❝ ပိတောက်သက်သေ ❞
တစ်နေ့သ၌ ကျွန်ုပ် ထံ သို့ “ အီတ လီမ ” ဆိုသည့် သူငယ်မလေး ရောက်လာ ပြန်၏ ။ သူ သည် ကျွန်ုပ် အား နွားနို့ ဖြင့် ပြုလုပ်သော နွားနို့ခေါက်ဆွဲ ချက် ပေးမည် ဟု ဆိုကာ ဈေး သို့ သွား၍ ကြက်သား ၊ နွားနို့ နှင့် ခေါက်ဆွဲများ ဝယ်ယူခဲ့လေ၏ ။ ပြန် ရောက် လျှင် ၎င်း ကိုယ်တိုင် ချက်ပြုတ် လေ၏ ။
ကျက်သည် နှင့် တစ်ပြိုင်နက် ကျွန်ုပ် အား နွားနို့ခေါက်ဆွဲ လာ၍ ကျွေး လေ၏ ။ သူ ၏ နွားနို့ခေါက်ဆွဲ မှာ အလွန် အရသာ ရှိ လေ၏ ။
“ ကောင်းလှချေလား အီတလီမ ရယ် ... ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ...
အီတလီမ က ...
“ နွားနို့ခေါက်ဆွဲ သက်သက် မဟုတ်ဘူး အဘ ရဲ့ ၊ အဲဒီမှာ ခရု စိမ် ထားသေးတယ် ... ၊ အဲဒါ က ကောင်းတာ .. အဘ ရဲ့ ” ဟု အီတလီမ က ပြောလေ၏ ။
“ ဒီထက် ကောင်းတာ ကို ပြောပြ ဦးမယ် ....” ဟု အီတလီမ က ပြော ပြန်လေ၏ ။
“ ဘာများ လဲ အီတလီမ ရယ် .. ” ဟု ကျွန်ုပ် မေး လိုက်ရာ ...
အီတလီမ က ...
“ အလယ်ရိုးမ တောင်ခြေ နား က ပိတောက်နီ ဆိုတဲ့ ရွာလေး တစ်ရွာ အကြောင်း ပါ ... ” ဟု ပြောလေ၏ ။
“ အီတလီမ ရယ် နင့် ဟာ က အခု ကတည်း က အဓိပ္ပာယ် မရှိ တော့ဘူး ... ၊ ပိတောက် ဟာ အဝါ ပါ ဟဲ့ ... ၊ ဘယ်လိုလုပ် နီ မှာ လဲ ” ဟု ပြော လိုက်ရာ ...
“ နီတယ် အဘ ရေ ၊ အဲဒီ ရွာ ကို အလုပ်ကိစ္စ တစ်ခု နဲ့ ရောက် လာတဲ့ ရဲအရာရှိ တွေ ၊ ယစ်မျိုးအရာရှိ တွေ ၊ ကျန်းမာရေး ဘက် က ပုဂ္ဂိုလ် တွေ ဟာ အဲဒီ ပိတောက်ပင်ကြီး ကို ကြည့် ပြီး အံ့ဩ သွားကြရ တယ် ” ဟု ပြောလေ၏ ။
“ ကဲ ... အီတလီမ ရေ ... ၊ နင့် ရဲ့ ဝတ္ထုဇာတ်လမ်း စ စမ်းပါဦး ” ဟု ကျွန်ုပ်က ပြောလိုက် မိ လေ၏ ။
“ အဲဒီ ရွာကလေး က အတော့် ကို လှတယ် အဘ ရဲ့ ၊ တောင်ပေါ် က ကျတဲ့ စမ်းရေကလေး နှစ်ခု ကြား မှာ ရွာကလေး တည်နေတာ ၊ စမ်းချောင်းကလေး နှစ်ခု က လည်း ရွာထိပ် ကျော် တော့ ပေါင်း သွား ပြီး ... တစ်ခု တည်း ဖြစ်သွားတယ် ။ အဲဒီ ရွာကလေး ရဲ့ ပထမ နာမည် က “ စမ်းပေါင်းရွာ ” တဲ့ ၊ စမ်းပေါင်းရွာ ရဲ့ သူကြီး က ကရင် အမျိုးသားကြီး ပဲ ၊ “ ဦးသာ ထူး ” တဲ့ ၊ သူ့ မိန်းမ နာမည် က “ ဒေါ်ငွေမှုံ ” တဲ့ ... သူကြီး ကို တစ် ရွာလုံး က ချစ်ကြပါတယ် ။ အလွန် ချောမော လှပတဲ့ သမီးလေး တစ်ဦး ရှိပါတယ် ၊ ရွာ ရဲ့ ကျက်သရေဆောင် လို့ တောင် လို့ ပြောရ လောက်အောင် ချောပါတယ် ၊ သူ့ နာမည် က “ နန်းအိရွှေရည် ” တဲ့ ။ အလွန် အေးလွန်း လို့ သူ့ ကို နန်းအိရွှေရည် လို့ မခေါ် ဘဲ “ နှင်းအိရွှေရည် ” လို့ ပဲ ခေါ်ကြ ပါတယ် ။
ရွာ မှာ ရှိတဲ့ ကာလသားတွေ က နှင်းအိရွှေရည် ရဲ့ မေတ္တာ ကို ရဖို့ အမျိုးမျိုး အဖုံဖုံ ကြိုးစားကြပါ တယ် ။ ဒါပေမဲ့ နှင်းအိရွှေရည် ဟာ ဘယ်သူ့ ကို မှ မေတ္တာ မမျှပါဘဲ သူ့ ရဲ့ မေတ္တာ ဟာ တစ်ယောက် ထဲ အပေါ် မှာ ပဲ စုပုံ ထားပါတယ် ။ သူ ဟာ ဘယ်သူလဲ ဆိုတော့ အဲဒီ ရွာ ရဲ့ နာမည်ကြီး မုဆိုးကြီး ဦးတောင်ပို ရဲ့ သား မုဆိုး အများ က စောမောင်မောင် လို့ ခေါ်ပါတယ် ။
သူ က သူ့ အဖေ ဦးတောင်ပို လို မုဆိုးအတတ် နဲ့ အသက် မွေးရုံ မဟုတ်ဘူး ၊ အမဲ လိုက်ရတာ ကို မွေ့လျော် ပါတယ် ၊ မုဆိုး အလုပ် ကို သူ့ အဖေ က အသက်မွေးဝမ်းကျောင်း အဖြစ် လုပ်တာ ၊ သူ က ပျော်လို့ လုပ် တာ ၊ သူတို့ တစ်အိမ်လုံး မှာ လည်း ပြောင်ခေါင်း တွေ ၊ စိုင်ခေါင်း တွေ ၊ မျောက်ခေါင်း တွေ ကို နေရာ မလပ် ချိတ်ဆွဲ ထားပါတယ် ။ မုဆိုးအိမ် ဆိုတာ ကို မပြောဘဲ နဲ့ သိ ပါတယ် ၊ သူ့ ကို တော့ တစ်ရွာ လုံး က ချစ်ကြပါတယ် ။
“ စောမောင်မောင် ... စောမောင်မောင် ” ဆိုတာ တစ်ရွာလုံး ရဲ့ ပါးစပ်ဖျား မှာ ရေပန်းစား လျက်ရှိပါတယ် ၊ ရွာ ထဲ မှာ သူ ရှိခဲ့ရင် လ သာတဲ့ ညတွေ မှာ ကြိုးနှစ်ချောင်းတပ် တဲ့ စပိန်ဂစ်တာကြီး ကို တီး ပြီး အသံဩ အသံဝါကြီး နဲ့ ဆို နေတဲ့ သီချင်းသံ ကို တစ်ရွာလုံး က ကြားရပါတယ် ။
တစ်ခါတလေ စမ်းချောင်း ထဲ မှာ လှေ စီးရင်း တီးလေ့ ဆိုလေ့ ရှိပါ တယ် ။ တစ်ခါတလေ တော့ လည်း ညီညာပြန့်ပြူး တဲ့ ရွာလမ်း ပေါ် မှာ လမ်းလျှောက် ဆိုတီး လေ့ ရှိပါတယ် ။ ရွာ မှာ အလှူ ဖြစ်စေ ၊ မင်္ဂလာဆောင် ဖြစ်စေ တစ်ခု ခု ရှိရင်လည်း သူ က ဂစ်တာ နဲ့ လာပြီး ဖျော်ဖြေလေ့ ရှိပါတယ် ။ တစ်ခါတလေ ကရင်အမျိုးသားတွေ ရဲ့ ဘုရားရှိခိုး ကျောင်း မှာ လည်း သူ့ ရဲ့ ဂစ်တာသံ ကို ကြားရ တတ် ပါတယ် ။
ခရစ္စမတ်ည တွေ မှာ ဆိုရင် တစ်ရွာလုံးလောက် နီးနီး မီးထွန်းကြပါ တယ် ၊ စမ်းချောင်း ထဲ မှာ လည်း မီးတိုင်တွေ မျှော ကြပါ တယ် ၊ အဲဒီ အခါမှာ ရွာ ဟာ အထူး ကို ပဲ လှပပြီး ကျက်သရေ ရှိ နေ တတ်ပါတယ် ၊ အဲဒီလို ည မျိုး မှာ တော့ စောမောင်မောင် ဟာ “ တိတ်ဆိတ်ည သန့်ရှင်းည ” ဆိုတဲ့ ခရစ်ယာန် သီချင်း ကို ဗမာ လို တစ်လှည့် .. ကရင်လို တစ်လှည့် ... သီဆို လေ့ ရှိ ပါတယ် ၊ သူ့ အသံ နဲ့ အဲဒီ သီချင်း ဟာ အတော့် ကို လိုက်ပါတယ် ။
စောမောင်မောင် ဟာ အစဉ်သဖြင့် ဘောင်းဘီ ကြမ်းကြမ်းရှည်ရှည် ကြီး ကို ဝတ်လေ့ရှိပါတယ် ။ အပေါ်ပိုင်း မှာ တော့ အိတ်လေးလုံး ပါတဲ့ အင်္ကျီဖားဖားကြီး ကို ဝတ်လေ့ ရှိပါတယ် ။ ခါး မှာ လည်း အမဲလိုက်ဓားမြောင်ကြီး တစ်ချောင်း ချိတ် ထားလေ့ ရှိပါတယ် ။
ဦးတောင်ပို ဟာ ခရစ်ယာန် တစ်ဦး ဖြစ်ပါတယ် ။ ဒါပေမဲ့ သား ဖြစ်သူ စောမောင်မောင် ကတော့ ဘယ် ဘာသာဝင် လဲ လို့ တောင် ပြောဖို့ ခက်ပါတယ် ။ ဘုန်းကြီးကျောင်း မှာ လုပ်စရာ ရှိ ရင် လည်း သူ ဟာ ရှေ့တန်း က လုပ်ပါတယ် ။ ချပ် ( ချ် ) လို့ ခေါ် တဲ့ ဘုရားကျောင်း မှာ လုပ်စရာ ရှိရင် လည်း သူ က ရှေ့တန်း က ပါ ပဲ ။ ဘုန်းကြီး လာတာ မြင်ရင် အဝေး က နေပြီး မြေကြီး ပေါ် မှာ ဝတ် ပြီး ဦးချ နေတတ်ပါတယ် ။ လူ က မုဆိုးကြီး ဖြစ်ပေမယ့် စိတ် က တော့ အလွန် ကို နူးညံ့ သိမ်မွေ့ ပါတယ် ။
သူ့ကို နှင်းအိရွှေရည် က အလွန် ချစ်ပါတယ် ။ ရွာအဝင် စမ်းပေါင်း နား မှာ ရှိတဲ့ ပိတောက်ပင်ကြီး အောက် မှာ သူတို့ နှစ်ယောက် ဟာ ချိန်း တွေ့လေ့ ရှိပါတယ် ။ ဒါ ကြောင့် အဲဒီ ပိတောက်ပင်ကြီး ကို ရွာ က ကာလသား ၊ ကာလသမီး တွေ က “ နှင်းအိမောင်မောင် ” ပိတောက်ပင် လို့ နာမည် ပေးထား ကြပါတယ် တစ်ခါတလေ သူတို့ နှစ်ယောက် ဟာ စမ်းချောင်း ထဲ မှာ လှေ တစ်စီး နဲ့ အစုန်အဆန် သွား နေတတ်ကြ တာ တွေ့မြင်ရပါတယ် .. တစ်ခု ပြောချင်တာ စောမောင်မောင် က မုဆိုး ဆိုပေမယ့် စုတ်စုတ်ပြတ်ပြတ် မဟုတ်ဘူး နော် ၊ သူ ဝတ်တဲ့ အဝတ်အစား နဲ့ သူ နဲ့ အလွန့် ကို လိုက်ပါတယ် .... ရင်အုပ် ကျယ်ကျယ် ... ၊ အရပ်အမောင်း ကောင်းကောင်း ပါပဲ ... ၊ သူ့ ကို ကြည့်ရတာ ရိုးမတောင်ခြေ နား က တောသားတစ်ယောက် နဲ့ မတူပါဘူး ၊ အမေရိကန် ရုပ်ရှင်ကား ထဲ က ဇာတ်လိုက် တစ်ယောက် နဲ့ တူပါတယ် .... နှင်းအိရွှေရည် နဲ့ တွဲပြီး ... လျှောက်သွားတဲ့ အခါ အလွန် ကို ရှေ့သွား နောက်လိုက် ညီပါတယ် ၊ သေနတ်ပစ် လည်း အလွန် တည့်ပါတယ် ... ၊ သေနတ် ထုတ် လည်း အလွန့် ကို မြန်ပါတယ် ။ ရွာ မှာ လက်ဝှေ့ပွဲတွေ ... ၊ ဘာတွေ ရှိရင်လည်း သူ က ဝင်ပြီး ထိုးပါ တယ် ၊ ဗိုလ် လုတဲ့ အလံ ကို ရ တာများ ပါတယ်... ဆုငွေတွေ ဘာတွေ ရ ရင်တော့ ကာလသား တွေ ကို သူ က ချက်ပြုတ်ကျွေး လိုက်တာပါပဲ ... ၊ တောထဲ မှာ အမဲ လိုက်လို့ သားကောင် ရရင်လည်း သားကောင် ရဲ့ နားရွက် ကို ဖြတ်ပြီး သူ့ ချစ်သူ နှင်းအိရွှေရည် ကို လက်ဆောင် ပေးပါတယ် ။ နှင်းအိရွှေရည် က လည်း ... အဲဒီ နားရွက် ကို မီး ဖုတ်ပြီး အမွေးတွေ ကို ထုံး နဲ့ တိုက်ပြီး ခြစ်ထုတ် ပါ တယ် ... ၊ ပြီးတော့မှ စပါးလင် နိုင်နိုင် နဲ့ ချက် ပြီး မိဘ ကို ကျွေးတယ် ... ၊ သူ လည်း စားပါ တယ် ... ၊ ချစ်သူ ပေးတဲ့ သားကောင် နားရွက် ကို တန်ဖိုး ထားပါတယ် .... ၊ တစ်ခါ ဆိုရင် စောမောင်မောင် ဟာ ဝက်ဝံ နဲ့ တွေ့ပြီး သူနိုင် ကိုယ် နိုင် ရင်ဆိုင်ရတဲ့ အဖြစ်မျိုး လည်း ကြုံခဲ့ပါတယ် ... ၊ ဝက်ဝံ ရဲ့ ရင်ဝ ကို သူ က အမဲလိုက်ဓားမြှောင် နဲ့ ထိုး စိုက်ပြီး အနိုင် ရခဲ့ပါတယ် ... ၊ အဲဒီ ဝက်ဝံ ရဲ့ လက် ကို ဖြတ် လာပြီး နှင်းအိရွှေရည် နဲ့ ချိန်းတွေ့ နေကျ ပိတောက်ပင် မှာ အဲဒီ ဝက်ဝံ လက် ကို သံ နဲ့ ရိုက်ထား လိုက်ပါတယ် ... အဲဒီတော့ နှင်းအိရွှေရည် က စောမောင်မောင် ကို “ ဘာ အဓိပ္ပာယ် လဲ ” လို့ မေးပါတယ် ... အဲဒီတော့ စောမောင်မောင် က ...
“ ဘာ အဓိပ္ပာယ် ရမလဲကွယ့် နှင်းအိ ရဲ့ ချစ်သူ စောမောင်မောင် ဟာ ဝက်ဝံကြီး ကို အနိုင် ရအောင် သ,တ်နိုင်တဲ့ ယောက်ျား လို့ နှင်းအိ ဂုဏ်ယူ ဖို့ ရိုက်ထား တာပေါ့ ... ၊ အဲဒီလို သတ္တိ ရှိပြီး ယောက်ျား ပီသ တဲ့ လူ မှ လည်း ချစ်တဲ့ အခါ နက် နက်ရှိုင်းရှိုင်း ချစ်တတ်တာ နှင်းအိ ရေ ” လို့ ပြန်ပြီး ပြောလိုက်တဲ့ အခါ မှာ နှင်းအိ ဟာ အသံလွင်လွင်ကလေး နဲ့ ရယ် လိုက်ပါတယ် .... ၊
ပြီးတော့ မှ မောင်မောင် အနေ နဲ့ ဝက်ဝံ နဲ့ ယှဉ်ပြိုင်သ,တ်ပြ ဖို့ မလိုပါဘူး ... ၊ အဲဒီလို မသတ် ပြ လည်း နှင်းအိ က မောင်မောင့် ကို ချစ်ပြီးသားပါ ... ၊ တကယ်လို့ ဝက်ဝံကြီး က နိုင် သွားရင် မောင် မောင့် ရဲ့ လက် တစ်ဖက် ကို ယူသွားမယ် ဆိုရင် နှင်းအိ တော့ ရင်ကွဲနာ ကျ မှာ မောင်မောင် စဉ်းစားကြည့်စမ်း ... ၊ အဲဒီ ဝက်ဝံကြီး ရဲ့ ချစ်သူ ဟာ လည်း သူ့ ချစ်သူ ဝက်ဝံကြီး အတွက် ရင်ကွဲနာကျ တော့မယ် မောင်မောင် ... ၊ အဲဒီ ဝက်ဝံမ ကို မသနားဘူးလား လို့ ပြော လိုက်တဲ့ အခါမှာ စောမောင် မောင် ဟာ ခပ်တွေတွေ ဖြစ် သွားပြီး ခါးကြား ထဲ က အမဲလိုက် ဓားမြှောင် ကို ဆွဲထုတ်ပြီး မိုးပေါ် ကို မြှောက် လိုက်တယ် ပြီး တော့ အို ... အဖ ဘုရားသခင် ရဲ့ မေတ္တာ ကို ခံယူပြီး ဤ ကမ္ဘာမြေ မှာ စောမောင်မောင် တစ်ယောက် ခြေချ ရပ်တည် နေသရွေ့ ဝက်ဝံ သတ္တဝါ ကို ဘယ်တော့မှ မသ,တ်ပါ ဘူး အာမင့် .. လို့ ရွတ်ဆို သစ္စာပြု ပြီး အမဲလိုက်ဓားမြှောင် ကို ပြန်ပြီး သိမ်း လိုက်ပါတယ် .. ၊ ပြီးတော့ မှ “ နှင်းအိ ရေ ... မောင်မောင် ကြော င့် ဘယ် ဝက်ဝံ မှ သူ့ ရဲ့ ချစ်သူ အတွက် ရင်ကွဲနာ ကျစရာ အကြောင်း မရှိတော့ပါဘူး ” လို့ ပြောလိုက် ရင် နှင်းအိရွှေရည် က စောမောင်မောင် ၏ ညာလက် ကို ယူပြီး နမ်းရှုံ့လိုက် တယ် .... ”
အီတလီမ ရဲ့ စကား ဆုံးသော အခါ၌ ကျွန်ုပ် သည် ပြုံးလိုက်မိ လေ၏ ။
ထို့နောက် အီတလီမ သည် ကျွန်ုပ် အား -
“ အဲဒီတုန်း က ရိုးမ ပေါ် မှာ သောင်းကျန်းသူတွေ ရှိသေးတယ် ၊ သူတို့ က ရွာ ဆီ ကို ဆင်း လာပြီး သူကြီး ကို ဖမ်း ဖို့ ရွာ ကို ဝိုင်းတယ် ။ စောမောင်မောင် နဲ့ သူ့ အဖေ ဦး တောင်ပို က ရွာ ထဲ ကို အဝင် မခံ ဘူး ။ ရွာ ဆူးတံခါးကြီး ကို ပိတ်မြဲ ပိတ် ထားတယ် ။ သူတို့ သားအဖ ဟာ အမဲလိုက်သေနတ်တွေ နဲ့ ခုခံ တယ် ။ မိုးလင်းခါနီး မှာ ဦးတောင်ပို သေနတ် မှန်ပြီး သေဆုံး သွား တယ် ။ စောမောင်မောင် တစ်ယောက် ပဲ ခုခံရ တော့တယ် ။ အမှန်က သောင်းကျန်းသူတွေ မဟုတ်ဘူး အဲဒီတုန်းက နာမည်ကြီး တဲ့ ဓားပြအဖွဲ့ တွေ ။ တစ်ခါက သူတို့ ထဲ က ဓားပြနှစ်ယောက် ကို သူကြီး က ဖမ်းဖူး လို့ လက်စား လာ ချေတာ ။ ဓားပြအဖွဲ့ ဟာ ရွာ ထဲ ကို ဝင်လို့ မရဘဲ တောင် ပေါ် ကို တက်ပြီး ပြန်ပြေး သွားရတယ် ။ ဓားပြ နှစ်ယောက် အလောင်း ကျန်ခဲ့တယ် ။ အဲဒီ ရန်ငြိုးရန်စ ဟာ မပြီးဘူး ။ ဓားပြတွေ ဟာ အမြဲ ဒီ ရွာ ကို ချောင်း နေတယ် ။ စောမောင်မောင် က လည်း ရွာ ထဲ က ရှိတဲ့ လူ တွေ နဲ့ ရွာ ကာကွယ်ရေး အဖွဲ့ လုပ် ထား တယ် ။ သေနတ်ပစ် တွေ ဘာတွေ သင်ပေးထားတယ် ။ ဒူးလေးပစ်နည်းတွေ ဘာတွေ သင်ပေး ထား တယ် ။ သဲအိတ်တွေ ဘာတွေ နဲ့ ကတုတ်ကျင်းတွေ လုပ်ပေး ထားတယ် ။ ဒါပေမဲ့ . တစ်နေ့ မှာ အင်အားကြီး တဲ့ ဓားပြ နှစ်ဖွဲ့ ပေါင်းပြီး ရွာ ကို ဝင် စီးတယ် ။ စောမောင်မောင် ကို လည်း မိသွား တယ် ။ ရွာ ထိပ် က ပိတောက်ပင်ကြီး မှာ ကြိုး နဲ့ ချည်ပြီး စောမောင်မောင် ကို ရင်ခွဲ ပြီး သတ်သွားကြတယ် ။ အဲဒီနောက် မှာ တော့ နှင်းအိရွှေရည်လေး ဟာ ... အဲဒီ ပိတောက်ပင် အောက် မှာ အချိန် ရှိသရွေ့ ငို နေတော့ တာပဲ ။ နောက်ဆုံးမှာ သူ လည်း မစားနိုင် မသောက်နိုင် ဖြစ် ပြီး ပိန်ရှုံ့ပြီး ခွေခွေလေး သေသွားတယ် ။ စောမောင်မောင် သေတုန်း က လည်း ဒီ ပိတောက်ပင် အရိပ် အောက် မှာ ပဲ မြှုပ် လိုက် တယ် ။ နှင်းအိရွှေရည် သေတော့ လည်း စောမောင်မောင် ရဲ့ ဘေးနား မှာ ကပ်ပြီး မြှုပ်လိုက်တယ် ။ တစ်ရွာလုံး က စိတ်မကောင်း ဖြစ်ပြီး ငိုကြွေး ကြတယ် ။ တစ်ခုထူးဆန်းတာက တန်းခူး လ ရောက် လို့ ... အဲဒီ ပိတောက်ပင် ကြီး ပွင့်တဲ့ အခါ မှာ ပိတောက်ပွင့် တွေ အရင်လို ဝါဝါတွေ မဟုတ် တော့ဘူး ။ နီညိုညို အရောင်တွေ ဖြစ် သွားတယ် ။ စောမောင်မောင် နဲ့ နှင်းအိရွှေရည် တို့ ရဲ့ ချစ် သက်သေ ပိတောက်ပင်ကြီး ကို အကြောင်းပြုပြီး ဒီ ရွာ ရဲ့ နာမည် က ပိတောက်နီရွာ လို့ နာမည် ပြောင်း သွားတယ် ။ အခု သမီး ပြောတာ ကို အဘ ယုံ ချင် ယုံ မယုံချင် နေပါ ။ ဒီ ရွာ ကို သွားချင်တယ် ဆိုရင်တော့ သမီး ကိုယ်တိုင် အဘ ကို လိုက်ပို့မယ် ။ အဲဒီ ရွာ က သမီး နဲ့ ခင်တဲ့ ဝမ်းဆွဲ ဆရာမ တစ်ယောက် ရှိတယ် ။ အဲဒီ ရွာ က အစားအသောက် အားကြီး ပေါတယ် ။ စိုက်ခင်းတွေ လည်း ရှိ တော့ အသီးအရွက်တွေ လည်း ပေါပါတယ် ။ အပန်းဖြေရင်း ၊ အနားယူရင်း စောမောင်မောင် နဲ့ နှင်းအိရွှေရည် တို့ ရဲ့ ဇာတ်လမ်း လေး ကို စားမြုံ့ ပြန်ရအောင် လိုက် ခဲ့ပါလား အဘရယ် ” ဟု တွတ်တီး တွတ်တာ ပြောလေ၏ ။
ထို့ကြောင့် ကျွန်ုပ် က -
“ အိမ်း ...” ဟု ပြော လိုက်လေ တော့ သတည်း ။
သဗ္ဗေသတ္တာ ကမ္မဿကာ
◾မင်းသိင်္ခ
📖 ဖတ်စရာဂျာနယ်
အမှတ် ( ၁၈ )
၁၇ - ၅ - ၂၀၀၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment