Saturday, April 27, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၄ )


 

“ ဂျိမ်း ”

“ ရွှီး ... ဖတ် ”

“ ဟာ ... ဟေ့ ... ဟေ့ ကားခ .. ကားခ ”

ဟိုတယ်ရှေ့ ကား ထိုး ရပ်လိုက်သည် နှင့် ကျွန်တော် လည်း ကမန်းကတန်း ဟိုတယ် ထဲ ပြေး ဝင် လိုက်သည် ။

“ ဟေ့ဟေ့ ... ဘယ်က လူလဲ ၊ ဘယ် သွားဖို့လဲ ”

အစောင့် တစ်ယောက် က ပြောရင်း တား သည် ။ ခြေလှမ်း ကို တုန့်ရင်း ...

“ မင်း .. မင်း မင်္ဂလာပွဲ ၊ အဲ စေ့စပ်ပွဲ ၊ သွား စေ့စပ်ဖို့ ”

ကျွန်တော့် စကား ကြားတော့ ဟိုတယ်စောင့် မှာ စိတ်ညစ် သွားဟန် ဖြင့်  ...

“ အာ .. အရူး က မင်္ဂလာဆောင်မလေး ဘာလေး နဲ့ နားရင်း အုပ် ထည့်လိုက်ရ မကောင်း ရှိရော့မယ် ၊ သွား သွား ”

ဟု ဆိုကာ တွန်း လွှတ်နေ၏ ။

ထိုစဉ်မှာ ပင် ...

“ ဟေ့ ... ဟေ့ ဘာဖြစ် နေတာလဲ ”

မန်နေဂျာ ဖြစ်ပေလိမ့်မည် ။ ရုပ်ရည် ခပ်သန့်သန့် လူ တစ်ဦး က လှမ်း အော်သည် ။

“ ဒီမှာ ဆရာ ၊ ဟိုတယ် ထဲ အရူး ဝင်လို့ ”

“ အာ ... မင်းတို့ က လည်း ဒီအတိုင်း နှင် လွှတ်လို့ မရရင် လည်း ပိုက်ဆံလေး ဘာလေး ပေးပြီး နှင် လွှတ်လေကွာ ၊ ရော့ ရော့ ဒီမှာ တစ်ထောင် ”

မန်နေဂျာ က အိတ်ကပ် ထဲ မှ တစ်ထောင်တန် တစ်ရွက် ထုတ် ပေးသည် ။ ကျွန်တော် လည်း အလကား ရ မနည်းဘူး စိတ် ပိုင်းဖြတ် ကာ လှမ်း ယူ လိုက်သည် ။ အပြင် ရောက်သည် နှင့် ရပ် နေသေးသော တက္ကစီ သို့ ...

“ ရော့ ... ဒီမှာ ကား ခယူ ”

ဆို ကာ ခုန တစ်ထောင်တန် လှမ်း ပေး လိုက်သည် ။ ပြီးနောက် ဟိုတယ် အနောက်ပေါက် သို့ ပြေး သွားမိ၏ ။ အရှေ့ က မှ ဝင် မရဘဲကိုး ။

“ ဟ ... ဟ ဘာကြီးလဲ ၊ ဘာကြီးလဲ ၊ လုပ်ကြပါဦး ”

“ ဟင် ... ကြွက် ... ကြွက် အဲ ဘာ ... ဘာ ”

ကျွန်တော် ဝင်လာသည် နှင့် စားဖိုဆောင် မှ လူ အားလုံး အလန့်တကြား ဖြစ်သွားကြ၏ ။

“ ဟ ... ဟ လုပ်ကြပါဦး ၊ သေပြီးသား အိုးမဲကြီး ပြန် ခုန်ထ လာတာလား ”

ကျွန်တော် လည်း သူတို့ အားလုံး ကို တွန်းဖယ် ရင်း ဓာတ်လှေကား ဆီ ပြေး သွားလိုက်သည် ။

ဓာတ်လှေကား ကို ဖွင့်လိုက်သည် နှင့် .. 

“ ဟဲ့ ... ပလုတ်တုတ် ၊ ဘာကြီးလဲ ဟ ”

ဓာတ်လှေကားစောင့် ၏ အော်သံ ။

ကျွန်တော် က လည်း

“ သတို့သား ဗျ ၊ သတို့သား ၊ အမြန် ဖွင့်စမ်းပါ ”

“ အာ .. အရူး က များ ၊ သတို့သား တဲ့ ၊ မဖွင့်ဘူး ၊ မဖွင့်ဘူး ၊ အင်း ဟာ ပိတ်တယ် ဟာ ”

ဆိုကာ တံခါး ကို ပြန် ပိတ် လိုက်သည် ၊ ကျွန်တော် က လည်း အားကျ မခံ ...

“ တင်းတောင် ”

“ တင်းကောင် ”

ဓာတ်လှေကားတံခါး က သူ နှိပ် ကိုယ် နှိပ် မို့ ဖွင့်လိုက် ၊ ပိတ် လိုက် ဖြစ်နေသည် ။ မတတ်သာသည့် အဆုံး ဓာတ်လှေကား အပွင့် ဟိုက ပြန် မပိတ်မီ တံခါး ကို ခြေထိုး ခံ ထား လိုက်သည် ။

“ အင်းဟာ ... ဘာ တတ် နိုင်သေးလဲ ၊ ဟား ဟား ”

“ ဪ ... ဒီလိုလား ဒါဆို ဒီလိုလေး ပဲ လုပ်လိုက်မယ် ၊ ကိုင်း အင်းဟာ ”

ဓာတ်လှေကားစောင့်ကြီး က ထိုးခံ ထားသော ခြေထောက် ကို ဆောင့် နင်းချ လိုက် သောကြောင့်  ... 

“ အား ”

နာလွန်း ၍ ကိုယ့် ခြေ ကိုယ် ပြန် မလိုက်ချိန် တွင် မနေ့က မှ ဒီနေ့ အတွက် ဝယ်လာ သော ဖိနပ် တစ်ဘက် မရှိတော့ ။ ဓာတ်လှေကား ကား နံပါတ် ပြောင်း ၍ တက်သွား လေပြီ ။

မတတ်သာသည့် အဆုံး နာ နေသည့် ခြေတစ်ဘက် ကို မ ၍ လှေကားများ အတိုင်း သာ ခုန်တက် လိုက် ရသည် ။

“ အား .. အား ... အု ... အု... အု ... အု ”

ပါးစပ် က သံစုံ မြည်အောင် အော်ရင်း လှေကား အတိုင်း ခုန်ဆွ ခုန်ဆွ နှင့် တက် နေ ရလေသည် ။ တက်ရသည့် အထပ် က လည်း နှစ်ထပ် မို့ ပေါင် ကို ကွ နေအောင် ခုန် ရ၏ ။ သည် ကြား ထဲ နာ နေသည့် ခြေမ ကို ကုန်း မှုတ်ရသေး ။

“ အု ... အု .. အား ... အား ”

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment