ့ လိုက်တယ် ၊ ဝက် မပေါ်ဖြစ်သေးဘူး ”
“ ဟာ ... သေရောကွာ ”
သည်မှာ အလို လိုမှ အရေးကြီးပါတယ် ဆိုကာ မှ မင်္ဂလာဆောင် ရက် ရွှေ့တာနဲ့ ကြုံရ သဗျာ ၊ ဖြစ်ရလေ မောင့်ကံ ။ သည်လို နဲ့ တန်ဆောင်မုန်း လပြည့်နေ့ သို့ ရောက် ၊ ဘယ်လို ကြံပါ့ မောင်ကြံ ရယ် ၊ သူ့ ရက် စေ့တော့မယ် ။ ကံ ကောင်း ချင်တော့ သမ္ဘူလ ဈေးတန်း မှ ကားအုံနာ ဘိုငယ် ( အငယ်ကောင် ) ကျွန်တော့် အိမ်ရှေ့ ကား လာရပ် ၊ တောကုန် တွေ နဲ့ ။
“ ဟေ ဘိုငယ် ”
“ ဘာကုန် တင်ဖို့ရှိလဲ ဦးလေး ”
“ ကုန် တင်ဖို့တော့ မရှိဘူးကွ ”
ကျွန်တော် သူ့ အိတ်ကပ် ထဲ ကို ကြည့် ၊ အိတ် ထဲ မှာ ပိုက်ဆံတွေ ။
“ ဘိုငယ်ရေ ငွေ သုံးရာ လောက် ခဏ လှည့်စမ်းပါ ၊ နှစ်ရက် သုံးရက် ပဲ ကြာမှာ ”
“ ရတယ် ဦးလေး ၊ ရော့ ”
သုံးရာ တော့ ရပြီ ၊ မြို့ ထဲ သွားဦး မှ ၊ ပွဲစားဦးစံပေ ၊ မမကြည် တို့ အိမ် ရောက် ။
“ မမကြည် ရေ ... ငွေ ငါးရာ လောက် ခဏ ချေးစမ်းပါ ၊ သိပ် မကြာစေရပါဘူး ”
မမကြည် က စားပွဲ အံဆွဲ ထဲ မှ ငွေငါးရာ ထုပ်ပေး ။ အိမ် ပြန်ခဲ့ ။ အကြံ က အိုက်နေပြီ ။
“ မိငယ် ရေ ... ငွေ နှစ်ရာ လိုသေးတယ် ကွ ၊ တို့ မှာ ထပ် ထုတ်စရာ မရှိတော့ဘူး ၊ ဘယ်နှယ့် လုပ်ရပါ့ ၊ ဥကြက်မကြီး အကောင် နှစ်ရာ လောက် ထုတ် ရောင်းလိုက်ရ ဘယ်နှယ့် နေမလဲ ”
“ ဟာ ... မောင် က လည်း ကြက်မ တွေ ရောင်း လို့ တစ်ပိသာ မှ ၁၃ ကျပ် ပဲ ရမှာ ၊ တစ်ရာ တန်ကြက်မ ကို ၁၃ ကျပ် နဲ့ တော့ ရောင်း မပစ်ပါနဲ့ မောင် ရယ် ”
ဥစားကြက် ကြက်မ တစ်ကောင် တစ်ရာ ပေါက် သော်လည်း အသားဈေး နှင့် ရောင်း သော အခါ ကြက်ကု,လားမ က တစ်ပိသာ ၁၃ ကျပ် ပဲ ပေးတာဗျာ့ ၊ သူ က သ,တ်ပြီး ပြန် ရောင်းတော့ တစ်ပိသာ ၁၅ ကျပ် ။ သူ က ဥစားတွေ ဘာတွေ နား မလည်ဘူး ၊ အသားဈေး နဲ့ ပဲ တွက်တာ ။ ခက်တော့ နေပြီ ။ ညနေ က လည်း စောင်း လာလေပြီ ။ ငွေ ပေးရမယ့် အချိန် နီး သည် ထက် နီး လာပြီ ။
“ အဟမ်း ... အဟမ်း ”
အိမ် ရှေ့ မှာ လူရိပ် ကို မြင်လိုက်၏ ။ ငွေ လိုပါတယ် ဆို မှ ဧည့်သည် က လာ ချေပြီ ။ စရိတ် က လည်း တက် ဦးမည် ။
“ ဟင် မောင်လေး တင်အေး ပါလား ၊ လာ မောင်လေး ”
ကျွန်တော့် မိန်းမ ခင်မိငယ် ရဲ့ မောင် ကိုတင်အေး မြို့လှရွာ မှလာခြင်း ဖြစ်ပါ၏ ။ သူ လာ လျှင် ပွဲရုံ မှာ မတည်း ၊ ပွဲရုံ မှာ မစား ၊ ကျွန်တော် တို့ အိမ် မှာ တည်း နေ ကျ ၊ စား နေ ကျ ။ ဟင်းကောင်း က လည်း ကြိုက်တတ်ပါဘိ ။ ကိစ္စ မရှိ ၊ ခြံ ထဲ ဆင်း ကောက် ကြက်ဥ ကြော် ကျွေး လိုက်ရုံပဲ ။
“ မောင်လေး ဘာလာ လုပ်တာလဲ ”
သူ့ နှမ က မေး ။
“ ဈေးသုံး လို လို့ နှမ်းကလေး လာ ရောင်းတာ ”
သူ့ မောင် က ဖြေ ။
“ ဘယ်ဈေး ရောင်းရတုံး ၊ ငွေ ရှင်းခဲ့ပြီ လား ”
“ မရင်းရသေးပါဘူး ဟာ ၊ အလွယ်သုံး ဖို့ ငွေလေး သုံးရာ ထဲ ယူခဲ့တယ် ၊ မနက် ကျ မှ ငွေရှင်း ၊ ဈေးဝယ် ပြီး ပြန်မယ် ”
“ မောင်လေး ငွေ နှစ်ရာ လောက် ခဏ ချေး ပေးစမ်းပါ ”
“ အေး ... ရပါတယ် ”
“ ရပါတယ် ဆို ခု ပေး ၊ ခုက အရေးကြီး နေတာ ”
ငွေ ၂၅၀၀ဝ ပြည့် သွားပါပြီ ။ ကျွန်တော် နာရီ ကြည့် တော့ ည ၈း၃ဝ နာရီ ။
“ မောင် ရေ ... မြန်မြန် သွားကြစို့ ”
လင်မယား နှစ်ယောက် ကိုအောင်စိုး တို့ အိမ် ရောက် ။
“ ဗျို့ကိုအောင်စိုး ... ကိုအောင်စိုး ... အစောကြီး ရှိသေးတယ် ၊ အိပ်တော့ မလို့လား ဗျာ ”
ကိုအောင်စိုး တို့ လင်မယား တံခါး လာ ဖွင့်ပေး ။
“ မင်းတို့ ဘာ လာ လုပ်ကြ ... ”
“ ငွေ လာ ပို့တာလေဗျာ ၊ ရက်ချိန်း စေ့နေပြီပဲ ဟာ ”
“ ဟာကွာ ... မင်းတို့ အရေးတကြီး ”
ပြော မည့် သာ ပြော တာ ခင်ဗျာ့ ၊ သူတို့ မျက်လုံး လေးလုံး က ငွေထုပ် ပေါ် ရောက်နေပြီ ။
“ မင်းတို့ နှယ် ကွာ ညကြီး မိုးချုပ် နောက် နေ့ မှ လာ ပေး လည်း ပြီးတဲ့ ဟာ ”
“ ရက် ကူးလို့ ဘယ် ဖြစ်မလဲ ဗျာ့ ၊ ကျွန်တော် ကတိ ပျက် သွားမှာပေါ့ ၊ ကတိ ပျက် ရင် အလကား ကောင် ဖြစ်သွားမှာ ”
နာရီ မော့ ကြည့် ည ၉ နာရီ ကွက်တိ ။
( တကယ် ဖြစ်ခဲ့တာဗျာ ။ )
◾မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၇ ၊ ဒီဇင်ဘာ ၊ ၂၀၀၂
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment