❝ ကိုကို မှားတယ် ခင် ❞
အေးမောင် သည် မခင်သန်း အား အစဉ်တန်း မျှော်မှန်း ချစ်ခင်သူ ဖြစ်ပေ၏ ။ ထို့အတူ မခင်သန်း မှာ လည်း အေးမောင် အား ကမ္ဘာပင် ကြေကာ ပြုန်း သော် လည်း သွေခွာ၍ မမုန်းသူ ဖြစ်ပေ၏ ။ အေးမောင် သည် ခင်သန်း အား ချစ်၏ ။ ချစ်ခြင်း မှာ လည်း ရိုးရိုး ချစ်ခြင်း မဟုတ် ။ သနားခြင်း ဖက်စပ်၍ ချစ်ခြင်း ဖြစ်ရာ အလွန် ပြင်းထန်သော မေတ္တာ ဟု ဆိုက မှားနိုင်မည် မဟုတ်ပေ ။ ခင်သန်း အား မိမိ လက် က လွတ်မ ည်ကို သေမတတ် ကြောက်၏ ။ ခင်သန်းကလေး စိတ်မကောင်း ဖြစ်မှာ ကို ပူ၏ ။ ခင်သန်း ကို မတော်မတရား ပြော မှာ ပူ၏ ။ ခင်သန်း မိမိ အတွက် အပြောအဆို ခံရသည် ကို ဝမ်းနည်း၏ ။ ခင်သန်း တခြား ယောက်ျား စေ့စေ့ ကြည့်တာ ကို ပင် မခံနိုင် မရပ်နိုင် ။ ချစ်သဒ္ဓါ လှိုင်လှိုင် ၊ သစ္စာ ခိုင်ခိုင် နှင့် မေတ္တာ မယိုင် ဘဲ ဆံရစ်ကညာခိုင် ကို ရှစ်ကမ္ဘာ တိုင်တိုင် မပစ်မခွာ နိုင်အောင် ချစ်ခင်၏ ၊ သနား၏ ၊ ကြင်နာ၏ ၊ ယုယ၏ ။ ခင်သန်း က လည်း ထို့အတူ ပင် အေးမောင် အား ( တခြားသူ ) သွေးဆောင်လို့ မရအောင် မစားနိုင် မအိပ်နိုင် ၊ မနေနိုင် မထိုင်နိုင် ၊ တယိုင်ယိုင် တ,သသ နှင့် မျှမျှတတ ၊ ချစ်ခင်ခဲ့၏ ။ မေတ္တာပိုက်ကြိုး ၊ တိုက်တိုးမိသော ချစ်သူ နှစ်ဦး တို့ မှာ မရုန်းသာ မဖယ်သာ ဆယ်ကမ္ဘာ ခြားသော်လည်း ဘယ်အခါများ မှ မုန်းစိတ် မကူးဘဲ ပြုံးစိတ် နှင့် မြူး၍ နေခဲ့ကြလေ၏ ။ သို့ကလို သေအတူ ရှင်မခွဲ မေတ္တာကြိုး မြဲမြဲ နှင့် တွဲနှောင်ကာ တုပ်ပြီး အယုဇ္ဈသောင်ယံဘုံ သို့ မောင်နှံစုံ နှစ်ပါး ကူးမည် ဟု အထူးတလည် အချစ်ကြီးကြသော ချစ်မငြီး နိုင်သည့် မေတ္တာသည် နှစ်ယောက် မှာ အပြစ်ဘယာ မြူမသန်းဘဲ ကြူစန်း ( လ ) ပမာယုန် သို့ ကာမ ဂုဏ် စက်ရဟတ် ကို ၊ အဆက်မပြတ် ခံစား စံစားကာ နေမည် စိတ်ကူးမိကြလေ၏ ။
အခန်း - ၂
နှစ်ဦး နှစ်ယောက် မှာ ရူး မလောက် ချစ်သဒ္ဓါ ပွားပြီး မေတ္တာ ထား၍ နေကြသော်လည်း အခြေ မကျစရာ လမ်း တစ်ချက် က စခန်း ထွက်၍ လာပေ ၏ ။ အကြောင်းသော် ကား ခင်သန်း အား အမြင် နှင့် မှန်းကာ ကြိတ်ပိုး ပိုး နေ သော လိပ်မျိုး တစ်ယောက် ကြောင့်ဖြစ်လေ၏ ။ အဆိုပါ နောက်ပိုး မောင်သန်း မှာ အချောင် ရမ်းမည့် အနေနှင့် ခင်သန်း အား မရမက ပိုးပန်း လေ၏ ။ ခင်သန်း မှာ မူ မေတ္တာဦး အေးမောင် ကို သာ တွေးယောင် ၊ ဆွေးယောင် နှင့် အေးအောင် ပြုလုပ်မည် ဟု အားခဲ ထားသူ ဖြစ်ပေ၏ ။ အေးမောင် မှာ သို့ကလို မောင်သန်း နှောင့်ယှက် နေသည် ကို မရှုနိုင်မကြည့်နိုင် ဖြစ်ပေ၏ ။ မိမိ ရည်းစား သူတစ်ပါး နှင့် ညားမည် ကို မဆိုထား နှင့် စေ့စေ့ ကြည့် သည် ကိုပင် ဓား ထုတ်ပြီး တအား ခုတ် မလောက် ချစ်ရကား ၊ မိမိ ရည်းစား အား မိန်းမသား ဖြစ်သဖြင့် နေရာ တကာ ဆင်ခြင်ရန် သတိ ပေးလေ၏ ။
သတိ ပေးသည် ဆိုသည် မှာ ပိုသည် မရှိ ၊ လိုသည် သာ ရှိသည် ဖြစ်ရာ မတော်တရော် ဖြစ်မည် စိုး၍ ပြောကြားခြင်း သာ ဖြစ်ပေ၏ ။ မိမိ အပေါ် လော်လီလှည့်ဖြားသည် ဟု ထင်၍ မဟုတ်ပေ ။ သို့နှင့် ခင်သန်း မှာ အတွင် ရမ်းပြီး မိမိ ကို မတော်တရော် ပြောလေခြင်း ၊ ရက်ရက်စက်စက် လုပ်လေခြင်း ဟု အခဲ မကျေဘဲ ရှိလေ၏ ။ ရှောမွေး နှင့် ဗာရာဏသီ ချဲ့ သလို ဘာမဟုတ် လောက်တဲ့ စာ တစ်စောင် ကြောင့် အေးမောင် တည်း ဟူသော အချစ်တုံး မှာ အမုန်း ဘဝ သို့ ရောက် သွားရပေ၏ ။
အခန်း - ၃
စင်စစ်သော် ကား ငုံထား မလောက် ချစ်လွန်း လို့ ရေးမိရေးရာ ရေး လိုက်ခြင်း ဖြစ်သော်လည်း ခင်သန်း မှာ မိမိ အား ချိုးချိုးဖဲ့ဖဲ့ ရေး လေခြင်း ၊ ရက်စက်လေခြင်း ဟု ပျားရည် တမျှ ချိုအေး လှသော မေတ္တာ ကို တမာခါး နှင့် အလားတူ အောင် မုန်းစိတ်ဖက် လိုက်လေ၏ ။ အေးမောင် မှာ စာ အစောင်ပေါင်း များစွာ ရေး၍ အကျိုးအကြောင်း ပြောသော်လည်း ဒေါပွ နေသော ခင်သန်း မှာ မမြင်ဘဲ ကန်း ၍ နေလေဟန်ဖြင့် အခြေခံ မရှိ တိတိကြီး ငြင်းပယ် လေ၏ ။ အချစ်ကြီး က အမျက်ကြီး ဆိုသော စကား ကဲ့သို့ ခင်သန်း မှာ အေးမောင် အား မကြည့်လို မမြင်လို ဘဲ ရှိလေ၏ ။ အခါပေါင်း များစွာ ယောက်ျားကြီး တမားမား နှင့် ခြေ ကိုင် မလို လက် ကိုင် မလို တောင်းပန် ငြား သော်လည်း ကောင်းဟန် စကား တစ်လုံး မဆက် နိုင်ဘဲ ၊ နှုတ်ဆက် စကိုင် ဖြင့် ဂွတ်ဘိုင် ဆိုတဲ့ စာလုံး သာ ညှပ်၍ ပေးလေ၏ ။ အေးမောင် မှာ သေ မလောက် အခြေ နောက်၍ နေပေ၏ ။
အခန်း - ၄
“ ဪ ..... ခင်သန်း ရယ် တွင်တွင် သာ ရမ်း လိုက်ပါတော့ ၊ တကယ်ဆို ကိုကို ရေးတဲ့ စာ ဟာ ခင်သန်း ကို မယုံလို့ လည်း မဟုတ်ပါဘူး ၊ ခင်သန်း သစ္စာ ရှိမှန်း ကိုကို သိပါရဲ့ ၊ ခင်သန်း ရဲ့ စား မတတ် ၊ ဝါး မတတ် ၊ ချစ်လွန်း ၊ ခင်လွန်း ၊ ကြင်နာလွန်း လို့ ရေး မိတဲ့ စာ ပါ ခင်သန်း ရယ် ၊ ကိုကို မှားရင်လည်း လွန်သမျှ ဝန်ချ လို့ တောင်းပန်ပါတယ် ၊ ဪ ... တကယ်ဆို မေ တစ်ယောက် ကို သေ မလောက် ချစ်လွ န်းလို့ နေရာတကာ မှာ ပူပင်မိ လို့ မှား တာပါ အသက် ရယ် ၊ ကိုကို ဒါလောက် ရိုင်းတဲ့ လူစား မှ မဟုတ်ပါဘဲကလား နော် ၊ ဒီလောက် အခြေအနေ ရှိမှဖြင့် ကိုကို အကြောင်းသိဖို့ ကောင်းပါပြီ ၊ ဪ .. ကျေးဇူးရှင်ကြီး ရဲ့ ၊ ကိုကို ခင့် ကျေးဇူး ကို ဒီ တစ်သက် ဆပ်လို့ မကုန်ပါဘူး ၊ အသက် ရယ် ၊ ကျေးဇူးရှင် ကျေးစွပ် တဲ့ လူစား မဟုတ်ပါဘူး ၊ ကိုကို တစ်ကိုယ်လုံး မှာ ခင့် ကျေးဇူး လွတ်တဲ့ အကွက် တစ်ကွက် မှ မရှိပါဘူး ခင် ရယ် ၊ ကိုကို သိပါတယ် ၊ ကိုကို့ အတွက် ခင် ရှက်ရတာတွေ လည်း များပါပြီ ၊ ကိုကို့ ကို ချစ်လွန်းလို့ ဆိုတာ လည်း ခင့် စာတွေ ပြန် ဖတ်ပြီး သိရပါတယ် ၊ ဪ .. ကိုကို တောင်းပန် တာ ကျေပါတော့ ခင် ရယ် ကျေပါတော့ ၊ ခင် စိတ် မကျေရင် ကိုကို အသေ
မဖြောင့်ပါ လား ၊ ဟင် ... တကယ် ဆို တော့ ( ကိုကို မှားကယ်ခင် ) ကိုကို ပဲ မှားတာပါပဲ သစ္စာ ပြည့်ဝတဲ့ ခင်ကလေး ကို ရင် မအေး လွန်း လို့ ပူပင် လွန်း လို့ မပူတန်တာတွေ ကိုကို ပူလွန်းလို့ ပြောတဲ့ စကားတွေ ဟာ ခင် အတွက် ရက်စက် သလို ၊ ဝန်လေး သလို ဖြစ်သွားတာပါပဲ ခင် ရဲ့ ၊ အမယ်လေး ခင် ရယ် ၊ ခင် မကယ်ရင် ၊ ဒီအကောင် မျက်နှာမွဲ အခက် ထဲ ကျပေါ့လား ခင် ၊ ခင်ခင် အမယ် လေး ခင် ရဲ့ ၊ ဒီအကောင် တစ်သက်လုံး စိတ် မကောင်း ဖြစ်အောင် လုပ်ရက် တာလား ခ ရယ် ၊ အရင် ချစ်တာကလေးတွေများ စနစ် ပါပါ တွေး ကြည့်ပါဦး ခင် ၊ ကိုကို ခင့် ကို မုန်းကြည့်တယ် ခင် ၊ မုန်း လို့ လည်း မရပါလား ၊ ဟင် ၊ ကိုကို သေ မလောက် မချိတာ ကို မေ တစ်ယောက် ကြည့်နေရှာတယ် နော် ၊ ရန်သူ တောင် လက်နက် ချရင် ကျေရသေးတာပဲ ခင် ရယ် ၊ ကိုကို လို အသည်းစွဲ ချစ်တဲ့ သူ ကို ပစ်မယ် ဆိုရင် ခင် ကိုကို သေတာ က ကောင်းတော့ မပေါ့ ၊ အခု လည်း တောင်းပန်ပြီ မဟုတ်လား ခင် ၊ ကိုကို မရက်စက်ပါဘူး ၊ ဒီတစ်ခါ အခွင့် လွှတ်ပါဦး ၊ အသက် ရယ် ၊ နောက် တစ်ခါ ဆိုရင် လျှောက် ကာ သာ ကိုကို့ ခေါင်း ပေါ် မှာ နင်းလိုက်ပါတော့ ။ ခင် ... ခင် အသက် ရဲ့ ၊ တစ်ကမ္ဘာ ၊ တစ်လောကလုံး က မုန်းရင် ကိုကို ခံနိုင်ကယ် ၊ ခင် မုန်းရင် ကိုကို မခံနိုင်ပါဘူး ကွယ် ၊ ( သူတည်း တစ်ဦး ချစ်ကြည်နူး က ပြန်လည် တဆင့် ချစ်ပန်းပွင့် ) ဆိုတာ အခုလို ပုံ တော့ မှားကုန်ပြီပေါ့ ခင် ၊ မချိဘူး ခင် မချိဘူး ၊ တစ်လောကလုံး ပြောကြ ၊ ဆိုကြ ၊ အော်ကြ ၊ ငေါက်ကြ ၊ ကျောက်ကြ ၊ ကန်ကြ ၊ ဆဲကြ ၊ ရိုက်ကြ တာ ကိုကို ခံဖို့ အားရှိတယ် ၊ ခင် မုန်း တဲ့ အချက် ကို အသက် မပါဘဲ ၊ ကိုကို မခံနိုင်ပါလား ။ မောင် ရူးပြီ ၊ အရူးကြီး လို ဖြစ်နေတာ ကြည့်ရက်ပါရဲ့ ၊ ဒီ အကောင် သေလမ်းဖြောင့် အောင် ဟို စာကလေး ကို ဖတ် ကြည့်ပါဦး ” ဟု တစ်ယောက် တည်း တကယ့် တကယ် ပူဆွေး နေရှာသော အေးမောင်ကလေး မှာ နာမည် နှင့် မလိုက်အောင် ကမ္ဘာမီး လောင် ၍ နေပေ၏ ။
အခန်း - ၅
အေးမောင် မှာ အမျိုးမျိုး တွေးတော ငေးမောပြီး နေ သော်လည်း ကြီးလှ သော မေတ္တာ ကို ပိုင်နင်း စိုးစံသူ မေကညာ တစ်ပါး က သေခါသွား သော်လည်း အရေးမယူ သဖြင့် တောင်းပန်စာ တစ်စောင် ကို ချိပ် နှိပ်ပြီး အပ်ခဲ့လေ၏ ။
စာ ပေါ် တွင် ( မောင့် ကို ခင် မချစ်နိုင် သော်လည်း တောင်းပန်တဲ့ စာကလေး ကို တော့ ဖတ်ပါတော့ ၊ ကိုကို မှားတယ်ခင် ) စိတ် ကျေတဲ့ တစ်နေ့ ကျရင် ဖတ် ကြည့်ပါ ဟု တွေ့ ရလေ၏ ။
နောက် ၁ဝ လ လောက် ကြာသော အခါ အေးမောင် မှာ အချစ်ရောဂါ မကျက်သေးပေ ၊ ဆေးကောင်း ဝါးကောင်း မှာ လည်း ခင်သန်း ၏ လက် တွင် ရှိနေခြင်း ကြောင့် အခက် ကြုံ၍ နေလေ၏ ။ ခင်သန်း မှာ လက်ဦး က စာ ကို မဖတ်ဘူး ဟူ ၍ နေသော်လည်း ငယ် က ချစ် အနှစ် တစ်ရာ မမေ့သာ ၊ ငယ် က ပေါင်း အနှစ် တစ်သောင်း မမေ့ကောင်း ဟု ဆိုသလို သနားစိတ်ကလေးများ ပေါ်ပေါက် လာပြီး ပေး ထားသော စာ ကို ဖတ် ကြည့်ရာ တောင်းပန်စာ သက်သက် ချစ်လွန်းလို့ သာ ရေးမိ ရေးရာ ရေးမိကြောင်း တောင်းပန် ထားသည်ကို တွေ့ ရ သဖြင့် ယခင် ( အချစ် ) တည်း ဟူသော ( လမင်း ) မှာ ( မှောင် ) ရာ က ( လပြည့်တည်း ) ဟူသော ( အလင်း ) သို့ ပြောင်းလာလေ၏ ။ နောက်များ မကြာမီ ...
ကိုကို ဟာ မပူတန် တာ ပူတယ် ၊ ခင် လည်း စိတ် မချုပ်တည်း နိုင်အောင် ဖြစ်သွားတယ် ၊ အခုတော့ ကိုကို့ စာ ကို ဖတ်ပြီး ကိုကို့ ကို သနားပါပြီ ၊ ဒါလည်း ကိုကို မှားတာပဲ နော် ၊ နောက်ကို ဒီလောက် မပူပင်ပါ နဲ့ ဟူသော စာ တစ်စောင် ကို ဖတ်နေသော အေးမောင် မှာ မီးခဲ ပဲ မျိုရ မလို ခေါင်း နဲ့ ပဲ လမ်းလျှောက် ရ လို ဖြစ်၍သွား လေ၏ ။
◾ခင်လှလှ
📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment