❝ ကားလေး ပျောက်သွားတာပဲ အဖတ်တင်ပါတယ် ❞
“ အဲဒါ မင်း ဘယ်လို သဘောရ သလဲ ”
“ သူတို့ စိတ်ကူး ထားတဲ့ ကုန် လှောင်ဖို့ ငွေ ထုတ်ချေးဖို့ ဆိုတာ က တော့ လွယ်တော့ လွယ်တာပေါ့ အစ်ကိုကြီး ၊ ဒါပေမယ့် ဒီ အလုပ်တွေ က တကယ် မသေချာ မရေရာ တဲ့ အလုပ် တွေ ၊ ဒီ အလုပ် တွေ က လောင်းကစား နဲ့ သိပ် မထူးလှဘူး ”
“ ငါ လဲ ဒီ သဘောပဲ ဒါပေမယ့် သူတို့ က ငါ့ လာ အပူကပ် နေတော့ ”
“ ခက်တယ် အစ်ကိုကြီး ဒီ မှာ လုပ် စားလို့ ရ လောက်တဲ့ ပညာ တစ်ခု ခု ပါလာတယ် ဆိုရင်တော့ ”
၂၀၀၅ ခုနှစ် ဩဂုတ်လ ၁ဝ ရက် ဗုဒ္ဓဟူးနေ့ က အစ်ကိုကြီး ကိုတင်ရှိန် နဲ့ ကျွန်တော် ပြောဖြစ်ကြတဲ့ စကားတွေ ပါ ခင်ဗျာ ။
သူ့ တူတွေ နိုင်ငံခြား ထွက် အလုပ် လုပ် ရာ က ပြန် လာ ကြတယ် ။ ငွေ တွေ ပါ လာတယ် ။ သည် မှာ ဘာ လုပ် လို့ ဘာ ကိုင် ရမှန်း မသိဘူး ဖြစ် နေတယ် ။
အဲဒါ အစ်ကိုကြီး နဲ့ ကျွန်တော် စကား စပ်မိ စပ်ရာ ပြောကြတာ ။ ဖြစ်တတ်ပါတယ် ။ စမ်း တဝါးဝါး ။ တချို့ ကျ တော့ နိုင်ငံခြား သွား အလုပ် လုပ် ကြတယ် ။ သည်မှာ သုံး လို့ ရမယ့် ပညာ တွေ ၊ လုပ် စားလို့ ဖြစ်နိုင်လောက် တဲ့ ပညာ တွေ ပါ တတ် လာခဲ့ကြတယ် ။ သူတို့ ကျတော့ ပါ လာတဲ့ ငွေ ကို ရင်းနှီး ပြီး လုပ်ငန်း တစ်ခု ဖတ်ခနဲ ကောက် ထူထောင် လိုက်ရုံပဲ ။
နိုင်ငံခြား ထွက် အလုပ် လုပ်တဲ့ လူတွေ ထဲ မှာ ကျွန်တော့် တူ မောင်ကောင်းကြီး က တော့ .. ။
“ မပြောချင်တော့ ပါဘူး ဟယ် ”
“ ဒါဖြင့်လဲ မပြောပါနဲ့တော့ အစ် မရယ် ”
“ ဟေ့ အေး ငါ ပြောလိုက်ရမှ ဒါမှ ငါ့ ရင် ထဲ က အလုံးကြီး ကျ သွားမှာ ”
ဪ လူ့ သဘာဝ ၊ ရင် ထဲ က အလုံးကြီး ကို သူ တစ်ပါး ထံ အံချ ဖွင့်ချ လိုက် ရရင် ရင် ရှင်း သွား သတဲ့ဗျာ ။
“ အင်း အင်း ဆိုပါဦး ”
“ ငါ့ ဟယ် ငါ့ သား မောင်ကောင်းကြီး ပေါ့ ၊ နိုင်ငံခြား ထွက်ချင်လှချည် ရဲ့ ၊ သင်္ဘော တက်ချင်လှချည် ရဲ့ ဆိုလို့ ငါ့ ဗင် ကားလေး ရောင်း ပြီး သင်္ဘော ပေါ် တင်ပေး လိုက်တာ ”
“ အမှန် အကန် လိုင်းလား ”
“ အမှန်အကန် လိုင်းပါ ဟယ် ၊ အဲဒါ ငါ့ မှာ စိတ်ချလက်ချ ရှိ နေတုန်း ဗြုန်း ဆို ပြန် ရောက် လာရောဟယ် ၊ ဘာ ကြာတုန်း ၊ သင်္ဘော ပေါ် မှာ သုံးလ တည်း ရယ် ”
“ နေထိုင် မကောင်းလို့ လား အစ်မ ”
“ အကောင်း ပကတိကြီး ပါ တော် ”
“ ဟင် ဒါနဲ့များ ”
“ ဒီ ကောင် က လက်ကြော မတင်းတော့ သင်္ဘော ပေါ် က မောင်းချ လိုက်တာပေါ့ ၊ အိမ် မှာ နေတုန်း က လဲ သူ က ပေါ်ကြော့ ဟဲ့ ”
“ ဒါဖြင့် ဘာလို့ ”
“ အမယ်လေး ဟယ် သေ မတတ် ပူဆာ တညည်းညည်း တညူညူ ဂျီတိုက် နေတော့ နားအေး ပြီးရော ဆိုပြီး ကားလေး ရောင်း ပြီး ရင်း လိုက်တာ ”
“ နေဦး အစ်မ ဒီ ကားလေး ရောင်း လိုက်တုန်းက ဘယ်လောက် ရတု န်း ”
“ ခြောက်သိန်းခွဲ လေ ”
“ အင်း အစ်မ ကျွန်တော် က ကား နဲ့ ပတ်သက်ရင် ဘာမှ မသိဘူး ။ နုံ တယ် ဆိုဆို ၊ အ တယ် ဆိုဆို အဲဒီ အစ်မ တို့ ရောင်း လိုက်တဲ့ ကားမျိုး ဒီနေ့ ဆို ဘယ်လောက် တန်ပါ့မလဲ ”
“ သိန်း နှစ်ရာ့ငါးဆယ် အောက်ထစ် ပေါ့ ငါ့ မောင် ရယ် ”
ဟုတ်ပေလိမ့်မည် ။ ၁၉၉၅ ခုနှစ် ဧပြီလ က ကျွန်တော့် သူငယ်ချင်း ရွှေချစ် ဆိုတဲ့ကောင် ကား ဝယ်တာ လေးသိန်း ကျော် လေးပဲ ပေး ရတယ် ။ ဟိုတလောလေး က မေး ကြည့် မိတော့ သိန်း နှစ်ရာ့ငါးဆယ် ခြောက်ဆယ် လောက် ပေါက်တယ် တဲ့ ခင်ဗျာ ။
( ပိုင်ရှင် ကို မမေးရဲဘူး ၊ ဘေး လူ ကို တီးခေါက် ကြည့်တာ ) ။
၁၉၉၅ - ယနေ့ ၂၀၀၅ - ဆယ်နှစ် အတွင်း ဖြစ် သွားတာ ။
“ ငါ့ ဟယ် အဲဒီ ကားကလေး သာ ရောင်း မပစ်လိုက်ရဘူး ဆိုရင် ဒီနေ့ ”
“ ဟုတ်တာပေါ့ အစ်မ ဒါလေး ရောင်းပြီး စီးပွါးရေး လုပ်ငန်း တစ်ခု ထူထောင် လို့ ရသေးတာပေါ့ ”
“ အဲဒါ ငါ ပြောတာ ”
“ အခု ကော အစ်မ သား ဘာတွေ လုပ် နေတုန်း ၊ စီပွါးရေး တစ်ခု ခု ”
“ အမယ်လေး ဟို အလုပ် က သူ နဲ့ မတန်ဘူး ၊ ဒီ အလုပ် ကို ဖြင့် မကြိုက်ဘူး နဲ့ သင်္ဘောသားလူထွက်ကြီး က အိမ် မှာ ယောင်တောင်ပေါင်တောင် ပါ ပဲ ဟယ် ”
ဪ ကျွန်တော့် အစ်မကြီး ရဲ့ အဖြစ်က မလွယ်ပါလား ။
“ ကားလေး ပျောက် သွားတာပဲ အဖတ် တင်ပါတယ် ငါ့ မောင် ရယ် ”
ကျွန်တော် ချက်ချင်း ထွက်ပြေး ခဲ့ပါ၏ ။ မတော် ကျွန်တော့် ရှေ့ မှာ ငို နေ မှ ဖြင့် ။
◾ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၂၃ စက်တင်ဘာ ၊ ၂၀၀၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment