❝ သင်္ကြန်ကြို ❞
ပျိုလေးတို့ ရွာဦး
ရွှေဖူးလို့လေး ။
ခူးလိုက်ကြဟေ ...
ပင်ခြေမှာ တောင်လိုမောက်
ပန်းပိတောက်မွှေး ။ ။
ပိတောက်ဝါ ဆင်သလို့
ယဉ်စစ ရွာကြီးသူ
မူပါနဲ့ဟေး ။
ဘယ်ခြောက်ခါ ညာခြေနဲ့
ညာခြောက်ခါ ဘယ်ခြေနဲ့
ကိုယ့်မွေးမေ ဆိုတဲ့ ဆဲအောင်
ရွှဲစေ့မယ်လေး ။ ။
အိုးစည်နဲ့ ဒိုးပတ်သံ
ကြက်ဝိုင်းမှာ ညာသံပစ်
ဟစ်လိုက်ကြညံ ။
ဘုရားပြန် ချန်ပါဘူဟေး
ဥပုသ်သည် ဆိုချင်ဆိုစေ့
ကလေးမေ ငိုချင်ငိုစေ့
ချောင်းညိုညို ရေကြည်ခန်းတဲ့အောင်
ကြမ်းလိုက်ပလေး ။ ။
◾ဗန်းမော်ညိုနွဲ့
📖 သွေးသောက် မဂ္ဂဇင်း
ဧပြီ ၊ ၁၉၅၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment