Monday, April 8, 2024

ပိတောက်တေး


 

❝ ပိတောက်တေး ❞

ရွှေအိုးစည် စလွယ်သိုင်းနဲ့
ဘယ်ကိုင်းလို့ ညာကိုယိုင်
ဗောင်းစ, က မြိုင် ။

သိကြားကို ပြိုင်
မော်နိုင်မယ့် မောင်ထွေး ။

လက်သီးကို တင်ရုံနဲ့
ကိုရင့်ဗုံ အိုးစည်ကြီးရယ်
ဟီးလှတယ်လေး ။

ဟီးမှာပေါ့ - ပျိုလေးဆွေ
ပိတောက်ဝါ ပျို့နဖူးမှာ
ထူးတဲ့လို့ဝေ ။

ချိုပလေ ၊ အို - မေရဲ့ မျက်နှာပေး ၊
မြစိမ်း ဆင်ထဘီနဲ့
သီကရီ - ရွာဝင်ဝမှာ
မင်း - လှလို့လေး ။  ။

◾ဇော်ဂျီ

📖 ပိတောက်ဖူးတဲ့ လတန်ခူး
      နှစ်ဦးသင်္ကြန်ခါ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment