Showing posts with label အကြည်တော်. Show all posts
Showing posts with label အကြည်တော်. Show all posts

Wednesday, July 16, 2025

အိုင်အိုဒင်း ကိုကိုကြီး နှင့် ဖရဲသီးသုံးလုံး အိမ်မြှောင်သုံးကောင်

❝ အိုင်အိုဒင်း ကိုကိုကြီး နှင့် ဖရဲသီးသုံးလုံး အိမ်မြှောင်သုံးကောင် ❞

         ( အကြည်တော် )


တစ်နေ့သ၌ ကျွန်ုပ်သည် ( နောင် တစ်ချိန် နာမည်ကျော် ဆားပုလင်းတစ်ဦးဖြစ်လာမည့် ) မောင်နှင်းကလေးအား စုံထောက်ခြင်းအတတ် ပညာများကို စာတွေ့ကိုယ်တွေ့များရောယှက်၍ သင်ကြားပို့ချပေးနေစဉ်ဂါတ်တဲမှ ပြာတာမောင်ပွေး ရေးကြီးသုတ်ပျာနှင့် ရောက်ရှိလာပြီး... 


“ ဒုက္ခတော့များပြီ အဘရေ ”


“ ဟဲ့ ... ဘယ့်နှယ်ကြောင့်ဒုက္ခများရမှာတုံး ”


မောင်ပွေးမှာ စကားကို ဆက်မပြောနိုင်သေးဘဲ အိမ်ခန်းထဲရှိ သောက်ရေအိုးစင်မှ ရေတစ်ခွက်အား ကမန်းကတန်း ခပ်သောက်လိုက်ပြီး..


“ အင်းစိန် အနောက်ဘက်ခြမ်းက သူဌေးကြီးဦးရွှေတောအသ,တ်ခံရလို့ ”


“ ဟေ ”


“ အဲဒါ မင်းကြီးက အဘကိုခေါ်ခိုင်းလို့ ” 


ကျွန်ုပ်လည်း အချိန်ဆွဲ မနေတော့ဘဲ အခင်းဖြစ်ပွားရာအင်း စိန် အနောက်ဘက်ခြမ်း သူဌေးကြီးဦးရွှေတောနေအိမ်သို့ တပည့် မောင်နှင်း ကိုပါ အတွေ့အကြုံရစေရန်အလို့ငှာ အလျင်အမြန် ခေါ်ဆောင်ခဲ့ပြီး ထွက်ခဲ့လေတော့သည် ။


( မှတ်ချက် ။  ။ ကျွန်ုပ်၏ တပည့်ကျော်မောင်နှင်းသည် ကျွန်ုပ် ဖော်ထုတ်ခဲ့သည့်နည်းအတိုင်း နောင်တစ်ချိန်တွင် ကြက်မောက် သီးသုံးလုံး ဟူသော အမှုဆန်းကြီးကို ဖော်ထုတ်နိုင်ခဲ့သည်  ။ ) 


ကြီးမားကျယ်ဝန်းသောခြံကျယ်ကြီးနှင့်အတူ ဟောင်းနွမ်းခန့်ထည်သော ရဲတိုက်ကြီး သဖွယ် နှစ်ထပ်တိုက်ကြီး ။ ကျွန်ုပ်ကို မြင်သည်နှင့် အိုင်ပီဗြောင်ငြင်း ( အမည်အရင်းမှာ အောင်မင်း ဖြစ်သော်လည်း ပြဿနာ တစ်စုံတစ်ခုဖြစ်လျှင် အမြဲတစေ ဗြောင်ငြင်းတတ်သော အကျင့် ရှိသောကြောင့် အိုင်ပီအောင်မင်း အစား အိုင်ပီဗြောင်ငြင်း ဟုသာတွင်လေသည် ) က ဆလုဒ်ရိုက်ပြီး ... 


“ ပြဿနာကတော့ အကြီးအကျယ်ပဲအဘရေ ။ကျွန်တော်ကတော့ ခေါင်းခြောက်နေပြီ ။ အင်စပက်တော်ကလည်းသေသူဟာ မြို့မျက်နှာဖုံးဖြစ်လို့ အမြန်ဆုံး အမှုမှန် ဖော်ထုတ်ပေးရမတဲ့ ။ မဖော်ထုတ်နိုင်ရင် နားရင်းအုပ် ၊ ထုံးသုတ်နေလှန်းပြီး ပတ်ကြမ်းတိုက်မတဲ့ဗျ ။ကူညီပါဦး အဘရဲ့ ”


“ အိမ်း .. ကောင်းပေလေ့ ။ ပင်ကိုအစွမ်းအစလည်း မရှိ ၊ ပြဿနာဖြစ်လျှင် ဗြောင်ငြင်းခေါင်းရှောင်နေတတ်ပြီး အမှုမှန် ပေါ်မှနာ မည်ကောင်း ယူတတ်သော ဤလိုလူမျိုးအားနားရင်းအုပ် ၊ ထုံးသုတ်နေ လှန်းပတ်ကြမ်းတိုက်တာထက် ခေါင်းကို လေးကွက်တုံး နနွင်းလုံး နှင့် နယ်ပြီး ဈေးအလယ်မှာ ငါးပုဏ္ဏား ဟု ဆိုကာချရောင်းလိုက်သင့်ပေ၏ ”


ကျွန်ုပ်လည်း သူ၏ စကားကို အရေးမစိုက်ဘဲ ...


“ အခင်းဖြစ်တာ ဘယ်နေရာမှာလဲ ”


အိုင်ပီဗြောင်ငြင်း မှာ အံ့ဩဟန်ဖြင့် ကျွန်ုပ်ကို ကြည့်ပြီး ... 


“ ဪအဘရယ် ။အောက်လည်း ငုံ့ကြည့်ပါဦး ။သေသူရဲ့ လည်ပင်းကို တောင် တက်နင်းမိတော့မယ် ”


ဟု ဆိုလိုက်မှ ကျွန်ုပ်လည်း အလန့်တကြား ငုံ့ကြည့်ရာ ... 


“ ဟဲ့ ... သောက်ပလုတ်တုတ် ”


နောက်တစ်လှမ်း ထပ်လှမ်းသည်နှင့် လည်စေ့တက်နင်း မိလောက်သည့် သေဆုံးသူ သူဌေးကြီးဦးရွှေတော၏အလောင်း ။ ထိုအ လောင်း ခြေရင်းတွင် တရှုံ့ရှုံ့ ငိုကြွေးနေသည့် ဦးရွှေတော၏ ဇနီးနှစ်ဦး ။ နောက်သေဆုံးသူ ၏လက္ခဏာ ကြည့်သူကြည့် ၊ ကြွေဗေဒင် တွက်သူတွက် နှင့် သူဌေးကြီး မည်သို့သေဆုံးသည်ကို ခန့်မှန်းတွက်ချက်နေကြသော စီအိုင်ဒီ မှ နာမည်ကျော်စုံထောက်နှစ်ဦးဖြစ်သူ ခြေဖဝါးမောင်မောင် ကြီးနှင့် သံပြာအောင်မြင့် ... ။


( မှတ်ချက် ။  ။ ခြေဖဝါးမောင်မောင်ကြီးဆိုသူသည် ရန်သူ နှင့် ရင်ဆိုင်တွေ့သည့်အခါ သူ၏ ခြေဖဝါးကို အသုံးပြုတိုက်ခိုက်၍ ရခဲ့သည် မဟုတ်ဘဲ အန္တရာယ်နှင့် ကြုံလာလျှင် သူ၏ ကြီးမားကျယ် ပြန့်သော ခြေဖဝါးကြီးကိုအသုံးပြု၍ ဖနောင့်နှင့် တင်ပါးတစ်သားတည်း ကျအောင် ထွက်ပြေးတတ်၍ဖြစ်သည် ။ သံပြာအောင်မြင့် ဆိုသည်မှာလည်း အကောင် သေးသလောက် စကား ပြောလျှင် ယခုခေတ် ဟဲဗီးမက်တယ် အဆိုတော်များဝမ်းချုပ်နေလျှင် ၊ အိမ်သာတက် သလို သွပ်ကို သံ နှင့် ခြစ်နေသကဲ့သို့ လွန်စွာ စိတ်ပျက်ဖွယ်အသံမျိုးပိုင်ဆိုင်ထား၍ ဖြစ်ချေ၏ ။ နောင်တစ်ချိန် ကျွန်ုပ်၏ တပည့်ငယ်လေး မောင်နှင်းလေး၏ ခေတ်တွင်လည်း ဤကဲ့သို့ အလားတူ လူမျိုးများနှင့် ခေတ် ပြိုင်ဖြစ်ခဲ့ဖူးလေ၏ ။ )


ကျွန်ုပ်၏ အဖြစ်အပျက်ကို မြင်သော် ယခင်ကတည်းက ကျွန်ုပ်၏ ကျော်စောတိက္ကမ ကြီးမားပုံကို မနာလိုမရှုဆိတ် ဖြစ်နေသော ခြေဖဝါး မောင်မောင်ကြီး မှ အထပ်တစ်ရာပလာတာရှုံးလောက်အောင် တစ်ရာ့နှစ် ခေါက်ချိုး မျက်နှာနှင့် ...


“ အသက်ကြီးမှ ဘာတွေ ဘဝင်မြင့်နေတယ်တော့မပြောတတ်ဘူး ။ မိုးမမြင်လေ မမြင်ကို ဖြစ်လို့ ။ ဒါနဲ့များ နာမည်ကျော်အလွတ်စုံ ထောက်တဲ့ ။ ရယ်ရတယ်ဗျာ ။ ဟား... ဟား ... ”


ဟူသော အပြောကို သံပြာအောင်မြင့် မှ ... 


“ ဟုတ်ပါ့ဗျာ ။ဒီလိုသက်ကြားအိုမျိုး ဘိုးဘွားရိပ်သာမှာသာ နေသင့်တော့တယ် ”


ခြေဖဝါးမောင်မောင်ကြီးမှာ ပို၍ သဘောကျ သွားသလို တဟားဟားရယ်ရင်း ...


“ ဟား ... ဟား ... ဟုတ်ပါ့ဗျာ ။သက်ကြီးပီပီ နှေးကလည်း နှေးကွေးသေး ။ ဒီမှာက တရားခံတောင် မိတော့မယ် ။ ဟောဒီမှာကြည့်စမ်း ကျုပ်ရဲ့ကြွေဗေဒင် ။ ပထမအကြိမ်မှာ လေးကျတယ် ။ လေးဆိုတော့ ဗုဒ္ဓဟူး ၊ နောက်တစ်ကြိမ်က နှစ် ။ နှစ် ကတော့ တနင်္လာ ။ ဗုဒ္ဓဟူး နဲ့ တနင်္လာနံ ပါတဲ့ လူဟာ တရားခံ အစစ်ပဲ ”


ဟုဆိုလိုက်ရာ သံပြာအောင်မြင့် မှ အားရဝမ်းသာဖြင့် ... 


“ ဟုတ်လိုက်လေ ကိုမောင်ကြီးရာ ။ ကျုပ် သေသူလက္ခဏာကို ကြည့်လိုက်တာ သောကြာဂြိုဟ်ခုံ အားနည်းနေပြီး စနေဂြိုဟ်အား ကောင်းနေတယ် ။ ဗေဒင်အနေနဲ့ ဆိုလည်း ကာလကတ္တားဂြိုဟ်ခုံ ”


ကျွန်ုပ်လည်း မနေနိုင်တော့ ။ 


“ ကရကဋ်ဂြိုဟ်ခုံ လုပ်ပါမောင်ရာ ”


ဟု ဆိုလိုက်ရာ သံပြာအောင်မြင့် က ကျွန်ုပ်ကို မကျေနပ်သလို ကြည့်၍ ...


“ ဒါရှေးအိန္ဒိယ ဆာဒူးနည်းဗျ ။ ဘာမှလည်း မသိဘဲနဲ့ ဝင်မပြောပါနဲ့ ”


ဟု ဆိုလိုက်ပြီး...


“ အဲ ... ဘယ်ရောက် သွားပြီလဲ ။ ဪ...ဟုတ်ပြီ ။ ကာလကတ္တား ဂြိုဟ်ခုံ ကနေ မြောက်ဘက်ကို ဦးတည်သွားပြီး မစ္စစပီ လမ်းကြောင်းမှာ ဘုံဘေဘားမားဂြိုဟ် နဲ့ သွားဆုံနေတယ် ။ အဲဒါကြောင့် ဇာတာ အလိုအရ ဒီလူဟာ ရာဟုဖွားပဲ ဖြစ်ရမယ် ။ ရာဟုဖွားကို နိုင်တာ ဘာရှိမလဲ ” 


သံပြာအောင်မြင့် အမေးကို ခြေဖဝါး မောင်မောင်ကြီး မှ အားရဝမ်းသာဖြင့် ရှေ့မှ စားပွဲ ဖြန်းခနဲပုတ်လိုက်ပြီး ...


“ ရာကွတ်ပေါ့ဗျ ။ ရာဟုကို နိုင်တာ ရာကွတ်ပေါ့ ။ အရပ်ထဲမှာ ရာဟု ထိုးရင် အမြဲ အိုးရွက်နေကျဗျ ။ ကျုပ်ရဲ့ ကြွေဗေဒင်မှာ လည်း ဗုဒ္ဓဟူးနဲ့တနင်္လာ ဆိုတာ ရာကွတ်ဖြစ် လိမ့်မယ် ။ ဗုဒ္ဓဟူး က “ ရာ ” ၊ တနင်္လာက “ ကွတ် ” မဟုတ်ပေဘူးလား ”


“ ဟုတ်ပါ့ဗျာ ။ ဒီတော့ ... ဒီရပ် ကွတ်ထဲမှာ ရာကွတ် ဆိုတာ ဘယ်သူရှိလဲ ” 


“ နွားနို့ပို့တဲ့ ရာကွတ် ရှိတယ်လေဗျာ ။ ဟုတ်ပါပြီ ။ ဒီကောင်ဒီ သူဌေးအိမ်ကို နွားနို့ ပို့နေကျပဲ ။ သူဌေးက နွားနို့ဖိုး မပေးလို့ စိတ်ဆိုးပြီး သ,တ်လိုက်တာဖြစ်မယ် ။ ကဲ ... အဲဒီ တော့ ရာကွတ်ကို ဖမ်းပြီး ရိုက်စစ်လိုက်ရုံနဲ့ ကွိ ဆို မိပေါ့ ”


“ ဟုတ်ပါ့ဗျာ ။ ကဲ ... ပြောနေကြာတယ် ။ အခုပဲ သွားဖမ်းပြီး အမြန်ဆုံး ရိုက်စစ်လိုက်ရအောင် ။ တော်ကြာ ကျုပ်တို့ ဖော်ထားတဲ့တရားခံကို တခြားလူတွေ နာမည်ကောင်းယူပြီး ဝင်ဖမ်းသွားလို့ ဟုတ်ပေ့ဖြစ်နေဦးမယ် ”


ဟုကျွန်ုပ်ကိုပါ ဘာမဆိုင်ညာမဆိုင် စောင်းမြောင်းပြောဆိုပြီး သုတ်သီးသုပျာနှင့်နွားနို့ပို့သည့်ကု,လားကို ဖမ်းရန်ထွက်ခွာသွားကြ လေသည် ။ သူတို့ထွက်သွားမှ တပည့်မောင်နှင်းလေးက မကျေမနပ်ဖြင့် ...


“ ဘာလို့ သည်လောက်သည်းခံနေတာလဲ အဘဆရာရယ် ။ ကျွန်တော်သာဆို လက်သီးနှစ်လုံးလောက်တော့ လက်ဆောင်ပေး လိုက်မိမှာပဲ ”


မောင်နှင်းလေး၏ စကားကြောင့် ကျွန်ုပ် ပြုံးမိ၏ ။ 


“ မလိုပါဘူးတပည့်ရာ မပြည့်တဲ့အိုး ဘောင်ဘင်ခတ်သွားတာပါ ။ကိုင်း ... သေသူကိုကြည့်ရအောင် ”


ဟုဆို၍သေသူ သူဌေးကြီး ဦးရွှေတောကို ကြည့်လိုက်ရာလည်ပင်းတွင် ညိုမည်းနေသောဒဏ်ရာနှင့် မျက်လုံးပြူးထွက်နေပြီး လျှာလည်းထွက်နေသည် ။ မသေဆုံးမီမချိမဆံ့ ခံစားသွားရပုံမျိုး ။ ကျွန်ုပ်လည်း သေဆုံးသူကို ကြည့်ပြီး တပည့်မောင်နှင်းလေး၏ စုံထောက်တို့ တတ်အပ်သော စူးစမ်းမှု အစွမ်းကိုသိလိုသဖြင့် ...


“ ကိုင်း .. မောင်နှင်း .. သေသူကိုကြည့်ပြီး မင်း .. ဘယ်လို ဘယ်လိုကောက်ချက်ဆွဲမလဲ ... ”


မောင်နှင်းလေးမှာ တပည့်ကောင်းပီပီ မဆိုင်းမတွပင် ... 


“ လည်ပင်းမှာ ညိုမည်းနေတာဆိုတော့ ဓားနဲ့ထိုးတာတော့ မဟုတ်နိုင်ဘူး ”


“ နင့်မေကလိန်း ။ လည်ပင်းမှာညိုမည်းနေမှတော့ ဓားနဲ့ထိုးတာဖြစ်ပါ့မလား ငါဖင်ပိတ်ကန်လိုက်ရ ...  ”


ကျွန်ုပ် ငေါက်ငမ်းလိုက်သဖြင့် မောင်နှင်း မှာမျက်လုံးကလေး ကလယ်လယ်နှင့် ဖြစ်သွား၏ ။


“ ကဲ ... နောက်သေချာတဲ့ထင်မြင်ချက်ကို ထပ်ပြော ” 


ဤတစ်ကြိမ်တွင် မောင်နှင်းသည် မှားသွားမည်စိုးရိမ်၍လား မသိ ။ ဖင်ကို လက်ဖဝါးနှစ်ဖက်နှင့် ကာပြီး ...


“ သူဌေးကြီးက မိန်းမနှစ်ယောက်ယူထားတာ ဆိုတော့ တစ်ယောက်ကမယားငယ်ပေါ့ ”


မောင်နှင်း အဖြေကြောင့် ကျွန်ုပ်မှာ ပို၍ ဒေါသဖြစ်သွားပြီး


“ တယ်လေ ... ငါပိတ်ကန်ထည့်လိုက်ရ ။ မိန်းမနှစ်ယောက် ယူထားမှတော့ တစ်ယောက်က မယားငယ်ပေါ့ကွ ။ ငါပြောတာ အမှုနဲ့ ပတ်သက်တာကို ပြောခိုင်းတာ ”


မောင်နှင်း၏ မျက်နှာမှာ ဆီးရွက်လောက်သာ ကျန်တော့၏ ။ ကျွန်ုပ်လည်း သူ့ကို ကြည့်ပြီး ပို၍အားမလိုအားမရဖြစ်လာကာ ... 


“ ဆက်ပြော သေသူနဲ့ပတ်သက်ပြီး မင်းရဲ့ထင်မြင်ချက် ” 


ကျွန်တော် ဒေါသထွက်နေပြီကို သိသော မောင်နှင်း မှာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ...


“ ဟုတ် .. ဟုတ်ကဲ့ ။ သေဆုံးသူသူဌေးကြီးဟာ အင်မတန် သတ္တိကောင်းပုံရတယ် ”


ကျွန်ုပ် စိတ်ဝင်စားသွား၏ ။ဒီကောင်မဆိုး ။


“ ဘာဖြစ်လို့လဲ ”


ကျွန်ုပ် အနည်းငယ်စိတ်ပြေသွားပြီကို သိသော မောင်နှင်းမှာ အနည်းငယ် အားတက်လာပြီး ...


“ အဘဆရာကြည့်လေ ။ သူ သေတဲ့အထိ သူ့ကို လည်ပင်း ညှစ်သ,တ်တဲ့လူကို မျက်လုံးပြူးပြီး လျှာထုတ်ပြသွားသေးတယ် ” 


ကျွန်ုပ်လည်း အလွန့်အလွန်ဒေါသထွက်သွားသဖြင့် ...

 

“ ဟေ့ကောင် .. မင်း ဘာစကားပြောတာလဲ ”


မောင်နှင်း မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ...


“ ခင်ဗျာ ”


“ ကျွန် ... ကျွန်တော် .. သူ .. သတ် .. သတ် ... ”


“ တိတ် ”


“ ဟုတ် ... ဟုတ်ကဲ့ ”


မောင်နှင်းမှာ ကြောက်လွန်း၍ ဒူးများပင် တဆတ်ဆတ်တုန်သွား၏ ။


“ မင်းမှတ်ထား ၊ မျက်လုံးပြူးပြီး လျှာထွက်တာ လည်ပင်းညှစ်ရင် ဓမ္မတာကွ ... ”


“ ခင်ဗျာ .. သူဌေးကြီးဦးရွှေတောကို မျက်လုံးပြူး ၊ လျှာထွက် လောက်အောင်လည်ပင်းညှစ်သ,တ်တာ ဦးဓမ္မတာ ဟုတ်လား ”


“ အား ... ဒီကောင်ကွာ ... ကိုင်း ” 


“ ဖုန်း .. ဖုန်း ...  ”


“ အောင်မလေး ကြောက်ပါပြီအဘဆရာရဲ့ ”


ကျွန်ုပ်လည်း ဤမျှတုံး ' အ ' လှသော တပည့်မောင်နှင်း၏ တင်ပါးဆုံကို ဒေါသတကြီး နှစ်ချက်ခန့်ဆင့် ကန်ထည့်လိုက်မိ၏ ။ 


“ ဒီလောက်တုံးတဲ့ကောင် ။ ငါ ... တယ်လေ ”


ဟုဆိုပြီး မောင်နှင်း၏ နားရွက်ကို ဆွဲပြီး ...


“ လာ ... ဒီမှာကြည့် ၊ တစ်ခုတွေ့လား ”


သေသူရဲ့ ဘယ်ဘက်နံကြားမှာ ခြေရာ


“ ဟုတ် ... ဟုတ် ... တွေ့ပါတယ် ”


“ အဲဒီခြေရာကို ကြည့်ခြင်းအားဖြင့် သေဆုံးသူနဲ့ လူသ,တ်တ ရားခံဟာ မသေခင်သတ်ပုတ်ခဲ့ပုံရတယ် ။ မဟုတ်ဘူးလား ”


ကျွန်ုပ်၏ စကားကို မောင်နှင်းအဖြေမပေးမီ အိုင်ပီဗြောင်ငြင်းမှ ...


“ မဟုတ်ဘူးအဘ ၊ အဲဒီခြေရာဟာ ခုနတုန်းကခြေဖဝါးမောင်မောင်ကြီး အဘလိုပဲ မော့တော့မော့တော့နဲ့ဝင်လာပြီး ချော်နင်းသွားတာ ”


အိုင်ပီဗြောင်ငြင်း၏ အဖြေစကားကြောင့် ကျွန်ုပ်လည်းရှက် ကိုးရှက်ကန်းဖြင့် ...


“ အဲဒီလိုဆိုလည်းပြီးရော မင်းတို့ အဲဒီလိုနမော်နမဲ့ မလုပ်နဲ့လေကွာ .. ”


အိုင်ပီဗြောင်ငြင်းကိုငေါက်ငမ်းလိုက်ပြီး အခန်းတွင်း ဝေ့ကြည့်ကာ ..


“ ဟောဟိုမှာတွေ့လား ။ ဖရဲသီးအခွံတွေ ။ အဲဒီဖရဲသီးအခွံတွေ ကြည့်ခြင်းအားဖြင့် သေသူနဲ့တရားခံဟာ ယခင်ကသိဟောင်းကျွမ်းဟောင်းတွေဆိုတာ သိသာတယ် ။ ဘာ့ကြောင့်လဲဆိုတော့ မကြာ သေးတဲ့အချိန်က သူတို့နှစ်ဦး ကြည်ကြည်နူးနူးနဲ့ ဖရဲသီးအတူထိုင် စားခဲ့ကြတာဖြစ်မယ် ... ”


ကျွန်ုပ်၏ စကားကို အိုင်ပီဗြောင်ငြင်းမှပင် ... 


“ အဲဒါလည်း မဟုတ်သေးဘူးအဘ ။ အဘတို့ မရောက်ခင် လေး သံပြာအောင်မြင့်ကအသံဝင်နေလို့ ဆိုပြီး ဖရဲသီးသုံးလုံးတရွှမ်းရွှမ်းနဲ့ ဟောလိုခွဲပြီးတော့ ထိုင်စားသွားတာ ... ”


အိုင်ပီဗြောင်ငြင်း စကားကြောင့် အရှက်ကြီးသောကျွန်ုပ် အဖို့ ပို၍ အရှက်ရစေလေသည် ။ သို့သော် သက်ရင့်ဆရာပီပီ အလျှော့မပေး သေးဘဲ


“ ဒါတွေသက်သေခံပစ္စည်း ဖြစ်ချင်ဖြစ်မှာပေါ့ ။ပစ္စလက်ခတ် မလုပ်ပါနဲ့ ။ ကိုင်း .. မောင်နှင်း ဟောဒီမှာဆက်ကြည့် ။ သေသူဟာ အင်္ကျီအဝတ်အစား ဘာမှ မဝတ်ထားပုံထောက်ရင် သူဟာရန်သူလာမှာကို ကြိုသိလို့ခုခံကာကွယ်ဖို့ အသင့်စောင့်နေတာဖြစ်ကိုဖြစ်ရ မယ် ... ”


ဤတွင် သေသူ၏ ခြေရင်းတွင် ထိုင်နေသော မိန်းမနှစ်ဦးအနက် တစ်ဦးမှ ငိုနေရင်း ...


“ မဟုတ်ပါဘူးရှင် ။ သူ ခုနလေးမှအပြင်ကနေ အရက်မူး ရောက်လာပြီး ဒီမှာ လဲကျ ။ ပြီးတော့ ကျွန်မကို အင်္ကျီချွတ်ပေး ပူတယ် ဆိုလို့ ကျွန်မပဲဟောဒီ လက်နဲ့ ချွတ်ပေးခဲ့တာပါ ... ”


ဟုဆိုပြီး ငိုသံဖြင့် ဆက်၍  ...


“ ဟီး ... အစ်ကိုကြီးရယ် အဖြစ်ဆိုးလှချေလား ။ သေတာတောင် ကြွေဗေဒင်တွက်သူကတွက် ၊ လက္ခဏာကြည့်သူကကြည့် ၊ တလွဲတွေလာပြောသူကပြောနဲ့ ။ အစ်ကိုကြီးကို သ,တ်သွားတဲ့ လူကတော့ ဖင်ခါ ပြီး လျှောက် က နေရင်တောင် ဒီလို စုံထောက်စုတ်တွေ ၊ သက်ကြားအိုအဘိုးကြီးတွေက ဒီတစ်သက် ဖမ်းမိတော့မှာမဟုတ်ပါဘူး ။ အောင်မလေး ။ အဖြစ်ဆိုးလှချည့်လား အစ်ကိုကြီးရဲ့ ”


ဟုပြောလည်းပြော ငိုလည်းငို ကျွန်ုပ်တို့ကိုလည်း သိက္ခာချနေ ပြန်သဖြင့် များစွာ အရှက်ရလေသည် ။ ကျွန်ုပ်လည်းမည်သို့မည်ပုံ လုပ်ရမည်မသိဘဲ ဘေးဘီဝေ့ကြည့်လိုက်ရာ အိမ်နံရံတွင် မီးသွေးခဲနှင့် ရေး ထားသောစာကြောင်းတစ်ကြောင်း ။ ထိုစာကြောင်းကို မြင်သော် ကျွန်ုပ်၏ ဦးခေါင်းထဲတွင် ပဟေဠိများ မြောက်မြားစွာတိုးဝင်လာလေသည် ။ ကျွန်ုပ် ရုတ်ခြည်းတည်ကြည် သွားပုံကို ကြည့်ပြီး တပည့်ကလေးမောင်နှင်းမှာ ဇဝေဇဝါဖြင့်နံရံမှ စာတန်းကို ဖတ်ကြည့်လိုက်သည် ။


“ ဖရဲသီးသုံးလုံး အိမ်မြှောင်သုံးကောင် ”


“ ဖရဲသီးသုံးလုံး အိမ်မြှောင်သုံးကောင်တဲ့ ဘာအဓိပ္ပာယ်လဲ အဘ ”


ကျွန်ုပ်လည်း သက်ပြင်းကိုလေးတွဲချပြီး လွန်စွာတည်ကြည်သော လေသံဖြင့် ...


“ မောင်နှင်း .. သေသူရဲ့ ညာဘက်လက်မောင်းကိုကြည့်စမ်းအိမ်မြှောင်သုံးကောင် ခေါင်းချင်းဆိုင်ပုံရှိရဲ့လားလို့ ”


မောင်နှင်းသည်ကျွန်ုပ်၏ စကားကို မယုံတစ်ဝက်ယုံတစ်ဝက်နှင့် သေသူ၏ လက်မောင်းကို ကြည့်လိုက်ရာ ...


“ ဟာ... ဟုတ်ပါ့အဘရေ ။ အိမ်မြှောင်သုံးကောင်ခေါင်းချင်းဆိုင်နေတဲ့ပုံရှိတယ်ဗျ ”


“ အဲဒီအိမ်မြှောင်သုံးကောင်မှာဘာထူးခြားလဲ ”


မောင်နှင်းကလေးမှာ အိမ်မြှောင်သုံးကောင်ကို အသေအချာကြည့်ပြီး ...


“ နှစ်ကောင်ကအစ်မဖြစ်လောက်တယ် ... ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အိမ်မြှောင်နှစ်ကောင်က တင်ပါးနည်းနည်းကြီးနေတယ် ။ ဟုတ်ပါပြီ ။ ဒါကြောင့်သူဌေးကြီးဦးရွှေတောဟာ မိန်းမနှစ်ယောက် ယူထား တာဖြစ်မယ် ”


မောင်နှင်း၏ စကားကြောင့် ကျွန်ုပ်မှာ ဒေါသထွက်ပြီးလျှင် .. 


“ တယ်လေ ... ဒီကောင် ... ငါ.. ဖင်ပိတ်ကန်ရမကောင်း ရှိရော့မယ် ။ အိမ်မြှောင်သုံးကောင်ဘာအရောင်လဲ မေးနေတာ ” 


မောင်နှင်းမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ... 


“ အနီတစ်ကောင် ၊ အစိမ်းတစ်ကောင် ၊ အနက်ကတစ်ကောင်ပါ ... ”


ကျွန်ုပ်လည်း လေးလေးနက်နက်စဉ်းစားပြီးမှ ရင်ခေါင်းသံနှင့်ညည်းတွားရင်း ...


“ အင်းသေချာပါပြီ ”


ဤတွင် လွန်စွာစပ်စုတတ်သောတပည့် မောင်နှင်းသည် ကျွန်ုပ်အနား ရောက်လာပြီး ...


“ ဘာတွေ သေချာနေတာလဲ အဘ ”


ကျွန်ုပ်လည်း ချက်ချင်းအဖြေမပေးသေးဘဲ သက်ပြင်းကို လေးတွဲတွဲ ဟန်ပါပါသမာဓိချ ချရင်း ...


“ ပြောရရင်တော့ အရှည်ကြီးပေါ့ကွာ ”


မောင်နှင်းမှာ သိလိုဇောဖြင့်


“ လမ်းထိပ်က ကွမ်းယာရောင်းတဲ့ အရှည်ကြီးလား ” 


ကျွန်ုပ်လည်း ဒေါသထွက်သွားပြီး ... 


“ တယ်လေ .. ဒီကောင်တော့ ငါလုပ်လိုက်ရ မကောင်းရှိရော့မယ် ။ ငါပြောတာကိုတိတ်တိတ်ကလေး နားထောင် ”


မောင်နှင်းမှာ ကြောက်ကြောက်လန့်လန့်ဖြင့် ...


“ ဟုတ် ... ဟုတ်ကဲ့ ”


သူငြိမ်သွားတော့မှ ကျွန်ုပ်လည်း စကားကို ထပ်ဆက်ရလေတော့သည် ။


“ အိမ်း ... သူဌေးကြီးဦးရွှေတောဟာ အမှန်တော့အိမ် မြှောင်သုံးကောင်ဂိုဏ်းကပေပဲ ”


“ ဗျာ ... အိမ်မြှောင်သုံးကောင်ဂိုဏ်း ဟုတ်လား ” 


“ အိမ်း .. ဟုတ်တယ်ကွ ။ သူ့လက်မောင်းက အရုပ်ဟာ အိမ် မြှောင်သုံးကောင်ဂိုဏ်းရဲ့တံဆိပ်ပေပဲ ။ အိမ်မြှောင်သုံးကောင်ဂိုဏ်းသားတွေဟာ အဆင့်သုံးဆင့် ခွဲထားတယ်ကွယ့် ။ ပထမအဆင့် အနေနဲ့ ကိုယ်ခံပညာ ကုံလုံအောင်တတ်ရင် အိမ်မြှောင်အနက် ၊ ဒုတိယအဆင့် သူတို့အခေါ် အဝေါ်အရ စိတ္တဒုက္ခ လို့ ခေါ်တဲ့ အတွင်းစိတ်နှင့် လှည့်ဖြား နည်းကိုတတ်ရင် အိမ်မြှောင်အနီ ၊ တတိယအဆင့် လက်စားချေကျွမ်းကျင်အဆင့်အနေနဲ့ အိမ်မြှောင်အစိမ်း ဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့် ထိုးခဲ့ရတာပေါ့ကွယ် ”


“ ဟင်း ... ဒါဆိုဒီသူဌေးကြီးဦးရွှေတောဟာ အဆင့်မြင့်အိမ် မြှောင်သုံးကောင်ဂိုဏ်းသားပေါ့နော် ... ”


အိုင်ပီဗြောင်ငြင်း၏ ကြားဖြတ်အမေးကို ကျွန်ုပ်ကဖြေရန် ဣန္ဒြေကြည့်ကြည့်နေချိန် ငိုနေသော အမျိုးသမီးတစ်ဦးက ... 


“ ဘယ့်နှယ် အိမ်မြှောင်သုံးကောင်ဂိုဏ်းသားရမှာတုံး ။ တမြန်နှစ်ကတင် ပွဲဈေးမှာ အရက်မူးပြီး ကျွန်မကို ဘာအရုပ်ထိုးရင် ကောင်းမလဲဆိုပြီး မေးလို့ ကျွန်မကပဲ အိမ်မြှောင်ပုံ ထိုးချင်ထိုးလို့ပြောလိုက်လို့ မူးမူးရူးရူးနဲ့ အိမ်မြှောင်သုံးကောင် အရောင်စုံ ထိုးခဲ့တာပါတော် ။ သူတို့နဲ့ တွေ့မှပဲ အိမ်မြှောင်ဂိုဏ်းသားဖြစ်ရတော့တယ် ”


ဟု ဆိုလိုက်လျှင် ကျန်တစ်ယောက်မှာလည်း အားကျမခံ ... 


“ ဟုတ်ပတော် ကျုပ်နဲ့ ကိုရွှေတောဟာ ငယ်လင်ငယ်မယားပါ ။ ဂိုဏ်းဆိုလို့ သစ်ကိုင်းတောင် အိမ်ထဲ အဝင်ခံတဲ့လူမျိုးမဟုတ်ပါဘူးတော် ။ ရှင်တို့စုံထောက်ရှော်ကြီးတွေနဲ့တွေ့မှပဲ ဘာမဆိုင်ညာမဆိုင် ပွဲဈေးမှာ မူးမူးနဲ့ထိုးထားတဲ့အိမ်မြှောင်တောင် ဂိုဏ်းဖြစ်ရတယ်လို့တော် လူနောက်ကြီး .. သိပ်နောက်တဲ့လူ ... ”


ဟု ထပ်မံ ဆိုလိုက်သော် ကျွန်ုပ်လည်း အနှီအမျိုးသမီးနှစ်ဦးကို လွန်စွာ ကရုဏာသက်သောမျက်လုံးမျိုးနှင့် ကြည့်ပြီး ... 


“ ဪ အသိမကြွယ်သေးတဲ့ မိန်းမသားတွေကိုး ။ အိမ်းလေ ဘယ်သိပါ့မလဲ ။ ဗဟုသုတဖြစ်အောင်မှတ်ကြကွဲ့ ... အမှန်တော့ အိမ်မြှောင်သုံးကောင်ဂိုဏ်းသားတွေဟာ စုတ်ထိုးဆရာ ဟန်ဆောင်ပြီး အရပ်တကာလှည့် သိဒ္ဓိတင်ပေးကြတာကိုးကွဲ့ ” 


အိုင်ပီဗြောင်ငြင်း မှာ ကျွန်ုပ်၏ စကားကိုစိတ်ဝင်စားသွားပြီး ..


“ ဟုတ်လားအဘ ။ ဒါနဲ့ဆက်ပါဦး အိမ်မြှောင်သုံးကောင်ရဲ့ အဓိပ္ပာယ်က ”


သူက စိတ်ဝင်တစား မေးလာတော့လည်း ကျွန်ုပ်လည်းကျွန်ုပ် သိထားသောမာမူကြီးပိဿချိန်စာပေမှ မှတ်သားဖတ်ရှုခဲ့သော ဗဟုသုတများဖြင့် ရှင်းပြရလေတော့သည် ။


“ ဒီလိုကွယ့် ။ အိမ်မြှောင်သုံးကောင်ဆိုတဲ့ အဓိပ္ပာယ်က သူတို့ ဂိုဏ်းသားတွေဟာ တစ်နေရာကို ရောက်ပြီဆိုရင် အိမ်မြှောင်လိုပဲ မလှုပ် မယှက်နဲ့ သားကောင်ကို စောင့်နေတတ်ကြတယ် ... ”


ဤတွင် အမျိုးသမီးများက


“ အောင်မလေး ... တစ်နေရာမှာပဲ မလှုပ်မယှက်နေသတဲ့ ။ ဒီလောက် အိမ်မကပ်ဘဲလမ်းများ ၊ လမ်းသလားနေတတ်တဲ့ မျောက်ကိုမှ တစ်နေရာတည်း ငြိမ်နေသတဲ့ ... အခုပဲ ယောက်ျားလတ်လတ်ဆတ်ဆတ်ကြီး သေတာမိုလို့နော် ... နောက်မဟုတ်ရင် မပန်းကျင်တို့က ဗြဲခနဲ ရယ်ပြီးသားပဲ ... လူနောက်ကြီး မျက်နှာတည်နဲ့ လာနောက် နေတယ် .. ”


အိုင်ပီဗြောင်ငြင်း မှလည်း ဝင်ရောက်ထောက်ခံသည် ။


“ အေးလေ ... ဟုတ်ပါ့ ။ ဒီသူဌေးဦးရွှေတောဟာ တစ်ချိန် လုံးမူးရူးပြီး လျှောက်သွားနေတာ ။ တစ်ခါမှ အငြိမ်နေတယ်လို့ကို မတွေ့ဖူးပါဘူး ”


သူတို့၏ ဆန့်ကျင်ဘက်စကားများကြောင့် ကျွန်ုပ်လည်း ပြန်ဖြေရှင်းရလေ၏ ။ မှတ်ကရော့ ... ။


“ အိုကွယ် ... ဒါကတော့ အိမ်မြှောင်ထဲမှာ အဆော့သန်တဲ့ အိမ်မြှောင်မို့ ဖြစ်မှာပေါ့ ။ ဘယ်သတ္တဝါမှာမဆို ဒီလိုဆော့တတ်တဲ့ ကောင်မျိုးတွေ ရှိတတ်တာပဲ ” 


ဤတွင်လွန်စွာစပ်စုတတ်သောမောင်နှင်း မှ ..


“ ဒါနဲ့ ... အဘ သူ့ကိုသ,တ်တာက ”


ကျွန်ုပ်လည်း သက်ပြင်းရှည်ချ၍ 


“ ဖရဲသီးသုံးလုံးဂိုဏ်းကပေါ့ကွယ် ” 


“ ဖရဲသီးသုံးလုံးဂိုဏ်း ”


“ ဟုတ်တယ်ကွယ့် ။ သူတို့တစ်တွေဟာ ယခုဘဝမှာသာလျှင် ရန်ငြိုးရန်စရှိကြတာမဟုတ်ဘဲ ဟိုး  ... ဖြုတ်ဘဝထဲက ” 


“ ဟို .. ယခင်လုပ်ပါ အဘ ”


ကျွန်ုပ်လည်း စကားမဆုံးမီဖြတ်ပြောလိုက်သော မောင်နှင်းကို 


“ မင်းဘာသိလို့လဲ ။ သူတို့ဂိုဏ်းတွေက ဟိုး ... ရခိုင်လူမျိုးက ဆင်းသက်လာတာ ”


ကျွန်ုပ်၏ စကားကို မိန်းမကြီးမှ ...


“ အမယ်လေးတော် ... ကျုပ်ယောက်ျားက အညာသားစစ်စစ်ပါတော် ။ သူ့လက်ထက်ကျမှ ဖြုတ် ဖြစ်လိုဖြစ် ၊ ရခိုင် ဖြစ်လိုဖြစ်နဲ့ ကြား ကြားဖူးပေါင်တော် ။ မယုံရင်လူဝင်မှုကြီးကြပ်ရေးမှာ သွားကြည့် ။ ကျွန်မ ယောက်ျားကိုရွှေတော ရော ၊ သူ့အဖေ ဦးကြက်တော ရော ၊ သူ့အဘိုး ဦးတောကျော် ရော အကုန်အညာသားတွေချည်းပါပဲတော် ။ တကတည်း ” 


ကျွန်ုပ်လည်း ဤမိန်းမများရှေ့တွင် မည်သို့မှ စကားကောင်း ပြော၍ရတော့မည်မဟုတ်သည်ကို သိရှိ၍ အမှုအကြောင်း ဘာမှဆက် မဆွေးနွေးတော့ဘဲ ...


“ ကိုင်းကိုင်း ... မင်းတို့ကို ပြောလို့ကတော့ ဘာကိုမှ ယုံကြည် ကြမှာမဟုတ်ပေဘူး ။ တရားခံ မိမှပဲ ဖရဲသီးသုံးလုံးနဲ့ အိမ်မြှောင်သုံးကောင်အကြောင်းကို မြိန်ရေရှက်ရေမေးပြီး အမှုအကြောင်း စားမြုံ့ပြန်ကြပေရော့ ... ”


ဤသည်ထိ မိန်းမများမှာ အလျှော့မပေးသေးဘဲ ...

 

“ အောင်မလေးတော် ။ ဒီတစ်သက် တရားခံမိအောင် ဖမ်းပေးပါဦး ။ တရားခံ ပေါ်လို့ကတော့ ရှင်တို့လို တစ်သက်လုံး မစွံခဲ့တဲ့ လူမြုံအိုကြီးတွေကို ရွံသွားအောင်တစ်ရွာဝင် တစ်ရွာထွက်ခေါင်းပေါ်ရွက်ပြီး ချဉ်ပါဒစ်စကောင့်ပေးပြီးလည်ရောင်းပေးပါ့မယ်တော် ... ဘုရားစူးစေ့ ”


ဤမျှလောက် ကျွန်ုပ်၏ အစွမ်းအစကို အထင်သေးလှသော အနှီမိန်းမများကို ကျွန်ုပ်ဒေါသထွက်မိသော်လည်း ပညာရှိအမျက် အပြင်မထွက်ဆိုသကဲ့သို့ ဆက်ပြောနေလျှင်လည်း မည်သို့မှအကျိုး မထူးနိုင်သည်ကို တွေးမိပြီးအနီးအနားကို ဝေ့ကြည့်လိုက်ရာ ဗွက်များ နှင့်ပေကျံနေသောခြေရာတချို့ ၊ သေဆုံးသူသူဌေးကြီး ဦးရွှေတော၏ ခြေထောက်ကို ကြည့်လိုက်သော်လည်း ရွှံ့ဗွက်များ ပေကျံနေသည် ကို မတွေ့ရ ။ သေချာပြီ ။ ဒါလူသ,တ်ကောင်ရဲ့ ခြေရာပဲဖြစ်ရမယ် .. မှန်း ... ကျွန်ုပ်လည်း ခြေရာကိုသေချာစေရန်အတွက်အိတ်ထဲမှ မှန်ဘီလူးကို ထုတ်၍ အနီးကပ်ကြည့်လိုက်ရာ ...


“ အောင်မလေးတော် သေတဲ့သူက သေပြီးမှ လက္ခဏာကြည့်တဲ့ လူကကြည့် ၊ ကြွေဗေဒင် တွက်တဲ့လူက တွက်နဲ့ အားမရနိုင်သေးဘူး ။ ခြေခဏာပါ လာကြည့်နေပြန်ပြီတော် ။ တကတည်း ကိုရွှေတောရေ ထကြည့်ပါဦး ။ ရှင့်ခြေခဏာ ကြည့်ပြီးဝိညာဉ်လမ်း ဖြောင့်တန်းအောင် ယတြာချေခိုင်းဦးမလို့လား မသိပါဘူးတော် ”


ဟူသော အသံဆိုး တစ်ခု ။ 


ကျွန်ုပ်လည်း အနှီအသံများကို ဂရုမစိုက်တော့ဘဲ တပည့်ကျော် မောင်နှင်းကလေး ကို လက်ယပ်ခေါ်ပြီး ခြေ ရာနောက် လိုက်သွားရာ ... လွန်စွာမှ ရှေးကျသော ကျွန်းတံခါးအိုကြီး တစ်ခုတွင် ခြေရာများ က လမ်းဆုံးနေသည် ။ ကျွန်ုပ်တို့လည်း ကျွန်းတံခါးကြီး အနီးမှ ပင့်ကူအိမ်များကို ရှင်းလင်းလေ့လာရာ အိမ်မြှောင်သုံး ကောင်ခေါင်းချင်းဆိုင်ထုထားသော လွန်စွာလက်ရာမြောက်သည့် တံခါးလက်ကိုင် တစ်ခု ကို တွေ့ရလေသည် ။


( မှတ်ချက် - နောင်လာနောင် သားများ လေ့လာနိုင်ရန်အတွက် ထိုအိမ်မြှောင်သုံးကောင်တံခါးလက် ကိုင်ကို ကျွန်ုပ် မှတ်မိသလောက် ရေးဆွဲပြပါမည် ။ ) 


ထိုတံခါးလက်ကိုင်ဘုကို လှည့်လိုက်ရာ ကျွိခနဲ ပွင့်၍ မှောင်မည်းနေသော မြေတိုက် ခန်းတစ်ခုကို ဘွားခနဲတွေ့လိုက်ရသည် ။ ကျွန်ုပ်လည်းတပည့်ကျော်၏ ရှေ့တွင် မပြေးသော်ငြားလည်း ကံရာရှိ ဆိုသကဲ့သို့ ဟန်လုပ်၍ မ ကြောက်ဟန်ဆောင်ကာ မြေတိုက်ခန်းထဲသို့ ဝင်လိုက်ရ၏ ။ 


“ ခမ်းမင် ... မောင်နှင်း ... ”


“ ကျွီ ..”


“ ဟာ ..”


ကျွန်ုပ်တို့ အောက်ကိုရောက်သည်နှင့် မြေအောက်တံခါးကြီး မှာ သူ့အလိုလို ပြန်ပိတ်သွားလေတော့၏ ။ မှောင်နှင့်မည်းမည်း ထဲတွင် တစ်ယောက်ကို တစ်ယောက်ပင် သဲသဲကွဲကွဲ မမြင်ရ ။ မောင်နှင်း ကြောက်ရွံ့နေသော ဒူးရိုက်သံ အတိုင်းသားကြားနေရ၏ ။


ကျွန်ုပ်လည်း ဤမျှအဖြစ်သည်းနေလှသော တပည့်ကျော်ကို မကျေမနပ်ဖြင့်


“ ဟေ့ကောင် မောင်နှင်း ”


“ ခ ... ခ ... ခမျာ ... အ ... အ .. ဘ ” 


ကြောက်ရွံ့လွန်း၍ထင့် စကားသံပင် အထစ်ထစ်အငေါ့ငေါ့ ကျွန်ုပ်လည်း ပို၍ ဒေါသဖြစ်သွားပြီး


“ မင်း ဒီလောက် ကြောက်တတ်နေရင် အမှောင်ထဲမှာမင်းရန်သူရှိရင် ဘယ်လိုလုပ်မလဲ ”


“ ကျွန်တော် ... ထွက် ... ထွက် .. ပြေးမယ် .. အ .. အဘ ...”


အနှီတပည့်ငယ်၏ စကားကြောင့် ကျွန်ုပ်မှာ ပို၍ဒေါသထွက်သွားပြီး ...


“ တယ်လေ . . ငါဖင်ပိတ်ကန်လိုက်ရ မကောင်းရှိရော့မယ် ။ ကိုင်း ... အမှောင်ထဲမှာ မင်းရန်သူ လူသတ်တရားခံ ရှိနေပြီ ။ မင်း ခေါ် ထုတ်ရမယ်ဆို ဘယ်လို ခေါ်ထုတ်မလဲ ”


“ ခင် ... ခင် .. ခင်ဗျာ ...”


 “ တယ်လေ ... ငါ ...”


ကျွန်ုပ်လည်း လွန်စွာဒေါသဖြစ်နေသည့်အပြင် ကျွန်ုပ်၏


နောင်တွင် အတွေ့အကြုံရစေရန် အတွက် တပည့်ငယ်လေး အားလည်း သင်ကြားပို့ချလိုသဖြင့် .. 


“ အမှောင်ထဲမှာ မင်းရန်သူရှိနေပြီ ။ သူ့ကို ခေါ်ထုတ်လိုက်စမ်း ”


အသံမကြား ။ 


“ ခေါ်လေကွာ  ”


ကျွန်ုပ် ထပ်မံငေါက်ငမ်းလိုက်မှ တုန်ရင်သောလေသံဖြင့်.. “ အ .. မှောင်ထဲက ဘုရားဒကာအစ်ကိုကြီး အပြင်ကို ခဏလောက် ထွက်ခဲ့ ... သူ့ကိုတို့ ဘာမှမလုပ်ရင် တို့ကိုလည်း မလုပ်ရဘူးနော် ... နော် ”


“ တယ်လေ .. ဒီကောင် ငါလုပ်ရ သေရော့မယ် ။ တရားခံကို ခေါ်ပါဆိုမှ မင့်ကြီးတော်ယောက်ျားတစ်ယောက် ခေါ်သလို ခေါ်လို့ ရသလား ။ ဒီမှာကြည့် ငါခေါ်ပြမယ် ”


ဟုဆိုပြီး အောင်မြင်ခန့်ညားသောအသံဖြင့် ...


“ ဟေ့ကောင်... ထွက်ခဲ့စမ်း ၊ မင်းဘယ်မှ ပြေးမလွတ်တော့ ဘူးကွ .. ဟား ဟား ပြောနေတာမကြားဘူးလား ။ ထွက်ခဲ့စမ်း ” 


ကျွန်ုပ်၏ အသံနှင့်အတူ အမှောင်ထဲမှ ရိပ်ခနဲလှုပ်ရှားသွားသည့် အရိပ်တစ်ခု ။ 


“ ဟိုက် ... ”


“ ဟင် ... ”


သေချာပြီ ။ အမှောင်ထဲမှာ လူတစ်ယောက် ။ ရုတ်တရက်မို့ ကျွန်ုပ်လည်း ကြောင်သွားသည် ။ အမှောင်ထဲမှ လူလည်း ကျွန်ုပ်တို့၏ လှုပ်ရှားမှုကို စောင့်ဆိုင်းနေပုံရ၏ ။ အတန်ကြာတော့မှကျွန်ုပ်လည်း သတိဝင်ပြီး ...


“ ဟေ့ကောင် .. မင်းဘယ်သူလဲ ”


မောင်နှင်း၏ မေးရိုက်သံက တဂတ်ဂတ် ။ အမှောင်ထဲမှာလူ ရိပ်ခနဲ လှုပ်ရှားသွားသည်နှင့် ကျွန်ုပ်လည်း ရှိသမျှအစွမ်းကို သုံးပြီး ... 


“ ဟေ့ကောင်မောင်နှင်း .. ဆုတ်ချည်ဖြန့်ချည်ဗျူဟာကို အသုံးပြုပြီး ငါညာဘက်ကထွက်ပြေးမယ် ။ မင်းဘယ်ဘက်ကလိုက် ” 


ဤတွင် အသုံးမကျလှသောတပည့်မှ ...


“ အဘ ... ဆုပ်ချည်ဖြန့်ချည်အစား ဖြန့်ချည်ဆုတ်ချည်ဗျူ ဟာကို သုံးပြီး ကျွန်တော် ဘယ်ဘက်က အရင် စပြေးမယ် ။ အဘ ညာဘက်ကစလိုက် ”


ကျွန်ုပ်လည်း လွန်စွာဒေါသထွက်သွားပြီး ...


“ ကိုင်း ... ကြာတယ်ကွာ ။ ဆုတ်ဖြန့်ဖြန့်ဆုတ်ဗျူဟာ နဲ့ နှစ်ယောက်လုံးပြေးမယ် ”


ဟု ဆိုပြီး နှစ်ယောက်စလုံးသုတ်ခြေအတင် အမှောင်အတွင်းမှ လူလည်း မည်သို့စိတ်ကူးပေါက်သည်မသိ ။ ကျွန်ုပ်တို့ လိုက်အပြေးအ သက်အရွယ်ကြီးရင့်နေပြီဖြစ်၍ နှေးကွေးသော ကျွန်ုပ်နှင့် ထိုသူ အမှောင်ထဲတွင် ဝင်တိုးမိသောအခါ ..


“ ဗြောင်း ... ”


“ အောင်မလေးဗျ ... သေပါပြီ ”


“ ဗြောင်း ” ဟူသောအသံမှာ အနောက်သို့ လှည့်ပြေးသော ကျွန်ုပ်၏ တံတောင်နှင့် အမှောင်ထဲမှ လူမျက်ခွက်ကို ထိသောအသံ ဖြစ်ပြီး အောင်မလေး ဟူသော အသံမှာမူ ကျွန်ုပ် လက်မှာ ထိုသူ၏ မေးရိုး နှင့်ထိပြီး အသည်းခိုက်အောင် နာကျင်သွားသော ကျွန်ုပ်၏ အော်သံပင် ဖြစ်ချေတော့၏ ။


သိုသော် ကံကြမ္မာကောင်းချင်သောအခါ ထိုသူမှာ ကျွန်ုပ် ၏ တံတောင်ချက်နှင့် နေရာတွင်ပင် ပက်လက်လန်ကျသွားပြီး တော်ရုံနှင့်ပြန်မထနိုင်တော့ပေ ။ ဤသည်ကိုအခွင့်ကောင်းယူ၍ ကျွန်ုပ်လည်း အပေါက် တွေ့လို့တွေ့ငြား အခန်းထဲ ကမူးရှူးထိုး လျှောက် ပြေးနေသော မောင်နှင်း ကို ...


“ ဟေ့ကောင် တရားခံက လဲနေပြီကွ ။ မင်း ဝင်ဖမ်းလိုက်စမ်း ” 


ဟု ဆိုလိုက်ရာ


“ ကျွန်တော် ကျွန်တော် ဖမ်းလို့ မဖြစ်ဘူးအဘ ။ ဒီလထဲ ဘယ်သတ္တဝါကိုမှ မဖမ်းရဘူးလို့ အဓိဋ္ဌာန် ဝင်ထားလို့ အဘပဲ ဝင်ဖမ်းလိုက် ... ”


မောင်နှင်းကလေး၏ စကားသည် ကျွန်ုပ်၏ စိတ်ကို ဆွပေးသလိုသာဖြစ် နေတော့၏ ။


“ တယ်လေ... ငါ လက်နာနေလို့ပေါ့ကွ .. ဝင်ဖမ်းကွာ ” 


ဟု ဆိုလိုက်မှ ကျွန်ုပ်ကိုကြောက်ရွံ့လေးစားသော မောင်နှင်းလေးမှာ မှောက်လဲနေသော တရားခံပေါ် ခွထိုင်ပြီး မည်သို့လုပ် လိုက်သည်မသိ ။


“ အားးးး အားးးး အောင်မလေး ... ဟေ့လူ ... မလုပ်နဲ့လေ ”


နာကျင်စွာ အော်ဟစ်နေသောတရားခံ၏ အသံ ။ မောင်နှင်း မည်သို့ လုပ်လိုက်သည်မသိ ။ ကျွန်ုပ်လည်း သိလိုလှသဖြင့် ... 


“ ဟေ့ကောင် မောင်နှင်း .. ဘယ်လိုပညာရပ်တွေ သုံးနေတာလဲကွ ... ”


မောင်နှင်းမှာ အားတက်သရောဖြင့် ...


“ ရှေးခေတ်ရောမသင်္ဂဟဗျူဟာပေါ့အဘ ။ ချက်စ်ဖိုက်တာဆိုတဲ့ ဗိုက်ခေါက်ဆွဲလိမ်နည်းပေါ့ဗျာ ... ”


အနှီသူငယ်၏ အဖြေစကားကြောင့် ကျွန်ုပ်လည်း လွန်စွာဒေါသထွက်သွားပြီး ...


“ မင်းကြီးတော် တရားခံဖမ်းပါဆို ဗိုက်ခေါက် ဆွဲလိမ်ထားရ သလား ။ တခြားတစ်နည်းပြောင်း ... ”


ဟု ဆိုလိုက်ရာ မောင်နှင်းမှာ ကြောက်ကြောက်လန့်လန့်နှင့် ဟုတ်ကဲ့အဘ ဟု ဆိုပြီး နည်းစနစ်အသစ် ပြောင်းလိုက်ရာ ... 


“ ဟာ ... ဟေ့လူ ... ဘာလုပ်တာလဲ ။ ယားတယ်ဗျ ။ မလုပ်နဲ့လေဗျာ ယားပါတယ် ဆိုနေမှ ဟာ မလုပ်ပါနဲ့ဆို .. ဟား ... ဟား .. ဟား .. ဟား ... ဟား .. မတ်တတ်ရပ်နေတဲ့ အဘကြီးခင်ဗျား ကူပြောပါဦး ။ ဒီမှာကလိလာထိုးနေလို့ဗျ ”


ကျွန်ုပ် ထိုတော့မှ သိလိုက်ပြီ ။ နည်းစနစ်ပြောင်းခိုင်းလိုက်မှ မောင်နှင်းမှာ ရန်သူကိုကလိထိုးနေခြင်း ဖြစ်ပေသည် ။ ကျွန်ုပ်လည်း ကြာလျှင် မိနေပြီးသား ရန်သူပင်ပြန်လွတ်သွားမည် စိုး၍...


“ ဟေ့ကောင်မောင်နှင်း လက်ထိတ်ခတ်လိုက်တော့ ”


“ ဟုတ်ကဲ့ အဘဆရာ ”


“ ကလစ် .. ကလစ် ... ”


လက်ထိတ်ကွင်းမှ မည်သံနှစ်ခု ။ ကျွန်ုပ်လည်း စိတ်ချရလောက်ပြီ ဖြစ်၍  ...


“ ကိုင်း .. မောင်နှင်းရေတရားခံကို အပြင်ခေါ်ထုတ်ခဲ့ ” 


မောင်နှင်းမှာ မဆိုင်းမတွပင်. .


“ ဟုတ်ကဲ့အဘ ။ ကိုင်း .. လာထ .. သွားမယ် ”


ဟုဆို၍ တရားခံကို လည်ကုပ်မှဆွဲမလိုက်ရာ ...


“ ဟာ .. ဟေ့လူ .. ဘယ်လိုလုပ်တာလဲ ။ မလုပ်နဲ့လေဗျာ ” 


တရားခံမှာ အကြာက်အကန်ပြော၏ ။ မောင်နှင်း မှာလည်း ဆရာကောင်းတပည့် ပန်းကောင်းပန် ဟူသော စကားလို ကျွန်ုပ်ဟန် အတိုင်း ...


“ မူယာမာယာလာ များမနေနဲ့ကိုယ့်လူ ။ အမြန်ဆုံးထနောက်မှ ကျုပ် အဆိုးမဆိုနဲ့ ”


ဤတွင် တရားခံမှာ ဒေါသတကြီးဖြင့် ...


“ ထလို့ ရမလားဗျ ။ ခင်ဗျားက လက်ထိတ်ကို ခြေတစ်ဖက် လက်တစ်ဖက် ခတ်ထားတာ ကျုပ်က ဘယ်လို ထမလဲ ” 


ကျွန်ုပ်လည်း ဤမျှစိတ်မရှည်နိုင်တော့ဘဲ ...


“ ကိုင်း .. မောင်နှင်း မင်းပဲတရားခံကို ထမ်းပြီး အပေါ်ခေါ်ခဲ့တော့ ”


အပြင်သို့ ရောက်လတ်သော်


“ ဟင် ... ”


“ အို ...”


ထိုသို့ အာမေဋိတ်သံများ ထွက်ပေါ်သွားရလောက်အောင် ကျွန်ုပ်တို့ကို တအံ့တဩနှင့် ငေးကြည့်နေလေသည် ။


ကျွန်ုပ်လည်း အိုက်တင်အပြည်ဖြင့်


“ ကိုင်း . . မောင်နှင်းရေ တရားခံကို အောက်ချလိုက်ပါဦး ”


“ ဒုန်း ”


“ အောင်မလေးဗျ သေပါပြီ ”


မောင်နှင်းမှာ တရားခံကို ထမ်းလာရတာကို မကျေနပ်၍ထင့် ပခုံးပေါ်မှ ထိုသို့သာပစ်ချလိုက်လေတော့သည် ။


“ ကိုင်း ... ဟေ့ကောင်ပြောစမ်း ဖရဲသီးသုံးလုံးအကြောင်း ”

 

တရားခံမှာ ချက်ချင်းပြန်မပြောနိုင်သေးဘဲ အတန်ကြာမှ .. 


“ အား .. ကျွတ်ကျွတ် ပြောပါ့မယ်ဗျာ ။ ဒါ .. ဒါနဲ့ .. အဘနာမည်က ”


ကျွန်ုပ်လည်း ဟန်ပါပါနှင့်


“ မိုင်နိမ်းအစ်(စ်) ကိုကိုကြီး ၊ အိုင်အိုဒင်းကိုကိုကြီး ”


တရားခံမှာ ကျွန်ုပ်၏ စကားကို ရုတ်တရက်ကြောင်သွားပြီး 


“ ဆားပုလင်းကိုကိုကြီး မဟုတ်ဘူးလားဗျာ ”


“ ကျုပ်က သူများတွေလို အညတရဆားပုလင်းမဟုတ်ဘူး ။ ဓာတုဗေဒနည်းနဲ့ သန့်စင်ထားတဲ့သန့်စင်ဆားအိုင်အိုဒင်းဆားပုလင်း ကွ ။ ဒါကြောင့် အိုင်အိုဒင်းကိုကိုကြီး ... ”


တရားခံမှာ ကျွန်ုပ်ကို လေးစားသော မျက်လုံးမျိုးနှင့်ကြည့်ပြီး 


“ ဂုဏ်ယူပါတယ်ဗျာ ။ ကျုပ်ကို ဖမ်းတဲ့လူဟာ နာမည်ကျော်စုံ ထောက်ကြီး အိုင်အိုဒင်းကိုကိုကြီးပဲ ဖြစ်ရမယ်လို့ ကျွန်တော် အစက တည်းက ယုံကြည်ထားပြီးသားပါ ”


ကျွန်ုပ် အနီးအနားက လူများကိုဝေ့ကြည့်လိုက်သည် ။ အား လုံး ကျွန်ုပ်ကိုလေးစားအားကိုးသော မျက်လုံးများနှင့်ကြည့်နေ၏ ။ ကျွန်ုပ်လည်း သူတို့ ပိုအထင်ကြီးသွားစေရန်


“ ကိုင်း ... ပြောစမ်း ... မင်းတို့ ဖရဲသီးသုံးလုံးဂိုဏ်းအကြောင်း ... ”


တရားခံမှာမျက်မှောင်ကြုတ်၍ ..


“ ဘယ်ကဖရဲသီးသုံးလုံးဂိုဏ်းလဲ ”


ကျွန်ုပ်လည်း ဒေါသထွက်ဟန်ဖြင့် ...


“ ဒီမှာကိုယ့်လူ ။ အိုင်အိုဒင်းကိုကိုကြီးကို ဒီလိုလှိမ့်လိုမရဘူး ဆိုတာ မင်းသိတယ်နော် ”


“ ဟာ . . သိပါတယ် ။ ကျွန်တော် မလိမ်ပါဘူး ။ အဘပြောတဲ့ဖ ရဲသီးသုံးလုံးဂိုဏ်းဆိုတာ ကျွန်တော်မှ မသိဘဲ ”


ကျွန်ုပ်လည်း သည်းမခံနိုင်တော့ဘဲ ...


“ ဒီနံရံမှာ ဖရဲသီးသုံးလုံး အိမ်မြှောင်သုံးကောင်ဆိုတာ မင်း ရေးထားတာမဟုတ်လား ”


“ ရေးတယ်လေ ဟုတ်တယ်လေ ”


“ ဒါဆို အဲဒီစာရဲ့ အဓိပ္ပာယ်က ဘာလဲ ...  ”


အဲလိုလေးပဲ မေးလိုက်တယ် ။ တရားခံမှာ ကျွန်ုပ်၏ စကားကို ယခုမှ သဘောပေါက်သလို ...


“ ဪ .. ဒါလား ”


“ ဪ ... ဒါလားမဟုတ်ဘူး ၊ ရေးထားတာကိုမေးတာကွ ၊ နော် .. ဘဆရာ ”


မောင်နှင်း၏ မဆီမဆိုင်စကားကြောင့် ကျွန်ုပ်ပင် ဖီးပျက်သွား ရ၏ ။ သို့သော်လည်း ...  ။ 


“ အေး .. အားလုံးကြားအောင်ပြောကွာ ” 


“ အဖြစ်က ဒီလိုပါ ”


“ ကျွန်တော် ဒီအိမ်ကပစ္စည်းခိုးဖို့လာတာပါ ”


“ ဟင် ... ”


“ အို ... ”


“ ဒါ .. ဒါဆို ဖရဲသီးသုံးလုံးဆိုတာက ”


အာမေဋိတ်အသံနှင့် အတူ ကျွန်ုပ်၏ အလောတကြီးအမေး ကို တရားခံလက်ကာပြ၍ ...


“ ပြောပြမယ်လေ ။ ဖရဲသီးသုံးလုံးက ဒီအိမ်ပေါ် တက်ခိုးပြီး ဘာမှမတွေ့ဘဲ မရ ရတာပဲခိုးမယ်ဆိုပြီး မီးဖိုချောင်ကတွေ့တဲ့ ဖရဲသီးသုံးလုံးကို ယူပြီး အိမ်ပေါ်အတက် အဲဒီအချိန်မှာပဲ သူဌေးကြီးဦးရွှေတောကအရက်မူးပြီး အိမ်ပေါ်တက်လာလို့ ကျွန်တော်လည်း ထုပ်တန်း ပေါ်တက်ပုန်း နေတုန်း အချစ်ပလူးနေတဲ့ အိမ်မြှောင်သုံးကောင်က ကျုပ်အပေါ် ဗြုန်းခနဲ ပြုတ်ကျလာလို့ ကျုပ်လည်း လန့်ပြီးခုန်ချလိုက်တာ မူးပြီး အိပ်နေတဲ့သူ ဌေးကြီးရဲ့လည်ပင်းကို ဒူးနဲ့ထောက်ကျပြီး သူဌေးခမျာအသံတောင် မထွက်နိုင်တော့ဘဲ ဆုံးသွားတာပါပဲ ။ အဖြစ်ကတော့ ဒါပါပဲဗျာ ။ ဘာဖရဲသီးသုံးလုံးဂိုဏ်းကမှ မဟုတ်ပါဘူး ။ အဲဒီစာ ကလည်း ဖရဲသီးသုံးလုံးကို တက်ခိုးလာတုန်း အိမ်မြှောင်သုံးကောင်ကြောင့် လူသ,တ်မှုဖြစ်ရတယ် ဆိုတဲ့အကြောင်းကိုရေးမလို့ပါ ။ စာက မဆုံးခင် သူဌေးကတော် အိမ်ပေါ်တက်လာလို့ ကျွန်တော် ခုန မြေ အောက်ခန်းထဲ ဝင်ပုန်းနေမိတာပါဗျာ ”


ကိုင်း .. ဤမျှလောက်ဆို ကျွန်ုပ်၏ ဖရဲသီးသုံးလုံးနှင့်အိမ်မြှောင်သုံးကောင်အမှုဆန်းကြီး အကြောင်းကို ပရိသတ် သိလောက်ရောပေါ့ ။ ဤမျှလောက် တက်တက်စင် လွဲချော်ခဲ့သော်လည်း သူဌေးကြီးဦးရွှေတော အသတ်ခံရမှုကို နာရီပိုင်းအတွင်း တရားခံမိအောင် ဖမ်းပေးခဲ့သော ကျွန်ုပ်အား နောက်တစ်နေ့ ခရော်နီကယ် သတင်းစာ ( ထိုစဉ်ကထိုသတင်းစာ တစ်စောင်သာရှိ၏ ) တွင် အိုင်အိုဒင်းကိုကိုကြီး အားဂုဏ်ပြုခြင်းဟူ၍ အကျယ်တဝင့်ဖော်ပြခဲ့လေသည် ။ 


〇 အကြည်တော်

📖အိုင်အိုဒင်းကိုကိုကြီး နှင့် ...


 

Friday, June 20, 2025

ကျွန်ုပ် နှင့် လုံးပျော့ကျပ်လျော့များ

❝ ကျွန်ုပ် နှင့် လုံးပျော့ကျပ်လျော့များ❞
        ( အကြည်တော် )
   
“ ဘလယ်ဒီဖူး ဘယ့်နှယ် လုပ်မှာ လဲ အိုင်အိုဒင်းကိုကိုကြီး ။ သေဆုံးသူ တရုတ်မကြီးဒေါ်နု ဟာ သင်္ချိုင်း မှာ အရိုးတောင် ဆွေးနေလောက်ပြီ ။ တရားခံ ကို မိဖို့ မပြောနဲ့ ။ ဘယ်သူ သ,တ်တယ် ဆိုတာ တောင် မသိသေးပါလား ။ ဒီကြား ထဲ လူသ,တ်တရားခံ အဖြစ် တရားရုံး တင်ထားတဲ့ ဘိုကြည် ကို အမှုစစ် နေတုန်း ဟို ဖီလိုဆိုဖီ မောင်ပါစီ ဆိုတဲ့ လူ က ဝင်ရောက် နှောင့်ယှက် နေသေး ။ ဘယ့်နှယ် လုပ်ရမလဲ မစ္စတာ အိုင်အိုဒင်းကိုကိုကြီး ”

အင်္ဂလိပ်အင်စပက်တော် မစ္စတာကလင့်ရစ်ချ် စကား ကြောင့် ကျွန်ုပ် မိန့်မိန့်ကြီး ပြုံးမိသည် ။ ကျွန်ုပ် ပြုံး နေသည် ကို ကြည့်ပြီး မစ္စတာကလင့်ရစ်ချ် မှ ..

“ ဘာတွေ သဘောကြပြီး ပြုံးနေတာလဲ မစ္စတာကိုကိုကြီး ။ ဒီမှာ လူသ,တ်တရားခံ မမိရလို့ စိတ်ညစ်နေရတဲ့ အထဲ ”

အင်စပက်တော် ၏ စကား ကြောင့် ကျွန်ုပ် ပို၍ ပြုံးချင်သွား၏ ။ ပြီးမှ သူ့ ကို စိုက်ကြည့်ကာ

“ လူသ,တ်တရားခံ ဟာ ခင်ဗျားတို့ ရှေ့မှာ အကြာကြီး ရှိခဲ့ပြီး မှ ဖမ်း မမိတာ ကို တွေးမိ လို့ ပြုံးမိတာပါ ”

“ ဘယ်လို ”

ကျွန်ုပ် ၏ စကား ကို အင်စပက်တော် မှ အံ့ဩတကြီး ဖြစ်သွား၏ ။

“ ဟုတ်တယ်လေ လူသ,တ်တရားခံ ဟာ ခင်ဗျားတို့ ရဲ့ မျက်စိရှေ့ မှာတင် မျက်စိ မှောက်အောင် လုပ်သွားတာ ”

အင်စပက်တော် မှာ ပို၍ အံ့အားသင့် သွားသည် ။

“ ဒါဆို လူသ,တ်တရားခံ ဟာ ကျုပ်တို့ မျက်စိရှေ့ က ဘယ်သူလဲ ”

သူ ၏ အမေး ကို ကျွန်ုပ် မိန့်မိန့်ကြီး ပြုံးပြီး ...

“ သေသူ ကို သိတယ် ။ သ,တ်တဲ့ အချိန် မှာ ရှိတယ် ။ ဘာကြောင့် သ,တ်လဲ သိတယ် ။ လူသ,တ်တရားခံ ကို သိတယ် ။ ဒါပေမယ့် သူ မပြော နိုင်ဘူး ဆို ကတည်း က လူသ,တ်တရားခံ ဟာ ဘယ်သူ ဖြစ်မလဲ ....”

အင်စပက်တော် မှာ ယောင်နန ဖြင့် ...

“ သူ ပဲ ဖြစ်မှာပေါ့ ”

ကျွန်ုပ် မှာ လည်း မှင်မောင်း အပြည့်နှင့် မိန့်မိန့်ကြီး ပြုံး၍ ၊ ခေါင်း ကို တဆတ်ဆတ် ညိတ် ရင်း ...

“ ဟုတ်ပဗျာ ။ ဖီလိုဆိုဖီမောင်ပါစီ ဟာ ဖီလိုဆိုဖီ နည်း နဲ့ ခင်ဗျား တို့ လို လုံးပျော့ကျပ်လျော့တွေ ကို တစ်ဖက်လှည့် နဲ့ လိမ် သွားတာ ”

ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ ...

“ ဟင် ဒါဆို ဖီလိုဆိုဖီမောင်ပါစီ ဟာ လူသ,တ်တရားခံ ပေါ့ ”

ကျွန်ုပ် ၏ ခေါင်း ညိတ်ပြ လိုက်သည် ။ ပြီးမှ ...

“ မောင်ရင်တို့ လို လုံးလျော့ကျပ်လျော့တွေ သာ ခံရတာ ။ ကျွန်ုပ် လိုလုံးပြည့်ကျပ်ပြည့် နဲ့ တွေ့လို့ ကတော့ ”

ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ ရှုံ့မဲ့ပြီး

“ လုံးပျော့ကျပ်လျော့တွေ လုံးပြည့်ကျပ်ပြည့်တွေ အင်း အဲဒါ အသာ ထား ပါဦး အိုင်အိုဒင်းကိုကိုကြီး ဖီလိုဆိုဖီမောင်ပါစီ ကို ဘယ်လို ဖမ်းမှာတုံး ”

ကျွန်ုပ် လည်း ရုတ်တရက် မဖြေသေးဘဲ မိန့်မိန့်ကြီး ပြုံးနေ လိုက်သေး၏ ။ အတန်ကြာ မှ ...

“ အိမ်း ။ သူ က ဖီလိုဆိုဖီနည်း နဲ့ တစ်ပတ် လှိမ့် သွားတယ် ဆိုတော့ ကျွန်ုပ်တို့ က လည်း သူ့ ကို ဖီလိုဆိုဖီ နည်း နဲ့ ပဲ ပြန် အနိုင် ယူ ရပေမပေါ့ ”

ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ အားကိုးတကြီး ဖြင့် ...

“ ဘယ်လို လုပ်မှာလဲ ”

ကျွန်ုပ် က လည်း အသေအချာ စဉ်းစားပြီး ...

“ ဒီလို လုပ် ။ သူ့ ကို သတင်းစာ ကနေ အလို မရှိပါ ဆိုပြီး ကြော်ငြာ လိုက် ။ ဒီတော့မှ သူ့ ကို အလို မရှိမှန်း သိသွားပြီး သူ လူတော ထဲ ပြန် ထွက်လာ ။ ဒီတော့မှ ကျွန်ုပ်တို့ အသာလေး ဖမ်း လိုက် ကြတာပေါ့ ”

ကျွန်ုပ် ၏ စကား ကြောင့် အင်္ဂလိပ်အင်စပက်တော် ၏ မျက်နှာ မှာ ဝင်းလက် သွားပြီး ...

“ ဂွတ် အိုင်ဒီယာ ။ အလို မရှိပါ လို့ ကြော်ငြာပြီး သူ အေးအေးဆေးဆေး နေတော့ မှ ကြက်ကလေး ငှက်ကလေး ဖမ်းသလို အသာလေး ဝင်ဖမ်း ၊ သိပ် ကောင်းတဲ့ ဖီလိုဆိုဖီ နည်း ။ ဒါကြောင့် အိုင်အိုဒင်းကိုကိုကြီး ဆိုပြီး နာမည်ကြီး နေတာ ”

ဟု ဆို၍ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့် နေသဖြင့် ကျွန်ုပ် လည်း ကျေကျေနပ်နပ် ပြုံးမိချေတော့သည် တမုံ့ ။

•••••   •••••   •••••   •••••

နောက် တစ်နေ့ ခရော်နီကယ် သတင်းစာ တွင် ခေါင်းကြီးပိုင်း မှ ကြော်ငြာ ထားသည် မှာ ...

    အလိုမရှိပါ ။ ဆုငွေ လည်း မပေးပါ ။

     ဖီလိုဆိုဖီ မောင်ပါစီ သည် တရုတ်မဒေါ်နု အသ,တ် ခံရသည့် အမှု နှင့် လားလားမျှ မသက်ဆိုင် ၍ သူ့ အား လုံးဝ အလို မရှိပါ ။ အကယ်၍ ဖီလိုဆိုဖီ မောင်ပါစီ ကို ဖမ်းဆီးသူ အား ဆုငွေ လည်း မပေးပါ ။ သူ ဘယ်မှာ ရှိသလဲ ဟု သတင်း ပေးလျှင် လည်း ဂရု မစိုက်ပါ ။ ထို့အပြင် လမ်း မှာ တွေ့လျှင် ပင် လှည့် မကြည့်ပါ ။
                 အမိန့်အရ

ထိုသို့ ကြော်ငြာ လိုက်ပြီး နောက် တစ်နေ့ မှာ ပင် ကျွန်ုပ်တို့ ရုံး သို့ ပစ်စာ တစ်စောင် ရောက်ရှိ လာ လေသည် ။ ထို စာတွင် ရေးထားသည် မှာ ...

     လူကြီးမင်း ခင်ဗျား ။

     အခုလို သတင်းစာ မှာ အကျယ်တဝင့် ကြော်ငြာ ပေးသည့် အတွက် အထူးတလည် ကျေးဇူးတင် မိပါတယ် ။ နောင် ပြစ်မှုများ တွင် လည်း ဤကဲ့သို့ ကြော်ငြာ ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါတယ် ။
      အခုတော့ ကျွန်တော် ပြေးပြီ ။ တာ့တာ ။
       လေးစားစွာဖြင့် ဖီလိုဆိုဖီမောင်ပါစီ ။

“ ဘလယ်ဒီဖူး ။ ဘယ့်နှယ် လုပ်မလဲ မစ္စတာကိုကိုကြီး ။ ခင်ဗျား ပြောတဲ့ အတိုင်း သတင်းစာ က နေ ကြော်ငြာ လိုက်လို့ တရားခံ ဖီလိုဆိုဖီမောင်ပါစီ ပြေးပြီ ။ ဘယ့်နှယ် လုပ်မတုံး ။ သူများတွေ ကို ကျတော့ ခင်ဗျား က လုံးပျော့ကျပ်လျော့ တွေတဲ့ ။ အခု ခင်ဗျား ကျတော့ရော ”

အင်စပက်တော် မှာ မကျေမနပ် ဖြစ်လွန်းလှ ပြီး အံကြိတ် ကာ မျက်နှာကြီး နီရဲ လာသဖြင့် ...

“ ဒါကတော့ မပွားသော ပွဆေး ၊ မပေသော ရွှံ့ဗွက် ဆိုသလို ပေါ့ ... ”

“ မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား လုပ်ပါ ”

ကျွန်ုပ် လည်း မိန့်မိန့်ကြီး ပြုံးပြီး ...

“ အတူတူပဲလေ ။ ဒါပေမယ့် လူသ,တ်တရားခံ ဖီလိုဆိုဖီမောင်ပါစီ ကို မိဖို့ နည်းလမ်း တစ်ခု ကျွန်ုပ် မှာ ရှိတယ် ”

“ ရှိပြန်ပြီ ရှိပြန်ပြီ ဘယ်လို လုပ်မှာလဲ ”

အင်စပက်တော် ၏ အလောတကြီး အမေး ကို ကျွန်ုပ် အဖြေ မပေးသေးဘဲ အတန်ကြာ မှ ...

“ မကြာခင် သိရပါလိမ့်မယ် ”

•••••   •••••   •••••   •••••

ဖီလိုဆိုဖာ မောင်မြယာ ကို ဖမ်းလိုက်ပြီ ...

“ ကိုင်း ... မောင်နှင်း ရေ ၊ တရားခံ ဖမ်းဖို့ ပြင်ဆင်ထား ကွယ့် ”

ကျွန်ုပ် ၏ စကား ကို အရှင်လတ်လတ် ကြားရသော တပည့်ကျော် မောင်နှင်းလေး မှာ မျက်လုံးလေး ကလယ်ကလယ် နှင့်

“ ဘယ်သူ့ ကို ဖမ်းမှာလဲ ။ တောင်ဘက်ပိုင်း မှာ ထဘီတွေ လိုက် ခိုးနေတဲ့ သူခိုး ငပိန် အောင်စိန် ကို လား ”

“ တယ်လေ ။ ထဘီသူခိုး ဖမ်းတဲ့ ခပ်ညံ့ညံ့ စုံထောက် များ မှတ်နေလား ။ လူသ,တ်တရားခံ ကို ဖမ်းရမှာ ကွ ။ လူသ,တ်တရားခံ ကို ဖမ်း ရမှာ ... ”

ကျွန်ုပ် ၏ စကား ကြောင့် မောင်နှင်းလေး မှာ ရုတ်ခြည်း ကြောက်ရွံ့တုန်လှုပ် ဟန် ပြောင်းသွားပြီး

“ ကျွန်တော် ... ကျွန်တော် နေ မကောင်းလို့ မလိုက် ”

“ တိတ် ”

“ ခင်ဗျာ ”

ကျွန်ုပ် ၏ တစ်ခွန်းတည်း သော ငေါက်ငမ်းသံ ကြောင့် နဂို ကြောက်ရွံ့ ရိုသေသော မောင်နှင်းကလေး မှာ ဘာမှ မပြောနိုင် အောင် ကြက်သေ သေ သွား၏ ။ ကျွန်ုပ် လည်း ဤမျှ အကြောက်တရား ကြီး သော တပည့်ကလေး နောင် တစ်ချိန် အရေး ရင်လေး မိ၍

“ လူသ,တ်တရားခံ ကို ငါ့ အဘ ကိုယ်တိုင် ဖမ်းရမယ် ။ ဘာကြောင့်လဲ ဆို တော့ လူသ,တ်တရားခံ ဟာ နှယ်နှယ်ရရ လူ မဟုတ်ဘူး ”

ကျွန်ုပ် ၏ စကား ကြောင့် မောင်နှင်းလေး မှာ တုန်ရင်သော အသံ ဖြင့်

“ ဘယ် ... ဘယ်သူလဲ အဘ ”

သူ ၏ တုန်ရင်သော အမေး ကို ကျွန်ုပ် တစ်လုံး ချင်း ပြန် ဖြေလိုက်သည် မှာ ...

“ ဖီလိုဆိုဖီမောင်ပါစီ ”

“ ဖီလိုဆိုဖီမောင်ပါစီ ”

“ အိမ်း ... ဟုတ်သကွယ့် ။ ဒီကောင့် ကို ဖမ်း နိုင်ဖို့ ငါတို့ ရုပ် ဖျက် သွား ရမယ် ”

“ ရုပ်ဖျက် သွားရမယ် ။ ဟုတ်လား အဘ ”

“ အိမ်း ... ဟုတ်တယ်ကွယ့် ။ ဘာကြောင့်လဲ ဆိုတော့ ဖီလိုဆိုဖီမောင်ပါစီ ဟာ ငါတို့တွေ ကို တွေ့တာ နဲ့ ငါတို့ ရဲ့ကျော်စောတိက္ကမ ကြီးမားပုံ ကို သိပြီး သူ မုချမသွေ အဖမ်း ခံရမှာကို ကြောက်ရွံ့လို့ ထွက်ပြေး တိမ်းရှောင်သွားနိုင်တယ် ”

ကျွန်ုပ် ၏ ကြွားလုံး အနည်းငယ် ပါသော စကား ကို မောင်နှင်း မှ အသေအချာ စဉ်းစားပြီး ...

“ ကျွန်တော် အကြံ ရပြီ အဘ ”

ကျွန်ုပ် လည်း မောင်နှင်း ၏ စကား ကို စိတ်ဝင်စား သွားပြီး

“ ဘယ်လို အကြံမျိုးလဲ ”

ကျွန်ုပ် ၏ အမေး ကို မောင်နှင်းလေး မှာ နောင် တစ်ချိန် တွင် သူ တုပမည့် ကျွန်ုပ် ဟန် အတိုင်း မိန့်မိန့်ကြီး ပြုံးပြီး ...

“ ကျွန်ုပ်တို့ ရုပ်ဖျက် သွား ရင်တောင် အလှပျက် နေဦးမယ် ။ အလှ လည်း မပျက် ၊ တရားခံ လည်း မျက်စိ လည် သွားအောင် လုပ် ရမယ် ... ”

“ ဘယ်လို လုပ်ရမလဲ ”

ကျွန်ုပ် ၏ အမေး ကိုမောင်နှင်း မှ အိုင်တင် အပြည့် နှင့် ...

“ နာမည် ပြောင်း လိုက်ရုံပေါ့ အဘ ရယ် ။ အဘ က လည်း အိုင်အိုဒင်း ကိုကိုကြီး ကနေ အိုးအိုင်တင် မောင်မောင်လေး လို့ နာမည် ပြောင်း လိုက် ၊ ကျွန်တော် က လည်း မောင်နှင်း က နေ မောင်နွေ လို့ ပြောင်း လိုက် ရင် သူတို့ မျက်စိ လည် ကုန်ပြီး မှတ်မိတော့မယ် မဟုတ်ဘူး ”

“ ဟေ့ကောင် ”

“ ခင်ဗျာ ”

ကျွန်ုပ် ၏ ငေါက်ငမ်းသံ ကြောင့် မောင်နှင်း မှာ တုန်ရင် သွားလေသည် ။

“ နာမည် ပြောင်း လိုက်ရုံ နဲ့ မင်း ကြီးတော် ယောက်ျား က ဒီ မျက်ခွက်ကြီးတွေ ကို မမှတ်မိဘဲ နေမလား ”

“ ကျွန်တော့် ကြီးတော် ယောက်ျား နဲ့ ငယ်ငယ်လေး ကတည်း က ကွဲသွားတာ ဆိုတော့ မှတ်မိမယ် မထင်ဘူး အဘ ”

“ အား ... ဒီကောင် တိတ်စမ်းကွာ ... ”

“ ခင်ဗျာ ”

ကျွန်ုပ် ၏ ဒေါသသံ ကြောင့် မောင်နှင်း မှာ တုန်ရင်စွာ ငြိမ် ကုတ် သွား၏ ။ ကျွန်ုပ် လည်း တပည့်ကလေး ကို ကြည့်ပြီး ကရုဏာ သက်မိ သော်လည်း နောင် တစ်ချိန် အရေး ကို မျှော်တွေး ၍

“ မင်း ရုပ်ဖျက် သွားရမယ် ။ ကဲ .. လူတွေ မင်းကို မမှတ်မိအောင် ဘယ်လို ဖျက် သွားမလဲ ”

မောင်နှင်း သည် ကျွန်ုပ် ၏ စကား ကို မှားသွားမည် စိုး၍ ထင့် အတန်ကြာ စဉ်းစားပြီး ...

“ ကျွန်တော် ဒုံးပျံ လို ရုပ်ဖျက် သွားမယ် အဘ ”

“ ဒုံးပျံ လို ”

ကျွန်ုပ် ၏ အံ့ဩတကြီး အမေး ကို မောင်နှင်း မှ အားတက်သရော ဖြင့် ...

“ ဟုတ်တယ်လေ အဘ ၊ အင်္ဂလိပ်တွေ သုံးတဲ့ ဒုံးပျံ လို ”

“ ဘယ်လို လုပ်မှာလဲ ”

ကျွန်ုပ် ၏ အံ့ဩတကြီး အမေး ကို မောင်နှင်း မှ ဟန်ပါပါ ဖြင့်

“ ဒါများ လွယ်ပါတယ် အဘ ”

ဟု ဆိုပြီး ခေါင်း ပေါ် လက်နှစ်ဖက် ယှက်တင်ပြီး ...

“ ဒါက ဒုံးပျံထိပ်ဖူး ”

ပြီးနောက် ဆောင့်ကြောင့် ထိုင် လိုက်ပြီး ...

“ ဒါက ဒုံးပျံခြေထောက် ”

ဟု ဆိုပြီး

“ ဒုံးပျံဖင် မီးခိုး ထွက်တာ ကြည့်ဦးမလား အဘ ”

ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း ဒေါသ ထွက် သွားပြီး ...

“ ဟေ့ကောင် မင်း ဘာ လုပ်တာလဲ ”

ကျွန်ုပ် ၏ ဒေါသတကြီး အမေး ကို မောင်နှင်း မှ ယောင်နန ဖြင့်

“ ဒုံးပျံပုံ လုပ်ပြတာလေ အဘ ။ ဖင် မီးခိုး မထွက်သေးလို့ မယုံသေးဘူး မှတ်တယ် ”

ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း ဆက်လက် သည်းမခံနိုင် တော့ဘဲ

“ အာ ... ဒီကောင် ... ကဲကွာ ... ကဲကွာ ”

“ ဖုန်း ... ဖုန်း ”

“ အောင်မလေး ... အဘရဲ့ ။ ကြောက်ပါပြီ ”

ကျွန်ုပ် လည်း လွန်စွာ ဒေါသ ထွက်သွားရပြီ မို့ ချစ်လှစွာသော တပည့်လေး ၏ တင်ပါးဆုံ ကို နှစ်ချက်မျှ ဆင့် ကန် ထည့် လိုက် ရချေတော့သည် တမုံ့ ။ ကြည့်လေ သူ လုပ်ပြသည့် ပုံ ။

( နောင်လာ နောင်သားများ မှတ်သားနိုင် ရန် အလို့ငှာ မောင်နှင်း ကျွန်ုပ် အား သရုပ်ပြခဲ့သည့် ဒုံးပျံပုံ )

( ကွန်မင့် တွင် ဖော်ပြထားပါသည် )

“ ကိုင်း နားထောင် မင်း က မင်း ရုပ် နဲ့ လိုက်တဲ့ သူဖုန်းစား လို ရုပ် ဖျက် ၊ ငါ က လည်း ငါ့ ရုပ် နဲ့လိုက် တဲ့ ကုဋေကြွယ် သူဌေးကြီး လို ရုပ် ဖျက် မယ် ။ ကြားလား ”

မောင်နှင်း မှာ ကျွန်ုပ် ၏ စကား ကို အလို မကျ သော်လည်း နဂို ကြောက်ရွံ့ရိုသေ သူ မို့ ဘာမှ မပြောတော့ဘဲ ခေါင်း သာ တဆတ်ဆတ် ညိတ် နေချေတော့သည် ။

•••••   •••••   •••••   •••••

◾ဘဘ အကုန် သိတယ်

“ ဒုန်း ... ဒုန်း ... ဒုန်း ”

“ ယခု အမှု တွင် သေဆုံးသူ တရုတ်မကြီးဒေါ်နု နှင့် လူသ,တ်တရားခံ အဖြစ် စွဲချက် အတင်ခံ ထားရသော ( ဘ ) ဦးဖောင်ဖောင် ၏ သား မောင်မြယာ သည် လူသ,တ်မှု ကျူးလွန်ရန် အလိုတူ အလိုပါ အဖြစ် လည်းကောင်း ၊ ကိုယ်တိုင် ပါဝင် ပတ်သက်နေသည် ဟု လည်းကောင်း စစ် ဆေး တွေ့ရှိရပါသည် ။ ထို့ကြောင့် ( ဘ ) ဦးဖောင်ဖောင် ၏ သား မောင်မြယာ အား ရာဇသတ်ကြီးပုဒ်မ ( ၃၀၂ ) အရ လူသ,တ်မှု ကျူးလွန်ကြောင်း ထင်ရှား သဖြင့် ဤ ရုံးတော် မှ အမိန့် ချမှတ် ရ ပေမည် ။ ထို့ကြောင့် ဤ အမှုတွင် မောင်မြယာ အနေနဲ့ ငြင်းချက် ထုတ်ချင်သေးပါ သလား ”

“ တရားသူကြီးမင်း ခင်ဗျား ။ ဒီ အမှု ကိုကျွန်တော် လုံးဝ မကျူးလွန်ခဲ့ကြောင်း ကျွန်တော် ငြင်းချင်ပါတယ် ”

မြယာ ၏ စကား ကြောင့် တရားသူကြီး မျက်မှောင် ကြုတ်သွား၏ ။

“ ဒါဆို မောင်မြရာ ဘက်က ငြင်းချက် ထုတ်နိုင် လောက်အောင် သက်သေသက်ကန်များ ရှိပါ သလား ”

တရားသူကြီး ၏ အမေး ကို မြရာ အဖြေ မပေးမီ ...

“ သိတယ် ။ ဘဘ အကုန် သိတယ် ”

တုန်ရင်ချည့်နဲ့ သော အသံ ။

တရားရုံး တစ်ခု လုံး လှုပ်လှုပ်ရွရွ ဖြစ် သွား၏ ။

“ ကဲ သိတယ် ဆို ၊ အစစ် ခံ ရအောင် ရှေ့သို့ ကြွခဲ့ပါ ”

အသက် ( ၆ဝ ) ကျော် ခန့် အဘိုးအို တစ်ဦး တုန်ရင်ချည့်နဲ့ စွာ ရုံး ရှေ့သို့ တစ်လှမ်းချင်း လှမ်း ထွက်လာ၏ ။ တရားသူကြီး မှ ထို လူကြီး ကို မျက်မှောင်ကြုတ် ကြည့်ပြီး ...

“ အသ,တ်ခံရတဲ့ တရုတ်မဒေါ်နု ကို သိလား ”

ထို လူကြီး မှာ မဆိုင်းမတွေ ပင်..

“ သိတယ် ။ ဘဘ အကုန် သိတယ် ”

“ သူ အသ,တ်ခံ ရတဲ့ အချိန် မှာ ခင်ဗျား ရှိတယ် ပေါ့ ”

“ ရှိတယ် ။ ဘဘ အကုန် သိတယ် ”

“ တရုတ်မဒေါ်နု အသ,တ် ခံရတာ ရော ခင်ဗျား မြင်တယ်ပေါ့ ”

“ မြင်တယ် ။ ဘဘ အကုန် သိတယ် ”

ထို လူကြီး ၏ စကားကြောင့် တရားသူကြီး မှ အားတက်သရော ဖြင့်

“ ဒါဆို တရားခံ ဟာ ဘယ်သူလဲ ”

တရားသူကြီး ၏ စကား ကို လူကြီး မှ ...

“ သိတယ် ။ ဒါပေမယ့် အခု မပြောနိုင်ဘူး ”

“ ဟာ ”

“ ဟင် ”

“ ဘယ်လို လူပါလိမ့် ”

ထို လူကြီး ၏ စကားကြောင့် တစ်ရုံး လုံး အာမေဋိတ်သံများ ဆူညံ သွားလေတော့၏ ။ ထိုစဉ် ထို လူကြီး နား သို့ စုတ်စုတ်ပြတ်ပြတ် သူတောင်းစား တစ်ဦး ထ လာပြီး လက်ထိတ် ဆွဲ ခတ် လိုက်လေသည် ။ စုတ်စုတ်ပြတ်ပြတ် လူ မှာ စီအိုင်ဒီ မှ ပုလိပ်လက်သစ်ကလေး မောင်နှင်း ဖြစ် လေသည် ။ မောင်နှင်း မှ မိန့်မိန့်ကြီး ပြုံးရင်း ...

“ ကိုင်း ဖီလိုဆိုဖီမောင်ပါစီ ဒီ တစ်ခါတော့ ပြေးလို့ လွတ်ဦးမလား ”

ဟု ဆိုလိုက်ရာ လူကြီး မှ ...

“ ဟေ့ကောင် မင်း ဘယ်လို လုပ်တာလဲ ။ ငါ ဖီလိုဆိုဖီမောင်ပါစီ မဟုတ်ဘူး ”

ဟု ဆိုလိုက်ရာ မောင်နှင်း မှ လူကြီး ၏ နားရင်း ကို ဖြန်းခနဲ နေအောင် အုပ်ချ လိုက်ပြီး ...

“ အခုချိန် ထိ လိမ်ချင်နေ တုန်းပဲ လား ။ ခင်ဗျား ဘယ်လောက် ရုပ် ဖျက်ဖျက် ကျုပ် မှတ်မိတယ် ... ”

ဟု ဆိုလိုက်ရာ လူကြီး မှ နားရင်း အအုပ် ခံရ၍ အသား တဆတ်ဆတ် တုန်အောင် ဒေါသထွက် သွားပြီး

“ ဟေ့ကောင် မင်း ... မင်း လွန်လာပြီ နော် ”

ဟု ဒေါသတကြီး အော်ဟစ် လိုက်သော်လည်း မောင်နှင်း မှာ အပြုံး မပျက်ဘဲ နောက် တစ်ချက် နားရင်းကို ‘ ဖြန်း ’ ခနဲ အုပ်ကာ ...

“ ကိုင်း  ... မှတ်ပလား ။ ထပ် လိမ်ရင် ထပ် နာမယ် ”

“ ခင်ဗျား ရဲ့မုတ်ဆိတ်မွေး အတု ၊ နှုတ်ခမ်းမွေး အတု ဆွဲ ချွတ်လိုက်စမ်း ”

ဟု ဆိုလိုက်ရာ လူကြီး မှ အသား တဆတ်ဆတ် တုန် လောက် အောင် ဒေါသ တကြီး ဖြင့် ...

“ ဘာ အတုလဲကွ ။ မင်း  ... မင်း နော် ”

လူကြီး ၏ ဒေါသတကြီး စကား ကို မောင်နှင်း မှ ဂရုမစိုက် ဘဲ ‘ ဖြန်း ’ ခနဲ နားရင်း တစ်ချက် ထပ် အုပ်ပြီး

“ ကိုင်း ... ဒီလောက် လိမ်ချင်တဲ့ လူကြီး ”

ဟု ဆို၍ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးများ ကို အတင်း ဆွဲ နုတ် ရာ

“ ဟာ ဟေ့ကောင် ။ နာတယ်ဟ ။ ဟေ့ကောင် ... မလုပ်နဲ့လေ ။ အား ... အောင်မာလေးဗျ ”

ဟု အော် ၍ မောင်နှင်း ၏ လက် ထဲ တွင် မုတ်ဆိတ်မွေး ဆွဲနုတ် ခံရ၍ ကြိုး ပြတ်တုန်း စွန်ကြိုး ကို ဆောင့်ဆွဲ ခံရ သလို  ဝေ့လည်လည် နေတော့၏ ။ မောင်နှင်း မှာ မုတ်ဆိတ်မွေး ကို ဆွဲနုတ် မရ၍ ထို လူကြီး ၏ မျက်နှာ ကို ဆွဲခွာ လိုက်ရာ ...

“ ဟာ ”

“ ဟင် ”

“ အို ”

“ ဘယ်လို ဖြစ်တာပါလိမ့် ”

ပရိသတ် အားလုံး ၏ အာမေဋိတ်သံ ။ မောင်နှင်း မှာ လူကြီး ကို လှည့်မကြည့်သေးဘဲ သူ ၏ လက် ထဲ ပါလာသော မျက်နှာ အတု ကို ဟန် ပါပါ ကိုင်ကာ ပရိသတ်များ ကို မိန့်မိန့်ကြီး ပြုံး ကြည့်ပြီး

“ ကိုင်း  ... ခင်ဗျား အခုတော့ ဘာ လိမ် ... ”

ဟု ဆိုပြီး စကား မဆုံးမီ လူကြီး ဘက် သို့ လှည့် လိုက်ရာ ...

“ ဟင် ... အဘ ဆရာ ”

လက်ထိတ် အခပ် ခံရ၍ အသား တဆတ်ဆတ် တုန်လောက်အောင် ဒေါသထွက် နေသော ကျွန်ုပ် ကို မြင်သည် နှင့် မောင်နှင်း မှာ ကြက်သေ သေသွား၏ ။ အမှန်မှာ ခုနက နားရင်း အုပ်လိုက် ၊ မုတ်ဆိတ် မွေး ဆွဲ နုတ်လိုက် လုပ် နေသူမှာ တရားခံ ဖမ်းရန် အတွက် ရုပ်ဖျက် လာ သော ကျွန်ုပ် ပင် ဖြစ်ချေတော့၏ ။ ကျွန်ုပ် လည်း လူကြား ထဲ ဤကဲ့ သို့ တပည့် မှ မတော်တရော် လုပ်နေသည် ကို လွန်စွာ လည်း ရှက် ၊ ဒေါ သလည်း ထွက် ရသည် မို့ ချစ်လှစွာသော တပည့် ထံ ပြေးဝင် သွားပြီး

“ ကိုင်း ... ဒီလောက်တောင် အသုံးမကျတဲ့ ကောင် ။ ကဲကွာ ကဲကွာ ”

ဟု ဆို၍ မောင်နှင်း ၏ တင်ပါးဆုံရိုး ကို တဖုန်းဖုန်း နှင့် နှစ်ချက် မျှ ဆင့် ကန် လိုက်ရာ မောင်နှင်း မှ ...

“ အောင်မလေးဗျ ... ကြောက်ပါပြီ အဘရဲ့ ”

ဟု ဆိုပြီး ကျွန်ုပ် ၏ ခြေချက် ထပ် မထိစေရန် တရားရုံး အတွင်း ပတ်ပြေးနေသည် ။ တရားရုံး တစ်ရုံးလုံး ကျွန်ုပ်တို့ အဖြစ် ကို ကြည့်ပြီး တဝါးဝါး နှင့် ပွဲကျ နေကြလေ၏ ။

ထို သူများ ရယ်သံ ကြောင့် ကျွန်ုပ် ၏ ရှက်ဒေါသ မှာ အထွတ်အထိပ် ရောက် သွားရပြီ မို့ နှစ်ချက်မျှ ဆင့်ကန်ရုံ မျှ နှင့် မကျေနပ်နိုင် တော့ ဘဲ မောင်နှင်းကလေး နောက် ဒေါသတကြီး ပြေးလိုက်မိလေတော့သည် ။ ကျွန်ုပ် ပြေးလိုက်သည် ကို မြင်သည် နှင့် မောင်နှင်းကလေး ကြောက်ကြောက်လန့်လန့် နှင့် အရှေ့ က ပြေးသည် ။ ကျွန်ုပ် လည်း ဒေါသ လွန်စွာ ထွက်နေသည် မို့ နောက် က အတင်း လိုက်၏ ။

လူကြား ထဲ ပတ် ပြေးသည် ။ ကျွန်ုပ် နောက်မှ လိုက်သည် ။

ပရိသတ် က တော့ ကျွန်ုပ်တို့ နှစ်ယောက် ကို ကြည့် ကာ တဝါးဝါး ။

မောင်နှင်း ရှေ့နေ ခုံပေါ် သို့ တက် ပြေးသည် ။ ကျွန်ုပ် က ထက် ကြပ် မကွာ ... ဟင်း .. ဘယ်ရမလဲ ဒင်း ထက် လည်လို့ ဒင်း ဆရာ လုပ် နေတာ ... ။

တရားခံ ဝက်ခြံ ထဲ ဝင် ပြေးသည် ။ ကျွန်ုပ် ကလည်း ကပ်လျက် ။

နောက်ဆုံး တရားသူကြီး စားပွဲခုံ ပေါ် သို့ တက် အပြေး ။ ကျွန်ုပ် လည်း ဒေါသတကြီး မီရာ လှမ်းအဆွဲ မောင်နှင်း မှာ လည်း ကျွန်ုပ် လက် ထဲ မပါစေရန် ကြောက်ကြောက်လန့်လန့် နှင့် မီရာ လှမ်း အဆွဲ ...

“ ဟာ ”

“ ဟင် ”

“ အို ”

ပရိသတ်များ ၏ အာမေဋိတ် အသံများ ။

ကျွန်ုပ် လက်ထဲတွင် ကား မောင်နှင်း ၏ လုံကွင်း ။ တရားသူကြီး ခုံ တွင် တမင် ကြော်ငြာ ထား သလို မှောက်လျက်သား နှင့် မောင်နှင်း ။ သူ ၏ လက်ထဲတွင် တရားသူကြီး ၏ နှုတ်ခမ်းမွေး တစ်ဆုပ် ။ အားလုံး ကြက်သေသေလျက် ။ နှုတ်ခမ်းမွေး မရှိတော့သော တရားသူကြီး ကို ကြည့်လိုက်ရာ ...

“ ဖီလိုဆိုဖီ မောင်ပါစီ ”

“ ဖီလိုဆိုဖီ မောင်ပါစီ ”

သူ ၏ တပည့် မြယာ ကို အမှု မှ လွတ်အောင် အမိန့်ချ တရားစီရင်ရန် တရားသူကြီး ဟန်ဆောင် ၍ ရုပ်ဖျက် နေရာဝင် ယူထားသူ မှာ ဖီလိုဆိုဖီမောင်ပါစီ ။

အားလုံး ကြောင်ငေး နေစဉ် ဖီလိုဆိုဖီမောင်ပါစီ မှ လျင်မြန်စွာ ခုန် ထပြီး ထွက်ပြေး ရန် စားပွဲ ပေါ် မှ ခုန်ချ လိုက်ရာ ကြက်သေသေ ၍ ငေး ကြောင်ကြည့် သော ကျွန်ုပ် ၏ လက်ထဲ မှ မောင်နှင်း ၏ လုံကွင်း ထဲ စွပ်ခနဲ ကျ လာလေသည် ။ ကျွန်ုပ် လည်း ရုတ်တရက် မို့ ကြောက်လန့် ပြီး အနောက် သို့ ခုန်ဆုတ်ရာ ဖီလိုဆိုဖီမောင်ပါစီ ၏ ခြေထောက် ကို ချိတ်ဆွဲ သလို ဖြစ် သွားပြီး ‘ ဝုန်း ’ ခနဲ ပြုတ်ကျ သွားလေတော့သည် ။ ကျွန်ုပ် လည်း ရရှိသည့် အခွင့်အရေး ကို လက်လွတ် မခံဘဲ ဖီလိုဆိုဖီမောင်ပါစီ ၏ မျက်နှာ ကို မောင်နှင်း ၏ လုံချည်ဖြင့် ပတ်ထားလိုက်ပြီး ...

“ ဟေ့ကောင် မောင်နှင်း ။ လက်ထိတ် ခတ်လိုက် ”

ဟု ဆို လိုက်ရာ မောင်နှင်း မှာ ကျွန်ုပ် ၏ အဖြစ် ကို ငေးကြောင် ကြည့်နေရာမှ ကြောက်ကြောက်လန့်လန့် နှင့်

“ လက်ထိတ် အဘ ကို ခတ် ထားတယ် ။ မရှိတော့ဘူး အဘ ”

ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း သတိရပြီး မည်သို့ လုပ်ရမည် မသိ ဖြစ် နေစဉ် ဖီလိုဆိုဖီမောင်ပါစီ မှ လှစ်ခနဲ ကျွန်ုပ် ဘက် ပြန်လှည့်ပြီး မြင်းကန် သလို ကန် လိုက်ရာ သေးကွေးကြုံလှီ လှသော ကျွန်ုပ် ကို မထိမိဘဲ ကျွန်ုပ် နှင့် ကြည့် မကောင်း လောက်အောင် အဆမတန် ကြီးမား နေသော ကျွန်ုပ် ၏ တိုက်ပုံအင်္ကျီ လက် ထဲ သူ ၏ ခြေနှစ်ဖက် စွပ်ခနဲ ဝင် သွားလေသည် ။

“ မိပြီ ”

ဖီလိုဆိုဖီမောင်ပါစီ မည်သို့မျှ မလှုပ်နိုင်တော့ ။

သူ့ ကို မိ ချိန်ဝယ် ကျွန်ုပ် သည် လည်း အင်္ကျီကျွတ် နှင့် ။ မောင်နှင်းကလေး မှာ လည်း လုံချည်ကျွတ် နှင့် ။ ဖီလိုဆိုဖီမောင်ပါစီ မှာ အပေါ်ပိုင်း တွင် လုံချည် နှင့် ဖြစ်နေပြီး ခြေ နှစ်ဖက် မှာ လက် နှင့် စွပ်မိ နေပြီး ပြေး လို့ လည်း မရ ။ လှုပ် လို့ လည်း မရ နှင့် လွန်စွာ ကိုးရိုးကားရား နိုင်လှပေသည် ။ ပရိသတ်များ က သာ ကျွန်ုပ်တို့ ဤကဲ့သို့ သက်စွန့်ဆံဖျား တရားခံ ဖမ်း နေသည် ကို မငဲ့ညှာဘဲ အငြိမ့်လူရွှင်တော် ပြက်လုံး ကြား နေရသလို တဝါးဝါး တဟားဟား နှင့် ပွဲကျလို့ မဆုံး ။

မည်သို့ပင် ဖြစ်စေ ဤမျှ ဉာဏ် များ လှသော လူသ,တ်တရားခံ ဖီလိုဆိုဖီမောင်ပါစီ ကို လက်ရ ဖမ်းဆီးနိုင်သည့် အတွက် ချီးကျူးထောမနာ ပြု၍ မဆုံးတော့ ။

◾အကြည်တော်

📖 အိုင်အိုဒင်းကိုကိုကြီး နှင့် ...


 

Sunday, March 2, 2025

ကျွန်ုပ် နှင့် လုံးပျော့ ကျပ်လျော့များ


 

❝ ကျွန်ုပ် နှင့် လုံးပျော့ ကျပ်လျော့များ ❞
      ( အကြည်တော် )
   
“ ဘလယ်ဒီဖူး ဘယ့်နှယ် လုပ်မှာ လဲ အိုင်အိုဒင်းကိုကိုကြီး ။ သေဆုံးသူ တရုတ်မကြီးဒေါ်နု ဟာ သင်္ချိုင်း မှာ အရိုး တောင် ဆွေး နေ လောက်ပြီ ။ တရားခံ ကို မိ ဖို့ မပြောနဲ့ ။ ဘယ်သူ သ,တ်တယ် ဆိုတာ တောင် မသိသေးပါလား ။ ဒီ ကြား ထဲ လူသ,တ်တရားခံ အဖြစ် တရားရုံး တင် ထားတဲ့ ဘိုကြည် ကို အမှု စစ် နေတုန်း ဟို ဖီလိုဆိုဖီ မောင်ပါစီ ဆိုတဲ့ လူ က ဝင်ရောက် နှောင့်ယှက် နေသေး ။ ဘယ့်နှယ် လုပ်ရမလဲ မစ္စတာ အိုင်အိုဒင်းကိုကိုကြီး ”

အင်္ဂလိပ်အင်စပက်တော် မစ္စတာကလင့်ရစ်ချ် စကား ကြောင့် ကျွန်ုပ် မိန့်မိန့်ကြီး ပြုံး မိသည် ။ ကျွန်ုပ် ပြုံး နေသည် ကို ကြည့်ပြီး မစ္စတာကလင့်ရစ်ချ် မှ ..

“ ဘာတွေ သဘောကြပြီး ပြုံးနေတာလဲ မစ္စတာကိုကိုကြီး ။ ဒီမှာ လူသ,တ်တရားခံ မမိရလို့ စိတ်ညစ်နေရတဲ့ အထဲ ”

အင်စပက်တော် ၏ စကား ကြောင့် ကျွန်ုပ် ပို၍ ပြုံးချင် သွား၏ ။ ပြီးမှ သူ့ ကို စိုက် ကြည့်ကာ

“ လူသ,တ်တရားခံ ဟာ ခင်ဗျားတို့ ရှေ့ မှာ အကြာကြီး ရှိခဲ့ပြီး မှ ဖမ်း မမိတာ ကို တွေးမိ လို့ ပြုံးမိတာပါ ”

“ ဘယ်လို ”

ကျွန်ုပ် ၏ စကား ကို အင်စပက်တော် မှ အံ့ဩတကြီး ဖြစ်သွား၏ ။

“ ဟုတ်တယ်လေ လူသ,တ်တရားခံ ဟာ ခင်ဗျားတို့ ရဲ့ မျက်စိ ရှေ့ မှာ တင် မျက်စိ မှောက် အောင် လုပ်သွားတာ ”

အင်စပက်တော် မှာ ပို၍ အံ့အား သင့် သွားသည် ။

“ ဒါဆို လူသ,တ်တရားခံ ဟာ ကျုပ်တို့ မျက်စိရှေ့ က ဘယ်သူလဲ ”

သူ ၏ အမေး ကို ကျွန်ုပ် မိန့်မိန့်ကြီး ပြုံးပြီး ...

“ သေသူ ကို သိတယ် ။ သ,တ်တဲ့ အချိန် မှာ ရှိတယ် ။ ဘာကြောင့် သ,တ်လဲ သိတယ် ။ လူသ,တ်တရားခံ ကို သိတယ် ။ ဒါပေမယ့် သူ မပြော နိုင်ဘူး ဆို ကတည်း က လူသ,တ်တရားခံ ဟာ ဘယ်သူ ဖြစ်မလဲ ....”

အင်စပက်တော် မှာ ယောင်နန ဖြင့် ...

“ သူ ပဲ ဖြစ်မှာပေါ့ ”

ကျွန်ုပ် မှာ လည်း မှင်မောင်း အပြည့်နှင့် မိန့်မိန့်ကြီး ပြုံး၍ ၊ ခေါင်း ကို တဆတ်ဆတ် ညိတ် ရင်း ...

“ ဟုတ်ပဗျာ ။ ဖီလိုဆိုဖီမောင်ပါစီ ဟာ ဖီလိုဆိုဖီ နည်း နဲ့ ခင်ဗျား တို့ လို လုံးပျော့ကျပ်လျော့တွေ ကို တစ်ဖက် လှည့် နဲ့ လိမ် သွားတာ ”

ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ ...

“ ဟင် ဒါဆို ဖီလိုဆိုဖီမောင်ပါစီ ဟာ လူသ,တ်တရားခံ ပေါ့ ”

ကျွန်ုပ် ၏ ခေါင်း ညိတ်ပြ လိုက်သည် ။ ပြီးမှ ...

“ မောင်ရင်တို့ လို လုံးလျော့ကျပ်လျော့တွေ သာ ခံ ရတာ ။ ကျွန်ုပ် လိုလုံးပြည့်ကျပ်ပြည့် နဲ့ တွေ့လို့ ကတော့ ”

ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ ရှုံ့မဲ့ပြီး

“ လုံးပျော့ကျပ်လျော့တွေ လုံးပြည့်ကျပ်ပြည့်တွေ အင်း အဲဒါ အသာ ထား ပါဦး အိုင်အိုဒင်းကိုကိုကြီး ဖီလိုဆိုဖီမောင်ပါစီ ကို ဘယ်လို ဖမ်းမှာတုံး ”

ကျွန်ုပ် လည်း ရုတ်တရက် မဖြေသေးဘဲ မိန့်မိန့်ကြီး ပြုံးနေ လိုက်သေး၏ ။ အတန်ကြာ မှ ...

“ အိမ်း ။ သူ က ဖီလိုဆိုဖီနည်း နဲ့ တစ်ပတ် လှိမ့် သွားတယ် ဆိုတော့ ကျွန်ုပ်တို့ က လည်း သူ့ ကို ဖီလိုဆိုဖီ နည်း နဲ့ ပဲ ပြန် အနိုင် ယူ ရပေမပေါ့ ”

ကျွန်ုပ် ၏ စကား ကို အင်္ဂလိပ်အင်စပက်တော် မှ အားကိုးတကြီး ဖြင့် ...

“ ဘယ်လို လုပ်မှာလဲ ”

ကျွန်ုပ် က လည်း အသေအချာ စဉ်းစားပြီး ...

“ ဒီလို လုပ် ။ သူ့ ကို သတင်းစာ က နေ အလို မရှိပါ ဆိုပြီး ကြော်ငြာ လိုက် ။ ဒီတော့မှ သူ့ ကို အလို မရှိ မှန်း သိသွားပြီး သူ လူတော ထဲ ပြန် ထွက်လာ ။ ဒီတော့မှ ကျွန်ုပ်တို့ အသာလေး ဖမ်း လိုက် ကြတာပေါ့ ”

ကျွန်ုပ် ၏ စကား ကြောင့် အင်္ဂလိပ်အင်စပက်တော် ၏ မျက်နှာ မှာ ဝင်းလက် သွားပြီး ...

“ ဂွတ် အိုင်ဒီယာ ။ အလို မရှိပါ လို့ ကြော်ငြာပြီး သူ အေးအေးဆေးဆေး နေတော့ မှ ကြက်ကလေး ငှက်ကလေး ဖမ်းသလို အသာလေး ဝင်ဖမ်း ၊ သိပ် ကောင်းတဲ့ ဖီလိုဆိုဖီ နည်း ။ ဒါကြောင့် အိုင်အိုဒင်းကိုကိုကြီး ဆိုပြီး နာမည် ကြီး နေတာ ”

ဟု ဆို၍ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့် နေသဖြင့် ကျွန်ုပ် လည်း ကျေကျေနပ်နပ် ပြုံးမိချေတော့သည် တမုံ့ ။

     •••••   •••••   •••••   •••••

နောက် တစ်နေ့ ခရော်နီကယ် သတင်းစာ တွင် ခေါင်းကြီးပိုင်း မှ ကြော်ငြာ ထားသည် မှာ ...

    အလိုမရှိပါ ။ ဆုငွေ လည်း မပေးပါ ။

     ဖီလိုဆိုဖီ မောင်ပါစီ သည် တရုတ်မဒေါ်နု အသ,တ် ခံရသည့် အမှု နှင့် လားလားမျှ မသက်ဆိုင် ၍ သူ့ အား လုံးဝ အလို မရှိပါ ။ အကယ်၍ ဖီလိုဆိုဖီ မောင်ပါစီ ကို ဖမ်းဆီးသူ အား ဆုငွေ လည်း မပေးပါ ။ သူ ဘယ်မှာ ရှိသလဲ ဟု သတင်း ပေးလျှင် လည်း ဂရု မစိုက်ပါ ။ ထို့အပြင် လမ်း မှာ တွေ့လျှင် ပင် လှည့် မကြည့်ပါ ။
                 အမိန့်အရ

ထိုသို့ ကြော်ငြာ လိုက်ပြီး နောက် တစ်နေ့ မှာ ပင် ကျွန်ုပ်တို့ ရုံး သို့ ပစ်စာ တစ်စောင် ရောက်ရှိ လာ လေသည် ။ ထို စာ တွင် ရေးထားသည် မှာ ...

လူကြီးမင်း ခင်ဗျား ။

     အခုလို သတင်းစာ မှာ အကျယ်တဝင့် ကြော်ငြာ ပေးသည့် အတွက် အထူးတလည် ကျေးဇူး တင် မိပါတယ် ။ နောင် ပြစ်မှုများ တွင် လည်း ဤကဲ့သို့ ကြော်ငြာ ပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါ
တယ် ။
      အခုတော့ ကျွန်တော် ပြေးပြီ ။ တာ့တာ ။
       လေးစားစွာဖြင့် ဖီလိုဆိုဖီမောင်ပါစီ ။

“ ဘလယ်ဒီဖူး ။ ဘယ့်နှယ် လုပ်မလဲ မစ္စတာကိုကိုကြီး ။ ခင်ဗျား ပြောတဲ့ အတိုင်း သတင်းစာ က နေ ကြော်ငြာ လိုက်လို့ တရားခံ ဖီလိုဆိုဖီမောင်ပါစီ ပြေးပြီ ။ ဘယ့်နှယ် လုပ်မတုံး ။ သူများတွေ ကို ကျတော့ ခင်ဗျား က လုံးပျော့ကျပ်လျော့ တွေ တဲ့ ။ အခု ခင်ဗျား ကျ တော့ ရော ”

အင်စပက်တော် မှာ မကျေမနပ် ဖြစ်လွန်းလှ ပြီး အံကြိတ် ကာ မျက်နှာကြီး နီရဲ လာ သဖြင့် ...

“ ဒါကတော့ မပွားသော ပွဆေး ၊ မပေသော ရွှံ့ဗွက် ဆိုသလို ပေါ့ ... ”

“ မမှားသော ရှေ့နေ ၊ မသေသော ဆေးသမား လုပ်ပါ ”

ကျွန်ုပ် လည်း မိန့်မိန့်ကြီး ပြုံးပြီး ...

“ အတူတူပဲလေ ။ ဒါပေမယ့် လူသ,တ်တရားခံ ဖီလိုဆိုဖီမောင်ပါစီ ကို မိဖို့ နည်းလမ်း တစ်ခု ကျွန်ုပ် မှာ ရှိတယ် ”

“ ရှိပြန်ပြီ ရှိပြန်ပြီ ဘယ်လို လုပ်မှာလဲ ”

အင်စပက်တော် ၏ အလောတကြီး အမေး ကို ကျွန်ုပ် အဖြေ မပေးသေးဘဲ အတန်ကြာ မှ ...

“ မကြာခင် သိရပါလိမ့်မယ် ”

     •••••   •••••   •••••   •••••

ဖီလိုဆိုဖာ မောင်မြယာ ကို ဖမ်းလိုက်ပြီ ...

“ ကိုင်း ... မောင်နှင်း ရေ ၊ တရားခံ ဖမ်းဖို့ ပြင်ဆင်ထား ကွယ့် ”

ကျွန်ုပ် ၏ စကား ကို အရှင်လတ်လတ် ကြားရသော တပည့်ကျော် မောင်နှင်းလေး မှာ မျက်လုံးလေး ကလယ်ကလယ် နှင့်

“ ဘယ်သူ့ ကို ဖမ်းမှာလဲ ။ တောင်ဘက်ပိုင်း မှာ ထဘီတွေ လိုက် ခိုး နေတဲ့ သူခိုး ငပိန် အောင်စိန် ကို လား ”

“ တယ်လေ ။ ထဘီသူခိုး ဖမ်းတဲ့ ခပ်ညံ့ညံ့ စုံထောက် များ မှတ် နေလား ။ လူသတ်တရားခံ ကို ဖမ်းရမှာ ကွ ။ လူသ,တ်တရားခံ ကို ဖမ်း ရမှာ ... ”

ကျွန်ုပ် ၏ စကား ကြောင့် မောင်နှင်းလေး မှာ ရုတ်ခြည်း ကြောက်ရွံ့တုန် လှုပ် ဟန် ပြောင်း သွားပြီး

“ ကျွန်တော်  ... ကျွန်တော် နေ မကောင်းလို့ မလိုက် ”

“ တိတ် ”

“ ခင်ဗျာ ”

ကျွန်ုပ် ၏ တစ်ခွန်းတည်း သော ငေါက်ငမ်းသံ ကြောင့် နဂို ကြောက်ရွံ့ ရိုသေသော မောင်နှင်းကလေး မှာ ဘာမှ မပြောနိုင် အောင် ကြက်သေ သေ သွား၏ ။ ကျွန်ုပ် လည်း ဤမျှ အကြောက်တရား ကြီး သော တပည့်ကလေး နောင် တစ်ချိန် အရေး ရင်လေး မိ၍

“ လူသ,တ်တရားခံ ကို ငါ့ အဘ ကိုယ်တိုင် ဖမ်းရမယ် ။ ဘာ ကြောင့်လဲ ဆို တော့ လူသ,တ်တရားခံ ဟာ နှယ်နှယ်ရရ လူ မဟုတ်ဘူး ”

ကျွန်ုပ် ၏ စကား ကြောင့် မောင်နှင်းလေး မှာ တုန်ရင်သော အသံ ဖြင့်

“ ဘယ်  ... ဘယ်သူလဲ အဘ ”

သူ ၏ တုန်ရင်သော အမေး ကို ကျွန်ုပ် တစ်လုံး ချင်း ပြန် ဖြေလိုက်သည် မှာ ...

“ ဖီလိုဆိုဖီမောင်ပါစီ ”

“ ဖီလိုဆိုဖီမောင်ပါစီ ”

“ အိမ်း  ... ဟုတ်သကွယ့် ။ ဒီကောင့် ကို ဖမ်း နိုင်ဖို့ ငါတို့ ရုပ် ဖျက် သွား ရမယ် ”

“ ရုပ်ဖျက် သွားရမယ် ။ ဟုတ်လား အဘ ”

“ အိမ်း ... ဟုတ်တယ်ကွယ့် ။ ဘာကြောင့်လဲ ဆိုတော့ ဖီလိုဆိုဖီမောင်ပါစီ ဟာ ငါတို့တွေ ကို တွေ့တာ နဲ့ ငါတို့ ရဲ့ကျော်စောတိက္ကမ ကြီးမားပုံ ကို သိပြီး သူ မုချမသွေ အဖမ်း ခံရမှာကို ကြောက်ရွံ့လို့ ထွက် ပြေး တိမ်းရှောင် သွားနိုင်တယ် ”

ကျွန်ုပ် ၏ ကြွားလုံး အနည်းငယ် ပါသော စကား ကို မောင်နှင်း မှ အသေအချာ စဉ်းစားပြီး ...

“ ကျွန်တော် အကြံ ရပြီ အဘ ”

ကျွန်ုပ် လည်း မောင်နှင်း ၏ စကား ကို စိတ်ဝင်စား သွားပြီး

“ ဘယ်လို အကြံမျိုးလဲ ”

ကျွန်ုပ် ၏ အမေး ကို မောင်နှင်းလေး မှာ နောင် တစ်ချိန် တွင် သူ တုပမည့် ကျွန်ုပ် ဟန် အတိုင်း မိန့်မိန့်ကြီး ပြုံးပြီး ...

“ ကျွန်ုပ်တို့ ရုပ်ဖျက် သွား ရင်တောင် အလှ ပျက် နေဦးမယ် ။ အလှ လည်း မပျက် ၊ တရားခံ လည်း မျက်စိ လည် သွားအောင် လုပ် ရမယ် ... ”

“ ဘယ်လို လုပ်ရမလဲ ”

ကျွန်ုပ် ၏ အမေး ကိုမောင်နှင်း မှ အိုင်တင် အပြည့် နှင့် ...

“ နာမည် ပြောင်း လိုက်ရုံပေါ့ အဘ ရယ် ။ အဘ က လည်း အိုင်အိုဒင်း ကိုကိုကြီး ကနေ အိုးအိုင်တင် မောင်မောင်လေး လို့ နာမည် ပြောင်း လိုက် ၊ ကျွန်တော် က လည်း မောင်နှင်း က နေ မောင်နွေ လို့ ပြောင်း လိုက် ရင် သူတို့ မျက်စိ လည် ကုန်ပြီး မှတ်မိတော့မယ် မဟုတ်ဘူး ”

“ ဟေ့ကောင် ”

“ ခင်ဗျာ ”

ကျွန်ုပ် ၏ ငေါက်ငမ်းသံ ကြောင့် မောင်နှင်း မှာ တုန်ရင် သွားလေသည် ။

“ နာမည် ပြောင်း လိုက်ရုံ နဲ့ မင်း ကြီးတော် ယောက်ျား က ဒီ မျက်ခွက်ကြီးတွေ ကို မမှတ်မိဘဲ နေမလား ”

“ ကျွန်တော့် ကြီးတော် ယောက်ျား နဲ့ ငယ်ငယ်လေး ကတည်း က ကွဲသွားတာ ဆိုတော့ မှတ်မိမယ် မထင်ဘူး အဘ ”

“ အား ... ဒီကောင် တိတ်စမ်းကွာ ... ”

“ ခင်ဗျာ ”

ကျွန်ုပ် ၏ ဒေါသသံ ကြောင့် မောင်နှင်း မှာ တုန်ရင်စွာ ငြိမ် ကုတ် သွား၏ ။ ကျွန်ုပ် လည်း တပည့်ကလေး ကို ကြည့်ပြီး ကရုဏာ သက်မိ သော်လည်း နောင် တစ်ချိန် အရေး ကို မျှော်တွေး ၍

“ မင်း ရုပ်ဖျက် သွားရမယ် ။ ကဲ .. လူတွေ မင်းကို မမှတ်မိအောင် ဘယ်လို ဖျက် သွားမလဲ ”

မောင်နှင်း သည် ကျွန်ုပ် ၏ စကား ကို မှားသွားမည် စိုး၍ ထင့် အတန်ကြာ စဉ်းစားပြီး ...

“ ကျွန်တော် ဒုံးပျံ လို ရုပ်ဖျက် သွားမယ် အဘ ”

“ ဒုံးပျံ လို ”

ကျွန်ုပ် ၏ အံ့ဩတကြီး အမေး ကို မောင်နှင်း မှ အားတက်သရော ဖြင့် ...

“ ဟုတ်တယ်လေ အဘ ၊ အင်္ဂလိပ်တွေ သုံးတဲ့ ဒုံးပျံ လို ”

“ ဘယ်လို လုပ်မှာလဲ ”

ကျွန်ုပ် ၏ အံ့ဩတကြီး အမေး ကို မောင်နှင်း မှ ဟန်ပါပါ ဖြင့်

“ ဒါများ လွယ်ပါတယ် အဘ ”

ဟု ဆိုပြီး ခေါင်း ပေါ် လက်နှစ်ဖက် ယှက်တင်ပြီး ...

“ ဒါက ဒုံးပျံထိပ်ဖူး ”

ပြီးနောက် ဆောင့်ကြောင့် ထိုင် လိုက်ပြီး ...

“ ဒါက ဒုံးပျံခြေထောက် ”

ဟု ဆိုပြီး

“ ဒုံးပျံဖင် မီးခိုး ထွက်တာ ကြည့်ဦးမလား အဘ ”

ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း ဒေါသ ထွက် သွားပြီး ...

“ ဟေ့ကောင် မင်း ဘာ လုပ်တာလဲ ”

ကျွန်ုပ် ၏ ဒေါသတကြီး အမေး ကို မောင်နှင်း မှ ယောင်နန ဖြင့်

“ ဒုံးပျံပုံ လုပ်ပြတာလေ အဘ ။ ဖင် မီးခိုး မထွက်သေးလို့ မယုံသေးဘူး မှတ်တယ် ”

ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း ဆက်လက် သည်းမခံနိုင် တော့ဘဲ

“ အာ ... ဒီကောင် ... ကဲကွာ  ... ကဲကွာ ”

“ ဖုန်း  ... ဖုန်း ”

“ အောင်မလေး ... အဘရဲ့ ။ ကြောက်ပါပြီ ”

ကျွန်ုပ် လည်း လွန်စွာ ဒေါသ ထွက်သွားရပြီ မို့ ချစ်လှစွာသော တပည့်လေး ၏ တင်ပါးဆုံ ကို နှစ်ချက်မျှ ဆင့် ကန် ထည့် လိုက် ရချေတော့သည် တမုံ့ ။ ကြည့်လေ သူ လုပ်ပြသည့် ပုံ ။

( နောင်လာ နောင်သားများ မှတ်သားနိုင် ရန် အလို့ငှာ မောင်နှင်း ကျွန်ုပ် အား သရုပ်ပြခဲ့သည့် ဒုံးပျံပုံ )




“ ကိုင်း နားထောင် မင်း က မင်း ရုပ် နဲ့ လိုက်တဲ့ သူဖုန်းစား လို ရုပ် ဖျက် ၊ ငါ က လည်း ငါ့ ရုပ် နဲ့လိုက် တဲ့ ကုဋေကြွယ် သူဌေးကြီး လို ရုပ် ဖျက် မယ် ။ ကြားလား ”

မောင်နှင်း မှာ ကျွန်ုပ် ၏ စကား ကို အလို မကျ သော်လည်း နဂို ကြောက်ရွံ့ရိုသေ သူ မို့ ဘာမှ မပြောတော့ဘဲ ခေါင်း သာ တဆတ်ဆတ် ညိတ် နေချေတော့သည် ။

     •••••   •••••   •••••   •••••

◾  ဘဘ အကုန် သိတယ်

“ ဒုန်း  ... ဒုန်း ... ဒုန်း ”

“ ယခု အမှု တွင် သေဆုံးသူ တရုတ်မကြီးဒေါ်နု နှင့် လူသ,တ်တရားခံ အဖြစ် စွဲချက် အတင်ခံ ထားရသော ( ဘ ) ဦးဖောင်ဖောင် ၏ သား မောင်မြယာ သည် လူသ,တ်မှု ကျူးလွန်ရန် အလိုတူ အလိုပါ အဖြစ် လည်းကောင်း ၊ ကိုယ်တိုင် ပါဝင် ပတ်သက်နေသည် ဟု လည်းကောင်း စစ် ဆေး တွေ့ရှိရပါသည် ။ ထို့ကြောင့် ( ဘ ) ဦးဖောင်ဖောင် ၏ သား မောင်မြယာ အား ရာဇသတ်ကြီးပုဒ်မ ( ၃၀၂ ) အရ လူသတ်မှု ကျူးလွန်ကြောင်း ထင်ရှား သဖြင့် ဤ ရုံးတော် မှ အမိန့် ချမှတ် ရ ပေမည် ။ ထို့ကြောင့် ဤ အမှုတွင် မောင်မြယာ အနေ နဲ့ ငြင်းချက် ထုတ်ချင်သေးပါ သလား ”

“ တရားသူကြီးမင်း ခင်ဗျား ။ ဒီ အမှု ကိုကျွန်တော် လုံးဝ မကျူးလွန်ခဲ့ကြောင်း ကျွန်တော် ငြင်းချင်ပါတယ် ”

မြယာ ၏ စကား ကြောင့် တရားသူကြီး မျက်မှောင် ကြုတ် သွား၏ ။

“ ဒါဆို မောင်မြရာ ဘက်က ငြင်းချက် ထုတ်နိုင် လောက်အောင် သက်သေသက်ကန်များ ရှိပါ သလား ”

တရားသူကြီး ၏ အမေး ကို မြရာ အဖြေ မပေးမီ ...

“ သိတယ် ။ ဘဘ အကုန် သိတယ် ”

တုန်ရင်ချည့်နဲ့ သော အသံ ။

တရားရုံး တစ်ခု လုံး လှုပ်လှုပ်ရွရွ ဖြစ် သွား၏ ။

“ ကဲ သိတယ် ဆို ၊ အစစ် ခံ ရအောင် ရှေ့သို့ ကြွခဲ့ပါ ”

အသက် ( ၆ဝ ) ကျော် ခန့် အဘိုးအို တစ်ဦး တုန်ရင်ချည့်နဲ့ စွာ ရုံး ရှေ့သို့ တစ်လှမ်းချင်း လှမ်း ထွက်လာ၏ ။ တရားသူကြီး မှ ထို လူကြီး ကို မျက်မှောင်ကြုတ် ကြည့်ပြီး ...

“ အသတ်ခံရတဲ့ တရုတ်မဒေါ်နု ကို သိလား ”

ထို လူကြီး မှာ မဆိုင်းမတွေ ပင်..

“ သိတယ် ။ ဘဘ အကုန် သိတယ် ”

“ သူ အသတ်ခံ ရတဲ့ အချိန် မှာ ခင်ဗျား ရှိတယ် ပေါ့ ”

“ ရှိတယ် ။ ဘဘ အကုန် သိတယ် ”

“ တရုတ်မဒေါ်နု အသတ် ခံရတာ ရော ခင်ဗျား မြင်တယ်ပေါ့ ”

“ မြင်တယ် ။ ဘဘ အကုန် သိတယ် ”

ထို လူကြီး ၏ စကားကြောင့် တရားသူကြီး မှ အားတက်သရော ဖြင့်

“ ဒါဆို တရားခံ ဟာ ဘယ်သူလဲ ”

တရားသူကြီး ၏ စကား ကို လူကြီး မှ ...

“ သိတယ် ။ ဒါပေမယ့် အခု မပြောနိုင်ဘူး ”

“ ဟာ ”

“ ဟင် ”

“ ဘယ်လို လူပါလိမ့် ”

ထို လူကြီး ၏ စကားကြောင့် တစ်ရုံး လုံး အာမေဋိတ်သံများ ဆူညံ သွားလေတော့၏ ။ ထိုစဉ် ထို လူကြီး နား သို့ စုတ်စုတ်ပြတ်ပြတ် သူတောင်းစား တစ်ဦး ထ လာပြီး လက်ထိတ် ဆွဲ ခတ် လိုက်လေသည် ။ စုတ်စုတ်ပြတ်ပြတ် လူ မှာ စီအိုင်ဒီ မှ ပုလိပ်လက်သစ်ကလေး မောင်နှင်း ဖြစ် လေသည် ။ မောင်နှင်း မှ မိန့်မိန့်ကြီး ပြုံးရင်း ...

“ ကိုင်း ဖီလိုဆိုဖီမောင်ပါစီ ဒီ တစ်ခါ တော့ ပြေးလို့ လွတ်ဦးမလား ”

ဟု ဆိုလိုက်ရာ လူကြီး မှ ...

“ ဟေ့ကောင် မင်း ဘယ်လို လုပ်တာလဲ ။ ငါ ဖီလိုဆိုဖီမောင်ပါစီ မဟုတ်ဘူး ”

ဟု ဆိုလိုက်ရာ မောင်နှင်း မှ လူကြီး ၏ နားရင်း ကို ဖြန်းခနဲ နေ အောင် အုပ်ချ လိုက်ပြီး ...

“ အခုချိန် ထိ လိမ်ချင် နေ တုန်းပဲ လား ။ ခင်ဗျား ဘယ်လောက် ရုပ် ဖျက်ဖျက် ကျုပ် မှတ်မိတယ် ... ”

ဟု ဆိုလိုက်ရာ လူကြီး မှ နားရင်း အအုပ် ခံရ၍ အသား တဆတ် ဆတ် တုန် အောင် ဒေါသ ထွက် သွားပြီး

“ ဟေ့ကောင် မင်း ... မင်း လွန်လာပြီ နော် ”

ဟု ဒေါသတကြီး အော်ဟစ် လိုက်သော်လည်း မောင်နှင်း မှာ အပြုံး မပျက်ဘဲ နောက် တစ်ချက် နားရင်း ကို ‘ ဖြန်း ’ ခနဲ အုပ်ကာ ...

“ ကိုင်း  ... မှတ်ပလား ။ ထပ် လိမ်ရင် ထပ် နာမယ် ”

“ ခင်ဗျား ရဲ့မုတ်ဆိတ်မွေး အတု ၊ နှုတ်ခမ်းမွေး အတု ဆွဲ ချွတ်လိုက်စမ်း ”

ဟု ဆိုလိုက်ရာ လူကြီး မှ အသား တဆတ်ဆတ် တုန် လောက် အောင် ဒေါသ တကြီး ဖြင့် ...

“ ဘာ အတုလဲ ကွ ။ မင်း  ... မင်း နော် ”

လူကြီး ၏ ဒေါသတကြီး စကား ကို မောင်နှင်း မှ ဂရုမစိုက် ဘဲ ‘ ဖြန်း ’ ခနဲ နားရင်း တစ်ချက် ထပ် အုပ်ပြီး

“ ကိုင်း ... ဒီလောက် လိမ်ချင်တဲ့ လူကြီး ”

ဟု ဆို၍ မုတ်ဆိတ်မွေး ၊ နှုတ်ခမ်းမွေးများ ကို အတင်း ဆွဲ နုတ် ရာ

“ ဟာ ဟေ့ကောင် ။ နာတယ်ဟ ။ ဟေ့ကောင် ... မလုပ်နဲ့လေ ။ အား ... အောင်မာလေးဗျ ”

ဟု အော် ၍ မောင်နှင်း ၏ လက် ထဲ တွင် မုတ်ဆိတ်မွေး ဆွဲ နုတ် ခံရ၍ ကြိုး ပြတ်တုန်း စွန်ကြိုး ကို ဆောင့် ဆွဲ ခံရ သလို  ဝေ့လည် လည် နေတော့၏ ။ မောင်နှင်း မှာ မုတ်ဆိတ်မွေး ကို ဆွဲနုတ် မရ၍ ထို လူကြီး ၏ မျက်နှာ ကို ဆွဲ ခွာ လိုက်ရာ ...

“ ဟာ ”

“ ဟင် ”

“ အို ”

“ ဘယ်လို ဖြစ်တာပါလိမ့် ”

ပရိသတ် အားလုံး ၏ အာမေဋိတ်သံ ။ မောင်နှင်း မှာ လူကြီး ကို လှည့် မကြည့်သေးဘဲ သူ ၏ လက် ထဲ ပါ လာသော မျက်နှာ အတု ကို ဟန် ပါပါ ကိုင်ကာ ပရိသတ်များ ကို မိန့်မိန့်ကြီး ပြုံး ကြည့်ပြီး

“ ကိုင်း  ... ခင်ဗျား အခုတော့ ဘာ လိမ် ... ”

ဟု ဆိုပြီး စကား မဆုံးမီ လူကြီး ဘက် သို့ လှည့် လိုက်ရာ ...

“ ဟင် ... အဘ ဆရာ ”

လက်ထိတ် အခပ် ခံရ၍ အသား တဆတ်ဆတ် တုန်လောက် အောင် ဒေါသ ထွက် နေသော ကျွန်ုပ် ကို မြင်သည် နှင့် မောင်နှင်း မှာ ကြက်သေ သေသွား၏ ။ အမှန်မှာ ခုနက နားရင်း အုပ်လိုက် ၊ မုတ်ဆိတ် မွေး ဆွဲ နုတ်လိုက် လုပ် နေသူမှာ တရားခံ ဖမ်းရန် အတွက် ရုပ်ဖျက် လာ သော ကျွန်ုပ် ပင် ဖြစ်ချေတော့၏ ။ ကျွန်ုပ် လည်း လူကြား ထဲ ဤကဲ့ သို့ တပည့် မှ မတော်တရော် လုပ်နေသည် ကို လွန်စွာ လည်း ရှက် ၊ ဒေါ သလည်း ထွက် ရသည် မို့ ချစ်လှစွာသော တပည့် ထံ ပြေးဝင် သွားပြီး

“ ကိုင်း ... ဒီလောက်တောင် အသုံးမကျတဲ့ ကောင် ။ ကဲကွာ ကဲကွာ ”

ဟု ဆို၍ မောင်နှင်း ၏ တင်ပါးဆုံရိုး ကို တဖုန်းဖုန်း နှင့် နှစ်ချက် မျှ ဆင့် ကန် လိုက်ရာ မောင်နှင်း မှ ...

“ အောင်မလေးဗျ ... ကြောက်ပါပြီ အဘရဲ့ ”

ဟု ဆိုပြီး ကျွန်ုပ် ၏ ခြေချက် ထပ် မထိစေရန် တရားရုံး အတွင်း ပတ်ပြေး နေသည် ။ တရားရုံး တစ်ရုံးလုံး ကျွန်ုပ်တို့ အဖြစ် ကို ကြည့်ပြီး တဝါးဝါး နှင့် ပွဲကျ နေကြလေ၏ ။

ထို သူများ ရယ်သံ ကြောင့် ကျွန်ုပ် ၏ ရှက် ဒေါသ မှာ အထွတ် အထိပ် ရောက် သွားရပြီ မို့ နှစ်ချက်မျှ ဆင့်ကန်ရုံ မျှ နှင့် မကျေနပ်နိုင် တော့ ဘဲ မောင်နှင်းကလေး နောက် ဒေါသတကြီး ပြေး လိုက်မိလေတော့ သည် ။ ကျွန်ုပ် ပြေးလိုက်သည် ကို မြင်သည် နှင့် မောင်နှင်းကလေး ကြောက်ကြောက်လန့်လန့် နှင့် အရှေ့ က ပြေး သည် ။ ကျွန်ုပ် လည်း ဒေါသ လွန်စွာ ထွက်နေသည် မို့ နောက် က အတင်း လိုက်၏ ။

လူကြား ထဲ ပတ် ပြေးသည် ။ ကျွန်ုပ် နောက် မှ လိုက်သည် ။

ပရိသတ် က တော့ ကျွန်ုပ်တို့ နှစ်ယောက် ကို ကြည့် ကာ တဝါးဝါး ။

မောင်နှင်း ရှေ့နေ ခုံပေါ် သို့ တက် ပြေးသည် ။ ကျွန်ုပ် က ထက် ကြပ် မကွာ ... ဟင်း .. ဘယ်ရမလဲ ဒင်း ထက် လည်လို့ ဒင်း ဆရာ လုပ် နေတာ ... ။

တရားခံ ဝက်ခြံ ထဲ ဝင် ပြေးသည် ။ ကျွန်ုပ် က လည်း ကပ်လျက် ။

နောက်ဆုံး တရားသူကြီး စားပွဲခုံ ပေါ် သို့ တက် အပြေး ။ ကျွန်ုပ် လည်း ဒေါသတကြီး မီရာ လှမ်း အဆွဲ မောင်နှင်း မှာ လည်း ကျွန်ုပ် လက် ထဲ မပါစေရန် ကြောက်ကြောက်လန့်လန့် နှင့် မီရာ လှမ်း အဆွဲ ...

“ ဟာ ”

“ ဟင် ”

“ အို ”

ပရိသတ်များ ၏ အာမေဋိတ် အသံများ ။

ကျွန်ုပ် လက် ထဲ တွင် ကား မောင်နှင်း ၏ လုံကွင်း ။ တရားသူကြီး ခုံ တွင် တမင် ကြော်ငြာ ထား သလို မှောက်လျက်သား နှင့် မောင်နှင်း ။ သူ ၏ လက် ထဲ တွင် တရားသူကြီး ၏ နှုတ်ခမ်းမွေး တစ်ဆုပ် ။ အားလုံး ကြက်သေ သေလျက် ။ နှုတ်ခမ်းမွေး မရှိတော့သော တရားသူကြီး ကို ကြည့် လိုက် ရာ ...

“ ဖီလိုဆိုဖီ မောင်ပါစီ ”

“ ဖီလိုဆိုဖီ မောင်ပါစီ ”

သူ ၏ တပည့် မြယာ ကို အမှု မှ လွတ်အောင် အမိန့်ချ တရားစီ ရင် ရန် တရားသူကြီး ဟန်ဆောင် ၍ ရုပ်ဖျက် နေရာ ဝင် ယူထားသူ မှာ ဖီလိုဆိုဖီမောင်ပါစီ ။

အားလုံး ကြောင်ငေး နေစဉ် ဖီလိုဆိုဖီမောင်ပါစီ မှ လျင်မြန်စွာ ခုန် ထပြီး ထွက်ပြေး ရန် စားပွဲ ပေါ် မှ ခုန်ချ လိုက်ရာ ကြက်သေသေ ၍ ငေး ကြောင်ကြည့် သော ကျွန်ုပ် ၏ လက်ထဲ မှ မောင်နှင်း ၏ လုံကွင်း ထဲ စွပ်ခနဲ ကျ လာလေသည် ။ ကျွန်ုပ် လည်း ရုတ်တရက် မို့ ကြောက်လန့် ပြီး အနောက် သို့ ခုန် ဆုတ်ရာ ဖီလိုဆိုဖီမောင်ပါစီ ၏ ခြေထောက် ကို ချိတ်ဆွဲ သလို ဖြစ် သွားပြီး ‘ ဝုန်း ’ ခနဲ ပြုတ်ကျ သွားလေတော့သည် ။ ကျွန်ုပ် လည်း ရရှိသည့် အခွင့်အရေး ကို လက်လွတ် မခံဘဲ ဖီလိုဆိုဖီမောင်ပါစီ ၏ မျက်နှာ ကို မောင်နှင်း ၏ လုံချည်ဖြင့် ပတ် ထား လိုက် ပြီး ...

“ ဟေ့ကောင် မောင်နှင်း ။ လက်ထိတ် ခတ်လိုက် ”

ဟု ဆို လိုက်ရာ မောင်နှင်း မှာ ကျွန်ုပ် ၏ အဖြစ် ကို ငေးကြောင် ကြည့်နေရာမှ ကြောက်ကြောက် လန့်လန့် နှင့်

“ လက်ထိတ် အဘ ကို ခတ် ထားတယ် ။ မရှိတော့ဘူး အဘ ”

ဟု ဆိုလိုက်ရာ ကျွန်ုပ် လည်း သတိ ရပြီး မည်သို့ လုပ်ရမည် မသိ ဖြစ် နေစဉ် ဖီလိုဆိုဖီမောင်ပါစီ မှ လှစ်ခနဲ ကျွန်ုပ် ဘက် ပြန်လှည့်ပြီး မြင်း ကန် သလို ကန် လိုက်ရာ သေးကွေးကြုံလှီ လှသော ကျွန်ုပ် ကို မထိမိဘဲ ကျွန်ုပ် နှင့် ကြည့် မကောင်း လောက်အောင် အဆမတန် ကြီးမား နေသော ကျွန်ုပ် ၏ တိုက်ပုံအင်္ကျီ လက် ထဲ သူ ၏ ခြေနှစ်ဖက် စွပ်ခနဲ ဝင် သွားလေသည် ။

“ မိပြီ ”

ဖီလိုဆိုဖီမောင်ပါစီ မည်သို့မျှ မလှုပ်နိုင်တော့ ။

သူ့ ကို မိ ချိန်ဝယ် ကျွန်ုပ် သည် လည်း အင်္ကျီကျွတ် နှင့် ။ မောင်နှင်းကလေး မှာ လည်း လုံချည်ကျွတ် နှင့် ။ ဖီလိုဆိုဖီမောင်ပါစီ မှာ အပေါ်ပိုင်း တွင် လုံချည် နှင့် ဖြစ်နေပြီး ခြေ နှစ်ဖက် မှာ လက် နှင့် စွပ်မိ နေပြီး ပြေး လို့ လည်း မရ ။ လှုပ် လို့ လည်း မရ နှင့် လွန်စွာ ကိုးရိုးကားရား နိုင်လှပေသည် ။ ပရိသတ်များ က သာ ကျွန်ုပ်တို့ ဤကဲ့သို့ သက်စွန့်ဆံဖျား တရားခံ ဖမ်း နေသည် ကို မငဲ့ညှာဘဲ အငြိမ့်လူရွှင်တော် ပြက်လုံး ကြား နေ ရ သလို တဝါးဝါး တဟားဟား နှင့် ပွဲကျ လို့ မဆုံး ။

မည်သို့ပင် ဖြစ်စေ ဤမျှ ဉာဏ် များ လှသော လူသတ်တရားခံ ဖီလိုဆိုဖီမောင်ပါစီ ကို လက်ရ ဖမ်းဆီးနိုင်သည့် အတွက် ချီးကျူး ထောမနာ ပြု၍ မဆုံးတော့ ။

◾အကြည်တော်

📖 အိုင်အိုဒင်းကိုကိုကြီး နှင့် ...





Wednesday, December 11, 2024

နွယ်ချို ( ၁၉ )


 သူဇာချို ပျင်းပျင်း ရှိသည် နှင့် ခြံဝင်း ထဲ မှ ခုံတန်း ပေါ်တွင် တစ်ယောက် တည်း ထိုင် နေသည် ။ ထူးနိုင် ကလဲ ဘယ် ထွက်သွားမှန်း မသိ၍ တစ် ယောက် တည်း အဖော် မဲ့နေခြင်း ဖြစ်သည် ။ ဘယ်မှ လဲ သွားချင်စိတ် မရှိ ။ စိတ် ထဲ မှာ လဲ


“ တစ်ယောက် ယောက် နဲ့ စကား ပြောရရင် ကောင်းမှာ ပဲ ”  


ဟု စိတ် ထဲ မှာ ဖြစ် နေမိသည် ။ ထိုစဉ် မှာ ပင်


“ အလို ” 


အနီးကပ် ကြား လိုက်ရသော ခြေသံ တစ်ခု ကြောင့် လှည့် ကြည့် လိုက်တော့ ။


“ ဟင် ”


သူ နှင့် မနက်ခင်းတိုင်း ဆုံနေသော အိမ်ပေါ် ထပ် မှ မိန်းမလှလေး ။ ထို မိန်းကလေး က ပြုံးပြီး


“ တစ်ယောက်တည်း လား ” 


သူဇာချို ခေါင်းညိတ် ပြလိုက်သည် ။


“ ဟုတ် ပျင်းလို့ ”


“ ထိုင်မယ်နော် ”


သူဇာချို ခေါင်း သာ ထပ် ညိတ် ပြလိုက်သည် ။ မိန်းမလှလေး က ပြုံးပြီး


“ တစ်ယောက်တည်း ပျင်းနေလို့ ”


“ အတူတူပဲ ”


သူ နှင့် ခံစားချက် တူသူ ဖြစ်၍ သူဇာချို ဝမ်းသာ သွားသည် ။


“ မြရီနွယ် ပါ ”


“ သူဇာချို ”


တစ်ယောက် ကို တစ်ယောက် ကြည့်ရင်း အတော် လှတဲ့ မိန်းကလေး ပဲ ဟု စိတ် ထဲ ထင် နေမိကြသည် ။ တစ်ယောက် နဲ့ တစ်ယောက် က လဲ အခုမှ စကား ပြောဖူးတာ ဆိုတော့ ပြောစရာ က သိပ် မရှိ ။


“ ဘယ်မှ မသွားဘူးလား ” 


“ အင်း မသွားဖြစ်ဘူး ၊ အဖော် မရှိလို့ ”


တစ်ယောက် ကို တစ်ယောက် ပြုံး ကြည့် နေကြသည် ။ နောက်မှ သူဇာချို က မျက်မှောင် ကြုတ်ပြီး


“ တစ်နေရာရာ မှာ တွေ့ဖူး သလိုပဲနော် ”


သူဇာချို စကား ကို မြရီနွယ် က လဲ မျက်မှောင် ကြုတ် ၍


“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ ရင်းရင်းနှီးနှီး ကို တွေ့ဖူး သလိုပဲ ”


နောက်မှ စဉ်းစားပြီး


“ ဪ ပလာဇာ မှာ တစ်ခါ တိုက်မိကြတယ် ထင်တယ် ၊ ဟင်းဟင်း ” 


ထိုတော့မှ သူဇာချို လဲ


“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ မှတ်မိပြီ ၊ ပလာဇာ မှာ တစ်ခါ တိုက်မိကြ တာပဲ ၊ ဟင်းဟင်း တိုက်ဆိုင် လိုက်တာနော် ၊ ဟင်းဟင်း ”


စကားစ ပြတ်ပြီး တစ်ယောက် ကို တစ်ယောက် ပြုံး၍ ကြည့်မိ ကြပြန်သည် ။ နောက်မှ သူဇာချို က အိမ် ကို လက်ညှိုး ပြန် ထိုးပြီး


“ ဒီမှာ ပဲ နေတာနော် ”


“ ဟုတ်တယ် ၊ အပေါ်ထပ် မှာ ”


“ ညီမက အောက်ထပ်မှာ ” 


ပြုံးပြီး ကြည့်နေဖြစ်ကြ ပြန်သည် ။ အတန်ကြာ မှ သူဇာချို မှ ပင် စ၍


“ ဒီလောက် လှတာ ချစ်သူ မရှိဘူးလား ”


မြရီနွယ် က လှပစွာ ရယ်ရင်း


“ ပြောမှ သတိရတယ် ၊ မက်ဆေ့ချ် ပို့လိုက်ဦးမယ် ” 


ဆိုကာ ထူးနိုင် နံပါတ် ကို နှိပ်၍ မက်ဆေ့ချ် ပို့ လိုက်သည် ။


“ ဘယ် ရောက်နေလဲ ”


မက်ဆေ့ချ် ပို့ ပြီးမှ သူဇာချို ဖက် လှည့်၍


“ သူရော ”


“ တီတီတီ တီတီတီ ”


သူဇာချို ဆီ ဝင်လာသော မက်ဆေ့ချ် ။ သူဇာချို က ဖုန်း ကို မြှောက် ပြပြီး


“ ပြောရင်းဆိုရင်း မက်ဆေ့ချ် ဝင် လာပြီ ”


ကြည့်လိုက်တော့ ထူးနိုင် ထံ မှ မက်ဆေ့ချ် ။ ဖွင့် ကြည့်လိုက်တော့


“ ဘယ်ရောက်နေလဲ ” 


သူဇာချို က ပြုံးပြီး မက်ဆေ့ချ် ပြန် ပို့လိုက်သည် ။


“ In to u heart ”


သိပ် မကြာ ။ မြရီနွယ် ထံ မက်ဆေ့ချ် ဝင်လာသည် ။ မြရီနွယ် ပြုံးပြီး 


“ အောင်မယ် သူ က ကဗျာဆန် နေပြန်ပြီ ”


ဆိုကာ ပြန် ပို့ လိုက်သည် ။


“ မယုံဘူး ”


သူဇာနွယ် ဆီ ပြန် ဝင်လာသည် ။ သူဇာနွယ် က


“ I miss you ”


မြရီနွယ် ဆီ ပြန် ဝင် လာသည် ။


“ သူ သိပ် ပိုပြီ ဟင်းဟင်း ”


“ ဟင်းဟင်း ယောက်ျားတွေ က ဒီအတိုင်းပဲ ဟင်းဟင်း ”


နှစ်ယောက်သား စကားတွေ ပြောရင်း သဘောတွေ ကျ နေကြသည် ။ ဘယ်သူ့ ဆီ က မက်ဆေ့ချ် မှန်း လဲ တစ်ယောက် နဲ့ တစ်ယောက် မသိကြ ။


“ သူ ကလေ မက်ဆေ့ချ် ပို့ရင် မြန်မာ လို ပဲ ပို့တာ ၊ တို့ က မြန်မာ လို မကျွမ်းကျင် တော့ အင်္ဂလိပ် လို ပဲ ပြန်ပို့ရတာ ”


“ အဲဒါတွေ တို့ နဲ့ ကွာပါ့ ၊ သူ က အင်္ဂလိပ် လို ချည်းပို့တာ ၊ တို့ မြန်မာ လို ပို့လဲ သူ က အင်္ဂလိပ် လို ပဲ ဟင်းဟင်း ” 


နှစ်ယောက်သား ပျော်ပါး နေကြသည် ။ တစ်ယောက် ကို တစ်ယောက် ငေး ကြည့်ရင်း


“ ဘယ်မှာ တွေ့ကြတာလဲ ဟင် ” 


သူဇာချို အမေး ကို မြရီနွယ် က ပြုံးပြီး 


“ သူ က တို့ ရဲ့ အသက်သခင် ”


ထို စကား ကို သူဇာနွယ် က ပါ အံ့ဩဟန် ဖြင့်


“ အဲဒါ တစ်ခု တော့ တူပြီ ”


နှစ်ယောက်သား ရယ် နေကြသည် ။


“ ဘယ်လို အသက်သခင် ဖြစ်တာလဲ ”


မြရီနွယ် က ပြုံးပြီး


“ တစ်နေ့ မှာ ကားအက်ဆီးဒင့် ဖြစ် မလို ဖြစ်တုန်း သူ က အသက် စွန့်ပြီး ဝင် ကယ်ခဲ့တာ ”


သူဇာချို က ပြုံးရင်း


“ အဲဒါတော့ မတူဘူး ၊ တို့ ကတော့ လေ တစ်နေ့ ကား ကို မောင်း လာတုန်း အက်ဆီးဒင့် ဖြစ်မလို ဖြစ်တော့ သူ က အဲဒီ လူကို တွန်း လွှတ်ခဲ့တာ မြောင်းထဲ မှာ လိမ့်ရော ဟင်းဟင်း ”


သူ့ စကား ကို မြရီနွယ် က လိုက် ရယ်ရင်း 


“ ဟင်းဟင်း ဟုတ်လား ၊ ဘယ်မှာ ဖြစ်တာလဲ ”  


“ ဒီ ရပ်ကွက်လမ်းကွေ့ မှာ လေ ”


မြရီနွယ် မျက်လုံး ပြူး သွားပြီး


“ ဟင် ဟုတ်လား ၊ တို့ လဲ အဲဒီ နား မှာ ပဲ ဖြစ်တာ ” 


“ ဟင်းဟင်း တို့ ဖြစ်တာက နံနက်ခင်းကြီး ”  


“ တို့ လဲ နံနက်ခင်းပဲ ”


“ ဘာရယ် ”


နှစ်ယောက်လုံး အံ့အားသင့်ပြီး ပြန် ကြည့်မိကြသည် ။ နောက်မှ သူဇာချို က


“ ဟင်းဟင်း အဲဒီ နေရာ က အက်ဆီးဒင့် မကြာခဏ ဖြစ်တယ်နော် ” 


သူ့ စကား ကို မြရီနွယ် က လဲ အလိုက်သင့် ။


“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ အဲဒီ နေရာက လမ်းကွေ့ လဲ ဖြစ်နေတော့ လေ ၊ ဟင်းဟင်း ”


စကားစ ပြတ်သွား ပြန်သည် ။ ဘာဆက် ပြောရမှန်း မသိ။ နောက်မှ မြရီနွယ် က စကား ရှာပြီး


“ ချစ်သူ က ရော ”


သူဇာချို ပြုံး ၍ ပခုံး တွန့်ရင်း


“ အဲဒီတုန်း က တော့ ချစ်သူ ၊ အခုတော့ ယောက်ျား ပေါ့ ၊ ဟင်းဟင်း ”  


မြရီနွယ် က မျက်လုံလေး ပြူးပြီး


“ ဟယ် မထင်ရပါဘူးနော် ၊ အပျိုလေး ထင် နေတာ ၊ ဟင်းဟင်း ”


ဒါကို သူဇာချို က လဲ ပြုံး ရယ်ရင်း


“ သူ က ရော ”


မြရီနွယ် လဲ ပခုံး တွန့် ပြုံးပြီး


“ တို့ လဲ ယောက်ျား နဲ့ ပဲ အဟိ ”


“ ဟယ် ”

 

သူဇာချို သူ့ ရင်ဘတ် သူ ဖိပြီး မျက်လုံး ပြူး နေသည် ။


“ အပျို မှတ်နေတာ ၊ ကဲ ကြည့် ၊ ဒါနဲ့ အမျိုးသား က ရော ”


“ အပြင် သွားနေတယ် ”


“ အမျိုးသား က ဘယ်မှာ နေတာလဲ ”


“ ဒီ မှာ ပဲ နေတာ ”


“ ဟယ် ”


သူဇာချို မြရီနွယ် ညွှန်ပြရာ အိမ် ကို ပြန် ကြည့်သည် ။ သူဇာချို ညွှန်ပြ နေတာက သူ ယခု နေ နေသည့် အိမ် ။ ထို့ကြောင့် မျက်မှောင် ကြုတ်ပြီး 


“ တစ်ခါ မှ လဲ မတွေ့ ပါဘူး ၊ အမျိုးသား ကို ” 


ဒါကို မြရီနွယ် က ပြုံးပြီး


“ ရှိပါတယ် ၊ သူတို့ အောက်ထပ် ကို တောင် ညည်းညည်း နေတဲ့ လူနာ ဆင်းဆင်း ကြည့်သေး ၊ အဟင်းဟင်း ”


သူဇာချို မျက်လုံး ပြူး ကာ


“ ဟင် အောက်ထပ် မှာ လူနာ မရှိပါဘူး ၊ အပေါ်ထပ် မှာ ရှိတာ မဟုတ် လား ၊ အပေါ်ထပ် က ပဲ ညည်းညည်းသံ ကြား နေတာ ”


မြရီနွယ် ခါး ကို မတ်ကာ မျက်မှောင်ကြုတ် ခေါင်းခါရင်း 


“ မဟုတ်ပါဘူး ၊ အပေါ်ထပ် မှာ ပြောင်သလင်း ခါ နေတာ ၊ အောက်ထပ် မှာ သာ ”


တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကြသည် ။ နောက် မသင်္ကာဟန် ဖြင့် မြရီနွယ် မှ


“ ဒါ ဒါနဲ့ သူ့ အမျိုးသား နာမည် က ”


“ ကိုနိုင် ”


သူဇာချို စကား ကို မြရီနွယ် က သက်ပြင်းချပြီး


“ ဟူး တော်သေးတာပေါ့ ၊ တို့ အမျိုးသား နာမည် က ကိုထူး ”


“ ဟင် ဘယ်လို ”


“ ဘာ ဘယ်သူ ”


ထိုတော့မှ နှစ်ယောက်သား မျက်လုံးကြီး ပြူးပြီး သံပြိုင် ထ အော်သည် ။


“ ထူးနိုင် ”


ထိုသို့ အော်ပြီး နှစ်ယောက်လုံး ကြက်သေသေကုန်၏ ။ ဘာ ပြောရမှန်း မသိ ။ အတန်ကြာ မှ


“ ဒါ ဒါဆို ခုနက မက်ဆေ့ချ် က ”


“ ထူးနိုင် ဆီကလေ ”


“ ဒါဆို ဖွင့် ကြည့်ရအောင် ”


“ ဟင် ”


“ ဟာ ”


မက်ဆေ့ချ် အားလုံး အတူတူ ။ သူ့ မက်ဆေ့ချ် ကိုယ့် ဆီ ရောက်ပြီး ကိုယ့် မက်ဆေ့ချ် က သူ့ ဆီ မှာ ။ တစ်ယောက် ကို တစ်ယောက် ကြောင်ပြီး စိုက်ကြည့် နေမိကြသည် ။ အတန်ကြာ မှ လန့်ပြီး


“ ဘယ်နေ့ က ခိုးလာတာလဲ ”


“ ပြီးခဲ့တဲ့ အပတ် စနေည ဆယ်နာရီ ”


“ ဟင် တို့ လဲ အဲဒီ နေ့ပဲ ”


အားလုံး အတူတူ ။


ထို့နောက်


“ မေမေ လား ”


“ အန်တီ လား လူ စုပြီး လာခဲ့ ”


▢ အကြည်တော်


📖 နွယ်ချို


#ကိုအောင်နိုင်ဦး


.

Tuesday, December 10, 2024

နွယ်ချို ( ၁၈ )


 “ အောက်ထပ် က ညည်းသံ ကြားရင် မစိုးရိမ်နဲ့ ”  


“ အပေါ်ထပ် က ညည်းသံ ကြားရင် ဂရုမစိုက်နဲ့ ” 


စသည် ဖြင့် အကွက်ကျကျ နှစ်ဖက် မျှ ပြီး အပေါ်ထပ် အောက်ထပ် နှစ်ဖက်ခွ ပြေးနေသော ထူးနိုင် မှာ တစ်ညလုံး ပတ်ပြေး နေရ၍ လူ က ခံနိုင် သော်လည်း ဒူးခမျာ မခံနိုင်တော့ ။ နောက်ဆုံးမှာ တော့ အပေါ် လဲ မရော က် ၊ အောက် လဲ မရောက်နှင့် ဘယ်မှ မရောက်နိုင်ဘဲ နဖူး မှ ချွေး ခြေမ ကျကာ အပေါ်ထပ် နှင့် အောက်ထပ် ကြား လှေခါး ၌ ပင် ခွေယိုင်လဲ ပြီး အိပ်စက်ခြင်းဖြင့် သာ အားဖြည့် နေရလေသည် ။


•••  •••••  ••••  •••••


မနက်မိုး ကား စင်စင် လင်းပြီ ။ ထူးနိုင် မှာ တစ်ညလုံး အပင်ပန်းခံ ပ တ်ပြေး နေရ၍ ပင်ပန်းပြီး မထနိုင်သေး ။


မနက်ခင်း ၌ ပင် အိပ်ရာ မှ စောထသော မြရီနွယ် နှင့် သူဇာချို တို့ ထူးထူးဆန်းဆန်း လှေကားထစ် တွင် အိပ်ပျော် နေသော ထူးနိုင် ကို ခွေခွေလေး တွေ့ရသည် ။


“ ဟောတော့ ” 


နှစ်ယောက်လုံး ထိုသို့ မြည်သံ ပေး၍ ပင်ပန်းလွန်းကာ အိပ် နေသော ထူးနိုင် ကို မနှိုးတော့ဘဲ မျက်နှာ သစ်ရန် ပြုလုပ်ထားသော နေရာ သို့ သာ သွား လိုက်ကြသည် ။


နှစ်ယောက်သား မျက်နှာ သစ်သော ဘေစင် တွင် ဆုံကြသည် ။


တစ်ယောက် ကို တစ်ယောက် ပြုံး ပြကြသည် ။ နှစ်ယောက် သား သွား

တိုက်ရင်း


“ ဒီမှာ နေတာလား ”


သူဇာချို ၏ အမေး ၊ မြရီနွယ် က ပြုံးပြီး


“ အပေါ်ထပ်မှာ ” 


နှစ်ယောက်သား စကား မစ ဖြစ်တော့ ။ ကိုယ့် ဘာသာ ကိုယ် သန့်ရှင်းရေး လုပ် နေကြသည် ။ တစ်ယောက် ကို တစ်ယောက် လဲ စောင်းငန်း ကြည့်ပြီး “ အတော်လှတဲ့ မိန်းကလေး ” ဟု တွေးမိကြသည် ။


ထိုတော့မှ ထူးနိုင် မှာ ရူးကြောင်မူးကြောင် နှင့် နိုး လာပြီး ထို မြင်ကွင်း ကို မြင်ကာ


“ ဟာ သွားပြီ ၊ သွားပြီ ၊ ငါတော့သေပြီ ” 


ဆိုကာ ကိုယ့် ခေါင်း ကို ကိုယ် အုပ်ကိုင် ထားမိသည် ။


မိန်းကလေး နှစ်ယောက် ကတော့ သတိ မထားမိသေး ။ ကိုယ့် ကို ကိုယ် သာ သန့်စင်အောင် ကိုယ်လက် သုတ်သင်ပြီး ပြန်လှည့် လာကြသည် ။


“ သွားပြီနော် ”


“ ဟုတ်ကဲ့ ” 


နှစ်ယောက်သား နှုတ်ဆက် လိုက်ကြသေး၏ ။


ထူးနိုင် မှာ လှေခါးရင်း ၌ သေချင်ယောင်သာ ဆောင်နေရလေသည် ။


ဟိုကိုပြေး ဒီကိုပြေး မလေးလုံမလေး 

ပြိုင်မယ်လေ ၊ နိုင်မယ်လေ ၊ ရှောင်လေ 

ရှားလေ အနားမနေဘူးတော့ ၊

ကြက်တက်စူးလို့  ၊ နာတတ်သလေ ။

ခွပ်လိုက်ကြစို့ သူငယ်ချင်းရေ ၊

ယောက်ျားဘာသား ကဲ နွှဲကြမယ်လေ ။


•••  •••••  ••••  •••••


“ နွယ်ချို လို့ ခေါ်မယ်နော် ”


“ ဘာလို့ လဲ ”


“ နွယ် က ကိုယ့် ကို ချိုမြိန်စေလို့ ” 


“ ပိုပြီ ” 


“ ဪ ခဏနော် ၊ အဒေါ် ကို သွား ကြည့်လိုက်ဦးမယ် ”


“ ဟုတ် ပြန်လာနော် ”  


“ စိတ်ချပါ ၊ ညည်းသံ ကြားရင် ထွက် မကြည့်နဲ့ နော် ၊ ကိုယ်နိုင်တယ် ” 


“ ဟုတ် ”


တစ်နေ့လုံး အငြိမ် ။ ထူးနိုင် ဆင်း သွားမှ ဘာကြောင့် အဒေါ် ညည်းသံကြားရမှန်း မသိ ။


•••  •••••  ••••  •••••


“ နွယ်ချို လို့ ခေါ်ချင်တယ် ” 


“ ဘာလို့ လဲ ”  


“ ချို က ကိုယ့် ကို နွယ် လို ရစ်ပတ်ထားလို့ ”


“ ပြောတတ်တာ ”


“ ခဏနော် ၊ အဒေါ် နေကောင်းလား သွား ကြည့်မယ် ”


“ ဟုတ်ကဲ့ ဂရုစိုက်နော် ”


“ အင်းပါ ၊ ညည်းသံ ကြားရင် မပူနဲ့ နော် ၊ ကိုယ် နိုင်တယ် ”


ထုံးစံအတိုင်း ထူးနိုင် တက် သွားပြီး ညည်းသံ ကြားရသည် ။ ထုံးစံလို ဖြစ်နေတော့ မထူးဆန်းတော့ ။


ထူးနိုင် မှာ ဆယ်ပေါင်ခန့် ကျသွားသည်  ။


•••  •••••  ••••  •••••


မျက်တွင်းတွေ ချောင် ၊ ဒူးနှစ် ချောင်း ဂျာကလယ်ရိုက် နေသော ထူးနိုင် ကို သူငယ်ချင်းများ ငေးကြည့် နေကြသည် ။


“ အမှန်တော့ သိပ်လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး ” 


ထူးနိုင် ဘာ ဆိုလိုမှန်း မသိ ။ ဒီအတိုင်း ငေးကြည့် နေကြသည် ။ လက် မှာ လဲ ကြက်မောက်သီး နှစ်လုံး နှင့် ။


“ အပေါ်ထပ် နဲ့ အောက်ထပ် လူနာ မေး နေရတာနဲ့ တင် လူ က ဒူးအ တော် ချောင်တယ် ”


ထူးနိုင် တကယ် ချောင်သော ဒူး ကို ပြသည် ။ အားလုံးလဲ ကြည့်သည် ။ ထိုတော့မှ မိုးမောင်က သတိရပြီး


“ သူတို့ နှစ်ယောက် မသိဘူးလား ”


ထူးနိုင် က ခေါင်းခါပြီး


“ မသိဘူးကွ ”


“ ဘာလို့ ” 


“ သူတို့ နှစ်ယောက်လုံး က တစ်ယောက် ကို တစ်ယောက် ဒီ အိမ် က ပဲ လို့ ထင် နေကြတာ ၊ တစ်ယောက် ကို တစ်ယောက် က ငါ့ ညီမဝမ်းကွဲ လို့ ထင် နေကြတာ ” 


အားလုံး သက်ပြင်း ချသည် ။


“ ဒါနဲ့ နေပါဦး ၊ မင်း အပြင် ထွက်လာတော့ သူတို့ ကို ဘယ်လို နှုတ်ဆက်လဲ ”


“ အိမ် ခပ်ဝေးဝေး က နေပြီး နွယ်ချို ရေ သွားပြီလို့ နှုတ်ဆက်တာပေါ့ ”   


“ နွယ်ချို ဆိုတာ ” 


“ သူတို့ နှစ်ယောက်လုံး ကို နာမည် တစ်ခုတည်း ပေးထားတာလေ ၊ တ စ်ယောက် က နွယ် ၊ တစ်ယောက် က ချို ဆိုတော့လေ ၊ နွယ်ချို ပေါ့ ”


“ ပိုင်ပါကွာ ” 


“ အဲဒါဆိုတော့ သူတို့ နှစ်ယောက်လုံး က လဲ သူတို့ ကို ပြောတယ် ထင်ပြီး ဟုတ်ကဲ့ရှင့် ဆိုပြီး နှုတ်ဆက်တာပဲ ”


“ တယ်ဟုတ် ”


အားလုံး ထူးနိုင် ကို တလေးတစား ကြည့် ကြသည် ။ ဒူး ကိုလဲ လေး စားကြသည် ။ အတန်ကြာ မှ မိုးမောင် က


“ ဒါဆို မင်း ရှေ့လျှောက် ဘယ်လို လုပ်မှာ လဲ ၊ တစ်နေ့နေ့ မှာ သူတို့ စကား စပ်မိရင် မင်း လုပ်ထားသမျှ ပေါ်မှာ နော် ” 


ထူးနိုင် ခေါင်းကုတ် ကာ


“ ငါလဲ အဲဒါကို စဉ်းစား နေတာပဲကွ ” 


“ ဒါဖြင့် မင်း အချိန် မလွန်ခင် အဲဒီ နှစ်ယောက် ကို ခွဲထားလိုက်ပါလား ” 


ထူးနိုင် က အားလုံးကို ပြန်ကြည့်ပြီး


“ မင်းတို့ ကလဲ အခု အိမ်ပေါ် အိမ်အောက် တောင် လုံးနေအောင် ပြေး နေရတာ ၊ ခပ်ဝေးဝေး သာ ဆို ဟိုဖက် အိမ် ဒီဖက် အိမ် ပြေးနေရုံ နဲ့ အရှင် ထွက်ထွက်တယ် ” 


“ ဒါလဲ ဟုတ်တာပဲ ” 


အားလုံး ငြိမ်ကုန်၏ ။ မှန်သည် ။ နှစ်ယောက် ကို ခပ်ဝေးဝေး ထားရုံ နှင့် မာရသွန်ချန်ပီယံ ဖြစ်သွား နိုင်သည် ။ ရာဂကလဲ တွန်းကန်ဦးမှာ ကိုး ။ 


“ ဒါဖြင့် မင်း ဘယ်လို စဉ်းစားလဲ ” 


ထူးနိုင် ရင် ကော့၍ အသက်ပြင်းပြင်း ရှူလိုက်သည် ။


“ မတတ်နိုင်ဘူးကွာ ” 

 

အားလုံး သူ့ ကို ငေး နေရသည် ။


“ နှစ်ယောက်လုံး သိသွားပြီး တစ်ယောက်ယောက် က စိတ်ပျက်ပြီး အိမ်ပေါ် က ဆင်း သွားရင် လဲ ကျန်တဲ့ တစ်ယောက် နဲ့ ပေါင်းရမှာ ပဲ ဟူး ”  


အားလုံး ပါးစပ် အဟောင်းသား ။ ငတိ က ဒူးချောင် နေတုန်း ။ 


“ ဒါနဲ့ ဒီ ကြက်မောက်သီး နှစ်လုံး က ” 


မိုးမောင် က သူ့ လက်ထဲက ကြက်မောက်သီး ကို ကြည့်၍ ပြောသည် ။ ထူးနိုင် က ပြန် ငုံ့ကြည့်ပြီး


“ လက်ဆောင်လေ ၊ နွယ် အတွက် ခွဲတမ်း တစ်လုံး ၊ ချို့ အတွက် တစ်လုံး ” 


အားလုံး ပါးစပ် ဟ , ကုန်၏ ။ 


“ အများကြီး မဝယ်ဘူးလား ” 


ထူးနိုင် ခေါင်းခါရင်း


“ ဟင့်အင်း တစ်ယောက် တစ်လုံး ခွဲတမ်းနဲ့ ပဲ ” 


ထူးနိုင် ကြက်မောက်သီး နှစ်လုံး ဘောင်းဘီရှေ့အိတ် ထဲ ၌ ထည့်ပြီး


“ ကဲ သွားပြီကွာ ၊ အိမ် မှာ စောင့် နေကြလိမ့်မယ် ”


အားလုံး ပါးစပ် အဟောင်းသား ။ ဟိုကောင် က ကြက်မောက်သီး ခါသွားသည် ။


•••  •••••  ••••  •••••


မြရီနွယ် တစ်ယောက် တည်း နေရ၍ ပျင်းသလို ဖြစ်လာသည် ။ ထူးနိုင် ကလဲ ဘယ်ကို ထွက်သွားမှန်း မသိ ။ အခန်း ထဲ ၌ တစ်ယောက်တည်း နေ နေရသည် ကို က ပျင်းရိငြီးငွေ့ဖွယ် ။


အိပ်ခန်း ပြတင်းတံခါး မှ အပြင်သို့ လှမ်း ကြည့် လိုက်သည် ။


“ အို ” 


အိမ်ဝင်း အတွင်း ရှိ ခုံတန်း ၌ ထိုင်နေသော ကောင်မလေး ။ အိမ် အောက်ထပ် မှ ထူးနိုင် ၏ ညီမလေး လား ၊ တူမလေး လား မသိ ။ တစ်ယောက်တည်း ထိုင် နေတာ တွေ့ရ၏ ။


“ ဘာပဲဖြစ်ဖြစ် စကား သွား ပြောဖြစ်ရင် ကောင်းမှာ ပဲ ”


ဟု တွေးမိသည် ။ ထို့ကြောင့်


▢ အကြည်တော်


📖 နွယ်ချို


.

နွယ်ချို ( ၁၇ )


 အမှောင်ရိပ် သည် လူတို့ ၏ စိတ် ကို တစ်မျိုးတမည် ပြောင်းလဲစေပါသည် ။ ညီအစ်ကို မသိတသိ အချိန် မှ စ၍ ညဉ့်နက်ချိန် အထိ လူတို့ ၏ စိတ်များ အနည်းငယ် ပြောင်းလဲတတ်ကြောင်း လေ့လာသူများ က ဆိုပါသည် ။ ဖြစ်နိုင်ပါသည် ။ အနောက်တိုင်း မှ လူအတော်များများ မှာ ချစ်ရေး ဆိုခြင်း ၊ လက်ထပ်ခွင့် တောင်းခြင်းများ ကို ညနေခင်း အချိန် မှ စ၍ ညပိုင်းများ ၌ သာ အများ ဆုံး ပြုလုပ်ကြလေသည် ။


အဘယ်ကြောင့် ဆိုသော် ထိုအချိန် သည် စိတ်လက် အကြည်သာဆုံး နှင့် အပေါ့ပါးဆုံး အချိန် တစ်ခု ဖြစ်၍ ဖြစ်ပါသည် ။


ထူးနိုင် ၏ စိတ်သည် လဲ ညအမှောင် ကြီးစိုးလေလေ ပို၍ တထိတ်ထိတ်ဖြစ်လေ ဖြစ်နေသည် ။ သူငယ်ချင်းများ ကို ကိုယ်စား မိန်းမခိုး ခိုင်းသည့် ကိစ္စ ဘာဖြစ်မည် မသိ ။ ဝိုင်းပဲ အရိုက် ခံရမလား ။ ဒါမှ မဟုတ် ရဲလက် ပဲ အအပ်ခံရမည်လား မသိသေး ။ ဘာ လှည့်ကွက် နှင့် ဘယ်လို ထောင်ချောက် ဆင်ထားမှန်းမှ မသိတာ ။ တစ်ခုခု တော့ ပိုးစိုးပက်စက် ဖြစ်မှာ မြင်ယောင်မိသည် ။


သူငယ်ချင်းများ ပတ်တီး အဖွေးသား နဲ့ မို့ ဆေးရုံမှာ သွားကြည့်ရ မလား ။ ဒါမှ မဟုတ် ရဲစခန်းသံတိုင် နောက်မှာ အာမခံ နှင့် သွားတွေ့ရမ လား မသိနိုင်သေး ။ စိတ် ထဲ မှာ တော့ စိုးတထိတ်ထိတ် နှင့် ။ ကြိတ် ၍ ဘုရားတ နေရသည် ။


“ ဒေါင် ဒေါင် ဒေါင် ”


“ ဟ ဘာလဲ ဟ”


နာရီ alarm မြည်သံကြောင့် လန့်ပြီး ထ ခုန်မိသေးသည် ။ ကြည့်လိုက်တော့


“ ဆယ်နာရီ ဆယ်နာရီ ထိုးပြီ ”


ဇောချွေး တချို့ ပင် စိမ့်ထွက် လာသည် ။


ချိန်းထားသည့် အချိန် ရောက်ပြီ ။ ဟိုကောင်တွေ ဘာဖြစ်နေပြီ မသိ ။ အခြေအနေ ကို စဉ်းပင် မစဉ်းစားတတ် ။ ထိုစဉ်မှာ ပင်


“ ကလင် ကလင် ကလင် ”


“ ဟင် ”


တယ်လီဖုန်း မြည်သံ ။ ကြည့်လိုက်တော့


“  ဟာ ”


မိုးမောင် ဆီ က ဖုန်း ။ ဒီကောင် က မြရီနွယ် ကို သွား စောင့်တာ ။


“ ဘာ ဘာဖြစ်ပြီလဲ မသိ ”


ကတုန်ကယင် နှင့် ဖုန်း ကို ကောက် ကိုင်လိုက်သည် ။


“ ဟဲလို ၊ ဘာဖြစ်လဲ ဟေ့ကောင် အရိုက်ခံရပြီလား ”


တစ်ဖက်မှ အသံ တိတ် သွားသည် ။ နောက်မှ အသံတိုးတိုး ဖြင့်


“ လိုက်လာတယ် ဟေ့ကောင် ”


“  ဟာ ”


ထူးနိုင် အံ့အားသင့်ပြီး မျက်လုံး ပင် ပြူးသွားသည် ။ အခြေအနေ က သူတို့ လုံးဝ ထင်မှတ် မထားသော အခြေအနေ ။ ထို့ကြောင့် ကတုန်ကယင် ဖြင့်


“ မင်း မင်း ဟာ ဟုတ်သေးရဲ့ လား ၊ အရိုက် ခံရပြီး ကယောင်ကတမ်း တွေ ပြောနေတာလားဟင် ”


“ ဪ ဟုတ်ပါတယ်ဆိုကွာ ၊ မင်း အဒေါ် နေမကောင်းလို့ ငါတို့ ကို လွှတ်လိုက်တာ ဆိုတာကို ၊ မင်း အဒေါ် ဘာရောဂါလဲ မေးပြီး ဆေးတောင် ပြန် ယူ လိုက်သေးတယ် ”


“ ဟယ် ”


ကြက်သေသေပြီး ထူးနိုင် ဘာ ပြောရမှန်း မသိတော့ ။


“ အဲဒါ မင်းတို့ အိမ် ဘယ်မှာ ထားမလဲ ၊ နေရာ သာ ရှယ်ပြင်ထား ၊ ဒါပဲ ဟီ ဟိ ”


တစ်ဖက်မှ ဖုန်းချသွားသည် ။ ထူးနိုင် ရုတ်တရက် ကြောင် နေသေး သည် ။ နောက်မှ သတိရပြီး


“ ဟာ ပါ လာပြီ ၊ ပါ လာပြီ ဆိုတော့ ဒုက္ခပဲ ၊ အခန်းပြင် အခန်း ပြင်ရမယ် ”


ဆိုပြီး အိမ် အပေါ်ထပ် ပြေးတက်ကာ လွတ် နေသော အခန်း တစ်ခု ကို ပြေးဖွင့်လိုက်သည် ။ နောက် ခြင်ထောင် ကိုင်ရ မလို ၊ စောင် ခေါက်ရမ လို ဖြစ်နေစဉ်


“ ကလင် ကလင် ကလင် ”


“ ဟင် ”


နောက်ထပ် ဖုန်း မြည်သံ ။ ကြည့်လိုက်တော့


“ ပလုတ်တုတ် ”


လန့်ပြီး ထ အော်မိသည် ။ သိန်းစိုး ဆီ မှ ဖုန်း ။


“ ဒီကောင်တွေ ဘာဖြစ်ပြီလဲ ၊ ဒုက္ခများ ပြီလား ”


စိုးရိမ်စိတ် နှင့် ဖုန်းဖွင့် နားထောင်လိုက်သည် ။


“ ဟဲလို ”


သိန်းစိုး ဆီက အသံ က


“ လိုက်လာတယ် ဟေ့ကောင် ”


“ ဘာ ဘာ ဘယ်လို ဘာဖြစ်တယ် ”


ထူးနိုင် ထ ခုန်မိပြီး စကားများ ပင် ကယောင်ကတမ်း နှင့် ထွက် သွားသည် ။ ဒါကို သိန်းစိုး  က


“ ဟာ လိုက်လာပါတယ်ဆို ”


“ ဟင် ဘယ် ဘယ်လို ”


ထူးနိုင် လန့်ပြီး ဘာတွေ ဖြစ်နေမိမှန်း မသိ ။ အရာရာ မယုံနိုင်စရာ ဖြစ်နေလေသည် ။ ထို့ကြောင့်


“ မင်း မင်းတို့ ဟာ သေချာရဲ့ လား ”


သူ့ အမေးကို  သိန်းစိုး က


“ ဟာ လိုက်လာတာမှ သူတို့ အဒေါ် က တောင် မင်းတို့ စားဖို့ ဘာလချောင်ကြော် ပါ ထည့်ပေးလိုက်သေး ”


“ ဟာ ”


ခေါင်းတွေ မူးပြီး အမြင်အာရုံ ပင် ပျာတောက် သွား၏ ။ ခြေ မကိုင်မိ လက် မကိုင်မိ နှင့် ရှေ့ ပြေးရမလို ၊ နောက် ပြေးရမလို ဖြစ် နေမိ၏ ။ ဒါကို သိန်းစိုး က


“ အဲဒါ အခန်းသာ ရှယ် ပြင်ထားတော့ ဒါပဲ ”


“ ဟာ ”


တစ်ဖက် မှ ဖုန်းချ သွားသည် ။ ထူးနိုင် မှာ ကြက်သေသေပြီး ဘာလုပ်ရမှန်းပင် မသိတော့ ။ သူတို့ ထင်ထားတာ တစ်ခု မှ မဟုတ်တော့တာကိုး ။ ဒါကြောင့် ကြိုတင် ပြင်ဆင်ထားခြင်းသည်လဲ မရှိ ။ တကယ် ပါလာပြီ ဆိုတော့ ဘာလုပ်ပြီး ဘယ်နေရာမှာ ထားရမှန်းလဲ မသိ ။ ကြောင်ပြီး ခြင်ထောင် ကိုင် လို ကိုင် စောင် ခေါက် လို ခေါက် ၊ စားပွဲ ရှင်း လို ရှင်း နှင့် တစ်ယောက်တည်း ရှုပ်ယှက်ခတ် နေ၏ ။ နောက်


“ ဟုတ်ပါ့မလား ”


ဟု မဆီမဆိုင် တွေးမိသေး၏ ။ လက်တွေ က အလိုလို လှုပ်ရှားပြီး ဘာ တွေ ဖြစ်နေသည် မသိ ။ လူ နှင့် စိတ် က မကပ်တော့ ။


ထိုစဉ်မှာ ပင်


“ ထူးနိုင် ဟေ့ကောင် ထူးနိုင် ”


မိုးမောင် ၏ အသံ ။ ထူးနိုင် ခေါင်းနပန်း ကြီးသွားသည် ။ ခြင်ထောင် ထဲ ဝင် ပုန်းရမလား ၊ နောက်ဖေး ပေါက်မှ ပဲ ခုန်ချရမလား မဝေခွဲနိုင် ။ 


“ ထူးနိုင် ဟေ့ကောင် ဘယ်ရောက်နေလဲ ”


မိုးမောင် အသံ ထပ် ကြားရ၏ ။ ထိုတော့မှ ထူးနိုင် လဲ ကမန်းကတန်း အပြင်ပြေးထွက်ကာ


“ လာပြီ လာပြီ ”


သူ အံ့အားသင့်သွားသည် ။


“ ဟင် ”


မြင်ရသော မြင်ကွင်း က မယုံနိုင်စရာ ။ မိုးမောင် နှင့် အတူ အထုပ်အပိုး

အပြည့်အစုံ ဖြင့် မြရီနွယ် ။


မြရီနွယ် က ရှက်ပြုံး ပြုံး နေသည် ။


ထူးနိုင် ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်နေသည် ။ 


ဒါကို မိုးမောင် က


“ ဟေ့ကောင် ဘာ ကြောင်နေတာလဲ ၊ ဧည့်သည် ကို ခေါ်လိုက်လေ ”


ထိုတော့မှ ထူးနိုင် လဲ သတိရပြီး


“ ဪ ဟုတ်ပြီ ၊ ဟုတ်ပြီ ၊ လာ လာ မြရီနွယ် လာ ”


မြရီနွယ် ကို လှမ်း ခေါ်၍ အိမ်ပေါ်ထပ် လှမ်း တက် လိုက်ရသည် ။ မြရီနွယ် က သူ တွဲခေါ်ရာ နောက်သို့ ရှက်ရွံ့စွာ လိုက်ပါလာသည် ။


“ လာ မြရီနွယ် ၊ ဒီ အခန်းပဲ ”


ခုန သူ့ ဘာသာသူ ရှုပ်ပွ ထားသော အခန်း ထဲ ဆွဲခေါ်လိုက်သည် ။ မြရီနွယ် က ရှုပ်ပွ နေသော အခန်း ကို ကြည့်ပြီး


“ အဒေါ် က နေမကောင်းလို့ ဆို ”


မြရီနွယ် ၏ ရုတ်တရက် အမေး ကို ထူပူနေသူ မို့ ရုတ်တရက် နားမလည် ။ ထို့ကြောင့်


“ အဒေါ် အဒေါ် ဆုံးပြီလေ ”


မြရီနွယ် က မျက်လုံး ပြူးပြီး


“ ဟင် ဆုံးပြီ ၊ ခုနကပဲ နေမကောင်းလို့ ဆို ”


ထိုတော့မှ ထူးနိုင် လဲ သူ မှားသွားမှန်း သိပြီး


“ ဪ အဒေါ်လား ၊ မဆုံးသေးဘူး ၊ ဆုံးမလို ဖြစ်နေတာလို့ အဟဲ ”


“ အတော် အခြေအနေ ဆိုးလား ”


“ အင်း ဘယ်လို ပြောရမလဲ ”


တကယ်ကို ဘယ်လို ပြောရမှန်း မသိ ။ မရှိသည့် အဒေါ် ကို ဘာရောဂါ တပ်ရမှန်းမသိ ။ ထိုစဉ်မှာ ပင်


“ ထူးနိုင် ဟေ့ကောင် ထူးနိုင် ”


သိန်းစိုး ၏ အသံ ။ ထူးနိုင် ခေါင်းနပန်း ကြီးသွား၏ ။ သိန်းစိုး က သူဇာချို ကို သွား ခိုးလာသူ ကိုး ။ ထို့ကြောင့် မြရီနွယ် ရှေ့ ပျာပျာသလဲ ဖြင့် ဘာ လုပ်လို့ ဘာကိုင်ရမှန်း မသိ ။


မြရီနွယ် က သာ အပြင် ထွက် ကြည့်မလို လုပ်ပြီး 


“ ဘယ်သူလဲ မသိဘူး ၊ ကိုထူး ကို ခေါ်နေတာ ”


ထိုတော့မှ ထူးနိုင် လဲ ကပျာကယာ ဖြင့်


“ ဩော် အဒေါ် ကို လာကြည့်တဲ့ ဆရာဝန် ပါ ၊ ခဏလေး နော် ၊ အဒေါ့် ကို သွား ကြည့်လိုက်ဦးမယ် ၊ အခန်း ထဲ မှာ ပဲနေနော် ၊ အပြင် မထွက်နဲ့ ”


“ အင်းပါ ”


မြရီနွယ် က ခေါင်းညိတ်သည် ။ ထူးနိုင် အခန်းပြင် ပြေးထွက် လိုက်သည် ။


“ ဟင် ”


သိန်းစိုး နှင့် အတူ ပါလာသော သူဇာချို ။


ထူးနိုင် အခန်း ထဲ ပြန်ပြေး ဝင်ရမလား ။ ထွက်ပဲ ပြေးရမလား မသိ တော့ ။ ဒါကို သိန်းစိုး က


“ ဟေ့ကောင် ဘာလုပ်နေတာလဲ ၊ ဧည့်သည် ကို လာခေါ်လေ ”


ထူးနိုင် ထွက်ပြေးရ မလို ၊ ပြေးပုန်းရ မလို ဖြစ်နေသေး၏ ။ နောက် တော့မှ “ ဖြစ်ချင်ရာ ဖြစ်တော့ကွာ ” ဟု ဆုံးဖြတ်ပြီး


“ ဪ လာပြီ လာပြီ ”


ဆိုကာ အိမ်ပေါ် ထပ် မှ ပြေးဆင်းကာ သူဇာချို ကို ပြေးခေါ်လိုက်သည် ။


“ လာ ချို လာ ”


အိမ် အောက်ထပ် အခန်းထဲ ဆွဲ ခေါ်လိုက်သည် ။ သူဇာချို့ က သူ့ ကို ကြည့်ပြီး


“ ဘာဖြစ်နေတာလဲ ၊ နေ မကောင်းဘူးလား ”


ထူးနိုင် ပျာပျာသလဲ ဖြစ်နေသည် ။ နောက်မှ သူ့ ကိုယ် သူ ပြန်ထိန်းကာ


“ ကောင်းပါတယ် ၊ အဟဲ ဟိုလေ အပေါ်ထပ် မှာ အဒေါ် အဒေါ် တစ်ယောက် နေမကောင်းလို့ ”


သူဇာချို က မော့ကြည့်ပြီး


“ အင်း ဟို ကိုသိန်းစိုး တို့ တော့ ပြောတယ် ၊ အဒေါ် နေမကောင်းလို့ တဲ့ ”


ထူးနိုင် ဝမ်းသာသွားသည် ။ အကွက်ကောင်း ဆိုက်ပြီကိုး ။ ထို့ကြောင့် 


“ အင်း အဲဒါလေ ၊ အခြေအနေ က သိပ် မကောင်းလို့ ကိုယ်တိုင် တောင် မလာနိုင်ဘူး ၊ ခဏနော် ၊ အပေါ် မှာ အခြေအနေ ကောင်း မကောင်း တက် ကြည့်လိုက်ဦးမယ် ”


သူဇာချို က ခေါင်းညိတ်သည် ။ ဒါကို ထူးနိုင် က ပြုံးပြီး


“ ဪ ဒါနဲ့ အပေါ်က ညည်းသံ ကြားရင် တက် မကြည့်နဲ့ နော် ၊ ရတယ် သိလား ၊ ကိုယ် တစ်ယောက်တည်း နိုင်တယ် ”


သူဇာချို က ကြောင်တောင်တောင် နှင့် ခေါင်းညိတ် ပြန်သည် ။ 


“ သွားပြီနော် ၊ ဟီးဟီး ”


ထူးနိုင် က သာ အပေါ်ထပ် ပြေးတက်ရပြန်သည် ။


“ ဟူး ”


မောပန်းတကြီး ပြေး ဝင်လာသော ထူးနိုင် ကို မြရီနွယ် က ငေးကြည့်သည် ။

အခန်းလေး က ခုနကလို မဟုတ်တော့ ။ သပ်သပ်ရပ်ရပ် ပြင်ထား ပြီးသား ။


“ အဒေါ် နေကောင်းလား ကိုထူး ” 


ထူးနိုင် အခန်း ထဲ လှမ်း ဝင်ပြီး


“ သိပ် မကောင်းဘူး နွယ် ရယ် ၊ ဟူး ထုံးစံ အတိုင်း ရင်ကြပ် ဆိုတော့လေ ၊ အဟင်း ”


အရေးထဲ မောနေသေး၏ ။ မြရီနွယ် က သူ့ အထုပ်များ ကို ဖွေရှာရင်း 


“ နွယ် တောင် အဒေါ်အတွက် ဆေး ယူလာသေးတယ် ၊ ဒီ ဆေး က သိပ် ကောင်းတာ တိုက်ကြည့်ပါလား ”


မြရီနွယ် က ဆေးဘူး တစ်ဘူး ထုတ်ပေးသည် ။ ထူးနိုင် က ဝမ်းသာ အားရ ဆေးဘူး ကို ယူပြီး


“ ဟာ အတော်ပဲ ၊ အဒေါ် ကို သွား တိုက်ကြည့်ဦးမယ် ၊ ခဏနော် ၊ အဟဲ ”


ဆိုပြီး ကမန်းကတန်း အခန်းပြင် ပြေး ထွက်လိုက်သည် ။ နောက် အခန်းဝရောက်မှ သတိရပြီး


“ ဪ နွယ် ”


မြရီနွယ် သူ့ ကို မော့ ကြည့်သည် ။ ထူးနိုင်  ပြုံးပြီး


“ အောက်ထပ် က ညည်းသံ ကြားရင် မစိုးရိမ်နဲ့ နော် ”


မြရီနွယ် ကြောင်တောင်တောင် နှင့် ခေါင်းညိတ်သည် ။


“ ကိုယ် နိုင်တယ် သိလား ”


ဤသို့ဖြင့်


▢ အကြည်တော်


📖 နွယ်ချို


.